Dr. Phyoe - English and Scholarship Mentor

Dr. Phyoe - English and Scholarship Mentor

Teaching General Engish 4 skills from basic level to advanced level.

Coaching students to get ready for IELTS, TOEFL (ITP,CBT,iBT), and Duolingo
Consultation and mentoring international job hunters and scholarship seekers

24/11/2023

မရွေ့မလျား ကြိယာများ (static verbs)

ကြိယာ (verb) လို့ ဆိုလိုက်တာနဲ့ လူတိုင်းလိုလိုက ပြုမူသည် 👍👀🤨 (doing) လှုပ်ရှားသည် 🏃‍♀️💃🚴‍♀️ (acting) လို့တွေးမိကြပါတယ်။ ဒါကလည်း မှားတော့ မမှားပါဘူး။ ဒါပေမယ့် သတိမေ့သွားတတ်တဲ့အချက်က တချို့သော ကြိယာတွေက ခံစားခြင်း 😘😔☹️(feeling) ထင်မြင်ယူဆခြင်း 🤔💭🧐 (believe) တို့ကို အဓိပ္ပာယ် ဖော်ဆောင်ပါတယ်။ သူတို့တွေကို လှုပ်ရှားမှု မရှိသော ကြိယာများ (non-action verbs or static verbs) လို့ ခေါ်ပါတယ်။

အဲဒီ Static Verbs တွေကတော့
agree, appear, believe, belong, dislike, doubt, hate, like, hear, love, know, mean, mind, need, own, prefer, seem, and want တို့ပဲ ဖြစ်ပါတယ်။

ဘာလို့ သူတို့အကြောင်းကို ပြောရသလဲဆိုတော့ သူတို့မှာ ထူးခြားတဲ့ အသုံး ရှိလို့ပါ။ ကြိယာတွေကို အချိန်ကာလ နဲ့ ပြုမူလှုပ်ရှားပုံပေါ်မူတည်ပြီး Tenses ၁၂ မျိုး ခွဲထားပါတယ် (အကျယ်ချဲ့ကို သတ်သတ်ရေးပါ့မယ်) ပုံမှန်ကြိယာတွေကို အဲ့ဒီ Tenses တွေနဲ့သုံးနိုင်ပေမယ့် static verbs တွေကိုတော့ ယေဘုယျအားဖြင့် Simple Present Tense နဲ့ပဲသုံးလို့ရပါတယ်။ လုပ်နေသည်ဆိုတာ (Present Continuous Tense) ကိုတောင် လုပ်နေတဲ့အချိန်မှာ (at the time of doing) ပြောချင်ရင်တောင် မသုံးရပါဘူး။
✅ He seems like a nice guy.
❌ He is seeming like a nice guy.

✅ I believe that she is Mrs. Tomdi.
❌ I am believing that she is Mrs. Tomdi.

ဒါပေမယ့်လည်း ဘာသာစကားတို့ရဲ့ ထုံးစံအတိုင်း ခြွင်းချက်တော့ရှိပါတယ်။ ယေဘုယျ လို့ပြောခဲ့တာက အမြဲ မဟုတ်လို့ပါ။ အဲ့ဒါကတော့ တချို့သော static verbs တွေကို သုံးလိုတဲ့အဓိပ္ပါယ်ကိုလိုက်ပြီး Simple Present Tense သို့ Present Continuous Tense ကိုသုံးလို့ရပါတယ်။ အဲ့လို Present Continuous Tense သုံးတဲ့အခါ အဲဒီ static verbs ကမူရင်းအဓိပ္ပါယ်မဟုတ်ပဲ တခြားအဓိပ္ပာယ် သက်ရောက်ပါတယ်။ အဲဒီ static verbs တွေကတော့ think, look, has, see တွေဖြစ်ပါတယ်။ ပိုနားလည်အောင် ဥပမာလေးတွေနဲ့ ပြထားပေးပါတယ်။

Do you think he's lucky? (think = believe)
I'm thinking about it. (think - consider)

He looks happy. (look = appear)
Who is looking in the window? (look = direct eyes toward)

She has a lucky object. (has - own; possess)
They're having coffee. (have = drink)
Are you having fun? (have = experience)

I can't see without my glasses. (see = view with eyes)
I see what you mean. (see = understand)
I'm seeing her tomorrow. (see = meet)

နောက်ဆုံးတခုကတော့ feel ဆိုတဲ့ static verb ပါပဲ။ သူ့ကို Simple Present Tense Present နဲ့ရော Present Continuous Tense နဲ့ပါသုံးလို့ရပြီး အဓိပ္ပါယ် ပြောင်းလဲခြင်း မရှိပါဘူး။
E.g. How do you feel? = How are you feeling?

အားလုံးဘာသာစကား ကျွမ်းကျင်ပိုင်နိုင် ကြပါစေ။

မေတ္တာနှင့်
Dr. Phyoe - English and Scholarship Mentor

24/11/2023

မှားတတ်တဲ့ အမှား One by one

ငယ်ငယ်ကတည်းက ကြားဖူးကြတာ
One by one ဖိုက်မလား
စာ one by one သင်ချင်လို့
အစရှိသဖြင့်ပေါ့

One by one ဆိုတာ တခုပြီးတခု လို့ဆိုလိုတာပါ
Eg: Students get on the bus one by one.
Eg: One by one the buildings collapsed.

တကယ်တော့ သုံးရမှာက one-on-one ပါ
တချို့လည်း one-to-one သုံးကြပါတယ်
နှစ်မျိုးလုံး သုံးလို့ရပေမယ့် အနည်းငယ် ခြားနားချက်တော့ ရှိပါတယ်

One-on-one
သူက လူ ၂ ဦး တွေ့ဆုံပြီး သတင်းဖလှယ်တာ၊ စာသင်ကြားတာ တွေမှာ သုံးပါတယ်
“an activity involving two people talking directly, usually with one teaching or giving information to the other.”
Eg: I’ve got a one-on-one meeting with my client next weekend.
Eg: I need to talk to you one-one-one for something important.
သူက ယှဉ်ပြိုင်တဲ့ နေရာ​တွေမှာလည်း သုံးပါတယ်
Eg: one-on-one battle

One-to-one
သူကတော့ လူ ၂ ဦးထဲ တွေ့ဆုံပြီး စကားပြောတယ် လို့ အဓိပ္ပာယ် ရပါတယ်
“two people discussing something directly, without involving anyone else.”
Eg : We’re working on this project one-to-one.
Eg : I need to talk to your privately-one-to-one in your office.

တခုမှတ်သားရမှာ သူတို့ ၂ ခုကနေ ဘယ်ဟာကို သုံးမလဲဆိုတာ နေရာဒေသ၊ အခြေအနေ၊ အကြောင်းအရာ တွေပေါ်မှာ မူတည်ပါတယ်
US မှာ one-on-one အသုံးများပြီး UK မှာ one-to-one အသုံးများပါတယ်

အရေးအကြီးဆုံးကတော့ ဘယ်ဟာ သုံးသုံး (-) hyphen ထည့်ဖို့ပါပဲ။ Hyphen မပါရင် grammar rules အရ မှားပါတယ်

အားလုံး English ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် ကြပါစေ

09/01/2022

အားလုံးအတွက် နှစ်သစ်ကူး လက်ဆောင်
………………………………………………………….......

နှစ်သစ်ကူးဆုတောင်းနဲ့ အတူ English ကို အခြေခံကနေ လေ့လာနေကြတဲ့ သူတွေ အတွက် ပညာဒါန အတန်းလေးတခု ဖွင့်ပေးချင်ပါတယ်။

သင်တန်းကြေးအနေ ကျွန်တော့်ကို လက်ဆောင်တော့ ပြန်ပေးရမှာပါ။

ဟုတ်ပါတယ်
သင်တန်းကြေးကို LattSaung point တွေနဲ့ ပေးရမှာပါ။ Level ကတော့ beginner and pre-intermediate level (CEFR A2-B1) တွေ အတွက် ရည်ရွယ်ပါတယ်။

ဘာတွေ သင်မှာလဲ ?
1. Tenses from English Grammar in Use (4ht Edition) Raymond Murphy (Present and Past)
2. Short Stories for Reproduction
3. Situational Dialogue
4. Descriptive Writing (pictures)

Zoom application နဲ့ သင်မှာဖြစ်ပြီး လိုအပ်တဲ့ file တွေကို Telegram channel ကနေ share ပေးမှာပါ
စိတ်ဝင်စားရင် အောက်က စည်းမျဉ်းလေးတွေ တချက်ဖတ်ကြည့်ပေးပါ။

၁။ သင်တန်းကြေး
တရက်ကို LattSaung point 50 နဲ့ ရက် ၂၀ ကြာ သင်တန်းအပ်ရမှာပါ။ ပျက်ရက်မရှိရပါဘူး။
သင်တန်းက Feb မှာ စမှာမို့ point 1000 ပြည့်မှ သင်တန်း တက်ခွင့်ရမှာပါ။ Channel ထဲ ဝင်တဲ့နေ့မှာ LattSaung point SS ရိုက်ပြရပြီး နေ့စဉ် မြန်မာစံတော်ချိန် ည ၁၂ နာရီမကျော်ခင် total point ss ကို ပြရမှာပါ။

၂။ လစဉ်ကြေး
သင်နေတဲ့ ကာလတောက်လျှောက်မှာလည်း တနေ့ကို LattSaung point 30 ပေးနေရမှာပါ။ ပေးဖို့ပျက်ကွက်ရင် သင်တန်းကထုတ်ပယ်မှာ ဖြစ်ပါတယ်။

၃။ သင်တန်းချိန်
အင်္ဂါ - ကြာသပတေး မနက် ၇:၃၀-၉:၀၀ ပါ။
သင်တန်းကာလ ၂ လပါ။

၄။ လိုက်နာရန် စည်းကမ်း
စာလိုက်လုပ်ရပါမယ်။
Point ထပ်ရပါမယ်။
Zoom နဲ့သင်တဲ့အခါ camera ဖွင့်ထားရပါမယ်။
Group assignment တွေမှာ ပါဝင်ရပါမယ်။

နေ့စဉ် LattSaung point တွေ ဘယ်လိုစုတောင်းရမှန်းမသိရင် ဒီမှာ ကြည့်နိုင်ပါတယ်
https://www.facebook.com/photo/?fbid=5371606609520731&set=a.515438865137554

ဒါတွေကို သဘောတူတယ်ဆိုရင်တော့
t.me/LattSaung1_2022 ကိုနှိပ်ပြီး သင်တန်းစjoin နိုင်ပါပြီ။

Let’s have fun and study together guys!!!

Disclaimer: လူအများကို ပညာဒါန သင်ရန်နှင့် တလရကို အထောက်အကူပြု ပုံမှန်ပါဝင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ မည်သည့်အဖွဲ့ အစည်းထံမှ တောင်းဆို ထောက်ပံ့ခြင်း မရှိပါ။

P.S ဒီလို ပညာဒါန သင်တန်း မဟုတ်ပဲ တယောက်ချင်း သို့ အဖွဲ့လိုက် သင်ကြားချင်ရင်လည်း ဆက်သွယ်လို့ ရပါတယ်။
General English 4 skill
IELTS
Research proposal, personal statement, and motivation letter writing များကိုလည်း အချိန်ညှိနှိုင်း သင်ကြားပေးပါတယ် ။
TOEIC
DET
Academic writing
Research proposal, personal statement and motivation letter writing များကိုလည်း အချိန်ညှိနှိုင်း သင်ကြားပေးပါတယ် ။

ဒီလို activity လေးတွေကို သဘောကျနှစ်သက်ရင် page ကို like and follow လုပ်ပေးနိုင်ပါတယ် (သင်တန်းတက်ရန် လိုအပ်ချက်မဟုတ်ပါ)

ကျေးဇူးတင်ပါတယ်။


Dr. Phyoe
MBBS (UM-1), MSc (Thailand), PhD (Japan)
Dip in English (YUFL), Certificate in TESOL (WTA)

02/11/2021

One month intensive training of Duolingo

18/06/2021

English General 4 skills ကို အခြေခံကနေ စတင်၍ language proficiency test တွေဖြေဆိုနိုင်သည်အထိ တဦးချင်းဖြစ်စေ ၅ဦးထက်မပိုသော အဖွဲ့ဖြင့် ဖြစ်စေ zoom ဖြင့် သင်ကြားပေးပါတယ်။

Language proficiency သင်တန်းတွင် IELTS, TOEFL, Duolingo များကို ပုံမှန် (၃လ) သင်တန်း၊ intensive course (၁လ ခွဲသင်တန်း) များဖြင့် ကျောငိးသား အခြေခံပေါ်မူတည်၍ သင်ကြားပေးပါတယ်။

ဒါ့အပြင် အရေးပေါ်ဖြေဆိုရန်လိုအပ်သည့် သင်တန်းမှာကို အချိန်တိုအတွင်း (10 hrs to 10 days) လည်း လိုအပ်သလို ညှိနှိုင်းသင်ကြားပေးပါတယ်။

International job hunting and scholarship seeking များအတွက် consultation and coaching များလည်း ဆောင်ရွက်ပေးပါတယ်။

Dr.Phyoe
MBBS, MSc, PhD
Dip in English (YUFL), TESOL certificate
CMB scholarship awardee, MEXT scholarship recipient, Mahidol Alumni

Website