Football Daily Special - FDS

Football Daily Special - FDS

this page want to show the results of the matches and every transfer news

03/06/2022

My Decade In The Premier league 4

ပရီးမီးယားလိဂ်မှာ ဆယ်နှစ်။ ဂိုးတွေအားလုံး၊ ဆုဖလားတွေအားလုံး၊ ဒဏ်ရာတွေနဲ့ အဝါကတ် အနီကတ်
တွေအားလုံး ကအတွေးတစ်ခုထဲရဲ့ မောင်းနှင်မှုကြောင့်
ဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒါကတော့ ကျနော် ရှုံးရတာကို
မုန်းတာပဲ။ အူလှိုက် အသဲလှိုက်ကိုမုန်းတာ။ တစ်ဂိုးသွင်း
နိုင်တာပဲဖြစ်ဖြစ် သုံးဂိုးသွင်းနိုင်တာပဲဖြစ်ဖြစ် အဲ့ဒါတွေက ရှုံးပွဲတစ်ပွဲကို အဆင်ပြေမသွားစေဘူး။ ပွဲမနိုင်ဘဲနဲ့
ကွင်းထဲကထွက်လာရတယ်ဆိုတာ အလကားပဲ။
ရှုံးတဲ့အကြောင်းတွေးရတာကို တော်တော်မုန်းတယ်။
အဲ့အတွေးက ကျနော့်ကို အဆင်မပြေစေဘူး။ အဲ့လိုတွေးမိရင် ကျနော်လွတ်သွားရော။ ဒေါသတွေထွက်လာတယ်။ ပေါက်ကွဲမတက်ဖြစ်တယ်။ အသင်းဖော်တွေကိုအော်မယ် ငေါက်မယ်။ ဟိုဟာဒီဟာတွေ ကောက်ပေါက်မယ်။ သုန်မှုန်ဆူအောင့်နေမယ်။ အဲဒီလိုဖြစ်နေတာတွေကိုလဲ ကျနော်မုန်းတယ်။ ဒါပေမယ့် မတက်နိုင်ဘူးလေ။
ကျနော်မှ မရှုံးချင်တာ။
ကျနော် ဘယ်နေရာမှာကစားရ ကစားရ၊ ဘယ်သူနဲ့
ရင်ဆိုင်ပြီး ကစားရ ကစားရ၊ ဘောကန်ဖိနပ်တွေဝတ်လိုက်ပြီဆို အမြဲတမ်း တစ်ပုံစံထဲပါပဲ။ တခါက ကာရင်တန်မှာ ကစားတဲ့လေ့ကျင့်ရေးပွဲတစ်ခုမှာပေါ့။ ဧရိယာထဲမှာ နှစ်ခါတောင်ဆော်ခံရတာ။ ဒိုင်အဖြစ်လုပ်ပေးတဲ့နည်းပြအဖွဲ့ဝင်တစ်ယောက်က ကျနော်အဲ့ဒီလိုဆော်ခံရတာ တစ်ပွဲလုံးအရေးမယူခဲ့ဘူး။ ပွဲပြီးတော့ ကျနော်တို့ဂိုးပြတ်ရှုံးသွားတယ်။ ပွဲသိမ်းတော့ ကစားဖော်တွေက အဝတ်အစားလဲခန်းဆီကို သွားနေကြပြီ။ ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နဲ့ပေါ့။ ကျနော်မှာတော့ တစ်ယောက်ထည်း ဗြောင်းဆန်နေပြီ။ လေ့ကျင့်ရေးပစ္စည်းတွေကို ကန်ကျောက်လိုက်၊ တံခါးတွေ ကိုလက်ဝါးနဲ့ရိုက်လိုက် လုပ်နေမိတာ။
တစ်ခါတစ်ရံတော့ ဒါဟာကောင်းတယ်လို့ ထင်ပါတယ်။ ကျနော့်ကိုယ် ကျနော် ဒုတိယအကောင်းဆုံးဆိုတဲ့နေရာမှာ ကျေနပ်နေမယ့်သူလို့ မယူဆထားဘူး။ အဲရစ်ကန်တိုနာတို့ ရွိုင်ကိန်းတို့ ယူနိုက်တက်မှာ ကစားခဲ့စဥ်က
စိတ်ဆန္ဒ ပြင်းပြခဲ့ကြသလိုပေါ့။ သူတို့မှာ ပြင်းပြမှုရှိတယ်။ ကျနော့်မှာလဲရှိတယ်။ သူတို့ကလဲ အရှုံးကို လက်ခံ ချင်တဲ့သူတွေမဟုတ်ကြဘူး။ ကွင်းထဲမှာလဲ မိတ်ဆွေ သူငယ်ချင်း တော်တော်များများ ရခဲ့ကြတဲ့သူတွေမဟုတ်ဘူး။ ဒါပေမယ့် ဆုဖလားတွေ အများကြီး
သိမ်းပိုက်နိုင်ခဲ့ကြတဲ့သူတွေ။ ကျနော်လဲ အတူတူပဲ။ လူတော်တော်များများက ကျနော်နဲ့ယှဥ်ပြိုင်ကစားရတာ
ကြိုက်နှစ်သက်တယ်လို့ပြောကြတာကို ကျနော် သံသယ
ရှိတယ်။ ကျနော်ထင်တယ် ကျနော်ဟာ ကျနော်နဲ့ယှဥ်ပြိုင်ကစားရတဲ့သူတွေအတွက်တော့ ခါးသီးတဲ့ နာကျင်မှုပဲ။ အတူတူတွဲကစားကြတဲ့ သူတွေအတွက်တောင် အောင့်သီးအောင့်သက် ဖြစ်ချင်ဖြစ်နေမှာ။
အနိုင်ယူခံရတာကိုတော့ ကျနော်သည်းမခံနိုင်ဘူး။ အသင်းရှုံးတဲ့အခါ အသင်းဖော်တွေကို အော်တယ်၊ သူတို့က ကျနော့်ကို ပြန်အော်တယ်။ သူတို့ ကျနော့်အပေါ်
အော်ဟစ်ပေါက်ကွဲလာရင်လဲ ကျနော် ပုဂ္ဂိုလ်ရေး အဖြစ်
မမှတ်ယူပါဘူး။ ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျနော် အော်ဟစ်ပေါက်ကွဲခဲ့တာ တွေကိုလည်း သူတို့ ပုဂ္ဂိုလ်ရေး အဖြစ်မမှတ်ယူဖို့ ကျနော်မျှော်လင့်ပါတယ်။ တကယ်ပါ ဒီလိုစိတ်ကြီးက တကယ်တော့ ကျိန်စာလို ပါပဲ။ အဲ့ဒီကျိန်စာ ကပဲကျနော့်ကို ခုလို ကစားသမားတစ်ယောက်ဖြစ်စေခဲ့တာပေါ့။
အသက် ၁၅နှစ်မှာ ကျနော် အဲဗာတန် အရန်အသင်းမှာ ကစားနေရပြီ။ ၁၆နှစ်မှာတော့ အသင်းကြီးထဲကို ရောက်နေပါပြီ။ ဒီအဆင့်မှာ ကစားနိုင်တယ်ဆိုတာ ကျနော်သိတယ်။ ဒါက ကျနော်ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပြန်ရရှိလာတဲ့ ဆုလာဘ်တစ်ခုပဲလေ။
တစ်ခါက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကျနော်တို့ အသင်းကစားတုန်းက ကျနော်တို့နည်းပြတစ်ယောက်က ဂယ်ရီနဗီးလ် နဲ့ရင်ဆိုင်ကစားရတဲ့အခါ သန်မာဖို့လိုကြောင်း အထပ်ထပ်ပြောတယ်။ ယူနိုက်တက်ရဲ့ စတားတစ်ယောက်ပေါ့။ ကွင်းအပြင်မှာဆိုရင်တော့ လူတိုင်းက သူ့ကိုမုန်းကြတာ။ သူက ယူနိုင်တက် မှ ယူနိုက်တက် ဆိုတဲ့ သူမျိုးကိုး။ ပွဲကစားတဲ့အခါမှာလဲ အဲ့ဒီစိတ်နဲ့ပဲ ကစား​တယ်။
ပွဲစကစားလို့မှ မကြာလိုက်ဘူး ကျနော်တို့နှစ်ယောက် ခေါင်းချင်းယှဥ် လုကြပါရော။ ကျနော်မတော်တဆ သူ့ကို တံတောင်နဲ့ တွတ်မိသွားတယ်။ သူဘာဖြစ်သွားသေးလဲလို့ ကြည့်ဖို့ လှည့်လိုက်တော့ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသလိုပဲ။ တချက်လေးမှတောင် တွန့်သွားတာမရှိခဲ့ဘူး။ နောက်တကြိမ် ကျနော်တို့ နှစ်ယောက်ပြန်ဆုံတော့ သူကျနော့်ကို ဆော်ဖို့အခွင့်အရေး ရသွားတယ်။ သူကျနော် ကို ဆော်ထည့်လိုက်တာ
များ တော်တော်လေးကို နာသွားတာဗျ။ ပြီးတော သူလုပ်တာ မဟုတ်သလိုနဲ့ပေါ့ ။
ဒါကလဲ ဘောလုံပွဲတွေထဲက ကျနော်ရရှိခဲ့တဲ့ နောက်ထပ် သင်ခန်းစာ တစ်ခုပါပဲ။

02/06/2022

မန်ယူအသင်းမှ ဒုတိယအကြိမ်မြောက် အလွတ်ပြောင်းရွှေ့ကြေးနှင့် ထွက်ခွာတော့မည့် ပေါ့ဘာအား
ဂန္တဝင်နည်းပြကြီး ဖာဂူဆန်မှ ပထမအကြိမ် မန်ယူအသင်းမှထွက်ခွာခဲ့စဥ်က မန်ချက်စတာယူနိုက်တက်အပေါ် လေးစားမှုမရှိသူဟု ဝေဖန်ခဲ့ဖူးသလို ပေါ့ဘာ
အသက် ၁၇ နှစ်အရွယ်တုန်းကလဲ

“ ခင်ဗျား ဒီကစားသမားကို တွေ့လား၊ သူ့မှာထူးခြားမှုနဲ့
အရည်အချင်းအပြည့်ရှိတယ်။ သူထိပ်တန်းအဆင့်မှာရှိနေလိမ့်မယ်။ ဒါပေမယ့် သူက စိတ်ကူးယဥ်တဲ့သူပဲ။
သူ့ကို လမ်းညွှန်ပေးမယ့်သူ မရှိရင် သူက ဘယ်တော့မှ
ပိုကောင်းအောင် လုပ်နိုင်မယ့်သူ ဖြစ်လာမှာ မဟုတ်ဘူး”

ဟု ပြောကြားခဲ့ဖူးသည်။ ဆာအဲလက်စ်ဖာဂူဆန်သည်
ပေါ့ဘာ၏ ပင်ကိုယ်အရည်အသွေးကို သဘောကျသော်လည်း သူ၏ စိတ်ဓါတ်နှင့်ခံယူချက် ကိုဘယ်တုန်းကမှ သဘောကျသူတစ်ယောက် မဟုတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညို
မှလည်း ပေါ့ဘာအပေါ် အောက်ပါအတိုင်း ဝေဖန်မှု တစ်ခု ပြုလုပ်ထားခဲ့ဖူးသေးသည်။

“ မန်ချက်စတာယူနိုက်တက် အတွက်တော့ ပေါ့ဘာဟာ
ဗိုင်းရပ်စ် တစ်ကောင်လိုပဲ ”

Photos from Football Daily Special - FDS's post 01/06/2022

Paul Pobgaကော Jesse Lingard ကော စာချုပ်ကုန်ဆုံးသည်နှင့်အသင်းမှထွက်ခွာတော့မှာဖြစ်ပါတယ်။အသင်းသစ်မှာပျော်ရွှင်ပါစေ။
Thank you for everything ❤️

01/06/2022

My Decade In The Premier league 3

ကျနော်တို့ ပွဲကို ၂ - ၁ နဲ့အဆုံးသတ်နိုင်ခဲ့တယ်။
အဲ့ဒီနောက်အဝတ်လဲခန်းထဲမှာ လူတိုင်းဟာ ကျနော့်နားမှာ ဝိုင်းဝိုင်းလည်နေကြတာပေါ့။ သူတို့တွေက ကျနော်သွင်းလိုက်တဲ့ အဲ့ဒီဂိုးအကြောင်း ပြောချင်နေကြတာ။
အဲ့ဒီနောက် ကျနော်တို့နည်းပြကြီး ရောက်လာတယ်။
သူဝတ်နေကျ အနက်ရောင် ကုတ်အင်္ကျီကြီးဝတ်လို့ပေါ့။
ပြီးတော့ သူ ကျနော်တို့အားလုံးဆီကို လျှောက်လာပြီး နိုင်ပွဲတစ်ပွဲရတိုင်း သူလုပ်နေကျ ပုံစံဖြစ်တဲ့ ကျနော်တို့ တစ်ဦးချင်းစီကိုလက်ဆွဲနှုတ်ဆက်တယ်။သူဒီလိုလုပ်တာမြင်ရတာ ကျနော်အသင်းဆီစာချုပ် ချုပ်ပြီး စရောက်လာကတည်းကပဲ။ ကျေးဇူးတင်စရာကောင်းစွာပဲ
ကျနော်တို့ လက်ဆွဲနှုတ်ဆက်မှုတွေ အကြိမ်ပေါင်းများစွာလုပ်နိုင်ခဲ့ကြတယ်။
သူကျနော့်ကိုပြောတယ် “ ဒီဂိုးကတော့ အံ့ဖွယ်ပဲ ဝိန်းရေ , တကယ်ခမ်းနားတယ် ”
ကျနော်ခေါင်းငြိမ့်ပြလိုက်တယ်။ ဘာမှမပြောနိုင်လောက်အောင် ကျနော်ပင်ပန်းနေတာ။ ကျနော် ပြန်ပြောနိုင်မယ်ဆိုရင်လဲ ဘာမှတော့ပြောမှာမဟုတ်ပါဘူး။ တမျိုးမထင်ပါနဲ့ နည်းပြကြီးက မင်းကစားသွားတာကောင်းတယ်လို့ ပြောခံရတာလောက် ကောင်းတဲ့ဟာရှိမှာမဟုတ်ပါဘူး။
အဲ့ဒီနောက်သူထပ်ပြောတယ်။ ဒီဂိုးဟာအိုးထရက်ဖို့ဒ်
ကသူမြင်ဖူးသမျှ ဂိုးတွေထဲ အကောင်းဆုံးဂိုးပဲတဲ့။ သူသိမှာပေါ့ သူကဒီကလပ်မှာ အချိန်တော်တော်ကြာရှိခဲ့ပြီး
သူ့လက်ထက်မှာ တကယ့်ဒိတ်ဒိတ်ကြဲ ဂိုးသွင်းသူတွေ
လာလိုက် သွားလိုက်နဲ့ သွင်းယူသွားတဲ့ဂိုးပေါင်းများစွာကို သူမြင်ဖူးတာကိုး။ဒီနည်းပြကြီးက အရာရာတိုင်းကို
တာဝန်ယူထားပြီး ယူနိုက်တက်ကစားသမားတွေရဲ့
စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာတွေကို အကုန်ထိန်းချုပ်ထားတယ်။ပွဲမကစားခင် သူပွဲထွက်လူစာရင်းကိုဖတ်ပြတိုင်းလဲ ကျောင်းအသင်းတုန်းက နည်းပြရဲ့ပွဲထွက်စာရင်း
ကြေငြာဘုတ်မှာ လာကပ်တဲ့အခါ ခံစားရလေ့ရှိတဲ့အတိုင်း ခံစားရတယ်။ပွဲအတွင်းမှာလဲ ကျနော်တို့ကောင်းကောင်းကစားနိုင်ပါရဲ့နဲ့ ဂိုးပေးထားရပြီး ရှုံးနေပတယ်ဆိုရင် သူကကျနော်တို့ကို ဒီအတိုင်းဆက်ကစားဖို့
ပြောတက်တယ်။ ချေပဂိုးရတော့မယ်ဆိုတာ သူသိတယ်။ ကျနော်တို့ နိုင်မယ်ဆိုတာ သူပြောတယ်။ဒီလိုပဲ
ကျနော်တို့ ပထမပိုင်းတင် ၂ဂိုး ၃ဂိုးသွင်းပြီးနိုင်နေလို့
ကျနော်တို့ဒီပွဲကို နိုင်မှာပဲလို့တွေးနေတဲ့အချိန်မှာ သူကအဝတ်လဲခန်းထဲ ထိုင်ပြီးတင်းနေလေ့ရှိတယ်။
“နိုင်နေပြီလေ၊ သူကဘာတွေဖြစ်နေတာတုန်း”
ဆိုပြီး စိတ်ထဲအမြဲတွေးမိတယ်။ နောက်တော့မှ ကျနော်သဘောပေါက်သွားတယ်။ သူက ကျနော်တို့ ကိုယ့်ကို
ကိုယ် ကျေနပ်အားရနေမှာ မဖြစ်စေချင်လို့ဆိုတာကို။
သူ့ရဲ့နိုင်လိုစိတ်က ကျနော်သိဖူးသမျှလူတွေ အားလုံး
ထက်ပိုပြင်းပြတယ်။ပြီးတော့အဲ့စိတ်က ကျနော်တို့ဆီကူးလာတယ်။ ရယ်စရာကောင်းတာက ကျနော်နဲ့ ဆာအဲလက်စ်ဟာ အတော့်ကို တူတဲ့လူတွေပဲလို့ ကျနော်တွေးမိတာပဲ။ ကျနော်တို့ ပရီးမီယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား တခုခုရခဲ့တယ်ဆိုရင်တောင် အဲဒီအောင်မြင်မှုမှာ
အကြာကြီး သာယာမနေအောင်နေရတယ်။ဒါဟာ ဘာကြောင့် အလုပ်ကိုဒီထက် ပြင်းပြင်းထန်ထန် ဆက်လုပ်နေဖို့လိုတယ်ဆိုတာပဲ။ ဒါမှ ကျနော်တို့ဟာ အသင်းကို
သက်တမ်းကြာနိုင်သမျှ ကြာအောင် အကောင်းဆုံးတွေပေးနိုင်မှာ။
လူတိုင်းဟာ အခန်းထောင့်မှာရှိတဲ့ တီဗီ လေးနားမှာတိုး ဝှေ့နေကြတယ်။ အဲ့တီဗီလေးရှိနေတာအတော်ကြာပြီ။
ပြီးသွားတဲ့ ပွဲကိုပြန်ကြည့်ပြီး အငြင်းပွားဖွယ် ဖြစ်ရပ်တွေ၊ ပင်နယ်တီပေးခံရတာတွေပြန်ကြည့်ဖို့အတွက်
နည်းပြကြီးက အဲ့တီဗီလေးကိုအမြဲဖွင့်ခိုင်းထားတယ်။
အဲ့ အချိန်လေး လောက်ပဲ နည်းပြကြီးက နားထောင်ချင်တဲ့သူ ဘယ်သူနဲ့မဆို စကားပြောလေ့ရှိတာ။ ကျနော်သွင်းခဲ့တဲ့ဂိုးကို ပြန်ကြည့်ချင်နေမိတယ်။
အဲ့အချိန်မှာပဲ နည်းပြအဖွဲ့ဝင်တစ်ယောက်က ရီမုဒ်ကို
ကိုင်လိုက်ပြီး ၇၇မိနစ်ထိရစ်လိုက်တယ်။ အဲ့ဒီဂိုးကို
ကျနော်စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုခံစားရင်း ပြန်ကြည့်နေမိတယ်။ ဖာဒီနန် တစ်ယောက်လဲ ဂနာမငြိမ်ဖြစ်နေတယ်။
သူက “ wow ” လို့ပြောတယ်။ အီဗရာကလဲ အဲ့ဒီဂိုးကို
လှပတဲ့ ဂိုးလို့ ခေါ်တယ်တဲ့။
ဘောလုံးသမားတိုင်းဟာ အိပ်ရာဝင်တိုင်း ကြီးကြယ်ခမ်းနားတဲ့ ဂိုးတွေသွင်းဖို့ အိမ်မက် မက်ကြတယ်လို့ကျနော် ထင်တယ်။
ပြိုင်ဘက်ကစားသမား ၆ယောက်လောက်ကို ကျော် ဖြတ်ပြီး ဘောလုံးဆွဲပြေးကာ ဂိုးသမား ခေါင်းပေါ်ကနေ ကျော်သွင်းမယ်၊ ၂၅ ကိုက် လောက်ကနေ လှမ်းကန်သွင်းမယ်၊ ဘိုင်စကယ်ကစ်ချက်နဲ့ကန်သွင်းမယ် စတာတွေက ကျနော်အမြဲတမ်း စိတ်ကူးယဥ်နေတဲ့ပုံစံတွေပဲ။
ကျနော့်ရဲ့ အိပ်မက်ထဲကဂိုးကို မန်ချက်စတာ ဒါဘီ
မှာသွင်းနိုင်ခဲ့ပြီ။
ရီယိုဖာဒီနန်က ဝိုး ဆိုပြီး နောက်တကြိမ်ရေရွတ်ပြန်တယ်။ခေါင်းကိုရမ်းလို့ပေါ့။ သူဘာကို ဆိုလိုလဲ ကျနော်သိတယ်။ကျနော် အဝတ်လဲခန်းထဲမှာ ဆက်ထိုင်နေခဲ့တယ်။ ချွေးတွေလဲ ထွက်နေတုန်း။ အဲ့ဒီအခိုက်အတန့်လေးမှာ တက်နိုင်သမျှ ကြာကြာနေဖို့ ကြိုးစားနေတာ။
ဘာကြောင့်ဆို ဒီလိုအခိုက်အတန့်က အရမ်းရှားတယ်လေ။ယူနိုက်တက် ပရိတ်သတ်တွေက စီးတီးပရိတ်သတ်
တွေကို ရည်ရွယ်ပြီး သီချင်းဆိုနေကြတုန်း။ဒါပေမယ့်
ကျနော် ဘာကိုမှစိတ်မဝင်စားနိုင်ဘူး။
ကျနော် စိတ်ဝင်စားနေတာကတော့ ဒီလိုကောင်းမွန်တဲ့ သွင်းဂိုးမျိုး နောက်ထပ်တစ်ဂိုး သွင်းနိုင်ဦး
မလားဆိုတာပါဘဲ။

Photos from Football Daily Special - FDS's post 01/06/2022

My Decade In The Premier league 2

၇၇မိနစ် ၁၉စက္ကန့်

" ဂိုးးးးးးးးးးး "

အရာအားလုံးဟာ ရူးချင်စရာကောင်းလောက်အောင်မြန်ဆန်လွန်းလှတယ်။ အဲ့ဒီနောက်မှာတော့ ဂိုးတစ်ဂိုးသွင်းပြီးတိုင်း ရရှိတဲ့ မယုံကြည်နိူင်လောက်အောင် ကောင်းတဲ့ခံစားချက်။ ခံစားချက်လှိုင်းတစ်ခု
ဒါက ကျနော့်ကို အခြားအရာတွေထက် ပိုလွှမ်းမိုးနိုင်တယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတစ်ဂိုး စုဆောင်းပေးလိုက်နိုင်ပြီဆိုတဲ့ ခံစားချက်က ကြီးမားတယ်။ တစ်ကိုယ်ကောင်းလဲဆန်တယ်။ ကြောင်စီစီလဲဖြစ်စေတယ်။ ကျနော်သာ အဲ့ဒီတက်ကြွတဲ့ ခံစားချက်တွေကို
စုဆောင်းထားနိုင်မယ်ဆိုရင် အဲ့ကနေ အားဖြည့်အချိုရည်တောင် ပြန်ထုတ်လို့ရလောက်တယ်။
နှလုံးခုန်သံတွေ နေသားပြန်ကျပြီး မူလအခြေအနေပြန်ရောက်သွားတော့မှ နားထဲမှာ အသံတွေ။ ဟစ်ကြွေး
နေလိုက်ကြတာများ ကျနော့်နားစည်တောင်ပွင့်ထွက်တော့မယ့်အတိုင်း။တကယ့်ကို ကြီးမားလွန်းလှတယ်။
ကျနော့်ဆီတည့်တည့်ရောက်နေသလိုပဲ။တစ်ယောက် ယောက် ကကျနော့် အင်္ကျီကိုဆွဲနေတယ်။ ပရိတ်သတ်
ကအုပ်စုလိုက်ကြီး ကျနော့်နာမည်ကို သီးချင်းလုပ်ဆိုနေတယ်။
ရွန်းနီ ,ရွန်းနီ , ရွန်းနီ, ရွန်းးးးးးး နီ
ဒီထက်ပိုကောင်းတဲ့ခံစားချက်မျိုးကမ္ဘာပေါ်မှာမရှိတော့ ဘူး။ အဲ့ဒီနောက် ကျနော် သွင်းဂိုးတွေပြတဲ့ ဘုတ်ဆီမော့ကြည့်လိုက်တယ် .....

ယူနိုက်တက် ၂ : စီးတီး ၁

သွင်းဂိုး
ရွန်းနီ ၇၇မိနစ်

ကျနော်ဟာ ရွန်းနီပဲ။ ပရီးမီးယားလိဂ်မှာ ၂၀၀၂ ကတည်းက ကစားနေတာဖြစ်ပြီး မန်ချက်စတာဒါဘီမှာ
အနိုင်ဂိုးကို ခုလေးတင်မှသွင်းခဲ့တာ။ အနီဖက်ခြမ်းက
ပရိတ်သတ်တွေအတွက်တော့ဒီပွဲဟာ ဒီရာသီမှာ အရေးအကြီးဆုံးပွဲစဥ်တစ်ပွဲ ဖြစ်နိုင်ရဲ့။ အိမ်နီးချင်း အခြားခြမ်းကငနဲတွေ အတွက်တော့ သူတို့နေရာမှန်ပြန်ရောက်အောင် ပို့ ပေးလိုက်တဲ့ ဂိုးတစ်ဂိုး။ အခုသူတို့ ရနေတဲ့ အောင်မြင်မှုထက်၊ သူတို့ထက် သမိုင်းကြောင်း ယူနိုက်တက်က ပိုကြီးတယ်ဆိုတာ သိအောင် သတိပေးလိုက်တဲ့
ဂိုး တစ်ဂိုး။ ကျနော်ဘဝရဲ့အကောင်းဆုံးဂိုးတစ်ဂိုး
ကျနော်လက်ကိုဖြန့်ကား ခေါင်းကိုနောက်သို့ရောက်အောင်မော့လို့ ရပ်နေတဲ့အချိန် နောက်မှာရှိတဲ့ စီးတီးဖန်တွေဆီကလာနေတဲ့ အမုန်းတရားတွေ ,ခံစားလို့ရနေတယ်။ စော်ကားမှုတွေ၊ အော်ဟစ်သံတွေ၊ကျိန်ဆဲမှုတွေက ကျနော့်ကို လာရိုက်ခတ်နေတယ်။ သူတို့ ဒေါသနဲ့လောင်မြိုက်နေကြပြီ။ကျနော့်ကို ဘယ်လောက်တောင်မုန်း ဒေါသထွက်နေကြမလဲဆိုတာ ကျနော်သိတာပေါ့။
ဘာလို့ဆို ကျနော်ရှုံးတဲ့အခါတိုင်း အဲ့လိုတူညီတဲ့ ခံစားချက်တွေနဲ့ ဖြတ်သန်းခဲ့ရတာမို့လို့ပဲလေ။
ဒီတစ်ကြိမ်တော့ သူတို့အလှည့်ပဲ။ ဒီ့ထက်ကောင်းတဲ့ ခံစားချက်မရှိနိုင်တော့ဘူးဆိုတာ ကျနော်သိတယ်။
အဲဒီမတိုင်မီ ကျနော်တို့ ဖိအားအောက်မှာရောက်နေတာ။ ပွဲက ၁ - ၁ နဲ့သရေကျနေတယ်။တကယ့်ကို ခက်ခဲတယ်။ ဂိုးမရခင် စက္ကန့်ပိုင်းလောက်မှာ ကျနော့်ရဲ့တွဲဖက်ဖြစ်တဲ့ ဘာဘာတော့ဗ်ဆီ ဘောလုံးပို့ပေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော့်ကန်ချက်ပြင်းသွားတယ်။ လိုတာထက် ပိုပြင်းပြင်းကန်လိုက်မိတာ။ ကျနော် ထိတ်ကနဲလဲဖြစ်သွားတယ်။ ဒီအမှားကနေ စီးတီးအခွင့်အရေးရသွားနိုင်တယ်။ ကံကောင်းထောက်မစွာပဲ ကျနော်တို့ရဲ့ပွဲကိုအသက်သွင်းသူကြီး ၊မြေဆွဲအားရဲ့ဗဟိုချက်၊ အကောင်းဆုံးကွင်းလယ်လူတွေထဲကတယောက်ဖြစ်တဲ့
ပေါလ်စခိုးက လွတ်သွားတဲ့ဘောလုံးကို ဆတ်ကနဲ ဆွဲယူပြီး တောင်ပံကစားသမားနာနီဆီပို့ပေးလိုက်တယ်။နာနီ
က ထိချက်တစ်ချက်နှစ်ချက်နဲ့ ဘောလုံးကိုဆွဲယူလာတယ်။ အဲ့ဒီနောက် စီးတီးနောက်ခံလူတွေအပေါ်ကနေ
ကျော်ပြီး ကျနော့်ဆီဝေ့ဝိုက်ကန်တင်ပေးလိုက်တယ်။
သူ့ပေးပို့မှုက နောက်ခံလူတစ်ယောက်နဲ့ထိပြီး လမ်းကြောင်းအနည်းငယ်လွဲပြီး အရှိန်လဲနည်းနည်းလျော့သွားတယ်။ ပင်နယ်တီဧရိယာထဲကလွတ်နေတဲ့
နေရာကိုကျနော်မြင်လိုက်တယ်။ စီးတီးကျောက်ဆောင်ကြီး ၂ယောက် ဖြစ်တဲ့ ကွန်ပနီနဲ့ လက်စ်ကော့တို့ကလဲ
နေရာယူနေကြပြီ။ ကျနော်လွတ်နေတဲ့နေရာဆီ နဲနဲပြေးဝင်လိုက်ပြီး ဘောလုံးကျလာမယ့်နေရာကိုခန့်မှန်းလိုက်တယ်။ ဘောလုံးက ကျနော့်ဆီ လာနေပြီ။ ဘောလုံးက
ကျနော်ထင်ထားတာထက်ပိုမြင့်မြင့် လာနေတာကြောင့်
နေရာပြင်ယူပြီး ဖြတ်တင်ဘောကို နောက်ပြန်ကန်ချက်နဲ့
ပိတ်သွင်းဖို့ဆုံးဖြတ်ပြီး ညာခြေကို ဘယ်ပခုံးထက်ကျော်သွားတဲ့အထိ လေထဲမှာလွှဲလိုက်တယ်။
အက်ခရိုဘက် ဗော်လီကန်ချက်ပေါ့။ ချော်ထွက်သွားခဲ့ရင် ကျနော် သောက်ရူးကြီးလုံးလုံးဖြစ်သွားနိုင်တဲ့ ကန်ချက်မျိုးပေါ့။ ဒါပေမယ့် ကျနော်ချော်ထွက်မသွားခဲ့။
ဘောလုံးကို ထိချက်ကောင်းကောင်းနဲ့ ထိသွားခဲ့တယ်။
ပြီးတော့ဘောလုံးဟာ ဂိုးပေါက်အပေါ်ထောင့်ထဲ ပြေးဝင်သွားခဲ့တယ်။ ဒါကို ကျနော်ခံစားမိလိုက်တယ်။ မြင်တော့ မမြင်လိုက်ရဘူး။ ဒါပေမယ့် ရုတ်တရက်ပေါ်ထွက်လာတဲ့အသံတွေကြောင့် ကျနော် ဂိုး သွင်းနိုင်လိုက်ပြီဆိုတာသိလိုက်တယ်။ ကျနော် မြေကြီးပေါ်က လူးလဲထလာချိန်မှာ
စီးတီးဂိုးသမား ဂျိုးဟတ်က မတ်မတ်ကြီး မယုံကြည်နိုင်
သေးတဲ့ပုံနဲ့ ရပ်နေတုန်း။ ဘောလုံးကလဲ နောက်ကပိုက်ထဲမှာခုန်ပြီး လည်နေတုန်း။
လူအုပ်ထဲမှာတော့ လူတိုင်းဟာ ရူးသလိုကိုဖြစ်နေပြီ။လူကြီးတွေက ကလေးလိုခုန်ပေါက်နေကြ။ ကလေးတွေက အလံတွေဝှေ့ယမ်းပြီး စူးစူးရှရှအော်နေကြတယ်။
ဒီပွဲမှာ ကျနော်တို့နိုင်သလောက်ဖြစ်သွားပြီလို့ သူတို့တွေးနေကြပြီလေ။
ဘောလုံးပျက်သွားလုလုအခြေအနေကနေ အနိုင်ဂိုးကို
သွင်းလိုက်နိုင်တဲ့အခြေအနေထိပြောင်းသွားတယ်။အဆင့်မြင့်ဘောလုံးပြိုင်ပွဲတွေမှာ ကွာခြားချက်ဘယ်လောက်ကျဥ်းမြောင်းလဲဆိုတဲ့ အချက်က ကြောက်စရာပါပဲ။
အနိုင်နဲ့အရှုံးဟာ ဓားသွားပေါ်မှာပဲ အကြိမ်ပေါင်းများစွာ
ဖြစ်ပျက်သွားနေတာ။ ဒါကြောင့် ဒါကြောင့်လဲ ဒီကစားနည်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေတာပေါ့။

ကျနော်တို့ ပွဲကို ၂ - ၁ နဲ့အဆုံးသတ်နိုင်ခဲ့တယ်။
အဲ့ဒီနောက်အဝတ်လဲခန်းထဲမှာ လူတိုင်းဟာ ကျနော့်နားမှာ ဝိုင်းဝိုင်းလည်နေကြတာပေါ့။ သူတို့တွေက ကျနော်သွင်းလိုက်တဲ့ အဲ့ဒီဂိုးအကြောင်း ပြောချင်နေကြတာ။
အဲ့ဒီနောက် ကျနော်တို့နည်းပြကြီး ရောက်လာတယ်။
သူဝတ်နေကျ အနက်ရောင် ကုတ်အင်္ကျီကြီးဝတ်လို့ပေါ့။
ပြီးတော့ သူ ကျနော်တို့အားလုံးဆီကို လျှောက်လာပြီး.............

01/06/2022

ဆာအဲလက်စ်၏ အမှာစာ ✍️✍️

ဝိန်းရွန်နီကို အဲဗာတန်ကနေ ပေါင်သန်းပေါင်းများစွာပေးပြီး မန်ချက်စတာယူနိုက်တက်ဆီခေါ်ဖို့ အသင်းဘုတ်အဖွဲ့ကို ကျနော်စည်းရုံးတော့ တော်တော်များများက မျက်ခုံးပင့်ပြီး အံ့ဩတကြီးနဲ့ ဝိုင်းပြီးကြည့်ကြတာကို ခံခဲ့ရတာပေါ့။
ကောင်လေးက အခုမှ ၁၈နှစ်ပဲရှိသေးတာ။ ဒါပေမယ့် သူကအဲဗာတန်အသင်းကြီးကို စရောက်ပြီး ၂နှစ်အတွင်းမှာပဲ ရှားပါးတဲ့ ပါရမီရှင်ကစားသမား ဆိုတာ
သက်သေပြခဲ့ပြီးပြီလေ။ အဲဗာတန်နည်းပြအဖွဲ့အနေနဲ့
အကယ်ဒမီကနေ ၁၇နှစ်ပြည့်ဖို့ ရက်အနည်းငယ်လောက်
လိုနေသေးတဲ့ ဒီကောင်လေးကို အသင်းကြီးမှာပွဲဦးထွက်ခွင်းရတဲ့အထိ တောက်လျှောက်ထိန်းသိမ်း စောက်ရှောက်နိုင်ခဲ့တာဟာ အံ့ဖွယ်အလုပ်တခုပါပဲ။
အဲဗာတန်ဟာ ဝိန်းရဲ့ကျောင်းသားချာတိတ်ဘဝကတည်းကအသင်းပါ။သူ့အနေနဲ့ စီနီယာအသင်းကြီးမှာပွဲထွက်ခွင့်ရဖို့အတွက် များများစားစား မကြိုးစားလိုက်ရဘဲဖြစ်လာတယ်ဆိုတာ အံ့အားသင့်ဖွယ်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ သူကဘောလုံးကစားဖို့မွေးဖွားလာတာပါ။
သူ့ကို မာဆေးဆိုဒ်ကနေ မန်ချက်စတာမြို့ကို M62
ဟိုင်းဝေးလမ်းမကြီးအတိုင်း အမြန်ဆုံးလာခိုင်းချင်တယ်ဆိုရင်တော့ အဲဗာတန်အသင်းဆီကို အလွန့် အလွန် ပမာဏများပြားတဲ့ချက်လက်မှတ်တစ်စောင် ပို့ပေးလိုက်ရုံမှတပါး တခြားမရှိဘူးဆိုတာ ကျနော်တို့ သေချာနားလည်သဘောပေါက်ခဲ့ကြပါတယ်။ လူတိုင်းမှာ သူ့တန်ဖို့နှင့်သူရှိတယ်လို့ထင်ပါတယ်။ နောက်ဆုံးမှာတော့
သူ့မျိုးဆက်မှာတော့ အကောင်းဆုံးဆိုတဲ့လူငယ်တစ်ယောက်ရဲ့လုပ်အားကို ရယူနိုင်ဖို့အတွက် အဲဗာတန်အသင်းနဲ့သဘောတူညီမှုရနိုင်တဲ့အထိ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
မဲပေးခွင့်ရဖို့တောင်နဲနဲလိုနေသေးတဲ့လူငယ်တစ်ယောက်အတွက် ပေးချေလိုက်ရတဲ့ပမာဏဟာ ဧရာမ
ကြီးဖြစ်တယ်ဆိုတာမေးနေစရာတောင်မလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ဘာလုပ်နေလဲဆိုတာကို ကျနော်တို့
သိခဲ့ကြတယ်။ ဝိန်းကိုခေါ်ယူလိုက်တာဟာ ကျနော်တို့
အလောင်းအစားတစ်ခုကိုလုပ်ခဲ့ကြတာ မဟုတ်ပါဘူး
ကျနော်တို့ ရင်းနှီးမြှုပ်နှံ လိုက်တာပါ။ အဲ့ဒီချာတိတ်လေးဟာ သူ့ကိုရင်းနှီးမြှုပ်နှံထားမှုကို နောင်လာတော့မယ့်နှစ်တွေမှာ ပြန်လည်ပေးဆပ်သွားလိမ့်မယ်ဆိုတာ လုံးဝ သံသယ မရှိခဲ့တာပါ။ တကယ်လို့ တယောက်ယောက်က
သံသယရှိလာရင်လဲ အိုးထရက်ဖို့ဒ် ကစားခဲ့တဲ့ တူရကီကလပ် ဖီနာဘာချီနဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ သူပွဲဦးထွက်လာပြီး ဟက်ထရစ်သွင်းလိုက်ချိန်မှာတော့ အဲ့ဒီသံသယတွေဟာ လုံးလုံးကို ပျောက်ကွယ်သွားစေခဲ့မှာပါ။
သူ့အနေနဲ့ ဂိုးစတင်သွင်းယူနိုင်ဖို့ ရက်သတ္တပတ် အနည်းငယ်ယူရမယ်ဆိုရင်လဲ ကျနော့်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူက ဂန္တဝင်စတိုင်နဲ့ စတင်ပွဲထွက်လိုက်ချိန်မှာတော့ ကျနော်တော်တော်ပျော်သွားတယ်ဆိုတာကို ဝန်ခံရမှာပါ။
မန်ချက်စတာနဲ့လီပါပူးအကြားကပြိုင်ဆိုင်မှုအကြောင်းကိုလဲလူတော်တော်များများသိပြီးလောက်ပါပြီ။ ရုတ်ချည်းဆိုသလို မန်ချက်စတာသားအဖြစ်မွေးစားခံလိုက်ရတဲ့ လီပါပူးသားတယောက်ရှိလာပြီဆိုတာကလည်း လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။
ဝိန်းဟာလူငယ်ကစားသမားဘဝမှာရှိခဲ့ဖူးတဲ့ စည်းကမ်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလဲခဝါချနိုင်ခဲ့ပါပြီ။တချိန်က ဒေါသကုမ္မာရတစ်ယောက်အဖြစ်မှတ်ယူခံခဲ့ရတဲ့သူဟာ ယခုအခါမှာတော့ ကျန်ကစားသမားတွေက စံနမူနာယူရတဲ့သူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့ပါပြီ။
အဲ့ဒီလိုဆိုပေမယ် ၂၀၁၀ ခုနှစ်ဆောင်ဦးရာသီမှာတော့
ကတိမ်းကပါးအခြေအနေလေးတစ်ခု ရှိခဲ့ပါသေးတယ်။
သူအသင်းနဲ့လမ်းခွဲချင်တယ်လို့ကြေညာတဲ့အချိန်မှာပေါ့။ကျနော်တော်တော် တုန်လှုပ်သွားခဲ့တာပါ။ ဒါပေမယ့် ဘာမဟုတ်တဲ့ကိစ္စလေးကို သူနဲ့ရင်ဆိုင်ဖြေရှင်းလိုက်ပြီးချိန်မှာတော့ သက်တမ်းတိုးစာချုပ်ပေါ်မှာ သူ
လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီတုန်းက သူနဲ့ကျနော်ကြားက အပြန်အလှန်ပြောကြတဲ့စကားတွေကိုတော့ လူတွေကြားထဲမှာ ဘယ်တော့မှချပြမှာမဟုတ်ပါဘူး။သူ့နှလုံးသားထဲမှာ ယူနိုက်တက်ရှိနေသေးကြောင်းသိလိုက်ရပြီး သူ့အတွေးတွေထဲမှာ အမှားအယွင်းလေးရှိနေတာကိုထောက်ပြနိုင်ခဲ့တာကြောင့် ဘာဆုံးရှုံးမှုမှ ဖြစ်မလာတာပါ။
ကျနော့်အနေနဲ့ လောလုံးလောကမှာကျင်လည်နေတဲ့အချိန်အတွင်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက် တစ်ခု နှစ်ခု
လောက်တော့လုပ်ဖူးပါလိမ့်မယ်ထင်ပါတယ်။ တချို့ဆံုးဖြတ်ချက်အနည်းငယ်ကိုတော့မေ့ထားလိုက်ချင်ပါတယ်။ ဒါပေမယ့် ဝိန်းကို အဲဗာတန်ကနေ အသင်းဆီရောက်အောင်ခေါ်ယူနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့
ကျနော့်အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲမှာ ထိပ်ဆုံးကနေပါဝင်နေမယ်ဆိုတာ မေးခွန်းထုတ်နေဖို့တောင်လိုမယ် မထင်ပါဘူး။ ။

ဆာအဲလက်စ်ဖာဂူဆန်

01/06/2022

ဪ။ ပေါင်တသိန်းတဲ့လား။ အသင်းရဲ့ အဓိကကစားသမား။ လက်လွှတ်ခံလို့မရတဲ့သူ။ သူ မပါရင် မဖြစ်တဲ့အထိ အသင်းမှာ ခြေစွမ်းပြနေတဲ့သူ။ ဒီကစားသမားရဲ့ လစာက တပတ်မှ ပေါင်တသိန်းတဲ့။ အရန်ခုံမှာထိုင်နေတဲ့ ဂျိမ်းစ်မီနာနဲ့ ချိန်ဘာလိန်တောင်မှ သူ့ထက်လစာများနေပါရော့လား။ သူ့လောက်မှ အသင်းကို အကျိုးမပြုတဲ့ ကစားသမားတချို့လည်း သူ့ထက်လစာများနေတယ်။

ပြီးတော့ အတူတူခြေစွမ်းပြနေတဲ့ ဆာလာကိုတော့ စာချုပ်သစ်ချုပ်ဖို့ကို အသည်းအသန်တွေလုပ်ပြနေတာက မြင်ပြင်းကတ်စရာ။ သူ့ကိုတော့ ဖုတ်လေတဲ့ငပိရှိတယ်တောင်မှ မထင်။ ဒါတွေကို ခြုံပြီးတော့စဉ်းစားကြည့်မယ်ဆိုရင် လီဗာပူးလ်ကနေ မာနေးထွက်မယ်ဆိုတာက
သိပ်တော့မဆန်းတော့ပါဘူး။ သူ့လိုကစားသမားက တပတ်လုပ်ခ ပေါင်တသိန်းပဲ ရတယ်ဆိုတာ အခု စာရွက်ပေါ်မှာ မြင်ရလို့သာ။ မဟုတ်ရင်တော့ ယုံစရာမရှိပါဘူး။ (ဒီစာရင်းက အတည်ပြုနိုင်ဖွယ်ရာရှိမယ်ထင်ပါတယ်)

ထပ်တွေးကြည့်မယ်ဆိုရင် တပတ်ပေါင်တသိန်းဆိုတာက ယူနိုက်တက်မှာ ဂျက်ဆီလင်ဂတ်လို ကစားသမားရနေတဲ့ လစာ။ တရာသီလုံးမှ ၁၀ ပွဲတောင်ပြည့်အောင်မကန်ရတဲ့ ကစားသမားတဦးနဲ့ ခံစားခွင့်က အတူတူဖြစ်နေတာပါ။ အသင်းထဲမှာဆိုရင် နှိုင်းယှဉ်ကြည့်ရင်လည်း တော်တော်လေးမကျေနပ်စရာကောင်းတာတော့ အမှန်ပါပဲ။ အင်္ဂလန်သားတွေက ကြေးမြင့်သလို လစာနှုန်းကလည်း မြင့်သလားမသိဘူး။ ကြည့်လိုက်ရင် အနည်းဆုံးက ပေါင်တသိန်း။ ပြီးရင်တော့ သိတဲ့အတိုင်း။

ကစားသမားနဲ့အသင်းကြားသဘောတူညီမှုအပိုင်းမှာ အားနည်းခဲ့တာလား၊ အေးဂျင့်ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းလို့ပဲလားမသိ။ မာနေးရနေတဲ့ ပမာဏက တော်တော်လေးကို နည်းပါးပါတယ်။ လီဗာပူးလ်မှာ သူပြသနေတဲ့ ခြေစွမ်းမျိုးနဲ့ဆို ဘယ်အသင်းသွားသွား
ပေါင်တသိန်းခွဲဆိုတာက ပစ္စလက္ခတ်ကိုရပါတယ်။ သူ အန်ဖီးလ်ကနေ ထွက်ခဲ့မယ်ဆိုရင်တော့ လစာငွေကိစ္စကလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်နေမှာ သေချာပါတယ်။

31/05/2022

Finalissima trophy ကိုဘယ်သူရရှိသွားမလဲ?
အီတလီလား အာဂျင်တီနားလား

30/05/2022

ရိုမန်အင်ပါယာလိုအောင်မြင်မူကို ဆက်ထိန်းသိမ်းထားနိင်မလား😕😕
lets strat new era

29/05/2022

2times champions league winner is back...😀

28/05/2022

ဥရောပဘုရင်ကွ🥶🥶

27/05/2022

ဘောလုံးကစားခြင်းမှ လောလောလတ်လတ် အနားယူထားသော ဂိုးသမား Lee Grant သည် United လက်ထောက်နည်းပြဟောင်း Kieran McKenna မန်နေဂျာအဖြစ် ကိုင်တွယ်နေသော Ipswich Town သို့ နည်းပြအဖွဲ့ဝင်အဖြစ် ပူးပေါင်းသွားမည်ဖြစ်သည်။

26/05/2022

Twitter မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဂုဏ်ပြုသွားတဲ့ မိုဆာလတ် နှင့် ဆွန် 🫂

26/05/2022

👉👉ပီအက်စ်ဂျီကစားသမားဘဝနောက်ဆုံးပွဲတွင် အာဂျင်တီးနားအသင်းလက်ရွေးစင်အသင်းဖော်မိသားစုများနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့တဲ့ အန်ဂယ် ဒီမာရီယာ

25/05/2022

PSG ပရိတ်သတ်ကို နောက်ဆုံးနှုတ်ဆက်နေတဲ့ ဒီမာရီယာ

25/05/2022

14th LEAGUE TITLES 👏

25/05/2022

ဘမျိုးဘိုးတူ ဘယ်သန်ဘမှန်

23/05/2022

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲရလဒ်

ဗီယက်နမ်အသင်းက ထိုင်းအသင်းကို (၁-၀) ဖြင်းအနိုင်ယူပြီးဗိုလ်စွဲ 🏆

လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းသည် (၂)ကြိမ်ဆက်✌️ ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် ဆီးဂိမ်းစ်ရွှေဆုကို (၃)ကြိမ်မြောက်🥇🥇🥇 ရရှိသွားခဲ့သည်

23/05/2022

🚨 Transfer News

ရီးရဲလ်အသင်းဟာ အမ်ဘာပေးအား လက်လွှတ်ခဲ့ရပြီးနောက် မိုနာကိုအသင်းကစားသမား Aurélien Tchouameni အား အလိုရှိလာပါတယ်။
တချိန်တည်းမှာပဲ ဘာပေးဟာလည်း ထို ကစားသမားအားPSG အသင်းထံသို့ ပြောင်းရွှေ့စေလိုနေပါတယ်

23/05/2022

ဂုဏ်ယူစရာ အာရှသား ဆွန်
=====================

ဘောလုံးလောကမှာ အာရှသားတွေဟာ ကျန်တဲ့သူတွေထက် အမြဲတမ်း တဆင့်နိမ့်ခဲ့တာပါ။ ကိုယ်ကာယ ကြံခိုင်မှုအရရော၊ ဘောလုံးကျွမ်းကျင်မှု နည်းစနစ်ပိုင်းအရပါ မယှဉ်နိုင်ခဲ့ပါဘူး။ ကမ္ဘာ့အကောင်းဆုံးလိဒ်ပြိုင်ပွဲတခုဖြစ်တဲ့ ပရီမီယားလိဒ်မှာ ခြေချခွင့်ရရင်တောင် အာရှသားတွေအတွက် ဂုဏ်ယူစရာ တခုဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ အာရှသားတွေအတွက် ဆွန်ယောင်မင်က အားလုံးကို ခြေဖျက်ပြလိုက်ပါပြီ။ ဒါကတော့ ပရီမီယားလိဒ်ရဲ့ ဂိုးသွင်းအများဆုံးဆုကို လီဗာပူးက မိုဆာလက်နဲ့ အတူ ဆွန်ယောင်မင်က ပူးတွဲရရှိခဲ့တာပါ။ ဆွန်အတွက် ပိုပြီး ဂုဏ်ယူကောင်းတာက သူက စပါးအသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းရသူ တယောက်မဟုတ်တာပါပဲ။ တကယ်လို့ သူသာ ပင်နယ်တီကန်ခွင့်ရမယ်ဆို ဂိုးသွင်းအများဆုံးသူ ဖြစ်လာမှာ အသေအချာပါပဲ။ ဘာပဲဖြစ်ဖြစ် အာရှသား တယောက်က ကမ္ဘာ့အကောင်းဆုံး အခမ်းအနားဆုံး လိဒ်တခုမှာ ဂိုးသွင်းအများဆုံးဆုကို ပူးတွဲရရှိတာကိုက ကျနော်တို့ အာရှသားတွေအတွက် ဂုဏ်ယူစရာပါပဲ။ Congratulations Son !!! 💪💪💪

22/05/2022

mutual respect between them

Photos from Football Daily Special - FDS's post 22/05/2022

Legends Of The North

မန်ယူဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေပွဲစဥ်အဖြစ်ယှဥ်ပြိုင်ကစားခဲ့တဲ့ မန်ယူဂန္ထဝင်အသင်းနဲ့ လီဗာပူးလ်ဂန္ထဝင်အသင်းတို့ရဲ့ပွဲစဥ်မှာတော့ လီဗာပူးလ်ဂန္ထဝင်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးလ်ဂန္ထဝင်အသင်းအတွက်ဂိုးတွေကို လူးဝစ္စဂါစီယာ (၄၇ မိနစ်)နဲ့ မာ့ခ်ဂွန်ဇာလက်ဇ် (၆၂၊ ၉၀+၂ မိနစ်)တွေမှာသွင်းယူပေးခဲ့ပြီး မန်ယူအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန်မိနစ် (၅၀)မှာ ဘာဘာတော့ဗ်ကသွင်းယူပေးခဲ့ပါတယ်။

19/05/2022

လီပါပူးအသင်းအတွက် ကိုနာတေးပါဝင်ကစားခဲ့တဲ့ပွဲတိုင်း ရှုံးပွဲမရှိသေးပါဘူး 👏 👏

19/05/2022

Happy Birthday DIEGO FORLAN 🎉🎊

16/05/2022

Football Business အတွက် ဆုပေးမယ်ဆိုရင်
ဒေါ့မွန်အသင်းအပြင် အခြားအသင်းမြင်မိသေးလား👀👀

16/05/2022

ဂျူဗင်တပ်စ် အသင်းဟာ ပေါ့ဘာပြန်လာခဲ့မယ်ဆိုရင်
First line up , အသင်းရဲ့ key player , ကျောနံပါတ် 10 တို့ကိုပေးမယ်လို့ ကမ်းလှမ်းထားပါတယ်

16/05/2022

ရာသီကုန်မှာတော့ တီကိုတိုက်စစ်မှူး ဆွာရက်စ်ဟာ အသင်းကနေထွက်ခွာတော့မှာပဲဖြစ်ပါတယ်

15/05/2022

ဝင်ဘလေ နဲ့ မေဆန်မောင့်၊ မေဆန်မောင့်နဲ့ ဝင်ဘလေဆိုတာက မတည့်အတူနေဖြစ်နေပါပြီ။ ၃ နှစ်တာကာလအတွင်း မေဆန်မောင့်က ဝင်ဘလေမှာ ဗိုလ်လုပွဲ ၆ ပွဲအထိ ကစားခဲ့ရပေမယ့် တပွဲမှကို အနိုင်မရခဲ့တာလည်းဖြစ်နေလို့ သူ့ရဲ့ ဒီကွင်းကျိန်စာဆိုးက တော်တော်လေးကို ဆိုးရွားနေပြီး စိတ်ပျက်စရာပါ ဖြစ်နေခဲ့ရပါပြီ။

အက်ဖ်အေဖလားဗိုလ်လုပွဲ ၃ ကြိမ်၊ ကာရာဘောင်းဖလားဗိုလ်လုပွဲ ၂ ကြိမ်နဲ့ ယူရိုဗိုလ်လုပွဲ ၁ ကြိမ်ကို မေဆန်မောင့် ကစားခဲ့ရပြီး ပွဲတိုင်းကို ရှုံးနိမ့်ခဲ့ရတာပါ။ ငါ့မြေပေါ်မှာ မင်း အောင်ပွဲခံလို့မရစေရဘူးလို့များ ဝင်ဘလေကွင်းကြီးက ကျိန်စာတိုက်ထားသလားတောင် အောက်မေ့နေရပြီး အင်္ဂလန်သားအတွက်တော့ ဝင်ဘလေကွင်းက ဖုန်းဆိုးမြေဖြစ်နေခဲ့ရပါတယ်။

ပင်နယ်တီကန်သွင်းချိန်မှာလည်း လွဲ၊ ဆုဖလားနဲ့လည်း ကွဲနဲ့ မေဆန်မောင့်တယောက် ပွဲခံလို့မရခဲ့ရှာပါဘူး။ ပေးကားပေး၏ မရ၊ တွေ့ကားတွေ့၏ မမြင်ဆိုသလိုပါပဲ။ မြင်နေခဲ့၊ တွေ့နေခဲ့ရပါလျက်နဲ့ ဝင်ဘလေမှာဆို မေဆန်မောင့်တယောက် ဆုဖလားတွေကို ဖြတ်လျှောက်ရင်း
ငေးသွားနေရတော့တာပါပဲ။ ကိုယ်ချစ်တဲ့ကောင်မလေး ဘေးနားက ဖြတ်သွားရင်း ကိုယ်သင်းနံ့လေးပဲ ရှူပြီး ကျေနပ်နေရတဲ့ အချစ်ရှုံးသမားကြီးတဦးလိုပါပဲနှယ်။

14/05/2022

ဂျူဗင်တပ်နောက်ခံလူ ချီလီနီသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု ကြေငြာသွားခဲ့သည်။
အိုးလေဒီအသင်း၏ ဂန္တဝင်တစ်ဦးဖြစ်သူ ချီလီနီသည် ဂျူဗီအသင်းတွင် ၁၇ ရာသီကြာ ကစားပြီးနောက် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

14/05/2022

“ ကျနော် လိုက်ပ်ဇစ်မှာ ရှိနေတဲ့ အချိန်တုန်းက ပရီးမီးယားလိဂ် ကို ပြောင်းကစားခွင့်ရနိုင်တဲ့ အခွင့်အရေးမျိုး ရှိခဲ့ဖူးပါတယ်။ ကျနော့် အတွေးမှာ လီဗာပူး က ဖြစ်နိုင်ချေ အများဆုံးပေါ့ ဒါပေမယ့် ချဲဆီး ကိုပဲ ပြောင်းကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်လို့ ၊ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

ကလော့ပ် ဟာ ဂျာမဏီ ကနေ ထွက်ပေါ်လာခဲ့တဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ ဒီစကားပြောတာ က လက်ရှိ ကျနော့် နည်းပြ တူချယ် ကို တိုက်ခိုက်လိုစိတ် လုံး၀ မရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူဟာ ဖလားတွေ အများကြီးကို သိမ်းပိုက်ပြခဲ့တယ်လေ။ ပြီးတော့ သူမှာ ချစ်ခင်စရာကောင်းတဲ့ Personality မျိုး ရှိပါတယ်။ ဂျာမန်တွေ သဘောကျတဲ့ ပုံစံမျိုးပေါ့ ဘာလို့လဲ ဆိုတော့ သူက ပျော်ပျော်နေတတ်တဲ့လူမျိုးပါ။

ဂျာမန်တွေက ကလော့ပ်တို့ ၊ မူလာ တို့ ပုံစံတွေကို တကယ် ချစ်ကြပါတယ်။ သူတို့မှာ ကိုယ်ချင်းစာတရားက အပြည့်ရှိတယ်။ သူတို့ စိတ်ရင်းအမှန်အတိုင်း စကားပြောကြသလို ၊ လုံး၀ ဟန်ဆောင်မှု ကင်းတဲ့ လူတွေပါ။ ဒါတွေက ဘောလုံးလောကမှ တကယ် အရေးကြီးပါတယ်”

တီမို ဗာနာ

Website