Football Highlights Myanmar
KTBFFH
-အစပြုပုံ -အဆုံးသတ်ပုံ
Messi အတွက် သူ့ဘဝမှာတစ်ခုတည်းသောအလေးအနက်ထားတဲ့ အရာက ဘောလုံးဖြစ်ပြီး
ဒါဟာ ခရစ္စတီယာနို သူ့ကို မကျော်နိုင်တဲ့ တစ်ခုတည်းသော နေရာပဲ ဖြစ်ပါတယ်။
Leo Messi
အမေရိကန် League Cup ဗိုလ်လုပွဲ မှာ
အိုလီဗာဂျီးရူးရဲ့ LAFC အသင်းဟာ ကိုလမ်ဘတ်စ် အသင်းကို
3-1 ရလဒ်နဲ့ ရှုံးနှိမ့်ခဲ့ပါတယ်။
ကိုလမ်ဘတ်စ်အသင်းဟာ League Cup ပြိုင်ပွဲရဲ့ 16သင်းအဆင့်မှာလည်း
မက်ဆီမပါဝင်တဲ့အင်တာမိုင်ယာမီအသင်းကို 3-2 ရလဒ်နဲ့ ဖြတ်ကျော်ခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။
ထိုက်ထိုက်တန်တန် League up Champion ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ ကိုလံဘတ်စ်အသင်းဟာ
မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ
အင်တာမိုင်ယာမီရဲ့အောက် အဆင့်၃ မှာ ရပ်တည်လျက်ရှိပါတယ်။
Congratulations ပါ။ Columbus Crew
ကိုးလ်ပယ်လမာ ရဲ့ ဖန်တီးပေးမှု3ကြိမ် ကို၊
မာဒူကီက ဟက်ထရစ် အဖြစ်ပြောင်းလဲ နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီ။ ဂျောင်ဖီးလစ် ရဲ့ ပွဲဦးထွက်ဟာလည်း လှပတဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အစပြုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဥရောပမှာ မယူဖူးတဲ့ ဆုဖလား မရှိရလေအောင်၊
ကွန်းဖရန့်လိဂ်ကို ဝင်ကန်နေတဲ့ ချဲလ်ဆီးအသင်းဟာ
ဒီရာသီမှာတော့ ဆုဖလားတွေ ပြန်လည်ကိုင်မြောက်နိုင်ဖွယ် ခြေစွမ်းကို ရရှိနေပါတယ်။
တောင့်တင်းလှတဲ့ လူအင်အားနဲ့အတူ၊
ဖြစ်ချင်ရာတွေ ဖြစ်ခဲ့ပြီးနောက်၊ ကမ်းကုန်အောင်မိုက်တော့မယ့် ။ ချဲလ်ဆီး။
လီယိုနယ်မက်ဆီ ရဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများကို သွင်းယူခဲ့တဲ့ ဂိုအရေအတွက်စုစုပေါင်းဟာ 27ဂိုးအထိ ရှိတာပဲ ဖြစ်ပါတယ်။
အနိုင်ဂိုးရရှိရေးအတွက် goat ရဲ့ အစွမ်းကုန်ကြိုးစားမှု။
အပြင်းအထန်လေ့ကျင့်ခန်းတွေ၊ Gym ဆော့တာတွေက အလကား လုပ်ပြနေတာ မဟုတ်ပါဘူး။
ပရိသတ်တွေရဲ့ အားပေးသံတွေကြောင့်သာ၊
အခုလို ခြေစွမ်းတွေ ပြနေနိုင်တာပါ။
စုဖုရားလတ် ပုံစံလေး ထိုင်ပြလိုက်သေးတယ်။
😏
#ခြေစွမ်းကောင်းပြသခဲ့တဲ့ဖူလ်ဟမ်
အဖွင့်ပွဲမှာ မန်ယူအသင်းကိုအမှတ်မထင် ရှုံးနှိမ့်ခဲ့ရပေမယ့်၊
ယနေ့ပွဲ မှာတော့ လက်စစ္စတာ အသင်းကို အနိုင်ယူပြီး 3မှတ်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
စမစ်ရိုး ဂိုးသွင်းခြင်းက ကျေနပ်စရာဖြစ်ခဲ့သလို၊
ထရာအိုရေး ရဲ့ ခြေစွမ်းကလည်း အားရကျေနပ်ဖွယ်ရာ ကောင်းလှပါတယ်။
ဖူလ်ဟမ် 2-1 လက်စစ္စတာ
စမစ်ရိုး 18' Feas 38'
အီဝိုဘီ 70'
အဖွင့်ပွဲမှာ လက်စတာကို အနိုင်မယူနိုင်ခဲ့ပေမယ့်။
အိမ်ကွင်းမှာတော့ အဲဗာတန်ကို ဂိုးပြတ်သွင်းခဲ့တဲ့ စပါး။
#ပရီးမီးယားလိဂ်ပွဲစဉ် ၂
တော့တင်ဟမ်ဟော့စပါး 4-0 အဲဗာတန်
ဘစ်ဆူမာ 14'
ဆွန်ဟောင်မင် 25' 77'
ရိုမီယို 71'
ဟာလန်းရဲ့Hat-trickနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး
**************
ပရီးမီးယားလိဂ်ပွဲစဥ် (2)
မန်စီးတီး 4-1 အပ်ဆွစ်ချ်တောင်း
ဟာလန်း 12'(Pen),16',88' Szmodics 7'
ကီဗင်ဒီဘရိုင်း 14'
ကျွန်တော်တို့ လူငယ်ဘဝ အချိန်တွေကလို
ဒိုင်ကူခြင်း မခံရတော့တဲ့ မန်ချက်စတာယူနိုက်တက်။
ပရီးမီးယားလိဂ် ပွဲစဉ် ၂
ဘရိုက်တန် 2-1 ယူနိုက်တက်
ဝဲလ်ဘတ်32' အာမတ် 60'
ပီဒရို 90+5'
#လာလီဂါပွဲစဉ်၁
ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို
တစ်ပွဲလုံး ခြေစွမ်းအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
လာမိုင်းယာမယ် ရဲ့ အားရဖွယ်ခြေစွမ်းကိုမြင်ခဲ့ရသလို၊
လီဝန်ဒေါစကီးရဲ့ ထိပ်တန်းတိုက်စစ်မှုးဖြစ်ကြောင်း သက်သေကို ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။
ခြေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့၊
အသင်းဖော် တွေကို စိတ်တက်ကြွစေမယ့် အပြုအမှုတွေ ပြုလုပ်ခဲ့တဲ့ ဂုတ်ကြီး 🐪 🤎🤎🖤
အဲလိုစိတ်ဓါတ်တွေကြောင့် အသင်းဖော်တွေရဲ့ အချစ်ကို ခံရတဲ့သူဖြစ်နေတာပါ။
" နိုင်ရင် ငါကောင်းလို့၊ ရှုံးရင် မင်းတို့ကြောင့် "😏 🐪🐪
#ပရီးမီးယားလိဂ် ပွဲစဉ်၁ ပထမနေ့အပြီး အမှတ်ပေးဇယား ရပ်တည်မှု
မန်ယူနဲ့ အာကြီး က အခုကတည်းက နိမိတ်ပြနေကြပါပြီ။
အိုနာနာ+တိုင်နေမန် ကွင်းလယ် ချိတ်ဆက်အားနဲ့အတူ
ဝက်စ်ဟမ်း အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး
၃မှတ် စုဆောင်းနိုင်ခဲ့တဲ့ အက်စတွန်ဗီလာ
နေမာဟာ အယ်လ်ဟီလယ် အသင်းအတွက်
၅ပွဲသာကစားရသေးပေမယ့် ဆုဖလား၅လုံး ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ 😂😂😅
ထူးခြားတာကတော့ မက်ဆီဟာ သူ့ဘာသာ
အမေရိကန်MLS မှာ အေးအေးဆေးဆေးပျော်ရွှင်နေပေမယ်။
ဆော်ဒီမြေမှာ မက်ဆီရဲ့ နာမည်ဟာ
ဘောလုံးကွင်းထဲမှာ ဂန္ဓဝင်တစ်ယောက်လိုကြွေးကြော်မှု အခံရဆုံး နာမည်ဖြစ်နေပါတယ်။
မီတိုမာ ရဲ့ ဦးဆောင်ဂိုးနဲ့ အတူ ၊
ဒန်နီဝဲလ်ဘက် အထူးခြေစွမ်းပြခဲ့တဲ့၊
ဘရိုက်တန်ရဲ့ အဝေးကွင်းဂိုးပြတ်နိုင်ပွဲ။
ဘရိုက်တန်အသင်းဟာ
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို
ချယ်ဆီး ပွဲမစသေးသ၍တော့ ယာယီဦးဆောင်ခွင့် ရလိုက်ပါပြီ။
စံပြ ကြိုးစားမှု ပုံရိပ် စီရော်နယ်ဒို ရဲ့
အပိုင်ပိတ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်၊
အယ်လ်ဟီလယ် ပရိတ်သတ်တွေရဲ့
"မက်ဆီ" နာမည်ကြွေးကြော်မှု အောက်မှာ၊
အရှုံးနဲ့ ထပ်မံရင်ဆိုင်လိုက်ရတဲ့ အယ်လ်နာဆား။
ဒီပွဲစဉ်ကိုတော့
ပေါ်တူဂီလူမျိုး ဒိုင်လူကြီး ကိုင်တွယ်ခဲ့တာပဲ ဖြစ်ပါတယ်။
#ပရီးမီးယားလိဂ် ပွဲစဉ်၁
မန်ချက်စတာယူနိုက်တက် 1-0 ဖူလ်ဟမ်
ဇက်ဆီ 87'
အိုနာနာ အထူးလက်စွမ်းပြခဲ့သလို၊
မန်ယူအသင်းရဲ့ ကစားဟန်ဟာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။
ဇက်ဆီ ဟာ မန်ယူပွဲဦးထွက်ပွဲစဉ်မှာ ဂိုးရရှိခဲ့ပါတယ်။
ဂါနာချို ရဲ့ အပိုင်ပိတ်သွင်းမှုဟာ
အံအားသင့်ဖွယ်ရာ လွှဲချော်မှု ဖြစ်ခဲ့ပြီး၊
အိုနာနာ ကတော့ ဒီပွဲရဲ့ ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
ဒီခြေစွမ်းကို တစ်ရာသီလုံး ထိန်းထားနိုင်ရင်၊ ရာသီအကုန်မှာ ဥရောပဝင်ခွင့်တစ်နေရာကတော့ သေချာနေပါပြီ။
ဖလားမရရင်တောင် ကစားတာကြည့်ရတာ တန်ပါတယ်။
ကိုယ့်ရဲ့ စံပြ Idol ကြီးရဲ့ ပုံစံအတိုင်း လုပ်ဖို့၊ ဘယ်သူမှ တားဆီးခွင့်မရှိ ။ 🫡🐪🐪
အရှုံးဆိုတာ၊ လမ်းဆုံးသွားတာမဟုတ်ပါဘူး။
မင်းကြိုးစားနေသ၍၊ လက်မလျော့သ၍။
မင်းရဲ့အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။ ☺️☺️
ဂုတ်ကြီးတွေကို စံနမူနာယူပြီး ကြိုးစားလိုက်စမ်းပါ။😌
အားလုံးပဲ အိပ်မက်တွေ အကောင်းအထည်ပေါ်ပြီး အောင်မြင်နိုင်ကြပါစေ။
ဒီနေ့အတွက် မိုတီ တဖြတ်။
🇫🇷ပြင်သစ်အိုလံပစ်ဘောလုံးအသင်းဟာသည်
အာဂျင်တီးနားနိုင်ငံဘောလုံးအသင်း၏
လူမျိုးရေးခွဲခြားပြောဆိုမှု ကို
ပြိုင်ပွဲတွင် လက်စားချေနိုင်ခဲ့ပြီး
အာဂျင်တီးနားကို အိမ်ပြန်ပို့ခဲ့သည်။
ဘက်လိုက်သောဒိုင်များက 10 မိနစ်အချိန်ထပ်ထည့်ထားသော်လည်း အာဂျင်တီးနားကို မကယ်တင်နိုင်ခဲ့ပါ။
FT- ပြင်သစ် ၁-၀ အာဂျင်တီးနား
ဒါက အာဖရိကအတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခုပါပဲ။ 🌍💪🇫🇷🥰
( ပြင်သစ်အိုလံပစ်အသင်း နည်းပြ အွန်နရီ🗣️ ။ ။
" ဒါက လက်စားချေတယ် မဆိုနိုင်ပါဘူး။ အသင်းမှ မတူတာ။ " )
Admin ။ ။
ပြင်သစ်ပရိတ်သတ်တွေ အောင်ပွဲခံတယ်ဆိုတာက ဖြစ်သင့်ပါတယ်။ အုတ်ကြီး 🐪 တို့ ရောပျော် လေးတွေက
ဘာဝင်ယောင်ကြတာလဲ။ ဒီကောင်တွေ ဟိုတလောတုန်းကတော့ ကိုလံဘီယာ ဖန် လေးတွေ ဖြစ်လိုက်ကြသေးတာလားလို့ ။ 😅😏
ဒီကိစ္စ တွေကို မက်ဆီဖန်တွေတောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ။
ဒီကောင်တွေက အခုထိ ငိုလို့ မပြီးနိုင်ကြသေးဘူး။ 🥴
ပြင်သစ်နိုင်ငံမှာကျင်းပမယ့် အိုလံပစ်ပွဲမှာ
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အပြင်းအထန်တောင်းဆိုမှုကြောင့်
ဂါနာချို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
မန်ချက်စတာစီးတီးရဲ့တိုက်စစ်မှုး
ဂျူလီယန်အဲလ်ဗာရက်စ် နဲ့
ဘင်ဖီကာ နောက်ခံလူ အော်တာမန်ဒီတို့က
အာဂျင်တီးနားအိုလံပစ်ဘောလုံး အသင်းကို
ဦးဆောင်သွားမှာပဲ ဖြစ်ပါတယ်။
🚨 BREAKING:
အင်တာမိုင်ယာမီ အသင်းဟာ ရိုနယ်ဒိုအတွက်သန်း100အထိ ပေးသွားမှာပဲဖြစ်ပါတယ်။
ရိုနယ်ဒို 🐪အယ်နားဆားမှာပဲ ဆက်နေဖို့အတွက်ပါ။
အသင်းကိုလာဖို့တော့မခေါ်ပါဘူး။
ဒါဟာ ဂုတ်ကြီး🐪 အမေရိကန်နိုင်ငံမှာ ငိုတဲ့စံချိန်
ထပ်မတင်နိုင်အောင် သက်သက်လုပ်တာပါ။ 😡
( အဖျက်အမှောင့်တွေ ဘယ်လိုပဲရှိရှိ၊
သခင်ကြီးရိုနယ်ဒိုဟာ အမေရိကန်မှာ ကျင်းပမယ့်
2026ကမ္ဘာဖလားကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး၊ နောက်ထပ် အငိုစံချိန်ကို ထပ်တင်ဦးမှာပဲ ဖြစ်ပါတယ်။ )
စူ ဝီး........
မင်းတို့ရေးတဲ့ ဇာတ်လမ်းမှာတော့၊
မင်းတို့ လိုချင်တဲ့ အပိုင်းလေးတွေ ရွေးထုတ်ပြီးတော့၊
မင်းတို့စိတ်သဘောအတိုင်းဖြစ်ခိုင်းနေကြတာပါပဲ။
တကယ့်လက်တွေ့ အဖြစ်မှန် မှာတော့၊
မိသားစုစိတ်ဓါတ်နဲ့ လက်တွဲခေါ်တတ်တဲ့ GOATကြီးနဲ့၊
နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့် ဂါနာချိုတို့ အကြားမှာ
တစ်ဦးပေါ်တစ်ဦး အပြန်အလှန် လေးစားဂုဏ်ယူနေကြတယ်ဆိုတာ သူတို့ရဲ့ အပြုအမူတွေက ပေါ်လွှင်လှပါတယ်။
( အားလုံးက ကိုယ့်စတိုင်နဲ့ ကိုယ်ပါပဲ။
မင်းတို့အကြိုက်စတိုင်လ် လိုက်နေပေးဖို့ အတင်းမဖန်တီးချင်ကြပါနဲ့။)
အထူးသတင်း🚨 20 July 2024
အာဂျင်တီးနားအသင်းသားတွေဟာ
ပြင်သစ်အသင်း၌အာဖရိကန်ကစားသမားများပါဝင်နေမှုကို သီချင်းလုပ်ဆိုခဲ့သော လူမျိုးခွဲခြားသည့် အပြုအမှုကြောင့်၊
အာဂျင်တီးနားအသင်း ရရှိထားသော 2022ကမ္ဘာ့ဖလားဆုကို ဖီဖာမှပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပြီဖြစ်ပါသည်။
ဒုတိယရရှိခဲ့သော ပြင်သစ်အသင်းကို 2022ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်သော်လည်း၊
ပြင်သစ်ဘောလုံးအဖွဲ့ချု့ပ်က မိမိတို့သည် ကမ္ဘာ့ဖလားရဖူးပြီးသားဖြစ်သောကြောင့်၊ ပေါ်တူဂီအသင်းအား ထိုကမ္ဘာ့ဖလားကို ပေးရန် အဆိုပြုထားကြောင်း သတင်းရရှိပါသည်။
မကြာသေးခင်က အာဂျင်တီးနားရရှိထားသော ကိုပါအမေရိကဖလားကိုလည်း ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး၊ အင်အားကြီးအာရှကျားအသင်းဖြစ်သော မြန်မာဘောလုံးအသင်းထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း၊
ဖီဖာမှ အတည်ပြုထုတ်ပြန်ထားသည်။
[Source: 🐪 ]
အိုင်ဒေါကြီး လူစားဝင်လာသောအချိန်နှင့် သွေးပူလေ့ကျင့်ခန်း လုပ်နေသောအချိန်တွင်၊
မော်ရိုကိုနှင့် ပြင်သစ်နိုင်ငံတို့ တစ်နိုင်ငံလုံး
တုန်လှုပ်ခြောက်ခြားနေခဲ့ကြရသည်။
အုတ်ကြီးအစွမ်းအံ့မခမ်း 🫡
စူ ဝီး...............
လွန်ခဲ့သော ၁၉လအကြာခန့်က၊ ဖီဖာ ဟာ မော်ရိုကိုအသင်း ဂိုးသွင်းနိုင်ရန်အတွက် လှေကားထောင်ပေးခဲ့ပြီး၊ အိုင်ဒေါကြီး ငိုအောင် လုပ်ကြံခဲ့သည်။ 😡😡🤬🤬
မကျေနပ်ဘူးကွာ၊ ဒါလုံးဝ မကျေနပ်ဘူး 😡😡😭
အိမ်မက်ဆိုး က လွတ်မြောက်ချင်ပြီ။ 🤧
GOAT ကြီး မက်ဆီဟာ Gonzalo Montiel ရဲ့ ၆ပတ်အရွယ် သားငယ်လေး သီယာဂိုကို ပွေ့ချီနေတဲ့ပုံကို တွေ့ရပါတယ်။ 💙👶
ကဲ နောက်ထပ်၁၅နှစ်ကြာရင် ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည်ကြစို့ 😂
(📸 nacucchio.karina/IG)