GGMU

GGMU

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GGMU, Sports League, .

14/11/2022

အင်တာဗျူးတခုမှာ ဆရာသမားကတော့ လူသိရှင်ကြားအခုလို ထုတ်ပြောလာပါပြီ။

Ronaldo 🗣

'' ယူနိုက်တက်က ကျွန်တော့်အပေါ် သစ္စာဖောက်ခဲ့တယ်လို့ ခံစားရပါတယ်။ မန်နေဂျာတင်မဟုတ်ပဲ အသင်းမှာ ရှိတဲ့လူတိုင်းက ကျွန်တော့
ကို အသင်းက ထွက်ခွာသွားဖို့ တွန်းအားတွေပေးခဲ့ကြတာ။ကျွန်တော့အနေနဲ့ သစ္စာ ဖောက်ခံရတယ်လို့ ခံစားရပါတယ်။
တချို့လူတွေဆိုရင် ကျွန်တော့ကို အခုရာသီကတည်းကမဟုတ်ပဲ ပြီးခဲ့တဲ့ရာသီကတည်းက မလိုချင်ခဲ့တာပါ။
ကျွန်တော် တန်ဟတ်ကို လေးစားမှု
မထားနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူကျွန်တော့အပေါ် လေးစားမှုမရှိလို့ပါ။

-Fabrizio Romano

Photos from GGMU's post 13/11/2022

ရူနီ ကို အနာဂတ်နည်းပြအဖြစ် သတ်မှတ်ထားတဲ့ မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ် က အသင်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်ပြီး တိုက်စစ်မှူးဟောင်းလည်း ဖြစ်တဲ့ ဝိန်းရူနီ ကို အသင်းရဲ့ အနာဂတ်နည်းပြ အဖြစ်သတ်မှတ် ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ရူနီဟာ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပုံမှန် လာရောက်ခဲ့တာကြောင့် အခုလိုသတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ၁၃ နှစ်ကြာအောင် ကစားပေးခဲ့တဲ့ ရူနီဟာ အသင်းအတွက် ၅၅၉ ပွဲမှာ ၂၅၃ ဂိုးသွင်းယူပြီး အသင်းသမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် မှတ်တမ်းတင်ထားသူလည်း ဖြစ်ပါတယ်။

လေးစားစွာဖြင့် ပေးပါသည်။🙏🏻🙏🏻🙏🏻

15/08/2022

ယူနိုက်တက်ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့အနေနဲ့ လာမယ့်လီဗာပူးလ်နဲ့ပွဲစဥ်မှာ
ကွင်းအတွင်းကိုသွားရောက်အားမပေးကြဖို့ twitterမှာ campaign တစ်ခုပြုလုပ်နေကြပါတယ်.

Videos (show all)

#Glazerout

Website