Shwe Win Win

Shwe Win Win

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Win Win, Wholesale & Supply Store, .

15/03/2023

မန္တလေးမှာ ကျောက်လုပ်မယ်ဆိုရင် ..လူတယောက်ကုန်ကျစရိတ်နှင့် လိုအပ်သည်များမှာ အောက်ပါအတိုင်းဖြစ်သည်...

(1)အဆောင်ငှားခ 👉 60000 (တလ)

(2)တရက်စားစရိတ်👉5000 (အသောက်မပါ)

(3)ဆိုင်ကယ် မရှိမဖြစ်လိုသည်..

(4)ကျောက်ပစ္စည်း.ဖုံး ဓာတ်မီးထည့်ဖို့ အိတ်

(5)ဓာတ်မီး 👉95000 (ကောင်းတာဝယ်ပါ)

(6)ကျောက်ကြည့်မှန်ဘီလူး (မျက်စိသိပ်မကောင်းသူ)

(7)သင်တန်းကြေး (ကိုယ်ဘာသာစုံစမ်း)😁

(8)ကျောက်သွေးခုံ 👉 180000 ဝန်းကျင်(ယိုဒယား)

(9)ကျောက်ဖြတ်ခုံ 👉5 သိန်းဝန်းကျင်

(10) ကျောက်ကွမ်စက်👉130000 ဝန်းကျင်(အမျိုမျိုးရှိ)

ကျောက်လုပ်ငန်းဖြင့် တကယ်အောင်မြင်အောင် ကြိုးစားမည့်သူအတွက် သေချာပေါက်လိုအပ်မယ့် ပစ္စည်းစာရင်းဖြစ်ပါသည်.....

အနည်းဆုံး တနှစ်စာ စရိတ်လိုပါသည်...တကယ်ကြိုးစားသူသည် တနှစ်အတွင်း ကျောက်ပညာဖြင့် ငွေရအောင်ရှာနိုင်ရပါမည်....မရှာနိုင်သူသည် 👇👇👇

ကျောက်ပညာ..ဥာဏ်...
ဝီရိယ တခုခုလို၍ဖြစ်သည်...

jadelife

04/03/2023
24/02/2023

နိုင်ငံခြားသွားပါ...

1.ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

2.မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်။

3.ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်။

4.ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်။

5.ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်။

6.မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်။

7.နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်။

8.အချိန်ကိုလေးစားတတ်လာမယ်။

9.ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။

10.ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်။

11.ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်။

12.အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်။

13.မြန်မာ့ယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်။

14.မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်။

15.သည်းခံခြင်းတရား ကြီးမားလာမယ်။

16.ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

17ပတ်ဝန်းကျင်ကို ရှုမြင်ပုံ
ကွဲပြားလာပါလိမ့်မယ်။

18.အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်။

19.အချိန်ကို စီမံခန့်ခွဲတတ်လာမယ်။

20.လုပ်အားတန်ဖိုး ချစ်မြတ်နိုးလာလိမ့်မယ်။

21.အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်။

22.ငွေကို တန်ဖိုးထားတတ်လာမယ်။

23.ကိုယ့်နိုင်ငံ နဲ့ မတူကွဲပြားနေတာကို
သင်တွေ့ကြုံ သင်ခန်းစာရလာလိမ့်မယ်။


crd

Photos from အိမ်သစ်ကလေး - New House's post 24/02/2023
20/02/2023

မိဘတွေ ပိုင်ဆိုင်တဲ့အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့သားသမီးတွေက သဘောတူကြောင်း လက်မှတ်ထိုးဖို.လိုသလား

မိဘတွေ ပိုင်ဆိုင်တဲ့အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့သားသမီးတွေက သဘောတူကြောင်း လက်မှတ်ထိုးဖို.လိုသလား
အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူကြောင်း အသိသက်သေအဖြစ် လက်မှတ်ထိုးနေကြတာ ထုံးစံလိုဖြစ်နေပါတယ် ။ ဝယ်သူ တွေကလည်း ဒီလိုမျိုးဖြစ်မှ ဝယ်ရဲသလိုဖြစ်နေတယ် ။ သားသမီးတွေ လက်မှတ်မထိုးရင် တရားမဝင် ဖြစ်မှာ မို့လို့လား ။ ရှင်းပြစေချင်ပါတယ် ။

မိမိသဘောဆန္ဒအရ ရောင်းပိုင်ခွင့်ရှိတယ် ၊ ကန့်ကွက်လို့မရဘူး။ ၁၉၈၅ ခုနှစ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံး ဒေါ်နီနဲ့ ဦးတင်လှပါ ၅ ဦး၊ ၁၉၈၅ ၊ မတစ ၆၈ မှာဆုံးဖြတ်ပါတယ်။ စီရင်ထုံးမှာ “မိခင်တစ်ဦးသည် သူပိုင်ပစ္စည်း တစ်ရပ်ရပ်ကို အတူနေ သားသမီးတစ်ဦးဦးသို့ ရောင်းချခွင့် ရှိပေသည်။ ရောင်းချသည့်အခါ ကျန်အခြား သား သမီးများကို အသိပေးရမည်ဟူ၍ ဥပဒေမရှိချေ။

မိဘများက သူတို့ပိုင်ပစ္စည်းကို ရောင်းဝယ်စာချုပ် ပြုလုပ် ရောင်းချခြင်းသည် ကတ္တိမမွေးစားခြင်း ကိစ္စမျိုးကဲ့သို့ ကျော်ဇောမှုရှိရန်မလိုပေ ၊ တိတ်တဆိတ် ရောင်းဝယ်ပြု ထားရုံမျှဖြင့် မလျော်သြဇာသုံး ရောင်းခြင်းဝယ်ခြင်းဖြစ်သည်ဟု တစ်ထစ်ချမဆိုနိုင်ပေ” ဆိုပြီးတော့ တိတိကျကျ လမ်းညွှန်ထားပါတယ်။


နောက်တစ်ချက်က အရောင်းအဝယ်လုပ်သူက ဥပမာ သားသမီးဆိုရင် သူက အရွယ် ရောက်ရမယ်၊ ပုဒ်မ ၁၁ အရ ပဋိညာဉ် ပြုရမယ် ၊ စိတ်မှန်ရမယ်၊ မရှုးရဘူး။ ဒီအချက်တွေနဲ့ ညီမှ ဝယ်ပိုင်ခွင့်ရှိပါ တယ်။ ဒါကြောင့် တည့်ဖြေရရင်တော့ ရောင်း၊ ဝယ် လုပ်လို့ရပါတယ်။

Credit : DVB Lawlab

ပြန်လည်ကူးယူဖော်ပြပါသည်။

Photos from Shwe Win Win's post 20/11/2022

#မြေထုပ်စည်းကိုင်းကူးနည်းပါ

#မြေထုပ်မစည်းခင်ကြိုတင်ပြင်စဉ်ဖို့ရာ
#အရင်ဆုံးအမြစ်ပွားဆေးပြုလုပ်ပါ

အမြစ်ပွားဆေး ပြုလုပ်သုံးစွဲနည်း
=======================
၁။ လိုအပ်သောပစ္စည်းများ -
(က) စိမ်းစားငါးပိထမင်းစားဇွန်း (၁)ဇွန်း
(ပုဇွန်ငါးပိ/ ဂွေးငါးပိတမျိုးမျိုး)။

( ခ ) M150(သို့)Vitamim B12ပါဝင်
သောShark ကျွဲရိုင်းအချိုရည်တမျိုး
မျိုးမှ (၁) ပုလင်း။

( ဂ )ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း (၁)
ဇွန်း။

၂။ ပန်ကန် တခုထဲတွင် စိမ်းစားငါးပိ M150 နှင့်
အချိုမှုန့်တို့ကိုရောစပ်ပြီးသမလိုက်ပါက အ
မြစ်ပွားဆေးကောင်းတခုရပါပြီ။

၃။ အသုံးပြုပုံမှာ ကိုင်းကူးကိုင်းဆက်သူများ
ဆေးရည်ထမင်းစားဇွန်း(၁)ဇွန်းကို ရေ(၁)လီ
တာနှုန်း စိုက်ခင်းနှင့်အပင်များလောင်းရန်အ
တွက် ဆေးရည်ထမင်းစားဇွန်း(၁)ဇွန်းကိုရေ
(၅) လီတာနှုန်းအသုံးပြုနိုင်သည်။

ကိုင်းကူး ကိုင်းဆက်သူများအတွက်ဓားချစ်ထားသော
နေရာကို စုတ်တံလေးဖြင့်သုတ်၍၄င်း ထွင်း
စိုက်မည့်နေရာကို အရည်ဖြင့်တို့၍၄င်း အသုံး
ပြုနိုင်သည် အတွေ့အကြုံနှင့်ကျွမ်းကျင်မှု
အပေါ်မူတည်၍ ပုံသေမဟုတ်ပဲလိုအပ်သလို
ဆေးအတိုးအလျှော့ကိုချိန်ဆ၍ အသုံးပြုနိုင်
ပါသည်။

၄။ အချိန်ကုန်သက်သာ၍ ငွေကြေးအကုန်
အကျသက်သာပြီး စိုက်ပျိုးရေးမှာလွန်စွာ
အကျိုးရှိသော နည်းပညာတခုဖြစ်ပါသဖြင့်
တောင်သူများအတုယူစိုက်ပျိုးသင့်ပါကြော
င်းတင်ပြပေးလိုက်ပါသည်။

Credit : Win Myint FB

#ကူးယူးနည်း
ကူးလို့သည့်ကိုင်းသည် ရောဂါကင်းစင်နေရပါမည်။
အနည်းဆုံးလက်သန်းလုံးခန့် တုတ်ပါစေ။

တွေ့ရှိပြီဆိုလျှင် အပင်ရင်းမှ လက်လေးလုံးခန့်ခွာ၍

အပေါ်အခေါက်ကိုတစ်လက်မခြားခွာပေးပါ။

ခွာထားသောနေရာမှ အကြောတွေကို ဓားနဲ့ခြစ်ထုပ်ပြစ်ပါ။

#မြေထုပ်ကပ်မယ်
မြေဆွေးကိုရှာပါ၊ ရေအနည်းငယ်ဖြင့်မွှေပါ၊ ဒုတ်၊ကျောက်ခဲ အမာပစ္စည်းများမပါစေရ၊

မြေဆွေးတွေပျော့သွားလျှင် အသင့်လုပ်ထားတဲ့ အမြစ်ပွားဆေးအနည်းငယ်ထည့်ပြီးမွှေပေးပါ။

ပြီးလျှင်အခွံခွာထားသော နေရာပေါ်သို့

မြေ‌ေဆွးကို ပလက်စတစ်အကြည်စပေါ် ထည့်ကာ

လေလုံ‌အောင်သေချာချည်နှောင်ပေးပါ။

တစ်လ လေးဆယ်ငါးရက်အတွင်း အမြစ်များထွက်လာပါမည်။

ဖြတ်ချပြီး အမြစ်ထုတ် ပလက်စတစ်ကို ခွာပြီး

ပျိုး အိတ် နဲ့ အရိပ်ရ အလင်းရ နေရာမှာ တလ ပျိုးထောင်ပါ။

တလ ကျော် အရိပ်ရ အေးမြတဲ့ နေရာ မှာ ပျိုးထောင် လို့ အမြစ် ဆွဲ ကောင်း မှ

မိမိ စိုက်ပျိုး လိုတဲ့ နေရာ ကို မြေပြင်ပြီး မြေချ စိုက်ပျိုးပါ။

ရှောက် မာလကာ ကျွဲကော သံပုရာ လိမ္မော် နှင်းသီး
စသဖြင့် အပင် အတော်များများ ခုနည်းလမ်း နဲ့ ကိုင်းကူးယူ မျိုး ပွား လို့ ရပါတယ်။

စမ်း သပ်ကြည့်ကြပါ။ ဖြစ်ထွန်း အောင်မြင်ကြပါစေ။

#အားလုံးပဲအဆင်ပြေကြပါစေ_လေးစားစွာဖြင့်

#စိုက်ပျိုးရေး_အထွေထွေ

Crd

26/09/2022

သံပရာပင် အကိုင်းကူးနည်း

ဒီနည်းက အင်္ဂလိပ်လို"Air Layering Citrus"လို့ခေါ်ပါတယ်။

အကိုင်းကူးယူတော့မည့်ဆိုလျှင် အုန်းသီးအခွံမှ ထွက်ရှိသော အမှုန့် အုန်းဆံမှုန့်ကို ကြိုတင်ပြီး ရေဝအောင် အရင်စိမ်ထားပေးပါ။

ကိုင်းကူးယူတဲ့နေရာမှာ မိမိကူးယူလိုသော အကိုင်းကို ပုံမှာပြထားသလို တစ်လက်မခန့် အကျယ်ယူ၍ သံပရာပင်၏ အခေါက်ကို ခွာထုတ်ပေးလိုက်ပါ။

ဒါဟာ အပင်အမနှင့်ကိုယ်ကူးယူမည့်အကိုင်းကို ရေကြောဖြတ်ပစ်တဲ့သဘောပါ။

အခေါက်ခွာသည့်နေရာမှာလည်း အရိုးတံ ပတ်ပတ်လည်မှာ သေချာသန့်ရှင်းစွာ ခြစ်ထုတ်ပေးရပါမယ်။

သေချာခြစ်ထုတ်မပေးပါက ရေကြောဆက်နေတတ်ပြီး အမြစ်မထွက်လာတတ်ပါ။

အဲသလိုသန့်စင်စွာခွာထုတ်ပြီးပါက ရေစိမ်ထားသော အုန်းဆံအမှုန့်ကို ရေညှစ်၍

ပလပ်စတစ်အိတ်ထဲထည့်ကာ ပုံမှာပြသထားသည့်အတိုင်း ပြင်ပရေမ၀င်နိုင်အောင် ကျစ်လစ်စွာ ချည်နှောင်ပြီး စည်းပေးထားလိုက်ပါ။

တစ်လခန့် ကြာသော် ၎င်း နေရာမှ အမြစ်လေးများ စတင်ထွက်ရှိလာပါလိမ့်။

အမြစ်များ လုံလောက်စွာ ထွက်ရှိလာပါက မိမိစိုက်ပျိုးလိုသော နေရာသို့ ဖြတ်တောက်၍

ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်...။

Credited
#✏

26/09/2022

#မြေထုပ်စည်းမျိုးပွားနည်း
ကျနော့ဆီမှ ကီလိုမာလာ/သရက်/ယိုးဒယားသံပုရာ/ဆူးပုတ်ကြီး
ဝါး/ စသည့်ပျိုးပင်များ ဝယ်ယူစိုက်ပျိုးထားသော လုပ်ငန်းရှင်များ ကိုင်းကူး၍ ပြန်လည်စိုက်ပျိုးနိုင်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

မျိုးစေ့မှ မျိုးပွားစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်မျိုးပွားခြင်းတို့ပြီးလျှင် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) သည် အသုံးများသော အပင်မျိုးပွားနည်း (Vegetative propagation) တစ်ခုဟု ဆိုနိုင်သည်။ ကိုင်းဖြတ်မျိုးပွားရန် ခက်ခဲသော အပင်များအတွက် အသုံးဝင်သော အပင်မျိုးပွားနည်းလည်းဖြစ်သည်။ အပင်မျိုးပွားခြင်းဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်အရ “Layering” ဆိုသည်မှာ အပင်တစ်၏ ကိုင်းအခက်အလက်တစ်ခုသည် မိခင်အပင်နှင့် အတူရှိနေစဉ် ၎င်းကိုင်းအခက်အလက်ပေါ်၌ အမြစ်ထွက်ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ ဥပမာ၊ ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို စတော်ဘယ်ရီပင်နှင့် ပင့်ကူဂမုန်းပင်တို့တွင် အလွယ်တကူတွေ့နိုင်ပါသည်။

မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားသာချက်များ

• ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရ လွယ်ကူခြင်းနှင့် အောင်မြင်မှုရာခိုင်နှုန်း များသောကြောင့် အသုံးပြုသူ များပြားသည်။

• အချိန်တိုအတွင်း အပင်များစွာကို မျိုးပွားရယူနိုင်၏။

• အပင်များ ကိုင်းနှိမ်ကိုင်းချိုင်ခြင်း မလုပ်မီကိုင်းအခက်အလက်များကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားယူပါက အပင်များမျိုးပွားရယူနိုင်သကဲ့သို့ အပင်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုင်းနှိမ် ကိုင်းချိုင်ပြီးသားဖြစ်သွားသည်။မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားနိုင်သော အပင်များရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်အပင်များ၊ မာလကာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန်၊ သကြားသီး၊ ဂွေးသီး စသော အသီးပင်များနှင့် နှင်းဆီ၊ ခေါင်ရမ်း၊ ရွက်လှ၊ ပုဏ္ဏရိပ်၊ ဇီဇဝါ၊ ညောင်၊ သဖန်း၊ နွယ်သာကီ၊ စက္ကူပန်း စသည့် ပန်းမန်အလှပင်များစွာကို ဤနည်းဖြင့် မျိုးပွားနိုင်ပါသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီအပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။

မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်းမြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။

မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်း

• မြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။

• ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသော ဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည် ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည် ။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။

• နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။ ၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည် ။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။ သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။

• အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။

• အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည် ။

• ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည် ။

• ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည် ။

• ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိ အရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။
credit

21/08/2022

အပင်အတွက် အုန်းသီးအသုံးပြုပုံ

အုန်းရည်သည်အပင်များအတွက် အထူးကောင်းမွန်သောအားဆေးရည်ဖြစ်ပါတယ်။

အုန်းရည်၁၀၀မီလီလီတာ(ရေသန့်တစ်လီတာ၏ဆယ်ပုံတစ်ပုံ)နှင့်ရေတစ်လီတာရော၍ဟင်းသီးဟင်းရွက်များ ပန်းပင်များ အိမ်စိုက်အပင်များ အရွက်အလှပင်များနှင့်အခြားအပင်များကိုနှစ်ပါတ်လျှင်တစ်ကြိမ်ပက်ဖြန်းပေးနိုင်ပါတယ်။
အသီးအပွင့့်အရွက်များရဲ့အရောင်အသွေးကိုတောက်ပြောင်လင်းလက်စေနိုင်ပါတယ်။

ရင့်သောအုန်းသီး၏အရည်၁၀၀ဂရမ်တွင်
နိုက်ထရိုဂျင်အမြင့်ဆုံး၆၁.၉ဂရမ်ပါဝင်ပါတယ်။
နုသောအုန်းသီး၏အရည်၁၀၀ဂရမ်တွင်၄၃.၉ဂရမ်ပါဝင်ပါတယ်။

အုန်းသီးအရင့်အသား၁၀၀ဂရမ်မှာနိုက်ထရိုဂျင် ၃၅.၉ဂရမ်
အုန်းသီးနုအသား၁၀၀ဂရမ်မှာ၂၂.၂၂ဂရမ်ပါဝင်ပါတယ်။

အုန်းသီးအသားများကိုတိရစ္ဆာန်အစာအဖြစ်ကျွေးနိုင်ပါတယ်။အဆီဓာတ်၁၀ရာခိုင်နှုန်းပါဝင်ပြီး ၎င်းအဆီဓာတ်မှာစွမ်းအင်ရရှိရန်အကောင်းဆုံးအဆီဓာတ်များတွင်တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။

အုန်းသီးအသားများကိုအမှုန့်များဖြစ်အောင်ခြစ်၍မြေသြဇာပြုလုပ်ရာမှာထည့်သွင်းအသုံးပြုခြင်းဖြင့် အကျိုးပြုမိုက်ခရုပ်စ်များပွားများစေပါတယ်။

အုန်းစိမ်းရည်ထဲမှာCytokinins စိုင်တိုကီနင်ဟော်မုန်းဓာတ်ပါဝင်ပါတယ်။

အုန်းသီးခွံမာများကိုအုန်းခွံ မီးသွေးပြုလုပ်ပြီးမြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်။
ပိုတက်စီယမ်ဓာတ်ကိုရရှိနိုင်ပါတယ်။

အုန်းဆံမျှင်များကိုသစ်ခွပင်များနှင့်ပန်းအိုးများအတွင်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ချစ်ခင်လေးစားလျက် မေသူသူအောင်
Crd:

26/07/2022

သဘာဝပေါင်းသတ်ဆေးပြုလုပ်နည်း

ပါဝင်ပစ္စည်းများ
-------
၁။ ဆား
၂။ရှာလကာရည်
၃။ပုလဲ(နိုက်တြိုဂျင်ဓာတ်မြေဩဇာ)

ပြုလုပ်ပုံ
-----
ဆား* ၆၀ကျပ်သား၊ပုလဲ* ၆၀ကျပ်သား၊ရှာလကာရည်*နို့ဆီဗူးတစ်ဗူး၊ ရေ၁၀လီတာတို့ကိုသမအောင်မွှေပေးပါ၊ပြီးလျှင်တစ်ညအိပ်ထားပါ။
အဖုံးကိုလေလုံအောင်ပိတ်ပါ၊

အသုံးပြုပုံ
------
ဆေးရည်နို့ဆီဗူးတဝက်ကိုဆပ်ပြာရည်၂ဇွန်း၊ရေလီတာ၂၀နဲ့ရောပြီးဖြန်းပေးပါ၊ဆပ်ပြာရည်ကစွဲကပ်အောင်ဖြစ်ပါတယ်။

ပေါင်းပင်ထူလျှင်ပထမအကြိမ်ဖြန်းပြီးအပင်များငြှိုးသွားချိန်နောက်တကြိမ်ပေါင်းပင်အောက်ခြေကိုထိအောင်ဖြန်းပေးပါ၊

ဆားနဲ့ရှာလကာရည်ကပေါင်းပင်တွေကိုသေစေပြီးပုလဲကတော့သေသွားတဲ့ပေါင်းပင်တွေကိုမြေဩဇာပြန်ဖြစ်အောင်ပါ။

(သတိပြုရမှာကကိုယ်စိုက်ပျိုးထားတဲ့အပင်တွေကိုမထိပါစေနဲ့၊လောင်တတ်ပါသည်။)
အကောင်းဆုံးကမြေပြင်ချိန်မှာပေါင်းထူလျှင်အသုံးပြုတာပိုကောင်းပါတယ်။

ဩဂဲနစ်တောင်သူများသိလိုတဲ့သဘာဝမြက်သတ်ဆေး၊သဘာဝပေါင်းသတ်ဆေးအကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။(မှတ်ချက်ပေါင်းပင်ထူလျှင်ဆေးပိုထည့်နိုင်ပါသည်။


မူရင်းဆရာဦးဝင်းမြင့်(IQ) ၊
ဒေါ်စန်းစန်းညီအောင်

Nyar Myae မှပြန်လယ်မျှဝေသည်။

16/07/2022

ဒီတိုင်ဘာလို့ ခုလိုဖြစ်ခဲ့ရတယ် ထင်ပါသလဲ။

ရုတ်တရက်ကြည့်ရင်တော့ concrete cover နည်းလို့
ဖြစ်ရတယ်လို့ ဖြေကောင်းဖြေနိုင်ပါလိမ့်မယ်။
တကယ်တော့ main bar (vertical bar) တွေဟာ
အပေါ်က ဝန်အားကို မခံနိုင်ဘဲ အပြင်ကို ဖောင်းကားထွက်လာပြီး ကွန်ကရစ်ကာဗာကို တွန်းထုတ်ဖြိုခွဲပစ်လိုက်တာပါ။

shear link (horizontal bar) တချို့ဟာ တိုင်ခြေမှာ ပြုတ်ကျနေတာကို မြင်နိုင်ပါတယ်။
ဒါဟာ သတ်မှတ် lapping length မရှိခဲ့လို့
အထဲက main bar ရဲ့တွန်းအားကို မခံနိုင်ဘဲ
လွင့်ထွက်ပြုတ်ကျကုန်ပါတယ်။

နောက်ဆုံးမှာတော့ ကန်ထရိုက်တာဟာ သတ်မှတ်အင်ဂျင်နီယာပုံစံဒီဇိုင်းအတိုင်း တကယ်တည်ဆောက်ရာမှာ သံချောင်းနဲ့ ကွန်ကရစ်ကို လေးစားလိုက်နာခဲ့ပါရဲ့လား စစ်ဆေးသွားဖို့လိုပါတယ်။

ခုလို သံချောင်းဈေးတွေ ခေါင်ခိုက်နေချိန်မှာ
ရပါတယ်ဆိုပြီး အဆောက်အအုံကော်လံတိုင်တွေကို တမတ်၊ သုံးမူးလုံးလေးတွေနဲ့ဆောက်နေကြတဲ့ ကန်ထရိုက်တိုက်တွေအကြောင်း မျက်စိထဲ အလိုလိုမြင်ယောင်လာမိပါတယ်။

photo credit
FZ
စာ crd

Photos from Shwe Win Win's post 12/07/2022

🙏ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ🙏

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအျဖစ္ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
-----------------------------

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရေသ့
ဆရာကိုမြင်၏ ထိုရေသ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရေသ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရေသ့မ်ားထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရွိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူမ်ား
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားမ်ား
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု 🙏🙏🙏

ဆရာ အက်ကဦး
Lashio...
ပုံ/စာ @ crd

10/06/2022

၁၂ လမိုး
*******
မုံရွေးဆရာတော်ရေးတာလို့ တင်တာတွေ့ပါတယ်။ ကျေးဇူး။ သတ်ပုံတွေလည်း မှန်တယ်။

၁။ တန်ခူးမည်မှတ်၊ ဖက်ဆွတ် ရေတိုး၊ သင်္ကြန်မိုး။
၂။ ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့။
၃။ နယုန်မိုးသေး၊ မြက်သားမွေး။
၄။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးဧဧ။
၅။ ဝါခေါင် တကြောင်း၊ ထနောင်း ကျောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။
၆။ တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ၊ မိုးမစဲ။
၇။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။
၈။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်။
၉။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။
၁၀။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။
၁၁။ တပို့တွဲ၊ နွဲ၍ရွာခြင်း၊ သံမိုးကြွင်း။
၁၂။ တပေါင်းလည်းကူး၊ မိုးသားကြူး။
မိုးရွာသည်ကို သိနှင့်သည်ကား
စောင်းဆရာနှင့်၊ ယားနာပွေးကွက်
ပါဒရက်က၊ ပရွက် ပလူ
အနူပြဒါး၊ ပေါင်းရှစ်ပါး။ (တောင်သူလူဟောင်းတို့အမှတ်)
လေမိုးသီးနှံ ကောင်းမကောင်းအမှတ်
၁။ ရှားပင်ကို သင်္ကြန်ကျသည့်နေ့ တထစ်စီ ထစ်၍ထား၊ ပဌမ မှတ်သည့်အရာ အရည်ထွက် အစီးများလျှင် မိုးဦးကောင်းမည်။ အရည်နည်းလျှင် မိုးနည်းမည်။ အရည်မရှိလျှင် မိုးမကောင်း ဟူ၍ သုံးထစ်ကိုကြည့်၍ မိုးဦး မိုးလယ် မိုးနှောင်း မှတ်ရမည်။
၂။ ဖျံချေးအလုံးသည် တတန်းတည်းတွင် အရည် တစက်စက် ရှိလျှင် မိုးကောင်းမည်။ အရည်မရှိလျှင် မိုးမကောင်း မှတ်ရမည်။
၃။ သင်္ကြန်ကျသည့်နေ့ အိမ်ကြက် အလျင်တွန်လျှင် မိုးဦးကောင်းမည်။ တောကြက် အလျင်တွန်လျှင် မိုးလျင်မိုးနှောင်း ကောင်းမည်။ အိမ်ကြက်၊ တောကြက် ပြိုင်တွန်လျှင် မိုးလယ်ကောင်းမည်။
၄။ မိုးဦးလခွဲကို သင်္ကြန်တက်ပြီးနောက် ရွာသည့် မိုးရည်ကို လျှာနှင့်တို့စမ်း၊ ခါးလျှင် ပိုးမွှားကျ၍ ပျက်မည်။ ချိုလျှင် အသီးအနှံ ဖွံ့မည်။
၅။ ပေါက်သီးသုံးစေ့အနက် လက်ရင်းစေ့ မာရင့် အောင်လျှင် မိုးဦးကောင်းမည်။ မကောင်းလျှင် မိုးဦးညံ့မည်။ ၎င်းနည်း သုံးစေ့ကို ယူရမည်။
၆။ ဗိလားကောင် သစ်ပင်ထက်မှာ ဥရာတိုင် ရေရောက်မည်။ မြင့်လျှင် မိုးကောင်းမည်။ နိမ့်လျှင် မိုးနည်းမည်။
၇။ ပုစွန် ကုန်းမြင့် တွင်းလုပ်လျှင် ရေကြီးမည်။ နိမ့်လျှင် ရေနည်းမည်။
၈။ ကျီးသိုက်မြင့်လျှင် လေနည်းမည်။ ကျီးသိုက်နိမ့်လျှင် လေထန်မည်။
၉။ ဗိလုံးငှက် ကျင်းမှာဥလျှင် မိုးကောင်းမည်။ ကုန်းမှာဥလျှင် မိုးမကောင်း။
၁၀။ ၎င်းအသိုက် မျက်နှာအပေါက်ပြုသည့် အရပ်က မိုးမလာ။ မပြုသည့်အရပ်က မိုးလာမည်။
၁၁။ လယ်ကျင်းကုန်းကျင်းမှာ ကင်းအိမ်ခေါကျင်လျှင် မိုးကုန်ပြီ ယူရမည်။
၁၂။ တော်သလင်း၊ သီတင်းကျွတ်လတွင် ဆိုသည်။ ခေါကျင် ဆိုသည်လည်း အိမ်ဘွဲ့သည် ဆိုသည်။
၁၃။ ငှက်အသိုက်မြင့်လျှင် မိုးကောင်းမည်။ ငှက်အသိုက် နိမ့်လျှင် လေထန်မည်။
၁၄။ ပုစွန်တွင်းဝ ကျင်းသို့ပြုလျှင် လေထန်မည်။ တွင်းဝ တောင်သို့ပြုလျှင် မိုးကောင်းမည်။

တစ်ကြောင်း မဟုတ်။ တစ်ပြိုက် မဟုတ်။ တစ်လိုက်မဟုတ်။ တစ်တန်းတည်း မဟုတ်။ တစ်စက်စက် မဟုတ်။ တစ်ပေါင်း မရောက်မီ မိုးရော သတ်ပုံပါ မှန်လာပါစေသတည်း။

မုံရွေးဆိုတာ မုံရွာမြို့တောင်ဘက်မှာရှိတယ်။

ဒေါက်တာတင့်ဆွေ
၉-၆-၂၀၁၉
Credi:-

#မြန်မာတောင်ပိုင်းမိုးလေဝသSMW

31/05/2022

👏သိသူဖော်စား မသိသူကျော်သွားတဲ့ 👏
သိထားတော့ လဲ လိုအပ်တဲ့အခါ အဆင်ပြေတာ ပေါ့.

ကညန-က အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ်

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ အတွင်းရှိ
မြို့နယ်အလိုက် 𝑅𝑒𝑔𝑖𝑜𝑛 𝐶𝑜𝑑𝑒 & 𝑁𝑢𝑚𝑏𝑒𝑟 စာရင်း (အဆိုပြု)
ကချင်ပြည်နယ်
(က) ပူတာအို
(၁) ခေါင်လန်ဖူး 𝐾𝐶𝑁-1
(၂) ဆွမ်ပရာဘွမ် 𝐾𝐶𝑁-2
(၃) နောင်မွန်း 𝐾𝐶𝑁-3
(၄) ပူတာအို 𝐾𝐶𝑁-4
(၅) မချမ်းဘော 𝐾𝐶𝑁-5
(ခ) ဗန်းမော်
(၆) ဗန်းမော် 𝐾𝐶𝑁-6
(၇) မံစီ ၊ 𝐾𝐶𝑁-7
(၈) မိုးမောက် 𝐾𝐶𝑁-8
(၉) ရွှေကူ 𝐾𝐶𝑁-9
(ဂ) မိုးညှင်း
(၁၀) ဖားကန့် 𝐾𝐶𝑁-10
(၁၁) မိုးကောင်း 𝐾𝐶𝑁-11
(၁၂) မိုးညှင်း 𝐾𝐶𝑁-12
(ဃ) မြစ်ကြီးနား
(၁၃) ချီဖွေ 𝐾𝐶𝑁-13
(၁၄) ဆော့လော် 𝐾𝐶𝑁-14
(၁၅) တနိုင်း 𝐾𝐶𝑁-15
(၁၆) မြစ်ကြီးနား 𝐾𝐶𝑁-16
(၁၇) ဝိုင်းမော် - 𝐾𝐶𝑁-17
(၁၈) အင်ဂျန်းယန် 𝐾𝐶𝑁-18
ကယားပြည်နယ်
(က) ဘောလခဲ
(၁) ဖားဆောင်း 𝐾𝑌𝐻-1
(၂) ဘောလခဲ့ 𝐾𝑌𝐻-2
(၃) မယ်စဲ 𝐾𝑌𝐻-3
(ခ) လွိုင်ကော်
(၄) ဒီးမော့ဆို 𝐾𝑌𝐻-4
(၅) ဖရူဆို 𝐾𝑌𝐻-5
(၆) ရှားတော 𝐾𝑌𝐻-6
(၇) လွိုင်ကော် 𝐾𝑌𝐻-7
ကရင်ပြည်နယ်
(က) ကော့ကရိတ်
(၁) ကော့ကရိတ် 𝐾𝑌𝑁-1
(၂) ကြာအင်းဆိပ်ကြီး 𝐾𝑌𝑁-2
(ခ) ဖာပွန်
(၃) ဖာပွန် 𝐾𝑌𝑁-3
(ဂ) ဘားအံ
(၄) ဘားအံ 𝐾𝑌𝑁-4
(၅) လှိုင်းဘွဲ့ 𝐾𝑌𝑁-5
(၆) သံတောင်ကြီး 𝐾𝑌𝑁-6
(ဃ) မြဝတီ
(၇) မြဝတီ 𝐾𝑌𝑁-7
ချင်းပြည်နယ်
(က) ဖလမ်း
(၁) တီးတိန် 𝐶𝐻𝑁-1
(၂) တွန်းဇန် 𝐶𝐻𝑁-2
(၃) ဖလမ်း 𝐶𝐻𝑁-3
(ခ) မင်းတပ်
(၄) ကန်ပက်လက် 𝐶𝐻𝑁-4
(၅) ပလက်ဝ 𝐶𝐻𝑁-5
(၆) မတူပီ 𝐶𝐻𝑁-6
(၇) မင်းတပ် 𝐶𝐻𝑁-7
(ဂ) ဟားခါး
(၈) ထန်တလန် 𝐶𝐻𝑁-8
(၉) ဟားခါး 𝐶𝐻𝑁-9
စစ်ကိုင်းတိုင်းဒေသကြီး
(က) ကလေး
(၁) ကလေး 𝑆𝐺𝐺-1
(၂) ကလေးဝ 𝑆𝐺𝐺-2
(၃) မင်းကင်း 𝑆𝐺𝐺-3
(ခ) ကသာ
(၄) ကသာ 𝑆𝐺𝐺-4
(၅) ကောလင်း 𝑆𝐺𝐺-5
(၆) ထီးချိုင့် 𝑆𝐺𝐺-6
(၇) ပင်လည်ဘူး 𝑆𝐺𝐺-7
(၈) ဗန်းမောက် 𝑆𝐺𝐺-8
(၉) ဝန်းသို 𝑆𝐺𝐺-9
(၁၀) အင်းတော် 𝑆𝐺𝐺-10
(ဂ) ကန႔ၻလူ
(၁၁) ကန့္ဘလူ 𝑆𝐺𝐺-11
(၁၂) ကျွန်းလှ 𝑆𝐺𝐺-12
(၁၃) တန့်ဆည် 𝑆𝐺𝐺-13
(၁၄) ရေဦး 𝑆𝐺𝐺-14
(ဃ) ခႏၲီး
(၁၅) ခန်တီး 𝑆𝐺𝐺-15
(၁၆) နန်းယွန်း 𝑆𝐺𝐺-16
(၁၇) လဟယ် 𝑆𝐺𝐺-17
(၁၈) လေရှီး .𝑆𝐺𝐺-18
(၁၉) ဟုမ္မလင်း 𝑆𝐺𝐺-19
(င) စစ်ကိုင်း
(၂၀) စစ်ကိုင်း 𝑆𝐺𝐺-20
(၂၁) မြင်းမူ 𝑆𝐺𝐺-21
(၂၂) မြောင် 𝑆𝐺𝐺-22
(စ) တမူး
(၂၃) တမူး 𝑆𝐺𝐺-23
(ဆ) မော်လိုက်
(၂၄) ဖောင်းပြင် 𝑆𝐺𝐺-24
(၂၅) မော်လိုက် 𝑆𝐺𝐺-25
(ဇ) မုံရွာ
(၂၆) ချောင်းဦး 𝑆𝐺𝐺-26
(၂၇) ဘုတလင် 𝑆𝐺𝐺-27
(၂၈) မုံရွာ 𝑆𝐺𝐺-28
(၂၉) အရာတော် 𝑆𝐺𝐺-29
(ဈ) ယင်းမာပင်
(၃၀) ကနီ 𝑆𝐺𝐺-30
(၃၁) ဆားလင်းကြီး 𝑆𝐺𝐺-31
(၃၂) ပုလဲ 𝑆𝐺𝐺-32
(၃၃) ယင်းမာပင် 𝑆𝐺𝐺-33
(ည) ရွှေဘို
(၃၄) ခင်ဦး 𝑆𝐺𝐺-34
(၃၅) ဒီပဲယင်း 𝑆𝐺𝐺-35
(၃၆) ရွှေဘို 𝑆𝐺𝐺-36
(၃၇) ဝက်လက် 𝑆𝐺𝐺-37
တနင်္သာရီတိုင်းဒေသကြီး
(က) ကော့သောင်း
(၁) ကော့သောင်း 𝑇𝑁𝐼-1
(၂) ဘုတ်ပြင်း 𝑇𝑁𝐼-2
(ခ) ထားဝယ်
(၃) ထားဝယ် 𝑇𝑁𝐼-3
(၄) ရေဖြူ 𝑇𝑁𝐼-4
(၅) လောင်းလုံး 𝑇𝑁𝐼-5
(၆) သရက်ချောင်း 𝑇𝑁𝐼-6
(ဂ) မြိတ်
(၇) ကျွန်းစု 𝑇𝑁𝐼-7
(၈) တနင်္သာရီ 𝑇𝑁𝐼-8
(၉) ပုလော 𝑇𝑁𝐼-9
(၁၀) မြိတ် 𝑇𝑁𝐼-10
ပဲခူးတိုင်းဒေသကြီး
(က) တောင်ငူ
(၁) ကျောက်ကြီး 𝐵𝐺0-1
(၂) တောင်ငူ 𝐵𝐺𝑂-2
(၃) ထန်းတပင် 𝐵𝐺𝑂-3
(၄) ဖြူး 𝐵𝐺0-4
(၅) ရေတာရှည် 𝐵𝐺𝑂-5
(၆) အုတ်တွင်း 𝐵𝐺𝑂-6
(ခ) ပဲခူး
(၇) ကဝ 𝐵𝐺𝑂-7
(၈) ကျောက်တံခါး 𝐵𝐺𝑂-8
(၉) ညောင်လေးပင် 𝐵𝐺𝑂-9
(၁၀) ဒိုက်ဦး 𝐵𝐺𝑂-10
(၁၁) ပဲခူး 𝐵𝐺𝑂-11
(၁၂) ရွှေကျင် 𝐵𝐺𝑂-12
(၁၃) ဝေါ 𝐵𝐺0-13
(၁၄) သနပ်ပင် 𝐵𝐺0-14
(ဂ) ပြည်
(၁၅) ပေါက်ခေါင်း 𝐵𝐺0-15
(၁၆) ပေါင်းတည် 𝐵𝐺𝑂-16
(၁၇) ပန်းတောင်း 𝐵𝐺𝑂-17
(၁၈) ပြည် 𝐵𝐺𝑂-18
(၁၉) ရွှေတောင် 𝐵𝐺𝑂-19
(၂၀) သဲကုန်း 𝐵𝐺𝑂-20
(ဃ) သာယာဝတီ
(၂၁) ကြို့ပင်ကောက် 𝐵𝐺0-21
(၂၂) ဇီးကုန်း 𝐵𝐺𝑂-22
(၂၃) နတ်တလင်း 𝐵𝐺𝑂-23
(၂၄) မိုးညို 𝐵𝐺𝑂-24
(၂၅) မင်းလှ 𝐵𝐺𝑂-25
(၂၆) လက်ပံတန်း 𝐵𝐺𝑂-26
(၂၇) သာယာဝတီ 𝐵𝐺𝑂-27
(၂၈) အုတ်ဖို 𝐵𝐺𝑂-28
မကွေးတိုင်းဒေသကြီး
(က) ဂန့်ဂေါ
(၁) ဂန့်ဂေါ 𝑀𝐺𝑌-1
(၂) ဆော 𝑀𝐺𝑌-2
(၃) ထီးလင်း 𝑀𝐺𝑌-3
(ခ) ပခုက္ကူ
(၄) ဆိပ်ဖြူ 𝑀𝐺𝑌-4
(၅) ပခုက္ကူ 𝑀𝐺𝑌-5
(၆) ပေါက် 𝑀𝐺𝑌-6
(၇) မြိုင် 𝑀𝐺𝑌-7
(၈) ရေစကြို 𝑀𝐺𝑌-8
(ဂ) မကွေး
(၉) ချောက် 𝑀𝐺𝑌-9
(၁၀) တောင်တွင်းကြီး 𝑀𝐺𝑌-10
(၁၁) နတ်မောက် 𝑀𝐺𝑌-11
(၁၂) မကွေး 𝑀𝐺𝑌-12
(၁၃) မြို့သစ် 𝑀𝐺𝑌-13
(၁၄) ရေနံချောင်း 𝑀𝐺𝑌-14
(ဃ) မင်းဘူး
(၁၅) ငဖဲ 𝑀𝐺𝑌=15
(၁၆) စလင်း 𝑀𝐺𝑌-15
(၁၇) စတေုတ်ထရာ 𝑀𝐺𝑌-17
(၁၈) ပွင့်ဖြူ 𝑀𝐺𝑌-18
(၁၉) မင်းဘူး 𝑀𝐺𝑌-19
(င) သရက်
(၂ဝ) ကံမ 𝑀𝐺𝑌-20
(၂၁) ဆင်ပေါင်ဝဲ 𝑀𝐺𝑌-21
(၂၂) မင်းတုန်း 𝑀𝐺𝑌-22
(၂၃) မင်းလှ 𝑀𝐺𝑌-23
(၂၄) သရက် 𝑀𝐺𝑌-24
(၂၅) အောင်လံ 𝑀𝐺𝑌-25
မန္တလေးတိုင်းဒေသကြီး
(က) ကျောက်ဆည်
(၁) ကျောက်ဆည် 𝑀𝐷𝑌-1
(၂) စဉ့်ကိုင် 𝑀𝐷𝑌-2
(၃) တံတားဦး 𝑀𝐷𝑌-3
(၄) မြစ်သား 𝑀𝐷𝑌-4
(ခ) ညောင်ဦး
(၅) ကျောက်ပန်းတောင်း 𝑀𝐷𝑌-5
(၆) ညောင်ဦး 𝑀𝐷𝑌-6
(ဂ) ပြင်ဦးလွင်
(၇) စဉ့်ကူး 𝑀𝐷𝑌-7
(၈) ပြင်ဦးလွင် 𝑀𝐷𝑌-8
(၉) မိုးကုတ် 𝑀𝐷𝑌-9
(၁၀) မတ်တရာ 𝑀𝐷𝑌-10
(၁၁) သပိတ်ကျင်း 𝑀𝐷𝑌-11
(ဃ) မန္တလေး
(၁၂) ချမ်းမြသာစည် 𝑀𝐷𝑌-12
(၁၃) ချမ်းအေးသာဇံ 𝑀𝐷𝑌-13
(၁၄) ပြည်ကြီးတံခွန် 𝑀𝐷𝑌-14
(၁၅) မဟာအောင်မြေ 𝑀𝐷𝑌-15
(၁၆) အောင်မြေသာဇံ 𝑀𝐷𝑌-16
(၁၇) ပုသိမ်ကြီး 𝑀𝐷𝑌-17
(၁၈) အမရပူရ 𝑀𝐷𝑌-18
(င) မိတ်ထီလာ
(၁၉) မလှိုင် 𝑀𝐷𝑌-19
(၂၀) မိတ်ထီလာ 𝑀𝐷𝑌-20
(၂၁) ဝမ်းတွင်း 𝑀𝐷𝑌-21
(၂၂) သာစည် 𝑀𝐷𝑌-22
(စ) မြင်းခြံ
(၂၃) ငါန်းဇွန် 𝑀𝐷𝑌-23
(၂၄) တောင်သာ 𝑀𝐷𝑌-24
(၂၅) နွားထိုးကြီး 𝑀𝐷𝑌-25
(၂၆) မြင်းခြံ 𝑀𝐷𝑌-26
(ဆ) ရမည်းသင်း
(၂၇) ပျော်ဘွယ် 𝑀𝐷𝑌-27
(၂၈) ရမည်းသင်း 𝑀𝐷𝑌-28
မွန်ပြည်နယ်
(က) မော်လမြိုင်
(၁) ကျိုက်မရော 𝑀𝑂𝑁-1
(၂) ချောင်းဆုံ 𝑀𝑂𝑁-2
(၃) မုဒုံ 𝑀𝑂𝑁-3
(၄) မော်လမြိုင် 𝑀𝑂𝑁-4
(၅) ရေး 𝑀𝑂𝑁-5
(၆) သံဖြူဇရပ် 𝑀𝑂𝑁-6
(ခ) သထုံ
(၇) ကျိုက်ထို 𝑀𝑂𝑁-7
(၈) ပေါင် 𝑀𝑂𝑁-8
(၉) ဘီးလင်း 𝑀𝑂𝑁-9
(၁၀) သထုံ 𝑀𝑂𝑁-10
ရခိုင်ပြည်နယ်
(က) ကျောက်ဖြူ
(၁) ကျောက်ဖြူ 𝑅𝐾𝐸-1
(၂) မာန်အောင် 𝑅𝐾𝐸-2
(၃) ရမ်းဗြဲ 𝑅𝐾𝐸-3
(၄) အမ်း 𝑅𝐾𝐸-4
(ခ) စစ်တွေ
(၅) စစ်တွေ 𝑅𝐾𝐸-5
(၆) ပေါက်တော 𝑅𝐾𝐸-6
(၇) ပုဏ္ဏားကျွန်း 𝑅𝐾𝐸-7
(၈) ရသေ့တောင် 𝑅𝐾𝐸-8
(ဂ) မောင်တော
(၉) ဘူးသီးတောင် 𝑅𝐾𝐸-9
(၁၀) မောင်တော 𝑅𝐾𝐸-10
(ဃ) မြောက်ဦး
(၁၁) ကျောက်တော် 𝑅𝐾𝐸-11
(၁၂) မင်းပြား 𝑅𝐾𝐸-12
(၁၃) မြေပုံ 𝑅𝐾𝐸-13
(၁၄) မြောက်ဦး 𝑅𝐾𝐸-14
(င) သံတွဲ
(၁၅) ဂွ 𝑅𝐾𝐸-15
(၁၆) တောင်ကုတ် 𝑅𝐾𝐸-16
(၁၇) သံတွဲ 𝑅𝐾𝐸-17
ရန်ကုန်တိုင်းဒေသကြီး
(က) ရန်ကုန်(မြောက်ပိုင်း)
(၁) တိုက်ကြီး 𝑌𝐺𝑁-1
(၂) ထန်းတပင် 𝑌𝐺𝑁-2
(၃) မင်္ဂလာဒုံ 𝑌𝐺𝑁-3
(၄) မှော်ဘီ 𝑌𝐺𝑁-4
(၅) ရွှေပြည်သာ 𝑌𝐺𝑁-5
(၆) လှိုင်သာယာ 𝑌𝐺𝑁-6
(၇) လှည်းကူး 𝑌𝐺𝑁-7
(၈) အင်းစိန် 𝑌𝐺𝑁-8
(ခ) ရန်ကုန် (အရှေ့ပိုင်း)
(၉) တာမွေ 𝑌𝐺𝑁-9
(၁၀) တောင်ဥက္ကလာပ 𝑌𝐺𝑁-10
(၁၁) ဒဂုံမြို့သစ်(ဆိပ်ကမ်း) 𝑌𝐺𝑁-11
(၁၂) ဒဂုံမြို့သစ်(တောင်ပိုင်း) 𝑌𝐺𝑁-12
(၁၃) ဒဂုံမြို့သစ်(မြောက်ပိုင်း) 𝑌𝐺𝑁-13
(၁၄) ဒဂုံမြို့သစ်(အရှေ့ပိုင်း) 𝑌𝐺𝑁-14
(၁၅) ဒေါပုံ 𝑌𝐺𝑁-15
(၁၆) ပုဇွန်တောင် 𝑌𝐺𝑁-16
(၁၇) ဗိုလ်တထောင် 𝑌𝐺𝑁-17
(၁၈) မင်္ဂလာတောင်ညွှန့် 𝑌𝐺𝑁-18
(၁၉) မြောက်ဥက္ကလာပ 𝑌𝐺𝑁-19
(၂၀) ရန်ကင်း 𝑌𝐺𝑁-20
(၂၁) သာကေတ 𝑌𝐺𝑁-21
(၂၂) သင်္ဃန်းကျွန်း 𝑌𝐺𝑁-22
(ဂ) ရန်ကုန် (တောင်ပိုင်း)
(၂၃) ကိုကိုးကျွန်း 𝑌𝐺𝑁-23
(၂၄) ကော့မှူး 𝑌𝐺𝑁-24
(၂၅) ကျောက်တန်း 𝑌𝐺𝑁-25
(၂၆) ကွမ်းခြံကုန်း 𝑌𝐺𝑁-26
(၂၇) ခရမ်း 𝑌𝐺𝑁-27
(၂၈) ဆိပ်ကြီး/ ခနောင်တို 𝑌𝐺𝑁-28
(၂၉) တွံတေး 𝑌𝐺𝑁-29
(၃၀) ဒလ 𝑌𝐺𝑁-30
(၃၁) သန်လျင် 𝑌𝐺𝑁-31
(၃၂) သုံးခြ 𝑌𝐺𝑁-32
(ဃ) ရန်ကုန်(အနောက်ပိုင်း)
(၃၃) ကမာရွတ် 𝑌𝐺𝑁-33
(၃၄) ကျောက်တံတား 𝑌𝐺𝑁-34
(၃၅) ကြည့်မြင်တိုင် 𝑌𝐺𝑁-35
(၃၆) စမ်းချောင်း 𝑌𝐺𝑁-36
(၃၇) ဆိပ်ကမ်း 𝑌𝐺𝑁-37
(၃၈) ဒဂုံ 𝑌𝐺𝑁-38
(၃၉) ပန်းဘဲတန်း 𝑌𝐺𝑁-39
(၄၀) ဗဟန်း 𝑌𝐺𝑁-40
(၄၁) မရမ်းကုန်း 𝑌𝐺𝑁-41
(၄၂) လသာ 𝑌𝐺𝑁-42
(၄၃) လမ်းမတော် 𝑌𝐺𝑁-43
(၄၄) လှိုင် 𝑌𝐺𝑁-44
(၄၅) အလုံ 𝑌𝐺𝑁-45
ရှမ်းပြည်နယ်
(က) ကျောက်မဲ
(၁) ကျောက်မဲ 𝑆𝐻𝑁-1
(၂) နမ္မတူ 𝑆𝐻𝑁-2
(၃) နမ့်ဆန် 𝑆𝐻𝑁-3
(၄) ခင်ချို 𝑆𝐻𝑁-4
(၅) မန်တုံ 𝑆𝐻𝑁-5
(၆) သီပေါ 𝑆𝐻𝑁-6
(ခ) ကျိုင်းတုံ
(၇) ကျိုင်းတုံ 𝑆𝐻𝑁-7
(၈) မိုင်းခတ် 𝑆𝐻𝑁-8
(၉) မိုင်းယန်း 𝑆𝐻𝑁-9
(၁၀) မိုင်းလား 𝑆𝐻𝑁-10
(၁၁) မိုင်းပျဉ်း 𝑆𝐻𝑁-11
(ဂ) တာချီလိတ်
(၁၂) တာချီလိတ် 𝑆𝐻𝑁-12
(၁၃) မိုင်းဖြတ် 𝑆𝐻𝑁-13
(၁၄) မိုင်းယောင်း 𝑆𝐻𝑁-14
(ဃ) တောင်ကြီး
(၁၅) ကေလာ 𝑆𝐻𝑁-15
(၁၆) ဆီဆိုင် 𝑆𝐻𝑁-16
(၁၇) ညောင်ရွှေ 𝑆𝐻𝑁-17
(၁၈) တောင်ကြီး 𝑆𝐻𝑁-18
(၁၉) ပင်းတယ 𝑆𝐻𝑁-19
(၂၀) ပင်လောင်း 𝑆𝐻𝑁-20
(၂၁) ဖယ်ခုံ 𝑆𝐻𝑁-21
(၂၂) ရွာငံ 𝑆𝐻𝑁-22
(၂၃) ရပ်စောက် 𝑆𝐻𝑁-23
(၂၄) ဟိုပုံး 𝑆𝐻𝑁-24
(င) မူဆယ်
(၂၅) ကွတ်ခိုင် 𝑆𝐻𝑁-25
(၂၆) နမ့်ခမ်း 𝑆𝐻𝑁-26
(၂၇) မူဆယ် 𝑆𝐻𝑁-27
(စ) မိုးမိတ်
(၂၈) မဘိမ်း 𝑆𝐻𝑁-28
(၂၉) မိုးမိတ် 𝑆𝐻𝑁-29
(ဆ) မက်မန်း
(၃၀) နားဖန်း 𝑆𝐻𝑁-30
(၃၁) ပန်ဆန်း(ပန်ခမ်း) 𝑆𝐻𝑁-31
(၃၂) မက်မန်း 𝑆𝐻𝑁-32
(ဇ) မိုင်းဆတ်
(၃၃) မိုင်းဆတ် 𝑆𝐻𝑁-33
(၃၄) မိုင်းတုံ 𝑆𝐻𝑁-34
(ဈ) လားရှိုး
(၃၅) ကြမ္လုံ 𝑆𝐻𝑁-35
(၃၆) တန့်ယန်း 𝑆𝐻𝑁-36
(၃၇) မိုင်းရယ် 𝑆𝐻𝑁-37
(၃၈) လားရှိုး 𝑆𝐻𝑁-38
(၃၉) သိန်နီ 𝑆𝐻𝑁-39
(ည) လင်းခေး
(၄၀) မိုးနဲ့ 𝑆𝐻𝑁-40
(၄၁) မိုင်းပန် 𝑆𝐻𝑁-41
(၄၂) မောက်မယ်𝑆𝐻𝑁-42
(၄၃) လင်းခေး 𝑆𝐻𝑁-43
(ဋ) လောက်ကိုင်
(၄၄) ကုန်းကြမ်း 𝑆𝐻𝑁-44
(၄၅) လောက်ကိုင် 𝑆𝐻𝑁-45
(ဎ) လွိုင်လင်
(၄၆) ကျေးသီး 𝑆𝐻𝑁-46
(၄၇) ကွန်ဟိန်း 𝑆𝐻𝑁-47
(၄၈) နမ့်စန် 𝑆𝐻𝑁-48
(၄၉) မိုင်းကိုင် 𝑆𝐻𝑁-49
(၅၀) မိုင်းရှူး 𝑆𝐻𝑁-50
(၅၁) လဲချား 𝑆𝐻𝑁-51
(၅၂) လွိုင်လင် 𝑆𝐻𝑁-52
(ဍ) ဟိုပန်
(၅၃) ပန်ဝိုင် 𝑆𝐻𝑁-53
(၅၄) မိုင်းမော 𝑆𝐻𝑁-54
(၅၅) ဟိုပန် 𝑆𝐻𝑁-55
ဧရာဝတီတိုင်းဒေသကြီး
(က) ပုသိမ်
(၁) ကန်ကြီးထောင့် 𝐴𝑌𝑌-1
(၂) ကျောင်းကုန်း 𝐴𝑌𝑌-2
(၃) ကျုံပျော် 𝐴𝑌𝑌-3
(၄) ငပုတော 𝐴𝑌𝑌-4
(၅) ပုသိမ် 𝐴𝑌𝑌-5
(၆) ရေကြည် 𝐴𝑌𝑌-6
(၇) သာပေါင်း 𝐴𝑌𝑌-7
(ခ) ဖျာပုံ
(၈) ကျိုက်လတ် 𝐴𝑌𝑌-8
(၉) ဒေးဒရဲ 𝐴𝑌𝑌-9
(၁၀) ဖျာပုံ 𝐴𝑌𝑌-10
(၁၁) ဘိုကလေး 𝐴𝑌𝑌-11
(ဂ) မအူပင်
(၁၂) ညောင်တုန်း 𝐴𝑌𝑌-12
(၁၃) ဓနုဖြူ 𝐴𝑌𝑌-13
(၁၄) ပန်းတနော် 𝐴𝑌𝑌-14
(၁၅) မအူပင် 𝐴𝑌𝑌-15
(ဃ) မြောင်းမြ
(၁၆) မြောင်းမြ 𝐴𝑌𝑌-16
(၁၇) ဝါးခယ်မ 𝐴𝑌𝑌-17
(၁၈) အိမ်မဲ 𝐴𝑌𝑌-18
(င) လပ်ပတ်တာ
(၁၉) မော်လမြိုင်ကျွန်း 𝐴𝑌𝑌-19
(၂၀) လပ်ပတ်တာ 𝐴𝑌𝑌-20
(စ) ဟင်္သာတ
(၂၁) ကြံခင်း 𝐴𝑌𝑌-21
(၂၂) ဇလွန် 𝐴𝑌𝑌-22
(၂၃) မြန်အောင် 𝐴𝑌𝑌32
(၂၄) လေးမျက်နှာ 𝐴𝑌𝑌-24
(၂၅) ဟင်္သာတ 𝐴𝑌𝑌-25
(၂၆) အင်္ဂပူ 𝐴𝑌𝑌-26
နေပြည်တော်
(က) ဒက္ခိဏ (တောင်ပိုင်း)
(၁) ဇမ်ဗူသီရိ 𝑁𝑃𝑊-1
(၂) ဒက်ခိဏသီရိ 𝑁𝑃𝑊-2
(၃) ပျဉ်းမနား 𝑁𝑃𝑊-3
(၄) လယ်ဝေး 𝑁𝑃𝑊-4
(ခ) ဥတ္တရ (မြောက်ပိုင်း)
(၅) ဇေယျာသီရိ 𝑁𝑃𝑊-5
(၆) တပ်ကုန်း 𝑁𝑃𝑊-6
(၇) ပုဗ္ဗသီရိ 𝑁𝑃𝑊-7
(၈) ဥတ်တရသီရိ 𝑁𝑃𝑊-8




𝐶𝑟𝑒𝑑𝑖𝑡 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑈𝑝𝑙𝑜𝑎𝑑𝑒𝑟

Photos from Shwe Win Win's post 28/05/2022

ရပ်ဝေးရပ်နီး အသီးသီးမှ ၇ ရက် သားသမီးများအားလုံး ဖိတ်ကြားအပ်ပါသည်။

25/05/2022

"နားလည်ပေးပါ "

Internet ဖွင့်လိုက်တာနဲ့
Face book မီးစိမ်းသွားတယ်။

တစ်ချို့ကမီးစိမ်းသွားတာနဲ့
Face book ပဲကြည်နေတာထင်ကြတယ်...။
Chat နေတယ်ထင်ကြတယ်..။

တစ်ချို့လူတွေက lnternetဖွင့်ပြီး
လိုအပ်တဲ့စာပေတွေရှာဖွေတယ် download ဆွဲတယ်..။
တစ်ချို့ video ဝင်ကြည့်တယ်...။

တစ်ချိုက ကိုယ်ကြိုက်ရာ pageဝင်ကြည့်တယ်...။
တစ်ချိုကဂိမ်းဆော့တယ်...။
Internet ဆိုတာအမျိုးမျိုးသုံးလို့ရပါတယ်..။

မီးစိမ်းတာတစ်ခုဘဲကြည့်ပြီး Face book သုံးနေတယ်လို့သင်မဆုံးဖြတ်လိုက်ပါနဲ့...။
တစ်ချို့ဆိုအလုပ်မှာ Wifi;free;ရနေတတ်တော့
သူတို့ရဲမီးတွေစိမ်းနေတတ်ပါတယ်...။

မီးစိမ်းတယ်ဆိုပြီး
သင် hi တိုင်းပြန်မ Hi တာ reply မပြန်တာ
စိတ်မဆိုးလိုက်ပါနဲ့..။

သူအတွေးနဲသူ facebook သုံးနေကြတာ...
"နားလည်ပေးကြပါ"

Credit :
copy......ML

22/05/2022

စာအဆုံးထိဖတ်ကြည့်လိုက်တော့Good👉ဘယ်သူ့ကိုမှရည်ရွယ်ခြင်းမဟုတ်ပါရှင့်👈
🗣 ဗီဇ 👅
တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့တတ်အပ်တဲ့ပညာနဲ့ နန်းတော်မှာ အမှုထမ်းလိုကြောင်း မှူးမတ်တွေကတစ်ဆင့် ဘုရင့်ရှေ့တော်မှောက်ကို ရောက်လာပါတယ်.

ရှင်ဘုရင်က..
" မောင်မင်း ဘာပညာတတ်လဲ " လို့ မေးတော့ အမှုတော်ထမ်းလိုသူက ရဲရဲဝံ့ဝံ့လျှောက်တယ်..

" ကျွန်တော်မျိုး သက်ရှိသတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ်" တဲ့.

ရှင်ဘုရင်ဟာ သူ့ကို နေရာပေးဖို့ နေရာလွတ် မရှိတာနဲ့ မကြာသေးခင်က မြင်းထိန်းတစ်ဦး သေသွားတာမို့ အဲ့ဒီနေရာလေးကို ပေးလိုက်တယ်.

ရက်အနည်းငယ်ကြာတော့ ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာ ရောက်နေသူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့အကြိုက်ဆုံး မြင်းရဲ့အကြောင်းကို မေးပါတော့တယ်.

" မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ မျိုးစစ်မျိုးမှန် ဟုတ်ရဲ့လား "

" မှန်လှပါ.. အရှင်မင်းကြီိးရဲ့ မြင်းဟာ မျိုးစစ်မျိုးမှန် မဟုတ်ပါဘူး "

ရှင်ဘုရင်ဟာ တအံ့တသြဖြစ်သွားတယ်. ဒါနဲ့ ယခင်မြင်းပိုင်ရှင်ကို ဆင့်ခေါ်ပြီး မေးတော့ ယခင်မြင်းပိုင်ရှင်က..

" အရှင်မင်းကြီး.. မြင်းကတော့ မျိုးစစ်မျိုးမှန်ပါ. ဒါပေမယ့် သူအမေဟာ သူ့ကိုမွေးပြီး သေသွားခဲ့ပါတယ်. ဒါကြောင့် ကျွန်တော်မျိုးဟာ အဲဒီ မြင်းကို နွားနို့တိုက်ပြီး မွေးခဲ့ရပါတယ် " လို့ လျောက်ထားလေတယ်.

ရှင်ဘုရင်ဟာ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.
" မောင်မင်းက မျိုးစစ် မျိုးမှန် မဟုတ်မှန်း ဘယ်လိုသိသလဲ "

" မှန်လှပါ အရှင်မင်းကြီး.. ဒီမြင်းဟာ အစာစားတဲ့အခါမှာ နွားများလို ခေါင်းကို ငုံ့ပြီးစားပါတယ်. တကယ် မျိုးစစ်သောမြင်းဟာ အစာကို ပါးစပ်မှာယူပြီး ခေါင်းကို မော့လို့ စားပါတယ် "

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားပြီး သူ့ထံကို ထောပတ်တွေ ကြက်ကြော် ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့လို့ ဆုချီးမြှင့်ပါတယ်.

ပြီးတော့ သူ့ကို မိဖုရားဆောင်နဲ့ နီးတဲ့နေရာမှာ နေရာပေးလိုက်ပါတယ်.

ရက်အနည်းငယ်ကြာတော့ ရှင်ဘုရင်က မြင်းထိန်းကို မိဖုရားနဲ့ ပတ်သက်ပြီး မေးပါတော့တယ်. မြင်းထိန်းက ဖြေပါတယ်.

" မိဖုရားရဲ့ နေပုံထိုင်ပုံကတော့ မင်းမျိုး မင်းနွယ်ကလို့ ထင်ရပါတယ်. ဒါပေမယ့် မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ပါဘူး "

ရှင်ဘုရင်ဟာ တအံ့တသြနဲ့ ယောက္ခမဖြစ်သူကို ခေါ်ပြီး မေးမြန်းတဲ့အခါ..

" ဟုတ်ပါတယ် မင်းကြီး.. မင်းကြီးရဲ့ ခမည်းတော်က ကျွန်ုပ်ရဲ့ ခင်ပွန်းထံ သမီးမွေးရင် ပေးစားမယ်လို့ ပြောထားခဲ့ပါတယ်. တကယ်တော့ ကျွန်ုပ်တို့ သမီးအရင်းဟာ ကံဆိုးစွာ (၆) လနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်. ဒါနဲ့ ကျွန်ုပ်တို့လည်း မင်းမျိုး မင်းနွယ်နဲ့ အမျိုးမတော်ရမှာ စိုးတာကြောင့် သူများရဲ့သမီးကို မွေးစားလိုက်ရပါတယ် " လို့ ကြားသိရတော့မှ မြင်းထိန်းကို ခေါ်ပြီး မေးတယ်..

" မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ဘူးဆိုတာ မောင်မင်း ဘယ်လိုသိတာလဲ "

" မှန်လှပါ.. မိဖုရားရဲ့ အလုပ်သမားတွေအပေါ် ပြုမူပြောဆိုပုံဟာ မိဖုရားတစ်ပါးပုံစံမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ တန်းတူဆက်ဆံနေတဲ့ ပုံစံနဲ့ တူနေလို့ပါ " လို့ လျှောက်ထားပါတယ်.

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး အရင်လိုပဲ ထောပတ်တွေ ကြက်ကြော်ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့ပြီး ချီးမြှင့်ပြန်ပါတယ်. ပြီးတော့လည်း သူ့ကို နန်းတော်ထဲမှာ နေရာပေးလိုက်ပါတယ်.

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ မြင်းထိန်းကိုခေါ်ပြီး..
" ကဲ.. အခု ငါ့အကြောင်းကို ပြောပါ " ဆိုတော့ မြင်းထိန်းက..

" ကျွန်တော်မျိုးရဲ့ အသက်အတွက် အာမခံချက်ရှိရင် ပြောပါမယ် " လို့ တောင်းဆိုလိုက်တယ်.

ဘုရင်ကလည်း " ကောင်းပြီ.. ငါ ကတိပေးတယ် " ဆိုတော့မှ..

" အရှင်မင်းကြီးဟာ ဘုရင့်သားတော်မဟုတ်သလို ဘုရင်အမျိုးအနွယ်လည်း မဟုတ်ပါဘူး "

အဲ့ဒီစကားကြောင့် ရှင်ဘုရင်ဟာ အလွန်ဒေါသထွက်ပြီး သတ်မယ်လုပ်တော့ သူကိုယ်တိုင် ကတိပေးထားတာကို သတိရပြီး စိတ်လျှော့လိုက်တယ်.

ဒါနဲ့ ချက်ချင်းဆိုသလို မယ်တော်ကြီးထံကို
သွားရောက်မေးတယ်.

မယ်တော်က..
" ဟုတ်ပါတယ်.. မင်းဟာ နွားကျောင်းသားတစ်ယောက်ရဲ့ သားဖြစ်တယ်. ငါတို့မှာ ကလေးမရနိုင်တော့ မင်းကိုခေါ်ပြီး မွေးစားလိုက်ရတာဖြစ်တယ် " ဆိုတော့မှ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.

" မောင်မင်းက ငါ့ကို ဘုရင် အမျိုးအနွယ်ထဲက မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ " လို့ မေးတဲ့အခါ မြင်းထိန်းက..

" ရှင်ဘုရင်ဆိုတာ နှစ်သက်သဘောကျတော်မူတဲ့ တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင် စိန်တွေ ရွှေတွေ စတဲ့ အဖိုးတန် အကောင်းစား ပစ္စည်းမျိုးကိုသာ ပေးတတ်ပါတယ်. အခု အရှင်မင်းကြီးဟာ လက်ဆောင်ပေးတဲ့အခါ စားစရာ သောက်စရာ အသီးအနှံတွေကိုသာ ပေးတယ်. ဒါကိုကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးဟာ ဘုရင်မျိုး ဘုရင်အနွယ်က မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရခြင်းဖြစ်ပါတယ် " လို့ ဖြေကြားလိုက်ပါတော့တယ်.

-

ဘဝမှာ ကိုယ်ဘက်က ဘယ်လောက်ပဲ အထက်တန်းကျတယ်လို့ ပြောပြော ကိုယ့်ရဲ့အပြုအမူ အပြောအဆိုဟာ အထက်တန်း ကျမနေခဲ့ရင် ဘယ်သူကမှ အထက်တန်း ကျတယ်လို့ မသတ်မှတ်ပါဘူး..

ဘယ်လောက်ပဲ အဆင့်အတန်းတွေ နိမ့်ကျတယ်လို့ပဲ ဆိုဆို ကိုယ့်ရဲ့အပြုအမူ အပြောအဆိုတွေဟာ နိမ့်ကျမနေခဲ့ရင် ဘယ်သူကမှ နိမ့်ကျတယ်လို့ မမြင်ပါဘူး..

မကောင်းတဲ့ အပြုအမူ မကောင်းတဲ့ အပြောအဆိုတွေဟာ မကောင်းတဲ့ မျိုးရိုးဗီဇပါပဲ..

ဒါ့ကြောင့် လူကြီးသူမတွေက 'ကိုယ်ကြမ်းတော့ အဖယုတ်တယ်. နှုတ်ကြမ်းတော့ အမိယုတ်တယ်' လို့ ဆိုခဲ့တာပါ..

ပိုက်ဆံဘယ်လောက်ပဲ ရှိရှိ ကောင်းတဲ့အပြုအမူ အပြောအဆိုတွေ မရှိရင် မကောင်းတဲ့ဗီဇ ရှိသူပါပဲ..

ပိုက်ဆံဘယ်လောက်ပဲ မွဲမွဲ ကောင်းတဲ့အပြုအမူ အပြောအဆိုတွေ ရှိရင် ကောင်းတဲ့ဗီဇ ရှိသူပါပဲ..

ဒါကြောင့် သင့်ရဲ့ အပြုအမူ အပြောအဆိုတွေ မှန်သမျှဟာလည်း သင့်ရဲ့ ဗီဇကို
ထုတ်ဖော်ပြသနေမှာ အမှန်ပဲဖြစ်ပါ‌တယ်..

Credit: ဘဝအားဆေး (စုန်းချောင်း)

Website