Bridge to Wisdom

Bridge to Wisdom

Sharing is Caring

17/04/2022

နှစ်သစ်ကူးအချိန်အခါသမယမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာကင်းကွာ စီးပွားဥစ္စာများ တိုးတက်နိုင်ကြပါစေ

မြန်မာပြည်ကြီးအေးချမ်းပါစေ

Photos from Yadanar MFI-Sharing's post 30/03/2022

ဒီနေ့ ကျမတို့ MFI ရဲ့ ကွင်းဆင်းတဲ့ ရွာတွေမှာ
တကယ်ကို စားဝတ်နေရေး အဆင်မပြေတဲ့ အိမ်ထောင်စုတွေကို ကိုယ်တတ်နိုင်သလောက် အဝတ်အစားအချို့ လှူဒါန်းခဲ့ပါတယ်

ကျမတို့တွေ တခါတလေ
shopping center သွားရင်း
ကိုယ်တကယ်မလိုအပ်ဘဲ needs မဟုတ်ဘဲ
ကိုယ် လျှပ်တပြက်လိုချင်မိတဲ့ wants တွေကို
ဝယ်ချလာမိကြတယ်
တကယ်တမ်းဒါတွေရေရှည်အသုံးဝင်လား
ဆိုတော့ No

ကိုယ့်အိမ်မှာ ဗီဒိုထဲမှာ မဝတ်ဘဲ
ချောင်ထိုးထားမိတဲ့
ကလေးဝတ်
လူကြီးဝတ်တွေ
အိမ်မှာပိုနေလို့ ပြန်လှူချင်တာရှိရင်
ကျမဆီ ဆက်သွယ်ပေးပို့နိုင်ပါတယ်

တကယ်လိုအပ်နေသူတွေအတွက်
လှူဒါန်းချင်ရင် ကျမ လှူပေးပါ့မယ်

နေပြည်တော် ပျဥ်းမနား တချို့ သောရွာတွေမှာ
တကယ်ကိုလိုအပ်နေသူတွေအတွက် လှူပေးမှာပါ

ရတနာ (မြတောင်)

#အဝတ်အစားအပိုလှူဒါန်းခြင်း

01/01/2022

Requirements for Success in Profession
👉 Fire in the Belly (powerful sense of ambition or determination)
👉Positive Self-image (Self-esteem and feel good in yourself to attract others)
👉Good Communication with others

အောင်မြင်မှုအတွက်သော့ချက်များထဲက သုံးချက်ကို မျှဝေပေးပါ့မယ်
(1) ရည်မှန်းချက်တစ်ခုအတွက် ခိုင်မာသောဆုံးဖြတ်ချက်ရှိခြင်း
(2) မိမိက်ိုယ်ကိုယုံကြည်ပြီး အကောင်းမြင်စိတ်ရှိခြင်း
(3) လူအများနှင့် ပေါင်းသောင်းဆက်ဆံရေးကောင်းမွန်ခြင်း

မိမိရဲ့ Professional အလုပ်မှာအောင်မြင်ချင်ရင် ပထမဆုံးအနေနဲ့ ကိုယ်ဘယ်ပန်းတိုင်ကိုလျှောက်မှာလဲ ကိုယ်တကယ်ယုံကြည်ရာ ဖြစ်ချင်တာ ဘာလဲ ကိုယ်ဘယ်အထိလျှောက်မှာလဲ ဆိုတာ သေချာသိအောင်လုပ်ရမှာပါ

တခါတလေ ကျမတို့တွေဟာ လမ်းလျှောက်ရင်း လမ်းပျောက်တတ်ကြသလို လျှောက်နေပါရဲ့ ဘယ်ကိုသွားမလဲမသိသေးဘူး အဆင်ပြေသလိုပေါ့ ဆိုတာတွေ ဖြစ်နေတတ်ပါတယ်

ပန်းတိုင်မရှိဘဲလျှောက်နေသူအဖို့ ခရီးရောက်မှာမဟုတ်ပါဘူး

ပန်းတိုင်ရှိသွားပြီဆိုရင်တော့ fire in the belly ဆိုသလို ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး ရဲရဲဝင့်ဝင့် အားသွန်ခွန်စိုက် ဆက်လုပ်သွားရပါမယ်

အဲဒီအဆင့်ဟာလည်း တကယ်တော့ မလွယ်ကူပါဘူး လူတွေရဲ့သဘောသဘာဝအရ အစမှာ ဟုတ်သလိုလိုနဲ့ အဖျားရှူးသွားတတ်ကြသလိုပေါ့

ကျမတို့တွေ အသေးဆုံးလေးကနေ စတင်ကြိုးစားကြည့်လို့ရပါတယ်

မနက်တိုင်း 6 နာရီ အမြဲ ထ မယ် ဆိုပါစို့
အဲဒီဆုံးဖြတ်ချက်ကို တကယ်မလွဲမသွေ လိုက်နာဖို့လိုပါတယ်👈

နှစ်သစ်ကစတင်လို့ တစ်ခုခုကို fire in the belly လုပ်ကြည့်ကြမလား👌

14/09/2021

ခေတ်မကောင်းတဲ့အချိန်
လူတွေကျပ်တည်းနေချိန်မှာ

Microfinance sector ကနေ
ပြည်သူတွေ လိုအပ်နေတဲ့ ငွေကြေး အရင်းအနှီးတွေကို ကျမတို့
👉 Cam Capital Microfinance မှ စီစစ်ပံ့ပိုးပေးနေပါတယ်
Hire Purchase စနစ်နဲ့
ဖုန်းလား
လက်ဝတ်ရတနာလား
ဆိုင်ကယ်လား
ကားလား
ဘာဝယ်ချင်လဲ ချေးငွေတစ်နှစ်သက်တမ်းနဲ့ ပံ့ပိုးပေးနေပါတယ်
👉 ပြည်သူတွေရဲ့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကာကွယ်ပေးဖို့
EMERALDHILL Insurance Service မှ အသက်အာမခံဝန်ဆောင်မှုကို
Daiichii Life Myanmar နဲ့ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနေပါတယ်

30/01/2021

HRM sharing 001*

Microfinance Business မှာ ဝန်ထမ်းတွေ ဘယ်လောက်အရေးကြီးသလဲ?

- Microfinance business ဆိုတာ ငွေကြေးကို product အနေနဲ့ ယူဆပြီး people ကို marketing ပြုလုပ်ရတဲ့ business ပါ
People ဖြစ်တဲ့ staff တွေက people ဖြစ်တဲ့ client တွေကို money ငွေကြေးနဲ့ services ဝန်ဆောင်မှုကို ယုံကြည်မှု လူကဲခတ်မှု အရင်းခံကာ high risk နဲ့ ဆောင်ရွက်ရတဲ့ business မျိုးပါ
- MFI တွေမှာ အရေးအကြီးဆုံးက ဝန်ထမ်းကောင်းတွေ ရှိဖို့ မြဲဖို့ပါ

ရှိဖို့.......
- ငွေကြေးကိုအရင်းပြုကာ ဆောင်ရွက်ရတာမို့ ဝန်ထမ်းတွေရဲ့ ethic ရှိမှု ကိုယ်ကျင့်တရား ကောင်းမှု ခံယူချက် ကောင်းတွေရှိမှုက အရေးအကြီးဆုံးပါ
- ကိုယ်ကျင့်တရားချို့ယွင်းတဲ့ ဝန်ထမ်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ fraud တွေပြုလုပ်လာနိုင်သလို
- ခံယူချက်မကောင်းတဲ့ ဝန်ထမ်းတွေကြောင့်လည်း MFI တွေမှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်
- ဝန်ထမ်းတစ်ဦးဦး negative attitude ရှိတာနဲ့ တစ်လှေလုံးပုပ်ဆိုသလို team ထဲမှာ အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ဖြစ်လာကြပါတယ်
- ဝန်ထမ်းတွေဟာ မိမိထမင်းရှင် အဖွဲ့အစည်းအပေါ် positive thinking ရှိဖို့ အရေးကြီးသလို
- ကိုယ့် client တွေအပေါ်မှာလည်း ​ကောင်းမွန်တဲ့အတွေး ကိုယ်ချင်းစာတရားနဲ့ gentle communication ဖြစ်ဖို့လဲ လိုပါတယ်
- client တွေနဲ့ အဖွဲ့အစည်းကြားမှာ မှန်ကန်သင့်တော်ပြီး ဖြစ်သင့်တဲ့ condition ရောက်အောင် ဝန်ထမ်းတွေကသာလျှင် ဆောင်ရွက်ပေးနိုင်တဲ့ ကြားခံပါပဲ

ဒီအချက်တွေကိုကြည့်ရင် ဝန်ထမ်းကောင်းတွေ ရှိဖို့ က တကယ်ကို အရေးအကြီးဆုံးအချက်ပါပဲ

ရှိရုံနဲ့လဲ မပြီးဘူး မြဲဖို့လဲ လိုပြန်ပါတယ်

- ဝန်ထမ်းကောင်းတွေ ရှိနေတာ သေချာပြီဆိုရင် မြဲဖို့ ဆိုတာ Management က ထိန်းသိမ်းရမယ့်တာဝန်ပါ
- Microfinance မှာ ဝန်ထမ်းတွေကသာ clientနဲ့ closely communication လုပ်ရတာမို့ client နဲ့ good relationship သေချာတည်ဆောက်ထားတဲ့ ဝန်ထမ်းတွေကို မြဲအောင် ထိန်းသိမ်းဖို့လိုပါတယ်
- ဝန်ထမ်းတွေ မကြာခဏ အပြောင်းအလဲတွေ ဖြစ်နေမယ်ဆိုရင် client နဲ့ relationship ပြန်လည်
တည်ဆောက်ရမယ့် အချိန် လူအင်အား cost
- ဝန်ထမ်းသစ်ကို နယ်မြေအကျွမ်းတဝင် ဖြစ်အောင် လုပ်ရမယ့် cost
- ကိုယ့် အဖွဲ့အစည်းက ဖြစ်ချင်တဲ့ပုံစံ သွားနေတဲ့ လမ်းကြောင်းကို သေချာသိအောင် harmony ဖြစ်အောင် လုပ်ဆောင်ရမယ့် cost
- Team ကို ပြန်လည်တည်ဆောက်ရမယ့် cost

စတဲ့ အချိန် လူ ငွေ အင်အား cost တွေကြောင့် ဝန်ထမ်းကောင်းတွေကို မြဲအောင် ထိန်းသိမ်းသင့်ပါတယ်

သတိချပ်ရမှာက
ဝန်ထမ်းကောင်းကိုသာ မြဲအောင် ထိန်းသိမ်းပါ
ဝန်ထမ်းကောင်းမဟုတ်ခဲ့ရင်တော့ မြွေပွေး ခါးပိုက်ပိုက် ဆိုသလို......
တစ်ချိန်မှာ ဇာတိရုပ်ပေါ်လာစမြဲပါ

In my point of view ကတော့

ဝန်ထမ်းရွေးချယ်မယ်ဆိုရင် attitude နဲ့ mindset ကောင်းသူကိုပဲ ရွေးချယ်ပါတယ်
ဒါဟာလည်း အင်မတန် ခက်ခဲတဲ့ အကဲခတ်မှုပါပဲ လူတိုင်းဟာ စစချင်းမှာ လွယ်လွယ်နဲ့ မသိနိုင်ဘူးလေ

လုပ်ငန်းမကျွမ်းကျင်သေးတာဟာ ကျွမ်းကျင်အောင် training ပေးလို့ အဆင်ပြေနိုင်ပေမယ့်
Attitude မကောင်းတာ negative thinking သာ တွေးခေါ်တတ်တာက ပြင်ဖို့ခက်တဲ့ အချက်ပါပဲ

ကိုယ့်အဖွဲ့အစည်းမှာ ကိုယ့် team မှာ
ဒီလိုလူတွေများနေပြီဆိုရင်
(1) mindset တွေပြောင်းလာအောင် positive ဘက်ရောက်လာအောင် ဆွဲဆောင်ကြည့်ပါ သိမ်းသွင်းကြည့်ပါ
(2) တခါတလေ Gentle way နဲ့ သွားရသလို တခါတလေ dos and don't s တွေ rules and regulations တွေသုံးပြီး ကိုင်တွယ်ကြည့်ပါ
(3) နောက်ဆုံးအဆင့် မှာတော့ oral or warning letter သုံးကြည့်ပါ

ဒါမှ မပြင်ဘူးဆိုရင်တော့
Terminate လုပ်ပြီး
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ပစ်လိုက်ပါ
မိမိမှာတော့ ခိုင်လုံတဲ့ evidence ရှိပါစေ

ချစ်ခြင်းတွေနဲ့အတူ

Yadanar

30/01/2021

👉အလုပ်လုပ်နိုင်တုန်းမှာငွေရှာပါ
👉ရလာတဲ့ငွေထဲက ကိုယ်တတ်နိုင်တဲ့ပမာဏ တစ်ခုကို Money Goal ထားပြီးငွေစုပါ or investment လုပ်ပါ
👉ဘဝမှာ နေထိုင်နေရင်း စိတ်အေးချမ်းသာဖို့
👉ငွေကြေးနဲ့ ပတ်သက်ပြီး မပူပင်ရဖို့ Financial plan လုပ်ပါ

တချို့ကပြောကြတယ်
ကျမကိုယ်တိုင်လည်း ဖြစ်ခဲ့တယ်
တစ်လဝင်ငွေက မလောက်ဘူး
သုံးစရာတွေရှိနေလို့
ဘယ်ဟာလေးဝယ်ရဦးမယ် သာရေးနာရေးတွေ ရှိသေးတယ်
တစ်လမှ ငွေစုဖို့မကျန်ဘူး😌

ဒါမျိုးတွေ ဖြစ်လေ့ရှိပါတယ်

တကယ်တမ်း
ကျမတို့က အသုံးစရိတ်လျော့မယ်
ငွေစုချင်လိုက်တာ ဒီလိုပဲပြောကြတယ်
ပြောရုံပြောပြီး လက်တွေ့ပါမလာဘူး
ငွေစုမယ်ဆိုတာကို focus မလုပ်သေးလို့ပါ🤔

ကျမတို့ ဦးနှောက်က
ကျမတို့ တွေးတာတွေကိုသာ
ဖြစ်အောင်လုပ်လေ့ရှိတယ်
ကျမတို့ရဲ့အတွေးတွေက ဦးနှောက်မှာ အလိုလို program လုပ်သွားတာ

ကိုယ်တွေးနေတဲ့အရာ
focus လုပ်နေတဲ့အရာတွေသာ
အကုန်ဖြစ်သွားတာပါ🤔

သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်😳

အဲတော့ ဒီနေ့ကစလို့
ငွေစုမယ်ဆိုပြီး
focus လုပ်ကြည့်ရအောင်
မဖြစ်မနေ နေ့စဥ် အစားအစာအတွက် လိုအပ်တာပဲ ဝယ်ကြမယ်👌
မလိုအပ်ဘဲ Shopping Center ပတ်ပြီး ဟိုဝယ်ဒီဝယ် မလုပ်ဘဲ နေကြည့်ရအောင်👌
မလိုအပ်ဘဲ အပြင်ဆိုင်တွေမှာ စားတာလေးလဲ လျော့ကြမယ်👌
Online shop တွေက မလိုတာတွေ ဝယ်မိနေတာ
online ကနေ မြင်မြင်သမျှ မှာစားမိနေတာ
food panda ကိုပဲ ဝင်ဝင်ကြည့်နေမိတာတွေ လျော့ကြမယ်👌

ဒါဆိုရင်တော့

ဝင်ငွေတစ်ချို့ ပို ထွက်လာပါလိမ့်မယ်
မိတ်ဆွေတို့
စမ်းကြည့်လိုက်ပါ👍
ငွေစုဖို့ ငွေတွေထွက်လာပြီ ငွေစုတော့မယ်တွေးရင်
ကိုယ့်အတွက် အကာအကွယ်လဲရ
ငွေတစ်လုံးတစ်ခဲ ပြန်ရမယ့်
အစီအစဉ် တွေ ရှိနေပါတယ်
ပြောပြချင်လို့ ဆက်သွယ်လိုက်ပါ🤳

အသက် 30 ဝန်းကျင် သိန်း 50 ကို
6 နှစ် စုမယ်ဆိုရင်
တစ်လကို 70000 ပတ်လည်ပဲသွင်းရပါမယ်
3နှစ်ပြည့်တာနဲ့ စုငွေရဲ့ 3% အပိုဆောင်းရဦးမှာပါ👍👍👍👍

အသေးစိတ်ကို CB or 095436793 ကို မေးမြန်းနိုင်ပါတယ်

ထာဝရသင်နဲ့အတူ😍

Yadanar
Dai-ichi Life Myanmar

20/01/2021

ချစ်ခြင်းရဲ့ရသကို ခံစားနိုင်ကြစေဖို့!!!!

“စွဲတဲ့အချစ်”

ရွှေစည်းပုံ သုံးအိမ်နှောပါလို့
မယ်ရောပ မောင်နဲ့ကွယ်၊
ကြောက်ခမန်း
ညောင်နန်းမှာ ဝေလေလေပ
အထွေထွေ တစ္ဆေမေးပါလို့
ပြေးတဲ့အရွယ်။
အင်းမနေ မြေမနင်းရယ်နဲ့
ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်
စိတ်လုပ်မယ်လို့ မကြံဖြစ်၊
ညအခါ
လသာသာ ဖန်တို့လို့
တန်ကို့နော် မဆိုရဲရှာဘု
ကစားရွယ် ငယ်ကတည်းက
စွဲတဲ့အချစ်။ ။
(ဦးရဲဒင်)

သြော်.... ၇၀ ကျော်ဇနီးမောင်နှံ၊ ငယ်လင်ငယ်မယားတဲ့။ ကွာရှင်းချင်လို့ ရုံးတော်ကို ရောက်လာကြပါတယ်။ ငယ်ငယ် ကစားဖော်အရွယ်ကတည်းက ချစ်ခဲ့ကြတာ။ အိမ်ထောင်ဦး ၁၀နှစ်လောက် ပြီးကတည်းက နောက်ပိုင်း အိမ်ထောင်သက် နှစ် ၄၀ ကျော်အတွင်း တစ်စက်ကလေးမှ မတည့်ခဲ့ကြပါဘူးတဲ့။ ဘာလုပ်လုပ် သဘောထား မတိုက်ဆိုင်တဲ့အဆုံး ကွာရှင်းကြဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ပြီး ရုံးတော်ကို လာခဲ့ကြပါတယ်တဲ့။ ကလေးတွေ မျက်နှာကြောင့်သာ ခုချိန်ထိ မြဲနေတာ။ ခုတော့ ကလေးတွေလည်း သူတို့အိမ်ထောင်တွေနဲ့ သူတို့တောင် ဖြစ်နေကြ ပြီမို့..ဒီမျက်နှာကြီးကို ဆက်မကြည့်ချင်တော့ဘဲ ကျန်တဲ့ဘဝကို ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် လျှောက်ချင်တာ ကြောင့် ကွာရှင်းပေးပါ လို့ တရားသူကြီးဆီမှာ ဦးတိုက်လျှောက်ထားလာပါတယ်။
စာရွက်စာတမ်းတွေ ပြင်ဆင်နေချိန်မှာ အဖွားကြီးက “ အဖိုးကြီးရယ်.. ကျုပ် တော့်ကို တကယ်တော့ ချစ်ပါတယ်။ တော်နဲ့ ဘယ်လိုမှ အတူတူမနေချင်တော့လို့သာ ကွာရှင်းရတာပါ။ စိတ်ထဲမှာတော့ မကောင်းပါဘူးတော်...” လို့ ဖြည်းဖြည်းလေးလေးနဲ့ ခပ်တိုးတိုး ပြောရှာပါတယ်။ အဖိုးကြီးကတော့ ဘာမှ ပြန်မပြောဘဲ တုံနိဘာဝေ လုပ်နေပါတယ်။
ကွာရှင်းစာချုပ် ပြင်ဆင်ပေးနေတဲ့ တရားသူကြီးက ခပ်ငယ်ငယ်။ အဖွားကြီးရဲ့စကားကိုကြားတော့ တစ်ချက် တွေဝေသွားပါတယ်။ ခဏစဉ်းစားပြီး ခုလို ပြောလိုက်ပါတယ်။
“ဒီနေ့ မကွာရှင်းပါနဲ့အုန်း ဦးဦးနဲ့ ဒေါ်ဒေါ်..။ ဦးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အိမ်ထောင်ရေးဘဝအကြောင်းကို ကျွန်တော်တို့လိုလူငယ်တွေ ဆင်ခြင်နိုင်အောင် အပန်းမကြီးဘူးဆိုရင် ပြောပြစေချင်ပါတယ်။ ကျွန်တော်ကပဲ ဦးနဲ့ ဒေါ်ဒေါ်ကို ညစာနဲ့ ဧည့်ခံပါရစေ..။ ကျွန်တော်တို့ သုံးယောက် ညစာအတူစားရင်း နှစ်တွေအများကြီး ပေါင်းသင်းလာကြပြီးတော့မှ ဘာကြောင့် ကွာရှင်းချင်ရတာလည်း ဆိုတာကို သိပါရစေ” လို့ ပြောပြီး ကွာရှင်းတာကို တားလို့ ရလို ရငြား ကြိုးစားကြည့်ပါ တယ်။ အဖွားကြီးက “ရပါတယ်.. ကျွန်မတို့က လင်မယားမဟုတ်တော့ပေမယ့် မိတ်ဆွေအဖြစ်နဲ့တော့ ဆက်နေလို့ရသေးတာမို့ ညစာအတူစားဖို့ ပြဿနာ မရှိပါဘူး” ဆိုပြီး လက်ခံလိုက်ပါတယ်။
ညစာ စားကြတဲ့အခါ ပထမဆုံးလာချတဲ့ ဟင်းပွဲက ကြက်သားရို့စ် ဖြစ်ပါတယ်။ ဟင်းပွဲ ရောက်လာတယ်ဆိုရင်ပဲ အဖိုးကြီးက ကြက်ပေါင်တစ်ခေျာင်းကို ဖဲ့ ပြီး အဖွားကြီးရဲ့ ပန်းကန်ထဲကို ထည့်ပေးလို့ “ဒီမှာ မင်းအကြိုက် ကြက်ပေါင်ပဲ ဟေ့” လို့ ပြောလိုက်ပါတယ်။ တရားသူကြီးရဲ့စိတ်ထဲမှာတော့ ‘အင်း အခြေအနေ သိပ်မဆိုးဘူး။’ လို့ တွက်ထားလိုက်ပါတယ်။ ဒါပေမယ့် အဖွားကြီးက ကြက်ပေါင်ကို အဖိုးကြီးပန်းကန်ထဲ ပြန်ထည့်လိုက်ပြီး “အဲဒါတွေ ခက်တာပေါ့။ ကျုပ် ဘယ်တုန်းက ကြက်ပေါင်စားလို့လဲ။ ကျုပ်ကြိုက်တာက ရင်ပုံ၊ ရှင်ကြိုက်တာက ပေါင်.၊ တကတဲတော်... တစ်သက်လုံး ပေါင်းလာပြီး ကိုယ့်မိန်းမ ဘာကြိုက်လို့ ကြိုက်မှန်း မသိသေးဘူး၊ အိုပဲ အိုလှပြီ။ အဲဒါပါပဲ ဆရာလေးရယ်... ကျွန်မ သူ့ကို ကွာပစ်ချင်တယ် ဆိုတာ အဲဒီအကြောင်းတွေကြောင့်ပါပဲ။ အဓိက ကတော့ ဆရာလေးရယ်.. တစ်သက်လုံး သူ့အကြိုက်တွေကိုချည်း လာ လာ လုပ်ပေးနေပြီး ကိုယ့်အကြိုက်ကိုလည်း မှတ်မထား၊ လိုက်လဲမလိုက်လျောတော့ ကျွန်မအပေါ်မှာ နားလည်မှုမရှိဘူးလို့ ခံစားရပါတယ်။ ဒါကြောင့် ရှေ့လျှောက် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ်နေချင်တာမို့ သူနဲ့ နှောင်ဖွဲ့ထားတဲ့ အိမ်ထောင်ကို ပြတ်စဲရတာပါ။ အဖိုးကြီးမှာ တခြားပြောစရာတော့ ဘာမှ သိပ်မရှိလှပါဘူး။ သူ့စိတ်နဲ့ ကိုယ့်ကို နေ နေရသလိုကြီး ဖြစ်နေတဲ့ ဘဝက လွတ်လပ်ချင်လို့သာ ကွာရှင်းရတာပါ” လို့ ပြောပါတယ်။
တရားသူကြီးလေးကလည်း “နောက်ဆုံးအနေနဲ့ ဒီတစ်ည ထပ်စဉ်းစားကြပါအုန်း။ မနက်ဖြန်ကျ ထပ်တွေ့ကြ တာပေါ့” လို့ နည်းနည်းအချိန်ထပ်ဆွဲပေးလိုက်ပါတယ်။
ညစာစားပြီးကြတော့ အဖိုးကြီးနဲ့အဖွားကြီးဟာ သူတို့အိမ်တွေကို အသီးသီး ပြန်သွားကြပါတယ်။ အဖိုးကြီးက အိမ်ထောင်ကျသွားတဲ့ သားရဲ့ အိမ်မှာ သွားနေရတာဖြစ်ပြီး အဖွားကြီးကတော့ အရင်အိမ်မှာ နေရစ်ခဲ့တာဖြစ်ပါတယ်။
အိမ်ကို ပြန်ရောက်ကြတော့ အသီးသီး သေသေချာချာ ပြန်စဉ်းစားကြပါတယ်။
အဖိုးကြီးဟာ ဟိုး ငယ်ငယ်လေး ကြက်တောင်စည်းတဲ့ အရွယ်ကတည်းက လသာတဲ့ညတွေမှာ သူအပါအဝင် အိမ်နီးနားချင်း ၃ အိမ်က ကလေးတွေ စုပြီး ဓာတ်တိုင်အောက်က မြေပြောင်ပြောင်မှာ ကစားနည်းမျိုးစုံ ကစားခဲ့ကြတာတွေ။ ရွှေစွန်ညိုတို့၊ ဘုတ်တလုတ်တောက်တဲ့တို့၊ ညောင်ပင်တစ္ဆေ ဝေလေလေတို့ အတူ ကစားခဲ့ကြတာ၊ ပျော်လွန်းလို့ အိမ်က အတင်းလိုက်ခေါ်ရတာတွေ.။ အပျိုလူပျိုဖြစ်လာကြပြီး ချစ်တဲ့အကြောင်း ရည်းစားစကား သွားပြောလို့ သနပ်ခါးတုံးနဲ့ အပေါက်ခံခဲ့ရတာတွေ..၊ နောက်တော့ ချစ်သူတွေဖြစ်၊ ပထမဆုံးချိန်းတွေ့ဖြစ်ခဲ့တဲ့ည၊ လပြည့်ဝန်းကြီးထွက်ပြူစ၊ ချစ်ဦးသူတို့ ချိန်းတွေ့ညမှာ .. ကောင်းကင်စွန်းမှာ လဝန်းက ခို လို့... လုလင်ပျိုလေးရဲ့ ပခုန်းဦးမှာ လုံမပျိုလေးက မှီ လို့... ချစ်တဲ့အကြောင်းတွေ ပြောလို့မကုန် ဖြစ်ခဲ့ကြတာ...၊ တန်ဆောင်မုန်းလ စပါးတွေ ပေါ်ချိန်ပြီးတော့ လူကြီးစုံရာနဲ့ သွားတောင်းခဲ့တာ..စတဲ့ ကြည်နူးဖွယ်ရာတွေကို တရေးရေး ပြန်မြင်ယောင်လာပြီးတော့ မျက်ရည်တွေ ကျလာခဲ့ပါတယ်။ သူ့တစ်သက်မှာ သူလုပ်ခဲ့တာ ဆိုလို့ သူ့အကြိုက်ဆုံးတွေကို သူ့မိန်းမကို အတင်းလုပ်ပေးခဲ့တာတွေပဲ ရှိပါတယ်။ ဒါလဲ ချစ်တာကိုး လို့။ ခုတော့ မြို့ပေါ်ကိုတက်လာခဲ့ပြီး စီးပွားတွေရှာ၊ သားတွေ သမီးတွေနဲ့ အားလုံး ပြည့်ပြည့်စုံစုံဖြစ်ပြီး အနားယူရတော့မယ့်အချိန်ကျမှ အဖွားကြီးက ကွာ ချင်တယ် တဲ့။ သူဟာ အဖွားကြီးကို အလွန်ချစ်တဲ့အကြောင်း၊ ရာသက်ပန် ရိုးမြေကျ ပေါင်းမှာမို့လို့ ဘယ်လိုမှ မကွာရှင်းနိုင်တဲ့အကြောင်း။ အဖွားကြီး မကြိုက်ဘူးဆိုရင် သူကြိုက်ပေမယ့် လုပ်မပေးတော့ပါဘူး ဆိုတဲ့အကြောင်းတွေ ပြောပြဖို့ အဖွားကြီးရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ဖုန်းမကိုင်ခဲ့ပါဘူး။ အဖိုးကြီးဟာ တော်တော်ညနက်တဲ့အထိ ဖုန်းနံပါတ် တစ်ခုထဲကိုပဲ မကိုင်မချင်း ဆက်တိုက် နှိပ်နေခဲ့ပါတော့တယ်..။
အခြားတစ်ဖက်မှာလည်း အမျိုးသမီးကြီးဟာ အိပ်မပျော်ဘဲ ဝမ်းနည်းနေပါတယ်။ အဖိုးကြီးကို သူ အလွန်ချစ် ပါတယ်။ ဒါပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာ ဘာကြောင့် အဖိုးကြီးအပေါ်မှာ သံယောဇဉ် ကုန်ပြီး မွန်းကျပ်မှုတွေ ဖြစ်လာကာ ကွာရှင်းချင်တဲ့အထိ ဖြစ်လာမှန်း သူ့ကိုယ်သူလည်း နားမလည်တော့ပါဘူး။ ဖုန်းမြည်သံကို ကြားပေမယ့် မကိုင်ဖြစ်တော့ပါဘူး။ အဖိုးကြီးဆက်နေမှန်း သိပါတယ်။ မြည်လွန်းမက မြည်တော့ အသံကို ပိတ်ထားလိုက်ပါတယ်။ “အားလုံးဟာ ပြီးဆုံးသွားပြီပဲကွယ်... ခုကျမှ ဖုန်းဆက်ပြီးဘာတွေပြောအုန်းမလို့တုန်း.. နားမထောင်ချင်တော့ပါဘူး” တဲ့။
နောက်တစ်နေ့မနက်မှာတော့ သတင်းဆိုးတစ်ခုဟာ ရောက်ရှိလို့လာခဲ့ပါတော့တယ်။ မနေ့ညကပဲ အဖိုးကြီးဟာ စိတ်ဖိစီးမှုကြောင့် ရုတ်တရက်နှလုံးတိုက်ခိုက်ခံရပြီး ကွယ်လွန်ခဲ့ပါသတဲ့။ အဖွားကြီးဟာ ချက်ချင်းပဲ အဖိုးကြီးရှိရာကို အပြေးသွားခဲ့ပါတယ်။ အဖိုးကြီးရဲ့ လက်ထဲမှာ ဖုန်းကလေးကို ကိုင်ထားဆဲ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကံကြမ္မာဟာ ဒီဇနီးမောင်နှံကို အပြီးတိုင် ပြတ်စဲပေးလိုက်ပြီ ဖြစ်ပါတယ်။ အဖွားကြီးဟာလည်း မျက်ရည်တွေကြားကနေပဲ အဖိုးကြီးကို နှုတ်ဆက်လိုက်ရပါတော့တယ်။ “သံသရာမှာ ဆုံခွင့်ရှိသေးရင်တော့ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ပြန်ဆုံချင်ပါသေးတယ် အဖိုးကြီးရယ်...” တဲ့။
ဒီလိုနဲ့ စျာပနကိစ္စတွေပြီးလို့ အဖိုးကြီးရဲ့ ကျန်ရစ်တဲ့ပစ္စည်းလေးတွေ ဘာတွေ သိမ်းရင်းဆည်းရင်း အဝတ်ဘီရို အံဆွဲထဲမှာ စာအိတ်လေးတစ်အိတ်ကို သွားတွေ့ပါတယ်။
“ချစ်ဇနီးရေ...
ဒီစာကို မင်းဖတ်ရတဲ့အချိန်မှာ မင်း ဘေးမှာ ငါ မရှိနိုင်တော့ပါဘူး။ ဒီ အသက်အာမခံကို မင်းအတွက် ငါ ဝယ်ထားပေးခဲ့ပါတယ်။ နှစ် ၃၀ အာမခံကြေးပေးသွင်းပြီးတဲ့နောက်မှာ မင်း ထုတ်ယူနိုင်မယ့် အာမခံကြေး က သိန်း ၃၆၀ ဖြစ်ပါတယ်။ မင်းကို လက်ထပ်စဉ်ကတည်းက ကတိပေးခဲ့တဲ့အတိုင်း သက်ဆုံးတိုင် မကြောင့်မကြ နေနိုင်သွားနိုင်စေဖို့ ငါ့ မရှိတော့မယ့်နောက်ပိုင်း မင်းအတွက် စီစဉ်ပေးခဲ့တာပါ။ မင်း အနားမှာ ငါမရှိတော့ပေမယ့် ငါရှိခဲ့တုန်းကအတိုင်း ပြည့်ပြည့်စုံစုံ နေထိုင်သွားနိုင်ဖို့ပါ။ ငါ မင်းကို သိပ်ချစ်ပါတယ် မိန်းမရေ....” လို့ရေးထာတဲ့ စာတိုကလေးနဲ့တွဲပြီး သူ့ရဲ့ အသက်အာမခံ ပေါ်လစီစာချုပ်တွေပဲဖြစ်ပါတယ်။
အမျိုးသမီးကြီးဟာ အဲဒီတော့မှပဲ ကြူကြူပါအောင် ငိုကြွေးလိုက်မိပါတော့တယ်...
တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ကိုယ်ကိုပဲ ဗဟိုပြုတတ်ကြပြီး တစ်ဖက်သားကို ထည့်မတွက်မိတဲ့ “အတ္တ” ကြောင့်သာ သူများကိုယ်ထဲကို ကိုယ့်စိတ်တွေ အတင်း ထည့်သွင်းမိနေကြတာပဲ ဖြစ်ပါတယ်။ ခံရသူအဖို့ အလွန်ပဲ မွန်းကြပ်ပြီး လွတ်လပ်မှုကို တောင့်တ ရှာဖွေတတ်ကြတဲ့အခါ ဒီလို ဇာတ်လမ်းမျိုးလေးတွေ ဖြစ်လာတတ်ပါတယ်။ တကယ်တမ်း ချစ်တယ် ဆိုရာမှာ သူ့ကို ချစ်တာလား၊ ကိုယ့်ကိုယ်ကို ချစ်တာလား။ နှစ်ဦးနှစ်ဖက် အပေးအယူမျှပြီး ဘဝတစ်ခု ကို ပူးပေါင်းတည်ဆောက်မှာလား။ ကိုယ့်လိုအင်ဆန္ဒပြည့်ဖို့ သူ့ကို အဖြည့်ခံအဖြစ် ယူတာလား ဆိုတာကို စေ့စေ့ငုငု စဉ်းစားကြည့်သင့်ပါတယ်။ ကျွန်တော်တို့ ချစ်တတ်ကြဖို့ လိုပါတယ်။ နောက်တစ်မိနစ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အတူတကွ ဘဝတစ်ခုကိုတည်ဆောက်ဖို့ ချစ်နည်းကို သင်ယူကြဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုချစ်ရမယ် ဆိုတာကို ‘အတ္တ’ နဲ့ ‘ဘဝ’ ယှဉ်တွဲပြီး တစ်သက်တာ လက်မတွဲခင်မှာ အလေးအနက် ဆင်ခြင်စဉ်းစားကြ ဖို့ လိုအပ်ပါကြောင်း သတိပေးတိုက်တွန်းလိုက်ရပါတယ်။
လုလင်ပျို လုံမပျိုလေးတိုင်း နှစ်နှစ်ကာကာချစ်တတ်ကြပြီး သက်ဆုံးတိုင် စိတ်ချမ်းသာစွာနဲ့ မကွဲမကွာ အရိုးမြေကျ တဲ့ အထိ ပေါင်းသင်းနိုင်ကြပါစေ.. လို့လည်း ဆန္ဒပြုလိုက်ရပါတယ်...။
crd
ဝဏ္ဏမိုးအောင်
၁၈ နိုဝင်ဘာ ၂၀၁၉

Crd
Soe Moe Aung
Dai-ichilife

22/10/2020

မနက်ခင်းတိုင်းမှာ အလှဆုံးပြုံးပါ😍

ကျမအရင်အလုပ်က CEO သင်ပေးထားတာလေးတစ်ခုရှိပါတယ်
👉 မနက်ခင်းတိုင်း ရုံးရောက်တာနဲ့
ဒီနေ့လုပ်ရမယ့်အလုပ်တွေကို priority အလိုက် To Do List ချရေးဖို့ပါ
ဝန်ထမ်းတိုင်းကိုရေးခိုင်းပါတယ်
ပြီးရင်ကိုယ့်အထက်လူကြီးဆီ ပို့ရပါတယ်
👉 ညနေရုံးချိန်ခါနီးမှာ ကိုယ်ဘယ်လောက် အလုပ်ပြီးမြောက်သွားလဲ
ဘာတွေမပြီးဘူးလဲ ဆိုတာ review လုပ်ရပါတယ်
👉 ဒီလိုလုပ်ခြင်းအားဖြင့်
ဝန်ထမ်းတွေကလည်း တစ်နေ့တစ်နေ့ ရုံးလာပြီး ယောင်ခြောက်ဆယ် လုပ်နေတာတွေ လျော့သွားတယ်
မယောင်ရာဆီလူးတွေလဲ မလုပ်ကြတော့ဘူး
👉 ကိုယ်ဘာကိုအဓိကလုပ်ရမလဲ အဓိကနဲ့ သာမည ခဲဲခြားလာနိုင်တယ်
မိမိကိုယ်ကို ပြန်လည်ဆန်းစစ်တတ်ခြင်းဖြင့် ကိုယ့်ရဲ့ capacity ability ကို သိလာနိုင်ပါတယ်

အခု ကျမကိုယ်တိုင် Senior Management Level ကိုရောက်လာတဲ့အခါ ကိုယ့်ဆရာသမားရဲ့ ဒီလမ်းစဥ်လေးကို အခုအလုပ်မှာ ပြန်လည်ဝေမျှ ကျင့်သုံးဖြစ်ခဲ့တယ်

ကွာသွားတာတစ်ခုက

ကျမတို့ Microfinance တွေရဲ့ loan officer တွေက ကျေးလက်အထိဆင်းပြီး အလုပ်လုပ်ရတာဖြစ်တော့
လုပ်ရမယ့် To Do List ကို
weekly plan, daily plan ကြိုဆွဲရတယ်
ကြိုဆွဲထားရက်နဲ့မှ unexpected conditions တွေရှိလာတော့ မနက်ဖြန်သွားမယ့်နေရာ လုပ်ရမယ့်အလုပ်ကို
ဒီနေ့လိုညနေ ရုံးမဆင်းခင်မှာ
To Do List တင်ခိုင်းရတယ်

မနက်ပိုင်းအချိန်ကို ချုံ့လိုက်တာပေါ့
ရုံးရောက်တာနဲ့ တခါတည်း သွားလို့ရအောင်

ကျမဘဝမှာ
ပထမဆုံးအလုပ်လုပ်ခဲ့ဖူးတာ
🙏 မြဝတီဘဏ်
🙏အဲဒီကနေSupreme Trading မှာလုပ်ခဲ့တယ် အချိန်ကာလအားဖြင့် မကြာခဲ့ပေမယ့် CEO နဲ့ ဆရာသမားတွေဆီက အများကြီး သင်ယူနိုင်ခဲ့တယ်
ကိုယ်ဟာ bank မှာ 7 နှစ်နီးပါးကြာခဲ့တော့ financial institution မှာပဲ ပျော်နေသူတယောက်ဆိုတော့
အခု MFI မှာပျော်နေခဲ့ပြီ

Foreign Company ဖြစ်နေတော့
တချို့အရာတွေမှာ အမြင်မတူတာ
နည်းလမ်းမတူတာတွေကို
ဝန်ထမ်းတွေနဲ့ MD ကြား
အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနှိုင်းရင်း
ဘဏ်မှာ သင်ကြားခဲ့ရသမျှ
Supreme မှာ သင်ကြားခဲ့ရသမျှ
ပေါင်းစပ်ပြီး MFI မှာ ဆက်လက်သင်ယူနေပါတယ်

ပွင့်သောပန်းတိုင်းမွှေးပါစေ

ရတနာ

30/09/2020

လူ့ပတ်ဝန်းကျင်မှာ Smart ကျစေဖို့

သူများစကားပြောရင် ကြားကဖြတ်မပြောရဘူး၊ပြောချင်လျှင် ခွင့်တောင်းပြောရတယ်။

စကားပြောရင် မျက်လုံးချင်းကြည့်ပြော ၊ သေချာနားထောင်ပေးရတယ်။

လမ်းလျှောက်ရင် ခြေသံပြင်းပြင်း မနင်းရဘူး၊ ဖိနပ်လျှောတိုက်စီးပြီး လမ်းမလျှောက်ပဲ ဖြေးဖြေးညင်းညင်း လမ်းလျှောက်ရတယ်။

အစာစားလျှင် အသံမြည်အောင်မစားရဘူး။

ရေသန့်ဗူးအသေးများဖြင့်သောက်လျှင် ကိုယ့်ရဲ့ သီးသန့်ထားရှိတဲ့ဗူးဖြင့်သောက်တာ ပိုကောင်းပါတယ်။

ဖုန်းပြောလျှင် 'မင်္ဂလာပါ'လို့ နှုတ်ဆက်ပြီးမှ ပြောပါ။

ဖုန်းချတော့မယ်ဆိုရင် ခွဲခွာဖို့ နှုတ်ဆက်ပြီးမှ ဖုန်းချလိုက်ပါ။

မတော်တဆပြုမူမိလျှင် Sorry ပြောဖို့မမေ့ပါနဲ့။

သေးငယ်သောအကူအညီကအစ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားပြောဖို့ မမေ့ပါနဲ့။

အမှားလုပ်မိလျှင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

တန်းစီရမယ့် နေရာအချို့မှာ တန်းစီပါ ၊ အလှည့်မကျော်ပါနဲ့၊ စိတ်ရှည်ပါ။

စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေကို ပါးစပ်က လေချွန်သံ၊
စုပ်သံ နဲ့မခေါ်မိပါစေနဲ့။

တပါးသူ အစာစားနေချိန် သလိပ်၊ ချောင်း အတတ်နိုင်ဆုံး ဆင်ခြင်ပါ။

အတူစကားပြောနေစဉ် ချောင်းဆိုးမိလျှင် တခြားဘက်လှည့် ချောင်းဆိုးပြီး Sorry လို့ပြောပါ။

မည်သည့်နေရာပင်ဖြစ်ပါစေ ကိုယ့်နဘေးမှာ အမြင်မတော်တာတွေ့ရင် ဝင်ကူညီပါ။

Image: What is microfinance? - Quora 21/09/2020

What is Microfinance?

Image: What is microfinance? - Quora Found on Google from quora.com

Website