TR phone software repiar & sale

TR phone software repiar & sale

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TR phone software repiar & sale, Mobile Phone Shop, .

04/06/2024

လိုင်းကောင်းသော Premium vpn များကိုဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရရှိနိုင်ပါသည်

🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨
(သတိ - premium vpn တိုင်းလည်း ကိုယ်သုံးတဲ့ sim internet or wifi internet ရချင်မှရပါလိမ့်မယ် တစ်ယောက်နဲ့တစ်ယောက်လည်းမတူပါဘူး သေချာစီစစ်ပြီးမှဝယ်ယူပါရန်)

Express vpn
1 month - 5000

Tunnel bear vpn
1yr - 16000

Surfshark vpn
5 month - 9000
1 yr - 21000

Vmess vpn
1 month 30gb - 2000
1 month 50gb - 2500

Qutline vpn
1 month 30gb - 2000
1 month 50gb - 2500

Trojan vpn
1 month 30gb - 2000
1 month 50gb - 2500

02/04/2024

သင်တန်းတက်ချင်သူများ cb လာပေးပါ April လ20ရက်နေ့ထိ သင်တန်းကြေးမပြောင်းပါဘူး 20ရက်နောက်ပိုင်းပြောင်းပါမယ်

29/03/2024

Programming သင်တန်းကိုတက်မည်ဆိုပါက ငွေအရင်ပေးစရာမလိုပါ telegram private channel ထဲအရင်ထည့်ပေးပါမယ် အဆင်ပြေမှငွေပေးလို့ရပါတယ်

26/03/2024

programming basic and history ကို telegram private channel မှာ video များဖြင့်သင်ကြားပေးသွားပါမည်

အချိန်မပေးနိုင်တဲ့လူများလည်း video များကို အားတဲ့အချိန်လေ့လာကြည့်ရူနိုင်ပါသည်

Ed- April လ20ရက်နောင်ပိုင်းသင်တန်းကြေးပြောင်းမည်

1000ks ဖြင့်တက်ရောက်နိုင်ဖို့ ယခု post ကို share page ကို like and follow လုပ်ပြီး screen shot ရိုက်ပြီး fb page messenger cb မှာပြရုံဖြင့်
1000ks ဖြင့်တက်ရောက်နိုင်ပါပြီ

သင်တန်းကြေးကတော့ မြန်မာငွေတစ်ထောင်ကျပ်တည်းဖြစ်ပါသည် 1000ks

(နောက်ပိုင်းတွင်သင်တန်းကြေးတိုးမြင့်ဖို့ရှိပါသည်)

နောက်ပိုင်းတွင် Facebook မှာလည်း private group လုပ်သင်ကြားပေးပါမည်

26/03/2024

𝐆𝐨𝐨𝐝 𝐦𝐨𝐫𝐧𝐢𝐧𝐠 𝐭𝐨 𝐚𝐥𝐥 𝐦𝐲 𝐟𝐫𝐢𝐞𝐧𝐝𝐬
👋👋👋

GitHub - mishakorzik/AllHackingTools: All-in-One Hacking Tools For Hackers! And more hacking tools! In termux and linux! 10/04/2022

Termuxမှာကော Linux မှာကောအသုံးပြုလို့ရတဲ့..
All in one Hacking Tool.

AllHackingTool Menu:-

1. Information Gathering
2. Tools
3. Sniffing and Spoofing
4. Web Attack Tools
5. Cam Hacking Tools
6. injection-Tools
7. SocialMedia Bruteforce
8. Attack Tools
9. attack tools
10. Hash cracking tools
11. Android Hacking Tools
12. Web crawling
13. Attack tools
14. Wordlist Generator
15. attack tools
16. Other Tool
-> Free Proxy
-> Mix tools

:-

https://github.com/mishakorzik/AllHackingTools

GitHub - mishakorzik/AllHackingTools: All-in-One Hacking Tools For Hackers! And more hacking tools! In termux and linux! All-in-One Hacking Tools For Hackers! And more hacking tools! In termux and linux! - GitHub - mishakorzik/AllHackingTools: All-in-One Hacking Tools For Hackers! And more hacking tools! In termux a...

06/04/2022

firmware ဆိုတာဘာလဲ

Firmware ဆိုတာကလည်း ပြောရရင် ဆော့ဖ်ဝဲလ်တစ်မျိုးပါပဲ။ device ရဲ့ hardware တစ်ခုချင်းစီကို low-level ကနေ ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခုပါပဲ။ ဒီနေ့ခေတ် ကွန်ပျူတာ၊ ဖုန်း၊ စတီရီယို၊ ကား၊ အဝတ်လျှော်စက်ကစလို့ တခြားသော device တွေမှာ firmware ပုံစံအမျိုးမျိုးရှိပါတယ်။ ရိုးရှင်းတဲ့ပစ္စည်းတွေအတွက်ဆိုရင်တော့ function ကိုလုပ်ဆောင်ခိုင်းဖို့အတွက်ပဲ firmware ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ပိုအဆင့်မြင့်ရှုပ်ထွေးတဲ့ပစ္စည်းတွေမှာတော့ ဥပမာကွန်ပျူတာတွေကို သုံးနိုင်ဖို့အတွက်ဆိုရင် Operation system (OS) တွေ software application တွေ စသဖြင့် ဆော့ဖ်ဝဲလ်တွေပိုပြီးတော့ လိုအပ်ပါတယ်။
Firmware နဲ့ Software ဘယ်လိုကွာလဲ??
ခုနကပြောခဲ့သလို Firmware လည်း ဆော့ဖ်ဝဲလ်လို ပရိုဂရမ်ကုဒ်တွေပါပဲ။ ဆော့ဖ်ဝဲလ်လို့ဆိုလိုက်တာနဲ့ Microsoft Word, Web browser စတဲ့ပရိုဂရမ်တွေကိုမြင်တတ်ကြတဲ့အတွက် တချို့တွေနည်းနည်းရှုပ်ကြပါတယ်။ တကယ်က စက်တွေ(ကွန်ပျူတာ၊ ဖုန်း၊ ကား၊ စမတ်ပစ္စည်း) မှာတွေ့နိုင်တဲ့ ကုဒ်မှန်သမျှက ဆော့ဖ်ဝဲလ်ပါပဲ။
Microsoft Word, browser ဒါတွေကိုတော့ “Application software” လို့ခေါ်တာပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ကုဒ်တွေကလည်း ရှည်လျားလွန်းတဲ့အတွက် အလွယ်တကူ ဆော့ဖ်ဝဲလ်လို့ပဲခေါ်ကြတာပါ။
ဒီတော့ firmware နဲ့ application software အဓိကဘာကွာသွားလဲဆိုတော့ firmware တွေကို ယာယီမမ်မိုရီဖြစ်တဲ့ ROM, EPROM နဲ့ flash memory တွေမှာသိမ်းပါတယ်။ application software တွေကတော့ volatile memory ရော virtual-memory မှာရောအလုပ်လုပ်နိုင်ပါတယ်။
ROM လိုမျိုး မမ်မိုရီနည်းနည်းလေးထဲမှာ firmware တွေကိုသိမ်းတယ်ဆိုကတည်းက သူ့ရဲ့ဖိုင်ဆိုဒ်က နည်းရပါမယ်။ kilobyte လောက်ပမာဏလေးပဲရှိရင်ရှိနိုင်သလို ကိုယ့် device အမျိုးအစားပေါ်လိုက်ပြီးတော့လည်း ကြီးရင်ကြီးသွားနိုင်ပါတယ်။
Firmware နဲ့ Application Software တို့ကြားနောက်ထပ်ကွာခြားချက်တစ်ခုက “update” လုပ်နိုင်တဲ့အရေအတွက်ပါ။ ပစ္စည်းအများစုမှာတော့ firmware ကို user ကိုယ်တိုင် update လုပ်လို့မရပါဘူး။ ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း user တွေကို firmware ကို access လုပ်ခွင့်မပေးပါဘူး။ ဥပမာပြရရင် hard disks တွေ၊ optical drive တွေ၊ လျှပ်စစ်ပစ္စည်းတွေမှာဆို user တွေကို firmware access လုပ်ခွင့်မပေးပါဘူး။ ကလိပြီး တစ်ခုခုဖြစ် အလုပ်မလုပ်တော့မှာစိုးတဲ့အတွက် access မပေးထားတာလည်း ကောင်းပါတယ်။
ဒါပေမယ့် ဥပမာ ကွန်ပျူတာတွေရဲ့ BIOS (Basic Input/Output System) တွေနဲ့ စမတ်ဖုန်းတွေရဲ့ firmware တွေ music player တွေကိုတော့ user တွေကိုယ်တိုင် update လုပ်ခွင့်ပေးရုံတင်မက update လုပ်ရင်ပိုကောင်းတယ်လို့တောင ်ထောက်ခံပေးထားပါတယ်။ ဒါမှ firmware update အသစ်တွေက အရင် firmware ဗားရှင်းတုန်းက bugs တွေကို ရှင်းပေးနိုင်ပြီးတော့ feature အသစ်တွေလည်း ရနိုင်မှာပါ။
ဒါပေမယ့် firmware update ပေးရင်တောင်မှ တော်တော်လေးသတိထားဖို့လိုပါတယ်။ အခန့်မသင့်ရင် ပစ္စည်းပျက်သွားတဲ့အခါ ကိုယ်ပဲစိတ်ဆင်းရဲရပါလိမ့်မယ်။

tuurein

06/04/2022

eMMCဆိုတာဘာလဲ ိုတာဘာလဲ

Mobile Phone Service သမားတိုင်းသိသင့်တဲ့ eMMC & UFS အကြောင်းပါ။ ကျွန်တော်စသိတာကတော့ 2018 လောက်ကစပြီး အခုနောက်ပိုင်း Model အမြှင့်အချို့အလုံးတွေမှာ eMMC အစား UFS တွေကိုပြီး အသုံးပြုလာပါတယ်။ eMMC နဲ့ UFS တွေဟာ Pin type တွေတူပေမဲ့ လုပ်ဆောင်ချက်တွေမတူညီပါဘူး UFi, eMMC Pro, E Mate pro တို့လို Box တွေမှာ UFS ကို Sport မပေးသေးပါဘူး မပေးသေးတော့ UFS Icကို UFi တို့လိုBox တွေထဲ ထည့်စစ်ခဲ့မယ်ဆိုရင်တော့ Box ပျက်သွားတာမျိုး Boxကြောင်သွားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ UFS တွက် Sport ပေးတဲ့ MEDUSA Pro || Box, Easy Jtag plus စတဲ Box တွေတော့ ထွက်ရှိလာပါပြီ ကျွန်တော်ကတော့ မဝယ်နိုင်သေးလို့ မသုံးဖူး‌သေးပါဘူး😄😄 ကဲဗျာ ရှေ့ဆက်ကြရအောင်......

eMMC ဆိုတာဘာလဲ?

eMMC သို့မဟုတ် embedded multimedia card သည်အဆင့်မြင့်စီမံခန့်ခွဲထားသော NAND Flash memory ဖြစ်ပြီးမိုဘိုင်း application များအတွက် တက်ဘလက်၊ စမတ်ဖုန်း၊ GPS စနစ်၊ eReaders နှင့်အခြားမိုဘိုင်းကွန်ပျူတာပစ္စည်းများအပါအဝင်အီလက်ထရွန်နစ်ပစ္စည်းများ၏အဓိကမှတ်ဉာဏ်ဖြစ်သည်။

(ဤနေရာတွင်“ စီမံခန့်ခွဲခြင်း” ဆိုသည်မှာ၎င်းသည် NAND flash memory သာမကလုပ်ငန်းစဉ်များကိုခွဲခြား။ စွမ်းဆောင်ရည်ကိုတိုးတက်စေရန် Controller / interface ဆားကစ်များပါ ၀ င်သောအဖြေဖြစ်သည်။ )

UFS ဆိုတာဘာလဲ။

UFS သည် Flash memory ၏အနာဂတ်ဖြစ်သည်။ UFS 2.0 သည်အဆင့်အမြင့်ဆုံး JEDEC စံသတ်မှတ်ချက်ဖြစ်ပြီး SSDs များကိုယှဉ်ပြိုင်နိုင်ရန်အတွက်လျင်မြန်စွာနှင့်ဖတ်နိုင် / ရေးအမြန်နှုန်းကိုစီစဉ်ထားသည်။

ပိုမိုမြန်ဆန်သော booting နှင့်အတူနောက်လာမည့် flash သိုလှောင်မှုသည်ပိုမိုမြန်ဆန်သောအချက်အလက်ထည့်သွင်းမှု / ထုတ်လွှတ်မှုတုန့်ပြန်မှု၊ ဖိုင်ကူးယူမှုသုံးဆမြန်ပြီး multitasking စွမ်းဆောင်ရည်ထက်သုံးဆပိုမြန်စေသည်။ ဆိုလိုသည်မှာအရည်အသွေးမြင့်မားသောဗီဒီယိုများကြည့်ခြင်း၊ မြင့်မားသော bandwidth ဂိမ်းများနှင့်အခြားဖျော်ဖြေမှုများပြုလုပ်ခြင်း၊ အသုံးချပရိုဂရမ်များစွာအသုံးပြုခြင်းနှင့်ဖိုင်များကိုဒေါင်းလုပ်ချခြင်း (သို့) တင်ခြင်းတို့သည်လုပ်ဆောင်မှုကိုအနှောင့်အယှက်မရှိစေခြင်းဖြစ်သည်။

UFS သည်စွမ်းဆောင်ရည်သိသိသာသာတိုးတက်မှုရှိသည်။ ယင်းကိုအထောက်အကူပြုသည့်အဓိကအချက်နှစ်ချက်ရှိသည်။

UFS တွင် LVDS (Low-Voltage Differential Signaling) Serial Interface ရှိသည်။ ၎င်းသည်သီးခြားစီဖတ်ရန် / ရေးရန်လမ်းကြောင်းရှိသည်။ ၎င်းသည် full duplex (two-way interaction) ကိုခွင့်ပြုသည် - တစ်နည်းအားဖြင့် UFS သည်တစ်ပြိုင်တည်းဖတ်နိုင်၊ ရေးနိုင်သည်။ eMMC တွင်အပြိုင်မျက်နှာပြင်တစ်ခုရှိသည်။ ၎င်းသည်တစ်ပြိုင်နက်တည်းဒေတာများကိုတစ်ပြိုင်တည်းပို့နိုင်သည် - ၎င်းသည်တစ်ချိန်တည်းတွင်မဟုတ်ဘဲဖတ်နိုင်၊ ရေးနိုင်သည်။

ဒုတိယအချက်မှာ UFS တွင် Command Queue (CQ) ရှိပြီး၎င်းသည်လုပ်ဆောင်ရန်လိုအပ်သည့် command များကိုခွဲထုတ်သည်။ ထို့ကြောင့်များစွာသော command များကိုတစ်ချိန်တည်းမှာကိုင်တွယ်ဖြေရှင်းနိုင်ပြီး task များ၏အစဉ်လိုက်ကိုလည်းပြောင်းလဲနိုင်သည်။ CQ *** မပါ ၀ င်သော eMMC သည်နောက်တစ်ခုသို့မသွားမီလုပ်ငန်းစဉ်ပြီးမြောက်ရန်စောင့်ဆိုင်းရန်လိုအပ်သည်။

မူရင်းရေးသားသူ - Aung Kyaw Min
tuurein

06/04/2022

RAM ဟာ ဘယ်လောက် အရေးကြီးသလဲ ?

RAM ဟာ သင့် ဒတ်စတော့၊ တက်ဘလက်၊ စမတ်ဖုန်းများကို လျှင်မြန်စွာ အလုပ်လုပ်စေဖို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် RAM ပမာဏများခြင်းနဲ့ MHz မြင့်မားတိုင်း သင့် ကွန်ပြူတာကို အလွန်လျှင်မြန်စေတာ မဟုတ်ပါဘူး။
သင် ပြုလုပ်မယ့် အလုပ်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့ RAM ဟာ လုံလောက်ပါတယ်။ စနစ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေဖို့အတွက် CPU နဲ့ Graphics Card များကလည်း အရေးပါပါတယ်။ RAM ,CPU , Graphics Card များကို မျှတစွာ တွဲဆက်ထားမှသာ စက်ရဲ့ စွမ်းဆောင်ရည်ဟာ လျှင်မြန်မှာ ဖြစ်ပါတယ်။ Hard Drive များကို SSD များဖြင့် အဆင့်မြှင်ခြင်းဟာလည်း အရေးကြီးပါတယ်။

tuurein

06/04/2022

RAM ပမာဏ

အီလက်ထရောနစ် ပစ္စည်းများ ဝယ်တဲ့အခါမှာ RAM ပမာဏကို အဓိက စဉ်းစားကြပါတယ်။ RAM ပမာဏကို gigabytes or GB ဖြင့် ဖော်ပြကြပြီး များသောအားဖြင့် 1GB နဲ့ 8GB အကြားမှာ ရှိကြပါတယ်။ RAM ပမာဏများလေ Multitasking ကို ပိုမို ကောင်းစွာ ပြုလုပ်နိုင်လေ ဖြစ်ပါတယ်။ CPU မှာလိုပဲ RAM ကိုလည်း Clock Speed ဖြင့် တိုင်းတာကြပြီး သူက တစ်စက္ကန့်လျှင် ဒေတာ ပမာဏ ဘယ်လောက်များများကို ကိုင်တွယ်နိုင်မလဲ ဆိုတာကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ RAM ရဲ့ အမြန်နှုန် းကို megabyetes per second ဖြင့် တိုင်းတာကြပေမယ့် ရောင်းချတဲ့ အခါမှာတော့ MHz ဖြင့် ဖော်ပြကြပါတယ်။
များသောအားဖြင့် DDR4 Memory ဟာ 2133MHz ဝန်းကျင်မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် 4000MHz အထိ အလုပ်လုပ်တဲ့ DDR4 အချို့လည်း ရှိပါတယ်။ အဲဒီ အမျိုးအစားများကို DDR4-2133 လို အမည်များဖြင့် ရောင်းချကြပါတယ်။ တစ်ခါတစ်လေမှာလည်း ရှုပ်ထွေးတဲ့ အမည်များဖြင့် ရောင်းချပေးကြပါတယ်။ ဥပမာအားဖြင့် DDR4-2133 PC4-17000 မှာဆိုရင် ၁၇၀၀၀ ဟာ ၂၁၃၃ ထက် MHZ Speed ဟာ ၈ လောက် ပိုမိုမြင့်မားတယ်လို့ ဆိုလိုတာပါ။
နောက်တစ်ခုကတော့ Channel များဖြစ်ပါတယ်။ ဒီနေ့ခေတ် မန်မိုရီ အများစုမှာ Dual-Channel များကို ရောင်းချပေးထားကြပါတယ်။ သူ့မှာ အမျိုးအစားနဲ့ အမြန်နှုန်း တူညီတဲ့ RAM Stick နှစ်ခုကို ထည့်သွင်းထားပြီး CPU’s Memory Controller ကို ပိုမို ပ့ံ့ပိုးပေးနိုင်တဲ့အတွက် ပိုမို လျှင်မြန်ပါတယ်။ စွမ်းဆောင်ရည်မြင့် RAM များမှာ Channel ၃ ၊ ၄ ခု အထိပါလာကြပါတယ်။ လက်တွေ့မှာတော့ ပိုမိုများပြားတဲ့ Channel များပါတဲ့ RAM များဟာ နေ့စဉ် ကွန်ပြူတာ အသုံးပြုမှုများမှာ ထူးခြားတဲ့ စွမ်းရည်များ မရှိကြပါဘူး။

tuurein

06/04/2022

RAM အမျိုးအစားများ

RAM ဟာ မန်မိုရီလိုပဲ Term များစွာကို ခြုံငုံထားပြီး အမျိုးအစားများစွာ ရှိပါတယ်။ DRAM (dynamic random access memory), SDRAM (synchronous dynamic random access memory) စသဖြင့် မတူညီတဲ့ အခေါ်အဝေါ်များစွာ ရှိပါတယ်။ အခေါ်အဝေါ်နဲ့ အမျိုးအစားများ ကွဲပြားနေပေမယ့် သူ့ရဲ့ အခြေခံ အလုပ်က တူညီပါတယ်။
အများဆုံး တွေ့ရတဲ့ RAM အမျိုးအစားကတော့ DDR4 ဖြစ်ပြီး အခြား စက်အဟောင်းများမှာတော့ DDR2, DDR3 များကို အသုံးပြုထားကြပါတယ်။ ကိန်းဂဏန်း ပိုမိုကြီးမားခြင်းဟာ ပိုမို လျှင်မြန်တဲ့ megahertz(MHz) အဆင့်ကို ဖော်ပြနေပါတယ်။ Generation တစ်ခုချင်းစီမှာ Physical ပိုင်းအရ ပြောင်းလဲမှုများလည်း ရှိပါတယ်။
ဗီဒီယို ဂိမ်း နယ်ပယ်မှာတော့ VRAM or Video RAM ကို အသုံးပြုကြပါတယ်။ VRAM ဟာ Graphic Chip အတွက် မန်မိုရီ သို့မဟုတ် Graphics Card မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် Graphics DDR SDRAM သို့မဟုတ် များသောအားဖြင့် GDDR လို့ ခေါ်ကြပါတယ်။ ခေတ်ပေါ် Graphics Card များမှာ GDDR 5 ကို အသုံးပြုကြပြီး အချို့မှာတော့ GDDR5X ကို စံနှုန်းအဖြစ် သုံးထားကြပါတယ်။ နောက်ထုတ်မယ့် မျိုးဆက်သစ်များမှာ GDDR6 လို့ ခေါ်ဆိုကြမှာပါ။
အချို့ ဂရပ်ဖစ် ကဒ်များမှာ High-Bandwidth-Memory (HBM , HBM2) လို့ ခေါ်တဲ့ မတူညီတဲ့ အမျိုးအစားကို အသုံးပြုထားကြပါတယ်။ သူတို့ဟာ ဈေးနှုန်းကြီးမားပြီး စွမ်းဆောင်ရည် အပိုင်းမှာ အားသာချက် အချို့ရှိကြပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု အပိုင်းမှာ အခက်အခဲများ ရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် မသုံးကြပါဘူး။

tuurein

06/04/2022

RAM ဆိုတာ ဘာလဲ ?

Random Access Memory or RAM ဟာ ဒတ်စတော့ ပီစီများ၊ လက်ပ်တော့ပ်များ၊ တက်ဘလက်များ၊ စမတ်ဖုန်းများနဲ့ ဂိမ်းစက်များအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ သူသာ မပါရင် အဲဒီ အီလက်ထရောနစ် ပစ္စည်းများကို သုံးတဲ့ အခါမှာ အလွန် နှေးကွေးနေမှာ ဖြစ်ပါတယ်။ App များ၊ ဂိမ်းများကို ဖွင့်လို့ မရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။
RAM ဟာ ဘာလဲလို့ မေးရင် သင့် ကွန်ပြူတာ၊ စမတ်ဖုန်းက လက်ရှိနဲ့ အနာဂတ်မှာ လိုအပ်တဲ့ သတင်းအချက်အလက်များကို ခဏတာ သိမ်းပေးထားတဲ့ အလွန်လျှင်မြန်တဲ့ ကွန်ပြူတာ မန်မိုရီ အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ သူဟာ သတင်းအချက်အလက်များကို ကြာရှည်စွာ သိမ်းပေးထားတဲ့ Hard Drive လို Storage များနဲ့ ကွဲပြားပါတယ်။

RAM ဟာ System ရဲ့ Short-Term Memory လို့ အဓိပ္ပါယ်ဖွဲ့နိုင်ပါတယ်။ သူက အကြောင်းအရာ အသစ်များကို လျှင်မြန်စွာ လေ့လာသင်ယူနိုင်ပြီး သင့်ရဲ့ ဝက်ဘ်ဘရောက်စာ၊ သင်သုံးနေတဲ့ ဓါတ်ပုံ တည်းဖြတ်တဲ့ ဆော့ဖ်ဝဲ ၊ သင် ကစားနေတဲ့ ဂိမ်းများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များအားလုံးကို Load လုပ်နိုင်ပါတယ်။ အဲဒီအတွက် အသုံးပြုရာမှာ လျှင်မြန်စေပါတယ်။ Hard Drive , Solid State Drive များမှာလို RAM မှာ သတင်းအချက်အလက်များကို ရှာဖွေစရာ မလိုပါဘူး။ ဘရောက်စာမှာ Tab အသစ်တစ်ခုဖွင့်တိုင်း၊ အလုပ်တစ်ခုလုပ်တိုင်း သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို သူက ပြသပေးမှာ ဖြစ်ပါတယ်။
RAM ဟာ သင့်ရဲ့ စနစ်နဲ့ နက်ရှိုင်းစွာ ဆက်သွယ်ထားတာကြောင့် သူ့ထံမှ ဒေတာများကို နေရာတိုင်းကနေ အလွန် လျှင်မြန်စွာ ရယူနိုင်ပါတယ်။ Short-Term Memory ဖြစ်တဲ့အတွက် ဒေတာများကို အမြဲ သိမ်းပေးထားမှာ မဟုတ်ဘဲ အလုပ်အသစ်လုပ်တိုင်း ဒေတာ အသစ်များကို သိမ်းပေးမှာ ဖြစ်ပါတယ်။ ဒါကို ကွန်ပြူတာ နယ်ပယ်မှာ Volatile လို့ ခေါ်ပြီး ပါဝါ ပိတ်လိုက်တာနဲ့ သူမှတ်သားထားသမျှကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ အလုပ်များစွာကို လျှင်မြန်စွာ ပြုလုပ်နိုင်ဖို့အတွက် သူက အရေးပါပါတယ်။

tuurein

05/04/2022

CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အကြမ်းမျဥ်းနားလည်သင့်ပါတယ်။

✅ Intel®Core™ i7-1065 G7 ဆိုတဲ့နာမည်မှာဆိုရင် i7 အနောက်ကကပ်ရက် 10 ဆိုတာ 10th Generation ကိုပြောတာဖြစ်ပြီး 65 ဆိုတာကတော့ အဆင့်မြှင့်တင်ထားတဲ့ SKU (Stock Keeping Unit) နံပါတ်ပဲဖြစ်ပါတယ်... SKU နံပါတ်မြင့်လေလေ နောက်ဆုံးပေါ်ဖြစ်လေလေပါပဲ။
⚠️ ဒါပေမယ့်လည်း အမျိုးအစားမတူတဲ့ CPU ကိုတော့ SKU နံပါတ်နဲ့ နှိုင်းယှဥ်လို့မရပါဘူး။

✅ CPU Generation ကိုရေးတဲ့အခါမှာ 10th Generation CPU တွေကစလို့ ဂဏန်း (၂)လုံးပြောင်းသွားပေမယ့် Generation အနှိမ့်တွေမှာတော့ ဂဏန်း (၁)လုံးပဲဖြစ်ပြီး SKU နံပါတ်က ဂဏန်း (3)လုံးနဲ့ရေးပါတယ်။
⚠️ For Example ↔️ Intel®Core™ i7-9750H

💁‍♂️ နာမည်တွေ၊ နံပါတ်အပြည့်အစုံတွေရဲ့ နောက်မှာပါတဲ့ အက္ခရာကလည်း သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။

▪️G1-G7 က ဂရပ်ဖစ်နည်းပညာသစ်ကို ရည်ညွှန်းတာဖြစ်ပြီး ပုံရိပ်ရည်အသွေးအမြင့်စားတွေသုံးမယ့်သူတွေအတွက်ပိုသင့်တော်ပါတယ်။
▪️E ဆိုတာက Embedded ဖြစ်ပြီး ပါဝါစားတာလျော့ကျစေပါတယ်။
▪️F ကတော့ Requires discrete graphics ဖြစ်တဲ့ Graphic တစ်ပါတည်းမပါလာဘူး။ Graphic Card သပ်သပ်စိုက်ဖို့လိုပါတယ်။
▪️G ကတော့ ဂရပ်ဖစ်တစ်ပါတည်းပါတဲ့ အမျိုးအစားပါ။
▪️H ကတော့ High performance ကို ရည်ညွှန်းပါတယ်။ ပါးလွှာပြီးသယ်ယူရလွယ်တဲ့အပြင် စွမ်းဆောင်ရည်ကောင်းတယ်ဆိုတဲ့ Laptop CPU ဖြစ်ပါတယ်။
▪️HK ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့အပြင် unlocked လုပ်လို့ပါရပါတယ်။
▪️K သီးသန့်ကတော့ unlocked အဓိပ္ပါယ်ပါ။
▪️S က Special Edition အထူးထုတ်
▪️T က Power-optimized lifestyle ပါတဲ့။ ပါဝါစားသက်သာစေချင်တဲ့သူတွေအတွက် ပိုသင့်တော့ပါတယ်။
▪️U က လည်း ပါဝါစားတာသက်သာစေတဲ့ Laptop မှာအသုံးပြုတဲ့ CPU ပါ။
▪️Y ကတော့ Laptop မှာ ပါဝါမစားအောင်အထူးလုပ်ဆောင်ထားတဲ့ CPU ဖြစ်ပါတယ်။

✅ အကြမ်းမျဥ်းမှတ်နိုင်တာက စွမ်းဆောင်ရည်ကောင်းလေလေ ပါဝါပိုစားလေဖြစ်ပါတယ်။ ပုံမှန်လောက်ပဲသုံးပြီး ဘက်ထရီကြာကြာသုံးချင်တဲ့သူတွေအတွက်ကတော့ ပါဝါစားသက်သာတဲ့အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

ယခုဖော်ပြထားသော အကြောင်းအရာသည် မှ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါတလ် …

#လေးစားစွာဖြင့်
🅲🆁🅴🅳🅸🆃

#ကွန်ပျူတာသုံးသူတိုင်းအဆင်ပြေစေဖို့
#𝗜𝗧𝗖𝗔𝗥𝗘

#𝗖𝗖𝗧𝗩 #𝗣𝗔𝗕𝗫

05/04/2022

Gaming ဖုန်းတွေအတွက် တန်ဖိုးအနိမ့်အမြင့်အလိုက် ရွေးချယ်စရာ Black Shark မော်ဒယ်သစ်တွေ ထွက်လာပါတယ်။

Xiaomi ရဲ့ Gaming ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Black Shark ကနေ Black Shark 5 ၊ Black Shark 5 RS နဲ့ Black Shark 5 Pro ဆိုပြီး မော်ဒယ် ၃ မျိုး ကြေညာခဲ့တာပါ။ ဒီမော်ဒယ် ၃ မျိုးက သုံးထားတဲ့ Processor ပိုင်းမှာလည်း အမျိုးအစားအလိုက် Snapdragon 8 Gen 1 ၊ Snapdragon 888+ နဲ့ Snapdragon 870 Chipset ဆိုပြီး ၃ မျိုးနဲ့ လာတာ ဖြစ်ပါတယ်။

အမြင့်ဆုံး မော်ဒယ် Black Shark 5 Pro ဟာ Snapdragon 8 Gen 1 SoC သုံးထားပြီး chip ကို အအေးပေးဖို့ (4,323 mm² + 997 mm²) အရွယ်အစား V***r Chamber ခန်း နှစ်ခန်း ဘေးတစ်ဖက်တစ်ချက်မှာ ပါရှိပါတယ်။ RAM/storage အနေနဲ့ အမြင့်ဆုံး 16GB/512GB Storage အထိ ထွက်ထားပြီး မြန်ဆန်တဲ့ LPDDR5 RAM စနစ် ၊ DM Cache နည်းပညာလို့ ခေါ်တဲ့ NVMe SSD နဲ့ ပုံမှန် UFS 3.1 စနစ်အကြား ခွဲခြားထားတဲ့ သိုလှောင်မှုတွေကြောင့် Read/Writer စွမ်းဆောင်ရည် သိသိသာသာ ပိုကောင်းလာမှာပါ။

ဘက်ထရီစွမ်းဆောင်ရည်ပိုင်းမှာလည်း High Performance ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ Black Shark 5 ဖုန်းသစ် ၃ မျိုးမှာ ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် 120W Fast Charging နည်းပညာနဲ့ လာပြီး ဖုန်းအပူချိန် ထိန်းတဲ့ Temperature Control Mode ထည့်ထားလို့ ဘက်ထရီမထိအောင် အားသွင်းမှုကို ၂၄ မိနစ်နဲ့ လျှော့နိုင်မှာပါ။ ဘက်ထရီပါဝါ 4650mAh သုံးထားတဲ့ Black Shark 5 Pro ဟာ အားသွင်းရင်း ဂိမ်းဆော့ချိန်မှာ ဘက်ထရီမထိခိုက်အောင် bypass စနစ် ထည့်ပေးထားတယ်လို့ ဆိုပါတယ်။

Display Size အရွယ်အစားမှာ တခြားမော်ဒယ်နှစ်မျိုးလိုပဲ ၆.၆၇ လက်မ AMOLED Display ၊ HDR10+ နဲ့ DCI-P3 Color Gamut ၊ 144H Refresh Rate ၊ 720Hz Touch Sampling Rate အပြင် ပတ်ဝန်းကျင်ပေါ် လိုက်ပြီး ကာလာတောက်ပမှုကို အကောင်းဆုံး ချိန်ညှိနိုင်အောင် ရှေ့နဲ့ နောက်မှာ Ambient Light Sensor ၂ ခု တပ်ဆင်ထားပါတယ်။ Gaming Phone ဖြစ်တဲ့ အတိုင်း ဖုန်းဘေးဘောင်မှာ Magnetic Shoulder ခလုတ်တစ်ခု ပါရှိပြီး Gaming အဆင့် Switch ခလုတ်ငယ်တစ်ခုလို အသုံးပြုနိုင်မှာပါ။

စပီကာအနေနဲ့လည်း 1.5cc စပီကာနှစ်လုံးပါရှိပြီး DxOMark ရဲ့ အသံစနစ်မြင့်တဲ့ ဖုန်းတွေထဲမှာ ၈၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိထားပါတယ်။ Haptic Feedback ခံစားမှု ပိုကောင်းဖို့ X-axis Linear မော်တာတစ်လုံးလည်း ပါရှိပြီး ဖုန်းလေးဘက်လေးတန်မှာ မိုက်ခရိုဖုန်း ၄ ခု ပါရှိတာကြောင့် အသံစနစ် ပြတ်သားကျယ်လောင်မှုအတွက် စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ ကင်မရာပိုင်းအနေနဲ့လည်း ကျောဘက်စတုဂံပုံ ကင်မရာအိမ်ထဲမှာ 1/1.52" 108MP main Camera ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 13MP Ultra Wide ကင်မရာနဲ့ 5MP Telephoto Macro Lens ဆိုပြီး ကင်မရာ ၃ လုံး ပါရှိပါတယ်။

Black Shark 5 Pro ကို ယွမ် ၄၂၀၀ (မြန်မာငွေ ၁၂ သိန်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ Black Shark 5 RS ကတော့ ကျောဘက်ကင်မရာ ဒီဇိုင်းပိုင်း သိသိသာသာ ကွဲပြားသွားပါတယ်။ အလျားလိုက်ကင်မရာပုံစံသုံးထားတဲ့ ဒီဖုန်းဟာ Snapdragon 888 SoC ဗားရှင်းနဲ့ Snapdragon 888+ SoC ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့လာပြီး Plus ဗားရှင်းမှာ 12/256GB ဗားရှင်း ထွက်ထားပါတယ်။ Pro မော်ဒယ်လိုပဲ SSD နဲ့ UFS ကြား Storage ခွဲခြားထားတဲ့ စနစ်ပါရှိသလို Chipset ကိုလည်း ဘေးတစ်ဖက်တစ်ချက်မှာ V***r Chambers နှစ်ခန်းနဲ့ လာပါတယ်။

ဘက်ထရီပါဝါ 4500 mAh နဲ့လာပြီး 120W Charging သုံးတာချင်း တူသလို Screen Size ၊ Display အရည်အသွေး နဲ့ Refresh Rate အပြင် Magnetic Shoulder Button ပါတာချင်းလည်း အတူတူပါပဲ။ အသံပိုင်းမှာလည်း Hi-Res Audio နဲ့ DTS:X Ultra Support ပါ 1.5cc Dual Speaker တွေနဲ့ လာပြီး ထူးခြားတာက 3.5mm Headphone Jack သုံးလာတာပဲ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာပိုင်းမှာတော့ main Camera ကို 64MP Sensor အဖြစ် လျှော့သုံးတာကလွဲရင် ကျန်တဲ့ ကင်မရာ ၂ လုံးက အတူတူပဲ ဖြစ်ပါတယ်။ ဈေးနှုန်း ယွမ် ၃၃၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) ဈေး ကနေ စတင် ရောင်းချသွားမှာပါ။

မော်ဒယ် ၃ မျိုးမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ Black Shark 5 ကတော့ Snapdragon 870 SoC နဲ့ လာပြီး SSD မပါဘဲ LPDDR5 RAM (8/12GB) နဲ့ UFS 3.1 Storage (128/256GB) ဆိုပြီး ထွက်ထားပါတယ်။ Chipset ကို အပူထိန်းဖို့အတွက် အပေါ်က မော်ဒယ်နှစ်မျိုးလိုပဲ V***r Chambers နှစ်ခု သုံးထားပါတယ်။ ဒီဇိုင်းပိုင်းမှာ Pro မော်ဒယ်နဲ့ ဆင်ပြီး Screen Size နဲ့ Refresh Rate ချင်း တူပါတယ်။ Touch Sampling Rate အနေနဲ့ 144Hz ပါရှိပြီး Magnetic Shoulder Button လည်း ထည့်ထားပါတယ်။

ကင်မရာပိုင်းမှာ RS မော်ဒယ်နဲ့ အတူတူပဲ ဖြစ်ပြီး Central Punch-Hole ထဲမှာ 16MP Selfie ကင်မရာ သုံးထားပါတယ်။ ဘက်ထရီပါဝါ နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Pro မော်ဒယ်နဲ့ ဆင်ပြီး ဈေးနှုန်း ယွမ် ၂၇၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးကနေ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။

11.27 MB file on MEGA 05/04/2022

Pythonကိုစ​လေ့လာမည့်သူများအတွက် မြန်မာလိုစာအုပ်ရော Engစာအုပ်တွေရော လေ့လာ လို့ရအောင်တင်ပေးလိုက်ပါတယ်.....

Python String Note မြန်မာလိုpdf
============
https://mega.nz/file/TzJR3I4R -wYa7ZHcm24

Pythob Numpy မြန်မာလိုpdf
https://mega.nz/file/76gUkDhD

Data Analysis Python မြန်မာလိုpdf
https://mega.nz/file/76gUkDhD

Python Certification Training မြန်မာလိုpdf
https://mega.nz/file/TmAzxCTR -urV8

Python For Network မြန်မာလိုpdf
https://mega.nz/file/HqohjSKS

ခေတ်မင်းညို python pdf
https://mega.nz/file/C6ZFGRhR -43A_mofUasEDVihCMfN8

Python Multipthreading မြန်မာလိုpdf
https://mega.nz/file/vyJCSAqY

Python Pandas Module မြန်မာလိုpdf
https://mega.nz/file/P6ZzCLiL -Xy0i7entLSHZhbc-pTE-IscsCWzla19RmLnwabMo

Python Happy Myanmar မြန်မာလိုpdf
https://mega.nz/file/n7Zl3Q6Z

Python Beyond Bhone Myant Min မြန်မာလိုpdf
https://mega.nz/file/mrRGiBgK -u0y6dytZ-JWCZm5vLxeWYCX_CTM0YbsrY

Saturngod Python မြန်မာလိုpdf
https://mega.nz/file/3yRyzIIR

Python Hacking Make Simple Eng

https://mega.nz/file/jvRmmAwK

Python Crash Course Eng

https://mega.nz/file/Kzp31Aza

7DaysPython Eng
https://mega.nz/file/fnAnGDSL -Gp-Pn5ATSgJTTewww1f6QF1CHp4

Python Hacking Essentials Eng
https://mega.nz/file/PmYUjZTA

Hacking With Python Eng
https://mega.nz/file/fqYyEKgS -hxLAuNk

Cracking Code With Python eng
https://mega.nz/file/WnhH0RLS -yQOFR6Pl3YRJC955XyemaaltqiLc

Python Network Programming CookBook Eng
https://mega.nz/file/yv5CjYiZ

Pyrhon Webscraping Eng
https://mega.nz/file/yv5CjYiZ

Pyrhon Cookbook Eng

https://mega.nz/file/K7JUjKzK

Hacker 's Guide Python Learning Eng

https://mega.nz/file/aq5DmYhb

Python Playground Eng Book
https://mega.nz/file/TzJR3I4R -wYa7ZHcm24

Python Network Programming Eng Book
https://mega.nz/file/L3ommTJQ -u-l5Lq5HMBkuxFHE_coewZByYRnngcVjFOql4C1BE

Black Hat Python Eng Book
https://mega.nz/file/6mpX0R6b

Python Web Scraping Eng Book
https://mega.nz/file/zjZSmS4K

Deep Learning Python Eng Book
https://mega.nz/file/OrBnyQrL

နောက်ထပ်အသစ်တွေသိရအောင်
Page ကိုလည်း like shareပေးကြပါခင်ဗျာ



ာအုပ်
pdf myanmar

11.27 MB file on MEGA

05/04/2022

NFC
NFC ဆိုတာဘာလဲ

မြန်မာနိုင်ငံမှာလူသုံးနည်းနေသေးတဲ့ NFCအကြောင်းလေးပါ
NFC ဆိုတာဘာလဲပေါ့?🤔🤔🤔🤔
NFCသာ မသိရင်မသိမယ် KFCတော့သိကြတယ်မလား?😏😜

ဆိုတော့ကာ NFCဆိုတာ Near Field communicationပါတဲ့ဗျာ
လွယ်လွယ်ပြောရရင်တော့ wireless နည်းပညာတစ်ခုပေါ့
NFCက Bluetoothနဲ့ နဲနဲဆင်တယ်ဗျ ဒါမဲ့ ဖိုင်တွေကူးရင်၊ပို့ရင်Bluetoothထက်ပိုမြန်တယ်ဗျ
Bluetooth နဲ့မတူတာက သူက လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့အလုပ်လုပ်တာပါ။

ပြည်တွင်းမှာသာလူသိပ်မသုံးကျတာ ပြည်ပနိုင်ငံအချို့မှာဆိုရင်
NFCကိုATM စက်တွေ စတိုးဆိုင်တွေ စူပါမားကတ်တွေမှာ NFCနဲ့ချိတ်ဆက်ပြီး ငွေပေးချေတာတွေတောင်ပြုလုပ်နေကြပါပြီ
တခြားလုံခြုံရေးစနစ်တွေမှာလည်းအသုံးပြုနေကြပြီဗျ
အက်မင်ပြောပြမှာကတော့ NFCပါတဲ့ ဖုန်းအချင်းချင်းချိတ်ဆက်ပြီးအသုံးပြုနည်းလေးပေါ့
တစ်ခုတော့ရှိတယ်ဗျ NFCနဲ့ Dataတွေ ကူးပြောင်းချင်ရင်
ချိတ်မဲ့ ဖုန်း နှစ်လုံးလုံးမှာ NFC ပါမှရမယ်ဗျ

ကိုယ်ဖုန်းမှာ NFCပါမပါသိချင်ရင်တော့
Settingထဲက wireless & Networks ထဲမှာ NFC optionပါမပါကြည့်လိုက်ရင်သိပါတယ်ဗျ
ဖုန်းအပေါ်ကnoti barမှာလည်းNFCပါရင် NFC Logoလေးပါတက်ပါတယ်ဗျ

NFCမှာ modeသုံးခုရှိတယ်ဗျ။
(1) Reader/ Writer (tag တွေဖတ်နိုင်ဖို့)

NFC Tags များဟာ NFC Chip ပါတဲ့ သေးငယ်တဲ့ Tags များ ဖြစ်ပါတယ်။ စမတ်ဖုန်းကို အလုပ်တွေ ခိုင်းဖို့ NFC Tag များမှာ ပရိုဂရမ် ရေးဆွဲနိုင်ပါတယ်။ ၀က်ဆိုက်လိပ်စာတစ်ခုရဲ့လင့် ထည့်ထားရင် Tag အနား ဖုန်း ကပ်လိုက်တာနဲ့ အဲဒီ၀က်ဆိုက်ကို ဘရောက်စာကနေ ဖွင့်ပေးမှာပါ။ ဝိုင်ဖိုင် အဖွင့်၊ အပိတ်၊ Ring သံ အတိုး၊ အကျယ် လုပ်ဖို့အတွက်လည်း Tag များကို သုံးနိုင်ပါတယ်။ စားသောက်ဆိုင်တစ်ခုရဲ့ Menu မှာ NFC Tag ကပ်ထားတယ်ဆိုရင် ဖုန်းကို အနားကပ်လိုက်တာနဲ့ဖုန်းမှ Menu ကို ကြည့်နိုင်မှာပါ။ အိပ်ယာဘေးမှ ခုံတစ်ခုမှာ Silent လုပ်ပေးဖို့ သတ်မှတ်ထားတဲ့ NFC Tag ကိုထားပါ။ ညအိပ်ယာ၀င်တဲ့ အခါမှာ ဖုန်းကို Tag ဘေးနားထားလိုက်တာနဲ့ Silent လုပ်ပေးမှာပါ။

(2)Card Emulation (ငွေပေးချေနိုင်ဖို့)

NFC ကို မိုဘိုင်းငွေပေးချေမှုအတွက် သုံးနိုင်ပါတယ်။ Play Store မှာ Android Pay ကို အင်စတောလုပ်ပါ။ သင့်ရဲ့ Credit , Debit Card သတင်းအချက်အလက်များကို Android Pay မှာ ထည့်ပါ။ ပြီးရင် Credit , Debit Card တွေ ကိုင်ဆောင်စရာမလိုဘဲ Android Pay လက်ခံတဲ့ အရောင်းဆိုင်များမှာ NFC ကို အသုံးချ၍ ဖုန်းဖြင့် ငွေပေးချေလို့ရတယ်ဗျ

(3)Peer-to-Peer (ဖိုင်တွေပေးပို့နိုင်ဖို့)

Buletooth တို့zaypaတို့နဲ့ ဓာတ်ပုံတွေ ဖိုင်တွေ ဖုန်းနံပါတ်တွေကူးသလိုပဲဗျ
NFCပါတဲ့ဖုန်းနှစ်လုံးကို ကျောချင်းကပ်ပြီးကူးလိုက်ရုံပါပဲ၊

မိမိဖုန်းနဲ့ တစ်ခြားဖုန်းAppကိုလည်းပွင့်အောင်လည်းလုပ်လို့ရတယ်ဗျ
ဥပမာပြောရရင်ကိုယ်COCဆော့နေတဲ့အချိန်ကိုယ့်သူငယ်ချင်းကလည်း ဆော့မယ်ဆိုရင်
ဖုန်းကို ကျောချင်းကပ်လိုက်တာနဲ့ သူငယ်ချင်းဖုန်းထဲက COCက တန်းပွင့်သွားအောင်လည်းလုပ်လို့ရတယ်ဗျ။

NFC ချိတ်ဆက်နည်း

NFCကို Device ၂ခုကြား ၄စင်တီမီတာအကွာအဝေးအတွင်းမှာကြိုးမဲ့ချိတ်ဆက်မှုနဲ့ ဒေတာတွေကို ပေးပို့လက်ခံနိုင်ပါတယ်။

NFC ပါတဲ့ ဖုန်းနှစ်လုံးကို NFCကိုရော Android Beam ကိုရော Enableလုပ်လိုက်ပါ၊ပြီးတော့ ကိုယ်ပို့ချင်တဲ့ ဖိုင်ကို ရွေးပြီး ဖုန်းနှစ်လုံးကိုကျောချင်းကပ်ပေးလိုက်ရုံပါပဲ ၊ ပေးပို့မှုကိုအတည်ပြုဖို့ “touch to beam” လေးကို နှိပ်ပေးလိုက်ပါဗျ။
ပိုပြီးမြန်ဆန်လွယ်ကူချင်ရင်တော့ “File Beam”လို Appလေးနဲ့ အသုံးပြုနိုင်ပါတယ်ဗျာ။

အသုံးပြုနည်းသိသွားဆိုတော့ များများသုံးကြတော့နော်
မသိသေးတဲ့သူတွေရှိရင်လည်းပြောလိုက်ပါဦး ဒါမှကိုယ်နိုင်ငံလည်းသူများနိုင်ငံနည်းတူ NFCကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကျမှာလေ😉😉


tuurein

05/04/2022

Free တက်ရောက်လို့ရပါပြီ

Hello🥰🥰🥰
Video editing အပါအဝင်အောက်ပါသင်ခန်းစာများကိုသင်ကြားပေးပါမယ်
1.Facebok Marketing
2.Video editing
3.Photo editing
4.Photoshop
5.Whiteboard animation
6.Design logo
7.Facebook အကောင့် security
8.Ibis paint X
9.YouTube translate
10.Language translate appများ
11.Message auto reply
12.Blog
13.Mobile Power Point
14.Google form
15.Google Map
16.Voucher
17.Cv form
18.Mobile game stream
19.Qr Code
20.Pdf file

သင်ကြားမည့်ပုံစံကတော့ ( fb group and messenger gp)
ဖြင့်သင်ကြားပေးပါမယ်

တက်ရောက်လိုပါက cb သို့လာရောက်မေးမြန်းနိုင်ပါတယ်
tuurein

30/03/2022

နာမည်ကျော် Blockchain ဂိမ်း Axie Infinity ရဲ့ Ronin Network ဆိုက်ဘာတိုက်ခိုက်ခံရပြီးနောက် ဒေါ်လာ ၆၂၅ သန်းဖိုးခန့် တန်တဲ့ Cryptocurrency တွေ အခိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့ကပဲ Ronin ကွန်ရက်နဲ့ Axie Infinity ဂိမ်း ကုမ္ပဏီ Sky Mavis က လုံခြုံရေးကျိုးပေါက်မှုအကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Blockchain ကနေ fund အထုတ်အသွင်းလုပ်တဲ့ Ronin ကွန်ရက်လမ်းကြောင်းကို ငွေလွှဲပြောင်းမှု ပိတ်ထားလိုက်တယ်လို့ The Verge သတင်းမှာ ဖော်ပြပါတယ်။ Sky Mavis ရဲ့ အဆိုအရ မတ်လ ၂၃ ရက်နေ့က ကွန်ရက်ပေါ်ကနေ လိမ်ပြီး ထုတ်ယူသွားတဲ့ တရားခံဆီကနေ Ethereum 173600 (ကန်ဒေါ်လာ သန်း ၆၀၀ ဖိုးခန့်) နဲ့ USDC stable coin ၂၅.၅ သန်းဖိုး ပြန်ရအောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ Aixe Infinity နဲ့ Ethereum လိုမျိုး တခြား Cryptocurrency Blockchains တွေအကြား ကြားခံချိတ်ဆက်တဲ့ Sky Mavis ရဲ့ Ronin Blockchain Bridge ကို ဦးတည်တိုက်ခိုက်ခဲ့တာပါ။ Axie Infinity ဂိမ်း သုံးစွဲသူတွေဟာ ဂိမ်းအတွင်းငွေကြေးအဖြစ် ဒါမှမဟုတ်လည်း NFT items တွေ ဝယ်ဖို့အနေနဲ့ Ethereum ၊ USDC Coin တွေကို Ronin ကွန်ရက်ပေါ်မှာ စပေါ် Deposit တင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ဂိမ်းထဲက items /assets တွေ ရောင်းပြီး ငွေပြန်ဖော်တာ ၊ ငွေပြန်ထုတ်တာမျိုးလည်း လုပ်နိုင်မှာပါ။

Sky Mais ရဲ့ ထုတ်ပြန်ချက်မှာတော့ စနစ်ကို တိုက်ခိုက်သွားတဲ့ ဟက်ကာဟာ Ronin Blockchain နဲ့ အသွားအပြန် ပေးပို့ကူးပြောင်းအောင် ခွင့်ပြုတဲ့ Network Node တွေကို ထိန်းချုပ်ဖို့ Private Security Keys တွေကို Hack ခဲ့တာလို့ ဆိုပါတယ်။ ဒီနည်းနဲ့ Ethereum နဲ့ USDC coins တွေ အများကြီးကို ဟက်ကာက တိတ်တိတ်ကလေး ထုတ်ယူသွားတာ ဖြစ်ပါတယ်။

အခုလို ထုတ်သွားတာကို တစ်ပတ်လောက် ကြာပြီးမှ သိလိုက်တာ ဖြစ်ပြီး သိပုံကလည်း Bridge ကနေ နောက်တစ်ယောက်က Ethereum ၅၀၀၀ ထုတ်ဖို့ လုပ်နေချိန်မှာ သတိထားမိသွားတာလို့ ဆိုပါတယ်။ Blockchain Intelligence Group ရဲ့ လေ့လာသုံးသပ်သူတွေအဆိုအရ အခိုးခံလိုက်ရတဲ့ ငွေတွေဟာ ရွှေ့ပြောင်းနေဆဲပဲ ရှိသေးပြီး လက်ရှိအချိန်အထိ Ethereum ထဲက ဒေါ်လာ ၁၇ သန်းဖိုးပဲ FTX နဲ့ Huobi အပါအဝင် Crypto Exchange တွေဆီ လွှဲပြောင်းထားတာ ဖြစ်တယ်လို့ ပြောပါတဘ်။

DeFi လို့ ခေါ်တဲ့ ဗဟိုထိန်းချုပ်မှုမဲ့ငွေကြေးစနစ်လောကမှာ ဒီတစ်ခေါက် ဆိုက်ဘာတိုက်ခိုက်ခံရမှုက အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ ဒီတစ်ခေါက် ဆိုက်ဘာတိုက်ခိုက်မှုက အကြီးဆုံး DeFi ဆိုက်ဘာတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်တဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက Poly Network ဆိုတဲ့ DeFi Protocol တစ်ခု ဒေါ်လာ ၆၁၁ သန်းတန် ဆိုက်ဘာတိုက်ခိုက်ခံရချိန်ထက်ကို ဆုံးရှုံးမှုပိုများနေတာ ဖြစ်ပါတယ်။

Google Earth – 9.155.0.2 - Sharemal 28/03/2022

Google Earth ဗားရှင်းအသစ် တက်လာပါပြီ။ အရင်ကထက် ထူးခြားလာတာကတော့ ဘယ်လမ်းထောင့်မှာဘယ်နေရာမှာ CCTV ကင်ဗရာရှိတယ်ဆိုတာက အစကြည့်လို့ရနေပါပြီ။ ကမ္ဘာကြီးရဲ့ နေရာအစုံကို ရုပ်ထွက်ပုံစံကောင်းကောင်းနဲ့ အနီးကပ် 3D ကြည့်ရှုချင်တဲ့ မိတ်ဆွေများအနေနြဲ့ မြန်မာနိုင်ငံ ဘုရားပုထိုး များ ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ အရာအားလုံးကို ကိုယ်ရောက်သလို ကြည့်လို့ရနေပါပြီ။
ဆော့ဝဲကိုဒီမှာဒေါင်းပါ - https://bit.ly/3tJKY6z
Post တင်သူ - Jame Smith
အားလုံးအဆင်ပြေကြပါစေ
#အေးကျော်နည်းပညာ

Google Earth – 9.155.0.2 - Sharemal Explore the whole world from over with satellite imagery and 3D terrain of the entire globe and 3D structures in hundreds of metropolises around the world. Zoom to your house or anywhere differently also dive in for a 360 ° perspective with Street View. And now, fantasize the immersive charts.....

26/03/2022

အားလုံးဘဲ မင်္ဂလာပါ
ကျွန်တော် ကတော့ဒီနေ့
phone commentတွေနဲ့ပတ်တတ်တယ်
နည်းပညာတချို့က်ု မျှဝေပေးလိုက်ချင်း
ဖြစ်ပါတယ်။
မိတ်ဆွေတို့အတွက်နည်းပညာအသစ်
တွေကို အခမဲ့ တင်ပေး​နေတယ်အတွက်
Page ကို Like and Shareလုပ်ထားကြအုန်း။
* #06 #=Displays IMEI NO.

* #9999 #=SW Version.

* #8888 #=HW Version.

* #0842 #=Vibrator.

* #0289 #=Buzzer.

* #0228 #=Battery Stat.

* #0782 #=RTC Display

* #0523 #= LCD Contrast.

* #0377 #=NVM error log

* #5646 #=GSM Logo Set.

* #0076 #=Production No.

* #3323 #=Forced Crash

* #9324 #=Netmon press the hung

up key to exit.

* #32439483 =Digital Audio Interference

off.

* #32436837 #=Digital Audio Interference

on.

* #9998*JAVA # =Edit GPRS/CSD settings

* #9998*Help # =Screen / List of codes.

* #9998*=RTC # =RTC Display.

* #9998*bat #=Battery Status.

* #9998*buz #=Turns Buzzer On.

* #9998*vub # =Turns Vibator On.

* #9998*LCD #=LCD Contrast.

* #9998*9999 #=Sotfware Version.

* #9998*8888 #=Hardware Version.

* #9998*377 #=Non Volatile Merory Error Log

* #9998*968 #=Remider Tune.

* #9998*NVM #=Displays Non-Volitile

Mermory Status.

* #9999*C #=Netmon.

* #9998* DEAD # =Forces Phone Crash.

* #9998*533 # =(LED).

* #999* =Show date and alarm clock.

* #8999*638 # =show network information.

* #9998*5646 # =change operator logoat

startup.

* #9998*968 # =View melody alarm.

*2767*MEDIA # =Resets the media on phone

*2767*FULL # =Resets the EEPRON*

*2767*CUST # =Resets the sustom EEPRON.

*2767*JAVA #= Resets JAV downloads

*2767*STACKREST # =RESETS STACK.

*2767*225RESET # * =VERY Dangerous.

*2767*688 # = Unlocking code

* #8999*8378 # = All in one code

* #4777*8665 # = GPSR Tool

* #8999*3825583 # = External Display

* #8999*377 # = Errors

* #2255 # = call list

#*5737425 # = JAVA Something choose 2and

it crashed.

#*536961 # = Java Status Code

#*536962 # = Java Status Code

#*536963 # = Java Status Code

#*53696 # = Java Status Code

#*1200 # = AFC DAC Val

#*1300 # =IMEI

#*2562 # = white for 15 sec than restarts.

#*2565 # =Check Blocking

#*3353 # =check code

#*3837 # = White for 15 secs than restarts.

#*3849 # = white for 15 secs than restarts.

#*7222 # = Operation Type

#*7224 # = I got ERROR !

#*7252 # = Operation Type

#*7271 # =Multi Slot

#*7271 # =Multi Slot

#*7337 # = EPROM Reset ( unlock and resets Wap settings)

#*2787 # =CRTP ON/OFF

#*3737 #= L1 Dbg Data

#*5133 # =L1 Dbg Data

#*7288 # =GPRS Attached

#*7287 # =GPRS Detached

#*7666 # =SrCell Data

#*7693 # =Sleep Act/Deact

#*7284 # =Class B/C

#*2256 # =Calibration Info

#*2286 # =Battery Data

#*2679 # =Copycat Feature

#*3940 # =External loop 9600 bps

#*8462 # =sleep time

#*5176 # =L1 Sleep

#*5187 #= L1C2G Trace

#*3877 #= Dump Of spy trace

* #8999*8376263 # =HW Ver SW Ver and build date

* #746565 # =Checks the locks

*7465625*638*Code # =Enables Network lock

#7465625*638*Code #= Disables Network lock

#7465625*782*code # =Disables Subset lock

*7465625*782*code # =Enables subset lock

Website