J Jone Nyoe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J Jone Nyoe, Shopping & retail, .
အရောင်းသွက်တဲ့အောင်မဲညို Butterfly Pea လိပ်ပြာ ပန်းပွင့် 💙တင်ပေးထားပြီနော်
လက်လီ 6000Ks ( in stock )
Butterfly Pea ပန်းပွင့်ဟာ ထိုင်း-မြန်မာ-မလေးရှားမှာ အလေ့ကျပေါက်တဲ့ ဆေးဖက်ဝင် ပန်းပွင့်တမျိုးပါ
☕️ နေ့စဉ်သောက်ပေးရင်
မျက်စိအားကောင်း အမြင်ကြည်လင် တိမ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်
ဆံပင် နက်မှောင်သန်စွမ်း ဆံပင်ကျွတ်သက်သာ စေပါတယ်
အသားအရေချောမွတ်လှပစေပါတယ် စိတ်ကြည်လင်လန်းဆန်းစေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်
👶🏻 ထိုင်းမှာဆို ကလေးငယ်တွေကို Butterfly-pea flower နဲ့ ခေါင်းလျှော်ပေးတယ် မျက်ခုံးမှာသုတ်ပေးတယ် ဆံပင်တွေ သန်ပြီး မျက်ခုံးလှတယ်တဲ့
Butterfly-pea flower tea ဟာ ကဖင်းဓာတ် မပါတဲ့ caffeine-free herbal tea လေးပါ
ပထမပြောရရင် သူ့အရောင်ပေါ့ 💙 အပြာရောင်လေးဆိုတော့ လူတွေကို စိတ်လှုပ်ရှားမှုပေးတယ်လေ
စျေးကြီးပေးရတဲ့ ထိုင်းဆိုင်က ထိုင်းထမင်းပြာဆို Butterfly-pea flower ထည့်ချက်ထားတာ
တာ
1. နေ့စဉ်သောက်ပေးရင် ခွန်အားကိုရစေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို တိုးစေပြီး မှတ်ဉာဏ်အားကိုကောင်းစေတယ်
2. အသားအရေက အရေးအကြောင်းတွေ အသားအရေတွန့်တာကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်တာတွေကို ကာကွယ်ပေးပါတယ်
3. ဆီးချိုကို ထိန်းပေးပြီး သွေးတိုးကိုကျစေပါတယ်
4. Analgesic properties ရှိလို့ ခေါင်းကိုက်တာ နာကျင်တာတွေကိုလဲ သက်သာစေပါတယ်
5. Reduce inflammation အသားအရေ ယောင်ယမ်းနီရဲတာတွေကို လျော့ချပေးတယ်
6. အစာခြေဖျက်အားကောင်းစေတယ်
7. shampoo/ conditioner တွေမှာ သုံးထားပြီး ဆံပင်ကျွတ်တာနဲစေတယ် ဆံပင်ကို သန်စေတယ်
8. စိတ်ဓာတ်ကျရောဂါကို သက်သာစေတယ်
9. သူ့မှာပါတဲ့ Antioxidant က Green Tea 🍵 လိုပဲ ကျန်းမာရေးကိုကောင်းစေတယ် ကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးတယ် နှလုံးကျန်းမာရေးအတွက်ကောင်းတယ် ဘက်တီးယီးယား ပိုးမွှားကို သေစေပြီး ကူးစက်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးတယ်
✿ ပန်းပွင့်ရည် သောက်နည်း ✿
အပွင့်လေးကို ရေသန့်စင်ပြီး ဖန်ခွက်ထဲထည့်ပါ
ရေနွေးနဲ့စိမ်ပါ အရောင်ထွက်လာရင် ပွင့်ဖတ်ကိုဆယ်ထုတ်ပါ။
ပန်းပွင့်ရည် ထဲကို သံပုရာသီး တစ်စိတ် ညှစ်ထည့်ပါ
ပျားရည်ထည့်သောက်ရင်ပိုကောင်းတယ်
(သံပုရာသီးထည့်တဲ့အခါ ပန်းရောင်ပြောင်းသွားပါတယ်)
✿ ထမင်း (သို့) ကောက်ညှင်း နဲ့ချက်နည်း ✿
အပွင့် ကိုအရင်ပြုတ်ပါ အပွင့်ပြုတ်ရည် ဖြင့်သာ
ထမင်းချက်ပါ ကောက်ညှင်းလဲ ထိုနည်းတူစွာ
အပွင့်ရည်ဖြင့်ချက်ပါ။
ထမင်း နဲ့ကောက်ညှင်း အရသာ ကမပြောင်းပဲပိုမွှေးလာပါတယ်
ထို့အပြင် အချိူပွဲ အတွက်ကျောက်ကျောနဲ့မုန့်ဖက်ထုတ်ရာမှာလည်း
ပန်းပွင့် ရည်ဖြင့်လုပ်ပါက ခရမ်းရောင် လှလှလေးရပါမယ်
အောင်မဲညိုပန်းလေးတွေနဲ့ လုပ်ထားတဲ့ စားချင်စရာမျိုးစုံလုပ်လို့ရပါတယ်
အောင်မဲညို ထမင်း/ ခေါက်ဆွဲ
အောင်မဲညို ဘဲဥ/ ကောက်ညင်းပေါင်း
အောင်မဲညို မုန့်ဖက်/သာကူ
အောင်မဲညို ပြာရည်ထုပ်/ဆီထမင်း
အောင်မဲညို ကျောက်ကျော/ကိတ်
အောင်မဲညို အအေး/ ရေခဲချောင်း/ ရေခဲမုန့်