Christmas Eve Gift Han Seung Woo - 한승우 Myanmar

Christmas Eve Gift Han Seung Woo - 한승우 Myanmar

Myanmar Fanpage for 한승우-Han Seung Woo. We will try as much as we can to receive much love and

09/05/2023

[📢] HANSEUNGWOO OFFICIAL CHANNEL OPEN💜

🌳Twitter
https://twitter.com/HanSeungWoo_twt

🌳STAFF Twitter
https://twitter.com/SeungWoo_STAFF

🌳Facebook
https://www.facebook.com/hanseungwoo.official

🌳Instagram
https://www.instagram.com/hanseungwoo_official

Like and Follow လုပ်​ပေးကြပါဦးရှင်🥳💛

#한승우

[📢] HANSEUNGWOO OFFICIAL CHANNEL OPEN💜

🌳Twitter
https://twitter.com/HanSeungWoo_twt

🌳STAFF Twitter
https://twitter.com/SeungWoo_STAFF

🌳Facebook
https://www.facebook.com/hanseungwoo.official

🌳Instagram
https://www.instagram.com/hanseungwoo_official

#한승우

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 20/04/2023

[Info] ဒီမနက် IST entertainment က​နေပြီး​တော့ Victon အဖွဲ့ဟာ စာချုပ်သက်တမ်းကုန်ဆုံးပြီး​နောက် အသစ်ဆက်မချုပ်​တော့မယ့်အ​ကြောင်း ​ကြေငြာခဲ့ပါတယ်။

အ​သေးစိတ်နဲ့လိုရင်းက​တော့ Byungchan, Subin and Hanse တို့က စာချုပ်အသစ်ဆက်မချုပ်​တော့ပါဘူး။ Seungsik and Sejun က​တော့ စစ်မှုထမ်းကိစ္စ​တွေ​ကြောင့် စာချုပ်သက်တမ်းက ကျန်ရှိ​နေဦးမှာဖြစ်ပြီး SeungWoo ဟာလည်း ​အလားတူပဲ လော​လောဆယ်မှာ​တော့ စစ်မှုထမ်းပြီးခါစမို့ စာချုပ်သက်တမ်းကျန်ရှိ​နေပြီး ကျန်ရှိ​နေ​သေးတဲ့ကာလကို scheduled activites နဲ့solo activities ​တွေ လုပ်သွားမယ်လို့​ပြောပါတယ်။

လက်ရှိမှာ Seungsik က မတ်လ ၂၂ က​နေ စတင်စစ်မှုထမ်း​နေပြီဖြစ်ပြီး Sejun က ဇွန်လ ၁၃ မှာ စတင် စစ်မှုထမ်းမှာဖြစ်ပါတယ်။

ဆို​တော့ မကြာခင်မှာ Seungwoo တစ်​ယောက်တည်း ထီးထီးကြီး ကျန်​နေ​တော့မှာဖြစ်ပြီး စစ်ထဲကပြန်ထွက်လာတည်းက 1st Look Magazine Photo Shoot ကလွဲ ဘာမှထူးထူး​ထွေ​ထွေ ထွက်မလာရတဲ့အ​ကြောင်းရင်းကိုသိရပါပြီ။ မကြာခင်မှာ Solo နဲ့ပတ်သက်တဲ့ Activity ​တွေ ​ကောင်း​ကောင်း​လေး လုပ်​ပေးပါ​စေလို့ ​မျှော်လင့်​ပါ​တယ်။

Member အသီးသီးလည်း ​Company အသစ်​တွေမှာ အခုထက်ပိုမို​ကောင်းမွန်တဲ့ ပန်းခင်းလမ်းကို ​လျှောက်နိုင်ကြပါ​စေရှင်။ 🙌💫

[Not related with page but Rest in peace MOONBIN and deepest condolences to his family, astro family, friends and all arohas]🥀

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 27/01/2023

𝐅𝐢𝐧𝐚𝐥𝐥𝐲 𝐡𝐞 𝐢𝐬 𝐁𝐀𝐂𝐊!!😭😭🥳
ဒီလိုမြင်လိုက်ရ​တော့ တစ်နှစ်ခွဲဆိုတဲ့အချိန်​လေးကလည်း ဖြုတ်ခနဲကုန်သွားသလိုပါပဲ🤭🥰
Congrats on your discharge ပါကွယ်🥺💜
အများကြီးတာ၀န်​ကျေခဲ့ပါပြီ။
အနာဂတ်မှာလည်း လှပတဲ့အမှတ်တရ​အသစ်​တွေ တူတူဖန်တီးသွားကြမယ်။💜
#한승우

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 26/04/2022

220426 IG Update & Victon1109 IG Update

Hair Style ကအစ ကလေးလေးပါဆိုမှ Pose လေးတွေကလည်း အူယားစရာလေး🌲💚💙🤍

24/04/2022

Finally Wooya Singing Content 🥺💜

သူ့မှာ အားလပ်ရက်လေး ခဏရတုန်းတောင် ကိုယ်‌ေတွကို သီချင်းလာဆိုပြတာနော်🥺ဒီလိုပုံစံလေးကို မမြင်ရတာ တစ်နှစ်တောင် ပြည့်ရော့မယ်🥺💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 24/04/2022

220424 IG Update 🌌⛰️🌲💮

အားလပ်ရက်မှာ Camping ထွက်ရင်း အချိန်တွေ ကောင်းကောင်းကုန်ဆုံးနေတာ 💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 21/04/2022

220421 Update 💙✨

အားလပ်ရက်ရလာလို့ အပြင်လျှောက်လည်နေပြန်ပြီ ထင်ပါတယ်💙

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 16/04/2022

ထူးဆန်း‌ ထွေလာ Menu ဖြစ်တဲ့ "ခေါက်ဆွဲ" ကို "ပြုတ်"ပြထားတဲ့ ခေါက်ဆွဲပြုတ် vlog လေး အသစ်တင်ပေးထားပါတယ် ယောရောဘွန်း ☺️💙 ၀င်ကြည့်လိုက်ကြပါဦး 🥲

link- https://youtu.be/qbJRyBkE8SM

18/03/2022

အမယ် သူရမ်းကြိုးစားနေဝာာ ကြည့်ပါဦး🤣💜
တစ်နှစ်ခွဲပြီးရင်တော့ ပြန်ထွက်လာဦးမှာပါနော်🥲🥲🥲

Military Academy ရဲ့ 78th Graduation and Commissioning Ceremony မှာပါ။ March 4 ရက်နေ့ထဲက ကျင်းပခဲ့တာပါ။ အပြည့်အစုံက တစ်နာရီခွဲတောင် ကြာပါတယ်။ 🤣👇

https://youtu.be/fdnaT-MO-eA

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 03/02/2022

ATTENTION PLS !

Admin ရဲ့ ဒီ Page လေးက မကြာခင် ဖျက်ချခံရတော့မယ့်အနေအထား ဖြစ်နေပါတယ်။ 😥
အကြောင်းရင်းကတော့ ဆွန်းဝူရဲ့ 2nd Solo Album က သီချင်းတွေကို ဘာသာပြန်တင်ပေးထားတဲ့ထဲက သုံးပုဒ်လောက်က Copyright ငြိပါတယ်ဆိုပြီး Facebook Team ကနေ ဖျက်ချခိုင်းလို့ ဖျက်လိုက်ပါသေးတယ်။ နောက်ပြီး ဆွန်းဝူ enlist တဲ့နေ့က bubble မှာ တင်ပေးတဲ့ ဟာသvideo လေးတစ်ခုကို Admin ပြန်တင်ပေးတာမှာလည်း Copyright ပြင်းပြင်းထန်ထန် ထပ်မိပြန်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Page က Quality အဝါရောင်ကနေ အနီရောင်ထိ တဖြည်းဖြည်းပြောင်းလာခဲ့တာပါ။

ဒီ Page ကြီး ရုတ်တရက်ပျောက်သွားခဲ့ရင် Unpublish လိုက်တာတို့ ၊ Page ဖျက်သွားတာတို့ ထင်နေကြမှာ စိုးလို့ အသိပေးတာပါ။ Admin အနေနဲ့ ရုံးအလုပ်တဖက်နဲ့ 2020 တည်းက run ခဲ့တဲ့ page လေးမလို့ အများကြီး သံယောဇဉ်ရှိပြီး လုံး၀ လုံး၀ ဖျက်ဝာာမျိုး မလုပ်ပါဘူး။ ရုတ်တရက် မတွေ့ခဲ့ရင်တော့ အဲ့တာဖျက်ချခံလိုက်ရလို့ဆိုတာ ပြောပြချင်တာပါ။

နောက်ပြီး Page ကို Review ရေးပေးရင် Quality နည်းနည်း ပြန်တက်လာတယ်လို့ စုံစမ်းရသလောက် သိရပါတယ်
။ Admin ဒီနေ့ Page ထဲ ၀င်ကြည့်လိုက်တဲ့အခါမှာလည်း request review ဆိုတာလေး တက်လာလို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အပန်းမကြီးဘူးဆိုရင် Page ကို Review ရေးသွားပေးကြပါဦးလို့ တောင်းဆိုပါတယ်။ ဒီ Post မှာ ရေးရမှာမဟုတ်ပါဘူးနော်။ Page ထဲကို ၀င်လိုက်ရင် Reviews ဆိုတဲ့ Category အောက်မှာ ရေးရမှာပါ။

Admin အနေနဲ့ကတော့ Page မပျက်သေးတဲ့ထိ Update တွေ တင်ပေးသွားပါမယ်။ ဒီအတောအတွင်း Page ကို Like& Follow လုပ်ထားပေးပြီး ဆွန်းဝူကို စောင့်ကြည့်ပေး၊ ချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ဒီစာကို ဆုံးအောင်ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်နော်💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 31/01/2022

HAPPY CHINESE NEW YEAR ပါဆိုပြီး Victon IG ကနေ ပုံတွေတင်ပေးသွားတဲ့ ကျားကလေးပါ။ 🐅🤎

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 26/01/2022

𝐅𝐢𝐧𝐚𝐥𝐥𝐲 𝐃-𝟑𝟔𝟒 𝐥𝐞𝐟𝐭 !🥺💜

ရက်ပေါင်း ငါးရာကျော်ကနေ တဖြည်းဖြည်းနဲ့ တစ်နှစ်တောင် မကျန်တော့ပါဘူးနော်။ 🤭💜 တစ်လပိုင်းမှာဝောာ့ wooya က မမ sunhwa နဲ့ date လိုက် ၊ stylist m seunghee နဲ့ date လိုက်နဲ့ အများကြီး သက်တောင့်သက်သာနဲ့ ပျော်နေပုံပါပဲ။ တစ်လပိုင်းအတွင်း ထွက်လာခဲ့တဲ့ ပုံတွေကြီး သုံးဆယ်ကျော်ပါတယ်။🤣💜

31/12/2021

[Instagram Story]

"ဒီနှစ်မှာ အားလုံးအလုပ်ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၂ မှာလည်း ကောင်းမွန်တဲ့အရာတွေနဲ့ပဲ ကြုံတွေ့ရပါစေ။ ၂၀၂၁ ထက်ပိုပြီး ပြုံးနိုင်ကြပါစေ။ ၂၀၂၁ ကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့တဲ့ ကျွန်တော့် Fan တွေကို ကျေးဇူးတင်ပါတယ်။ ချစ်တယ် 💜ရာသီဥတုအေးနေပြီ။ နွေးနွေးထွေးထွေး၀တ်ပါ။ လက်ရှိကျန်ရစ်နေတဲ့ ၂၀၂၁ လက်ကျန်လေးကို ကောင်းမွန်စွာ အနားယူပြီး ကုန်ဆုံးရင်း ၂၀၂၂ မှာလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရအောင်။ အခုတောင် အချိန်တွေက ကုန်ဆုံးသွားနေတာမို့လို့ မကြာခင်မှာ ပြန်တွေ့ကြရအောင်။Good night everyone 🌙
Happy New year in advance "

ဆွန်းဝူက IG မှာ သီချင်း cover လေး တင်ပေးထားပါသေးတယ်။ မအားတဲ့ကြားက သေချာလေး ပြင်ဆင်ပေးထားတာနော်။ သွားနားထောင်လိုက်ကြပါဦး 🥺🖤

အားလုံးလည်း Happy New Year ပါ။💜🌳

25/12/2021

𝘍𝘪𝘳𝘴𝘵 𝘚𝘯𝘰𝘸 𝘏𝘢𝘴 𝘊𝘰𝘮𝘦 𝘈𝘨𝘢𝘪𝘯 (어느새 또 첫눈이 와요) 𝘣𝘺 𝘏𝘈𝘕 𝘚𝘌𝘜𝘕𝘎 𝘞𝘖𝘖

ဒီသီချင်းလေးကတော့ မနှစ်က Christmas နေ့မှာ ဆွန်းဝူက လက်ဆောင်အနေနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီဥတု ၊ လက်ရှိစိတ်ခံစားချက်တွေနဲ့တော့ ကွက်တိပါပဲ။ နောက်နှစ်တွေအတွက်ပါ ကြိုတွေးပြီး လက်ဆောင်ပေးခဲ့လား မှတ်ရတယ်။😅 ဒီ Christmas ကိုတော့ ဆွန်းဝူနဲ့တူတူ ဖြတ်သန်းခွင့်မရပေမယ့် သီချင်းလေးကို နားထောင်ကြည့်ရင် အတူတူရှိနေသလို ခံစားရမှာမလို့ tran ပေးလိုက်ပါတယ်။ ❄️🌲💙

ပြီးတော့ အားလုံးလည်း လက်ရှိအခြေနေတွေအရ ပျော်နေတဲ့သူဆိုတာ မရှိသလောက်ရှားမယ်ထင်ပါတယ်။ ပျော်စရာကောင်းတဲ့ christmas , ပျော်စရာကောင်းတဲ့ နှစ်ကူး , ရင်ခုန်စရာကောင်းတဲ့ နှစ်သစ် စတာတွေကို ပိုင်ဆိုင်ရဖို့ ခက်ခဲနေပေမယ့်လည်း အမြဲတမ်း ဒီလိုပဲဖြစ်နေမှာ‌မှ မဟုတ်တာလေနော်။ This too shall pass မို့လို့ တချိန်ကျရင် အဆင်ပြေသွားမှာပါ။ ဒီအထိတောင် ရှင်သန်လာကြပြီးပြီပဲ.. ရှင်သန်လာခဲ့သေးတာပဲ..ဟုတ်တယ်မလား..နောက်လည်း ဒီလိုပဲ အကောင်းတွေပဲလာလာ အဆိုးတွေပဲလာလာ ဖြတ်ကျော်သွားနိုင်မှာပါ။ တူတူအားတင်းထားကြရအောင် 💪
wooya ကိုချစ်တဲ့သူတွေအတွက်လည်း ဒီသီချင်းလေးက နည်းနည်းပဲဖြစ်ဖြစ် စိတ်အပန်းပြေစေဖို့ မျှော်လင့်ပါတယ်🌳💜
အားလုံးပဲ Merry Christmas ပါ 🌲❄️❤️

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 24/12/2021

ဒီနေ့ wooya တို့မောင်နှမက military event တစ်ခုမှာ MC တူတူလုပ်ပေးခဲ့ကြပါတယ်။ မွေးနေ့ကို မမနဲ့အတူ အလုပ်တွေလုပ်ရင်း ဖြတ်သန်းနေတဲ့ ချစ်စရာလူသားလေးပါပဲ။ ❤️

Instagram မှာလည်း ဆွန်းဝူက Story Update ပေးသွားပါတယ်။ 👇

"မပြောင်းမလဲဘဲ အမြဲတမ်းကျွန်တော့်ဘေးနားမှာ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီနှစ်မွေးနေ့မှာလည်း အချစ်တွေအများကြီးကို လက်ခံရရှိပါတယ်။ ဒီလိုမျိုး အချစ်ခံရတိုင်း တွေးမိတတ်ပါတယ်။ ဘယ်တော့များထိ ဒီလိုထပ်ပြီး အချစ်ခံနေရပါ့မလဲ ဆိုပြီး။ ဒါပေမယ့် တစ်ရက်ထက်တစ်ရက် တိုးတိုးပြီး အချစ်တွေလက်ခံရရှိနေရသလိုပါပဲ။ ဒီလိုမျိုး ကျွန်တော်တို့ကြားထဲမှာ အပြန်အလှန်ချစ်နေအောင် ဘာက လုပ်နေတာများလဲ? ထူးဆန်းသလိုပဲနော်။ ကျွန်တော်တတ်နိုင်တာဆိုလို့ ကျေးဇူးတရားကို ရင်ထဲမှာ သိမ်းဆည်းထားရင်းနေထိုင်သွားဖို့ပဲ ရှိပါတယ်။ ဆက်လျှောက်ရမယ့် ဘ၀တစ်သက်တာထိ တန်ဖိုးထားရင်း ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သွားပါမယ်။ Merry Christmas in advance everyone 💜ကျွန်တော့်အတွက် ရှိနေပေးတဲ့ လူသားလေးတွေကြောင့် ပျော်ရွှင်‌နေပါတယ်"

Admin ခဏခဏ တင်ဖူးသလိုပဲ ဆွန်းဝူက သူ့ကို လုပ်ပေးနေတာတွေ အကုန်သိပါတယ်။ ဒီနှစ် မွေးနေ့ဆိုလည်း Covid ကြောင့်ရော ဆွန်းဝူစစ်မှုထမ်းနေတာကြောင့်ရော နိင်ငံတကာက woodan , alice , oneit တွေလည်း ပျော်ပွဲရွှင်ပွဲတွေထက် အလှူတွေ ပိုလုပ်ပေးနေကြတာ တွေ့ရပါတယ်။ ဆွန်းဝူရဲ့ ဇာတိ ဘူဆန်မြို့လေးမှာ အအေးဓာတ် လွန်ကဲမှုဒဏ်ကို ခံစားနေရတဲ့ နေရာတွေအတွက် အနွေးဓာတ်ပေးနိုင်အောင် ကျောက်မီးသွေး/လျှပ်စစ်စွမ်းအင်ဖြန့်ဝေပေးဖို့အတွက် အလှုငွေ ၀မ် 941,224 ဖိုး လှူဒါန်းခြင်း ၊ လူမှု‌ကူညီရေးအဖွဲ့အစည်းတစ်ခုအား ၀မ် 36 သိန်း‌ ကျော် လှူဒါန်းပေးခြင်း ၊ Idol Champ Voting App မှာ အနိုင်ရရှိပြီး Han Seung Woo နာမည်အောက်ကနေ Mask အခုရေ တစ်သောင်းတိတိ လှူဒါန်းခြင်း စတဲ့ အလှူဒါနမျိုးစုံ ပြုလုပ်ပေးနေကြသလို အမေရိကန် ၊ New York မြို့က Timesquare မှာလည်း Birthday Ad ကို တစ်ပတ်ကြာ ပြသထား‌ပေးမှာ ဖြစ်ပါတယ်။ အများကြီး ကြိုးစားပေးခဲ့ကြတဲ့ ချစ်ရတဲ့သူတွေရဲ့ ထွေးပွေ့မှုနဲ့အတူ မွေးနေ့ရှင်လေးလည်း အပြည့်အ၀ ပျော်ရွှင်နေလိမ့်မယ် ထင်ပါတယ်။💜🌳

𝙀𝙑𝙀𝘽𝙊𝙔 𝙒𝙊𝙊𝙔𝘼 𝘿𝘼𝙔 💜🌳✨

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 24/12/2021

ယနေ့ကျရောက်တဲ့ မွေးနေ့ရှင်လေး HAN SEUNG WOO အတွက် Admin တို့ Christmas Eve Gift HSW Myanmar ကနေ ကောက်ခံရရှိခဲ့တဲ့ အလှူ‌‌ငွေ(၇၀,၀၀၀) ကျပ် ကို ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းထံ ၃၅,၀၀၀ ကျပ် နဲ့ Saved The Aged ဘိုးဘွားရိပ်သာထံ အလှူငွေ ၃၅,၀၀၀ ကျပ်တို့ကို အသီးသီး ခွဲဝေလှူဒါန်း‌ပေးခဲ့ပါတယ်။ 💜

အခုလိုခက်ခဲတဲ့ကာလကြီးမှာ ဆွန်းဝူအတွက် စေတနာထက်သန်စွာနဲ့ နည်းများမဆိုပါ၀င်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Admin ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။
ဟိုးအစကတည်းက ဆွန်းဝူနဲ့အတူရော ၊ Eve Gift HSW Myanmar နဲ့ပါအတူတူရှိနေပေးပြီး ယုံယုံကြည်ကြည်ပါ၀င်လှူဒါန်းပေးခဲ့ကြလို့လည်း‌ ထပ်မံကျေးဇူးတင်ပါတယ်။ 💜🌳

အနာဂတ်မှာလည်း တတ်အားသရွေ့ ဒီအဖိုးတန်လူသားလေးအတွက် အတူတူရှိပေးသွားကြရင်း အမှတ်တရတွေအတူတူထပ်ဖန်တီးသွားချင်ပါသေးတယ်ရှင်။
ကျေးဇူးတင်ပါတယ် ။ 💜🤍🌳

24/12/2021

မွေးနေ့မှာ ကိုယ်တွေကို လက်ဆောင်ပြန်ပေးသွားပြန်တဲ့ wooya ပါ။ 🤣💜

ဘယ်တည်းက ကြိုရိုက်ထားမှန်းမသိပေမယ့် Video ထဲမှာတော့ သူ့ရဲ့မွေးနေ့ပါဆိုပြီး Birthday cake နဲ့ မီယောဂုဟင်းရည် ချက်နေတဲ့ ၁၅ မိနစ်စာ Video လေးကို တင်ပေးထားပါတယ်။ အချိန်မရတဲ့ကြားက လုပြီး သူမရှိတဲ့ချိန် လစ်ဟာနေမယ့် ကွက်လပ်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားတာပါ။ 🥺💜🌳

https://youtu.be/JBBgBni_XRQ

23/12/2021

လွန်လေပြီးတဲ့ ၂၇ နှစ်တုန်းက Christmas မရောက်ခင် တစ်ညနေအလိုမှာ ဘုရားသခင်ရဲ့အလိုတော်အရ ပြီးပြည့်စုံမှုတွေ ၊ ကောင်းခြင်းအဖြာဖြာတွေနဲ့ ခြံရံပြီး မွေးဖွားလာတဲ့ လူသားလေး တစ်ယောက်ရှိပါသတဲ့။

ကာရာအိုကေ ဆိုရင်း သူငယ်ချင်းတစ်‌‌ယောက်က အသံ ကောင်းတယ်လို့ ချီးကျူးတာကို ကြားရပြီးတဲ့နောက် IDOL ဖြစ်ချင်လာပြီး ဒုတိယအိပ်မက်ဖြစ်တဲ့ IDOL ကို အကောင်အထည်ဖော်ဖို့ မိဘသဘောမတူတဲ့ကြားက တစ်ယောက်တည်း ဆိုးလ်မြို့ကိုတက်လာရင်း အခက်အခဲတွေအများကြီး ကြုံခဲ့ရပါတယ်။ ဒီအခက်အခဲတွေကို ဘယ်သူ့ကိုမှ မပြောထွက်လို့ အံကြိတ်တောင့်ခံခဲ့ပါတယ်လို့လည်း အင်တာဗျူးတစ်ခုမှာဖွင့်ပြောခဲ့ဖူးပါတယ်။ အရွယ်နဲ့မလိုက်‌အောင် မျိုသိပ်တတ်တဲ့ ၊ တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့ ၊ သူ့ကြောင့် သူများကို စိတ်မညစ်စေချင်တဲ့ အကျင့်လေးက trainee သင်တန်းသားလေး ဘ၀မှာတည်းက ရှိခဲ့တာထင်ပါရဲ့။

Role Model ကို G Dragon လို့ပြောပြခဲ့ပေမယ့် Idol တစ်ယောက်အနေနဲ့ သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်က ရိုးစင်းလွန်းပါတယ်။ Stage ပေါ်မှာ အကကောင်း ၊ အဆိုကောင်းတဲ့လူ ဆိုတာထက် သူကိုယ်တိုင်ဖန်တီးတဲ့သီချင်းတွေကို နားထောင်ပြီး လူ‌‌တွေအတွက် နှစ်သိမ့်ပေးနိုင်တဲ့လူ ၊ ပျော်ရွှင်စရာတွေ ဖန်တီးပေးနိုင်တဲ့လူ ဖြစ်ချင်ပါတယ်တဲ့။ ကံတရားက မျက်နှာသာမပေးလည်း ဦးတည်ချက်မ‌ပျောက်သွားဘဲ အမြဲတမ်းလိုလို အကောင်းဆုံးဆိုတာထက် ပိုပြီး ကြိုးစားနေခဲ့တဲ့ အစ်ကို့ကို ကြည့်ရတာ သင်ယူစရာတွေလည်း အများကြီးရခဲ့တာပါပဲ။

ဘ၀မှာ ကောင်းမွန်တဲ့အရာတွေ အများကြီး မကြုံတွေ့ခဲ့ရရင်တောင် အနည်းဆုံးတော့ Han Seung Woo ဆိုတဲ့ လူသားလေးကို သိခွင့်ရခဲ့ပါသေးတယ်ဆိုတဲ့ စိတ်နဲ့ ဖြေသာရာရပါတယ်။ ဒီစာလေးက မွေးနေ့ကို ချီးကျူးဂုဏ်ပြုဖို့ ဆိုတာထက် ဆုံသိခွင့်ရခဲ့သမျှ ကာလပတ်လုံး စိတ်ကို ကြည်သာစေခဲ့တဲ့ လူသားလေးတစ်ယောက်ကို ကျေးဇူးတင်လို့ရေးတဲ့စာဆို ပိုမှန်ပါလိမ့်မယ်။

အလုပ်လုပ်ရတာ ဘယ်တော့မှ တင်းတိမ်တယ်မရှိတဲ့ အစ်ကို့အဖို့ ဒီအချိန်မှာ စစ်မှုထမ်းသွားလိုက်ရတာကို နှမြောနေပေမယ့် ကိုယ်တွေအတွက်ကတော့ ဒီလောက်နဲ့တင် လုံလောက်တာထက်ပိုနေပါပြီ။ ရှေ့ဆက်ပြီး လုပ်ချင်တာမှန်သမျှကို စိတ်ချမ်းချမ်းသာသာနဲ့ လုပ်နိုင်ရဖို့သာ အရေးကြီးဆုံးဖြစ်တဲ့အတွက် စစ်ထဲက ပြန်ထွက်လာရင်လည်း ပုံမှန်စား ၊ ပုံမှန်အိပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေပေးရင် ကျေနပ်ပါပြီ။

မွေးဖွားလာပေးလို့ ကျေးဇူးတင်သလို အမြဲတမ်း ဂုဏ်ယူရအောင် ၊ လေးစားရအောင် ၊ မြတ်နိုးသထက် မြတ်နိုးမိအောင် နေပေးလို့ ကျေးဇူးတင်ပါတယ်။ ချစ်တယ်။ နှစ်တိုင်း နှစ်တိုင်းမှာ ပျော်စရာအကောင်းဆုံး မွေးနေ့တွေကိုပဲ ပိုင်ဆိုင်နိုင်ပါစေ။ ✨💜🌳

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 23/12/2021

2021 Year End Military Music Concert က MC လေး Han Seung Woo ပါ။ 💜

ဘယ်နေရာရောက်ရောက် fully booked&busy ဖြစ်နေတော့တာပဲ 🤣✨💜

wooya နဲ့တူတူMC တွဲလုပ်ပေးနေရတာကတော့ Announcer Lee Hyo Jin ဖြစ်ပါတယ်။ "Han Seung Woo who has good manner and skill" ဆိုပြီး IG မှာ Update ပေးထားလို့ proud woodan mood on နေရပါပြီ။ ဆရာသမားတို့ကတော့ ခဏလေးအလုပ်တွဲလုပ်ရတဲ့သူဆီကတောင် ချီးကျူးစကား ကြားနေရသောပါပဲ။💜

p.s- မနက်ဖြန်ဆိုရင် ဆွန်းဝူမွေးနေ့ရောက်ပြီမလို့ birthday donation မှာ အတူပါ၀င်လှူဒါန်းချင်သူတွေအနေနဲ့ ဒီနေ့ညလောက် နောက်ဆုံးထားပြီး လာလှူပေးကြပါဦးနော်။ 💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 18/12/2021

Instagram Update from -daily 💗

ဆွန်းဝူရဲ့ မမကတော့ ပထမဆုံးကျတဲ့နှင်းကို မောင်လေးဆီ တူတူသွားကြည့်တယ်ထင်ပါရဲ့ 🤣💜

"အငယ်ဆုံးလေး"
"အငယ်ဆုံးမောင်လေး 👶"

မောင်လေးအကြောင်း တင်တိုင်း 👶 ဒီ emoji လေးနဲ့ 🤣💗

ဘာလိုလိုနဲ့ မိုးရာသီလောက်မှာ စစ်မှုထမ်းဖို့သွားခဲ့ဝာာ ခုတော့ ဆောင်းရာသီတောင် ရောက်နေပါရော့လားကွယ်။ အချိန်တွေ ကုန်တာ မြန်လိုက်တာ။

ဒီဇင်ဘာလကို ထည့်မတွက်ရင် ဆွန်းဝူပြန်လာဖို့ တစ်နှစ်လောက်ပဲ လိုတော့တာပါ 💜

16/12/2021

Hello~ Admin ဆီကို Fade Out Album လေး ရောင်းချင်တယ်ဆိုပြီး လာပြောထားတာလေးရှိလို့ပါ။

Poster + ပြထားတာအားလုံး ၂၂၀၀၀ ပါတဲ့။

တစ်ခုချင်းစီဆိုလည်း ခွဲရောင်းပေးပါမယ်တဲ့။ ၀ယ်ချင်ကြတဲ့သူများရှိရင် Page CB မှာ ဈေးလာညှိနိုင်ပါတယ်နော်။ 💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 11/12/2021

Photo By ဆိုပြီး X1 Manager Acc ကို tag ထားတာမလို့ X1 Manager Nim ရိုက်ပေးထားတဲ့ပုံလေးတွေပါ💜✨

ဆွန်းဝူ တလောက နားလပ်ရက်ရတုန်းကလည်း တခါတွေ့ကြပါသေးတယ်။ စစ်မှုမထမ်းခင်ကလည်း တခါ တွေ့ထားတော့ ဒီတလောမှာကို သုံးခါလောက် ရှိနေပါပြီ။ 🥺💜Manager ဆိုတာထက်ပိုတဲ့ ညီအကိုလို ၊ မိသားစု၀င်လို မျိုးကို ချစ်ခင်ပေး ဂရုစိုက်ပေးတဲ့သူပါပဲ 💖

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 07/12/2021

Covid Christmas အမည်ရတဲ့ သီချင်းလေးရဲ့ lyrics တွေ တင်ထားပါတယ်။ သူရေးထားတာပဲနဲ့ တူပါရဲ့ 🥺🎄
နောက်တစ်ပုံကတော့ ဒီသီချင်းလေး ဆိုနေတာကို တစ်ယောက်က ပြန်တင်ပေးထားတာပါ။ 🎄💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 07/12/2021

မနေ့က IG Story မှာ ဆွန်းဝူက "ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။ heartu 💜 မင်းတို့တကယ် အရမ်းကြိုးစားခဲ့ကြပါတယ်" ဆိုပြီး တင်သွားပါတယ်။ 💜

အကြောင်းရင်းကတော့ Newyork Time Square မှာ ဆွန်းဝူမွေးနေ့အတွက် Birthday Ad ကို တစ်ပတ်ကြာ ထားခွင့်ရမယ့် Whosfan voting မှာ 1st place ကို အနိုင်ရရှိသွားလို့ပဲ ဖြစ်ပါတယ်။ 🎉🎊💜

Voting မှန်သမျှ သိမ်းကြုံး ကြိုးစားပေးနေတဲ့ woodan တွေရယ် ဘာလေးဖြစ်ဖြစ် တပ်ထဲကနေ သူအကုန်သိနေပါတယ်ဆိုပြီး post တွေတင်တင်ပေးတဲ့ wooya ရယ် တကယ်နွေးထွေးပြီး ချစ်စရာကောင်းသောပါပဲ 💜

Admin တို့လည်း မွေးနေ့အလှူလေး လုပ်ပေးဖို့ ရှိပါတယ်။ အသေးစိတ်ကို ဒီ post မှာ ၀င်ဖတ်ကြည့်ပေးပါနော်
https://www.facebook.com/105357427736988/posts/439134677692593/

01/12/2021

𝐇𝐀𝐍 𝐒𝐄𝐔𝐍𝐆 𝐖𝐎𝐎 𝟐𝟖𝐓𝐇 𝐁𝐈𝐑𝐓𝐇𝐃𝐀𝐘 𝐃𝐎𝐍𝐀𝐓𝐈𝐎𝐍 𝐏𝐑𝐎𝐉𝐄𝐂𝐓 ✨💜❄️

အားလုံးပဲ စာလေးတစ်ချက်လောက် ဖတ်‌ပေးကြပါဦးနော်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျရောက်မယ့် ဆွန်းဝူရဲ့ ၂၈နှစ်ပြည့် မွေးနေ့‌လေးအတွက် Admin အနေနဲ့ Birthday Donation Project ပိစိလေး တစ်ခုပြင်ဆင်ထားပါတယ်။

နိုင်ငံရေးအခြေနေတွေအရရော Covid ရောရှိနေတာကြောင့် အပြင်မှာ celebrate လုပ်လို့ရမယ့် Cup sleeve event မျိုး မလုပ်ဖြစ်တော့ပဲ အားလုံးလည်း ကုသိုလ်ရအောင်၊ ဒီကာလကြီးမှာ ခက်ခဲနေတဲ့ သက်ကြီးဘိုးဘွားရိပ်သာတစ်ခုခုကိုဖြစ်ဖြစ် ၊ စွန့်ပစ်ခံ နာမကျန်းဖြစ်နေတဲ့ ခွေးလေး ကြောင်လေးတွေကို ကျွေးမွေးစောင့်ရှောက်ပေးနေတဲ့ Animal Shelter လေး တစ်ခုခုကို ဖြစ်ဖြစ် အလှူဒါနလေး ပြုလုပ်ပေးချင်ပါတယ်။ ပါဝင် လှူဒါန်းချင်တယ်ဆိုရင်တော့ Page CB မှာ လာရောက်လှူဒါန်းနိုင်ပါတယ်‌‌နော်။ 💜

အလှူငွေကို Dec 1 ကနေ Dec 23 ရက်ထိ လက်ခံပေးသွားပါမယ်။ ဒီကြားထဲ ပိုက်ဆံစုချင်တဲ့သူတွေလည်း ရှိလောက်တာမလို့ Admin လ အစပိုင်း တည်းက တင်ပေးတာဖြစ်ပါတယ်။ နည်းတယ် များတယ် မရှိပဲ လှူချင်တဲ့ စိတ်ကသာ အဓိကမလို့ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ပါတယ်‌ နော်။ 💜

သိချင်တာရှိသေးရင် Page CB မှာ လာမေးလို့ရပါတယ်‌နော်။ ကျေးဇူးတင်ပါတယ် ✨💜

28/11/2021

211128 [Instagram Story]

"ရာသီဥတုက တဖြည်းဖြည်း အေးစပြုလာပြီ။ ‌နွေးထွေးစေမယ့် အ၀တ်အစားတွေကိုပဲ သေသေချာချာ ၀တ်ဆင်ပြီး ကျန်းမာရေးကိုလည်း သေချာပေါက်ဂရုစိုက်ပါ။ နောက်တစ်ပတ်အတွက် အားတင်းထားရအောင်။ ပိုကောင်းတဲ့ နေ့ရက်တွေ ရောက်လာဖို့ မျှော်လင့်ရင်း 🙏"

ပုံစံက ချစ်စရာကောင်းနေတဲ့ စစ်သားကြီး wooya ဖြစ်နေပါပြီ 🤣💜

27/11/2021

အသံထွက်အမှန်က ဘယ်လိုယဲ ဘယ်ဟာယဲ 😞

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 27/11/2021

[Instagram]

SeungWoo ရဲ့ Stylist တင်ပေးထားတဲ့ ပုံလေးတွေပါ 🤣💜
ဆရာသမားက တဆိတ်ရှိ သူ့ကိုယ်သူ အသက်ကြီးနေပါပြီဆိုပြီး ညည်းနေတတ်ပေမယ့် တကယ်က big baby ကြီး ဖြစ်နေတာပါ ချစ်စရာကြီးရှင်🤣💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 26/11/2021

[Victon Instagram]

" 🐶🤳
📸[💜Again , Han Seung Woo]
IU- (COVER) Behind 🌳

✏️ဆွန်းဝူသယ်ဆောင်လာပေးတဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ သီချင်းလေးနဲ့ တစ်နေ့တာကို သက်တောင့်သက်သာ ရှိစွာ ကုန်ဆုံးနိုင်ပါစေ🧤🧣"

Admin's Note - ဆွန်းဝူက 2nd Solo Mini Album ကို အချိန်သုံးပတ်လောက်နဲ့ ကတိုက်ကရိုက် အမြန်ပြင်ဆင်ခဲ့ရတာပါ။ စစ်မှုထမ်းဖို့ အသိပေးစာရောက်လာပြီးမှ Album ထုတ်ဖို့ စပြင်ဆင်လိုက်ရတာ ဖြစ်လို့ Schedule တအားကြပ်ပြီး တအားပင်ပန်းနေတာတောင် အိပ်ချိန် ၊ စားချိန် ၊ နားချိန်တွေ လျှော့ပြီး ကိုယ်တွေအတွက် ဒီလိုမျိုး Video Content လေးတွေ ပြင်ဆင်ပေးခဲ့တာပါ။ ကိုယ်တွေအပေါ် စေတနာ ထားလွန်းတဲ့ သူ့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ Cover လေးကို သေချာနားထောင်ပေးကြပါဦးနော် 💜🌳 Admin အနေနဲ့ mm sub တင်ပေးချင်ပေမယ့် Page က 2nd mini solo album က သီချင်းတွေတောင် Warning တွေထိပြီး အကုန်ဖျက်ချခံထားရလို့ ထပ်တင်ဖို့ အဆင်မပြေတော့လို့ပါ။ 🙏 သီချင်းလေးကတော့ ဆွန်းဝူပြောထားသလိုပဲ သေချာပေါက် သက်တောင့်သက်သာ ရှိစေတဲ့ သီချင်းမလို့ နားထောင်လိုက်ရင် တစ်နေ့တာကို စိတ်အပန်းပြေစေဖို့ အာမခံပါတယ်။ 💜🎶

📎 https://youtu.be/Fl1rKRYgsK0

#승우

25/11/2021

ကိုယ်တွေကို ဘယ်တော့မှ အကြာကြီး လွမ်းနေရအောင် မထားခဲ့တဲ့ ဟန်ဆွန်းဝူပါပဲ 🥺💜 IU ရဲ့ KNEES ကို Cover ပြန်ဆိုထားတာ ဖြစ်ပါတယ်။ အများကြီး နားထောင်ပေးကြပါဦးနော် 💜

21/11/2021

“Weekend က ပြီးတော့မယ်။ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ရဲ့လား။ ဖုန်နည်းနည်းထူ‌ နေတော့ ဘယ်သွားသွား mask တပ်ဖို့ မမေ့ပါနဲ့။ ကျန်နေ‌သေးတဲ့ ပိတ်ရက်ကို ကောင်းမွန်စွာ ကုန်ဆုံးပြီး မနက်ဖြန်အတွက် အားတင်းထားရအောင်"

211121 Military bubble, on behalf of Wooya 💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 20/11/2021

Vixx အဖွဲ့၀င် Ken ရဲ့ IG Update က wooya လေးပါ။ ❤️ နှစ်ယောက်သားက အခုမှ စသိတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားပါပဲ။ အရမ်းတွေ ခင်နေကြတာ 😂❤️

Ken က တလောက Wooya နဲ့တူတူ Red Sunset သီချင်းကို ဆိုဖူးပါသေးတယ် ❤️❤️ -https://www.facebook.com/105357427736988/posts/415884080017653/

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 19/11/2021

IG Update လေးနဲ့ ပြန်လာပါပြီ 😭❤️
Caption -"ပုံတွေချန်ခဲ့မယ်💜"

Uniform ကြီးက ခန့်ညားသလောက် မျက်နှာလေးက ချစ်စရာလေး ဖြစ်နေတော့တာပဲကွယ် UwU ❤️❤️

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 19/11/2021

ဆွန်းဝူမွေးနေ့အတွက် HSW GALL ကနေ ဦးစီးပြုလုပ်ပေးတဲ့ "𝑾𝒆'𝒓𝒆 𝒉𝒆𝒓𝒆, 𝒂𝒍𝒘𝒂𝒚𝒔" Title နဲ့ Bus Shelter Ad တွေပါ။ 💕

ဆောင်း၀င်စပြုလာတဲ့ ဟန်းဂုမြေရဲ့ လမ်းမတွေထက်မှာ အဝါရောင်ရွက်ကြွေတွေနဲ့အတူတူ ဆောင်းရာသီမှာ
မွေးဖွားလာတဲ့ ကောင်လေးရဲ့ မွေးနေ့ကို ကြိုဆိုနေကြပါပြီ 🍂🍁

ဒီ Ad တွေကို ဆွန်းဝူမွေးနေ့အထိ ထားပေးမှာ ဖြစ်ပါတယ်။

ctto.

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 16/11/2021

[Info] 𝐅𝐑𝐎𝐌 𝐏𝐋𝐀𝐘𝐌 𝐓𝐎 "𝐈𝐒𝐓' 𝐄𝐍𝐓𝐄𝐑𝐓𝐀𝐈𝐍𝐌𝐄𝐍𝐓

ဆွန်းဝူရှိနေတဲ့ Play M Ent ဟာ Nov 1 နေ့မှာ Cre.ker Ent နဲ့ ပူးပေါင်းပြီး "IST" အမည်ရတဲ့ Entertainment အသစ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ Play M နဲ့ Cre.ker Ent တွေဟာ KakaoM လက်အောက်က subsidiary company တွေဖြစ်တာကြောင့် ဒီပူးပေါင်းမှုကိုလည်း Kakao M ကပဲ ပြုလုပ်ပေးတာဖြစ်ပါတယ်။

ပူးပေါင်းရခြင်းရည်ရွယ်ချက်ကတော့ ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှု‌ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ပေးသွားဖို့ ဖြစ်ပြီး Creative & meaningful contents တွေနဲ့အတူ Artist နဲ့ Fan တွေကြား ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်ဖို့နဲ့ Global market ကို ထိုးဖောက်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။

PlayM Ent လက်အောက်က Artist တွေဖြစ်တဲ့ Apink , Victon , Weeekly , Bandage နဲ့ Cre.ker Ent ရဲ့ Artist ဖြစ်တဲ့ The Boyz တို့ဟာလည်း အခုဆိုရင် IST Entertainment လက်အောက်မှာ တစုတစည်းတည်း ဖြစ်သွားပါပြီ။ Management Division တွေ ပြန်ခွဲထားပြီး Victon ကတော့ Apink နဲ့အတူ Division 2 မှာ ဖြစ်ပါတယ်။ နောက်ပိုင်း Artist နဲ့ ပတ်သက်ပြီး Mail ပို့စရာ ရှိရင် ပုံပါ mail ‌တွေကို ပို့နိုင်ပါတယ်။

ဆွန်းဝူကတော့ လက်ရှိမှာ စစ်မှုထမ်းနေဆဲ ဖြစ်ပါတယ်။ ပြန်လာတဲ့အခါ IST ent လည်း ပြုပြင်ပြောင်းလဲမှု အသစ်တွေမှာ အသားကျနေပြီး ပိုမိုကောင်းမွန်တဲ့ management တွေ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

15/11/2021

ဘုရားစူး လူတစ်ယောက်တည်းကနေ ထွက်လာတဲ့ အသံစုံပါ 🥲💜

ctto.

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 14/11/2021

"ပိတ်ရက်ကို ကောင်းကောင်း ကုန်ဆုံးခဲ့ရဲ့လား။ အချိန်တွေက ဘယ်လိုတောင် မြန်မြန်ကုန်နေတာပါလိမ့်။ မကြာခင် Monday ပြန်ရောက်တော့မှာပဲ။ ကျန်နေတဲ့ အားလပ်ရက်ကို ကောင်းကောင်း ကုန်ဆုံးပြီး လာမယ့်အပတ်အတွက် အားမွေးထားရအောင်!! ကျွန်တော် ယောရောဘွန်းတို့ အားလုံးကို ပိုပြီး ကောင်းမွန်တဲ့ ပတ်၀န်းကျင်နဲ့ ပိုပြီး အခွင့်အလမ်းသစ်တွေနဲ့ မြန်မြန်ပြန်တွေ့ချင်နေပြီ။ ဒီနေ့လည်းပဲ အများကြီးလွမ်းနေပါတယ်။ တွေ့ချင်နေပါတယ်💜
ဒီနေ့ ကျွန်တော် first visitor ရခဲ့တယ်"

[Fancafe] Military bubble , on behalf of WOOYA 💜

ကောင်းကောင်း ဖြတ်သန်းနေတဲ့ စစ်သားကြီးပါပဲ။ ချစ်လိုက်တာ 💜💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 14/11/2021

ချစ်တယ်။ ပြီးတော့ လွမ်းတယ်။ 💜
ဒီလကုန်ဆို လေးလ တောင် ပြည့်ပါပြီ။
အချိန်တွေကုန်တာ တခါတလေ မြန်သလိုလို တခါတလေလည်း ကြာသလိုလိုပါပဲ။ အရမ်းလွမ်းတဲ့အချိန်တွေကျ တော်တော်ကြာသလိုခံစားရပြီး စောင့်နိုင်ပါတယ်လို့ အားမွေးလိုက်တဲ့အချိန်ကျ မြန်သွားသလိုပါပဲ။

Fancafe မှာတော့ စာတွေ နေ့တိုင်းနီးပါး ပို့နေတာမလို့ fancafe ကိုလည်း join ထားကြပါဦး 💜

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 12/11/2021

"OLD DAYS" ဆိုပြီး IG Update ပေးသွားတဲ့ စနူပီလေးပါပဲ။ 🥺💜
အများကြီး လွမ်းနေပါပြီ အစ်ကိုရေ (╥﹏╥)

Photos from Christmas Eve Gift Han Seung Woo - 한승우 Myanmar's post 03/11/2021

"နို၀င်ဘာမှာလည်း ပျော်ရွှင်ကြရအောင်" 💜 ဆိုပြီး IG Update ပေးသွားပြန်ပါတယ် 😭💜 သူ့ကို လွမ်းနေကြမှန်းသိလို့ မကြာမကြာ ‌‌ပေါ်လာပေးနေတာ ချစ်စရာကောင်းလိုက်တာရှင် (◍•ᴗ•◍)❤

Videos (show all)

Finally Wooya Singing Content 🥺💜သူ့မှာ အားလပ်ရက်လေး ခဏရတုန်းတောင် ကိုယ်‌ေတွကို သီချင်းလာဆိုပြတာနော်🥺ဒီလိုပုံစံလေးကို မမြ...
အမယ် သူရမ်းကြိုးစားနေဝာာ ကြည့်ပါဦး🤣💜တစ်နှစ်ခွဲပြီးရင်တော့ ပြန်ထွက်လာဦးမှာပါနော်🥲🥲🥲Military Academy ရဲ့ 78th Graduation a...
𝘍𝘪𝘳𝘴𝘵 𝘚𝘯𝘰𝘸 𝘏𝘢𝘴 𝘊𝘰𝘮𝘦 𝘈𝘨𝘢𝘪𝘯 (어느새 또 첫눈이 와요) 𝘣𝘺 𝘏𝘈𝘕 𝘚𝘌𝘜𝘕𝘎 𝘞𝘖𝘖ဒီသီချင်းလေးကတော့ မနှစ်က Christmas နေ့မှာ ဆွန်းဝူက လ...
𝐇𝐀𝐍 𝐒𝐄𝐔𝐍𝐆 𝐖𝐎𝐎 𝟐𝟖𝐓𝐇 𝐁𝐈𝐑𝐓𝐇𝐃𝐀𝐘 𝐃𝐎𝐍𝐀𝐓𝐈𝐎𝐍 𝐏𝐑𝐎𝐉𝐄𝐂𝐓 ✨💜❄️အားလုံးပဲ စာလေးတစ်ချက်လောက် ဖတ်‌ပေးကြပါဦးနော်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျရေ...

Website