HYMO Vlog

HYMO Vlog

Food . Travels . Places . #Media Vlog

19/06/2024

ခွဲခွါခြင်းဆိုတာမရှိခဲ့ရင် ကောင်းမယ်လို့ ခံစားရတတ်ပါတယ်။ အချစ်မေတ္တာ၊ ရင်းနှီးမှု၊ အတူတကွဘဝကို ဖြတ်သန်းလာတဲ့အခါမှာ ခွဲခွာခြင်းကို ရင်ဆိုင်ရရင် စိတ်နာကျင်စရာအဖြစ် ဖြစ်ပေါ်တတ်ပါတယ်။

သို့သော်လည်း ခွဲခွါခြင်းဆိုတာဟာ ဘဝတစ်ခုအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ တစ်ခါတစ်ရံမှာ မဖြစ်မနေ ရင်ဆိုင်ရမည့်အရာတစ်ခုလည်းဖြစ်ပါတယ်။

"သေခွဲ" (တစ်စုံတစ်ဦးသေဆုံးခြင်း) နှင့် "ရှင်ခွဲ" (အသက်ရှင်သောအချိန်တွင် ခွဲခွာခြင်း) အကြား ဘယ်ဟာပိုခံစားရမလဲဆိုတာ သက်ရှိသူ၏စိတ်ခံစားချက်နှင့် အခြေအနေမူတည်ပါသည်။

#သေခွဲ (တစ်စုံတစ်ဦးသေဆုံးခြင်း)
အချစ်မေတ္တာနဲ့အတူရှိခဲ့သူတစ်ဦး သေဆုံးသွားတဲ့အခါ ခံစားရတဲ့ စိတ်ဝေဒနာ၊ ဝမ်းနည်းမှုဟာ အလွန်ကြီးမားပါတယ်။

နောက်ထပ်ပြန်လည်တွေ့ဆုံဖို့အခွင့်အရေး မရှိတော့တဲ့အတွက် နာကျင်မှုဟာ ပိုမိုထိခိုက်စေပါတယ်။
သေဆုံးသူနှင့် အဆက်အသွယ်ပြန်လည်ရနိုင်ဖို့ မရှိတော့တဲ့အတွက် အဲ့ဒီလိုခွဲခွါခြင်းကို ရင်ဆိုင်ဖို့ အတော်ခက်ခဲပါတယ်။

#ရှင်ခွဲ (အသက်ရှင်သောအချိန်တွင် ခွဲခွာခြင်း)

အသက်ရှင်နေစဉ် ခွဲခွါရတဲ့အခါ နောက်ထပ်ဆက်သွယ်နိုင်ဖို့ရှိနိုင်တာကြောင့် ပြန်လည်စီစဉ်ရန် အခွင့်အလမ်းရှိပါတယ်။

ကွဲကွာရမှု၊ ကွာရှင်းရမှုကြောင့် ခံစားရတဲ့ ဝမ်းနည်းမှု၊ စိတ်သောကရမှုတွေကို အခြားသောနည်းလမ်းများဖြင့် ပြန်လည်ပြုပြင်နိုင်ပါသည်။

လက်ရှိအချိန်မှာ ခွဲခွါမှုကိုလက်မခံနိုင်သေးပေမယ့် အချိန်ကာလတစ်ခု ကြာသွားတဲ့အခါမှာ ပျောက်ကွယ်သွားနိုင်တာကြောင့် ခံစားနေရတဲ့နာကျင်မှုတွေကဟာ အချိန်နဲ့ကုစားပြီး သက်သာစေနိုင်ပါတယ်။

ဒါကြောင့် ခွဲခွါမှုနှစ်မျိုးလုံးရဲ့ နာကျင်မှု၊ အပြောင်းအလဲတွေကို ချက်ချင်းကြီးရင်ဆိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ သေခွဲက အဆုံးသတ်တစ်ခု ဖြစ်သွားပြီး ဒူးပြတ်သလိုခံစားရသလို၊ ရှင်ခွဲမှာတော့ အပြောင်းအလဲနဲ့ မထိန်းချုပ်နိုင်တဲ့ အကြောင်းအရာတွေကိုတော့ ရင်ဆိုင်ရနိုင်ပါတယ်။ ရှင်ခွဲမှာတော့ နောက်ထပ်ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း မျော်လင့်ချက်လေးရှိပါသေးတယ်။

လက်ရှိအခြေအနေမှာ အကောင်းမြင်စိတ်ဖြင့် ခွဲခွာခြင်းကို ရင်ဆိုင်ရင်း ဘဝကို တိုးတက်အောင် ပြုလုပ်နိုင်ဖို့ခွန်အားတွေရှိကြပါစေ။

Photos from HYMO Vlog's post 16/06/2024

💙 တစ်ခါတုန်းက 💙
📸 Htoo & Oo Photography

14/06/2024

လမ်းခွဲ

Photos from HYMO Vlog's post 13/06/2024

က ဒူးရင်းသီး နဲ့ ကောက်ညှင်းငချိတ် လေးကို ရေခဲမုန့်နဲ့တွဲထားတာလေး အရမ်းကောင်း။ ပြီးတော့ တို့ဟူးနှောင်းလိုမျိုး တိုဟူးကို ထန်းသီးနဲ့ တွဲစားရတာလေး try ခဲ့တယ်။ ဒီ dessert ဆိုင် မှာ စားစရာတွေ နောက်ထပ်အများကြီးရှိသေးတာမို့ ထပ်သွားဦးမယ်။

15 Colma Blvd, Colma, CA 94014

Photos from HYMO Vlog's post 12/06/2024

မိတ်ဆွေမိသားစုနဲ့ ညစာစားခဲ့တဲ့ အရမ်းစားလို့ကောင်းသော “ Chinese Restaurant “ လေးပါ။

မနက်ဘက်ဆို dim sum ရပြီး ညစာဆိုရင်တော့ Chinese food တွေရတဲ့စားသောက်ဆိုင်ပေါ့။ ဆိုင်ထဲမှာတော့ဝိုင်းတွေ၊ လူတွေအပြည့်ပဲ။

209 Southgate Ave, Daly City, CA 94015

11/06/2024

“မြန်မာဆိုတော့ မြန်မာလိုလေးဝတ်မယ်နော့” 🤭

Photos from HYMO Vlog's post 09/06/2024

08/06/2024

အခုချိန်ကာလမှာ စိတ်ဓာတ်ကျနေတာတွေ၊ စိတ်ဖိစီးနေလို့၊ စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး၊ အတွေးတွေများနေလို့ ဆိုပြီး ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘဲ ဘေးလူက နင်အဆင်ပြေရဲ့လားလ်ို့ မေးရလောက်တဲ့ထိ မိမိရဲ့စိတ်က မသိမသာနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်နေကြတာတွေ ပတ်ဝန်းကျင်မှာတွေ့လာရပါတယ်။ အဲ့လိုမျိုး mental breakdown ဖြစ်နေတာ ကိုယ့်ကိုကိုယ်သိလိုက်ရပြီဆိုရင်

••••“ မိမိကိုယ်ကို ဂရုစိုက်ပါ “••••

မိမိကိုယ်ကိုဂရုစိုက်ရာမှာ “အနားယူခြင်း “ ဆိုတာလည်းအရေးပါပါတယ်။ အနားယူခြင်းဟာ သင့်ရဲ့စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အတွက်ကြောင့် လုံလောက်သော အိပ်စက်ခြင်းမျိုးကိုလည်းရသင့်ပါတယ်။

နောက်တစ်ခုက “အာဟာရ” ပေါ့။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက် အာဟာရရှိစေအောင် မျှတတဲ့ အစားအစာတွေကိုလည်းစားပေးသင့်ပါတယ်။

နောက်တစ်ခုကတော့ “ လေ့ကျင့်ခန်း”။
HYMO ကိုယ်တိုင်လည်းလုပ်ရမှာ အရမ်းဝန်လေးသူတစ်ယောက်ပေါ့။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ယောဂကျင့်တာ၊ တဟားထိုင်တို့ဟာ စိတ်ကို အေးချမ်းစေနိုင်ပါတယ်။ တခြားကိုယ်ဝါသနာပါရာရှိတယ်ဆိုလည်း အနုပညာ၊ ဂီတ၊ သို့မဟုတ် စာရေး၊ကဗျာရေးတာမျိုးစတာတွေဟာလည်း စိတ်ရဲ့ ကုထုံးဖြစ်စေပါတယ်။

HYMO တို့တွေက အနာဂတ်ကိုကြိုတွေးပြီး တခုခုဖြစ်မလာမှာတွေ၊ ဆုံးရှူံးရမှာတွေကို တွေးကြောက်ပြီး စိတ်ပူပန်နေကြရတယ်။ ဒါကြောင့် အတိတ်တွေပြန်တွေး၊ အနာဂတ်တွေကို အရမ်းမျှော်လင့်မနေတာအကောင်းဆုံးပါပဲ။ ကံ ကံ၏အကျိုးပေါ့ ဖြစ်ချင်တာသာဖြစ်တော့ ငါ ပစ္စုပန်မှာပဲ အကောင်းဆုံးဖြစ်အောင်ရပ်တည်မယ်။ ရှင်သန်မယ်လို့သာတွေးပါ။

အခက်အခဲကြုံလာရတိုင်း စိတ်ဓာတ်ကျဖို့ချည်းမဟုတ်ဘဲ ဒါတွေကိုကျော်ဖြတ်နိုင်ရမယ်၊ ငါပိုပြီးစိတ်အားထက်သန်ရမယ်ဆိုတဲ့ အတွေးနဲ့ရှေ့ဆက်ဖို့ အမြဲစိတ်ထဲမှာမှတ်ထားပါလို့ ပြောရင်းနဲ့ HYMO အပါဝင် ချစ်တဲ့သူငယ်ချင်းအားလုံးတို့ ကိုယ့်ကိုကိုယ်ဂရုစိုက် ဖို့လိုနေပြီဆိုတာကို အသိပေးလိုက်ပါရစေ။

HYMO Vlog

Photos from HYMO Vlog's post 08/06/2024

HYMO in da forest 🌳 📷

06/06/2024

“ ZHALIANG (FRIED DOUGH RICE NOODLE ROLLS)” တဲ့
အီကြာကွေးကိုအထဲမှာထည့်ပြီး ကော်ပြန့်စိမ်းလုပ်ရင်သုံးတဲ့ ညှပ်ဖတ်ကိုအပြင်ကလိပ်ထားတာ
ချိုငံရည်လေးနဲ့ တွဲစားရသလို မြေပဲဆော့စ်နဲ့လည်း တို့ပြီး အဆာပြေအနေနဲ့စားကြတယ်။

05/06/2024

Facebook ကြီးရရ မရရ “ HYMO Vlog “ လို့ YouTube မှာရှာလိုက်ရင် HYMO ရှိပါတယ်နော်။
အားလုံးပဲ subscribe လုပ်ထားပေးပါဦးရှင့်။

https://youtube.com/?si=eDR3EcGFlhfjK6gH

Photos from HYMO Vlog's post 03/06/2024

Htoo & Oo Photography

01/06/2024

“A strong woman looks a challenge in the eye and gives it a wink."

30/05/2024

"ဒီနေ့ဟာ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မယ်"
ဒါမှမဟုတ် "ငါ စွမ်းဆောင်နိုင်တယ်၊ ငါ့ကိုယ်ငါယုံကြည်မှုရှိတယ်" လို့စိတ်ထဲမှာအပြုသဘောဆောင်တဲ့ အတွေးတွေကို ထပ်ခါထပ်ခါ ရွတ်ဆိုပြီး နေ့ရက်တိုင်းကို positive energy နဲ့ဖြတ်သန်းမယ်။

Photos from HYMO Vlog's post 28/05/2024

ဘက် လမ်းတစ်လျှောက် စားသောက်ဆိုင်တွေအများကြီး စည်ကားနေပြီး bookstore တွေနဲ့ ပစ္စည်းလေးတွေရောင်းတဲ့ဆိုင်လေးတွေအများကြီးပဲ။ အဲ့ဘက် ဒေသ သူ့ရဲ့vibe လေး ကိုနှစ်သက်တယ်။

Photos from HYMO Vlog's post 22/05/2024

မြန်မာအစားအစာတွေ အရသာကောင်းကောင်းစားချင်တယ်။ အချိန်မရွေးမှာလိုက်တိုင်းရှိတာမျိုး လိုချင်ရင် Fremont က “Kyain Kyain “ ဆီသွားပါ။ 🤗 ဝက်သားတုတ်ထိုးက ရှယ်ကောင်း။
ဟင်းပွဲတွေမှာလိုက်ရင်လည်း အကြာကြီးမစောင့်ရဘူး။ ခဏလေးနဲ့ ဂွက်ဂွက်ဂွက်ဆိုပြီးရောက်ချလာတာ။ to go box နဲ့တစ်ခါထဲချပေးတော့ မကုန်လည်း အဲ့ဘူးနဲ့တစ်ခါထဲထုတ်လာရုံပဲ။ အလုပ်မရှုပ်တော့ဘူး။ napkins ၊ ဇွန်း ခရင်းတွေလည်းလိုသလောက်ချပေးထားပေးလို့ အဆင်ပြေတယ်။


3649 Thornton Ave, Fremont, CA 94536
(510) 574-1819

Photos from HYMO Vlog's post 20/05/2024

Sanfrancisco မြို့ထဲက စျေးလည်းတန်၊ စားလို့လည်းကောင်းတဲ့ ယိုးဒယားဆိုင်လေးပါ။

မြို့ထဲဆိုတော့ သိတဲ့အတိုင်း ကားရပ်ရတာနေရာရှာရတာရယ်၊ မြို့ထဲတစ်လျှောက် လူမသန့်တာတော့ စိတ်ပျက်မိတယ်။ ဆိုင်အပြင်အဆင်ကတော့ မလှပေမယ့် စျေးသက်သာပြီးစားကောင်းလို့ စားဖြစ်တဲ့ဆိုင်လေး။



771 O'Farrell St, San Francisco, CA 94109

14/05/2024

HYMO တို့ဆီမှာတော့ ဆီချက်တစ်ပွဲ အပြင်မှာဝယ်စားရင် $12-$15 ပေးစားရပြီး ဆီချက်အရသာ ထိထိမိမိနဲ့ကောင်းတဲ့ဆိုင်ရယ်လို့မတွေ့သေးဘူး။

🍜 BaYin တံဆိပ် ဘဲသားဆီချက်က မနက်စာနဲ့ အဆာပြေပဲစားမလား လုပ်ရတာလွယ်ကူရိုးရှင်းပြီး ခေါက်ဆွဲသားနူးညံ့နေလို့သဘောကျတယ်။ သူ့ရဲ့ဘဲသားဆီချက်အနံ့ကမွှေးပြီးအရမ်းစားလို့ကောင်းလို့ အမြဲလုပ်စားဖြစ်တယ်။

ဒီနေ့မနက်စာလေးကို ခေါက်ဆွဲထုပ်ပေါ််က ပုံလေးအတိုင်းရှိတာလေးတွေနဲ့ ဖြစ်သလိုလုပ်စားလိုက်ပြီ။

#ဘုရင် #ဘဲသားဆီချက်

12/05/2024

#အမေများနေ့
🫶🏻ကမ္ဘာပေါ်မှာရှိကြတဲ့ မိခင်များအားလုံးကို ဂုဏ်ပြုလေးစားလျှက် 🫶🏻
“ ကိုယ့်ရဲ့ မေမေတွေကို မပြောရသေးရင် အခုပဲ ချစ်တယ်လို့ပြောလိုက်ရအောင် “

Photos from HYMO Vlog's post 09/05/2024

HYMO’s Summer OOTD 😁

Photos from HYMO Vlog's post 06/05/2024

Pacifica Pier သည် California အနောက်ပိုင်း San Mateo ကောင်တီ - Pacifica ရှိ ငါးဖမ်းဆိပ်ခံတစ်ခုဖြစ်သည်။ L ပုံသဏ္ဍာန် ဆိပ်ခံတံတားသည် Pacifica မြို့တော်မှ လေးပုံတစ်ပုံ မိုင်အကွာ ပစိဖိတ်သမုဒ္ဒရာသို့ ပျံ့နှံ့သွားပါသည်။

Pacifica Pier သည် ကဏန်း သို့မဟုတ် ငါးများကို အခမဲ့ ငါးဖမ်းနိုင်သည့် Bay Area ရှိ တစ်ခုတည်းသောဆိပ်ခံဖြစ်သည်။ ကဏန်းရာသီသည် နိုဝင်ဘာလမှ စတင်ပြီး ဇူလိုင်လအထိ ကြာရှည်သည်။ ဆောင်းရာသီတွင် ပင်လယ်အော်ဧရိယာရှိ အခြားနေရာများတွင် မရရှိနိုင်သော Dungeness Crab များသည် ဆိပ်ခံအနီးတွင် ပေါများသည်။

Htoo & Oo Photography

29/04/2024

17/04/2024

🙏||| နှစ်သစ်ဆုတောင်း |||🙏

Photos from HYMO Vlog's post 12/04/2024

နွေဦးကံ့ကော်ပန်ထားပြီ!

16/03/2024

Celebrating my 4th year on Facebook.
Thank you for your continuing support.
I could never have made it without you. 🙏🤗🎉

Photos from HYMO Vlog's post 25/02/2024

Despite the difficulties, I really appreciate that all the songs (31) for the live concert have been organized and presented so well with visual and audio editing. It is obvious that all professional artists and members of the revolution have worked together. It's also worth it for those who have the chance to see a live concert. The live concert has ended successfully.

||| “ Let's keep on fighting Viva la Revolution” |||


#သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ

Artists' Shelteron

Photos from HYMO Vlog's post 25/12/2023

မြန်မာဆိုတော့ မြန်မာအစားစာရတဲ့ဆိုင်တွေပဲ ရှာစားရတာပေါ့။ အရသာမှာထူးခြားကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်တဲ့အပြင်ဆင်နဲ့ အတူ “ Soft Opening Menu” လေးထဲက တစ်ချို့ကို try ခဲ့ကြည့်တယ်။
အရမ်းစားကောင်းပြီး စျေးလည်းတန်လို့ အမြဲစားမယ့် ဆိုင်လေးထဲက တစ်ခု 👍🏽

📍 6318 Mission St, Daly City
☎️ (650)731-6101
💡 Burma Silver Star Restaurant
https://www.facebook.com/burmasilverstar?mibextid=LQQJ4d

23/07/2023

Palace of Fine Arts

Htoo & Oo Photography

Photos from HYMO Vlog's post 23/07/2023

မှာ တွေ့ရတတ်တဲ့ ကောင်လေးတွေ
📸 Htoo & Oo Photography

Photos from HYMO Vlog's post 19/07/2023

#ရွှေရန်ကင်း ဆိုတဲ့ မြန်မာစားစရာတွေရတဲ့ဆိုင်လေး
အခေါက်ခေါက်အခါခါ စားကြည့်ပြီး တို့တွေမြန်မာပါးစပ်နဲ့ဆို menu တွေရဲ့ အစပ်အဟပ်အရသာက ဘာမှပြောစရာမလိုအောင် စားကောင်းတဲ့ဆိုင်လေးမို့ သွားစားဖြစ်ပါတယ်။ HYMO’s favorite ကတော့ သူတို့ဆိုငိမှာရတဲ့ အသုပ်တွေရယ်၊ အကြော်စုံနဲ့ ငုံးကြော်လေးပါပဲ… Daly City ကသူတွေဆို မသိသလောက်ရှားတဲ့ဆိုင်လေးပါပဲနော်။

👉🏽 ရွှေရန်ကင်း

Website: https://shweyankin.com

Fb group : https://m.facebook.com/groups/1046995432675143/?ref=share&mibextid=S66gvF

☎️ 415-2544842

📍 63 St Francis Square, Daly City, CA 94015

⏰ Monday တစ်ရက်ပိတ်ပြီး
Tue, We’d, Thurs ဆို 9:30 AM - 7:30 PM
Fri, Sat, Sun ရက်မှာတော့ 9:30 AM - 8:00 PM ထိဖွင့်ပါတယ်။
#ရွှေရန်ကင်း #မြန်မာစားစရာ

Videos (show all)

#HappyFathersDay
Song - Lan Kwel (လမ်းခွဲ) Artist - Phoe Kar (ဖိုးကာ) Composer - Phoe Kar + Saw Nae Tar (ဖိုးကာ + စောနဲတာ) Covered by - H...
#SFThingyan #Newark
#kyainkyain #fremont #california #burmesefood #restaurant
Banana Island is one of my family's favorite Asian Fusion go to restaurants. It's a mix of Singaporean, Malaysian, Thai ...
လွယ်ကူရိုးရှင်းအရသာရှိတဲ့ #Bayin #ဘဲသားဆီချက်ခေါက်ဆွဲ
🎣 Pacifica is CALLING 🦀
#powellandmarketstreet #cabelcar #sanfrancisco #powell #powellandhyde  #hymovlog
https://youtu.be/EA0FBQvA6fM?si=ZWt1jgOhC2UvaG3g
#burmalove #tealeafsalad with Plant-Based Chick’n & #fermentedtealeafsalad  #vegan Burma Love Foods #hymovlog
🌊 #pacifica #moripoint #hymovlog
#lombardstreet #Sanfrancisco

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00