YMT 11 Sepaktakraw Stadium

YMT 11 Sepaktakraw Stadium

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YMT 11 Sepaktakraw Stadium, Professional Sports Team, .

03/08/2022

သာယာ၀တီက ဆရာ Kaung Htet Paing ရေးပေးထားတာပါ
Super four မှ စီးမယ်ဆို ဒိလောက်တော့သိထားရမယ် ...
cb 400 sf super four မှ ပေးသောသင်ခန်းစာ

စာတွေရေးလာလိုက်တာ အတော့်ကိုတော့စုံလင်လာခဲ့ပါပီ။ ကိုပိ တို့ဦးမျိုး တို့ရေးသလိုဗဟုသုတ နဲ့သမိုင်း
ကြောင်းတွေထက် ပြင်ဆရာတစ်ယောက်ဘက်က အမြင်ကို ဦးတည်ရေးပြပေးပါ့မယ်။ တစ်ခုခုရသွားပီဆို
ကျေနပ်နေပါ့မယ်။ ဘယ်အထိလဲလို့ မမေးပါနဲ့ s4 တစ်စီးဝယ်တော့မယ်ဆိုရင် ဒီပို့စ်ကလေးကို အလွတ်ကျက်ထားလိုက်ရင် အတော့်ကို ပြေလည်တဲ့ အနေအထားထိ
ရောက်အောင်ပါ။လူငယ်တွေအကြား အအောင်မြင်ဆုံး s4 ပီးတော့ ရင်ထုမနာ လူပေါင်းများစွာ ငိုပွဲဆင်ရဆုံးs4 လို့ပြောရင် မမှားနိုင်ပါဘူး။ စျေးကွက်အရ သ့င်တင့်တဲ့စျေးဖြစ်နေတာရယ်
နှစ်လိုဖွယ်အသံဖြစ်နေတာရယ်ကြောင့် အတော်များများရဲ့ အိမ်မက်ကလဲ s4 တစ်စီး ပိုင်ဆိုင်ရေးပါပဲ။
အထက်ကပြောသလို မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ခဲ့တဲ့အခါ အထိနာ နောက်ဆိုs4 ဆိုတော်ပါပီဖြစ်ကြပြန်
ရော။ တကယ်တော့ s4 မှာအပြစ်မရှိပါဘူး။ မလေ့လာမထိန်းသိမ်း တတ်တဲ့ လူတွေရဲ့ , အ , န မူနဲ့
မသိသူဆို ဂျင်းထည့်ချင်တဲ့ လူတွေရဲ့ လောဘကသာ အပြစ်ရှိတာပါ။ ဟွန်ဒါရဲ့ အအောင်မြင်ဆုံး စီးရီးဖြစ်တဲ့ s4 ရဲ့ အကြောင်းလေးတွေ ပြောပြကြည့်ရအောင်။ CB1 စီးရီးရဲ့အနောက်မှာ S4 ကို1992 မှာ စတင်ထုတ်ခဲ့တာပါ။ CB1 ရဲ့ Cam gear စနစ်နဲ့အင်ဂျင်ကို CBR racing စီးရီးတွေအပေါ် ပြောင်းတင်လိုက်ပီးတော့ cam chain စနစ်နဲ့ s4 အင်ဂျင်ကို စတင် ထုတ်ခဲ့တာပါ။ အတည့်နီးပါး စွပ်ထားတဲ့ CB1 ကာဘရိုက်တာတွေကို ရေပြင်ညီပြန်ချခဲ့ပါတယ်။လခြမ်းပုံကလပ်အုံဖုံးတွေနဲ့ နောက်ခြေနင်းက သတ္တု အပိတ်တွေနဲ့ ဖင်မျော တွေ စလစ်မှာလေလိုင်းမပါ ပြောင်တွေ က 95 ထိ တပုံထဲ လာတာပါ။

1.1994မှာ အိမ်ခေါင်ပုံပင်စင်အိုးတွေပြောင်းပီး မီးပေါက်စဉ်ကို အဆင့်မြှင့်ခဲ့ပါတယ်။ 96မှာ လမြင့်ဆို version R ဝင်ပါပီ။
96 မှာ စလစ်ဘေးမှာလေလိုင်းလေးတွေပါလာတယ်
ခြေနင်း သတ္တု ပိတ်ပေမယ့် ဖင်အလုံးက ထောင်
ထောင်လေးဖြစ်လာတယ်။ 96 မှာ Version Sဝင်တာနဲ့ မဝင်တာ ခွဲသေးတယ် လနိမ့်မှာ version မဖြစ်သေးဘူး။ လမြင့်မှာ version ဝင်ပီဆို ရှေ့ ဘရိတ် ဆုံက ပင်စင်လေးလုံးဘယ်ညာ ဖိ တဲ့စနစ်ဖြစ်သွားမယ်
CDIက ပုံမှန် ကြိုးဆယ်ချောင်းကို ဘားရှင်းဘူး အတွက်သုံးပင် ပိုလာလို့ ဆယ့်သုံးပင်ဖြစ်သွားမယ်။
98/97 မှာတော့ နောက်ခြေနင်းက အပေါက်တွေပါလာပီ။ကလပ်အုံကဝလုံးပုံအရစ်တွေပြောင်းပီ
ရှေ့ဘရိတ်ဆုံက တစ်စုံကိုပင်စင် လေးလုံး ဘားရှင်းစစ်
စစ် ဖြစ်ပီ။ 99 မှာ Vtec စ ပါလာတာပဲ။
VTEC ဆိုတာက လျှပ်စစ် ထိန်းချုပ် ဘားစနစ် လို့ခေါ်မလားပဲ။ ပုံမှန် ဘားရှင်း S4 တွေအထိ ဘားဆယ့်ခြောက်ပွင့်ဟာ အမြဲ ဆော့နေတာပါ။ မြို့တွင်းမှာလဲဆော့တယ် အဲ့အခါ ဘီးက ဆီပိုစားတာနဲ့ ဟိတက်တာတွေဖြစ်လာတယ်။ Vtec က ဟွန်ဒါရဲ့ မူပိုငိပါ။ ဘားဆယ့်ခြောက်ပွင့်မှာရှစ်ပွင့်ကိုပဲ အမြဲဆော့ခိုင်းပီးတော့ လိုအပ်တဲ့အပါတ်ရည် ရောက်မှ ကျန်တဲ့ ရှစ်ပွင့်ကို အင်ဂျင်ဝိုင်ဖိအားနဲ့ တွန်းဖွင့်ပေးတာပါ။
ဝါဟာလိုင်းနဲ့ cdi ကပဲ ထိန်းချုပ်တာပါ။

2.1999 ကစပီး 2001 အထိမှာ ပုံစ ပြောင်းပါတယ် နောက်ခြေနင်းကိုင်းတွေ အလိမ် ဖြစ်သွားတယ်။ ကလပ်အုံအဖုံးက အပြောင် နီကယ်ဖုံးပြောင်းတယ် VTEC1 စပါလာတယ်။နောက်ဘရိတ်အောက်ဆွဲဖြစ်သွားတယ်။
နောက်ဖင်က Versionတွေလောက်လဲ မပွ မလုံးတော့ပဲ ယောင်ယောင်လေးမြင့်လာတယ်။ဘေး ဘထရီအဖုံး
တွေပြောင်းသွားပါတယ်။cdiက စက်နိုးလိုင်းဆယ်ပင် ဘားရှင်းသုံးပင် Vtec အတွက် ခွန်နပင် ပေါင်းရင် အပင်နှစ်ဆယ်တိတိ ပါလာပါတယ်။
hiss key မပါသေးတဲ့ရှေ့မော်ဒယ်တစ်ခုပါပဲ။
vtec က RPM 6750 အထက်ရောက်တာနဲ့စ
အလုပ်လုပ်တာပါ။ တကယ်လို့ VTEC အလုပ်မလုပ်ခဲ့ရင် အသေဘားရှစ်ပွင့်သာကစားတာမို့ မသိပဲ လီဘာစွတ်ဆွဲ စွတ်တင် လုပ်ခဲ့မယ်ဆိုရင် ဘားရှစ်ပွင့်ဟာ မီးနာပီးတော့ ကျွံကျကုန်ပါတယ်။ 2006တစ်စီးကို ဘားရှင်း TCI နဲ့ ဂျင်းမိလာတာဖြေရှင်းပေးဖူးပါတယ်။
ဒီနေရာမှာပြောစရာတစ်ခုက TCI ဆိုတဲ့အခေါ်ပါ။
S4 အပါအဝင် ဘီးကြီးအများစုက TCI စနစ်ကို မောင်းနှင်ပါတယ်။ ဟိုင်းဝေးမှာ cdi ဟိတက်တဲ့ပြသနာကိုရှောင်လွှဲဖို့ရယ် ကြာရှည် အသုံးခံအောင်ရယ်ပါ။
အဖိုမောင်းတဲ့ cdi စနစ်ထက်စာရင်ပေါ့လေ။ TCI ဆိုတာက ပလပ်ကွိုင်မှာ +12V အသေဝင်ထားပီးတော့ TCI ကနေ - လှမ်းမောင်းတာပါ။ ဆိုလိုတာက အပေါင်းကိုအသေဝင်ပီးတော့ အနူတ်ကို TCIကနေလှမ်းမောင်းတာပါ။ မီးနည်းပေမယ့် မီးငြိမ်တယ်ပေါ့ဗျာ။ အဲ့ပလပ်ကွိုင်တွေက DC ပလပ်ကွိုင်မို့ အဖိုနဲ့အမ DC 12V သာရမယ်ဆို မီးထွက်ပါတယ်။
EFI စနစ်တွေမှာလဲ TCIကို ECU ထဲထည့်သွင်းထားပေးတာပါ။

3.2002- 2003 မှာ VTEC 2 ကိုစတင် အသက်သွင်းပါတယ် RPM 6300 အထက်ကိုရောက်တာနဲ့
VTEC အလုပ်လုပ်ပါတယ်။ဒိုင်ခွက်မှာ ဆီဂိတ် နာရီ နဲ့
မောင်းနှင်ပီးကီလိုကို LCD ဒိုငိခွက်ကလေးနဲ့ပြပါတယ်။ ရှေ့မီးခွက်အထိုင်တွေကို ပိုမိုသေသပ်တဲ့ သတ္တု ကိုင်း
တွေနဲ့ ထိန်းလားပါတယ်။အင်ဂျင်ပုံစံက မပြောင်းလဲပါဘူး။ ကတ်သော့ကို စတင် ထည့်သွားလာတဲ့ မော်ဒယ်လဲဖြစ်ပါတယ်။ Hiss key စနစ်ကို ခေါ်တာပါ။ သော့ရဲ့
အဝင်ပေါက်လေးနားမှာသံလိုက် ကွင်းလေးရှိနေပီး
တောါ သော့တံထဲမှာလဲ ဆားကစ်ပြားလေးမြုတ်ထားပါတယ်။ သော့ကိုထိုးလိုက်တဲ့အခါ ကတ်သော့ဆင်ဆာက အာရုံ ခံပါတယ် သော့ဖွင့်ချိန်မှာ cdiကို အချက်ပေးပီးမှန်တယ်ဆို စက်ပေးနိူးပါတယ်။မမှန်ခဲ့ရင် သော့တူသွေးထားလို့ လည်သွားသည့်တိုင် စက်ပေးမနိုးတော့ပါဘူး။
သူခိုးရန်က ကာကွယ်ဖို့ နည်းပညာတစ်ခုပါ။ ဒါပေမယ့်သော့ပျောက်သွားတဲ့အခါ ကတ်သော့ ဘောက်စ်ရယ် cdiရယ် သော့အုံရယ် ဖြုတ်ယူသွားပီး ကော်ပီပြန်ပွားရတဲ့ ဒုက္ခလေးတွေတော့ရှိတာပေါ့ဗျာ။ ကတ်သော့ပါလာတဲ့ စီးရီးတွေမှာတော့ cdi အထွက်က 20 ပင်ဖြစ်သွားပါတယ်။ ကတ်သော့နှစ်ပင် စက်နိုးလိုင်း ဆယ်ပင် လီဘာဆင်ဆာ သုံးပင်နဲ့ vtecငါးပင် ကတ်သော့ နှစ်ပင်ပါ။2004 အထိ နောက်ဘရိတ်တွေက ပင်စင်လေးလုံး ကန်ထားပီးအောက်ဆွဲပဲရှိနေပါသေးတယ်။

4. 2004- 2007 ဒီမှာက s4 ရဲ့ ကာဘရိုက်တာ စီးရီးအဆုံးပါပဲ။ Hyper VTEC 3 စနစ်နဲ့ ဂီယာနံပတ်ခြောက်မှာဆို RPM 6750 မှာ VTEC အလုပ်လုပ်ပီးတော့ 1-5 ဂီယာတွေမှာတော့ 6300 RPM မှာအလုပ်လုပ်ပါတယ်။ အိတ်ဇောမှာ ဖန်မျှင် အပူခံ ဂွမ်းစတွေ ပါလာပီး အိတ်ဇော သံကိုငြိမ်စေပါတယ်။ ကာဘရိုက်တာ နဲ့ လာတာ 2007 မှာနောက်ဆုံး စီးရီးပါပဲ။
နောက်ဘရိတ် ဆုံတွေအပေါ်ပြန်ရောက်လာပါတယ်။
CDI အဝင် ထွက်ကတော့ 2004 နဲ့အတူတူပါပဲ။
အိတ်ဇောတွေက သတ္တု အိတ်ဇောတွေကိုပဲ 1999 -2007 ထိ သုံးခဲ့တာပါ။ အပူလျော့ဖို့ရယ် ခါသံထွက်တာကိုတားဆီးနိုင်ဖို့ပါ။

5. 2008- 2017မှာ hyper VTEC 3 REVO ဆိုတဲ့အမည်ကိုယူပါတယ်။ EFI စနစ်စတင်ဖြစ်လာခဲ့ပီးတော့ စတီးအိတ်ဇောအပွ တွေကိုပြန်သုံးလာခဲ့တာပါ။ VTEC အလုပ်အတွက်က 2007 နဲ့အတူတူဖြစ်ပီးတော့2008 ကစပီးတော့ ABS ( anti lock brake system) ကို စတင်သုံးဆွဲခဲ့ပီးတော့ ABS ပါတဲ့ကောင်တွေမှာတော့ ဘရိတ်ပင်စင် သုံးလုံး ပါလာပါတယ်။ မပါတဲ့ ကောင်လဲရွေးဝယ်နိုင်ပါတယ်။ စျေးလဲကွာပါတယ်။2014ကစလို့ LED စကရင်နဲ့ ဂီယာပိုဇစ်ရှင် သာမိုမီတာနဲ့ မိုင်နူန်းပြ စနစ်ကို ထည့်သွင်းလာပါတယ်။နောက်လက်ကိုင် ကိုင်းလေး
တွေကရော်ဘာစွပ်ကိုင်းလေးတွေဖြစ်လာပီးတော့ တဘက်တချက် တစ်စုံပါလာပါတယ်။ 2008 revo မော်ဒယ်ကစ လို့စလစ်ရဲ့ဘေးဘက်တွေမှာ လေလိုင်းတွေမပါတော့ပဲ အပြောင်ပြန်လာပါတယ် 1995 လိုပုံစံပါ။ 2018 မှာ super four တွေက 1992 ကနေစ ခဲ့ရင် 25 နှစ်ပြည့်အထိမ်းအမှတ်နဲ့ project Big 1 စီးရီးကိုထုတ်ပါတယ်။
super four တွေအနေနဲ့ မပြောင်းလဲတာက 525 o ring လို့ခေါ်တဲ့ အဝိုင်းစည်းလေးတွေစွပ်ထားတဲ့သံမဏိ ချိန်းကိုပဲ ဆွဲမြဲ သုံးလာတာပါ။ ဆီတိုင်ကီက 18 လီတာဆန့်ပီးတော့ ဘီးက မောင်းနှင်ဖို့အသင့်အနေအထားမှာ 200kg ဆိုတော့ အတော်တော့ လေးပင်တဲ့အနေအထားပါ။
ဘာကြောင့် s4 က သင်ခန်းစာတွေပေးရသလဲ ပြောကြည့်ရအောင်။ ( အမုန်းတော့ခံရတော့မယ် ထားတော့)

1. ဝယ်မယ့်သူက ထဲထဲဝင်ဝင် မသိတာ
=======================
cdi ရဲ့ အဝင်ထွက်ကိုမသိတဲ့အခါ cdi မှားမမှား မသိနိုင်တော့ဘူး။ ဂျပန် တံဆိပ်မြင်တိုင်း ဂျပန် ထင်ပီးတော့ အမြင့်ကို အနိမ့် cdi ထည့်လွှတ်တဲ့အခါ ကတ်သော့လဲပျောက် vtec လဲမရ အဲ့ပြသနာက ကျွန်တော်အရှင်းရဆုံးပြသနာပါ။ကတ်သော့မရတာပြသနာမဟုတ်ဘူး Vtec မရတာပြသနာပဲ။ ဘားကရှစ်ပွင့်ထဲ ဆော့နေတာ ကြာလာတာနဲ့ အင်ဂျင်လှပ်ရတာပဲ။
ဝယ်တော့မယ်သူဆိုလဲ ဒီပို့စ်ပါအချက်လက်တွေကို စေ့စေ့ငုငုသိထားဖို့လိုလိမ့်မယ်။ ဒါမှ ဂျင်းဘီးရှောင်နိုင်မှာပါ။ 2008 EFI တွေကစလို့ made china ဝါယာထုပ်နဲ့ဝါယာဆက်စပ်ပစ္စည်းတွေအကုန်တရုပ်မှာဆင်ပါတယ်။အရည်သွေံးပိုင်း ပြောစရာဖြစ်လာပါတယ်။အဲ့တော့ ကွိုင်တွေကအစ ဟိုင်းဝေးမှာကျွတ်ဆတ်ကုန်တာတွေဖြစ်လာတတ်ပါတယ်။

2. စက်ဆရာလက်တည့်စမ်းတာ
===================
ဒီနေရာမှာ ကျွန်တော့်ကိုအမုန်းမပွားကြဖို့တောင်းပန်လိုပါတယ်။ တကယ်နားလည်တတ်ကြွမ်းတဲ့ စက်ဆရာမဟုတ်ခဲ့ရင် ကုန်ကျစားရိတ်က များပြားလွန်းတာကြောင့် ဒုတိယမိ ပြင်မလောက် ကောင်းမလာ
ပြသနာနဲ့ကြုံရတာပါ။ ဆိုပါဆို့ ဝါယာလိုင်းမနိုင်လို့ VTEC အော်TCI လစ်သွားတဲ့အခါ ငါးသိန်းကျော်ခြောက်သိန်းနီးပါး ပိုင်ရှင်နစ်နာပါတယ်။ ဒါကဥပမာပြောပြတာပါ။ ဘယ်ရင်နဲ့ အခြေခံ S4 တစ်စီးအကြောင်းကိုမှနားမလည်ရင် မိမိဘီးဟာ လက်တည့်စမ်းခံရပါ့တော့တယ်။ တကယ်နားလည်သူတွေနဲ့သာပြသဖို့ အကြံပေးလိုပါတယ်။ ပညာသင်ညီငယ်တွေဆရာတွေအနေနဲ့လဲ သေချာ လေ့လာ ဆည်းပူးပီးမှ ပြင်ဆင်သင့်ပါတယ်။ မိမိ အမှားတစ်ချက်က တသက်တာ နစ်နာစေမယ်ဆို မလုပ်သင့်ပါဘူး။

3. ပြုပြင်ထိန်းသိမ်းမူအကြောင်း နားမလည်တာ
============================
ဒီနေရာမှာ ပြင်သူရော ပိုင်ရှင်ပါ နားလည်ဖို့လိုတဲ့အချက်ပါ။ အင်ဂျင်ဝိုင်ရွေးချယ်ဝယ်ယူတဲ့နေရာကစလို့ အင်ဂျင်ရဲ့ အကြောင်းကိုလေ့လာထားဖို့လိုပါလိမိ့မယ်။ ဘယ်လောက်မာတဲ့ဘီးပဲပြောပြောပါ။ပိူင်ရှင်အသုံးမကျရင် ပြိုတာပဲ။ အင်ဂျင်ဝိုင်က ကရိုင်းကေ့ကနေ စ တက်ကတည်းက filter နှစ်ခုကို ဖြတ်ရတယ်။ မိန်းဖေ့တာဆိုတာက ပဏာမ ကြေး အနည်အဖတ်တွေကို စစ် ထုတ်တဲ့နေရာပါ။ သူကနေ စစ်ထုတ်လိုက်တဲ့ အင်ဂျင်ဝိုင်ကို လမ်းကြောင်းအတိုင်းလိုက်လာပီးတော့ over pressure drain ကို ဖြတ်စီးပါတယ်။ ဒုတိယ စက္ကူ ဆီစစ်ဘူးထဲကိုဝင်ပါတယ်။ စက္ကူ ဆီစစ်ကိုဖြတ်တွန်းလာတဲ့ဆီက မိန်းဘယ်ရင် တွေထဲကိုဝင်ပါတယ်။ ကရိုင်းထိုင်ထားတဲ့ မိန်းဘယ်ရင် တွေထဲကိုဝင်တာပါ။ မိန်းဘယ်ရင်က ခြောက်လုံးပါပါလိမ့်မယ်။ ဘယ်ကညာ စရေရင် ကရိုင်းရဲ့ဘယ်ဘက် အစွန်မိန်းဘယ်ရင်က ဆီဟာ ကရိုင်းထဲကိုဝင်ပီး ပထမ ပင်စင်နံပါတ်တစ် ကွန်နတင်း ကိုဝင်ပါတယ်။ ဒုတိယ မိန်းဘယ်ရင်က ဆီဟာ ဆီလမ်းကြောင်းအတိုင်း အပေါ်ဟက်တုံးထိတက်လာပီး ကင်းမရှပ် ဘယ်ရင်ကပ်ခုံတွေထဲကိုဝင်လာပါတယ်။ တတိယ မိန်းဘယ်ရင်က ဆီဟာ ဒုတိယအင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကိုဝင်ပါတယ်။ အလယ်မှာ တိုင်ပင်ချိန်း နဲ့ကပ်ရပ် ဘယ်ရင်တစ်ခုပါ။ လေးခုမြောက်မိန်းဘယ်ရင်က နံပါတ်သုံး အင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကိုဆီထပ်ပို့ပါတယ်။ ငါးခုမြောက် မိန်းဘယ်ရင်က နံပါတ်လေးအင်ဂျင်ရဲ့ ကွန်နတင်းဘယ်ရင်ထဲကို ဆီပို့ပါတယ်။ နံပါတ်ခြောက်ဘယ်ရင်က ဟက်တုံးထိဆီတက်လာတဲ့ ဒုတိယ ဆီလိုင်းပါ။ အဲ့မှာပြောစရာက ဘယ်ရင်တွေဟာ ကားစနစ်လို ဆယ်စုံပါလာတာပါ။ မိန်းခြောက်စုံ ကွန်နတင်းလေးစုံ ပါ။ အင်ဂျင်ဝိုင်ပန့်ဟာ ကလပ်အုံရှပ်နဲ့ ချိန်း နဲ့ဆွဲထားတာပါ။ အဲ့အခါမှာ အင်ဂျင်အပါတ်ရည်တက်လာတိုင်း အင်ဂျင်ဝိုင်ဖိအားဟာ တိုးတိုးလာပါတယ်။ အင်ဂျင်ဝိုင်ဟာ ဘယ်ရင်စနစ်မှာ နိူးနိူးချင်း psi 50 တွန်းအားရှိရပါ့မယ်။ RPM 1000တိုးလာတိုင်းဖိအားဟာ 10PSI တိုးတိုးလာရပါမယ်။ အကယ်၍ လိုတာထက်ပို များတဲ့ဖိအားဖြစ်လာမယ်ဆို (ဆိုပါစို့ စက္ကင်္ူံ ဆီစစ်ပိတ်နေတဲ့အခါ )အင်ဂျင်ဝိုင်ဟာဆီလိုင်းထဲမှာ ဖိအားတက်လာပါမယ် အဲ့အခါ ဆီပိုက် သတ္တုလိုင်းတွေဟာ ဆီဖိအားနဲ့ကွဲထွက်ကုန်မှာပါ။ over pressure drain ဘားလေးဟာ စပရင်တင်းအားလေးနဲ့ လိုတာထက်ပို လာတဲ့ ဆီဖိအားတွေကိုအပြင်ကိုလျှံကျစေပါတယ်။ ဆိုလိုတာက သူအလုပ်မလုပ်ရင် ဆီဖိအားကြောင့်ဘအင်ဂျင်ကွဲနိုင်သလို သူကအမြဲယိုစိမ့်နေရင်လဲ သတ်မှတ်ဖိအားမရှိလို့ အင်ဂျင်ရဲ့ ဘယ်ရင်လေးတွေ လစ်တတ်ပါတယ်။ အင်ဂျင်ဝိုင် အသက်လို့ ပြောလို့ရတဲ့ s4 လို ကားလို အင်ဂျင်တွေမှာကရိုင်းကေ့ အောက်ခံခွက်ကလေးဖွင့်လိုက်တာနဲ့ မိန်းဆီစစ်ကို ဖြုတ်ဆေးနိုင်ပါတယ်။ Vtwin တွေမှာတော့ မိန်းဘွတ်နှစ်လုံးပဲ ဝင်ဖို့လိုတာကြောင့် မိန်းဆီစစ်ကို နည်းနည်းပိုကြီးပေးထားပီးတော့ အလွယ်တစ်ကူဖြုတ်ဆေးလို့မရနိုင်တာအားနည်းချက်တစ်ခုပါပဲ။အင်ဂျင်အလုံးလိုက်ခွဲလိုက်မှသာ ဆေးနိုင်ပါတယ်။ ပုံမှာသေချာကြည့်ပါ အင်ဂျင်ဝိုင်လည်ပါတ်ပုံက်ုဆွဲပေးထားပါတယ်။ အင်ဂျင်ဝိုင်က 5/40 အဟောင်းဆို 10/40ကိုပဲထည့်ရပါတယ် ပြစ်စေးလွန်းရင် ဘယ်ရင်တွေကြားကိုအားနဲ့အင်နဲ့ မရောက်နိုင်တာဖြစ်တတ်ပါတယ်။ပြင်ဆရာလေးတွေအနေနဲ့လဲ သေချာတဲ့ဆေးကျောမူတွေနဲ့ ဘယ်ရင် ဆီလိုင်းတွေကိုသန့်စင်ပေးရပါမယ်။ ဘယ်ရင်တစ်ခုချင်းစီ ဟာသီးသန့်အလုပ်တွေပါလို့ ဆီလိုင်းတွေမပိတ်ဖို့ သေချာစစ်ရပါမယ်။ အင်ဂျင်ဝိုင်ပန့်ဟာ ဒလက်နဲ့ အထိုငိခွက် 0.05 ထက် ပိုပီးဟ မနေသင့်ပါဘူး။ ဟ နေခဲ့ရင် အင်ဂျငိဝိုင်ဖိအားကျဆင်းပါမယ်။သက်ဆိုင်ရာ ကွန်နတင်းဘယ်ရင်တွေဟာ ဆီဝင်ဖို့အတွက် သူ့သတ်မှတ် မိန်းဘယ်ရင်တွေအပေါ်မှီခိုနေရတာမို့လို့ အကယ်၍ မိန်းဘယ်ရင်တွေက မလုံခဲ့ မတင်းခဲ့လို့ ဟာနေမယ် ဆီဟာအပြင်ကိုပဲလျှံကျတာများနေမယ်ဆို ရင် အဲ့ကွန်နတင်းဘယ်ရင်ဟာ ဆီငတ်တာ အပူတက်လာပီးဖမ်းတာ ကျိုးတာတွေဖြစ်တတ်ပါသေးတယ်။ အင်ဂျင်လုပ်ရမယ့်အခါ အဲ့အပိုင်းတွေတစ်ခုစီကို သေချာစစ်ဆေးဖို့လိုပ်လိမ့်မယ်။

ဒါဆိုရင်မကြားချင်ဆုံး စကားကိုပြောကြည့်ကြမယ်။ s4 တစ်စီးဟာNGK စတီးပလပ်ကိုသုံးမယ်ဆိုရင် ကီလို တစ်သောင်းပြည့်တိုင်း လဲလှယ်ပေးရမယ် အီယွေဒီယမ် NGK ပလပ်ကိုသုံးရင်တော့ ကီလိုနှစ်သောင်း အစီးခံပါလိမ့်မယ်။
အင်ဂျင်ဝိုင်ကို ကီလိုသုံးထောင်မှာတစ်ခါလဲလှယ်ပေးဖို့လိုပီးတော့ ကီလိုငါးထောင်တိုင်းမှာ Fully synthatic အင်ဂျင်ဝိုင် 10/40 ကို လဲလှယ်ပေးရမှာဖြစ်ပါတယ်။အင်ဂျင်ဝိုင်သုံးခါလဲတိုင်း oil filter ဘူးကို ဖြုတ်ပီးလဲလှယ်ပေးရမှာဖြစ်ပါတယ်။ filter မလဲရင် အင်ဂျင်ဝိုင်သုံးလီတာ ထည့်ရပီးတော့ filter ပါလဲရင်တော့ သုံးလီတာခွဲ ထည့်ဖို့လိုပါလိမ့်မယ်။
ကီလို နှစ်သောင်း ပြည့်တိုင်း air filter လဲလှယိပေးဖို့လိုပီးတော့ OEM ရရင်ပိုကောင်းပါတယ်။
ကူးလင့်တိုင်ကီကိုလဲ ကီလိုနှစိသောင်းပြည့်တိုင်း ကူးလင့်အသစ် လဲလှယိပေးရမှာဖြစ်ပါတယ်။ ရှေ့ဖေါက် ဆီကိုတော့ နှစ်နှစ်ကြာတစ်ခါ သို့မဟုတ် ကီလိုနှစ်သောင်းခွဲ မောင်းပီးတိုင်း လဲပေးရမှာဖြစ်ပါတယ်။
ဟိတက်ခြင်း နှ့င်ဆိုင်တာလေးတွေအနေနဲ့ကတေ့ာ
ဟက်ဂတ်စကက် ပေါက်ခဲ့ရင် အင်ဂျင်ဝိုင်ထဲရေရောက်တာတွေ ဟိတက်ပီး တိုင်ကီပိုက်တွေပွင့်ထွက်တာပူလာရင်ထိုးရပ်တာတွေဖြစ်တတ်ပါတယ်။ ဟက်ဂက်စကက် ပေါက်မပေါက်သိနိုင်တဲ့နည်းကတော့ ရေတိုင်ကီဖုံးဖွင့်ထားပါ။ စက်နိူးကြည့်ပါ ပူစီပေါင်းတွေထ လာတာမျိုး ဖြစ်လာရင်တော့ ဟက်ဂတ်စကက် ပေါက်တာဖြစ်ပါတယ်။ တိုင်ကီထဲက ကူးလင့်ရေတွေလျော့သွားတာ ဖြစ်လာရင် အင်ဂျင်ဝိုင်တွေလဲ တိုးလာတယ်ဆိုပါဆို့ ရေလှယ်အုံအဝိုင်းစည်းပေါက်သလား ဂတ်စကက် ရဲ့ တိုင်ပင်ချိန်းဘက် ပြတ်သလားသေချာစစ်ဆေးရပါ့မယ်။
cbr 400 ဖားဘလိတ်လို စလစ်နဲ့ အင်ဂျင်ဟောက်ဇယ် အတွဲလိုက်တွေကျပြန်တော့လဲ အင်ဂျင်ပဲလုပ်ချင်တာတောင် အလုံးလိုက်ခွဲရတဲ့ပြသနာလေးတွေလဲရှိသေးဗျ နော။ s4 တွေမှာနောက်ပြသနာတစ်ခုက ရိန်းထည့်တဲ့အခါ မှာဖြစ်တာပါ။ ဒါကပြင်ဆရာတွေအပိုင်းပါ။စလစ်ရဲ့အော်နူတ်ခမ်းကိုက အထူ လာတာဆိုရင် နောက်ထည့်မယ့်ပင်စင်နဲ့ရိန်းက အလွယ်တကူမဝင်တတ်တော့ပါဘူး။ ဒါဆို 1-4 အင်ဂျင် ကိုအရင်ပင်စင်စွပ်ပါ။ အလှူမီနီယံပြားလေးကို အဝိုင်းလုပ် ရိန်းလေးတွေကိုဖိပေါ့ဗျာ။ အလယ်နှစ်လုံးက်ု စလစ်ပေါ်ကနေကားတွေထည့်သလို ကွန်နတင်းပင်စင်အတွဲလိုက်ပြန်စွပ်ချပါ။ အောက်ကနေ ကရိုင်းကေ့စ်လေးဖွင့် နတ်ဆွဲပေါ့ဗျာ။ အလုံးလိုက်ချရပေမယ့် လက်မဝင်တော့ဘူးပေါ့။ ပင်စင်နဲ့ကွန်နတင်းကိုထည့်တဲ့အခါ ကွန်နတင်းအပေါ်ခြမ်းက ဘယ်ရင်ကိုပါကပ်ထည့်ရတာမို့ နည်းနည်းတော့ လက်ဝင်တယ်။ ဒါမယ့် ဆုံးရှုံးမူနည်းတာပေါ့လေ။ ဒါက ကျွန်တော့်နည်းပါ။ တခြားနည်းတွေကောင်းတာတွေရှိပါလိမ့်ဦးမယ်။ မရှင်းရင် cb လာမေးပါဗျာ။ ဒိုးတွေကို တဘားဖိ တဘားထောက် မယ်ဆိုလဲ ရပေမယ့်ကျွန်တော်က တော့ tdc မှာပဲ( ပါဝါစတုတ် အစ) မှာအမှန်ချိန်ပါတယ် 0.15 in -- 0.25 ex ပါ။ ကဲကဲ ပိုင်ရှင်တွေဘက်ပြန်သွားရအောင်ဗျာစီးသူတွေအနေနဲ့ကလဲ ရေပြန်ဘူးဟာ ညာဘက်ဘေးဖုံးအောက်မှာရှိတာမို့ ရေလျော့လား တိုးနေလား သတိထားကြည့်သင့်ပါတယ်။

S4 ပေးသောသင်ခန်းစာများ အတော့်ကိုစုံသလောက်ရှိနေပီမို့ ဒီလောက်နဲ့ပဲ နားကြတာပေါ့ဗျာ။ ပုံလေးတွေကြည့်သွားပါ။
အားလုံးပဲဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။
============================
.appk

19/07/2022
Photos from NGO Jobs for Myanmar Nationals's post 30/06/2022

Website