Mandalay Education Boards

Mandalay Education Boards

စုပေါင်းညီညာ မန္တလေး တိုင်းပညာ

02/06/2024

“ ရွံ့မိလေသော အပြုံး ”

ဒီနေ့ကို မုန်းလို့
ငါ ပြုံးလိုက်တယ်
လင်းလက်စအနာဂတ်ဟာ
၂နှစ်ကြာ အမှောင်ကျနေချိန်
ပညာရေးဟာ သွေးစက်တွေအဖြစ်
ကျောင်းခေါင်းလောင်ပျက်က
ငိုသံတွေထွက်နေခဲ့တယ်.....

အတ္တဟန်မပျက်တဲ့ ကျွန်မျိုးဆက်တွေက
ယုတ်မာသူ အာဏာရူးအတွက်
ကျွန်အသက်သွင်း ကျွန်လမ်းကိုခင်း
ကျွန်ကျောင်းတွေ ဖွင့်လိုက်တယ်.......

စာ နဲ့ ပညာ ဝေ့ဝါးကာမသိနိုင်တော့
ကျွန်ပညာရေးကို လက်သိပ်ထိုး
ပျိုးချလိုက်တော့
ကျောင်းအဝင်လမ်းက သွေးကွက်မှာ
ကျွန်ကျောင်းတက်သူတွေရဲ့
ဖိနပ်ရာတွေထပ်နေခဲ့တယ်......

ခံယူချက်မဲ့ ယုံကြည်ချက်ကင်း
မတရားခြင်းတွေဟာ နေခြည်မှာ
ရွှေရည်လောင်းတဲ့ စစ်ကျွန်ကျောင်းတွေရဲ့
သင်ပြရာ ဘာသာရပ်တွေဖြစ်ကုန်တယ်......


အတန်းတွေတက် လက်မှတ်တွေဖြတ်ရင်း
ဘယ်ခေတ်မှ သုံးစားမရတဲ့ဘွဲ့တွေအတွက်
စစ်ဖိနပ်အောက်မှ ကုန်းခါတလှဲ့
လှန်ခါတချီ ရုန်းနေကြပြီ......

စာတွေသင် စာတွေတက်ပြီး
လက်ညှိုးထောင် ခေါင်းငြိမ့်
ပုတ်သင်ညိုတွေ အဖြစ်
အဖြူအစိမ်းစွတ်ကာ ပုံစံခွက်ဝင်ချိန်
ဒီနေ့ကို ပြုံးမိလိုက်တယ်
စစ်အာဏာရှင်ရဲ့ ကျွန်ပညာကို ရွံ့ရှာမိတယ်....

#အညတရအိမ်မက် (ရွှေဒုံးမြေ)
2.6.2023(11:40am)

25/05/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၂/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်နေ့
(၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်)

"BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

20/05/2024

တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော် (၁၃၈၆ ခုနှစ်)
_____________________

နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ ကာလမှာ ဘုရားကျောင်းကန် စေတီပုထိုးတွေဆီ သွားရောက် ရေသပ္ပာယ်ကြ၊ ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြရင်းဖြတ်သန်လေ့ရှိကြပါတယ်။

ယခုကာလဟာ ဖက်ဆစ်အာဏာရူးတသိုက်ကို လူထုအားနဲ့ ခုခံတွန်းလှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးကာလဖြစ်ပါတယ်။

ဒီတော့ ဒီနှစ် မေလ ၂၂ ရက်နေ့၊ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း တော်လှန်ရေးဆန်ဆန် ဆင်နွှဲကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

တော်လှန်ရေးဆန်ဆန် ဆင်နွှဲတယ်ဆိုရာမှာ စစ်ကောင်စီ ထိန်းချုပ်ရာဒေသတွေမှာတော့ ဥပမာအားဖြင့် -

- ညောင်ရေအိုးများမှာ တော်လှန်စာ၊

- တော်လှန်ဆုတောင်းများ ရေးသားကြတာ၊

- လက်သုံးချောင်း တော်လှန်ရေးသက်ေတ ရေးဆွဲကြတာ၊

- ညောင်ရေသွန်းလောင်းကြရင်းနဲ့ အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးပါ‌စေ၊
တော်လှန်ရေးကြီး အမြန် အောင်မြင်ပါစေ ....

အစရှိသဖြင့် တော်လှန်ရေးအတွက် ဆုတောင်းဆုပန် ပြုကြတာ၊ လပြည့်နေ့ ကုသိုလ်ကောင်းမှုပြုကြရာမှာ တော်လှန်ရေးကို တိုက်ရိုက်အကျိုးပြုမယ့် ကူညီ၊ ထောက်ပို့၊ လှူဒါန်းမှုများ ပြုကြတာ အစရှိသဖြင့် မိမိတို့ အဆင်သင့်သလို၊ ဉာဏ်ရှိသလို ဖော်ဆောင်ကြတာကို ဆိုလိုပါတယ်။

တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသများမှ ပြည်သူလူထုအနေနဲ့ကတော့ ကဆုန်လပြည့် တော်လှန်ညောင်ရေသွန်းလောင်းပွဲတော်ကို တော်လှန်ရေးပုံရိပ်များ ဝေဝေဆာဆာ ဖော်ဆောင်၊ ဆင်နွှဲကြဖို့ အားခဲထားကြပါတယ်တဲ့ခဗျာ။

ကျနော်တို့ အဆုံးသတ်အောင်ပွဲမှတ်ကို အမြန်ဆုံးရောက်ရှိဖို့အတွက်ကလည်း ပြည်သူ့အား၊ ပြည်သူ့ရုန်းကန်မှု၊ ပြည်သူ့အထွေထွေအုံကြွတော်လှန်မှုက အခရာအကျဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ယောက်ချင်းစီအနေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း အာဏာရူး စစ်ကောင်စီ ရဲ့ ဆုံးမှတ် ဖြစ်စေဖို့ ချီတက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အရေးတော်ပုံအောင်ရမည်



#တော်လှန်ကဆုန်ညောင်ရေသွန်းပွဲ

20/05/2024

ပြင်ဦးလွင်ပညာရေးဘုတ် ဟူ၍ MOEနှင့်ချိတ်ဆက်မှု လုံးဝမရှိ‌ပါ၊ ပြင်ဦးလွင်မှ ပညာရေးCDMများမှလည်း သိရှိခြင်း မရှိဟု စုံစမ်းရပါသည်။
မန္တလေး ပညာရေးဘုတ်အဖွဲ့များနှင့်လည်း ချိတ်ဆက်မှုမရှိပါကြောင်း အသိပေးအပ်ပါသည်။

ပြင်ဦးလွင်ပညာရေးဘုတ် link👇
https://www.facebook.com/profile.php?id=61557894241539&mibextid=JRoKGi

17/04/2024

၁၃၈၆ ခုနှစ် နှစ်ဦးဆုတောင်း

လုံခြုံစိတ်ချရသော ဘဝများကိုပိုင်ဆိုင်ရသော
နှစ်တစ်နှစ် ဖြစ်ပါစေ။

ကောင်းသောရှင်သန်ခြင်း၊ လွတ်လပ်သော
ရှင်သန်ခြင်း လိပ်ပြာလုံသောရှင်သန်ခြင်းတို့နဲ့ ပျော်ရွှင်သောဘဝများကောင်းမွန်သောအနာဂါတ်များ ကို ပိုင်ဆိုင်ရသော နှစ်တစ်နှစ်ဖြစ်ပါစေ။

ကောက်ပဲ၊သီးနှံ၊ ဆန်ရေစပါးများဖြစ်ထွန်းပေါများသော
မိုးလေဝသ မှန်ကန်သော
နှစ်တစ်နှစ်ဖြစ်ပါစေ။

ရေ၊ မီး ၊ မင်း ၊ခိုးသူ ၊ မချစ်မနှစ်သက်သောသူ အစရှိသော ရန်သူမျိုး(၅)ပါး ဘေးမှ ကင်းဝေးသောနှစ်တစ်နှစ်ဖြစ်ကြပါစေ။

အာဏာရှင်စနစ်ဆိုး ကိုအမြစ်ချိုးပြီး ကိုယ့်မိသားစု ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ဒေသကို ပြန်လာနိုင်သော နှစ်တစ်နှစ်ဖြစ်ကြပါစေ။

လက်နက်အားကိုးနဲ့အနိုင်အထက်ပြုကျင့်ခြင်း မတရားဖိနှိပ်ချုပ်ချယ်ခြင်းတရားမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းတို့ ကင်းစင်သောနှစ်တစ်နှစ်ဖြစ်ကြပါစေ။

တစ်အိမ်လုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံး၊ ၊တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး စစ်မက်ကင်းစင်ပြီးအေးချမ်းသောနှစ်တစ်နှစ်ဖြစ်ကြပါစေ

တရားမျှတပြီးလွတ်လပ်သော ဖက်ဒရယ်နိုင်ငံတော်သစ်ကြီးဆီ စိတ်တူကိုယ်တူဖြင့်အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ

မန္တလေးတိုင်း ပညာရေးဘုတ်အဖွဲ့များ

22/02/2024

◼ စစ်မှုထမ်းဥပဒေထက် အာဏာရှင်သက်ဆိုးရှည်မှာ ပိုကြောက်ပါ

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်လူရွယ် အကုန်နီးပါးဟာ ရှေ့ကိုဘာဆက်လုပ်ရမှန်းမသိအောင်လမ်းပျောက်လာကြတာမြင်တွေ့ရတယ်။ စစ်တပ်ထဲဝင်တယ်ဆိုတာကလည်း ကိုယ်တိုင်စိတ်ပါမှ ဝင်ရတာထက် အခုက တဖက်သတ် ဥပဒေထုတ်ပြန်မှုအပေါ် ကြောက်ရွံ့လာကြတာဖြစ်တယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ကြောက်ရမယ့်အရာက စစ်မှုထမ်းဥပဒေ မဟုတ်ပါဘူး၊ အာဏာရှင်သက်ဆိုးရှည်မှာကိုပဲ ကြောက်ရမှာဖြစ်တယ်။

ဒီတော့ စစ်ကောင်စီ ပြုတ်ကျပြီး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အခုထက်ပို တော်လှန်ရေးမှာအားစိုက်သင့်ပါတယ်။ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်နေ့ အသက်သွင်းကြောင်းကြေညာလိုက်ပြီးတဲ့ နောက်ကွယ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်လာနိုင်တာတွေ့ရတယ်။ စစ်တပ်အနေနဲ့လည်း ဒီသတင်းတွေကိုဖုံးကွယ်နိုင်ဖို့ရယ်၊ စစ်တပ်အတွက် လိုအပ်တဲ့ လူအင်အားရနိုင်ဖို့ နောက်ဆုံးထွက်ပေါက်အနေနဲ့ လုပ်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။

တဖက်က တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေးကို တစိုက်မက်မက် လုပ်ဆောင်လာတာ ပိုမိုသိသာစေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပါဝင်တဲ့ ပူးပေါင်းတပ်များက ရှားတောမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိ ကရင်နီပြည်နယ်အတွင်း မယ်စဲ့၊ မော်ချီး၊ ရွာသစ်၊ ရှား​တောမြို့များကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်။ ဒီဒေသမှာရှိတဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်၊ စစ်မှုထမ်းဥပဒေဟာ ယခုဒေသတွေမှာ အသုံးမဝင်ပါဘူး။

ကရင်ပြည်နယ်မှာဆိုရင်လည်း တော်လှန်ရေးကာလ (၃) နှစ်ပြည့်ပြီးနောက် တော်လှန်ရေးရဲဘော်ရဲဘက်သူငယ်ချင်းတွေပြန်လည်ဆုံစည်းခြင်း အမည်နဲ့ မြဝတီမြို့အဝင် ပုံတချို့ကို Lion Battalion Commando စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ထိုထဲတွင် Cobra စစ်ဆင်ရေးမှုး ဗိုလ်ဒါဘော၊ Lion Battalion စစ်ကြောင်းမှုး ဗိုလ်အယ်စေးဝါး၊ SOF တပ်ဖွဲ့မှုး ကိုအောင်စံရှား၊ ရေးဘီလူးခေါင်းဆောင် ကိုကြက်၊ ဒေါနစစ်ကြောင်းမှုး ကိုဘိတ် တို့ကိုအတူတွေ့မြင်ရပြီး "တောင်ပိုင်းရဲ့အင်အားတွေ အားလုံးစုစည်းမိတဲ့အခါ အောင်မြင်မှုက မကြာခင်ရလာတော့မှာပါ" လို့ရေးသားထားခဲ့တဲ့အတွက် ဒီစစ်အင်အားနဲ့ဆိုရင် တောင်ပိုင်းတိုင်း အတွင်း စစ်ရေးအရှိန်ပိုမိုမြှင့်လာနိုင်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်လည်း ၂၀၂၄ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စင်းအထိ သွားလာလို့ မရနိုင်အောင်နဲ့ မြစ်အတွင်းရေချလို့ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ရခိုင်က စစ်ကောင်စီရဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အောက်ရှိ မင်းပြား၊ကျောက်တော်နဲ့ မြောက်ဦးမြို့က တပ်ရင်း ၁၀ ရင်းကို တစ်လကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စကခ ဌာနချုပ်ကိုပါ အပြီးသတ်ချေမှုန်းနိုင်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ စစ်ဆင်ရေး နှစ်ပတ်အကျော်မှာ ရခိုင်ဘက်ကို စစ်မျက်နှာဖွင့်လိုက်တဲ့ AA အနေနဲ့ ချင်းက ပလက်ဝနဲ့ ဆမီးမြို့ အပါအဝင် ရခိုင်က ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊မြောက်ဦးနဲ့ တောင်ပြိုမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦး ခမရ (၃၇၇) ကို တိုက်ခိုက်သိမ်းပိုက်စဉ် အတွင်း အသေဖမ်းမိခဲ့ပြီး၊ စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်အတွင်း ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဖြစ်စဥ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ လက်တလော ဖြစ်ပျက်သွားခဲ့တာပဲဖြစ်တယ်။ အခုလို တော်လှန်ရေးတပ်ဖွဲ့က စိုးမိုးထားတဲ့ဒေသမှာ စစ်တပ်ဘက်က စစ်မှုမထမ်းမနေရ ဥပဒေ လာထုတ်လို့မရသလို၊ စစ်အာဏာရှင်လက်အောက်ကနေ လွတ်လပ်တဲ့ဘဝမှာနေထိုင်ကြရတာဖြစ်တယ်။

အမှန်တော့ စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူလိုက်ပြီးတဲ့နောက် အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီးခံလိုက်ရတယ်လို့ ခံစားကြရတဲ့ မြန်မာလူငယ်တွေဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားကြသူတွေရှိသလို ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားကြသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် အနေချောင်အစားချောင် ကြုံသလိုနေကြတဲ့ လူတန်းစားတချို့လည်း ရှိကြပါတယ်။ စစ်မှုထမ်းဥပဒေအသက်ဝင်လာတဲ့နောက်မှာတော့ ဒီလူတွေကိုယ်တိုင်က စစ်တပ်ရဲ့ အဓမ္မပေါ်တာဆွဲမှာကို ကြောက်ရွံ့လာကြသလို၊ လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့ ကြိုးစားလာတာမြင်တွေ့ရပါတယ်။

ဒီတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာနေပေမယ့် တတ်နိုင်တဲ့ဘက်က အာဏာရှင်ဖြုတ်ချရေးမှာပိုမိုပါဝင်ကြပါ။ စစ်တပ်ကလမ်းပေါ်ထွက်မှ ပေါ်တာ ဆွဲတယ်မထင်ပါနဲ့ အိမ်ထဲနေလည်း လိုအပ်ရင်လာဖမ်းမှာပါ။ ကိုယ်အနာဂတ်ကိုယ်သာဖန်တီးရာ၏ဆိုသလို၊ အထက်မှာပြောပြခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ လွတ်မြောက်သွားတဲ့ မြို့နယ်တွေထဲက တော်လှန်ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုမျိုးလိုအပ်ပါတယ်။ ကျန်ရှိနေသေးတဲ့ လူငယ်တွေအနေနဲ့လည်း စစ်မှုထမ်းဥပဒေထက်၊ ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်သက်ဆိုးရှည်မှာကိုသာ ကြောက်ပါလို့ပဲ ပြောချင်ပါတယ်။

✍ မောင်ဝိ

#စစ်မှုထမ်း
#စစ်တပ်
#ပေါ်တာ..

12/02/2024

"ပြည်သူ့စစ်မှုထမ်းဥပဒေ"ဆိုတာ
-------------------------------------
၂၀၁၀ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့မှာ
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီကပြည်သူ့စစ်မှုထမ်း ဥပဒေကို ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တယ်။

ဒီဥပဒေအရ
၁။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများအားလုံး
စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး
စက်မှု လက်မှု အပါအ၀င်
ကျွမ်းကျင်ပညာရှင်ဖြစ်လျှင်တော့….
၁။ အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနဲ့
၂။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများအားလုံး
အကျုံး၀င်မှာ ဖြစ်တယ်။

ဘယ်သူတွေ ကင်းလွတ်ခွင့်ရမလဲဆိုတော့
၁။ သာသနာ့ ၀န်ထမ်းတွေ( မည်သည့် ဘာသာမဆို )
၂။ အိမ်ထောင်သည် အမျိုးသမီးတွေ၊
(သားသမီးရှိတဲ့ အိမ်ထောင်ပျက်အမျိုးသမီးတွေအပါ)
၃။ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ။
၄။ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က
သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူတွေ
ကလွဲရင် အကျုံးဝင်သူအားလုံးဟာ
မဖြစ်မနေ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။

စစ်မှုထမ်းကာလကို ကာလတို
ယာယီရွေ့ဆိုင်းခွင့်ပြုတဲ့သူတွေကတော့
၁။ ယာယီဆေးအဆင့်နိမ့်နေသူများ
၂။ နိုင်ငံ၀န်ထမ်းများ
၃။ ပညာသင်ကြားနေသူများ
၄။ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့်
မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ
၅။ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနဲ့
၆။ ထောင်ဒဏ်ကျခံနေရသူများတို့ဖြစ်ပါတယ်။

ကာလတို
ယာယီရွေ့ဆိုင်းခွင့်ရဲတဲ့သူတွေအနေနဲ့
ယာယီရွေ့ဆိုင်းခွင့်ပြုထားတုန်း
အသက်ကန့်သတ်ချက် ကျော်လွန်သွားရင်လဲ
ကင်းလွတ်ခွင့်မပြုပဲ
ဆက်ပြီးတာ၀န်ထမ်းဆောင်ရမယ်။

စစ်မှုထမ်းကာလကတော့
၁။ သာမန် လူတွေ အတွက် ၂ နှစ်ဖြစ်ပြီး
၂။ ပညာသည်တွေ အတွက်ကတော့ ၃ နှစ်ဖြစ်တယ်။
အရေးပေါ် အခြေအနေတွေမှာတော့
မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ
တာ၀န်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်ပါတယ်။

စစ်မှုထမ်းဥပဒေအရ
အမှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့မည်သူမဆို
စစ်မှု စတင်ထမ်းတဲ့နေ့ကစပြီး
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို လိုက်နာရမှာဖြစ်ပြီး
အပြစ်တစ်စုံတစ်ရာ ကျူးလွန်မယ်ဆိုရင်တော့
စစ်မှုထမ်းကာလအတွင်း
စစ်တရားရုံးက ဖြစ်စေ၊
နယ်ဘက် တရားရုံးကဖြစ်စေ
ချမှတ်တဲ့ပြစ်ဒဏ်ကာလကို
စစ်မှုထမ်းကာလအတွင်း ထည့်သွင်း စဉ်းစားခြင်းမပြုပဲ
သတ်မှတ်ကာလပြည့်သည်အထိ
စစ်မှုထမ်းဆောင်ရပါမယ်။

အခွင့်အရေးတွေ အနေနဲ့ကတော့
စစ်မှုထမ်းကာလအတွင်း
အဆင့်လိုက် လစာစားရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး
တာ၀န်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက
တပ်မတော်က သတ်မှတ်ထားတဲ့အတိုင်း
ခံစားခွင့် များ ရရှိပါမယ်။
ပါရဂူဘွဲ့၊ အခြားအသက်မွေး ၀မ်းကျောင်းဘွဲ့နဲ့
သတ်မှတ်အရည်အချင်းပြည့်မီသူတွေကို ….
ပြန်တမ်း၀င်အရာရှိအဖြစ်
တိုက်ရိုက် ခန့်အပ်နိုင်တဲ့အချက်ကိုလည်း
ထည့်သွင်းပြဌာန်းထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို
မြို့နယ်/ ခရိုင် /တိုင်းဒေသကြီး /
ဗဟို အဆင့်တွေအထိ
ဖွဲ့စည်းသွားမှာဖြစ်ပြီး
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေက
နှစ်စဉ် စစ်မှုထမ်းရန် အရွယ်ရောက်သူများစာရင်းကို
မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ
ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေပဲ
အရောက်ပေးပို့ရမှာ ဖြစ်တယ်။

မြို့နယ်အဖွဲ့က
အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး
မှတ်ပုံတင်ထားရှိကာ
လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပြီး
လက်မှတ်ရရှိသူတွေကိုတော့
ဆေးစစ်ဖိုဆင့်ခေါ်မှာ ဖြစ်တယ်။

စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို
သက်ဆိုင်ရာပုဂ္ဂိုလ်ကို
တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး
မတွေ့ရှိခဲ့ရင်တော့
မိသားစု၀င်တစ်ဦးဦးဆီ
သက်သေတစ်ဦးရှေ့မှာ ပေးအပ်ရပါမယ်။
ဒါဟာ ဥပဒေအရ
သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို
ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ မှတ်ယူပါမယ်။

ပြစ်ဒဏ်တွေကတော့
ပုဒ်မ ၂၃ အရ
၁။ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၂။ ဆေးစစ်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၃။ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်
၄။ မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို
လိမ်လည်ရေးသားဖော်ပြရင်
၅။ စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့ပြန်ရောက်လာတဲ့သူကို
အလုပ်ရှင်က မူလအလုပ်/ရာထူးမှာ
ခန့်အပ်ဖို့ ငြင်းဆန်ရင်
ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်တယ်။

ပုဒ်မ၂၄ အရ
စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့အတွက်
၁။ ရောဂါရှိဟန်ဆောင်ခြင်း
၂။ တမင် ရောဂါရအောင်လုပ်ခြင်း
၃။ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း
၄။ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက်
ကျူးလွန်သူက ထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ပြီး
စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲဖို့အတွက်
အားပေးသူကူညီသူဟာ
၁။ အရပ်သားဆို ထောင်ဒဏ် (၁)နှစ် …..
၂။ ၀န်ထမ်းဆို ထောင်ဒဏ်(၃)နှစ်ကျခံရမှာဖြစ်သလို
ရဲအရေးပိုင်တဲ့ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပါတယ်။

ပုဒ်မ ၂၃ နဲ့၂၄ ကို ကျုးလွန်သူတွေဟာ
ပြစ်ဒဏ်ကျခံပြီးနောက်
စစ်မှုထမ်းဆောင်ဖို့
ပြန်လည်သတင်းပို့ရမှာပဲဖြစ်ပါတယ်။

31/01/2024

တော်လှန်ရေး ၃ နှစ်ပြည့် ပညာရေးသပိတ်

`` ငြိမ်းချမ်းသော စာသင်ခန်းတွေဖြစ်ဖို့ အားလုံးပြိုင်တူရုန်းကြစို့ ´´

`` ပညာဖြင့်တော်လှန် CDM
ပါဝင်ထမ်းရွက် အနာဂတ်အတွက် ´´

အထက်ပါ ဆိုလိုဂရမ် ၂ ခုကို ကိုင်ဆွဲ၍ BEGSC မြိုင်မှ မြေပြင်သပိတ်များဆင်နွှဲ၍ ပညာရေးသပိတ်ကို ဆင်နွှဲသွားမည်။

မြေပြင်ပြည်သူ့ပညာရေးကျောင်းများမှလည်း အသံတိတ် သပိတ်နှင့်အတူ အထက်ပါ ဆိုလိုဂရမ်များကိုင်ဆွဲ၍ ပူးပေါင်းပါဝင်နိုင်ပါသည်။

Online ကျောင်းများမှလည်း Zoom Profile Campaign များဆောင်ရွက်၍ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်အပ်ပါသည်။

Facebook Profile Campaign လည်း ပြုလုပ်ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ကြပါတယ်။

ပညာရေး CDM များရဲ့ အားမာန်နဲ့ ပညာရေးသပိတ်ကို တော်လှန်ရေး ၃ နှစ်ပြည့်ကို ငြိမ်မခံဘူးတော်လှန်နေကြောင်း ပြသကြပါစို့ .....

31.1.2024
BEGSC

Photos from Mandalay Education Boards's post 30/01/2024

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။

#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ







#လုံးဝအုပ်ချုပ်ခွင့်မရစေရ

ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။

အရေးတော်ပုံ အောင်ရမည်။

Photos from Mandalay Education Boards's post 26/01/2024

NUG-MOE အသိအမှတ်ပြု ကျောင်းများစာရင်းထုတ်ပြန်ကြေငြာခြင်း

26/01/2024

အခကြေးငွေကောက်ခံသင်ကြားသောကျောင်းသည် အသိအမှတ်ပြုကျောင်းမဟုတ်ပါ၊

Photos from Mandalay Education Boards's post 31/12/2023

Nwayoo Revolutionary High School၏ 2024 နှစ်သစ် အစီအစဉ်များနှင့်တကွ နှစ်သစ်မှာ ပျော်နိုင်သူ မပျော်နိုင်သူ အားလုံး
ကျန်းမာ၍အေးချမ်းကြပါစေ။
NORHS မှ 2024 ဇန်နဝါရီလမှ စ၍ အ‌ခြေခံပညာ CDM ဝန်ထမ်း (မည်သည့်မြို့နယ်ကမဆို) လစဉ် ၄ဦးနှူန်းထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Photos from Mandalay Education Boards's post 29/12/2023

CDM ဆိုတာဘာလဲ? အပိုင်း ၃

Photos from Mandalay Education Boards's post 23/12/2023

"Non-CDM အကြောင်း ဆက်ပြောကြမယ်"
-"အခန်း ၂၊ အပိုင်း ၂"

Photos from Mandalay Education Boards's post 14/12/2023

`` CDM ကျောင်းသားကျောင်းသူများအတွက် မူဝါဒပေါ်ထွက်လာရေး တိုက်တွန်းထုတ်ပြန်ချက် ´´

ရက်စွဲ - ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာ (၁၄) ရက်

၁။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် CDM လှုပ်ရှားမှုသည် အင်အားကြီးမားသည့် တော်လှန်ရေးဒေါက်တိုင် ကြီးအဖြစ် စစ်အာဏာရှင်ကို ကြံ့ကြံ့ခံတော်လှန်နေကြသည်မှာ ယနေ့တိုင်ဖြစ်ပေသည်။ CDM လှုပ်ရှားမှု တွင် နိုင်ငံဝန်ထမ်းများ ၊ ပြည်သူ့ဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများ ၊ ပုဂ္ဂလိက ဝန်ထမ်းများ ၊ ပြည်သူများသည် ကဏ္ဍအသီးသီးတွင် ရဲဝင့်စွာ တော်လှန်တိုက်ပွဲဝင်နေကြပေသည်။ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်းများကို စွန့်ခွာကျောခိုင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော CDM ကျောင်းသားတို့သည် လက်ရှိ တော်လှန်ရေး၏ ကဏ္ဍအသီးသီးတွင် ရှေ့တန်းမှ ပါဝင်တော်လှန်လျက်ရှိပေသည်။

၂။ CDM ကျောင်းသားကျောင်းသူတို့သည် သပိတ်လက်နက်ကိုင်စွဲ၍လည်းကောင်း ၊ ပြည်သူ့ပညာရေးတွင် ပါဝင်တည်ဆောက်ခြင်းဖြင့်လည်းကောင်း ၊ လက်နက်ကိုင်တော်လှန်ရေးတွင်လည်းကောင်း အသွင် သဏ္ဍာန်မျိုးစုံဖြင့် ပါဝင်တိုက်ပွဲဝင်လျက်ရှိရာ ပညာရေးအခွင့်အလှမ်းများဆုံးရှုံးနေခြင်း ၊ လွတ်လပ်စွာ ပညာကြားခွင့်မရခြင်း ၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ၊ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်ခြင်း အစရှိသည့် ဖိနှိပ်မှုများစွာကို ရင်ဆိုင်ရလျက်ရှိပါသည်။ ထို CDM ကျောင်းသားတို့အတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရန်မှာ အလွန်အရေးကြီးသည်။

၃။ တော်လှန်ရေးကာလ (၃) နှစ်နီးပါးရှိခဲ့ပြီးဖြစ်သော်လည်း တိုင်းပြည်အတွင်းရှိ သန်းနှင့်ချီသော CDM ကျောင်းသားတို့အတွက် ခိုင်မာသောမူဝါဒများ မရှိသေးပါ။ ထို CDM ကျောင်းသားတို့သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ၎င်းတို့အတွက် ပညာရေးအခွင့်အလမ်းများ ၊ ပညာရေးအာမခံချက်များ ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်တည်ဆောက်ရေးအစီအစဉ်များ ၊ ၎င်းတို့အတွက် တရားမျှတမှု ပြန်လည်ရှာဖွေနိုင်ရေးအတွက်အစီအမံများကို ယခုချိန်ကတည်းက မူဝါဒများ ခိုင်ခိုင်မာမာရေးဆွဲ ပြဌာန်းထားသင့်သည်ဟု ကျွန်ုပ်တို့က ရှုမြင်ပါသည်။

၄။ တဆက်တည်းမှာပင် CDM , Non CDM အကြပ်အတည်းကို မူဝါဒများဖြင့် တရားမျှတစွာစနစ်တကျ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည့်အတွက် အကျိုးသက်ဆိုင်သူများအားလုံး၏ သဘောထားများကို အခြေခံ၍ CDM ကျောင်းသားကျောင်းသူများအတွက် မူဝါဒများ ၊ အခြားကဏ္ဍများက CDM များအတွက် မူဝါဒများကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် ပါဝင်သင့်ပါဝင်ထိုက်သူများဖြင့် ရေးဆွဲအတည်ပြုနိုင်ရေး ယခုအချိန်ကတည်းက ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

၅။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC) အနေဖြင့် မိမိတို့တတ်စွမ်းသည့်ဖက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေပါကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးအနေဖြင့် CDM ကျောင်းသားကျောင်းသူများအတွက် မူဝါဒများကို ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်း ပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ

08/12/2023

https://m.facebook.com/story.php?story_fbid=122098156340109346&id=61553280382653&mibextid=Nif5oz

CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံကျင်းပရေးကော်မတီမှ ညီလာခံကျင်းပရသည့် ရည်ရွယ်ချက်များကို ထုတ်ပြန်ကြေညာခြင်း

CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံဖြစ်မြောက်ရေးကော်မတီ မှနေ၍ ပါဝင်သင့်ပါဝင်ထိုက်သော အဖွဲ့အစည်းများကို ဆက်လက်စုစည်းချိတ်ဆက်ပြီး CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံဖြစ်မြောက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးတွင် အောက်ပါရည်ရွယ်ချက်များကို အကျေအလည်သေချာစွာဆွေးနွေးပြီး မချိတ်ဆက်မိသေးသော CDM နိုင်ငံ့ဝန်ထမ်းအင်အားစုများနှင့်တကွ အများပြည်သူ သိရှိစေရန် အောက်ပါရည်ရွယ်ချက် (၅) ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

(က) CDM နိုင်ငံ့ဝန်ထမ်းထု၏ အကြမ်းမဖက်အာဏာဖီဆန်မှုတွင် ပါဝင်လာရခြင်း၏ ရပ်တည်ချက် ၊ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ဖော်ထုတ်ရန်။

(ခ) နွေဦးတော်လှန်ရေးကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းထု၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးအကျပ် အတည်းများနှင့်စပ်လျဥ်း၍ ရှုမြင်သုံးသပ်ချက်နှင့် တိုက်တွန်းချက်များ ထုတ်ပြန်ရန်။

(ဂ) ပြည်သူလူထု ၊ တော်လှန်ရေး နှင့် နိုင်ငံရေးအင်အားစုများသို့ CDM နိုင်ငံ့ဝန်ထမ်းထုမှ ပန်ကြားချက်များ ထုတ်ပြန်ရန်။

(ဃ) နွေဦးတော်လှန်ရေးတွင် နိုင်ငံ့ဝန်ထမ်း CDM လှုပ်ရှားမှု၏ အရေးပါမှု ၊ ထိရောက်မှု ၊ ကျယ်ပြန့်နက်ရှိုင်းမှု နှင့် သိသာထင်ရှားမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ အပြည့်အဝနားလည်သဘောပေါက်စေရန်။

(င) CDM နိုင်ငံ့ဝန်ထမ်းထု၏ မျှော်မှန်းချက်များနှင့်အညီ ရှေ့ဆက်သွားမည့်လုပ်ငန်းစဥ်များကို စုစည်း ဖော်ထုတ်ရန်။

တော်လှန်ရေးသစ္စာဖြင့်
CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံကျင်းပရေးကော်မတီ

Photos from Mandalay Education Boards's post 08/12/2023

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ကာတွန်း

02/12/2023

Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အတွက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က အမိန့်စာထုတ်ပြန်

ဒီဇင်ဘာလ ၂ ရက်

Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။

အမိန့်စာထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်မှာ တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာနဲ့ “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားတဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းတွေက ဌာနဆိုင်ရာ စာရွက်စာတမ်း များအား

အဆက် - ⤵️⤵️

Photos from Mandalay Education Boards's post 26/11/2023

Non CDM များအတွက် statmantတွေ လာနေပြီနော်

Photos from Mandalay Education Boards's post 25/11/2023

ချင်း CDMမူဝါဒ👍

Photos from Mandalay Education Boards's post 21/11/2023

တနင်္လာရီ၊စစ်ကိုင်း

Photos from Mandalay Education Boards's post 21/11/2023

မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်သည့်အပေါ် မကွေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ-အစည်းအဝေးကျင်းပ၍ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ဆောင်ရွက်လိုက်သည့် အပေါ် 'ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ကနဦးစွမ်းဆောင်ချက်အား ကြိုဆိုပါသည်' ဆိုသော စကားရပ်များ ပါဝင်သည့် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ /၂၀၂၃)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ် ကော်မတီကလည်း ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရပါသည်။
အဆိုပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မကွေးဒေသအတွင်း၌ မွေးဖွားရပ်တည်ကာ တော်လှန်ရေး ကဏ္ဍအသီးသီးတို့တွင် ပြည်သူလူထုနှင့် တသားတည်း မပြတ်တမ်း ချီတက်လှုပ်ရှား‌ တိုက်ပွဲဝင်နေကြသော ကျွန်ုပ်တို့မ‌ကွေးဒေသခံ တော်လှန်ရေးအင်အားစုများ၏ သဘောထားရပ်တည်ချက်များကို တော်လှန်ရေး အကျိုး ပိုမိုဖြစ်ထွန်းစေရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရှင်သန်အားကောင်းစေရေးတို့ကို မျှော်ရည်လျက် နိုင်ငံအဝှမ်းရှိ တော်လှန်ရေးအင်အားစု အသီးသီးနှင့် ပြည်သူလူထုတို့ကို အခြေအနေမှန်များ သိရှိနိုင်စေနိုင်ရန် အလို့ငှာ အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်။
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် အထက်ပါဥပဒေကို ရေးဆွဲပြင်ဆင်စဉ်ကာလ တစ်လျှောက်လုံး၌ မကွေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစု အချို့နှင့် မည်ကာမတ္တတွေ့ဆုံမှု အချို့ကိုသာ ဟန်ပြဆောင်ရွက်ခဲ့ပါသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ဥပဒေကြမ်းကို လွတ်လပ်ပွင့်လင်းစွာ ဖတ်ရှု၊ လေ့လာ၊ ဝေဖန်၍ အကြံပြုနိုင်သည့် အခင်းအကျင်းမျိုး ဖန်တီးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့ပါ။
၂။ ထို့ကြောင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေသည် ကျွန်ုပ်တို့ မကွေးဒေသအတွင်းရှိ တော်လှန်ရေး အင်အားစုများကို လုံလောက် ထိရောက်စွာ အသိပေးတိုင်ပင်ထားခြင်းမရှိဘဲ အတည်ပြုခဲ့သော ဥပဒေသာဖြစ်ပြီး ကျွန်ုပ်တို့၏ သဘောထား ဆန္ဒများ ထင်ဟပ်ပါဝင်ခြင်း အလျဉ်း မရှိပါ။
၃။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ထွန်းလာရေးအတွက် အဓိကကျသည့် ဖက်ဒရယ် ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်သူလူထုဆန္ဒနှင့်အညီ ဖော်ဆောင်နိုင်စေဖို့ ဆိုပါလျှင် သက်ဆိုင်ရာဒေသအတွင်းရှိ တော်လှန်ရေး အင်အားစုများကြားတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းခြင်းဖြစ်စဉ် (All Inclusive Political Process)ကို အကျေအလည် ကြိမ်ဖန်များစွာ ပြုလုပ်ရန်လိုအပ်ပြီး ယင်းဖြစ်စဉ်မှ ထွက်ပေါ်လာမည့် နိုင်ငံရေးဘုံသဘောတူညီမှု ရလဒ်ကောင်း များဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ကျွန်ုပ်တို့ကယုံကြည်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရန်လည်း ကျွန်ုပ်တို့က အလေးအနက် ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
၄။ ထို့အပြင် ဖက်ဒရယ်ယူနစ်များအတွက် ကြားကာလအစီအမံ ရေးဆွဲရန်ပြင်ဆင်ခြင်း အပါအဝင်၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ဦးတည်သည့် ကိစ္စရပ်များအားလုံး‌ကို ဖော်ဆောင်ကြရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ဖက်ဒရယ်ဒီမိုကရေစီ စံတန်ဖိုးများ၊ မူဝါဒများကို သွေဖည်ခြင်းမရှိစေရန် အထူးဂရုပြုလေးစားလိုက်နာ၍ တော်လှန်ရေး အင်အားစုများကြားတွင် တန်းတူညီမျှသော၊ ရိုးသား၍ ပွင့်လင်းမြင်သာသော၊ အပြန်အလှန် လေးစားအသိ အမှတ်ပြုသော လက်တွဲချီတက်မှုများဖြင့်သာ ဖော်ဆောင်ကြပါရန်လည်း ကျွန်ုပ်တို့က လေးလေးနက်နက်တောင်း ဆိုသည်။
၅။ မကွေးဒေသ၏ တော်လှန်ရေးနှင့် ဖက်ဒရယ်ဆိုင်ရာ ဖြစ်ထွန်းတိုးတက်ရေးအတွက် ဒေသအတွင်းရှိ တော်လှန်ရေး အင်အားစုများကြားတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းခြင်းဖြစ်စဉ် (All Inclusive Political Process)ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်၊ ဖက်ဒရယ်ဒီမိုကရေစီ စံတန်ဖိုးများ၊ မူဝါဒ (သို့) မူဘောင်များနှင့်အညီ ဖော်ဆောင်သွားနိုင် ရေးအတွက်လည်း ကျွန်ုပ်တို့က ရိုးသားတည်ကြည်စွာ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ကျွန်ုပ်တို့၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်သည်။

ပါဝင်သည့် တော်လှန်ရေး အင်အားစုများ
၁။ မကွေးလူထုတိုက်ပွဲ‌ကော်မတီ
မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ကွန်ပျူတာတက္ကသိုလ်(မကွေး)ကျောင်းသားသမဂ္ဂ
ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)ကျောင်းသားများသမဂ္ဂ
မကွေး သူနာပြု-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
မင်းဘူးမြို့နယ်အခြေခံကျောင်းသားများသမဂ္ဂ
ချောက်မြို့နယ် အခြေခံပညာကျောင်းသားရေးရာအဖွဲ့
မကွေးမြို့နယ်တောင်သူစစ်ကြောင်း
စစ်အာဏာရှင်စနစ် ဆန့်ကျင်သော အစ္စလာမ် လူငယ်များအဖွဲ့ (မကွေး)
အရပ်ဖက်အဖွဲ့အစည်းများ အင်အားစု(မကွေး)
ဖက်ဒရယ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အင်အားစု(မင်းတုန်း)
ဖက်ဒရယ် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ အင်အားစု(တောင်တွင်းကြီး)
ဖက်ဒရယ် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ အင်အားစု(အောင်လံ)
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ အင်အားစု(ငဖဲ)
ဖက်ဒရယ် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ အင်အားစု(စေတုတ္တရာ)
ဖက်ဒရယ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အင်အားစု(စလင်း)
မကွေးတက္ကသိုလ် ဆရာများသမဂ္ဂ
၂။ ရေစကြိုမြို့နယ် လူထုသပ်ိတ်တိုက်ပွဲဦးဆောင်ကော်မတီ
၃။ ယော လူထုတိုက်ပွဲ ကော်မတီ
၄။ ပခုက္ကူလူထုတိုက်ပွဲကော်မတီ
ပခုက္ကူကျောင်းသားသမဂ္ဂဟောင်းများအင်အားစု
ပခုက္ကူကျောင်းသားသမဂ္ဂများကွန်ရက်
တမာမြေအမျိုးသမီးအခွင့်ရေးအင်အားစု
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအင်အားစု (ပခုက္ကူ)
စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသောနိုင်ငံရေး အင်အားစုများ (ပခုက္ကူ)
အရပ်ဖက်အဖွဲ့အစည်းများ(ပခုက္ကူ)
၅။ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီ ( BEGSC - MYAING )
၆။ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး
၇။ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ
အောင်လံမြို့နယ်ပညာရေးဘုတ်အဖွဲ့
မင်းဘူးမြို့နယ်ပညာရေးဘုတ်အဖွဲ့
ငဖဲမြို့နယ်ပညာရေးဘုတ်အဖွဲ့
ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့
မင်းလှမြို့နယ်ပညာရေးဘုတ်အဖွဲ့
ပွင့်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့
ထီးလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့
ဆောမြို့နယ်ပညာရေးဘုတ်အဖွဲ့
စလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့
ဆင်ပေါင်ဝဲမြို့နယ် ပညာရေးဘုတ်အဖွဲ့
ရေနံချောင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့
မင်းတုန်းမြို့နယ်ပညာရေးဘုတ်အဖွဲ့
ပေါက်မြို့နယ် ပညာရေးဘုတ်အဖွဲ့
စေတုတ္တရာမြို့နယ်ပညာရေးဘုတ်အဖွဲ့
ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့
မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့
မကွေးမြို့နယ် ပညာရေးဘုတ်အဖွဲ့
ပခုက္ကူမြို့နယ် ပညာရေးဘုတ်အဖွဲ့
သရက်မြို့နယ် ပညာရေးဘုတ်အဖွဲ့
၈။ မကွေးဒေသ CDM ကျန်းမာရေး ဝန်ထမ်းများအစုအဖွဲ့
၉။ ကြားကာလတက္ကသိုလ်ကောင်စီများ
နည်းပညာတက္ကသိုလ်(မကွေး) ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(မကွေး) ယာယီတက္ကသိုလ်ကောင်စီ
ဆေးတက္ကသိုလ်(မကွေး) ယာယီတက္ကသိုလ်ကောင်စီ
မကွေးတက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီ
၁၀။ Student Christian Movement-Magway Region
၁၁။ ဆရာများသမဂ္ဂများ
ပေါက်မြို့နယ် ဆရာများသမဂ္ဂ(MTF-Pauk)
မကွေးတိုင်းဒေသကြီး ဆရာများသမဂ္ဂ (MTF – Magway Region)

Videos (show all)

ကြားကာလပညာရေး

Website