D.Games

D.Games

D.Games focus on deliver the best and most comprehensive video games and entertainment coverage such

05/08/2020

ငယ်ဘဝသို့ပြန်တမ်းတစေမယ့်ဂိမ်း (သို့) Doraemon : Story Of Season

နွေရာသီကျောင်းပိတ်ပီဆိုတာနဲ့ ဂိမ်းဆိုင်မှာ ၂၀ တန်ရေခဲချောင်လေးစားပြီးမိုးလင်းမိုးချုပ်စိုက်ပျိုးရေးဂိမ်း( Harvest Moon )
ဆော့ဖူးတဲ့ဂိမ်းမာလေးတွေပြန်လွမ်းသွားစေမယ့် Doraemon: Story of Season ဆိုတဲ့စိုက်ပျိုးရေးဂိမ်းလေးအကြောင်းပြောပြချင်ပါတယ်ဗျာ။
ဒီဂိမ်းလေးကိုဂျပန်နိုင်ငံရဲ့ BANDAI Namco Entertainment မှထုတ်လုပ်တာဖြစ်ပြီး PC, Nintendo Switch နှင့် PS4
တို့မှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Natsume ရဲ့ ဟိုးအရင်‌ Main Developer စုပြီးပြန်လည် ဖန်တီးထားတာဖြစ်တဲ့အတွက်
Playstation 1 တုန်းကထွက်ရှိခဲ့တဲ့ Harvest Moon:Back To Nature ကိုဆော့ခဲ့ရတဲ့အရသာအတိုင်းပြန်လည်ခံစားစေမှာဖြစ်ပါတယ်။
D.GAMES ကလည်း PC Version နဲ့ဆော့ထားတာဖြစ်တဲ့အတွက်ဘာတွေပါပြီးဘယ်လိုတွေထူးခြားနေလည်းဆိုတာသိရအောင်အောက်က Gameplay ဗီဒီယိုလေးနှိပ်ပြီးကိုယ်တိုင်ခံစားကြည့်လိုက်ပါတော့ဗျာ။

31/07/2020

❤Blackpink အဖွဲ့ဝင် Lisa ကိုယ်တိုင် Ambassador အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ Brawl Stars Game

မကြာသေးမီကပဲ How You Like That သီချင်းနဲ့ Come Back အဖြစ်ပြန်လည်ရောက်ရှိလာတဲ့ နာမည်ကြီး ❤Blackpink အဖွဲ့ဝင် Lisa ကိုယ်တိုင်ပါဝင်ရိုက်ကူးထားတဲ့ Brawl Stars ဂိမ်းဟာဆိုရင် လူကြိုက်များရင်းနှီးပြီးသားဖြစ်တဲ့ Clash of Clan, Clash Royale , Boom Beach အစရှိတဲ့ Mobile Games တွေကိုဖန်တီးထုတ်လုပ်ထားတဲ့ Super Cell ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ဂိမ်းဖြစ်ပါတယ်။
ဒီ Brawl Stars ဂိမ်းကတော့ Super Cell ရဲ့ ထုံးစံအတိုင်း Online Multi-Player Game (PVP )အမျိုးအစားဖြစ်ပြီး ချစ်စဖွယ်ကာရိုက်တာ Brawlers (၃၈) မျိုးပါဝင်ကာ Heavyweight, Support , Sharp Shotter, Fighter, Thrower ဆိုပြီး Brawlers Class (၅) မျိုးဖြင့်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Game Mode အနေနဲ့ ...
1. Gem Grab (default )
2. Show Down
3. Bounty
4. Brawl Ball
5. Hesit
6. Robo Humble
7. Boss Fight
8. Big Game
9. Siege
တို့ပါရှိပြီး တစ်မျိုးတစ်ခု မရိုးရအောင် သူငယ်ချင်းတွေနဲ့အတူတူ Team ဖွဲ့ပြီး ဆော့လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းတွေပဲဖြစ်ပါတယ်။ Team up အနေနဲ့ 3P Vs 3P ဆော့လို့ရမှာဖြစ်ပြီး Clan အလိုက် Trophies တွေ လုလို့လည်းရသေးတဲ့ Brawl Stars ဂိမ်းလေးကို D.GAMES မှလည်း Short Game Play Video လေးဆော့ပြပေးထားပါတယ်ဗျာ...😁
Blink တွေလည်း Brawl Stars ဆော့ရင်း Lisa Clan နဲ့အတူတူ Trophies တွေများများလုနိုင်ပါစေလို့ဆုတောင်ရင်း...🥰🥰

29/07/2020

နှစ်ခါပြောနေစရာမလိုအောင်လန်းတဲ့ Mobile ဂိမ်းနဲ့ပဲ အချိန်တွေကုန်ချင်တယ်ဆိုရင်...👇👇

29/07/2020

နှစ်ခါပြောနေစရာမလိုအောင်လန်းတဲ့ Mobile ဂိမ်းနဲ့ပဲ အချိန်တွေကုန်ချင်တယ်ဆိုရင်...
Manga နှင့် Artistic Style ပေါင်းစပ်ထားတဲ့ အလန်းစား Graphic တွေနဲ့ Storyline ကောင်းကောင်းကိုမှ ကစားချင်သူတွေအတွက် Turn - based multiplayer online RPG ဂိမ်းအသစ် Exos Heros နဲ့မိတ်ဆက်ပေးပါရစေဗျာ ...
Exos Heros ကို တောင်ကိုရီးယားရဲ့နာမည်ကြီး The Line Games မှဖန်တီးထားတာဖြစ်ပြီး အရင်တုန်းက IOS တစ်မျိုးတည်းသာရရှိပေမယ့် ယခုအခါ Android အတွက်ပါထွက်ရှိနေပြီဖြစ်ပါတယ်.. 5 million players ထိကစားသူတွေရှိနေပြီဖြစ်တဲ့ Exos Heros မှာဆိုရင် Main Story လိုင်းက Chapter-10( ၁ ခန်းဆို ဆိုသလောက်တော်တော်ဆော့ရတယ်😅 ) ထိပါရှိပြီး PVP , Daily Challenges, Side Story အပြင် အခြား Feactures ပေါင်းများစွာလည်းပါဝင်ပါတယ်။
ဒီလောက်ညွန်းနေတဲ့ ဂိမ်းကောင်းမကောင်းကိုယ်တိုင်ခံစားကြည့်လို့ရအောင် Game play Video လေးကို D.GAMES မှတင်ဆက်လိုက်ပါတယ်ဗျာ...
Comment မှာလည်းဝင်ရောက်ဆွေးနွေးငြင်းခုံနိုင်ကြပါတယ်ဗျာ 😝😝

Website