Mee Lay Food House

Mee Lay Food House

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mee Lay Food House, Food & Beverage, .

Photos from Mee Lay Food House's post 20/12/2020

Kimchi လေးကိုယ်တိုင်လုပ်စားကြမယ် 😋😋
ကိုယ်တိုင်လုပ်တော့အများကြီးစားရတယ် 👍

လုပ်နည်းလေးကို ဒီ link လေးနှိပ်ကြည့်လိုက်ပါနော်
https://www.facebook.com/105440774492463/posts/169292268107313/
အရင်တခါကတော့တင်ပေးဖူးတယ်နော် 🤩🤩

Photos from Mee Lay Food House's post 28/11/2020

ပိတ်ရက်မှာ လုပ်စားဖြစ်တဲ့
မနက်စာ တို့ဟူးနွေး နဲ့ နေ့လည်စာ အာပူလျှာပူ 😋

Photos from Mee Lay Food House's post 14/11/2020

မင်မင်ရဲ့ Fav ခေါက်ဆင့်ပါထူး 😋😋
အချဉ်လေးက အသက်🤤🤤

Photos from Mee Lay Food House's post 10/10/2020

Avocado Toast 🥑🥑
ထောပတ်သီးဆို ဘယ်လိုလုပ်လုပ်ကြိုက်တယ်
နို့စိမ်းနဲ့စားစား ဖျော်ပဲသောက်သောက်👍👍
ဒီလိုလေးလုပ်စားကြည့်တော့လဲကောင်းနေရောပဲ အမြင်ကလဲစားချင်စဖွယ် စားလို့လဲတမျိုးကောင်း😋😋

Photos from Mee Lay Food House's post 04/10/2020

လုပ်စားရတာလွယ်ကူပြီး စားလို့ကောင်းတဲ့ ကန်စွန်းဥမုန့် 🤩 အာဟာရလဲရှိ💪 အရသာလဲရှိ😋
သားသားမီးမီးလေးတွေကို လုပ်ကျွေးချင်လို့ဖြစ်ဖြစ် မိသားစုတွေကို ကိုယ့်လက်ရာမုန့်လေးလုပ်ကျွေးချင်လို့ဖြစ်ဖြစ် ပုံလေးတွေအောက်မှာလုပ်နည်းလေးတွေရေးပေးထားပါတယ်ရှင် 🤩

Photos from Mee Lay Food House's post 03/10/2020

ရှမ်းပြည်မှာတော့ မနက်စာကို တို့ဟူးနွေး စားကြတာများတယ် 😋😋

ချက်စားကြည့်ချင်သူတွေအတွက် 👇👇
ပါဝင်ပစ္စည်းများကတော့
-ကြက်သွန်ဖြူဆီချက်
-ငရုတ်သီးဆီချက်
-မြေပဲဆံလှော်ထောင်း၊ နှမ်းထောင်း
-နံနံပင်
-ပဲငံပြာရည်အကြည်
-ရှမ်းခေါက်ဆွဲဖတ် (ဆန်စီး လို့လဲခေါ်ကြတယ်)
-တို့ဟူးနွေးကျိုမှုန့် တစ်ထုပ်
-တို့ဟူးနွေနဲ့ကပ်စားဖို့ မုန်ညင်းချဉ်
-အီကြာကွေးတို့ ဝက်ခေါက်တို့ ဆန်လုံးစီကြော်တို့နဲ့လဲကပ်စားလို့ရပါတယ်ရှင့်
ကဲ လိုအပ်တာတွေဝယ်ပြီးပြင်ဆင်ပြီးရင်
တို့ဟူးနွေးစကျိုပါမယ်။
တို့ဟူးနွေးကျိုတဲ့အမှုန့်ဝယ်ရပါမယ် (မွှေး၊ စိန်ကြိုးကြာ၊စိန်ဖြိုးတို့အပြင် တံဆပ်အစုံရှိပါတယ်)။

ညကထဲက ပဲမှုန့်၁ဆ ရေ၁၀ဆ ထည့်မွှေပြီးစိမ်ထားပါ။
မနက်ရောက်ရင် ​ရေကြည်ခပ်ယူပါ ရေကြည်တစ်ခွက် ပဲနှစ်တစ်ခွက်ရပါမယ်။
ခပ်ယူထားတဲ့ အရည်ကြည်ကို ဆနွင်း နဲနဲလေးသာထည့်ပြ်ီးကျိုပါ။
ပွက်ပြီနဲနဲပြစ်လာရင် ပဲနှစ်တွေထည့်ကျိုပါ။
ဆားနဲနဲလေးသာထည့်မွှေပါ။
မိနစ် ၃၀ကျော်လောက်ကျိုပြီးရင် ရပါပြီရှင်။
မီးပြင်းရင်တူးစော်နံတတ်ပါတယ်ရှင် မီးအေးအေးနဲ့ကျိုပါ။
အဆက်မပြတ်မွှေဖို့တော့လိုပါမယ်ရှင်
မင်မင်တို့မိသားစု၃ယောက်အတွက် ပဲမှုန့်ကို ဟင်းရည်သောက်ဇွန်း ၅ဇွန်းပဲကျိုတာ ​လောက်ရောပဲ😋😋

ကျိုပြီးရင် ရှမ်းခေါက်ဆွဲဖတ် အနည်းငယ်ယူပြီး တို့ဟူးနွေထဲထည့်စိမ်ပြီး ပြန်ဆယ်ပါ
ပါဝင်ပစ္စည်းလေးတွေထည့်စားပါ ဆား၊ ဟင်းချိုမှုန့်မိမိလိုသလိုထည့်ပါ။😋😋

Photos from Mee Lay Food House's post 30/09/2020

ညဖက်ကြီး လိုက်ဖက်တာတွေထလုပ်စားနေတာ😁

Photos from Mee Lay Food House's post 20/09/2020

Homemade Kimchi 🤩🤩
Spicy noodle နဲ့စားမလား အသားကင်လေးနဲ့စားမလား ဂွတ်ပဲ😋
ကင်ချီကိုယ်တိုင်လုပ်စားကြည့်ချင်သူတွေအတွက်
မင်မင်လုပ်တဲ့နည်းလေး ပုံအောက်တွေမှာရေးထားပေးပါတယ်နော်💗💗

Photos from Mee Lay Food House's post 19/09/2020

မန်ထိုပေါက်စီ အိအိမွှေးမွှေးလေး 😋😋
ကိုယ်တိုင်လုပ်စားချင်ရင် အောက်ကlink လေးထဲဝင်ကြည့်ပြီးလုပ်စားကြည့်နော်👍👍
မင်မင်ကတော့ အဲ့နည်းအတိုင်း ခနခနလုပ်စားဖြစ်တယ်😋😋
https://youtu.be/W4HMGs-XGC4

Photos from Mee Lay Food House's post 19/09/2020

မင်မင့်လက်ရာ
ဖက်ထုပ်ကြော်၊ ဖက်ထုပ်အရည်၊ ဖက်ထုပ်ဆီချက်😋😋😋🥟🥟🥟
ကိုယ်တိုင်လုပ်စားချင်သူတွေအတွက်ပုံအောက်မှာ မင်မင်လုပ်စားတဲ့နည်းတွေရေးပေးထားပါတယ်နော်😍😍

18/06/2020

ရာသီစာ အင်ဥကြော်လေး 😋😋

တစ်မျိုးထဲနဲ့ ထမင်း၂ပန်းကန်ကတော့အသာလေးပဲ😋😋

အင်ဥကြော်နည်းလေးကတော့...
အင်ဥများကို ရေ၂နာရီလောက်စိမ်ထားပါ..
၂နာရီကြာစိမ်ထားသောအင်ဥများကိုဆယ်ပြီး ရေသေချာထပ်ဆေးပါ..
အင်ဥတွင်ကပ်နေသောမြေကြီးများပြောင်စင်အောင် သွားပွတ်တံနှင့်သေချာပွတ်ဆေးပါ...
ဆေးပြီးသော အင်ဥများကို လှီးပါ...
ဒယ်အိုးထဲဆီထည့်၍ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ...
အင်ဥများထည့်ပါ...
ဆား၊ ဟင်းခတ်မှုန့် လိုသလိုထည့်ပါ...
အင်ဥကျက်လျှင် ငရုတ်သီးစိမ်းများကိုမိမိလိုသလိုထောင်းထည့်ပါ...
ကန်စွန်းရွက်အနည်းငယ်ထည့်ကြော်ပါ..
ကဲ အရသာရှယ်ကောင်းတဲ့ ရာသီစာအင်ဥကြော်လေးရပါပြီရှင်😋😋
မင်မင်ကတော့ ဒီတစ်မျိုးထဲနဲ့ထမင်း၂ပန်းကန်အသာလေးကုန်တယ်😋😋

Photos from Mee Lay Food House's post 24/05/2020

"ရှယ်ငပိရည်"

ပါဝင်ပစ္စည်းတွေကတော့...
ပုစွန်
ပုစွန်ခြောက်
ဒညင်းသီး
ငရုတ်သီး
ကြက်သွန်ဖြူ
ခရမ်းချဉ်သီး
ခရမ်းကတော့သီး

အရင်ဆုံး ငပိရည်ကျိုပြီးစစ်ထားပါ။
ကြက်သွန်ဖြူနဲ့ငရုတ်သီးလှော်၍ ထောင်းထားပါ။
ပုစွန်ခြောက် ရေဆေးပြီးထောင်းထားပါ။
ပုစွန်ကိုအခွံချွတ်ရေဆေးပြီးလှော်ပါ။
ခရမ်းချဉ်သီးပြုတ်ပြီး ချေထားပါ။
ခရမ်းကတော့သီး မကျက်တကျက်ပြုတ်ပါ။
ဒညင်းသီး အစိမ်းကြိုက်လျှင် အစိမ်းခြမ်း၍ထည့်ပါ။ဒညင်းသီးအကျက်ကြိုက်လျှင်ပြုတ်၍ခြမ်းထားပါ။

ထိုထောင်းထားလှော်ထားတာများကို ကျိုထားသောငပိရည်ထဲထည့်ဖျော်ပါ။
ဟင်းခတ်မှုန့် နှင့် ငရုတ်သီးမှုန့် လိုသလိုထည့်ပါ။

အနံ့မွှေးပြီး ဒီတစ်မျိုးထဲ နဲ့ထမင်းစားမြိန်စေမယ့်
"ရှယ်ငပိရည်" လေးရပါပြီရှင် 😋😋

Photos from Mee Lay Food House's post 17/05/2020

"ဝက်နံရိုးမီးတောက်" 💥💥🥘🥘
စပ်စပ်ချဉ်ချဉ် ကြိုက်သူတွေအတွက် ရှယ်ပဲ 😋
ကိုယ်တိုင်လုပ်စားကြည့်ချင်သူတွေအတွက်
ပုံအောက်တွေမှာ ရေးပေးထားပါတယ်ရှင် 😊😊

Photos from Mee Lay Food House's post 16/05/2020

"Snow Pudding" 😋🍰🍰
Dr.Eric Yang ရဲ့နည်းနဲ့လုပ်ကြည့်တာ အရမ်းကောင်း Thanks ပါဆရာ😊😊
ကိုယ်တိုင်လုပ်ကြည့်ချင်ရင် link ဒီမှာနော် 👇👇
https://www.facebook.com/MangoEntertainmentTV/videos/218002989477442/

Photos from Mee Lay Food House's post 09/05/2020

အရသာစိမ့်စိမ့်လေးနဲ့ "ကောက်ညှင်းပဲလိတ်" 😋

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

ကောက်ညှင်းပဲလိတ် ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် 👇👇

အရင်ဆုံးလုပ်ရမှာတွေကတော့...
- မိမိလိုသလိုကောက်ညှင်းမှုန့်ကို ရေအနည်းငယ် ဆန်မှုန့်အနည်းငယ်ထည့်နယ်ပြီး ၁နာရီ သို့မဟုတ် နာရီဝက် နှပ်ထားပါ။
- ကုလားပဲအနည်းငယ်ပြုတ်၍ကြိတ်ထားပါ။ ကြိတ်ထားသောပဲထဲကို ဆားအနည်းငယ်ထည့်ပါ။
- နှမ်းကိုထောင်းထားပါ။ ထောင်းထားသောနှမ်းကို သကြားအနည်းငယ်ထည့်ရောထားပါ။
- အုန်းသီးခြစ်ထားပါ။

အားလုံးပြင်ဆင်ပြီးရင်ကောက်ညှင်းပဲလိတ်စလုပ်ပါမယ်👇👇
- နှပ်ထားသောမုန့်နှစ်ကို ကွမ်းသီးလုံးခန့်ယူ၍လက်ပေါ်တွင်ပြားပါ။
- ပြားထားသောမုန့်နှစ်အလည်တွင် ကြိတ်ထားသောပဲအနည်းငယ်ထည့်၍ လိတ်ပါ။
- ရေနွေးပွက်ပွက်ဆူထဲကိုထည့်ပါ။
- ရေပေါ်ပေါ်လာပြီးကျက်လာသော ပဲလိတ်ကိုဆယ်ပြီး ရေအေးထဲသို့ထည့်ပါ။
- အေးလျှင်ဆယ်ပြီး ခြစ်ထားသောအုန်းသီးနှင့်ကပ်ပါ။
- အုန်းသီးမကြိုက်သူများက ဆယ်ပြီးလျှင်အုန်းသီးမကပ်ပဲ ကပ်ကြေးဖြင့်ညှပ်ပြီး နှမ်းထောင်းလေးဖြူးစားပါ။

ကဲအရသာစိမ့်ပြီး စားလို့ကောင်းတဲ့ ကောက်ညှင်းပဲလိတ်ရပါပြီရှင်

* မုန့်လုံးရေပေါ်နှင့်လုပ်ပုံတူသည်။ အလုံးနှင့်အလိတ်ပဲကွာသည်။ အထဲထည့်သည့် ပဲနှင့်ထန်းလျက်သာ ကွာသည်။ ကျန်တဲ့လုပ်နည်းပုံစံတူပါသည်။
အားလုံးလွယ်ကူအဆင်ပြေစွာ အိမ်မှာလုပ်စားနိုင်ကြပါစေရှင်😊😊
's

Photos from Mee Lay Food House's post 04/05/2020

မာမီ လုပ်ထားပေးတဲ့ ငပိရည်နဲ့တို့စရာအစုံ🤩
ငပိရည်နံ့လေးကလဲမွှေး 🤩
တို့စရာအစုံကလဲ စားချင်စဖွယ်😋😋
ဒီနေ့မှ ထမင်းစားမမြိန်ရင် ဘယ်နေ့မြိန်မလဲနော် 👍

Photos from Mee Lay Food House's post 03/05/2020

အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့
"အာလူးထမင်းနယ်"

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

အာလူးထမင်းနယ် ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် 👇👇

အရင်ဆုံးလုပ်ရမှာတွေကတော့...
-အာလူးအလုံးကြီး ၃လုံး ပြုတ်ပါ။
(အလုံးသေးရင် ၅လုံးခန့်ပြုတ်ပါ)
-ခရမ်းချဉ်သီး ၂လုံးပြုတ်ပါ။
-နနွင်းအနည်းငယ်ထည့်၍ ကြက်သွန်ဖြူဆီချက် ချက်ပါ။

အားလုံးပြင်ဆင်ပြီးရင်ဇလုံထဲတွင်နယ်ပါမယ်...

နယ်မယ့်ဇလုံထဲတွင်
-ပြုတ်ထားသောအာလူးများကို အခွံခွာပြီး ချေပါ။
-ပြုတ်ထားသောခရမ်းချဉ်သီးအခွံနွှာပြီး ချေပါ။
-ထမင်းဖြူ ၃ယောက်စာမှန်း၍ထည့်ပါ။
-ကြက်သွန်ဖြူဆီချက်အနည်းငယ်ထည့်ပါ။
-ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။
-အားလုံးထည့်ပြီးရင် နှံ့အောင်နယ်ပါ။
(စီးစီးလေးဖြစ်နေပါမယ်)

အရသာလေးမြည်းကြည့်လို့ ok ပြီဆိုရင်
အလုံးလေးတွေ အနေတော်လုံးပါ။
ထမင်းနယ်လုံးလေးတွေပေါ် ချက်ထားသောဆီချက်အနည်းငယ်ဆမ်းပါ။

မိမိနှစ်သက်သလို
ဂျူးမြစ်၊ ကြက်သွန်မြိတ်၊ နံနံပင်၊
ငရုတ်သီးတောင့်ကြော်၊ ဝက်ခေါက်၊ အာလူးကြော်၊ ငါးမုန့်ကြော်၊ တို့ဟူးခေါက်ကြော် တို့နှင့် တွဲဖက်စားသုံးနိုင်ပါသည်။

's

Photos from Mee Lay Food House's post 02/05/2020

အရသာရှိပြီး စားလို့ရှယ်ကောင်းတဲ့ Home made ဝက်သားဒုတ်ထိုးလေးပါရှင် 😋😋👍🍢🍡

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် 👇👇

အရင်ဦးဆုံး မိမိစားချင်သည့်
ဝက်သားသုံးထပ်သား၊ ဝက်ကလီစာ၊ ဝက်ခေါင်း၊ ဝက်နားရွက် တို့ကိုရေသေချာအထပ်ထပ်ဆေးပါ။

ပြုတ်မယ့်အိုးထဲသို့
-ဝက်သား၊ဝက်ကလီစာ၊ဝက်ခေါင်း၊ဝက်နားရွက်
-ဂျင်းလက်တစ်ဆစ် ဓါးပြားရိုက်
-ကြက်သွန်ဖြူ ၅မွှာ
-ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၄ဇွန်း
-ငရုတ်ကောင်းမှုန့်အနည်းငယ်
(တရုတ်မဆလာရှိပါက အနည်းငယ်ထည့်ပါ)
-ဆား အနည်းငယ်
-ဟင်းခတ်မှုန့် အနည်းငယ်
-ရေ သင့်လျော်သလိုထည့်ပါ။
(ဝက်သားကျက်တဲ့ထိထည့်တည်ပါ)

အရသာရယ် ကျက်မကျက်ရယ်ကို မြည်းကြည့်ပြီး
မိမိစိတ်ကြိုက် သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆော့စ် တို့ကိုပြင်ဆင်စားသုံးနိုင်ပါသည်။

ပြုတ်ထားတဲ့ဟင်းရည်လေးကို သံပုရာသီးလေးညှစ်ပြီးသောက် ရှယ်ပဲ 😋😋👍👍

's

Photos from Mee Lay Food House's post 01/05/2020

Stay home ကာလမှာ နာမည်ကြီးနေတဲ့
Dalgona Coffee လေးဖျော်သောက်ကြမယ် ☕

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

Nest coffee အမှုန့် ၂ဇွန်း 🥄🥄
သကြား၂ဇွန်း🥄🥄
ရေနွေး၂ဇွန်း 🥄🥄
ရှိရုံနဲ့ အလွယ်တကူဖျော်ကြည့်လို့ရပါတယ်ရှင်👍

ကြက်ဥမွှေတံ သို့မဟုတ် မွှေစက် နဲ့မွှေပါ
(တခုမှမရှိလျှင် ဇွန်းနဲ့နာနာလေးသာမွှေပါ 🥄🥄

အရသာထိမိအောင်ကောင်းတဲ့ Dalgona Coffee လေးပါရှင် 😋😋👍

's

Photos from Mee Lay Food House's post 01/05/2020

အလွယ်တကူနဲ့အရသာရှိတဲ့
အာလူးခြစ်ကြော်လေး ကြော်စားကြမယ်👏👏

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

ရွှေလိပ်ပြာ အကြော်မှုန့်လေးရှိရုံနဲ့ အလွယ်တကူကြော်လို့ရပါတယ်ရှင်👍👍

mayonnaise လေးနဲ့တို့စား အရမ်းကောင်းတဲ့ အာလူးခြစ်ကြော်လေးပါရှင် 😋😋👍

's

Photos from Mee Lay Food House's post 01/05/2020

အကြော်ဒေါင်းလန်း လေးပါရှင် 👏👏

အားလုံးပဲ မင်္ဂလာပါရှင် 🙏
MeE LAy's fOOd HoUsE မှ အစားချစ်သူတွေ အားလုံးကိုကြိုဆိုပါတယ်ရှင် 🤩🤩

ရွှေလိပ်ပြာ အကြော်မှုန့်လေးရှိရုံနဲ့ အလွယ်တကူကြော်လို့ရပါတယ်ရှင်👍👍

အခုပြထားသလို ဂျူးမြစ်တို့၊ ဆူးပုတ်ရွက်တို့၊ ပြောင်းဖူးတို့၊ ဘူးသီးတို့ အဆင်သင့်မဝယ်ထားရသေးရင်လဲ အိမ်ကမီးဖိုချောင်မှာ အမြဲရှိနေတတ်တဲ့ အာလူး၊ ကြက်သွန်နီတို့ကိုကြော်စားကြမယ်နော်🥘

ကြွပ်ကြွပ်ရွရွလေးနဲ့ အရမ်းကောင်းတဲ့ အကြော်ဒေါင်းလန်းလေးပါရှင် 😋😋👍

's

Website