JJ Beer Stations Mandalay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JJ Beer Stations Mandalay, Restaurant, .
ဧပရယ်နွေလယ်မှာ ရင်ခုန်ပျော်စရာတွေ ဖန်တီးချင်တဲ့ JJ Bar ရဲ့ဘော်ဒါတို့အတွက် "Yoma သင်္ကြန်ချိန်ခါ" ကတော့ ရောက်ရှိလို့လာပါပြီ 🥳💛
ယနေ့ ည April (6 ) ရက် ညနေ 6:00 နာရီမှာ ကျင်းပမယ့် Yoma ရဲ့ ဒီပွဲလေးမှာဆိုရင် ရိုးမဘီယာ "၃ ခွက်သောက်ရင် 𝙇𝙪𝙘𝙠𝙮 𝘿𝙧𝙖𝙬 𝘾𝙪𝙤𝙥𝙣 တစ်ခု ကံစမ်းခွင့် ရရှိမှာဖြစ်တဲ့အပြင် 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐫𝐭𝐢𝐬𝐭 𝐄𝐯𝐞𝐧𝐭 လေး တစ်ခုလေး စီစဉ်ထားပါသေးတယ် ..❣️
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐫𝐭𝐢𝐬𝐭 𝐄𝐯𝐞𝐧𝐭 မှာဆိုရင်တော့ 🔥
မြူးကြွတဲ့ သံစဥ်တွေနဲ့ သီဆိုကခုန်ရင်း နှစ်သစ်ကို ကြိုဆိုနိုင်ဖို့.....
🎙️အဆိုတော် ဖိုးကာ ရဲ့ သီဆိုဖျော်ဖြေမှုက အသွင်သစ် လန်းဆန်းတက်ကြွမှုနဲ့ မျောလွင့်ရအုန်းမာပါ ...🤘🏻
ဒါကြောင့် ဘော်ဒါတွေစုပြီး အမှတ်တရ အခိုက်အတန့်ကောင်းတွေမှာ စီးမျောခံစားနိုင်ဖို့ ယနေ့ ညအတွက် Ready ပြင်ထားလိုက်တော့နော် 🍻🍾
☎️ RSV : 09 977222039, 09 977222053
📍Address : 71 လမ်း 31 လမ်းထောင့်
TILT THE NIGHT WITH TUBORG ညက JJ မှာ အပြတ်ကဲခဲ့ကြတဲ့ ဘော်ဘော်တို့ရဲ့ မှတ်တမ်း Video လေး..📷💚🤘🏻
TILT THE NIGHT WITH TUBORG & JJ Bar တို့ရဲ့ အမှတ်တရ ပုံရိပ်လေး တွေမျှဝေ ပေးလိုက်ပါတယ်နော် ..📷🎉💛🙆🏻
Tuborg
Carlsberg ပရိတ်သတ်ကြီးရေ!!!
⚽️Liverpool FC Fan တွေအတွက် JJMandalay နဲ့ Carlsberg တို့ရဲ့ အထူးအစီအစဥ်ကြီးရှိတယ်နော်
😍 မတ်လ 06 ရက် ကနေ မတ်လ 09 ရက်နေ့အထိ JJMandalay မှာ Game အစီအစဥ်တွေ၊ ကံစမ်းမဲအစီအစဥ်တွေကို Carlsberg နဲ့အတူပါ၀င်လို့ရမှာပါ
Liverpool FC ရဲ့ Official Beer Partner အဖြစ် ၁၀ နှစ် သက်တမ်းတိုးထားတဲ့ Carlsberg ကနေ Fan တွေအကြိုက် Polo shirt, Sweat shirt, T-shirt, Flask နဲ့ Free Can တို့လို အလန်းစားဆု လက်ဆောင်တွေရရှိနိုင်သလို အမြင့်ဆုံးဆုလက်ဆောင်အဖြစ် သိန်း ၈၀ တန် Sony Home Theatre System ကိုပါ စီစဥ်ထားတာမလို့ ဘီယာသောက်ရင်း ဘော်ဒါတွေနဲ့ ပျော်ပျော်ကြီး ကံစမ်းလို့မှာပါဗျာ
ကဲဒါဆိုရင် ပျော်စရာကောင်းတဲ့ညလေးတွေဖြစ်ဖို့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ JJ Bar မှာဆုံကြမယ်နော်🙌🏻
No Entry Tickets, Reservation Only!
ARE YOU READYYYY TO ENJOY THE NIGHT ⁉️
☎️RSV : 09-977222053/09-977222039
📍Address : 71လမ်း 31 ထောင့်
𝗧𝗜𝗟𝗧 𝗧𝗛𝗘 𝗡𝗜𝗚𝗛𝗧 𝗪𝗜𝗧𝗛 𝗧𝗨𝗕𝗢𝗥𝗚 : Yair Yint Aung & DJ R2
JJ Bar ရဲ့ ဘော်ဒါတို့အတွက် March လ 1 ရက်မှာ အဆိုတော် ရဲရင့်အောင် နဲ့ DJ R2 တို့နဲ့အတူ ကဲဖို့ Ready ပဲလား.. ?
Yair Yint Aung နဲ့ DJ R2 တို့ရဲ့ ဖျော်ဖြေမှုတွေအပြင် Beerpong Game တွေ၊ Tuborg ဆုလက်ဆောင်တွေများစွာရရှိနိုင်မယ့် Claw Machine တွေ၊ တခြားပျော်ရွှင်စရာ Activities တွေအများကြီးကလဲရှိနေဦးမှာပါ...💁🏻
ကဲဒါဆိုရင် JJ Bar နဲ့ အတူ March လ 1 ရက်နေ့မှာ ပျော်စရာကောင်းတဲ့ ညလေးတစ်ည ဖြစ်ဖို့ အရောက်လာခဲ့ဖို့ မမေ့နဲ့နော် ❣️
No Entry Tickets| Reservation Only
ARE YOU READYYYY TO TILT THE NIGHT ⁉️
☎️RSV : 09-977222053/09-977222039
📍Address : 71လမ်း 31 ထောင့်
Happy Chinese New Year!🐉🧧
2023 ခုနှစ်ကုန်ဆုံးလို့ 2024 ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်အချိန်အခါသမယမှာ အားလုံးပဲ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ…🌟
နှစ်သစ်မှာလည်း ကျန်းမာချမ်းသာလန်းဖြာပါစေကြောင်း JJ မိသားစုမှ ဆုမွန်ကောင်းခြွေလိုက်ပါတယ်…🧡🧡
Merry Christmas to you All ✨🎄🤍
Edit ပိုင်ရှင်လာရောက်ထုတ်ယူသွားပါပြီရှင့်
11. 12 .2023 ညပိုင်း 74 လမ်း JJ Beer ဆိုင်တွင် မိသားစုလာရောက်စားသောက်ရာ ပိုက်ဆံအိတ် တစ်လုံးဆိုင်တွင် ကျကျန်ခဲ့ပါသည် တိကျခိုင်လုံသည့် အချက်အလက်များပြောပြနိုင်လျှင် လာရောက်ထုတ်ယူနိုင်ပါသည်....
ကျေးဇူးတင်ပါသည်
JJ 74 Beer&BBQ
09-977222035
🎶The Best Music Night with Carlsberg🎵
December 2 ရက် (Saturday) မှာ သီဆိုဖျော်ဖြေပေးမယ့်သူကတော့ 🎉
နိုင်ငံကျော်တေးသံရှင် “ ကိုဇော်ပိုင် ” ပဲဖြစ်ပါတယ်ခဗျာ 🥰
🎙️ကိုဇော်ပိုင် ရဲ့ လွင့်မျောစရာကောင်းတဲ့ သံစဉ်တွေနားဆင်ရင်း ပျော်ရွှင်စရာဂိမ်းအစီအစဉ်တွေ၊ အလန်းစားကံစမ်းမဲ 🎁အစီအစဉ်တွေများစွာလဲရှိမှာဆိုတော့
တကယ့်ကို The Best Night with Carlsberg ပါပဲဗျာ🤘🏻
☎️RSV : 09-977222053/09-977222039
📍Address : 71လမ်း 31 ထောင့်
December Born တွေ သိပ်ပျော်သွားစေမယ့် သတင်းကောင်း📣
ဒီဇင်ဘာလမွေးတဲ့သူတွေအနေနဲ့ အခုလာမယ့် ဒီဇင်ဘာလ (၁) ရက်နေ့ JJ Bar မှာ ကိုယ့်ရဲ့မှတ်ပုံတင်/ ယာဥ်မောင်းလိုင်စင် ပြလိုက်တာနဲ့ ဘီယာ (၁) တာဝါ FREE ရရှိမှာနော်
👉🏻မွေးနေ့ရှင်အပါ (၆)ယောက်တော့အနည်းဆုံးရှိရပါမယ်နော် 🥰 (တစ်ဝိုင်းကို တစ်ကြိမ်သာ)
ပထမဆုံး JJ Bar ဆိုင်ကိုလာတဲ့မွေးနေ့ရှင် ‼️(၅)ယောက်ပဲ ဒီအခွင့်အရေးကို ရနိုင်မှာမို့လို့ ကိုယ့်ရဲ့မွေးနေ့ပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းထဲမှာ December Born တွေရှိရင်ပဲဖြစ်ဖြစ် အချင်းချင်းကြိုပြီး လက်တို့ထားလိုက်ကြရအောင် 🥳
🕚Open Daily: 10:00AM - 11:00PM
☎️09-9777222053/09-977222039
📍Address : 71လမ်း 31 ထောင့်
CARLSBERG ဘီယာမှ စီစဥ်ကျင်းပတဲ့ The Best Night with CARLSBERG အထူးအစီအစဉ်လေးစတော့မှာမို့ Stay Tuned ပါနော်
နို၀င်ဘာဘာလ (၂၉) ရက် ဗုဒ္ဓဟူးနေ့ ကနေ ဒီဇင်ဘာလ (၂) ရက် စနေနေ့အတွင်း ဘီယာပရိုမိုရှင်းတွေနဲ့ ဆုလက်ဆောင်တွေယူကြမယ်
✨Bean Bag, Backpack, Sweatshirt, T-shirt, Carlsberg Special Box နဲ့ Free Can .. ဆုတွေက အစုံပဲနော် ……. 😱😱😱
Mini Soccer နဲ့ PS 5 Game တွေလည်း ပျော်ရွှင်စွာကစားကြမယ်🥳
🔅အထူးဆုအစီအစဉ်ဖြစ်တဲ့ 🏖️Awei Pila အပန်းဖြေစခန်းမှာ (၂)ညအိပ် (၃)ရက်ခရီးအလည်သွားဖို့ ရင်ခုန်စွာ ကံစမ်းကြဖို့ The Beer Factory မှာ CARLSBERG နဲ့အတူ ဆက်ဆက်ဆုံကြမယ် 🤘🏻
🕚Open Daily: 10:00 AM - 11:00 PM
☎️09-977222053/09-977222039
📍Address : 71လမ်း 31 ထောင့်
Carlsberg နဲ့အတူ ရင်ခုန်စရာ တစ်ပတ်တာ 🤩
Carlsberg ကနေ နို၀င်ဘာလ (၂၉) ရက် ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အတွင်း အမိုက်စား ပွဲတွေနဲ့ အားလုံးကို စောင့်မျှော်နေပါပြီ
ဒီပွဲရက်တွေမှာ ပျော်စရာအစီအစဉ်တွေကို ပါဝင်ရင်း Bean Bag, Sweat shirt, T-shirt, Backpack, Carlsberg Special Box နဲ့ Free Can တို့လို အလန်းစားဆု လက်ဆောင်တွေရရှိနိုင်သလို အမြင့်ဆုံးဆုလက်ဆောင်အဖြစ် Awei Pila အပန်းဖြေစခန်းကို (၂)ညအိပ် (၃)ရက်ခရီးအဖြစ် အလည်အပတ်သွားရောက်နိုင်မှာ ဖြစ်ပါတယ် 😍
✅ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ Mini soccer နဲ့ PS 5 ဘောလုံးဂိမ်း စတဲ့ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များလည်းရှိနေမှာနော်
ကဲ .. ပွဲတွေဆက်နေပြီဆိုတော့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူသွားဖို့ ready လုပ်ထားလိုက်ကြရအောင်🙌🏻
🕚Open Daily: 10:00- AM -11:00 PM
☎️09-977222053/09-977222039
📍Address : 71လမ်း31 ထောင့်
တန်ဆောင်မုန်းလပြည့်နေ့ "သာမညဖလအခါတော်နေ့” မှစ၍
ကမ္ဘာသူ ကမ္ဘာသား အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နေ့ရက်တိုင်းကို ဘေးရန်ကင်းစွာနဲ့ဖြတ်ကျော်နိုင်ကြပါစေ လို့ JJ Family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ရှင့် 🙏
လပြည့်နေ့ မှာ ပုံမှန် အတိုင်း ဆိုင်လေး ဖွင့်ပါတယ်နော် 💁
#တန်ဆောင်မုန်းလပြည့်
Welcome 🙆🤎
🙏 ဒုတိယ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့🙏
၁.၈.၂၀၂၃ အင်္ဂါနေ့ (မြန်မာသက္ကရာဇ် ၁၃၈၅)တွင်ကျရောက်သော ဓမ္မစကြာအခါတော်နေ့ မြတ်တွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကပ်ရောဂါဘေးများမှ ကင်းဝေးပီး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းမြေ့ပါစေကြောင်း JJ Beer Station မိသားစု မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်....🙏
International Happy Mother's Day.🤱❤️
အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိသော မာတာမိခင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဘဝခရီးလမ်း ပျော်ရွှင်စွာဖြတ်သန်းရပါစေ...🙏🙏🙏
❝ ကဆုန်လပြည့်နေ့ ဆိုသည်မှာ…❞
**********************************
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို
•ကုဆုန်လပြည့် - ဗုဒ္ဓနေ့
•ကဆုန်လပြည့် - မာန်အောင်နေ့
•ကဆုန်လပြည့် - ဝိသာခါနေ့
ဟူ၍အမွှန်တင် ခေါ်ဝေါ် သတ်မှတ်ကာ ရိုးရာအစဉ် အလာများနှင့်အညီ ကျင်းပလေ့ရှိကြပါတယ်။
၁။ ကဆုန်လပြည့်နေ့၏ ထူခြားချက်များ
**************************************
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞
ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ…
ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ…
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့် နေ့ထူးနေ့မြတ် အဖြစ်
ဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။
ဆိုရိုးစကားအရ ဘုရားရှင်နှင့် ဆက်စပ်သော
ထူခြားသည်များမှာ နှစ်ကာလ အပိုင်းခြားမတူဘဲ ကဆုန်လပြည့်နေ့များတွင်သာ (၅)နေ့ တိုင်တိုင် ထူးခြားတိုက်ဆိုင်စွာ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့္ ဖြစ်ပါတယ်။
အဆိုပါ…
ကဆုန်လပြည့်နေ့မှာ-
၁။ ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်
ခြင်းအစ ကဆုန်လပြည့်နေ့
၂။ ဖွားမြင်တော်မူသောနေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်နေ့
(သောကြာနေ့) ၊ ဘီစီ - (၆၂၃)ခု
၃။ ဘုရားဖြစ်တော်မူသောနေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်နေ့
(ဗုဒ္ဓဟူးနေ့) ၊ ဘီစီ - (၅၈၈)ခု
၄။ ဗုဒ္ဓ၀င် အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့
ဘီစီ - ( ၅၈၇)
၅။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့
(အင်္ဂါနေ့) ၊ ဘီစီ - ( ၅၄၃)
~~~~~~~~~။
၂။ ကဆုန်လပြည့်နေ့နှင့် အမည်နာမ (၃)မျိုး
*****************************************
ဤကဲ့သို့…
ကဆုန်လပြည့်နေ့များတွင် ၌သာ
ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်၍ ထူးခြားချက်(၅)မျိုး
နှင့် ဆက်စပ်တိုက်ဆိုင်မှု ရှိနေခြင်းကြောင့် ဤနေ့ကို
❝ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ❞ အဖြစ်လည်းကောင်း
ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သောကြောင့် ဤနေ့ဤရက်ကို ❝ ကဆုန်လပြည့် - မာရ်အောင်နေ့ ❞ အဖြစ်လည်း ကောင်း
ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
❝ ကဆုန်လပြည့်နေ့ - ဝိဆခ်ဒေး(ဝိသာခါနေ့) ❞ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ မှတ်သားထားကြပြီ အမွှန်းတင် ခေါ်ဝေါ်ခဲ့ကြခြင်း
ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~
၃။ ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပုံ
*******************************************
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊
နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့ တွင် ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်း ပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာ မပျက် ဆင်နွဲလေ့ ရှိကြပါတယ်။
အဘယ်ကြောင့်ဆိုသော် …
ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကို ရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင် စာရင်းဝင် ဖြစ်ခြင်း တို့ကြောင့် ထူးခြား သော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ကြခြင်း
ဖြစ်ပါတယ်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်း
ဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။
~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~
၄။ ကုသိုလ်တရားနှင့် အကျိုးကျေးဇူး
***********************************
အသနဗောဓိယမထေရ်၏ အလောင်းတော်သည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ သော ကုသိုလ်ကြောင့် -
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•လူပြည်၌ စကြာမင်း ဖြစ်ရခြင်း
•အပါယ်ဘေးမှ လွတ်ကင်းရခြင်း
စသည့် အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။
ဂန္ဓောဒကတိဿမထေရ်၏ အလောင်းတော်သည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေ ဖြင့် သွန်းလောင်းရသော ကုသိုလ်ကြောင့်
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•အနာရောဂါ မရှိခြင်း
•သောကကင်းဝေးခြင်း စသောအကျိုးများကို
ခံစားရပါသည်။
အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်၊နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်ခြင်း၊ ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း
ဖြင့် ကုသိုလ်အထူးကို ဆည်းပူးလေ့ ရှိကြပါတယ်။
~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~
၅။ လှူဒါန်းကုသိုလ် တိုက်တွန်းနိှုဆော်ချက်
*****************************************
ကုသိုလ်ရှင်များအနေဖြင့် …
မနက်ဖြန်ကျရောက်မယ့် ကဆုန်လပြည့်နေ့မှာ
ဘုရား၊ကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာဝနာပွားများပြီး အလှူအတန်း ပြုလုပ်ခြင်း
❝ကဆုန်လပြည့် - ဗုဒ္ဓနေ့❞ တွင် ညောင်ရေသွန်းပွဲ ဆင်နွှဲရင်း ကုသိုလ်ပြုနိုင်ကြစေရန် တိုက်တွန်း
နှိုးဆော်အပ်ပါတယ်။
🙏 🙏 🙏 🙏 🙏
:
#မူရင်းရေးသားသူသို့ဂါရ၀ပြုလျက်..🙏
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။🙏🙏🙏✍️
နှစ်ဆန်း(၁ရက်)နေ့ဆိုင်ဖွင့်ပါသည်ရှင့်နှစ်ဆန်း ၃ရက်၊၄ရက် ဆိုင်ပိတ်ပါသည်ရှင့် ... ဧပရယ် (၂၀)ရက်မှာပြန်လည်ဖွင့်လှစ်ပါမည်ရှင်...♥️🙆
တောင်သူလယ်သမားနေ့ 🌾
၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား JJ Beer Stations Mandalay မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်...
ကျေးဇူးရှင် တောင်သူ လယ်သမား ဦးကြီးများ ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ...
#တောင်သူလယ်သမားနေ့
✨𝗚𝗢𝗡𝗚 𝗫𝗜 𝗙𝗔 𝗖𝗔𝗜 !! 🐇🧧🏮
恭喜发财 🎉🍾️🎊❤️🧧
(22.1.2023 ) ခုနှစ်မှာကျရောက်တဲ့ 🐇တရုတ်နှစ်သစ်ကူးကိုကြိုဆိုလိုက်ပါတယ်... ✨
တရုတ်နှစ်သစ်ကူး အချိန်အခါ သမယမှာ ကိုယ်ရောစိတ်ပါ ချမ်းမြေ့သာယာပါစေကြောင်း မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်...🥰
𝑾𝒆𝒍𝒄𝒐𝒎𝒆 𝟐𝟎𝟐𝟑🎉🎉
✨ 2022 မှ 2023 သို့ ကူးပြောင်းတဲ့ အခါသမယလေးမှာ ကမ္ဘာပြည်သူသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နှစ်သစ်ကို စတင်နိုင်ပါစေလို့ JJ -Berr Station မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်..... ✨🙆
❤️
🎅 𝙒𝙚 𝙬𝙞𝙨𝙝 𝙮𝙤𝙪 𝙖 𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 🌟❣️
✨ 2022 ခုနှစ် 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 𝟐𝟓 ရက်နေ့မှာ ကျရောက်တဲ့ 🎄ခရစ္စမတ်နေ့လေးမှာ သာယာပျော်ရွင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့.. ☃️✨
🖤 𝗝𝗝(𝗕𝗲𝗲𝗿 𝗦𝘁𝗮𝘁𝗶𝗼𝗻) မိသားစုမှ ဆုမွန်ကောင်းတောင်းချွေလိုက်ပါတယ်ရှင့်....🙏❄️🤍
ပင်ပန်းနွမ်းနယ်မှုတွေဟာ လူတိုင်းကိုယ်စီ ကြုံတွေ့ရတဲ့် ဘဝအမောတွေပါ
အမြဲမဟုတ်တောင် တစ်ခဏတော့ လွတ်မြောက်သင့်တယ်မဟုတ်လား
ထိုင်နေကျ ခုံးတန်းလေးကသာ နေသားကျပါတယ် ဆိုပေမယ့်
လွတ်မြောက်ခြင်းရဲ့ အစဟာ ပြောင်းလဲခြင်းလို့ထင်မိပါတယ်...
🍻ဘော်ဒါတွေနဲ့လား?
🍻Partners တွေနဲ့လား?
ဒါမှမဟုတ်
🍻လက်တွဲဖော်လေးနဲ့လား?
ပြောင်းလဲကြည့် ဖို့ ဖိတ်ခေါ်ပါရစေဗျာ☺
ကျွန်တော် တို့ရဲ့ JJ. Beer & BBQ. ဆိုင်လေးက အရသာထူးကဲတဲ့ ဟင်းပွဲလေးများကလည်း စားသုံးသူများကို ခံတွင်းတွေ့စေမှာ အမှန်ပါ..
Beer လေးသောက်ရင်း အကင်လေးစားရင်း စိတ်ပင်ပန်းမူတွေကို ဖြေဖျောက်လိုက်ပါ..🙆
🙏သာမညဖလ အခါတော်နေ့ ☘️
#တန်ဆောင်မုန်းလပြည့်နေ့~သာမညဖလ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။
သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ
ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။
(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။
(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။
(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။
(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။
(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိုဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊ လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။
Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ
crd #အသိသတိဓမ္မစာပေ
🏮သီတင်းကျွတ်ဆုတောင်း 🏮
🎆🎊ဝါလကင်းလွတ် သီတင်းကျွတ်
အဘိဓမ္မာအခါတော်နေ့လေး မှာ
မိတ်ဟာင်း မိတ်သစ်များ ၊မြန်မာ ပြည်သူ ပြည်သားအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ ကပ်ရောဂါဘေးကင်းဝေး ပြီး
မင်္ဂလာ ရှိသော သီတင်းကျွတ်အခါသမယလေးဖြစ်ပါစေကြောင်း.....
ကျွန်တော်တို့ J&J မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ရှင့် 🙏
သီတင်းကျွတ်လပြည့်နေ့ ဆိုင်ဖွင့်ပါသည်ရှင့် ...🎆