Pay 2 People

Pay 2 People

We fight for our people

11/06/2023

သရုပ်ဆောင် မေပန်းချီကို ဖမ်းပြီးနှစ်လအကြာမှာ ထောင် ၃ နှစ် ချမှတ်
ဇွန် ၁၁ - ၂၀၂၃
Crd GG(VOM)
သရုပ်ဆောင် မေပန်းချီကို ဖမ်းဆီးပြီး နှစ်လအကြာမှာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မေပန်းချီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ( က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရုံးချိန်း ၂ ခါထုတ်အပြီးမှာ အခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။
" မနေ့က အမိန့်ချလိုက်တယ်ပဲသိလိုက်ရတယ်၊အလုပ်ကြမ်းပါလား မပါလားတောင် သေချာ မသိရသေးဘူး။ ရုတ်တရက်ကြီးချလိုက်တာ။ သူနဲ့အတူအဖမ်းခံရသူတွေ အမိန့်ချသံမကြားသေးဘူး "လို့ မေပန်းချီ မိသားစုနဲ့နီးစပ်သူ အနုပညာရှင်တစ်ဦးကပြောပါတယ်။
သရုပ်ဆောင် မေပန်းချီကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က သူရဲ့နေအိမ်ရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှာ ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
မေပန်းချီဟာ ဧပြီလအတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြသူတွေကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့တယ်ဆိုပြီး နစက ဘက်က အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။
မေပန်းချီနဲ့အတူ အဆိုတော်ရွှေရည်သိန်းတန် ၊The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၊ အဆိုတော်မေလသံစဥ် ၊ သရုပ်ဆောင် မြတ်သူသူကျော် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မေပန်းချီ တစ်ဦးတည်းကို ထောင်ဒဏ် ပထမဆုံးချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

29/05/2023

ညောင်ပင်ရွာမီးရှို့ခဲ့သော စခများ ဝါဘိုးမှတဆင့် အနောက်ဘက်ကမ်းကူးသွားပြီဟုသိရသည်။
5:39PM
May 29

မြင်းခြံ ပတ္တာဘက်ကလာတဲ့ စခ၊ ပခများ စစ်ဘေးရှောင်များ၏ ဆိုင်ကယ်များ၊ ဖောကားနှစ်စီးနှင့်အပြည့်ပစ္စည်းတွေပါ သယ်ဆောင်ကာ ရေလယ်ကျွန်းကနေ အရှေ့ဘက်ကမ်း ကူးသွားပြီဟုသိရသည်။
5:03PM
May 29

Source ::

28/05/2023

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာမှ ပြည်သူနေအိမ် ၁၃၂လုံး(၁၃၂လုံးထက်များနိုင်)အား အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ မေလ၂၇နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။
May 28
Source ::

28/05/2023

မင်းရွာဝင်သွားသည့် တောင်စစ်ကြောင်းမှစခများသည် ဆည်သည့်ရွာရောက်နေဟုသိရသည်။
4:36PM
May 28
Source

28/05/2023

မိုးဖြူမီးရှို့ခဲ့သော စစ်ကြောင်းသည် ကံဦးဘက်ဦးတည်ထွက်နေဟုသိရသည်။
9:8AM
May 28

Source

28/05/2023

ရေစကြိုမြို့နယ် မိုးဖြူကျေးရွာအားလည်း စခများ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
9:01AM
May 28

27/05/2023

ချင်းတွင်းမြစ်မှကူးလာသည့် ခွေးစစ်‌ကြောင်းသည် ကိုင်းရွာတွင်ရှိနေပြီး ဧရာဝတီမှလာသည့် ခွေးများသည် ရေယှားရွာတစ်ရွာလုံးနီးပါးကို မီးတိုက်ရှို့နေဟုသိရသည်။
10:06AM
May 27

27/05/2023

ရေယှားရွာအားလည်း စခများမီးရှို့နေဟု သိရသညိ။
8:30AM.
May 27

Myong Township, The army bombarded public houses in Pan Nyo village with a drone, destroying 1 house 17/05/2023

မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံး ပျက်စီး
ရန်ကုန်၊ မေ ၁၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကိုနွေဦး(မြောင်)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ရှိ အကြမ်းဖက်စစ်တပ်မှ ဧရာဝတီ မြစ်အနောက်ဘက်ရှိ ပန်ညိုကျေးရွာပေါ်သို့ ဒရုန်းဖြင့် အီနာဂါဗုံးသီး ၄ လုံးတွဲပြီး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်ခေါင်မိုး၊ အိပ်ယာများနှင့် ဘေးကာအရံများ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်း နေထိုင်သူမျာမှာ ပြင်ပသို့ ထွက်ခွာနေသည့် အချိန်ဖြစ်သဖြင့် လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ကမ်းမှာရှိတဲ့ ရွာထဲကို လာချတာပါ၊ နေအိမ်ကတော့ တစ်လုံးပဲ ထိခိုက်ပျက်စီးတယ်၊လူကတော့ အပြင်ရောက်နေလို့ ထိခိုက်မှုမရှိပါဘူး” ဟု ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယခင်တုန်းကလည်း ညောင်ကာားယားကျေးရွာကို အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် ၃ ကြိမ် ကျဲချခဲ့ရာ အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ကလေးထိန်းနေသော အဖွားတစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ဖူးကြောင်း၊ နဂါးပေါက်ကျေးအတွင်းသို့လည်း ခဏခဏ ဒရုန်းဖြင့် ဗုံးကျဲချခဲ့ပြီး လူ သေဆုံးထိခိုက်မှုမရှိသော်လည်း နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

https://www.pay2people.org/2023/05/myong-township-army-bombarded-public.html

Myong Township, The army bombarded public houses in Pan Nyo village with a drone, destroying 1 house Sagaing Division Myong Township, Ko Nyu Oo (Myoung) told the Yangon New Age news agency that the terrorist army bombed the public ho...

Windy.com ရဲ့ ဖော်ပြချက်အရ ၁၄.၅.၂၀၂၃ မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မှာ ဖြစ်ပါတယ် 07/05/2023

Windy.com ရဲ့ ဖော်ပြချက်အရ ၁၄.၅.၂၀၂၃ မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်ခြေများပါတယ်။
https://www.pay2people.org/2023/05/windycom.html

Windy.com ရဲ့ ဖော်ပြချက်အရ ၁၄.၅.၂၀၂၃ မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မှာ ဖြစ်ပါတယ် Windy.com ရဲ့ ဖော်ပြချက်အရ ၁၄.၅.၂၀၂၃ မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မှာ ဖြစ်ပါတယ်။ ပြည်သူများ မုန်တိုင်းန....

21/03/2023

အကြမ်းဖက်ဘီလူးစစ်တပ်သည် မီးလောင်ကျွန်းရွာသစ်မှ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်ပြည်သူများအား ထမင်းဟင်းချက်ကျွေးနေသည့် ရွာခံအပြစ်မဲ့ပြည်သူတစ်ဦးအားသ-တ်ဖြတ်ခဲ့သည်။ စိတ်ကျန်းမာရေးမကောင်းသည့် ရွာခံပြည်သူတစ်ဦးအားလည်း ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်သ-တ်ဖြတ်ကာ PDFစွပ်ကျယ်အင်္ကျီဝတ်ဆင်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

Mar 21

21/03/2023

မီးလောင်ကျွန်းမှခွေးများ ပန်းညိုဘက်ဘက်တရစပ်ပစ်ခတ်ဝင်ရောက်နေဟုသိရသည်။

6:00AM
Mar 21

19/03/2023

စခများ မီးလောင်ကျွန်းရွာသစ်ကို မီးတင်နေဟုသိရသည်။
1:50PM
Mar 19
Source : yaylalkyunnews

19/03/2023

မီးလောင်ကျွန်းတွင် ပြည်သူအချို့ဓားစာခံအဖြစ်ဖမ်းဆီးခံထားရပြီး၊ အချို့ပစ်ခတ်ခံထားရပါသည်။

Source- ရေလယ်ကျွန်းသတင်း

19/03/2023

မီးလောင်ကျွန်းရွာမှ စခ များ တောင်းဘက်သို့ထွက်နေဟုသိရပါသည်။

Source ရေလယ်ကျွန်းသတင်း

17/03/2023

သုခဒီပ၊ မြစ်သာဘက် စစ်ကြောင်းထိုးနေသော စခများသည် ကျောက်ရစ်စခန်းသို့ ပြန်လည်ရောက်ရှိသွားပြီဟု သိရသည်။

4;06PM
Mar 17

17/03/2023

စခများ ‌မြောင်-ရေစကြိုနယ်စပ်တွင် စစ်ကြောင်းထိုးရမ်းကားနေပြီး မြစ်အနောက်ဘက် ကျော်မကြားတွင်လည်း စခအချို့ရောက်ရှိနေဟုသိရသည်။

7:17AM
Mar 17

In Myain Township, a military council carrying food was attacked by Pyu saw soldiers, 6 members of the military council were killed and some weapons and ammunition were seized. 06/03/2023

မြိုင်တွင်အလှူကြီးပေးနေသော စစ်ကောင်စီ

မြိုင်မြို့နယ်တွင် ရိက္ခာသယ်သွားသည့် စစ်ကောင်စီဝင်နှင် ပျူစောထီးများကို တိုက်ခိုက်မှု စစ်ကောင်စီဝင် ၆ ဦးသေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်
ရန်ကုန်၊ မတ် ၆
မကွေးတိုင်း၊ မြိုင်မြို့သို့ ရိက္ခာသယ်သွားသော အကြမ်းဖက်စစ်ကောင်စီ တပ် သား များနှင့် ပျူစောထီးများကို မတ်လ ၄ ရက်နေ့တွင် ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၆ ဦး သေဆုံးကြောင်း Myaing Villages Revolution Front - MVRF ၏ ပြန်ကြားရေးတာဝန်ခံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
"မြိုင်နယ်၊ ကျောင်းကုန်းရွာ နဲ့ ကန်နီ (ပျူ)ရွာ ကြားထဲမှာပါ။ ကန်နီဘက်က ခွေးက ၆၀ လောက်လာကြိုတာပါ ။ ကျောင်းကုန်းရွာဘက်ကလည်း ခွေး ၅၀ ခန့် လာပို့တာ။ကြားမှာ အလစ်ဝင်တိုက်တာပါ။ ၆ ကောင်သေပါတယ်။ အရပ်ဝတ်နဲ့ လာကြပါတယ်။ PDF တွေက အထိခိုက်မရှိဘူးဗျ။ ဘေးကင်းတယ်'' ဟု Myaing Villages Revolution Front - MVRF မှ ပြန်ကြားရေးတာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။
စစ်ဆင်ရေး တိုက်ပွဲသည် နှစ်ဖက်ညှပ် အနေအထားဖြစ်သော်လည်း တော်လှန် ရေးရဲဘော်များက အန္တရာယ်များသည့်ကြားမှ ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များ၏ လပ်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း Myaing Villages Revolution Front - MVRF တာဝန်ရှိသူက ဆက် လက်ပြောဆိုသည်။
စစ်ကြောင်းကို တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂) တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ https://www.pay2people.org/2023/03/in-myain-township-military-council.html

In Myain Township, a military council carrying food was attacked by Pyu saw soldiers, 6 members of the military council were killed and some weapons and ammunition were seized. Yangon, March 6 Every time I bend, Myaing Villages Revolution Front - MVRF's information officer told Yangon New Times that 6 members of t...

02/03/2023

2.Mar.23 ( 10:41 AM)
-ဝက်လက်မြို့နယ် ရွှေပန်းကုန်းမှ ထွက်လာသော စခ များ ကျီးကန် တောင်ရွာ ပြည်သူနေအိမ်များကို မီးရှို့နေ။

02/03/2023

ခင်ဦး ‼️
#ခွေးစစ်ကြောင်းအခြေအနေ
💥ခင်ဦးနယ်အနောက်ခြမ်း မြင်းဒေါင်း/သရက်ပင်စုရွာတွေဘက် ခွေးအင်အားဖြန့်ပြီးတပ်စွဲထားတဲ့ ခွေးကောင်များဟာ
ယနေ့နံနက် မကျီးအုပ်မှတဆင့် ကျွန်းတောကြီးရွာဘက်ကို ၂ဖွဲ့ခွဲစတင်ဝင်ရောက်စီးနင်းကာ Gunများလည်း အဆက်မပြတ်ပစ်ခတ်နေကြကြောင်း မြေပြင်သတင်း ရရှိထား။
Edit: ကျွန်းတောကြီးရွာမှတဆင့် ယာတော်ကျေးရွာဘက်သို့ ဆက်လက်ဦးတည်လှုပ်ရှားနေဟု ထပ်မံသိရ။
(မြေပြင်သတင်းရရှိချိန် 9:45Am)
⚠️❗️ယနေ့ ခင်ဦးအနောက်ခြမ်း ယာတော်/ကျွန်းတောကြီးရွာတွေနဲ့ အနီးချုပ်စပ်ရှိကျေးရွာများ မြေပြင်သတင်းအမှန်နားစွင့်ပြီး ဘေးလွတ်ရာတိမ်းရှောင်ပေးထားကြပါရန်။
အားလုံးဘေးကင်းကြပါစေ ခင်ဦးမြေ။

Source Htoo Khant Zaw

02/03/2023

တန့်ဆည် ဆင်ငယ်ရွာက
ခွေးတွေ အက်ုက္ကားရွာရောက်နေ
ကျွန်းတောကုန်း အုတ်ဖိုအိုင် ဒေါင့်ကြီးရွာများသို့လာနိုင်ဖွယ်ရှိ

ပေးဆပ်မှု့များစွာနှင့် အညာမြေ – Pay 2 People 24/02/2023

ပေဆပ်မှူ့များစွာနှင့် အညာမြေ

https://pay2people.org/archives/474

ပေးဆပ်မှု့များစွာနှင့် အညာမြေ – Pay 2 People Local Newsပေးဆပ်မှု့များစွာနှင့် အညာမြေ February 24, 2023February 24, 2023 မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ်...

22/02/2023

https://www.facebook.com/174280234709426/posts/550615840409195/?mibextid=ykz3hl

PDF စခန်းလိုက်မပြလို့ CDM သူနာပြုဆရာမကို စစ်ကောင်စီတပ်က ပစ်သတ်

ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမ တယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိသွားပြီး PDF စခန်းကို လိုက်ပြခိုင်းရာမှာ ငြင်းဆန်တဲ့အတွက် စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM သူနာပြုဆရာမ မေဇွန်မိုးဟာ စစ်တပ်ရန်ကနေ တိမ်းရှောင်နေရင်း လွတ်မြောက်နယ်မြေတခု ကိုရောက်သွားပြီး အဲဒီက ဒေသခံ PDF တွေကို သူတတ်ထားတဲ့ဆေးပညာနဲ့ အကူအညီပေးရင်း နေထိုင်ခဲ့ရာက မြို့ကိုပြန်အသွားမှာ ဖမ်းမိသွားတာလို့ အုတ်ဖို PDF အဖွဲ့ တာဝန်ရှိသူက ပြောကြောင်း DVB မှာ ဖော်ပြထားပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အုတ်ဖိုကိုပြန်သွားတာ၊ သူနဲ့အတူ ရဲဘော်နှစ်ယောက်ပါ ထည့်ပေးလိုက်တာ။ အဲဒါ ကျောက်ဖြူတောင်ဂိတ်မှာ အဖမ်းခံလိုက်ရတာ။ ပထမတော့ ရဲဘော်တွေက ခံပစ်တော့ ဆရာမကလွတ်သွားတယ်။ ရဲဘော် ၂ ယောက်ကတော့ ပစ်သတ်ခံလိုက်ရတယ်။ အဲဒီမှာ ဆရာမကို တောနင်းရှာကြတာ၊ အဲဒီည ၁၁ ခွဲကျမှ စိန်ပတ်လည်နားက တဲတစ်လုံးမှာ ပြန်ဖမ်းမိသွားတာ၊ အဲ့ဒိကနေ ဖမ်းသွားပြီးပျောက်နေတာ၊ အဲ့ဒါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျမှ အဲ့ဒိနေရာကိုပဲ ပြန်ခေါ်လာပြီး၊ တောစပ်မှာ မျက်စိကို အဝတ်စည်းပိတ်ထားပြီး ထွက်ပြေးခိုင်းတယ်။ ပြီးတော့ နောက်ကနေ သေနတ်နဲ့ ၃ ချက်ပစ် ပြီး သတ်လိုက်တာ။” လို့ ပြောပါတယ်။

သူနာပြု ဆရာမ မေဇွန်မိုးနဲ့ သူ့အမျိုးသား ကိုအောင်ဇင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါခဲ့တာကြောင့် စစ်ကောင်စီက သူတို့အိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှာ ကိုအောင်ဇင်ကို ဖမ်းမိသွားပြီး ဆရာမ မေဇွန်မိုးကတော့ လွတ်မြောက်သွားခဲ့တာပါ။

သူနဲ့အတူ CDM လုပ်ထားတဲ့ သူနာပြုဆရာမတယောက်က “အခုလည်း ဆရာမအလောင်းကို သူတို့ဘယ်မှာ ဘာလုပ်လိုက်လဲမသိရဘူး။ ဘာမှ အကြောင်းလည်းမကြားဘူး။ နောက်မှ အုတ်ဖို ရဲစခန်းနဲ့ နီးစပ်သူတွေဆီကနေသိရတာက ဆရာမက တောထဲမှာထွက်ပြေးလို့ သေနပ်နဲ့ပစ်လိုက်ရကြောင်း၊ သူက သူနေခဲ့တဲ့ PDF စခန်းနေရာကိုမပြောလို့ သတ်လိုက်တာဖြစ်ကြောင်းသိရတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ တောစပ်မှာပစ်သတ်ပြီး အလောင်းကို ခုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားတယ်လို့ အုတ်ဖိုဒေသခံတစ်ယောက်ထံက သိရပါတယ်။

သူနာပြု ဆရာမမေဇွန်မိုးရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ဇင်ကတော့ ပုဒ်မ ၅၀၅ နဲ့ သာယာဝတီထောင်မှာ ထောင်ဒဏ် ၃ နှစ်ချခံထားရပြီး လွတ်ရက်စေ့ကာနီးနေပြီ ဖြစ်ပါတယ်။

22/02/2023

စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီများက FOEIM ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ် နံပါတ်၊ ဖခင်ဖြစ်သူအမည် ဆိုင်ရာ အချက်အလက်များ ၎င်းတို့ထံ ပေါက် ကြား လာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ ခြိမ်းခြောက် ငွေညှစ်ခံရမှုများရှိနေကြောင်း ကျောင်းသား မိဘတချို့ထံမှ သိရှိရသည်။

"မနေ့ညက ၁၂ နာရီလောက်ထင်တယ်။ ထောင်မကျချင်ရင်၊ အကြမ်းဖက်မှု ဥပဒေနဲ့ ပိုင်ဆိုင်မှုတွေ ချိတ် ပိတ်မခံချင်ရင် ငွေ သိန်း ၁၀၀ ပေးရမယ်။ Wave သို့မဟုတ် K-pay ကနေ လွှဲပေးရမယ်။ နို့မဟုတ်ရင် ဖုန်းနံပါတ်ကို Register လုပ်ထားတဲ့လိပ်စာကနေ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဖုန်းချပစ်လိုက်တယ်။ အဲဒီဖုန်းကတ်ကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို မှတ်ပုံ တင်ထားတဲ့ လိပ်စာကနေ ညတွင်းချင်း ရပ်ကွက်ထဲ အခြားနေရာတစ်ခုကို မိသားစုလိုက် ရွှေ့လိုက်တယ်။ ဒီနေ့တော့ အခြားမြို့နယ် ပြောင်းနေမယ်" ဟု FOEIM ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက FOEIM တွင် တက်ရောက်သည့် ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ ဖခင်အမည်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်များကို ဖော်ပြထားသော အချက်အလက်များ ပေါက်ကြားသွားသဖြင့် သတိပြုကြရန် တိုက်တွန်းထားပြီး အရေးပေါ် လုပ်ဆောင်ရန် အချက် ၄ ချက်ကို ထုတ်ပြန်သည်။

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက တိုက်တွန်းရန် လုပ် ဆောင် ထားသည့် အရေးပေါ် အချက် ၄ ချက်မှာ

၁။ Data ပေးစဥ်တွင်ဖော်ပြခဲ့သော Sim Card ဖုန်းနံပါတ်များအား အသုံးပြုမှုယာယီရပ်နားထားခြင်း၊

၂။ မိမိ၏ Device များအတွင်းရှိသော တော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း၊

၃။ မိမိ၏အိမ်နေရာဌာနတွင် သတိနှင့်နေထိုင်ခြင်း၊

၄။ မိမိ၏ ဖုန်းSim Cardများအသုံးပြု၍ဖုန်းပြောရာတွင် တော်လှန်ရာဆိုင်ရာစကားလုံးများအားထည့်သွင်း ဖော်ပြမှုမပြုခြင်း တို့ပြုလုပ်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။

အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ FOEIM၏ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ခံစေရန်၊ သတင်းပေးဒလန်အားအမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။

"ပေါက်ကြားသွားတဲ့ အချက်အလက်တွေမှာ မှတ်ပုံတင်နံပါတ်တို့ လိပ်စာတို့ တိုက်ရိုက် ပါသွားတာတော့ မရှိဘူး။ ဒါပေမယ့် ဖုန်းနံပါတ်နဲ့ ကျောင်းသားနာမည်။ ဖခင်နာမည်တွေပါနေတော့ နာမည်အရင်း မပေးထား ရင်တော့ ကောင်းတယ်။ နာမည်အရင်း ပေးထားရင် ဖုန်းကို Register လုပ်ထားတဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာကနေ လိုက်လာနိုင်တယ်။ အဲဒီတော့ အချိန်ရပါတယ်။ ချက်ချင်းကြီး သူတို့ လာမဖမ်းနိုင်ဘူး။ အဓိက လုပ်သင့်တာက အချက်အလက်ထဲမှာ ပေးထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ တယ်လီဂရမ်ကို မသုံးနဲ့တော့။ ဖြစ်နိုင်ရင်တော့ နေရာပြောင်းရွှေ့နေပါလို့ အကြံပြုချင်ပါတယ်" ဟု ရန်ကုန်မှ နည်းပညာကျွမ်းကျင်သူတစ်ဦးက အကြံပြု ပြောဆိုသည်။

Free Online Educational Institution Myanmar- FOEIM သည် ကြားကာလတွင် ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းဖြစ်ကြောင်း၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လျက်ရှိသော ကျောင်းဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန် ကြေညာထားသည်။

သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက် 21/02/2023

https://www.facebook.com/174280234709426/posts/550054237132022/?mibextid=ykz3hl

သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက် Local Newsသံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး February 21, 2023 ရန်က...

Videos (show all)

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာမှ ပြည်သူနေအိမ် ၁၃၂လုံး(၁၃၂လုံးထက်များနိုင်)အား အကြမ်းဖက်စစ်ကောင်စီတပ်...
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ များများ လှုူပေးကြပါ (C2D လုပ်ပေးကြပါဗျာ)