AOTN
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AOTN, Science, Technology & Engineering, .
AutoCAD ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်လာအောင် ဘာတွေကိုဘယ်လိုလေ့လာရမလဲ?
-------------------------------------------------------------------
AutoCADကို ကျွမ်းကျင်အဆင့်ရောက်ဖို့ဆိုရင် Beginner တစ်ယောက်အတွက် Software အပိုင်းမှာတင်ပဲ သူ့အဆင့်အလိုက် လေ့လာရမှာတွေ လေ့ကျင့်ရမယ့်အပိုင်းတွေ အများကြီးရှိပါတယ်။
Experience အတန်အသင့်ရှိပြီးသား သူတစ်ယောက်အနေနဲ့ဆိုရင်လည်း လိုအပ်တဲ့ ကွက်လပ်တွေကို Self-study နဲ့တစ်မျိုး အလုပ်ကပြန်သင်ပေးတတ်တဲ့ Senior တွေဆီကနေမေးမြန်း သင်ယူရင်းနဲ့တစ်မျိုး ဖြည့်ကြရပါတယ်။
Online Learning သဘောမျိုးလည်း လေ့လာတတ်ရင်တစ်ဖြည်းဖြည်းသူ့ အပိုင်းလိုက်လေ့လာသွားပြီး လေ့ကျင့်ရင်း ကျွမ်းကျင်အောင်လုပ်လို့ရပါတယ်။
သင်တန်းကနေပဲ တစ်ခါတည်းအကုန် ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူဖို့ အတွက်ကတော့ ကျောင်းသားတွေက အသေးစိပ်သင်ဖို့ အချိန်ပေးမတက်ချင်ကြတာရော အစဥ်အလာအရ သင်တန်းက Course ကို 2 လ 3 လအတွင်း၀င်အောင် ဆွဲထားကြရတာရောကြောင့် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် (များသောအားဖြင့်ကိုပြောတာပါ) ။ နောက်ထပ်များသောအားဖြင့်က သင်တဲ့ ဆရာကကိုယ်တိုင်နားလည်တာ အကုန်သင်ပေးချင်လို့ အချိန်တိုအတွင်း တွန်းပြီး အကုန်သင်လိုက်ရင်လည်း တစ်ချို့ကိုသဘောတရားလောက် တစ်ချို့ကိုအပေါ်ယံလောက် သိသွားတာကလွဲရင် အချိန်တိုအတွင်း အားလုံးလက်တွေ့ကျကျ ကျွမ်းကျင်တတ်မြောက်ဖို့ မလွယ်တဲ့အတွက်ကြောင့် စိတ်အရမ်းမလောပဲ ရတာပဲ သေချာအရင်ယူပါ ။ ဘယ်အပိုင်းတွေ ထပ်ဖြည့်ရမလဲသိအောင်လုပ်ပြီးရင် အပေါ်ကပြောခဲ့သလို နည်းလမ်းအစုံနဲ့သာပေါင်းစပ်ပြီး တစ်ဆင့်ခြင်းပြန်ပြန်လေ့လာ လိုအပ်တာတွေ ဖြည့်ဆည်းရင်းနဲ့ပဲ ကျွမ်းကျင်ပြီလို့ ပြောနိုင်တဲ့အချိန်ရောက်လာမှာဖြစ်ပါတယ် ။
၂ပတ် ၃ပတ် နဲ့ အချိန်တိုအတွင်း အမြန် ကျွမ်းကျင်တတ်မြောက်ချင်စိတ်ရှိနေရင်တော့ အဲဒီစိတ်ကိုသာ အမြန်ဖျောက်လိုက်ပါလို့ ပြောချင်ပါတယ် ။ ကျွန်တော်ဆိုလိုတာက ကိုယ်နားလည်သလောက် ကိုယ်ရသလောက်နဲ့ အလုပ်၀င်လုပ်လို့ရပါတယ် ။ ဒါပေမယ့် တကယ် Powerful ဖြစ်ဖို့ အသုံးချရမယ့်အပိုင်းတွေ လေ့လာစရာအပိုင်းတွေက အများကြီးရှိသေးတာကို ပြောချင်တာပါ ။ အရေးအကြီးဆုံးကတော့ သိထားတာတွေ ကိုယ်တိုင်အလုပ်မှာ လက်တွေ့ အသုံးချကြည့်ဖို့နဲ့ အချိန်များများပေးပြီးလက်တွေ့လေ့ကျင့်ဖို့ပါပဲ ။ အလေ့အကျင့်ဖြစ်သွားမှ ကျွမ်းကျင်မယ့် အပိုင်းတွေရှိပါတယ်။
ဒီ AutoCAD ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်လာအောင်ဘာတွေ လေ့လာဖို့လိုအပ်သလဲ?ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Online Website တွေမှာရှာကြည့် မယ်ဆိုရင်လည်း ကျွမ်းကျင်ဖို့ဆိုရင် သူ့အပိုင်းလိုက် အဆင့်လိုက် လမ်းညွန်ထားကြတာတွေ အနည်းဆုံး 10 ဆင့်ဆီလောက်ထက်မနည်းတွေ့ကြရမှာပါ တစ်ဆင့်တစ်ဆင့်ကို နံ့စပ်အောင် လက်တွေ့ကျကျလေ့လာရတာဟာ အချိန်တွေအများကြီးပေးရပါတယ် ။
ကျွန်တော်ပြောမှာတွေကလည်း လေ့လာရမယ့်အဲဒီအဆင့်တွေပါပဲ အဲဒါတွေအပါအ၀င် ထပ်ပြီးတော့ ဒီမှာ ကျွန်တော့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ပါ ပေါင်းစပ်ပြီး AutoCAD ကျွမ်းကျင်ဖို့ ဘာတွေ ဘယ်လို လေ့လာဖို့ လိုသလဲ ? ဆိုတာတွေကို ပြောပြလိုက်ရင် AutoCAD Learner တွေ Beginner တွေဖတ်မိပြီး ပိုအကျိုးရှိနိုင်မယ်ထင်လို့ပါ ။
( ဒါတွေနဲ့ ပတ်သက်ပြီး တကယ်စိတ်၀င်တစားနဲ့ လာမေးနေ ကြသူတွေလည်းရှိလို့ပေါ့နော် သိပြီးတော့မှ စိတ်ပျက်မသွားပါနဲ့လို့ ကြိုပြောထားချင်ပါတယ် :D )
အဲဒါကြောင့် AutoCAD ကျွမ်းကျင်ဖို့ မဖြစ်မနေ လေ့လာဖို့ လိုကိုလိုအပ်မယ့် အဆင့် 15 ခုကို ပြောပြပေးလိုက်ပါတယ်..........
1. Installation & Program files
``````````````````````````````````````````
ထွက်ရှိထားတဲ့ AutoCAD Software Version တွေနဲ့ပတ်သက်ပြီးတော့ အခြေခံဗဟုသုတလေးတွေသိအောင် လုပ်ထားပြီးတော့ မိမိComputerနဲ့ /Window နဲ့ တင်ချင်တဲ့ AutoCAD Software တင်ဖို့အတွက် Compactable ဖြစ်မဖြစ်ကစလို့ ကိုယ်တိုင်သုံးသပ်နိုင်ပြီး ကိုယ်တိုင် Install လုပ်တာနဲ့ uninstall လုပ်ပြီး file ပြန်ရှင်းတာတွေ ကျွမ်းကျင်ထားတာပိုကောင်းပါတယ် ။ ဒီနိုင်ငံမှာဆိုရင် Licence အစစ်နဲ့သုံးကြတာမဟုတ်ပဲ Crack Version တွေပဲသုံးကြတာများတဲ့အတွက် ကိုယ်သုံးတဲ့ Software တင်ပုံတင်နည်း Licence ဖြီပုံဖြီနည်းကအစ ကိုယ်တိုင်လုပ်တတ်ထားတာပဲကောင်းပါတယ် ။
အဲဒါတွေကစပြီး သူများအကူအညီယူမနေရအောင် ကိုယ်တိုင် စိတ်ဝင်စားစေချင်ပါတယ် ။ ဒါမှသူများအလွယ်ပြောတာမယုံပဲ ကိုယ့်စိတ်ကိုပိုင်ပြီး လိုအပ်တဲ့အချိန် ကိုယ်တိုင် သုံးချင်တဲ့ Version တွေတင်လိုက်ဖြုတ်လိုက်လုပ်နိုင်မှာပါ ။ error ရှိနေတာတွေဖြေရှင်းဖို့၊ reset လုပ်ဖို့၊ ပြန်တင်ဖို့တွေ ကိုယ်တိုင် အတွေ့အကြုံရှိထားရပါမယ် ။
AutoCAD Software ရဲ့ အရေးကြီးတဲ့ Program File တွေရှိတဲ့ Location တွေ နဲ့ Data File Format တွေကိုသိထားရပါမယ် ။မလိုတာတွေရှင်းလို့ရပြီး အရေးကြီးတဲ့ Fileတွေ မဖျက်မိအောင်လို့ပါ ။ အရေးကြီးတာတွေပျက်သွားလို့ Error တွေတက်နေရင်လည်း ပြန်အစားထိုးနိုင်အောင်လို့ပါ ။ AutoCAD နဲ့ဆိုင်တဲ့ Program File Location တွေ Data File Formatတွေ ကို နားလည်ခြင်းက တစ်ခြား AutoCAD အသုံးပြုနည်းတစ်ချို့ကို Self-study လုပ်ရာမှာလည်း အထောက်အကူပြုပါလိမ့်မယ် ။
2.Problem Solving Skill and Sharing
````````````````````````````````````````````````````
ဘယ်အရာမဆိုတတ်မြောက်ဖို့လွယ်ပါတယ် ဒါပေမယ့် Master ဖြစ်အောင်လုပ်ဖို့တော့ခက်ပါတယ် ။ အဲလိုပါပဲ AutoCAD တတ်မြှောက်ဖို့ဆိုတာလည်း မခက်ပါဘူး ဒါပေမယ့် ဘယ်လောက်သင်ယူထားသင်ယူထား လက်တွေ့လုပ်ငန်းခွင်မှာကျရင်တော့ ဒါနဲ့ပက်သတ်တဲ့ အခက်ခဲပြသနာတွေက သေချာပေါက်ကြုံတွေ့ရမှာ ဖြစ်ပါတယ် ။ AutoCAD ကအခြေခံအကျဆုံးလည်းဖြစ်သလို ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရတဲ့ Software တစ်ခုလည်းဖြစ်လို့ပါပဲ။
အခက်အခဲတွေ တစ်မျိုးပြီးတစ်မျိုးကြုံတွေ့ဖူးပြီးတော့ အဲဒါတွေကို ကိုယ်တိုင်အဖြေသိသွားရင်းနဲ့မှ ပိုကျွမ်းကျင်လာတာပါ ။ အစပိုင်းတော့ ကိုယ်တိုင်အဖြေရှာဖို့က ခက်ခဲတတ်ပါတယ် ။ အခက်ခဲအများစုကို အဖြေရှာဖူးပြီးသွားတဲ့အခါ ကြာလာတော့ ဖြစ်တတ်တဲ့ အခက်ခဲ အစုံတွေ့ကြုံဖူးပြီး သူများတွေရဲ့အခက်ခဲတွေကိုပါ ကူညီဖြေရှင်းပေးရင်းနဲ့ ပိုကျွမ်းကျင်နိုင်လာပါတယ် ။ ကိုယ့်မှာ အခက်ခဲအသစ်ဖြစ်ပေါ်ခဲ့ရင်လည်း နည်းနည်းလောက် စဉ်းစားကြည့်ရုံနဲ့ဖြစ်နိုင်တဲ့ အဖြေကို ခန့်မှန်းမိလာပါတယ် ။ အဲဒါကို problem solving skill လို့ခေါ်ရမှာပါ ။ ချက်ချင်းမရနိုင်ပါဘူး အတွေ့အကြုံယူဖို့နဲ့ ကိုယ်တိုင် ကြိုးစားဖြေရှင်းကြည့်တတ်ဖို့လိုပါတယ် ။
လိုအပ်ရင် Google မှာ How to နဲ့စတဲ့ မေးခွန်းတွေ ရိုက်ရှာပြီးတော့ ဖြစ်နေတဲ့ပြသနာကို အဖြေရှာကြည့်ပါ။ မလိုအပ်လည်း AutoCAD User တစ်ယောက်က Google နဲ့ ရင်းနှီးအောင်လုပ်ထားရမှာပါ ဒါမှ အဖြေရှာတဲ့နေရာမှာ ကိုယ့်ရဲ့ ဒီဘက်က AutoCAD အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးတော့ ဖြစ်နိုင်တဲ့ အဖြေတွေကို မြန်မြန်ရှာတွေ့နိုင်မှာပါ Google မှာရှာတွေ့တိုင်းလည်း လက်တွေ့လုပ်လို့ရမယ်လို့ မယူဆနိုင်လို့ပါ ။
နောက်ပြီး Autodesk နဲ့ဆိုင်တဲ့ Websites တွေဖြစ်တဲ့ https://forums.autodesk.com/ နဲ့ https://knowledge.autodesk.com/ မှာ အမေးအဖြေလုပ်ထားတာတွေဝင်ရှာဖတ်ရင်လည်း Common Problems တွေကို အလွယ်တကူအဖြေရှာတွေ့နိုင်မှာပါ ။ Offline Help Menu တင်ထားပြီးတော့လည်း လေ့လာလို့ရပါတယ် ။ how? ကိုသိသွားရုံနဲ့မပြီးသေးပဲ why? ကိုလည်း စိတ်ဝင်တစား ကိုယ်တိုင်စဉ်းစား အဖြေရှာကြည့်ပါ ။ ဒါမှ လေ့လာရမယ့် Scope လည်းကျယ်လာပြီး next problem တွေရှိခဲ့ရင် ကိုယ်တိုင် အလွယ်တကူ ချဉ်းကပ် အဖြေရှာနိုင်မှာဖြစ်ပါတယ် ။
နောက်တစ်ခုက သူများတွေလိုအပ်ရင် ကိုယ်သိထားတာတွေနဲ့ Sharing ပြန်လုပ်ပေးဖို့ကြိုးစားကြည့်ပါ ။ သူများအခက်အခဲကိုလည်း ပြန်ကူညီဖြေရှင်းပေးတတ်ရင် ကိုယ်တိုင်လည်း အတွေ့အကြုံများများရသလို Skill ပိုတက်ပါတယ် ။ ပြန်သင်ပြတာဝါသနာပါတဲ့သူတွေအနေနဲ့ ကိုယ်တတ်ထားသလောက် သူများကိုပြန်သင်ပြပေးမယ်ဆိုရင်လည်း သေချာရှင်းပြပေးချင်တဲ့စိတ်ကြောင့် ပိုလေ့လာဖြစ်ပြီး ကိုယ်တိုင်လည်း ပိုကျွမ်းကျင်လာနိုင်ပါတယ် ။
3. Getting started
`````````````````````````
ဘယ် Software ပဲသုံးသုံး မဖြစ်မနေ စလေ့လာရမှာက Project File တွေကိုဘယ်လို ဘယ်Templete နဲ့စတင်မလဲ နဲ့ File Save ဖို့အတွက်နည်းလမ်းတွေ ဘယ်လိုရှိသလဲရော View Port ပိုင်းကိုလိုအပ်သလို Control လုပ်နိုင်အောင်ကစပြီး အဆင်ပြေဆုံးပုံစံတွေနဲ့ အသုံးပြုနိုင်အောင် စလေ့လာရပါတယ် ။
ပြီးရင် Interface ပိုင်းကို ရင်းနီးအောင်လုပ်ရပါတယ် ။ AutoCAD မှာဆိုရင် 2D အတွက် Workspace နဲ့ 3D အတွက် Workspace ဆိုပြီးရှိတဲ့နေရာမှာ ကိုယ်နဲ့ဆိုင်တဲ့ Workspace ရဲ့ Interface ပိုင်းမှာ Status Bar နဲ့ Quick Accept Tool တွေ Navigation Tool တွေ ရဲ့နေရာနဲ့ အသုံးဝင်ပုံအကြမ်းဖျင်း၊ Menu Tab တွေ ရဲ့အမည်တွေ နဲ့ အဓိပ္ပါယ်တွေ ၊သက်ဆိုင်ရာ သူ့အုပ်စုလိုက်ရှိနေမယ့် Tool Pannel တွေရဲ့ နေရာ နဲ့ ဘယ်လိုtool အမျိုးအစားတွေစုထားပေးသလဲဆိုတာကို အသုံးဝင်ပုံတွေ ခြုံငုံပြီးတော့ အရင်ဆုံး သိအောင် ရင်းနှီးအောင် လုပ်သင့်ပါတယ် ။
ဒီ Interface ကိုရင်းနှီးအောင်လုပ်တဲ့ အပိုင်းက AutoCAD ကို အမြဲတမ်းတမ်းသုံးနေမယ့်သူတွေအတွက် ဆိုရင်တော့ သပ်သပ်အချိန်ပေးလုပ်မနေရပဲကို အမြဲတမ်းထိတွေ့နေတာဖြစ်တဲ့အတွက် ရင်းနှီးသွားတာလည်းရှိပါတယ် ။ ဒါပေမယ့် အသုံးများတဲ့ Software Setting အချို့နဲ့ Interface ပိုင်းကို အတန်အသင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားပြီးမှ ရှေ့ဆက်တာဟာ ကျန်တဲ့နည်းစနစ်တွေဆက်လေ့လာရာမှာ မြန်မြန် ပိုပြီးအထောက်အကူပြုပါလိမ့်မယ် ။
4.Using Command
```````````````````````````
AutoCAD က Engineering Design အဓိကရေးဆွဲဖို့အတွက် ထုတ်ထားတဲ့ အခြေခံအကျဆုံး Computer Software ဖြစ်တာနဲ့အညီ Command Prop ကနေတစ်ဆင့်လည်း လုပ်ချင်တာ အားလုံးကို Command တွေပေးပြီးတော့ပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားလို့ရပါတယ် ။ Tool တွေနဲ့ပဲ ရေးဆွဲ အသုံးပြုသွားရင်လည်း အဆင်ပြေမှာဖြစ်ပေမယ့်လည်း လုပ်ချင်တာ နေရာအတော်များများကို Command တွေပေးပြီးအလုပ်လုပ်သွားတာက အလေ့အကျင့်ရသွားရင် ပိုပြီး မြန်ဆန်လွယ်ကူစေပါတယ် ။
အဲဒါကြောင့် Tool တွေနဲ့ပဲပိုအဆင်ပြေမယ့်နေရာမှာ tool တွေနဲ့သုံးရင်း Command တွေသုံးသွားသင့်တဲ့နေရာတွေအတွက် Command တွေကိုလည်း တွဲဖက် အသုံးပြုဖို့အတွက် Command တွေကို Key တွေရိုက်ထည့်ပြီး ဘယ်လို Active ဖြစ်အောင်လုပ်ပြီး ဘယ်လိုဆက်သုံးသလဲဆိုတွေနဲ့ Command တွေ Sub-Option တွေဘယ်လို အဆင့်ဆင့် အလုပ်လုပ်ကြသလဲဆိုတဲ့ သဘောတရားတွေကို သဘောပေါက်အောင်လုပ်ပြီးမှ ဆက်လေ့ကျင့်သင့်ပါတယ် ။ နောက်တစ်ခုက AutoCAD မှာ
shortcut keys တွေနဲ့သုံးလို့ရတဲ့နေရာတွေလည်းများစွားရှိပါတယ် ။ ဘယ်နေရာတွေမှာ Shortcut Key တွေနဲ့သွားရင် ပိုအဆင်ပြေမလဲ ? ဘယ်Shortcut Key တွေသုံးသင့်သလဲ ? လေ့လာထားရင်ပိုကောင်းပါတယ်။ Shortcut Key အစုံရဲ့လုပ်ဆောင်ချက်တွေလည်းသိအောင် AutoCAD နဲ့ပတ်သက်တဲ့ ဗဟုသုတအစုံလည်းရအောင်ဆိုပြီး AutoCAD Shortcut Keys Notes အနေနဲ့ ကျွန်တော်ရေးပေးခဲ့ဖူးတာရှိပါတယ် ။ (https://www.facebook.com/wathan.vzr/posts/730962963938214)
5.Units and Limit Area
````````````````````````````````
Actual Space (Model) နဲ့ Paper Space (Layout) တို့ရဲ့သဘောတရားတွေကိုသိဖို့လိုပါတယ် ။ Model ထဲမှာ 2D ဆွဲတဲ့ Default View နဲ့ 3D Orbit View ရဲ့ ဆက်စပ်မှုကိုနားလည်ဖို့လိုသလို Layout ထဲမှာ Paper Space ရဲ့ သဘောတရားကိုသိပြီးတော့ Layout နဲ့ Model ရဲ့ ချိတ်ဆက်အသုံးပြုမှုကို မြင်အောင် လေ့လာထားဖို့လိုပါတယ် ။
Drawing ဆွဲတဲ့အခါမှာလည်း အတိုင်းအတာတွေ သုံးပြီးဆွဲရတာဖြစ်တဲ့အတွက်ကြောင့် လိုအပ်တဲ့ Drawing Units တွေထားပြီးတော့ အသုံးပြုတာနဲ့ Drawing Space တွေရဲ့ Limit Area သဘောတရားတွေကို လေ့လာထားဖို့လိုပါတယ် ။
6.Input Methods and Basic Shapes
``````````````````````````````````````````````````
လိုအပ်တဲ့ Drawing တစ်ခုရဖို့အတွက် Draw Tools/Commands တွေကိုသုံးပြီးတော့ အခြေခံ Shape တွေကို အတိုင်းအတာတွေပေးပြီးတော့ အရင်ဆွဲရတာပါ ။ အသုံးများတဲ့ Draw Tool တစ်ခုချင်းစီကို အသေးစိတ်လေ့လာထားဖို့လိုပါတယ် ။ Draw tools အားလုံးနီးပါးသူ့နေရာနဲ့သူ အသုံးပြုနိုင်မှ ပိုကောင်းပါလိမ့်မယ် ။
အဲဒီမှာ Coordinate Point Value တွေနဲ့ရော Length/Width Value တွေနဲ့ရော ပေးပြီး ဆွဲလို့ရပါတယ် ။ အခြေခံကတော့ Coordinate System အပေါ်မှာပဲ မူတည်ပြီးတော့ Input Method ပဲပြောင်းပြီးတော့ လိုအပ်တဲ့ Dimension နဲ့ Shapeတွေရအောင် ဆွဲသွားတာဖြစ်တဲ့အတွက်ကြောင့် Coordinate Input Method အကြောင်းသေချာသိဖို့လိုပါတယ် ။ ပြီးရင် ဆွဲထားပြီးသား Object တွေပေါ်ကနေရာတစ်ခုကနေ ပြန်စဆွဲတာ နဲ့ Reference ယူပြီးဆွဲတာတွေ အလွယ်တကူပြုလုပ်နိုင်အောင် Object Snap နဲ့ Auto Snap တွေကိုသုံးတတ်အောင်လုပ်ရပါမယ် ။
ပြီးတော့ လိုချင်တဲ့ Dimension တွေပေးပြီးစဆွဲတဲ့အခါမှာ ဒသမကိန်း/အပိုင်းကိန်း တန်းဖိုးထည့်တာတွေမှာ Input လုပ်လိုက်တဲ့အတိုင်း Object Dimension တွေအတိအကျ ထွက်လာဖို့ အတွက် လိုအပ်ရင် Drawing Units မှာ Precision အတိုးအလျော့လုပ်ရတဲ့အပိုင်းကို နားလည်ထားရပါမယ် ။
Direction တွေပေးပြီးဆွဲရတဲ့နေရာမှာ Ortho Mode နဲ့ Polar Tracking တို့လိုအပ်သလို on/off လုပ်ပြီးသုံးရတာတွေကို လေ့လာရပါမယ် ။ ပြီးရင် မူရင်းရှိနေတဲ့ Coordinate System [WCS] က Origin Point နေရာ နဲ့ Axis အနေအထားတွေ တွေကို လိုအပ်သလိုပြောင်းလဲသတ်မှတ်ပြီး အသုံးပြုရတဲ့[UCS ]အပိုင်းတွေလည်း နားလည်အောင်လုပ်ထားရပါမယ် ။ 3D ဆွဲတဲ့နေရာမှာလည်း User Coordinate System ကိုအသုံးပြုပြီးရေးဆွဲတာနဲ့ Object တစ်ခုရဲ့ Local Coordinate System (Gizmo) ကိုအသုံးချပြီး modify လုပ်တာတွေဟာ အရမ်းအသုံးဝင်ပြီး လွယ်ကူစေပါတယ် ။
7.Modifying Tool
````````````````````````
Draw Tools တွေနဲ့ Basic Shape တွေ ဆွဲပြီးရင် လိုချင်တဲ့ ပုံစံတွေဆက်ဖေါ်ဖို့အတွက် Modify Tools/Commandsတွေသုံးပြီးတော့ ဆက်ပြီး Modify လုပ်ရပါတယ် ။ Draw tools တွေနဲ့ Basic Shape တွေပြန်ဖြည့်လိုက် Modify ထပ်လုပ်လိုက်နဲ့ တလှည့်စီသွားနေရတာဖြစ်ပါတယ် ။
အသုံးများတဲ့ Modify Tool တစ်ခုချင်းစီကို အသေးစိတ်လေ့လာပြီးအသုံးချဖို့လိုပါတယ် ။ Modify Tool အုပ်စုထဲကဟာတွေအကုန်နီးပါး သူ့နေရာနဲ့သူ သေချာ အသုံးချနိုင်မှ Drawing Flow ကောင်းပြီးတော့ အဲဒီလူအတွက် လွယ်ကူမြန်ဆန်ပါလိမ့်မယ် ။
8. Object Selection
```````````````````````````
ဆွဲထားတဲ့ Object တွေထဲကModify( Move ,Copy , Rotate ကအစ) လုပ်ဖို့ လိုချင်တဲ့ Object တွေ ကိုကွက်ပြီးရွေးချယ်တာ Selection လုပ်ခြင်းဟာလည်း ထိထိရောက်ရောက် Modify ဆက်လုပ်နိုင်ဖို့အတွက် အများကြီးအထောက်အကူပြုပါတယ် ။
အဲဒါကြောင့် မိမိလွယ်သလိုပဲအမြဲတမ်းလုပ်မနေပဲနဲ့ လိုချင်တဲ့ပုံစံရဖို့ Modify လုပ်တဲ့အဆင့်တွေနဲ့ Object Selection လုပ်တဲ့ Ideas တွေကို သေချာစဉ်းစားပြီး လုပ်တာများရင် အကျင့်ရလာပြီးတော့ Drawing တစ်ခုဆွဲရတာ ပိုထိရောက်မြန်ဆန်လာမှာဖြစ်ပါတယ် ။
ပြီးတော့ Object Selection ပြုလုပ်နည်း အမျိုးမျိုး အကြောင်းသေချာလေ့လာပြီး သူ့နေရာနဲ့သူ အသုံးချကြည့်ဖို့လိုအပ်ပါတယ် ။ ကျွန်တော်လည်း YouTube မှာ Object Selection ပြုလုပ်နည်း 14 နည်းအကြောင်း ရှင်းပြထားတာ တင်ပေးခဲ့ဖူးပါတယ် ( https://youtu.be/ArZF91leVW0 ) ။ Viewport ထဲမှာ Object Selection တွေ Draw တွေ Modify တွေလုပ်နေရင်းနဲ့ Navigation Tool တွေ Zoom တွေ Pan တွေကို လိုအပ်သလောက်ပဲ သူ့နေရာနဲ့သူ ဟန်ချက်ညီအောင် အသုံးချသွားနိုင်ရင်လည်းပိုကောင်းပါတယ်။
9.Annotation & Styles
```````````````````````````````
ဆွဲထားတဲ့ Drawing တစ်ခုကို ကြည့်တဲ့သူဘက်က ပြည့်ပြည့်စုံစုံနားလည်စေဖို့ နောက်ဆုံးမှာ Dimension တွေ Text တွေ ထည့်သွင်းဖေါ်ပြရပါတယ် ။ အဲဒါမျိုးတွေကို Annotation ပိုင်းလို့ခေါ်ပါတယ် ။ အတိုင်းအတာဖေါ်ပြရတာတာတွေ မျှားနဲ့ Labelထိုးဖေါ်ပြတာတွေ ခေါင်းစဉ်တပ်ရတာတွေကအစ Callout No./Sign တွေထည့်တာတွေလိုမျိုး Annotation Tools တွေ Annotation Object တွေကို အလွယ်ကူဆုံးပုံစံနဲ့ အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားရပါမယ် ။
ပုံဆွဲရင်း Dimension တွေတိုင်းကြည့် check လုပ်ကြည့်တာမျိုးဆိုရင် AutoCAD မှာ Inquiry Tools တွေကိုပဲ သုံးပါတယ် Annotation Tools တွေကိုသုံးဖို့မလိုပါဘူး ။ Annotation ပိုင်းကတော့ Drawing ဖတ်မယ့်သူအတွက်ဖေါ်ပြတာဖြစ်လို့ ကောင်းကောင်း အသုံးပြုတတ်မှ ကိုယ့်ရဲ့ Drawing တစ်ခုကို Standard ရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။
အဲဒါကြောင့် Annotation Tools တွေကိုသုံးမယ်ဆိုရင် အလွယ်တကူ အသုံးပြုနိုင်ဖို့အပြင် ကိုယ့်ရဲ့ Drawing တစ်ခုကို စနစ်တစ်ကျပြင်ဆင်ဖေါ်ပြနိုင်ဖို့အတွက်Text Style, Dimension Style ,Leader Style တို့ Table Style တို့ Annotation Object Scaling တို့ စတာတွေကို သဘောတရားတွေရော လက်တွေ့အသုံးပြုပုံတွေရော လေ့လာထားဖို့လိုမှာဖြစ်ပါတယ် ။
10.Drawing Management
````````````````````````````````````
Design တွေ Technical Drawing တွေဆွဲရင် Project တစ်ခုတည်းအတွက်မှာကိုပဲ View အမျိုးမျိုး စုံနေအောင် ပြပေးဖို့လိုတာ နဲ့ ပြီးရင်Revision တွေ ပြန်ပြန်ပြင်ဆွဲရနိုင်တာလည်း အားလုံးအသိပါပဲ ။ ပြီးသွားရင် အဲဒီ ထဲကမှ View တစ်ခုချင်းစီမှာလည်း သူ့အပိုင်းနဲ့သူ လိုအပ်လာခဲ့ရင် ပုံစံအမျိုးမျိုး အလွယ်တကူ ကြည့်နိုင်အောင် စဥ်းစားပြီး လုပ်ဆောင်ထားရဖို့ ရှိတဲ့အတွက်ကြောင့်ရော ဆွဲနေရင်း (သို့) ပြန်ပြင်ဆွဲရင်းလည်း သူ့ Object အစုအဖွဲ့နဲ့သူ ပိုပြီးလွယ်ကူမြန်ဆန်အောင် ကိုင်တွယ်နိုင်ဖို့ အတွက်ရော Drawing Management ပိုင်းက မဖြစ်မနေလိုအပ်ပါတယ် ။
အဲဒါကြောင့် Layer Manager အသုံးပြုပုံတွေ ( Layer ) သဘောတရားတွေကို လေ့လာဖို့လိုအပ်သလို ရေးဆွဲထားတဲ့ View အမျိုးမျိုးကို Paper ပေါ်မှာ Scale အမျိိုးမျိိုး အစီစဥ်အမျိုးမျိုးနဲ့ ပြန်ပြလို့ကောင်းမယ့် AutoCAD Layout အသုံးပြုပုံနဲ့ သဘောတရားတွေကိုလည်း လေ့လာရပါမယ် ။
အဲဒီလိုပဲ Printing နဲ့ Document Management ပိုင်းအတွက် AutoCAD မှာပါတဲ့ Sheet Set ရဲ့သဘောတရားတွေနဲ့ Sheet Set Manager အသုံးပြုပုံတွေကို သိထားဖို့လည်း လိုပါတယ် ။ ဒီ Sheet Set Manager ကို ဘာကြောင့်သုံးသလဲဆိုတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ကျွန်တော်ရေးဖူးတာလေးရှိပါတယ် ( https://www.facebook.com/wathan.vzr/posts/1007750776259430 )
နောက်တစ်ခုက Project တစ်ခုလုပ်ရင် အဲဒီ Project ရဲ့ AutoCAD File တွေ ဒါမှမဟုတ် အဲဒီ AutoCAD File နဲ့ သက်ဆိုင်တဲ့ ဆက်စပ်နေမယ့် file တွေကို လေ့လာပြီး Folder လေးတွေနဲ့ အဆင့်ဆင့်စုပြီး စနစ်တစ်ကျသိမ်းတတ်အောင် လုပ်ဖို့လိုပါတယ် (ဥပမာ Plot Style File , Templete File, Sheet Set File , Excel Data File နဲ့ အခြား Refrence File တွေ စသဖြင့်ပေါ့ ) ။ အဲဒါမှ လိုအပ်ရင်ပြန် ရှာရတာလည်းလွယ်ပြီး တစ်ခြား စက်မှာပြောင်းသုံးတာ တစ်ခြားနေရာကို ပို့တာတွေ လုပ်ရင် Folder လိုက်ကူးသွားနိုင်တော့ File Tree အစုံပါသွားပြီးတော့ မိမိလိုသလို လုပ်ထားချိန်ထားတာတွေ တစ်ဖက်မှာ အတိကျပြန်ရမှာဖြစ်ပြီးတော့ file missing မဖြစ်မှာဖြစ်ပါတယ် မိမိဆွဲနေတဲ့ AutoCAD file တစ်ခုနဲ့ သက်ဆိုင်တာတွေပဲ ဆိုရင်တော့ တစ်ဖက်ကိုမပို့ခင် ပြန်စုဖို့ အတွက် Archive တို့ eTransmit တို့လို Tool တွေကို လေ့လာသင့်ပါတယ် ။
11.Reusable Contents
``````````````````````````````
သက်ဆိုင်ရာ Industry တိုင်းမှာ Drawing တွေ ဆွဲကြတဲ့အခါ Drawing တစ်ခုရဲ့ အစိပ်အပိုင်းတစ်ချို့ဟာ တစ်ခြား Drawing တွေမှာလည်း တစ်ပုံစံတည်း ထပ်ထပ်ပါနေတာတွေရှိသလို လက်ရှိဆွဲနေတဲ့ Drawing ထဲကနေရာတွေမှာလည်း တစ်ပုံစံတည်း ထပ်ထပ်ထည့်နေရတာတွေရှိပါတယ် ။
အဲဒါကြောင့် အဲဒီအစိပ်အပိုင်းတစ်စုကို လက်ရှိ Drawing ထဲမှာ တစ်တွဲတည်း Copy ပြန်သုံးဖို့ select လုပ်ရ လွယ်အောင် Group လုပ်ထားပြီးသုံးတာရှိသလို Copy ပြန်သုံးထားတာေတွ ကို edit လုပ်ခဲ့မယ်ဆိုရင်လည်း လက်ရှိ file ထဲမှာ တစ်ခုကို edit လိုက်တာဟာ အကုန်လုံးကိုလိုက်သက်ရောက်ပြီး တစ်ပုံစံတည်းပြန်ဖြစ်အောင်လို့ Block တွေလုပ်ထားပြီး သုံးပါတယ် ။ တစ်ခြား File တွေမှာပြန်သုံးဖို့ Write Block နဲ့ save ထားရတာမျိုးတွေလည်းရှိပါတယ် Design Center ထဲကပါတဲ့ block တွေကိုထည့် သုံးတာမျိုးတွေ ရှိပါတယ် ။
အဲဒီလိုအခြေခံလိုအပ်ချက်တွေအတွက်ရော တခြား ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အတွက်ရောကြောင့် Group ရဲ့သဘောတရားနဲ့ အထူးသဖြင့် Blockတွေရဲ့ သဘောတရားတွေကို မဖြစ်မနေလေ့လာထားဖို့လိုအပ်ပါတယ် ။ လုပ်ပြီးသား Block တွေကို ပြန်သုံး/ပြန်ထည့်သုံးတဲ့ နည်းစနစ်တွေ နဲ့ Block တွေပြုလုပ်ပုံ(Standard Block , Annotative Block, Dynamic Block, Attribute Block စသဖြင့်ပေါ့) နည်းစနစ်တွေကို အသေးစိတ်လေ့လာထားနိုင်ရင် မိမိရဲ့ Drawing တွေအတွက် ပိုအကျိုးရှိအောင် အသုံးပြုနိုင်ပါလိမ့်မယ် ။
12.Manage Standards
````````````````````````````````
Drawing တွေဆွဲတဲ့အခါမှာ ထည့်ရတဲ့ Symbols, Text Fonts ,Hatch Patterns ,Line Types ,Colour ဘာညာအနေအထားတွေဟာ Poroject တစ်ခုလာ ပုံစံတစ်မျိုးပြောင်းသုံး နေတာမျိုး လုပ်လေ့မရှိပါဘူး Table တွေ, Title Block တွေ,တစ်ချို့Block တွေလိုဟာမျိုးတွေဟာလည်း အဲဒီလိုပါပဲ ထုတ်လိုက်တဲ့ Drawing တွေမှာ အမျိုုးမျိုးပြောင်းသုံးနေရင် မကောင်းပါဘူး ။
အဲဒါကြောင့် မိမိအလုပ်မှာ အမြဲတမ်း Standard အဖြစ်ထားပြီးသုံးရမယ့်အရာတွေကို သိပြီဆိုရင် အဲဒီအရာတွေကို နောက် Project အသစ်စတိုင်း/ New File အသစ်စတိုင်း တစ်ပုံစံတည်း ပြန်သုံးဖို့လွယ်အောင်ဆိုပြီးတော့ Block တွေ , Layer တွေ,Drawing Templete File တွေ နဲ့ ထိမ်းသိမ်းထားကြပါတယ် ။ အဲဒီလို တသတ်မှတ်တည်းသုံး ရမယ့် Standards တွေကို Manage လုပ်လို့ ရမယ့်နည်းလမ်းတွေကိုလည်း လေ့လာထားဖို့လိုပါမယ် ။
13.Collaborations
`````````````````````````
မိမိရဲ့ Drawing Team နဲ့ အတူတူ Drawing Set တစ်ခု/ Drawing တစ်ခုကို အတူတူရေးဆွဲနေကြတာပဲ ဖြစ်ဖြစ် Project တစ်ခုကို Archi Drawing သမား , Structure Drawing သမား ,M&E Drawing သမားစသဖြင့် တစ်ချိန်တည်းမှာပဲအတူတူရေးဆွဲရင်း Drawing တွေ အပြန်အလှန်Share ပြီး ပူးပေါင်းလုပ်ဆောင်နေရတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးတွေမှာ အရမ်းအသုံး၀င်မယ့် AutoCAD Reference File (XREF) တွေကိုသုံးပြီးတော့ ဘယ်လို အတူတူအလုပ်လုပ်သလဲဆိုတဲ့ သဘောတရားတွေနဲ့ XREFအသုံးပြုနည်းတွေကို လေ့လာထားရပါမယ် ။
တစ်ယောက်တည်း ရေးဆွဲတဲ့ အခါမှာတောင် Project ကြီးရင် File တွေ ခွဲထားပြီးမှ XREF နဲ့ ပြန်ပေါင်းသုံးတဲ့အခါ Object တွေများလို့ လက်ရှိ Drawing File ဆွဲလို့မကောင်းပဲ လေးနေတဲ့ ပြသနာမျိုးကို ဖြေရှင်းနိုင်ပါသေးတယ် ။
နောက်ပိုင်း ဒီထက်ပိုပြီးတော့ Collaborations ပိုင်းကို ဆက်လေ့လာချင်ရင်တော့ Data Management System အတွက် Tool တစ်ခုဖြစ်တဲ့ Autodesk Vault for AutoCAD ကို လေ့လာဖို့ အကြံပြုပါတယ် ။
14.Develop Workflow
``````````````````````````````
Industry တစ်ခုနဲ့တစ်ခုတော့ လိုချင်တဲ့ Drawing တစ်ခု ရေးဆွဲပြုလုပ်ရာမှာ AutoCAD ကို အသုံးချသွားကြတဲ့ လုပ်ေဆာင်ပုံအဆင့်ဆင့် Workflow တွေက မတူနိုင်ပါဘူး ။ အဲဒါေကြာင့် ကိုယ့်အလုပ်နဲ့ ရေရှည်ပိုကိုက်ညီတဲ့ ပုံစံလည်းဖြစ်အောင် မြန်လည်းမြန်ပြီး Drawing ေကာင်းတစ်ခုလည်းထွက်လာအောင် ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ သုံးနေကျပုံစံ workflow ကို အကောင်းဆုံးဖြစ်အောင် စဥ်းစားထားပြီး အမြဲတမ်းအဲဒီအတိုင်းအသုံးပြုသင့်ပါတယ် ။ ဒါမှ အချိန်တိုအတွင်း ကိုယ့်အလုပ်ကိုပိုကျွမ်းကျင်လာနိုင်ပြီး လွယ်ကူမြန်ဆန်သွားမှာဖြစ်သလို Quality လည်းထိမ်းသိမ်းပြီးသားရပါလိမ့်မယ် ။
15. Keep Learning
`````````````````````````
အတွေ့အကြုံများလာလို့ AutoCAD သုံးရတာလည်း အဆင်ပြေလာပြီ အခက်ခဲလည်းသိပ်မရှိတော့ပဲ ကျွမ်းကျင်လာပြီဆိုရင် အချိန်ရတဲ့အခါ အရေးသိပ်မကြီးလို့ အရင်က တစ်ခါမှ စမ်းမသုံးကြည့်ခဲ့ဖူးသေးတဲ့ Tools တွေကို နည်းနည်းစီထပ်တိုးပြီး စမ်းသုံးကြည့်ပါ Command အသစ်တွေကို ထပ်လေ့လာကြည့်ပါ သုံးေနေကျပေမယ့် အသေးစိတ်သုံးမကြည့်ဖူးသေးတာတွေကို အသေးစိတ်ပြန်လေ့လာကြည့်ပါ အရင်လေ့လာကာစမို့ မသုံးပဲထားခဲ့တဲ့ အရာတွေထဲကမှ အတွေ့အကြုံရိှိှိလာတဲဲ့ဲအချိန်ပြန်သုံးကြည့်တော့ သဘောပေါက်လွယ်လာပြီး ကိုယ်အတွက် တကယ် အကျိုးရှိပြီး လွယ္ကူအသုံး၀င်တာတွေ ပြန်ရှာတွေ့ပါလိမ့်မယ် ။
နောက်တစ်ခုက နှစ်စဥ် AutoCAD Version အသစ်ထွက်တိုင်းမှာ ကိုယ့်လုပ်ငန်းအတွက် အသုံးတည့်မယ့် New Features အသစ်တွေပါလာတာရှိနိုင်ပါတယ် ။ Version အသစ်တစ်ခုထွက်ပြီဆိုရင် အရင် version တွေမှာမပါတဲ့ New Features သီးသန့်ကို Youtube နဲ့ Autodesk Website တွေမှာလေ့လာနိုင်ပါတယ် ။ ကိုယ့်အလုပ်အတွက် တကယ်ကို အကျိုးရှိတဲ့ မဖြစ်မသုံးသင့်တဲ့ Feature အသစ်ပါလာတာရှိခဲ့ရင် အဲဒီ AutoCAD Version အသစ်ကို လည်းတင်သုံးဖို့ပါ ။ တကယ်တော့ Version တစ်ခုနဲ့ တစ်ခုသိပ်ကွာတာမဟုတ်တော့ ပြောင်းသုံးမယ်ဆိုရင်လည်း AutoCAD ကျွမ်းကျင်ပြီးသားသူတွေ အနေနဲ့ဆိုရင် သိပ်အခက်အခဲမရှိနိုင်ပါဘူး ။ Version ၂ ခုတစ်ပြိုင်တည်းတင်သုံးတာမျိုးလည်း လုပ်ကြပါတယ် ။ အဲဒါကြောင့် AutoCADရဲ့နှစ်စဥ် New Features တွေကိုလည်းလေ့လာပါလို့ အကြံပြုပါတယ် ။
ခုဆိုရင် ကျွန်တော်15 Steps တော့ရေးပြခဲ့ပြီးပါပြီီ ။ ဘာတွေဘယ်လိုလေ့လာရမလဲဆိုတာ အတွေ့အကြုံများပြီးသား ဆက်လေ့လာဆဲ သူတွေဆိုရင် ပိုသဘောပေါက်သွားမယ် ထင်ပါတယ် ။ ခုမှလူသစ်တွေအနေနဲ့ ဆိုရင်လည်းရောက်တဲ့နေရာကနေစတင်သင်ယူရင်း နောက်ပိုင်း ဆက်လေ့လာစရာတွေိကို ဒီအချက်တွေနဲ့ ပြန်ချိန်ထိုးပြီး လိုအပ်ချက်တွေဆက်လေ့လာရင် အကျိုးရှိနိုင်မှာပါ ။
အားလုံးပဲ အဆင်ပြေကြပါစေ ။
~C.P.Wathan
21.3.2020
Microsoft Excel သင်ခန်းစာ(၅၀)ခု အစအဆုံးသင်ခန်းစာမာတိကာ
မလေ့လာနိုင်သေးရင်လည်း share ထားပါ။
၁။ Microsoft Excel 2010 အပိုင်း(၁)
ဖိုင်အသစ်စတင်ဝင်ရောက်ဖွင့်လှစ်ခြင်း
https://www.facebook.com/MJSan2020/videos/469415847233239/
၂။ Microsoft Excel 2010 အပိုင်း(၂)
Tool များ၏အခေါ်အဝေါ်များ
https://www.facebook.com/MJSan2020/videos/1509462355899738/
၃။ Microsoft Excel 2010 အပိုင်း(၃)
ကိန်းဂဏန်းများနှင့် အချက်အလက်များကို စတင်ထည့်သွင်းခြင်း
https://www.facebook.com/MJSan2020/videos/2686547345003658/
၄။ Microsoft Excel 2010 အပိုင်း(၄)
နံပါတ်များ၊ အချိန်၊ ရက်စွဲများကို အလိုအလျောက်ထည့်သွင်းနည်း
https://www.facebook.com/MJSan2020/videos/641325756468829/
၅။ Microsoft Excel 2010 အပိုင်း(၅)
Sheet များကို အမည်သတ်မှတ်ခြင်း
https://www.facebook.com/MJSan2020/videos/3090888987636419/
၆။ Microsoft Excel 2010 အပိုင်း(၆)
Custom List ပြုလုပ်ထားနည်း
https://www.facebook.com/MJSan2020/videos/2618218978496039/
၇။ Microsoft Excel 2010 အပိုင်း(၇)
Copy နှင့် Paste ကိုအသုံးပြုနည်း။
https://www.facebook.com/MJSan2020/videos/662972177619203/
၈။ Microsoft Excel 2010 အပိုင်း(၈)
မိမိလိုချင်တဲ့ font ကို ပုံသေချိန်ထားနည်း
https://www.facebook.com/MJSan2020/videos/296854701472060/
၉။ Microsoft Excel 2010 အပိုင်း(၉)
Format Painter အသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/287562359044414/
၁၀။ Microsoft Excel 2010 အပိုင်း(၁၀)
Font Group ကိုအသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/570780057202867/
၁၁။ Microsoft Excel 2010 အပိုင်း(၁၁)
Alignment Group ကိုအသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/1129859124052133/
၁၂။ Microsoft Excel 2010 အပိုင်း(၁၂)
သုံးည ကို မျဉ်းတိုအဖြစ်ပြောင်းလဲသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/254767652253556/
၁၃။ Microsoft Excel 2010 အပိုင်း(၁၃)
Colunm နှင့် Row များကို ဖျောက်ထားနည်း
https://www.facebook.com/MJSan2020/videos/689189301642529/
၁၄။ Microsoft Excel 2010 အပိုင်း(၁၄)
Excel Column နှင့် Row များကို မိမိလိုချင်သောနေရာသို့ ရွှေ့နည်း
https://www.facebook.com/MJSan2020/videos/552438452120574/
၁၅။ Microsoft Excel 2010 အပိုင်း(၁၅)
Excel Cell များကို Merge and Center ပြုလုပ်နည်း
https://www.facebook.com/MJSan2020/videos/254637232433336/
၁၆။ Microsoft Excel 2010 အပိုင်း(၁၆)
Row နှင့် Column (အတန်းနှင့်အတိုင်) ပေါင်းထည့်နည်း
https://www.facebook.com/MJSan2020/videos/347285829585011/
၁၇။ Microsoft Excel 2010 အပိုင်း(၁၇)
ကန်းဂဏန်းများကို ပေါင်းနည်း
https://www.facebook.com/MJSan2020/videos/260886368477323/
၁၈။ Microsoft Excel 2010 အပိုင်း(၁၈)
Quick Access Tools Bar ခေါ်ယူထားနည်း
https://www.facebook.com/MJSan2020/videos/2593603050913340/
၁၉။ Microsoft Excel 2010 အပိုင်း(၁၉)
ကိန်းဂဏန်းများကို နုတ်နည်း
https://www.facebook.com/MJSan2020/videos/1396128517247962/
၂၀။ Microsoft Excel 2010 အပိုင်း(၂၀)
ကိန်းဂဏန်းများကို မြှောက်နည်း စားနည်း
https://www.facebook.com/MJSan2020/videos/296817391447702/
၂၁။ Microsoft Excel 2010 အပိုင်း(၂၁)
ငွေကြေးသင်္ကေတထည့်သွင်းနည်း
https://www.facebook.com/MJSan2020/videos/264291321311777/
၂၂။ Microsoft Excel 2010 အပိုင်း(၂၂)
ရာခိုင်နှုန်းတွက်နည်း
https://www.facebook.com/MJSan2020/videos/642102243318522/
၂၃။ Microsoft Excel 2010 အပိုင်း(၂၃)
ဒသမ နှင့် ကော်မာ များကို ကိန်းဂဏန်းများတွင်ထည့်သွင်းနည်း
https://www.facebook.com/MJSan2020/videos/2688397964767866/
၂၄။ Microsoft Excel 2010 အပိုင်း(၂၄)
Cell များကို အမျိုးအစားပြောင်းလဲနည်း
https://www.facebook.com/MJSan2020/videos/394827564782397/
၂၅။ Microsoft Excel 2010 အပိုင်း(၂၅)
အရောင်သုံး၍ အလိုအလျောက် အချက်အလက် အမျိုးအစားခွဲခြားထားနည်း
https://www.facebook.com/MJSan2020/videos/3044635705621163/
၂၆။ Microsoft Excel 2010 အပိုင်း(၂၆)
မာဂျင်(ဘေးမျဉ်း)ချိန်ကိုက်နည်း
https://www.facebook.com/MJSan2020/videos/701825093721196/
၂၇။ Microsoft Excel 2010 အပိုင်း(၂၇)
စာမျက်နှာနံပါတ်တပ်နည်း
https://www.facebook.com/MJSan2020/videos/340566050278982/
၂၈။ Microsoft Excel 2010 အပိုင်း(၂၈)
မြင်ကွင်းကို ချုံ့ချဲ့နည်းနှင့် အတန်းအတိုင် ခေါင်းစဉ်များကို ပုံသေထားရှိနည်း
https://www.facebook.com/MJSan2020/videos/602813767010695/
၂၉။ Microsoft Excel 2010 အပိုင်း(၂၉)
Excel စာမျက်နှာတိုင်း ဇယားခေါင်းစဉ် အလိုအလျောက်တပ်ဆင်နည်း
https://www.facebook.com/MJSan2020/videos/314388119954149/
၃၀။ Microsoft Excel 2010 အပိုင်း(၃၀)
Print Area (မိမိ ပရင့်ထုတ်လိုသည့် ဧရိယာအတိုင်းအတာသတ်မှတ်၍ ပရင့်ထုတ်နည်း)
https://www.facebook.com/MJSan2020/videos/3120953214657883/
၃၁။ Microsoft Excel 2010 အပိုင်း(၃၁)
Filter ကိုအသုံးပြုပြီး စာရင်းဇယားများကို မြန်မြန်ဆန်ဆန် စစ်ဆေးပြင်ဆင်နည်း
https://www.facebook.com/MJSan2020/videos/271752794083777/
၃၂။ Microsoft Excel 2010 အပိုင်း(၃၂)
Excel တွင် Insert tap မှာရှိတဲ့ Picture, shape များထည့်သွင်းနည်း
https://www.facebook.com/MJSan2020/videos/1754906308011576/
၃၃။ Microsoft Excel 2010 အပိုင်း(၃၃)
Excel တွင် Cell အချို့ကို သော့ခတ်ထားပြီး ပြင်စေလိုသော Cell များတွင် သာ ပြုပြင်ခွင့်ရရှိစေရန် သော့ခတ်ထားနည်း
https://www.facebook.com/MJSan2020/videos/329163924919024/
၃၄။ Microsoft Excel 2010 အပိုင်း(၃၄)
အလိုအလျောက် အကွက်အရေအတွက် များကို ရေတွက်ခြင်း၊ ပျမ်းမျှတွက်ခြင်းနှင့် အနည်းဆုံးကိန်း၊ အများဆုံးကိန်းများကိုရှာနည်း
https://www.facebook.com/MJSan2020/videos/614479712526041/
၃၅။ Microsoft Excel 2010 အပိုင်း(၃၅)
AND Function အသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/2732492103522961/
၃၆။ Microsoft Excel 2010 အပိုင်း(၃၆)
IF function အသုံးပြုနည်း။
https://www.facebook.com/MJSan2020/videos/319140205787346/
၃၇။ Microsoft Excel 2010 အပိုင်း(၃၇)
IFERROR function အသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/553955061968108/
၃၈။ Microsoft Excel 2010 အပိုင်း(၃၈)
Sheet များကို ဖျက်ခြင်း၊ ရွှေ့ခြင်းနှင့် အမည်တပ်ခြင်းနည်းများ
https://www.facebook.com/MJSan2020/videos/308871273806618/
၃၉။ Microsoft Excel 2010 အပိုင်း(၃၉)
အချက်အလက်များကို ကန့်သတ်၊ သတ်မှတ်ထားပြီး အတည်ပြုခြင်းနှင့် ငြင်းပယ်ခြင်း နည်းများ။
https://www.facebook.com/MJSan2020/videos/594730534744660/
၄၀။ Microsoft Excel 2010 အပိုင်း(၄၀)
Dropdown List ပြုလုပ်နည်း
https://www.facebook.com/MJSan2020/videos/279193959823158/
၄၁။ Microsoft Excel 2010 အပိုင်း(၄၁)
Work book , Sheet များကို လုံခြုံရေးသော့ခတ်နည်း
https://www.facebook.com/MJSan2020/videos/272886770702403/
၄၂။ Microsoft Excel 2010 အပိုင်း(၄၂)
Cell များကို ဘောင်ခတ်နည်း။
https://www.facebook.com/MJSan2020/videos/3503020239710425/
၄၃။ Microsoft Excel 2010 အပိုင်း(၄၃)
Margins and Printing လုပ်နည်း
https://www.facebook.com/MJSan2020/videos/710296539529627/
၄၄။ Microsoft Excel 2010 အပိုင်း(၄၄)
Excel တွင် Discount(လျှော့ဈေး)တွက်ချက်နည်း
https://www.facebook.com/MJSan2020/videos/658526585010103/
၄၅။ Microsoft Excel 2010 အပိုင်း(၄၅)
Excel တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအထက်ကို Bonus ပေးရေး တွက်ချက်နည်း
https://www.facebook.com/MJSan2020/videos/313453399689481/
၄၆။ Microsoft Excel 2010 အပိုင်း(၄၆)
Excel တွင် Sheet များ များပြားလာတဲ့အခါ အလွယ်တစ်ကူရွေးချယ်ဖွင့်လှစ်ပြင်ဆင်နိုင်ရန် sheet တစ်ခုနှင့်တစ်ခု link ချိတ်ထားပြီး အသုံးပြုနည်း
https://www.facebook.com/MJSan2020/videos/210153523592165/
၄၇။ Microsoft Excel 2010 အပိုင်း(၄၇)
Excel တွင် Chart များကို မိမိလိုသလို ထိန်းချုပ်ထည့်သွင်းနည်း
https://www.facebook.com/MJSan2020/videos/1618075885028576/
၄၈။ Microsoft Excel 2010 အပိုင်း(၄၈)
SUMIF function ကို အသုံးပြုပြီး အခြေအနေစစ်ဆေးနည်း။
https://www.facebook.com/MJSan2020/videos/2360332294271574/
၄၉။ Microsoft Excel 2010 အပိုင်း(၄၉)
Sheet တစ်ခုနှင့်တစ်ခုကို အချက်အလက်များ ဆက်သွယ်ထားနည်း
https://www.facebook.com/MJSan2020/videos/3150280961684429/
၅၀။ Microsoft Excel 2010 အပိုင်း(၅၀)
Data ရှိတဲ့ Cell များစွာကို တစ်ခုထဲသို့ ပေါင်းထည့်နည်း
https://www.facebook.com/MJSan2020/videos/898382897351537/
1. Microsoft PowerPoint သင်ခန်းစာ 20 ခု မာတိကာ
https://www.facebook.com/MJSan2020/posts/153891119627137?__tn__=K-R
2. Microsoft Word သင်ခန်းစာ ၄၃ ခု မာတိကာ
https://www.facebook.com/MJSan2020/posts/135362734813309?__xts__%5B0%5D=68.ARC-SDl7wtKuhKYNiSuT9yG2kLtYRvJz_KyN1mHf_NUM6tMYuUMGa32cpRQNf6R2q2j0dC9XMwfcOlf2UNx6iOuSorLHifg3kN97bG1tI_-hi2i9PJZpGtHdivBaPuh3xX6BlGski6SHa5K-6O9zpPhAgXEaktz6Wu5eiWmvomdsQvQiM5g8jh5-bXdFs9COOL3c_Dy8Bbhmp4AHXg_mgb4jxrFbS0z0ZGoq0TQUx4khiPYMNS6cCFWRsYBEU2quPR_sa_MIVwZRbm8vXij0r_BKDPTnMG475oeHocATV8Q2w4BctVTzeLHSt2LkbsdpbeKgXGhCyz48ZZittZ_uhZk&__tn__=K-R
ဒီ Page ကို Like, Share လုပ်ပေးတဲ့ မိတ်ဆွေများနှင့် နည်းပညာအတတ်ပညာ ဝါသနာရှင်အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
YouTube တွင် စတင်လေ့လာနိုင်ပါပြီ။ နောက်ထပ် စိတ်ဝင်စားစရာများအတွက် Subscribe လုပ်ထားပါ။ ကျေးဇူးတင်ပါတယ်။
https://www.youtube.com/channel/UCmpHboXO01leJ2kyXEXRnQQ
စာစီစာရိုက်၊ စာကူး၊ file format ပြောင်း စတဲ့ ဝန်ဆောင်မှုများကို online ကနေ ဆက်သွယ် ဆောင်ရွက် ပေးပါတယ်။အသေးစိတ်ကို Messager မှ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်သည်။
By
Technology Knowledge