Chan Thit Sar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Thit Sar, Artist, .
ယုံကြည် စိတ်ချ တိကျမြန်ဆန်တာ ကျွန်တော်တို့ရဲ့
မန်တလာပါ
၂၄.၆.၂၃ရရက်နေ့
ဘန်ကောက်မှ မဲဆောက်သို့ကုန်ပစ္စည်ကား ဆင်းပါမည်။
မန်တလာ
ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ
ကြိုဆိုပါတယ် ခင်ဗျာ...။
အပါတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာတပတေးနေ့တိုင်း ဘန်ကောက်မှ မြန်မာနိုင်ငံသို့
မန်တလာ
ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ
ပုံမှန် ကုန်ပစ္စည်း ကားများထွက်ပါမည် ခင်ဗျာ...။
ဘန်ကောက်မဲ့ဆောက်မှ မြန်မာပြည်
နေရာအနှံ့ လျင်မြန်စွာပို့ဆောင်ပေးနေပါပြီ
ဘန်ကောက်မှ တလ ၄ရက် ကားထွက်လျက်ရှိပါတယ် ခင်ဗျာ...။
မန်တလာ
ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအား
ယုံကြည်စွာ အားပေးလာသော မိတ်ဆွေများနှင့်customerများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျာ...🙏🙏🙏
မိတ်ဆွေတို့အတွက်
အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့
အစဉ်အမြဲ ကြိုးစားနေပါတယ်ခင်ဗျာ...။
မန်တလာ
ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး
-ထိုင်းမြန်မာခရီးသည်နှင့်ကုန်ပို့ဆောင်ရေး
-ထိုင်းနိုင်ငံ နေရာအနှံ့ ကားအငှါးဝန်ဆောင်မှု
ထိုင်းမြန်မာ လေယာဉ်လက်မှတ်နှင့်ကားအကြို/အပို့
Cargo Group
Chan Thit Sar
#ဖုန်း 0618200925
#ဆက်သွယ်ရန်
မွန်းကြပ်လှတဲ့ ဘန်ကောက်မြို့ရဲ့ အပြင်ဖက်ဆီသို့...
ဘန်ကောက်မှာပဲနေရတာ ငြီးငွေ့လာပြီ၊ ဘယ်မှမသွားချင်တော့ဘူးဆိုတဲ့ စိတ်တွေဖြစ်လာပြီဆိုရင်တော့ မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ ဝေးရာကို ခဏတာ ထွက်သွားသင့်ပါတယ်..
ထိုင်းလူမျိုးတွေဆိုရင် ဘန်ကောက်ဟာ သူတို့အတွက် စီးပွါးရေးလုပ်ကိုင်ရာနေရာတစ်ခုပဲဖြစ်ပြီးတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာဆိုရင် မြို့ပြင်ထွက်ဖို့ပဲပြင်ဆင်နေကြတာပါ..
ကျနော်တို့တွေလည်း ဘန်ကောက်မြို့ရဲ့ အပြင်ဖက်ခုန်ထွက်နိုင်ဖို့ ကုန်ကျစရိတ်သက်သာပြီး စိတ်အပန်းပြေစေနိုင်မယ် နေရာလေးတွေကို ဖော်ပြပေးချင်ပါတယ်.
(1) Pattaya ပတ္တယားကမ်းခြေ
ပတ္တယားကမ်းခြေကို ဘာကြောင့်သွားသင့်လည်းဆိုတော့ ဘန်ကောက်နဲ့လည်း (၂)နာရီလောက်သွားရင်ရောက်ပြီ၊ Beach Mood နဲ့ Night Life Mood ကို တစ်နေရာထဲမှာ တွဲပြီးရမယ့်နေရာလည်းဖြစ်ပါတယ်၊ တခြားကမ်းခြေတွေဆိုရင် ကမ်းခြေတစ်ခုထဲလည်ပတ်မှာဖြစ်ပြီး Night Life Mood ကိုရရှိနိုင်မှာမဟုတ်ပါဘူး၊ အခုဆိုရင် ပတ္တယားမှာ သွားနေကျ Walking Street တွေအပြင် Night Life အတွက် နေရာအသစ်လည်း ရှိနေပြီနော် ၊ ဒါကတော့ လူငယ်တွေအတွက်ပါ၊ လူကြီးတွေနဲ့ မိသားစုတွေအတွက် လည်ပတ်စရာနေရာတွေလည်း အများကြီးရှိပါသေးတယ်..
(2) Hua Hin ဟွေဟင်ကမ်းခြေ
Hua Hin Beach ကတော့ အငြိမ်သမားတွေအတွက်ပေါ့၊ ချစ်သူလေးနဲ့ Date မလား၊ အေးအေးဆေးဆေး Family Time လေးတွေ ဖန်တီးမလား၊ ဘန်ကောက်နဲ့နီးပြီး အရမ်းလှတဲ့ ကမ်းခြေတစ်ခုပါ။ ဟွေဟင်ကမ်းခြေမှာလည်း ကမ်းခြေအပြင် ကော်ဖီဆိုင်လှလှလေးတွေ၊ လည်ပတ်စရာနေရာတွေ အများကြီးရှိပါသေးတယ်.
(3) Ayutthaya အယုဒ္ဓယ
အရင်ဆုံးပြောချင်တာတော့ IG နဲ့ Facebook အတွက် ပုံကောင်းကောင်းတွေရမယ်ဆိုတာပါပဲ
ရှေးဟောင်းဘုရားတွေ ကြားမှာ ထိုင်းရိုးရာဝတ်စုံလေးတွေနဲ့ ဓါတ်ပုံရိုက်ရတာတော့ လူငယ်တွေအကြိုက်ပေါ့၊ လေ့လာချင်တယ်ဆိုရင် လေ့လာစရာတွေ အများကြီး၊ လည်ပတ်စရာတွေအများကြီးရှိပါသေးတယ်
(4) Khao Yai ခေါက်ရိုင်
ရာသီဥတု အေးချမ်းတယ်၊ တိတ်ဆိတ်တယ်၊ ဘန်ကောက်နဲ့နီးနီးနားနား တောင်ပေါ်ဒေသ Mood လေးရချင်တယ်ဆိုရင်တော့ ခေါက်ရိုင်သွားပါ၊ အပေါဆုံးက အရမ်းလှတဲ့ ကော်ဖီဆိုင်တွေပဲ၊ ဟော်တယ်တွေကလည်း အီတလီရောက်သွားသလို အရမ်းလှတာ၊ Pre Wedding ရိုက်ဖို့အရမ်းလှတဲ့နေရာတွေ အများကြီး၊ FA တွေဆိုရင်လည်း တစ်ယောက်ထဲအလှပုံတွေရိုက်၊ လည်ပတ်စရာတွေကတော့များလွန်းလို့ ဘယ်နှစ်ခေါက်သွားသွား နေရာမထပ်စေရဘူးနော်.
(5) Kanchanaburi ကန်ချနပူရီ
ကန်ချနပူရီက ရေပေါ် ဟော်တယ်တွေကတော့ အွန်လိုင်းပေါ်မှာ ရေပန်းအစားဆုံးပေါ့၊ ကန်ချနပူရီရောက် ရေပေါ်ဟော်တည်တည်းပြီး ရေဆော့ရမှာပဲမဟုတ်ပါဘူး၊ ပန်းခြံတွေ၊ အရမ်းလှတဲ့ ကော်ဖီဆိုင်တွေ၊ လည်ပတ်စရာတွေအများကြီးပါ။ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့ မြို့ကြီးတစ်ခုပါပဲ
ကဲ. ဘန်ကောက်မြို့ရဲ့ အပြင်ဖက်ခုန်ထွက်ချင်ပီဆိုရင်တော့ စိတ်ချမ်းသာစွာ လည်ပတ်နိုင်ဖို့အတွက် Bangkok ကနေ ကားတွေငှါးပြီး သွားလို့ရပါတယ်နော်
Mobile : 0618200925
LINE ID :0816385800
Facebook: Chan Thit Sar
Bangkok.611/40.
မဂ်လာပါခင်ဗျား ထိုင်းနိုင်ငံ နေရာအနံကားဌါးဝန်ဆောင်မှူပေးနေပါပြီး ခင်ဗျား လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည် လေးယာဥ်လက်မှတ်များဝန်ဆောင်မှူ ကွန်ဗျူတာ ဖိတ်စာအမျိုးမျိုးလဲလက်ခံပေးပါသည် ခင်ဗျား မြန်မာပြည့်ပြန်ချင်သူများ မြန်မာနိုင်သို့.ပစ္စည်းများ ပို့ပေးပါသည်. ပတ်စပို့ ရက် 90 တုံးထုပေးပါသည်.ဘန်ကောက်မြို့တွင် ဟောတည်များ စျေးသက်သာစွားဌါးရန်းပေးပါတယ် .0618200925.
ယနေ ခရီးသွားဧည်သည်တော်များကို
ဖက်ထရာ မြို့ရဲ့ အလှပဆုံသော ကော်လန်းကျွန်း
ကို မိသားစု ခရီးစဥ်ပို့ပေးခဲ့ပါပြီး 17.3.2023
ထမင်းရှင်ကျေးဇူရှင်များ အားလုံး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
မဂ်လာပါခင်ဗျား ထိုင်းနိုင်ငံ နေရာအနံကားဌါးဝန်ဆောင်မှူပေးနေပါပြီး ခင်ဗျား လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည် လေးယာဥ်လက်မှတ်များဝန်ဆောင်မှူ ကွန်ဗျူတာ ဖိတ်စာအမျိုးမျိုးလဲလက်ခံပေးပါသည် ခင်ဗျား မြန်မာပြည့်ပြန်ချင်သူများ မြန်မာနိုင်သို့.ပစ္စည်းများ ပို့ပေးပါသည်. ပတ်စပို့ ရက် 90 တုံးထုပေးပါသည်
ကံမြှင့်နည်းများ..
--------------------
1- မိဘအဝတ်အစားလျှော်ပါ။
2- မိဘကို ပြုစုပါ။
3- မိဘကိုနေ့စဉ် ကန်တော့ပါ။
4- မိမိအိမ်ကို သန့်ရှင်းပါ။
5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။
6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။
7- ဘုရားရောင်တော် ဖွင့်ပါ။
8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။
9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။
10- လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။
11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။
12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။
13- အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။
14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။
15- ရေကန်ဆယ်ပါ။
16- ရေတွင်း ရေကန် ရေ အလှူပြုပါ။
17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ်ဆာန်ကို ဒါနပြုပါ။
18- ပံ့သကူ ပစ်ပါ။
19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။
20- သစ်ပင်စိုက်ပါ။
21- အရိပ်လှူပါ။
22- ညောင်ထောက်ပါ။
23- လေလွင့်တိရိစ်ဆာန်များကို ဒါနပြုပါ။
24- အရူးကျွေးပါ။
25- တံတားထိုးပါ၊ လှူပါ။
26- ခေါင်းဆေးမင်္ဂလာပြုပါ။
27- ရဟန်းဒကာ ခံယူပါ။
28- ရေနစ်တိရိစ်ဆာန်လေးများအား ဆယ်ပါ။
29- ကံငါးပါး လုံပါ။
30- စိတ်ကောင်းမွေးပါ။
31- ဝစီဒုစရိုက် ရှောင်ပါ။
32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။
33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။
အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။
သဒ်ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ၃တန်ရအောင်လုပ်ပါ။
မုချ ကံမြင့်လာမှာပါ။
crd-
တစ်ချို့က....
(ဓာတ်ဗူး) နဲ့ တူတယ်
အပြင်မှာသာ အေးတာ
အတွင်းက ပူလောင်နေတတ်တယ် ..
တစ်ချို့က....
(ထန်းပင်) နဲ့ တူတယ်....
ကိုယ်တိုင်ပဲ အမြင့်တက်သွားချင်တာ
ဘယ်သူ့ကိုမှ အရိပ်ပြန်မပေးချင်ဘူး ..
တစ်ချို့က...
(ပုတ်သင်ညို) နဲ့ တူတယ်....
ပြောသမျှ ခေါင်းငြိမ့်ပြီး
အခြေအနေပေါ်မူတည် အရောင်ပြောင်းတယ်..
တစ်ချို့က...
(တံမြက်စည်း) နဲ့ တူတယ်....
အားလုံးအတွက် အမြဲရှင်းလင်းပေးပေမယ့်..
သူကိုယ်တိုင်ကျ ချောင်ထိုးခံထားရတယ် ..
တစ်ချို့က...
(Price Tape) နဲ့ တူတယ်....
သူများကိုသာ တန်ဖိုးလိုက်ဖြတ်နေတာ
သူတို့ကိုယ်တိုင်ကျ ၂၀၀/-ကျပ်ထဲ.....
#သည်းခံတယ်...
လူပါးဝလာတယ်..
#နားလည်ပေးလိုက်တယ်...
ပိုပြီးရောင့်တက်လာတယ်..
#လိုက်လိုက်လျောလျောဆက်ဆံတယ်...
ခေါင်းကိုပါ တက်နင်းချင်လာတယ်..
#မျက်နှာသာပေးတယ်....
မလေးမစားလုပ်လာတယ်..
#စေတနာထားတယ်...
စော်ကားမော်ကား လုပ်လာတယ်..
#နေရာပေးတယ်
မာန်တွေ တက်လာတယ်..
#အဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရပြီဆိုရင်
ကိုယ့်စိတ်ကို သက်သာရာရအောင်
လုပ်စရာက တစ်ခုပဲရှိတော့တယ်..
အဲ့ဒါကတော့ ဥပေက္ခာပြုထားခြင်း
(လျစ်လျူရှုခြင်း)ပဲပေါ့..
မိတ်ဆွေသူငယ်ချင်းများ သွားစရာ လာစရာရှိရင်
သတိရလိုက်ပါ ကားအဌားလိုက်ပါသည် .ထိုင်းနိုင်ငံ .နေရာမရွှေ
ပို့ပေးပါသည်။ Ph.0618200925..0816385800
ဝန်ဆောင်မှူ အပြည့်ဝရှိပါသည်။..
🎖️ဘုန်းကံဆိုတာ ဘယ်လိုမျိုးလဲ🎖️
ကိုယ်ပေါင်းသင်းနေတဲ့
အပေါင်းအသင်းတွေ
ပတ်ဝန်းကျင်တွေက
ကိုယ့်ရဲ့ဘုန်းကံပါ။
ဘုန်းကံကြီးတဲ့သူတွေဟာ
မိကောင်း၊ဖကောင်း၊
ဆရာသမားကောင်း၊
ညီကိုမောင်နှမ
ပတ်ဝန်းကျင်ကောင်းတွေနဲ့
ဆုံရတွေ့ရ နေရထိုင်ရ ကျင်လည်ရလို့
လူတော် လူကောင်းတွေဖြစ်ရပြီး
ဘဝတွေဖြောင့် သည်ထက်
ဖြောင့်မတ် သွားပါတယ်။
ကိုယ့်ကိုကိုယ် ပြန်စဉ်းစား
ဆင်ခြင်ကြည့်ပါ။
ပုထုဇဉ်ဖြစ်သည့်အားလျော်စွာ
လူတိုင်းလိုလို စိတ်နေစိတ်ထား
နှလုံးသွင်းမှားတွေ ရှိတတ်ကြပါတယ်။
ပြောမှား ဆိုမှား
အရေးအသားမှားတွေ
လုပ်ရပ်မှားတွေရှိတတ်ကြပါတယ်။
နည်းမှားလမ်းမှားတွေ
တရားလမ်းမှတိမ်းစောင်းနေတာတွေရှိရင်
မိမိတို့ဘဝကို အလုံးစုံ နားလည်
လက်ခံ ခွင့်လွှတ်ပေးပြီး
ဖေးဖေး မမ ထိန်းထိန်းသိမ်းဖြင့်
စိတ်နေ စိတ်ထားကအစ
ဒီလိုမတွေးရဘူး
ဒီလိုနှလုံးမသွင်းရဘူး။
ဒီလိုတွေ မပြောရဘူး။
ဒီလိုတွေမလုပ်ရဘူး စသည်ဖြင့်
ပစ္စုပ္ပုန်အချိန်တိုင်း
ပြန်လည်တည့်မတ်ပေးမည့်
မိဘ ဆရာသမား
သူငယ်ချင်း မိတ်ဆွေ
ပတ်ဝန်းကျင်တွေတကယ်ရှိရဲ့လား
အကျိုးလိုလားပြီး တရားသဖြင့်
ကောင်းကျိုးညွန်ပြ
တည့်မတ် ထိန်းကြောင်းပေးကြတဲ့
သူတို့တွေရဲ့ တည့်မတ်
ဆုံးမ လမ်းညွန်မှုကိုရော
မိမိအနေနဲ့ဘယ်လောက်
လိုက်နာနိူင်သလဲ
စိတ်မာန်တွေလျော့ချပြီး
နာခံတတ်တဲ့နှလုံးသား
ဘယ်လောက်အထိရှိလဲ
အဲ့ဒီမှာပဲ ကိုယ့်ရဲ့
ဘုန်းကံတွေက ရှိနေပါတယ်။
ပစ္စည်းဥစ္စာတွေ မတောင့်မတ
မကြောင့်မကျ ရနေတာကို
ဘုန်းကံလို့ ဖွင့်ဆိုဖို့မပြည့်စုံနိူင်ပါဘူး။
ပတ်ဝန်းကျင်ဆိုတာ အရေးကြီးပါတယ်။
အချိုသီး သီးနေတဲ့ သရက်ပင်အနီး
တမာ-ဂွေးတောက်-စတဲ့ ခါးတဲ့အပင်တွေ
စိုက်လိုက်ရင် သရက်သီးအချိုဓာတ်လျော့ကျပြီး ခါးသက်သက် ဓာတ်သဘော
သက်ရောက်စေသလို
ကျေးညီနောင် ပုံပြင်ထဲကလို
ရသေ့-တို့ သင်္ခန်းကျောင်းအနီး
ကျသွားတဲ့ ကျေးတစ်ကောင် နဲ့
မုဆိုးတွေ ဆီ ရောက်သွားတဲ့
ကျေးညီနောင် တို့လိုမျိုး ဥပမာတွေ
တံငါနားနီး တံငါ
မုဆိုးနားနီး မုဆိုး
ရဟန်းနားနီး ရဟန်း ဆိုသလိုမျိုး
စကားပုံတွေ ပဋိရူပဒေသဝါသဆိုတဲ့
မင်္ဂလာတရားတော်တွေ
အသီးသီးရှိထားလို့
ပတ်ဝန်းကျင်ဆိုတာ အရေးကြီးပါတယ်။
အခုခေတ်ကလေးတွေ
ဖေစ်ဘုတ်ထဲကနေ
Tik Tok ထဲကနေ
ကိုယ်နဲ့သိတာရော မသိတာရော
စိတ်နဲ့ အခန့်မသင့်တာနဲ့
လူတကာ လိုက်ဆဲရေး
ဝေဖန်နေတဲ့ ကိုယ့်ရဲ့
မကောင်းတဲ့ ဗီဇတွေ
မကောင်းတာ လုပ်ဖို့
အားပေး ပံ့ပိုး ထောက်ပံ့နေကြတဲ့
သူငယ်ချင်းတွေ
ပတ်ဝန်းကျင်တွေရှိနေရင်
မိမိတို့ရဲ့ မကောင်းတဲ့ ကာကံမှု
ဝစီကံမှု မနောကံမှုတွေကို
ပြုပြင်ပေးမည့် ပတ်ဝန်းတွေ
မိဘတွေ ညီကို မောင်နှမတွေ
ဆရာသမားတွေ လုံးဝမရှိဘူးဆိုရင်
အဲ့ဒါဆို သင်ဟာ
တောင်အဆင်းကိုဘီးတပ်ပြီး
နှိမ့်ရာ အောက့်အောက်သို့
အမြန်အဆန် ဆင်းနေတာပါ။
ဒီထက် နှိမ့်ကျဖို့
ဒီထက်ဘဝပျက်စီးဖို့အတွက်
အရှိန်တွေ ပိုဖြစ်နေတာပါ။
အဲ့ဒီတော့ ကောင်းချင်တယ်ဆိုရင်
ဘဝဖြောင့်မတ်ချင်တယ်ဆိုရင်
ကိုယ့်အတိုင်းအတာကိုသိပြီး
ဆိုဆုံးမပေးကြမည့် ပတ်ဝန်းကျင်
မိဘ-ဆရာသမား-ညီကို-မောင်နှမ
သူငယ်ချင်းမိတ်ဆွေ တကယ်လို့
မရှိရင်လည်းပဲ အားမငယ်ပါနဲ့။
သတိ-တစ်လုံးကို စိတ်မှာထားပြီး
အသိဉာဏ်တိုးပွါးစေတဲ့
တရားစာအုပ်တွေ-ဆောင်းပါးတွေ
ကောင်းတဲ့စာတွေကို အဓိကထား
ရွေးချယ် ဖတ်ရှု့ပါ။
ခင်ပွန်းကြီး(၁၀)ပါးပြန်ကန်တော့
တောင်းပန်ပါ။
ပဋိသန္ဓေ ဘယ်လောက်ဆိုးနေနေ
ပဝတ္တိ(ပစ္စုပ္ပုန်)မှာ ပြုပြင်တည့်မတ်လို့
ရနိူင်ပါတယ်။
ပြင်ယူ တည့်မတ်နိူင်ရမယ်။
ကောင်းကျိုးလိုရာဆန္ဒ
ထာဝရ ပြည့်စုံနိူင်ကြပါစေ
Ashin Kavi Nanda စာသားအား ပြန်လည်မျှဝေပါသည်
กลุ่มจิตอาสาพระ ประเเคง
Phrapradaeng Volunteer Group
9.12.2564. အခမဲ့ဆေးထိုးပေးပါမည်။
တတိယ အသုတ် ပထမကြိမ်
ကာကွယ်ဆေးထိုးလိုသူများ
ကြိုတင်စာရင်းပေးနိုင်ပါပြီ
ပတ်စပို့စ်-ပန်းရောင်ကဒ်-မြန်မာမှတ်ပုံတင်
တစ်ခုခု မိတ္တူ ကူးလာပါ
စက်ရုံလိပ်စာ(သို့မဟုတ်)နေအိမ်တိုက်ခန်းလိပ်စာ
ယူလာပါ
မည်သည့်အထောက်အထားမရှိပါက နာမ်မည် မွေးလမွေးရက် မွေးနှစ် ဖုန်းနာမ်ပါတ်အတိကျပေးပါ။
ဆေးထိုး(နှစ်ကြိမ်)သွားရန်ကားခ(၃၀၀)ဘတ်
ကြိုတင်ပေးသွင်းရပါမည်။
9.12.2021(ကြာသပတေးနေ့)
ပထမအကြိမ်ဆေးထိုးပေးပါမည်
ဖလန်စံ အကျိုးဆောင်
ကိုချမ်းသစ္စာ. . . . .0816385800
ကိုကျော်လင်းထွန်း .0906439065
ကိုစိုးမိုးစံ. . . . . . .0618173914
ကိုထွန်းလင်းကို. . .0639546290
ကိုနိုင်လင်းဦး . . . .0637636962
မမိအေး . . . . . . .0946070779
မမေဇင်ဦး. . . . . 0994153715
အများအကျိုးပြုလုပ်ငန်းလုပ်တဲ့အခါ
ဘာကိုမျှ မမျှော်လင့်ထားတဲ့စိတ်နဲ့လုပ်ပါ။
ပထမဆုံးတွေ့ရမှာက
ဝေဖန်ကဲ့ရဲ့ခြင်းပဲ ဒီဒဏ်တွေကို
အရင်ဆုံး ခံနိုင်အောင်ကြိုးစားကြရမယ်။
ငါတို့ကူညီလိုက်လို့
သူတပါးအဆင်ပြေသွားတဲ့အခိုက်အတန့်
ပီတိအရသာလေးပဲ ခဏတာခံစားလိုက်ပေါ့။
မနာလိုသူတွေအတွက် ငါတို့အချိန်မပေးနိုင်ဘူးလေ။
ဘန်ကောက်မြို့ .ကိုချမ်းသစ္စာနှင့်သူငယ်ချင်းများ
အကျိုးဆောင်ပရဟိတအဖွဲ့. ဖလန်းစံ ( 23 )လမ်း
မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမများ
မိသားစု မှ ကယားပြည့်နယ်စစ်ဘေးရှောင်အတွက်
ထိုင်းဘတ်ငွေ( 30000)ဘတ်တိတိကို
"နွေဦးတော်လှန်ရေးဘက်ပေါင်းစုံကူညီထောက်ပံ့ရေး"
"AAC-Bank- Account"ထဲသို့ဒုတိယအကြိမ်
လွှဲပြောင်းလှူဒါန်းပေးလိုက်တဲ့အလှူငွေကို
AAC-မဟာမိတ်အဖွဲ့မှလက်ခံရရှိပါကြောင်း.....
#အရေးတော်ပုံအောင်နေပြီ
#အရေးတော်ပုံအောင်နေပြီ
#အရေးတော်ပုံအောင်နေပြီ
AAC-မဟာမိတ်အဖွဲ့
ဒါရိုက်တာ ဦးခိုင်ကြီး
(27-5-2021)
🌎🙏🙏🙏🙏🙏🙏🙏🙏🙏🌎
☆စက္ခုငါးပါး ဘုန်းကြက်သရေနှင့်
ပြည့်စုံသော #ဝိပဿီမြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်းဖြစ်ပါစေသတည်း။
☆သတ္တဝါ အားလုံးကို သနားတော်မူသော
#သိခီမြတ်စွာဘုရားအား အကျွန်ုပ်၏
ရှိခိုးခြင်း ဖြစ်ပါစေသတည်း။
☆ကိလေသာ စင်ကြယ်စေပြီး
ခြိုးခြံသော အကျင့်ရှိသော
#ဝေဿဘူမြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်း ဖြစ်ပါစေသတည်း၊
☆မာရ်စစ်သည်ကို ဖျက်စီးတော်မူသော
#ကကုသန်မြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်း ဖြစ်ပါစေသတည်း၊
☆မကောင်းမှုကို အပပြုပြီးသော
ကျင့်သုံးပြီးသော ဗြဟ္မစရိယရှိသော
#ကောဏာဂုံမြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်း ဖြစ်ပါစေသတည်း၊
☆အခါခပ်သိမ်း ဝိမုတ္တိ ငါးပါး၏
အစွမ်းဖြင့် လွတ်မြောက်သော
#ကဿပမြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်း ဖြစ်ပါစေသတည်း၊
☆သာကီဝင် မင်းသား ဖြစ်သော
#ဂေါတမမြတ်စွာဘုရား သည် ဆင်းရဲ
ခပ်သိမ်းကို ပယ်ဖျောက် တတ်သော
#ဤအာဋာနာဋိယပရိတတြရားကို
ဟောကြား၏၊
☆ကိုယ်တော်မှထွက်သော ရောင်ခြည်
ရှိသော ဘုန်းကြက်သရေနှင့်
ပြည့်စုံသော #ထိုမြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်း ဖြစ်ပါစေသတည်း၊
☆လောက ကိလေသာ ငြိမ်းကုန်ပြီးသော
ဟုတ် မှန်စွာ သိမြင်သော မြတ်စွာဘုရား
တို့သည် #ဂုံးစကားကိုမဆိုကုန်၊
#ကြီးမြတ်ကုန်၏၊
#ကြောက်ရွံ့ခြင်းကင်းကုန်၏၊
နတ်လူတို့၏ အကျိုးစီးပွားကို
ဆောင်တတ်သော #အသိဥာဏ် #ဝိဇ္ဇာ
#အကျင့် #စရဏနှင့် ပြည့်စုံသော
မြတ်စွာဘုရားတို့အား ရှိခိုးကြကုန်၏၊။
ဘုန်းတော်အနန္တ...
ကံတော်အနန္တ...
ဉာဏ်တော်အနန္တ....
စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်
မူပါသော မြတ်စွာဘုရားတို့အား___
မြန်မာပြည်တွင်း ကျရောက်နေသော
ဘေးဆိုးအပေါင်းတို့မှ လျင်မြန်စွာ
ပျောက်ပါ ကင်းလွတ်ကြပါစေခြင်း
အကျိုးငှာ အနမတဂ္ဂ သံသရာမှစ၍
ယနေ့ယခုတိုင်အောင်____
မိုက်မှားမိသည့်အလျှောက်...
တွေဝေမိသည့်အလျှောက်...
မလိမ္မာမိသည့် အလျှောက်...
အရှင်ဘုရားတို့အား ကာယကံ ဝဇီကံ
မနောကံ တည်းဟူသော ကံးသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါ ကင်းလွတ်ပါရစေခြင်း
အကျိုးငှာ___
ရှိခိုးပါ၏ ။ ကန်တော့ပါ၏ ။ ဝန်ချပါ၏ ။
တောင်းပန်ပါ၏ ။ ကျေချမ်းတော်မူပါ
မြတ်စွာဘုရား။ ။
🌎🙏🙏🙏🙏🙏🙏🙏🙏🙏🌎
အကျွန်ုပ်သည်
ပရိတ်+ပဌါန်းရွတ် ဖတ်ပူဇော်ရသော
ကောင်းမှုကုသိုလ်ကံစေတနာ...
ဂုဏ်တော်ပွါးရသောကုသိုလ်ကံစေတနာ...
မေတ္တာပွါးရသောကုသိုလ်ကံစေတနာ...
တရားစာများရေးသားဖြန့်ဝေရသော
ကုသိုလ်စေတနာ....
ဝိပဿနာတရားအားထုတ်ရသော
စေတနာတို့နှင့် နတ်မြတ်နတ်ကောင်း
နတ်အပေါင်းတို့၏စောင့်ရှောက်မှုကြောင့်..
နိုင်ငံသူနိုင်ငံသားများ ဘေးကင်းပါစေ...
နိုင်ငံသူနိုင်ငံသားများ အေးချမ်းပါစေ...
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ...
မြန်မာပြည်ကြီး အေးချမ်းပါစေ...
☆ဗုဒ္ဓမြတ်စွာ သာသနာ
ရောင်ဝါနေသို့လင်းစေသော်...
☆သုံးရပ်သာသနာ သူတော်တရားတွေ
ကြာရှည်တည်တံ့ပြန့်စေသောဝ်...
☆အားလုံးသတ္တဝါ လူနတ်အများတို့
အမြတ်တရားကျင့်စေသောဝ်...
☆ရွာဘို့သင့်ရာ ရပ်ဒေသမှာ
ကောင်းစွာရွှေမိုး ရွာစေသောဝ်...
☆တိုင်းကားပြည်သူ ရှင်လူအပေါင်းတို့
တရားမင်းမြတ် စောင့်စေသောဝ်...
အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ
စိတ်ဆင်းရဲကင်းကြပါစေ...
ကိုယ်ဆင်းရဲကင်းကြပါစေ...
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့်
မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ...
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...
Ashin Sandar Thiri
Pathein Tawya.
#ချစ်သား_အားမငယ်နဲ့
**********************
အဆင်မပြေမှုတွေ များလာတဲ့ အခါမှာ
ဘုရားရှင်ရဲ့ မျက်နှာတော်ကို
စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်ရတယ် ဆိုရင်ပဲ ••
ဗုဒ္ဓက •••
ချစ်သား၊ အားမငယ် နဲ့။
ငါဘုရားရှင်လည်း •••
~ သူ တစ် ပါးရဲ့ ဆဲဆိုတာကို ခံရတာပဲ။
~ စွပ်စွဲတာလည်း ခံရတာပဲ။
~ လုပ်ကြံတာလည်း ခံရတာပဲ။
~ စားစရာအတွက် အခက်အခဲ ဖြစ်လို့
တစ်ဝါတွင်းလုံးကို ဂျုံဆွမ်းနဲ့ ပြီးခဲ့ ရတာပဲ။
~ ဝတ်စရာအတွက် အခက်အခဲ ဖြစ်လို့
အလောင်းကောင်ရဲ့ ဝတ်ရုံကို ခွါပြီး ဝတ်ခဲ့ ရတာပဲ။
~ နေစရာအတွက် အခက်အခဲ ဖြစ်လို့
သစ်ပင်အောက်မှာ နေခဲ့ ရတာပဲ။
~ အနာရောဂါ နှိပ်စက်တာကို
ငါဘုရားရှင်လည်း ခံစား ခဲ့ရတာပဲ။
~အခြံအရံ မရှိလို့ ပါလိလေယျ တောထဲမှာ
ဆင်ကြီးက ပြုစု၊ လုပ်ကျွေးတာကို ခံယူ ခဲ့ရပါတယ်။
ချစ်သား •••
ဒါတွေက လောကဓံ တွေပါ၊
ဘယ်သူမှ မလွတ်ပါဘူး တဲ့။
ဘယ်လို ဘဝမျိုးပဲ ရောက်ရောက်
ကုသိုလ်ပြုဖို့၊ တရား ရှာဖို့ကိုသာ မမေ့လျော့ပါနဲ့ တဲ့။
~ အကောင်း၊ အဆိုး၊
~ ချမ်းသာ၊ ဆင်းရဲ၊
~ အခြွေအရံ ပေါများတာ၊ အခြွေအရံ ရှားပါးတာ၊
~ ချီးမွမ်းတာ၊ ကဲ့ရဲ့တာ
အဲဒီ (၈)မျိုးဟာ ဘယ်သူနဲ့မှ မကင်းသလို
အရာအားလုံးဟာလည်း တဒင်္ဂ၊ ခဏလေးပါပဲ ချစ်သား တဲ့။
လူဖြစ်တုန်း၊ သာသနာနဲ့ ကြုံတုန်း
သံသရာကနေ လွတ်မြောက်ဖို့ကိုသာ စဉ်းစားပါ၊
ကြိုးစားပြီးလဲ ဆောင်ရွက်ပါ တဲ့။
ချစ်သားရဲ့ ဒုက္ခ ဘယ်လောက် ကြီးလို့လဲ။
ချစ်သမီး ပဋာစာရီလောက် ဆိုးနေလို့လား?
အားမငယ်ပါနဲ့ ချစ်သား တဲ့။
ကျွန်တော် ••
ကိုယ့်ဒုက္ခကို တော်တော်ကြီးတယ် ထင်ပြီး ခံစားနေတာ။
ပဋာစာရီအကြောင်း ကြားလိုက် ရတော့မှ ••
ဪ •• တကယ်တော့ ဘာမှ မဟုတ်ပါလား
ဆိုတာကို သိလာ ရပါတယ်။
အင်း ••
ငါ့ဒုက္ခက ပဋာစာရီ ဒုက္ခရဲ့ ခြေဖျားတောင် မမီပါလား၊
ပြီးတော့ မကြာမီ အရာရာဟာ ပြီးဆုံး သွားရမှာ၊
အရာအားလုံးဟာ တဒင်္ဂ ခဏပါလား ဆိုပြီး
နှလုံးသွင်းလိုက်တော့ အပူတွေဟာ လျော့သွားပြီး
အရာရာကို ရင်ဆိုင်ဖို့ အားအင်တွေ ရှိလာ သလိုပါပဲ။
ပြီးတော့ #ဗုဒ္ဓရဲ့_တရားတော်က_၃၁_ဘုံသားတွေရဲ့_ခံစားမှုအားလုံးကို_အနိုင်ယူနိုင်တဲ့_သတ္တိ_ရှိပါလား ဆိုပြီး
စိတ်ဓာတ်တွေ ပြန်ပြီး မြင့်တက် လာပါတော့တယ်။
#ကျွန်တော်က_အခုဆိုရင်_နောင်ကို_ကြုံတွေ့လာရမဲ့_လောကရဲ့_ကောင်းခြင်း_ဆိုးခြင်း_အရာအားလုံးကို #အကောင်းဆုံးသော_အနေအထားနဲ့_လက်ခံပြီး #ဘယ်လောက်ကြီးမားတဲ့_အခက်ခဲတွေနဲ့_ရင်ဆိုင်ကြုံတွေ့_လာခဲ့ရရင်လည်း_တွေဝေကြောက်လန့်မနေပဲ #အောင်မြင်အောင်_ကြိုးစားဆောင်ရွက်ဖို့_အဆင်သင့်_ဖြစ်နေပါပြီ။
စေတနာ များဖြင့် ••
ဘုရားအလောင်းတော်၏ အတိက်ဘဝ(၅၄၇)ဘဝ
၁။ စင်္ကြာဝတေးမင်း......( 1 ) ဘဝ
၂။ မင်း.ဘုရင်............( 60 ) ဘဝ
၃။ မင်းသား...............( 16 ) ဘဝ
၎။ အမတ်.................( 49 ) ဘဝ
၅။ ပုဏ္ဏား..................( 25 ) ဘဝ
၆။ သူဌေးသူကြွယ်........( 34 ) ဘဝ
၇။ ရေသ့..................( 108 )ဘဝ
၈။ ပညာရှိလုလင်..........( 22 ) ဘဝ
၉။ ကုန်သည်................( 13 ) ဘဝ
၁၀။ ဆေးဆရာ..............( 1 ) ဘဝ
၁၁။ ဆင်ဆရာ...............( 2 ) .ဘဝ
၁၂။လကျသမားဘဝ.........( 1 ) ဘဝ
၁၃။ ပန်းပဲသမား.............( 1 ) ဘဝ
၁၄။ လယ်လုပ်မျိုး............( 5 ) ဘဝ
၁၅။ စည်တီးမျိုး..............( 1) ဘဝ
၁၆။ ခရုသင်းမှုတ်မျိုး.........( 1) ဘဝ
၁၇။ စောင်းသမား............( 1) ဘဝ
၁၈။ တောဆိုးအကြီး.........( 1) ဘဝ
၁၉။ ဆတ္တာသည်............( 1) ဘဝ
၂၀။ ကျောက်သွေးသမား...( 1 ) ဘဝ
၂၁။ အိုးထိန်းသည်..........( 1 ) ဘဝ
၂၂။ ဒွန်းစဏ္ဍားဘဝ.........( 3 ) ဘဝ
၂၃။ သူခိုးကြီး...............( 2 ) ဘဝ
၂၄။ လုလင်.................( 7 ) ဘဝ
၂၅။ သကြားမင်း......( 19 ) ဘဝ
၂၆။ ဗြဟ္မာမင်း........( 1 ) ဘဝ
၂၇။ ရုက်ခစိုး............( 31) ဘဝ
၂၈။ သမုဒ္ဒရာစောင့်နတ်...( 3 ) ဘဝ
၂၉။ ကောင်းကင်စောင့်နတ်.( 5 ) ဘဝ
၃၀။ သာမန်နတ်......( 6 ) ဘဝ
၃၁။ ခြင်္သေ့......(11)ဘဝ
၃၂။ ဆင်ဖြူ.....( 4. )ဘဝ
၃၃။ သာမန်ဆင်..( 3. )ဘဝ
၃၄။ မြင်း........( 4 ) ဘဝ
၃၅။ နွား.........( 5 ) ဘဝ
၃၆။ ကျွဲ.........( 1. )ဘဝ
၃၇။ ဆတ်......( 3. )ဘဝ
၃၈။ သမင်.....( 7. )ဘဝ
၃၉။ သာရဘသားမျိုး..( 1) ဘဝ
၄၀။ ယုန်.......( 1 ) ဘဝ
၄၁။ ခွေး.......( 1.) ဘဝ
၄၂။ မြေခွေး...( 2.) ဘဝ
၄၃။ ဝက်......( 1.) ဘဝ
၄၄။ ဖွတ်......( 3.) ဘဝ
၄၅။ ကြွက်....( 2.) ဘဝ
၄၆။ မြောက်..(12) ဘဝ
၄၇။ ကိန်နရာ......( 1) ဘဝ
၄၈။ ဟင်္သာ......( 9) ဘဝ
၄၉။ ဥဒေါင်း.....( 3 ) ဘဝ
၅၀။ ဉ်သ........( 2) ဘဝ
၅၁။ ကျေး.......( 9 ) ဘဝ
၅၂။ ကြက်......( 2 ) ဘဝ
၅၃။ ခါ...........( 2) ဘဝ
၅၄။ ခို...........( 6) ဘဝ
၅၅။ ငုံး..........( 4) ဘဝ
၅၆။ စက္ကဝတ်...( 2) ဘဝ
၅၇။ ဠင်းတ.....( 4) ဘဝ
၅၈။ တင်ကြီး...( 1 )ဘဝ
၅၉။ ကျီး........( 2) ဘဝ
၆၀။ စာဝတီး...( 1) ဘဝ
၆၁။ သစ်တောက်ငှတ်..( 1) ဘဝ
၆၂။ ဘီလုံးငှတ်........(1)ဘဝ
၆၃။ သာမာန်ငှတ်...( 5)ဘဝ
၆၄။ ဂဠုန်.......( 2) ဘဝ
၆၅။ နဂါး........( 4) ဘဝ
၆၆။ ငါး..........( 3) ဘဝ
၆၇။ ဖား.........( 1) ဘဝ
မှတ်ချက်....ဘဝ.တစ်ခုခု၌
နောက်ဆုံးအနိစ္စရောက်သည့်ဘဝကို.မှတ်ယူသည်။
ဥပမာ...မဟာဇနကမင်းသည်..တောထွက်၍..
နောက်ဆုံး ရသေ့ဘဝဖြင့်နိဂုံးချုပ်သောကြောင့်
ရသေ့ဘဝ.သို့သွင်းမှတ်ယူပါသည်။
ကိုးကား...အမျိုးသားပညာဝန်ဦးဖိုးကျား၏
ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နှုတ်ချက်
နှစ်သက်နိုင်(ရေသားသူ)
ပြန်လည်ပူဇော်အပ်ပါသည်။
ဒုက္ခရောက်ချိန်မှာ သိလာရတဲ့ အသိအမြင်များ
━━━━━━━━━━━━━━━━━━━━
၁။ ဒုက္ခရောက်ချိန်မှ လူတွေရဲ့ စိတ်ရင်းတွေကို သိလာရတယ်။
၂။ ဒုက္ခရောက်ချိန်မှ ပြုံးပြုံးလေးနဲ့ အကူအညီတောင်းတတ်တဲ့သူတွေရဲ့ မျက်နှာဆိုးတွေကို သိလာရတယ်။
၃။ ဒုက္ခရောက်ချိန်မှ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို ကွဲကွဲပြားပြား သိလာရတယ်။
၎။ ဒုက္ခရောက်ချိန်မှ ဆွေမျိုးအချို့ရဲ့ အပေါ်ယံသကာလောင်းစကားတွေအကြောင်းကို သိလာရတယ်။
၅။ ဒုက္ခရောက်ချိန်မှ ကိုယ့်ကို ပုတ်ခတ်ပြောဆိုဖို့ ဘယ်သူတွေစောင့်မျှော်နေတာလဲဆိုတာကို သိလာရတယ်။
၆။ ဒုက္ခရောက်ချိန်မှ "ကိုယ့်ဆီမှာရှိမှသာ ကိုယ့်ပိုက်ဆံ" ဆိုတာကို သိလာရတယ်။
၇။ ဒုက္ခရောက်ချိန်မှ "တောင်ဝှေးလဲရင် ဘိုးသူတော်ထူနိုင်တယ်၊ ဘိုးသူတော်လဲရင် တောင်ဝှေးမထူနိုင်" ဆိုတဲ့ စကားရဲ့ နက်နဲမှုကို သိလာရတယ်။
၈။ ဒုက္ခရောက်ချိန်မှ ကိုယ့်လက်တွဲဖော်ရဲ့ အကျင့်စရိုက်ကောင်းခြင်း၊ ဆိုးခြင်းကို ပိုသိလာတယ်။
၉။ ဒုက္ခရောက်ချိန်မှ ကိုယ့်ဘဝမှာ ဘယ်သူတွေကို အားကိုးပြီး ဘယ်သူတွေကို ဝေးဝေးရှောင်ရမလဲဆိုတာ သိလာတယ်။
၁ဝ။ ဒုက္ခရောက်ချိန်မှ "ကိုယ်ပေးသလောက် ပြန်ရချင်မှ ရတတ်တဲ့လောကသဘာဝအကြောင်း" ကိုသိလာတယ်။
၁၁။ ဒုက္ခရောက်ချိန်မှ အမေ့ရဲ့ ရင်ခွင်နဲ့ အဖေ့ရဲ့ နှစ်သိမ့်မှုတွေရဲ့ တန်ဖိုးကို သိလာရတယ်။
၁၂။ ဒုက္ခရောက်ချိန်မှ "လောကမှာ လည်သူစားစတမ်း" ဆိုတဲ့ သဘောကို သိလာရတယ်။
ဒါပေမဲ့လည်းလေ… လောကမှာ လူပီသဖို့ ဘယ်သူကောင်းကောင်းမကောင်းကောင်း၊ ကိုယ့်ဘက်က ကောင်းနေသင့်တယ်မဟုတ်လား။ ဟမ်မူရာဘီဥပဒေလို "မျက်လုံးတစ်လုံးဆုံးတိုင်း မျက်လုံးတစ်လုံးပေးလျာ်ရမယ်"ဆိုရင် တစ်ကမ္ဘာလုံး မြင်ကွင်းတွေပျောက်သွားမှာပေါ့။ အငြှိုးတွေ၊ အာဃာတတွေဆိုတာ ဆုပ်ကိုင်ထားသူအတွက် ပူလောင်စေပြီး မေတ္တာတရားကို လက်ကိုင်ထားမှသာ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမဆိုမေတ္တာနဲ့သာ တုံ့ပြန်လိုက်ပါ။ လောကမှာ ဘယ်သူတွေဘယ်လိုပဲ ဆိုးယုတ်နေပါစေ၊ ကိုယ်ကောင်းနေသရွေ့တော့ ကိုယ့်ဘဝကို ဘယ်သူမှ ဆိုးသွားအောင် မလုပ်နိုင်ဘူးလေ။
ခံယူချက်ချင်းတိုက်ဆိုင်သွားတယ်ဆိုရင် Shar လိုက်ပါ။
━━━━━━━━━━━━━━━━━━━━
မေတ္တာဖြင့်
"ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား "
" စပ်ပါတယ်ဘုရား.."
"ပြသဒါးနေ့မှာစားရင်ရော"
"စပ်တာပါပဲ ဘုရား"
" ရက်ရာဇာနေ့မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကိုမပေးပဲနေပါ့မလား..."
"မနေ ပါဘုရား.."
" ကံမကောင်းသောသူသည် ရက်ရာဇာနေ့မှာအိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား "
" မချမ်းသာပါဘုရား..."
" မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ "
" ၁၀၀ ရှိပါတယ်ဘုရား..."
" ၄င်း အိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲ ဆောက်တဲ့အိမ် ပါရဲ့လား "
" မပါ ပါဘုရား "
" ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေ ချည်းပဲလား "
" မွဲသော အိမ်တွေသာ များပါတယ်ဘုရား "
" ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်ပါသလား..."
" မပေးနိုင်ပါဘုရား "
" ရက်မရွေးဘဲ မဂ်လာဆောင်တဲ့ လင်မယားရှိရဲ့လား "
" မရှိပါဘုရား "
" လင်မယားတိုင်း မကွဲမကွာနှင့် ချမ်းသာတာချည်းပဲလား "
" မဟုတ်ပါဘုရား..."
" ရက်ကောင်းတွေကိုအားကိုးရတာ အလကားပေါ့ .. "
" အလကားပါဘုရား.."
" ကုသိုလ်ကိုအားကိုးမှ ဗုဒ္ဓဘာသာကွယ့် မောင်စိန်ရဲ့..."
" မှန်ပါ့ဘုရား.."
*******&&&&&*******
'ရက်ရာဇာနေ့မှာ ထန်းလျက်ခဲစားရင်ချိုလား"
"ချိုပါတယ်ဘုရား"
" ပြဿဒါးနေ့မှာ ထန်းလျက်ခဲကို စားရင်ရောမချိုဘူးလား "
" ချိုတာပါပဲ ဘုရား.."
" ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား "
" ဖြစ်ပါတယ်ဘုရား "
" ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးဘဲ ဆိုင်းငံ့နေတယ်လို့ဘုရားဟောပါသလား "
" မေဟာ ပါဘုရား "
" ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကို ရဦးမှာလား "
" မရပါဘုရား "
" ကြောက်စရာမဟုတ် အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား "
" မှန်ပါ့ဘုရား "
" ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ် ... အကုသိုလ်သာကြောက်ရမယ်မဟုတ်လား ...အဲ့တာကြောင့် အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်နေလျှင် ဗြာဟ္မဏ ဘာသာ ..
ပြဿဒါးကိုမကြောက် အကုသိုလ်ကိုကြောက် မှ
ဗုဒ္ဓဘာသာလို့ မှတ်ကွဲ့..."
*********&&&&&&&&&&******
" ဗေဒင်တိုင်းသာ သတ္တဝါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော် ခုနှစ်ယောက်လည်း တစ်ချိန်တည်း မွေးဖွားကြတယ် ... ဖွားဖက်တော်တို့ရဲ့ ဇာတာခွင် နှင့် သိဒ္ဓတ္ထမင်းသားဧ။် ဇာတာခွင် သည်အတူတူပဲ ...
သိဒ္ဓတ္ထမင်းသား.ဘုရားဖြစ်လျှင်
ဖွားဖက်တော်တွေလည်း ဖြစ်သင့်တယ် ... အခုတော့ သတ္တဝါတွေ ဖြစ်ကြရတာက ဗေဒင် ဇာတာခွင်အတိုင်းမဟုတ်...
ကံကြမ္မာအတိုင်း
သာဖြစ်ကြရသောကြောင့်..
သိဒ္ဓတ္ထမင်းသားက ဘုရားဖြစ် ...
ကာဠုဒါယီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား "
" မှန်ပါ့ဘုရား "
" အဲ့ဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး...ရက်ရာဇာ...
ရှမ်းရက် ...တာနောရက်...ကမ္ဘာပျက်ရက်
တို့သည် ပညတ်တွေဟုမှတ်...ကောင်းကျိုး ဆိုးကျိုး မပေးနိုင် ...ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွဲ့
ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်စိန်ရဲ့...."
" မှန်ပါ့ဘုရား .."
**********&&&&&&&&&&&*******
ဘုရားဟောထက် ဗေဒင်ကို ယုံသူတွေ နမန္တာကျမ်းကို ယုံသူတွေ များပါတယ်....တနှစ်တစ်ခါ ထုတ်တဲ့ သက်န်စြာမှာဗြဟ္မာမင်းကြီးက
ဦးခေါင်းပြတ်ကြီးကို နတ်သမီးများတစ်ယောက်လက်က တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား ...
မြတ်စွာဘုရားက နတ်ဗြဟ္မာတို့ဧ။် ခန္ဓာကိုယ်သည် ကမ္မဇ ရုပ်တွေချည်းမို့ သေလျှင် မီးတောက် သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ် ....
ဗေဒင်က ယခုအထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး...မြန်မာပြည်က ယုံကြည်လက်ခံနေသမျှ ပုပ်မှာမဟုတ်ဘူးကွယ့်....
ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာန ထားသကွဲ့....
မြတ်စွာဘုရားက ကုသိုလ် အကုသိုလ်ကို ပဓာန ထားသကွဲ့....
ဗေဒင်က မဟာဘုတ်ကို အဓိကထား ၍ထူသကွယ့်....
မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွယ့် ....
ကဲ ...မဆန့်ကျင်ပါလား ...မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကို ယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့....
မြတ်စွာဘုရားဟောက " သဗ္ဗေကမ္မသကာသတ္တာ ၊ ကမ္မံသတ္တေ ဝိဘဇ္ဇတိ" တဲ့....
ကဲ...ဘယ်မှာလဲကွယ်....နဂါးခံတွင်း ကျရင် ပျက်စီးတတ်တယ်လို့လဲမပါ....
မသာကိုစုန်ချရင် တစ်လောင်းနဲ့ ကိစ္စမပြီးတတ်ဘူးလို့လဲမပါ.....
အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင်ပျက်ဆီးတတ်တယ်လို့လဲမပါ....
ဓမ္မာ..သောက...အင်းဝ..ရာဇာ ကျလို့ပျက်ဆီးတာလည်းမပါ....
တနဂ်နွေ...တနလာ်..အဂ်ါ...
ဆိုတာတွေဟာ ရက်ရာဇာ ပြဿဒါး ကျလို့ပျက်ဆီးတာလည်းမပါ....
တနဂ်နွေ...တနလာ်..အဂ်ါ...ဆိုတာတွေဟာ ပညတ်သက်သက်တွေပဲ
လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး...အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်
ဒီတော့ အကုသိုလ် ဆိုရင် မြွေဆိုး ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကံကို ဣစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်လား......
***********************
အေးချမ်းကြပါစေ🙏🙏🙏
ပြန်လည်မျှဝေသည် ***Chan***🌸🌸🌸
စိတ်ကောင်းထားကာ
မေတ္တာပွားပါ
ဘဝလမ်းညွန်လက်ဆောင်မွန်
သားတို..သမီးတို့ကို...မေမေပစ်သွားတာ..မဟုတ်ပါဘူးကွယ်...
သားတို့..သမီးတို့...စားရဖို့..မေမေ..အစာရှာထွက်တုန်းက....
မုဆိုးလက်ချက်နဲ့..မေမေ ချုပ်နှောင်ခံခဲ့ရလို့....
ပြန်မလာနိုင်တော့တာ....
ခွင့်လွှတ်ပါကွယ်......😔😔😔
လူတိုင်းမှာ...မိသားစုတွေ...ရှိကြပါတယ်...
သူတို့လေးတွေမှာရော...မိသားစုလေးတွေဆိုတာ..ရှိကြမှာပါ...
ကျနော်တို့လို..အသိညဏ်ရှိတဲ့လူသားတွေက...
ကိုယ်ချင်းစာ စိတ်ထားမျိုးနဲ...သတ္တဝါ တွေ အပေါ် ...
သတ်ဖြတ် ခြင်းကို..အတတ်နိုင်ဆုံး
ရှောင်ကျင်ကြပါစိုလား....ဗျာ..🙏🙏🙏🙏
ခေတ်ကာလဆိုးကြီးထဲမှာ..သက်ရှိအားလုံး....အေးချမ်း.ငြိမ်းချမ်းကြပါစေ..
Chan...
ထိုင်းနိုင်ငံက နဂါးပတ် ဘုရားကျောင်း
✨✨✨✨✨✨✨✨✨
ဒီဘုရားကျောင်းရဲ့ အမည်က Wat Samphran ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ အနောက်ဘက် ၂၅မိုင် အကွာအဝေးက Amphoe Sam Phran ဆိုတဲ့အရပ်မှာ တည်ရှိနေပါတယ်။ ဆလင်ဒါပုံသဏ္ဍာန်အဆောက်အအုံကြီးတစ်ခုကို ဧရာမနဂါးကြီးတစ်ကောင်က ရစ်ခွေထားတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ဒီဘုရားကျောင်းရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။
ဒီဘုရားကျောင်းရဲ့ အကြောင်းကို ထိုင်းနိုင်ငံက ခရီးသွားဝဘ်ဆိုဒ်အနည်းငယ်မှာသာ တင်လေ့ရှိတာကြောင့် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတော့ သိပ်မရှိလှပါဘူး။ ဒီဘုရားကျောင်းဟာ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး အထပ်အမြင့်က ၁၇ ထပ်ရှိပါတယ်။ အဆောက်အအုံရဲ့ အမြင့်က ၈၀မီတာ(၂၆၂ပေ) ရှိပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့တဲ့သက်တော် ၈၀ ကို ရည်ညွှန်းတည်ဆောက်ထားတာလို့ သိရပါတယ်။
အဆောက်အအုံရဲ့ အရောင်က ပန်းရောင်ဖြစ်ပြီး အဆောက်အအုံကို ရစ်ပတ်ထားတဲ့နဂါးကြီးကတော့ အနီ နဲ့ အစိမ်းရောယှက်ခြယ်သထားတဲ့ တရုတ်ရိုးရာ နဂါးကြီးဖြစ်ပါတယ်။ နဂါးကြီးရဲ့ခေါင်းကတော့ အဆောက်အဦးခေါင်မိုးပေါ်မှာ ရှိနေပါတယ်။ အမိုးပေါ်ကို တက်ချင်ရင်တော့ အဆောက်အဦးထဲက တက်လို့ရမှာ မဟုတ်ပဲ အဆောက်အဦးအပြင်ဘက် နဂါးကြီးရဲ့ ခန္ဓာကိုယ်ထဲကနေ တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီဘုရားကျောင်း အဆောက်အအုံကို ၁၉၈၅ခုနှစ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Bhavana Buddho က ဦးစီးတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၅နှစ်ကြာတယ်လို့ သိရပါတယ်။ ဘုရားကျောင်းပရိဝဏ်ထဲမှာတော့ ဧရာမကြေးဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ စံပယ်တော်မူနေပြီး ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုများအပြင် ဆင် ၊ လင်းပိုင်၊ ယုန် ၊ ကျား အစရှိသော သတ္တဝါပေါင်းစုံရဲ့ အရုပ်တွေလည်းရှိနေပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပရိယတ္တိစာပေများလေ့လာရန် နဲ့ တရားအားထုတ်ရန် အတွက် အသုံးပြုတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။
နဂါးရုပ်ကြီးကို သံ နဲ့ glass fiber သုံးကာ အခေါင်းပွ အနေအထားနဲ့ တည်ဆောက်ထားပြီး ခန္ဓာကိုယ်ထဲမှာ အမိုးပေါ်သို့ တက်ရောက်နိုင်ရန် လမ်းကြောင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အချို့နေရာတွေ ပျက်စီးနေပြီဖြစ်တာကြောင့် အထပ်အချို့ကိုတော့ တက်ရောက်ကြည့်ရှု့ရန် ပိတ်ပင်ထားပါတယ်။ နဂါးကြီးရဲ့အတွင်းဘက်မှ အပေါ်ကို တက်ရောက်နိုင်သလို အဆောက်အအုံအတွင်းမှာ ရှိတဲ့ ဓာတ်လှေကားနဲ့လည်း တက်ရောက်နိုင်ပါတယ်။ ဘုရားကျောင်းရဲ့ အမိုးပေါ်မှာတော့ ဗုဒ္ဓဆင်းတုတော်တစ်ဆူ စံပယ်နေပါတယ်။
နဂါးရုပ်ကြီးရဲ့အောက်ဘက်ခြေသည်းကတော့ ၅ ခုရှိပြီး ဒါဟာ ဗုဒ္ဓဘာသာက ငါးပါးသီလကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။အဲဒီခြေသည်းကြီးတွေကို လာရောက်တဲ့ဧည့်သည်တွေနဲ့ ဘုန်းကြီးတွေက ရောင်စုံဖဲကြိုးလေးတွေနဲ့ စည်းထားပါတယ်။ ဘုရားကျောင်းရဲ့အောက်ခြေမှာတော့ ထိုင်းရိုးရာ ဆုတောင်းရတဲ့ မြေအိုးကြီးတွေရှိပါတယ်။ ဒီမြေအိုးကြီးတွေ အတွင်းကို ပိုက်ဆံအကြွေစေ့တွေ ပစ်ထည့်ရင် ချမ်းသာမှုကို ရရှိစေပြီး ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။
ကျောင်းဝန်းတစ်ခုလုံးမှာတော့ စိမ်းစိုနေတဲ့ သစ်ပင်တွေပေါက်ရောက်နေပါတယ်။ ဒီနေရာကို အလည်ရောက်လာသူတိုင်းကတော့ အမိုးပေါ်ကို ရောက်အောင်တက်ကြည့်ကြလေ့ရှိပါတယ်။ အမိုးပေါ်က ဗုဒ္ဓဆင်းတုတော်ကို ဖူးချင်တာအပြင် ပတ်ပတ်လည်က စိမ်းစိုနေတဲ့သဘာဝရှု့ခင်းတွေကို ကြည့်ရှု့ချင်ကြလို့ ဖြစ်ပါတယ်။ ဒီနဂါးပတ်ဘုရားကျောင်းကြီးကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အများပြည်သူတွေအတွက် ဖွင့်လှစ်ထားပေးပါတယ်
ရုပ်သံကြည့်ရန် လင့်ကိုထိပါ 👇👇👇
https://m.youtube.com/watch?v=ORbHVzrvKp0
⬛
Credit to သုတဇုန်
ငွေရှိလာတဲ့ အခါ…
*************
ငွေရှိလာတဲ့ အခါ…
ရုပ်ဆိုးကြီးတွေက
ရုပ်ချောလာမှာ ဖြစ်ပြီး
အသံဆိုးကြီးတွေကလည်း…
အသံကောင်းလာကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
အထင်သေးသွားကြသူတွေက
လာပေါင်းသင်းကြမှာ ဖြစ်ပြီး
နှိမ့်ချခဲ့သူတွေကတော့…
ဆွေမျိုး လာတော်ချင်ကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
မခေါ်မပြောခဲ့ကြသူတွေက
ခဏခဏ လာဖိတ်ခံရမှာ ဖြစ်ပြီး
ဂရုတစိုက်
ကဲ့ရဲ့ခဲ့ကြသူတွေကတော့…
အရင်က အကြောင်းတွေကို
မေ့ပစ်ကြဖို့ လာပြောကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
တစ်ချိန်က
မပေါင်းသင်းချင်ကြသူတွေက
ဆွေမျိုးတော်စပ်ကြောင်း
လာရှင်းပြကြမှာ ဖြစ်ပြီး
အနားမှာ
ရှိနေကြသူတွေကလည်း…
ဘုရင်တစ်ပါးလို
ကိုးကွယ်လာကြလိမ့်မယ်။
ငွေရှိလာတဲ့ အခါ...
ဆင်းရဲချိန်တုန်းက
တိရစ္ဆာန်လို ဆက်ဆံခဲ့ကြသူတွေက
လက်ဆောင်တွေ
ခဏခဏ လာပို့ကြမှာ ဖြစ်ပြီး
အိမ်ကိုလည်း
မကြာခဏ အလည်လာရောက်ဖို့
နာပူအောင်
ဖိတ်ကြား လာကြလိမ့်မယ်။
ဒီလိုနဲ့
ငွေက ဆရာကြီးကို ဖြစ်လို့နေရဲ့။
ဆုံဆည်းပြီးရင် ခွဲခွာရမှာပါ
လောကမှာ အမှားကင်အောင်နေမှ
“နယုန်လပြည့် မဟာသမယနေ့”
••••••••••••••••••••••••••••••••••••••••
နယုန်လပြည့်နေကို “မဟာသမယနေ့” ဟူ၍
ပညာရှိပုဂ္ဂိုလ်တို့က အတည်ပြုကာ သက်မှတ်ကြပါသည်။
●မဟာသမယ၌ မဟာ-ကတစ်ပုဒ်၊
●သမယ-ကတစ်ပုဒ် ဖြစ်ပါသည်။
●မဟာ-က ကြီးကျယ် များပြားသော၊
●သမယ-က နတ်ဗြဟ္မာတို့၏ အစည်းအဝေး၊
မဟာသမယ များစွာသော နတ်ဗြဟ္မာတို့
အစည်းအဝေးဟူ၍ အဓိပ္ပါယ်ရပါသည်။
ထိုနတ်ဗြဟ္မာတို့ အစည်းအဝေး၌ ဟောကြားအပ်သော
သုတ္တန်းများကို “မဟာသမယသုတ်” ဟု ဆိုရပေသည်။
“မဟာသမယသုတ်ကို ရွတ်ဆိုရခြင်းအကျိုး”
--------*------------*----------*----------*
မဟာသမယသုတ်များကို ရွတ်ဆိုကြသောပုဂ္ဂိုလ်တို့အား နတ်တို့က ချစ်ခင်မြတ်နိုးကြ၏။ ထို့ကြောင့် ဘေးရန်အန္တရာယ်များကင်းအောင် စောင့်ရှောက်ကြ၏ ကောင်းကျိုးချမ်းသာများ ရရှိအောင်လည်း ဆောင်ရွတ်ပေးကြ၏။ သို့ဖြစ်၍ ရှေးသူတော် ကောင်းတို့သည် အိမ်သစ်၊ နေရာသစ်၊ မြို့သစ်၊ ရွာသစ်များ တည်ဆောက်ကြရာ၌ မဟာသမယသုတ်ကို ရွတ်ဆိုကြကုန်၏။ ရွတ်ဆို၍ တည်ဆောက်ကြကုန်၏။
“ဟောကြားရာအခါ သိကောင်းစရာ”
--------*------------*----------*----------*
မြတ်စွာဘုရားသည် ၄-ဝါရပြီး ၅-ဝါမြောက်မှာ
မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့၌
မင်းမျိုးမှဖြစ်သော ရဟန္တာငါးရာနှင့် အတူတကွ
ကပိလဝတ်ပြည်၏ အနီး မဟာဝုန်တောကြီး၌
သီတင်းသုံးတော်မူ၏။ ထိုအခါ တစ်သောင်းသော
စကြာဝဠာ တိုက်မှ နတ်ဗြဟ္မာတို့ လာရောက်၍ ဖူးမြင်ကြသည်။
ထိုသို့ လာရောက်၍ ဖူမြင်ကြသော နတ်ဗြဟ္မာတို့အား ဤမဟာသမယသုတ်များကို ဟောကြားတော်မူခဲ့ပါသည်။
“ရဟန္တာငါးရာ သိကောင်းစရာ”
--------*------------*----------
ရဟန္တာငါးရာတို့သည် တစ်နေ့တည်မှာ ရဟန္တာများဖြစ်ကြပေသည်။ အသက်အရွယ်အားဖြင့် နုပျိုသော ရဟန္တာများ ဖြစ်ကြပေသည်။ မင်းမျိုးမှ ဖြစ်လာကြသော ရဟန္တာများ ဖြစ်ကြပေသည်။ နှစ်ပြည်ထောင်မင်းတို့၏ စစ်ပြေငြိမ်းရာမှ ဖြစ်လာသော ရဟန္တာများ ဖြစ်ကြပေသည်။
ရဟန္တာငါးရာတို့သည် သက္ကတိုင်း၊ ကပိလဝတ်ပြည်မှ ရဟန္တာ ၂၅၀၊ ကောလိယပြည်မှ ရဟန္တာ ၂၅၀-တို့ဖြစ်ကြပေသည်။
“နှစ်ပြည်ထောင် ရေလုကြရာမှ ဖြစ်လာပုံ”
--------*------------*----------*----------*
သက္ကတိုင်း၊ ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့၏အကြား၌ “ရောဟိနီ” မည်သော မြစ်ငယ်တစ်ခု ရှိပေသည်။ ထိုမြစ်ငယ် တည်ရှိပုံမှာ ငါးကြင်းမြီးကဲ့သို့
ဖြစ်၏။ အရင်းအစ၌ တစ်ခုတည်းသာဖြစ်၏ မြစ်ဖျား၌မူ
လက်ဝဲ၊ လက်ယာအားဖြင့် နှစ်ခွဖြစ်သွား၏။
တစ်ဘက်သောမြစ်၏ ကမ်းပါးတွင် ကပိလဝတ်ပြည်သူ၊၊
ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏၊
တစ်ဘက်သော မြစ်၏ ကမ်းပါးတွင် ကောလိယပြည်သူ၊
ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏။
ဤကဲ့သို့ လယ်ယာလုပ်ကြရာတွင် ယခုလို နယုန်လပြည့်သို
ရောက်လာသော အခါ မိုးကောင်းကောင်း မရွာသေးသည်ဖြစ်၍
ရောဟိနီမြစ်၌ ရေနည်းပါးလာ၏ ကောက်ပင်တို့သည်
ရေမရ၍ ညိုးနွမ်းလာကြ၏။ ရောဟိနီမြစ်မှရေကို
နှစ်ဖက်လုံး အညီအမျှသွင်းလျှင် ရေမရနိုင်သောကြောင့်
ကောလိယပြည်သားတို့က
“အကျွန်ုပ်တို့ ၏ ကောက်ပင်တို့သည် ရေတစ်ကြိမ်
သွင်းလိုက်ရလျှင် သီးနှံများအောင်သွားမည် ဖြစ်ပေသည်။
ကပိလဝတ်ပြည်သားတို့ဘက်မှ မြစ်ကိုပိတ်ထား၍
အကျွန်ုပ်တို့အား ရေးပေးလော့”ဟု တောင်းဆိုကြကုန်၏။
ကပိလဝတ်ပြည်သားတို့ကလည်း ထိုနည်းတူစွာ
ရေကိုတောင်းဆိုကြကုန်၏။ ဤကဲ့သို့ တောင်းဆိုကြရာ
အငြင်းပွား၍ အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။
ခိုက်ရန်ဖြစ်ကြရာတွင် မင်းသားတို့ကိုပါ ထိခိုက်အောင်
ရေရွတ်ဆဲဆိုကြသောကြောင့် စစ်သည်ဗိုလ်ပါ
အလုံးအရင်းတို့ဖြင့် စစ်တိုက်ဖို့ရာ စစ်မြေပြင်သို့
ထွက်လာကြာကုန်၏။
“မြတ်စွာဘုရားကြွလာ၍ လက်နက်ချကြခြင်း”
--------*------------*----------*----------*
ဤကဲ့သို့ နှစ်ပြည်ထောင်မင်းသားတို့ စစ်တိုက်ကြတော့မည့်
အကြောင်းကို မြတ်စွာဘုရား သိမြင်တော်မူ၍ သာဝတ္ထိပြည်မှ ကောင်းကင်ခရီးဖြင့် ကြွလာတောမူပြီး လျှင် နှစ်ဘက်သော စစ်သည်တို့၏အလယ် ကောင်းကင်၌ တည်တော်မူကာ ရောင်ခြည်တော်များကို လွှတ်တော်မူလျက်
သီတင်းသုံးနေတော်မူ၏။
ထိုအခါ ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့သည် ကောင်းကင်၌ တည်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ “မြတ်စွာဘုရား ရှေ့တော်မှောက်၌ သူတစ်ပါးတို့ကို
ညှဉ်းဆဲသက်ဖြတ်လို့ မတော်ပေဘူး၊ ကောလိယမင်းများနှင့် စစ်သည်တော်တို့က မိမိတို့အား အလိုရှိတိုင်း နှိပ်စက်ကြစေတော့“ ဟု လက်နက်များကို စွန့်ပစ်ကာ ထိုင်၍ မြတ်စွာဘုရားကို ရှိခိုးကြကုန်၏။ ကောလိယမင်းသားများနှင့် စစ်သည်တော်တို့ကလည်း
ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့၏ နည်းတူစွာ လက်မက်များကိုစွန့်ပစ်၍ မြတ်စွာဘုရားကို ထိုင်၍ ရှိခိုးကြလေကုန်၏။
“မြတ်စွာဘုရား တရားဟောခြင်း”
--------*------------*----------
ထိုအခါ မြတ်စွာဘုရားက နှစ်ပြည်ထောင်မင်းတို့၏
စစ်တိုက်ကြရမည့် အကြောင်းကို မေးတော်မူ၍ ရေကြောင့်
စစ်တိုက်ကြမည့် အကြောင်းကို လျှောက်ထား ကြကုန်လေ၏။
ဤကဲ့သို့ လျှောက်ထားသော အခါ “မင်းသားတို့…. ရေထက် မြေက အဖိုးထိုက်တန်ပေသည်၊ မြေထက် မင်းမျိုးတို့က အဖိုးထိုက်တန်ပေသည်၊ ရေကြောင့် မင်းမျိုးတို့ကို မပျက်စီးစေကြကုန်လင့်”
ဟု မိန့်ကြားတော်မူပြီးလျှင် ရန်ပြေ မာန်ပြေ တရားတော်များကို ဟောကြားတော်မူပါသည်။
အရာမဟုတ်သည်၌ ရန်မူခြင်းကြောင့် ပျက်စီးကြသော ဖန္ဒနဇာတ်တော်၊ ပညာမဲ့တွှို၏ စကားကြောင့် ပျက်စီးကြသော ပထဝီ ဥန္ဒြိယဇာတ်တော်၊ အားသေးသော်လည်း အားကြီးသူအား ပျက်စီးစေသော လဋုကိကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။
ထို့နောက် ညီညွတ်ခြင်း၏ အကျိုးတရားတို့ကိုပြသော
ရုက္ခဓမ္မဇာတ်တော်၊ ဝဋ္ဋကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။
“မင်းသားငါးရာ အပ်နှင်းခြင်း”
--------*------------*----------*----------*
ထိုအခါ နှစ်ပြည်ထောင်မင်းမျိုးတို့သည်
“ဤစစ်မြေပြင်သို့ မြတ်စွာဘုရား ကြွမလာခဲ့သော် ငါတို့အားလုံး သွေးချောင်းစီး၍ သေကျေပျက်စီးကြရကုန်လတ္တံ့၊ ယခုအခါ အသက်သေရခြင်းဘေးမှ လွတ်ကင်းချမ်းသာကြရပေသည်။ မြတ်စွာဘုရားအလောင်းတော်သည် တောမထွက်ခဲ့လျှင်
စကြဝတေးမင်းကြီး အမှန်ပင်ဖြစ်မည်၊ အခြံအရံ
မင်းသားပေါင်းများစွာဖြင့် နေရမည် ဖြစ်ပေသည်။
ယခု မြတ်စွာဘုရားဖြစ်သည့်အခါမှာလည်း
မင်းသားအခြံအရံများနှင့် နေရမှာသာ သင့်တော်မည်"
ဟု ဆိုကြကာ ကပိလဝတ်ပြည်မင်းမျိုးမှ ၂၅၀၊
ကောလိယမင်းမျိုးမှ ၂၅၀-တို့ကို မြတ်စွာဘုရားအား
အပ်နှင်းကြကုန်၏။ မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခုခေါ်၍ ရဟန်းပြုပေးတော်မူလိုက်၏။
“ကုဏာလရေအိုင်သို့ခေါ်ဆောင်ခြင်း”
--------*------------*----------*----------*
ထိုရဟန်းငါးရာတို့သည် သားမယားတို့ထံမှ သတင်းစကားများကို
ခဏခဏ ကြားကြရသောကြောင့် လွန်စွာ ပျင်းရိကြကုန်၏။
ဤကဲ့သို့ ပျင်းရိနေခြင်းအကြောင်းကို မြတ်စွာဘုရားသိတော်မူ၍ ဟိမဝန္တာ၌ရှိသော ကုဏာလရေအိုင်၏ ပျော်မွေ့ဖွယ်ရာ
ဂုဏ်ကျေးဇူးများကို ချီးမွမ်းကာ ပြောကြားတော်မူ၏။
ရဟန်းငါးရာတို့ ကုဏာလရေအိုင် သို့ သွားချင်သည့်စိတ်များ ဖြစ်လာသောအခါ မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ကောင်းကင်မှ ခေါ်ဆောင်သွားတော်မူ၏။
ထိုရဟန်းငါးရာတို့သည် ကုဏာလရေအိုင်သို့ ရောက်သွားသောအခါ ရှေးက မမြင်းခဲ့ဖူးသေးသော လိပ်တို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရှေးက မမြင်းခဲ့ဖူးသေးသော တောတိရိစ္ဆာန်များတို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရှေးက မမြင်းခဲ့ဖူးသေးသော သစ်ပင်တို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရဟန်းတော်တို့ မေးလျှောက်တိုင်း မေးလျှောက်တိုင်း အမည်နာမနှင့်တကွ မြတ်စွာဘုရား ဖြေကြားတော်မူ၏။
“ကုဏာလဇာတ်ကို ဟောကြားခြင်း”
--------*------------*----------*----------*
ထိုသို့ ဖြေကြားပေးနေ့သည့် အခိုက်အတန့်၌ပင် ငှက်နှစ်ကောင်တို့သည် တစ်ခုသောတုတ်တံ၏ အဖျားနှစ်ဖက်ကို တစ်ဖက်တစ်ကောင်စီ နှုတ်သီးဖြင့်ချီ၍ အလယ်၌ ငှက်မင်းကိုထိုင်စေလျှက် ပျံသန်းလာကြ၏။ ရှေ့နောက်ဝဲယာတို့မှာလည်း ငှက်အပေါင်းတို့သည် ငှက်မင်းကို ခြံရံကာ ပျံသန်းလာကြ၏။ ဤကဲ့သို့ အံ့သြဖွယ်ရာ ပျံသန်းလာကြသည်ကို မြင်ကြသော ရဟန်းငါးရာတို့အား ကုဏာလဇာတ်ကို မြတ်စွာဘုရား ဟောကြားတော်မူပေသည်။
“သောတာပန်ဖြစ်ကြခြင်း”
--------*------------*----------
ကုဏာလဇာတ်ကို နာကြားကြရသော ရဟန်းငါးရာတို့အား စိတ်ကြည်နူး နှစ်သက်မူ ပီတိများ ဖြစ်လာကြပေသည်။ ပီတိကို အမှီပြု၍ ကိုယ်စိတ်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိများ ဖြစ်လာကြပေသည်။ ပဿဒ္ဓိကိုအမှီပြု၍ ရုပ်နာမ်၊ ကြောင်းကျိုး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကိုသိသော ဝိပဿနာဥာဏ်များ ဖြစ်လာကြပေသည်။ ထိုနောက် ဝိပဿဥာဏ်များ အဆင့်ဆင့် ရင့်ကျက်လာပြီးလျှင် အဘိညာဉ်ရသော သောတာပန် ပုဂ္ဂိုလ်များ ဖြစ်သွားကြလေ၏။
“မဟာဝုန်တောသို့ ပြန်ကြွခြင်း”
--------*------------*----------
ရဟန်းငါးရာတို့ အဘိညာဉ်ရသည့်သောတာပန်များ ဖြစ်ပွားပြီးသောအခါ မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့ကို ကောင်းကင်ခရီးဖြင့် ခေါ်ဆောင်၍ မဟာဝုန်တောသို့ ပြန်ကြွတော်မူ၏။ ထိုရဟန်းငါးရာတို့သည် မိမိတို့၏ အဘိညာဉ်ဖြင့် ကောင်းကင်သို့ ကြွရောက်၍ မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါသွားကြလေသည်။
“ရဟန္တာဖြစ်ကြခြင်း”
--------*------------*
မဟာဝုန်တောသို့ ရောက်သွားသောအခါ
ထိုရဟန်းငါးရာတို့အား အထက်မဂ်၊ အထွက်ဖိုလ်များအတွက် ကမ္မဌာန်းတရားများကို မြတ်စွာဘုရား ဟောကြားပေးသနား တော်မူပါသည်။ ရဟန်းတော်ငါးရာတို့သည် ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်၍ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ကြရာ ငါးရာလုံးပင် ရဟန္တာဖြစ်သွားကြ လေ၏။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိခဲ့သော ရဟန္တာအဖြစ် တရားထူး တရားမြတ်ကို လျှောက်ထားကြ၍ မြတ်စွာဘုရားထံ အသီးအသီး ရောက်လာကြကုန်၏။ မြတ်စွာဘုရားအနီးသို့ ရဟန္တာငါးရာတို့ ရောရှိနေကြာသော အချိန်သည် မြတ်စွာဘုရား၎-ဝါရပြီး
၅-ဝါသို့ရောက်ဆဲ၊ မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့ လရောင်ထိန်းလင်း ရှုခင်းသာယာ ညဥ့်အချိန်အခါ ဖြစ်ပေသည်။
ထို့ညဥ့်အချိန်အခါတွင် မဟာဝုန်တော၌ ကိလေသာအညစ်အကြေး ကင်းဝေစင် ကြယ်နေသော ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို ခညောင်းဝိုင်းရံလျှက် သီတင်းသုံးနေတော်မူကြ၏။
ထိုသိ့ ရဟန္တာငါးရာတို့ ဝန်းရံလျက် မြတ်စွာဘုရားသီတင်း သုံးနေတော်မူသည်ကို မဟာဝုန်တောထဲတွင် အနီးအနား၌ရှိကြသော နတ်တို့သည် မြင်ကြကုန်၏။
ထိုသို့ မြင်ကြသောအခါ နတ်တို့သည် အချင်းချင်း ဖိတ်ခေါ်ကြကုန်၏။ "အမောင်နတ်သား အမိနတ်သမီးတို့…..လာကြကုန်လော့။ ဘုရားကို ဖူးမြင်ခြင်း၊ တရားကို နာကြားခြင်း၊ သံဃာကို ဖူးမြင်ခြင်းတို့သည် အကျိုးများလှ၏။ လာကြကုန်လော့ သွားကြကုန်စို့” ဟူ၍ များစွာသောအသံတို့ဖြင့် ကြွေးကြော်ကာ သွားရောက်၍
မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့အား ရှိခိုးကာ နေကြကုန်၏။
ထိုနတ်တို့၏ ကြွေးကြော်သုံတို့ကို အဆင့်ဆင့် ကြားကြ၍
တစ်သောင်းသော စကြာဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့
စုဝေးလာကြကုန်၏။
ဤစကြဝဠာတိုက်၌ နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်၍နေ၏။ အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။ မြတ်စွာဘုရား၏ အနီးတွင် သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်) မျှသောနေရာ၌ တစ်ဆယ် နှစ်ဆယ် သုံးဆယ်သော နတ်ဗြဟ္မာတို့ နေကြရကုန်၏။ မြတ်ဘုရားနှင့်ဝေးသော နေရာတို့၌ သားမြီးတစ်မျှင်(ဆံပင်တစ်မျှင်) မျှသောနေရာတို့၌ ခြောက်ဆယ်သော နတ်ဗြဟ္မာတို့ အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်းဆင်၍ နေကြရကုန်၏။
ဤကဲ့သို့ အလွန်များပြားသော နတ်ဗြဟ္မာတို့ စည်းဝေးရောက်လာကြာသောအခါ ရှေးဦးစွာ
ထိုနတ်ဗြဟ္မာတို့၏ အမည်တို့ကို ဖော်ထုတ်၍ ဟောကြားတော်မူ၏။
ထို့နောက် နတ်ဗြဟ္မာတို့၏ စရိုက်အားလျော်စွာ
“မဟာသမယသုတ္တန် ၆-သုတ်”ကို ဟောကြားတော်မူ၏။
၁။ တပ်မက်ခြင်း = ရာဂစရိုက်များသော နတ်ဗြဟ္မာတို့အား “သမ္မာပရိဗ္ဗာဇနိယသုတ်” ။
၂။ ကြမ်းတမ်းပြစ်မှားခြင်း= ဒေါသစရိုက်များသော နတ်ဗြဟ္မာတို့အား “ကလဟဝိဝါဒသုတ်”။
၃။ မသိတွေဝေခြင်း = မောဟစရိုက်များသော နတ်ဗြဟ္မာတို့အား “မဟာဗျူဟသုတ်” ။
၎။ ကြံစည်ခြင်း = ဝိတက်စရိုက်များသော နတ်ဗြဟ္မာတို့အား “စူဠဗျူဟသုတ်”။
၅။ ယုံကြည်ခြင်း = သဒ္ဓါစရိုက်များသော နတ်ဗြဟ္မာတို့အား “တုဝဋကသုတ်”။
၆။ အသိဥာဏ်ရှိခြင်း = ဗုဒ္ဓိစရိုက်များသော နတ်ဗြဟ္မာတို့အား “ပုရောဘေဒသုတ်”
ဟူသော ၆-သုတ်တို့ကို ဟောကြားပါသည်။
တစ်သုတ် တစ်သုတ်တို့၏ ဟောကြားခြင်း အဆုံးအဆုံး၌ ကုဋေတစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်ကြကုန်သည်။
သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်ဖြစ်သူတို့လည်း
မရေတွက်နိုင်အောင် များပြားကြလေသည်။
နတ်ဗြဟ္မာတို့အတွက် အလွန်အကျိုးများသော
သုတ္တန်များဖြစ်ကြ၍ ဤမဟာသမယ သုတ္တန်များကို
ရွတ်ဆိုသော ပုဂ္ဂိုလ်တို့အား နတ်ဗြဟ္မာတို့က
အထူးစောင့်ရှောက်ကြ သဖြင့် ဘေးရန်ကင်း၍
ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို ရရှိနိုင်ကြပေသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) 】
Credit to ►www.facebook.com/youngbuddhistassociation.mm