Phyoe Gyi
Nay Win
မင်းမရှိရင်သေမှာဘဲလို့ထင်ခဲ့တာ
တကယ်တော့ ချောင်းတောင်မဆိုးဘူး🙄
🖤Nay Win🖤
ကျွန်တော်က အတ္တကြီးတယ်
ဥပမာ-ခင်ဗျားကိုကျွန်တော်တစ်ယောက်ထဲ
ပိုင်ဆိုင်ချင်မိတာမျိုး။
" မင်းကို တကယ် ချစ်တဲ့သူက"
ပထမ တစ်ကြိမ် မင်း အမှားလုပ်မိတယ်
သူ မင်းကိုယ် ခွင့်လွှတ်ပေးလိုက်မယ်
ဒုတိယ တစ်ကြိမ် မင်း အမှားထပ်လုပ်တယ်
သူ မင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ်
တတိယ တစ်ကြိမ် မင်း အမှားထပ်လုပ်တယ်
သူ အရင်တိုင်းပဲ မင်းကို ထပ်
ခွင့်လွှတ်ပေးလိုက်မယ် ... ... ...
ဘာလို့လဲ ခွင့်လွှတ်ပေးနိုင်လဲ
သူ မနာကျင်တတ်လို့ မဟုတ်ဘူး
သူ မခံစားတတ်လို့ မဟုတ်ဘူး
သူ အမှတ်မရှိလို့ မဟုတ်ဘူး
သူ မင်းကို အရမ်း ချစ်လို့ ... ... ...
အဆုံးရူံးမခံချင်လောက်အောင်
သူ မင်းကို ချစ်လို့
မင်း လုပ်ရပ်တွေကို သူ စိတ်နာချင်နာနေလိမ့်မယ်
ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ်
သူက ငါ့ကို ချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ထင်တိုင်ကျဲ ချင်လည်း ကျဲ ပေါ့ဗျာ ..
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ ..
တစ်ခုတော့ ရှိတယ် ...
သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့
မင်း ဘာ မင်း သေသေ ရှင်ရှင်
လှည့်မကြည့်ပဲ ထားသွားလိမ့်မယ်
သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်
အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ
ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ
မထားပါနဲ့.. . ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ ..
မင်းလုပ်ရပ်တွေကို သူ
သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ်
မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့ ...
သူ ပြန်လာမှာ မဟုတ်တော့ဘူး
ချစ်မှန်း သိရင် အနိုင်မကျင့်ပါနဲ့ ... ... ...
ဒဏ်ရာတွေက များလွန်းတော့
ဘယ်ဒဏ်ရာကြောင့် နာကျင်နေရမှန်းတောင်
မသိတော့ဘူး ...
ကြိုက်ရင်hiခဲ့
အကြာကြီးတွဲပြီးမှ လမ်းခွဲတော့မယ်ဆိုရင်
➖➖➖➖➖➖➖➖➖➖➖➖➖
အချိန်တွေအကြာကြီးတွဲလာခဲ့ပြီးမှ လက်တွဲဖြုတ်တော့မယ်ဆို သေချာစဉ်းစားပါ
အသစ်တွေနဲ့ သာယာပြီး ကြည်နူးနေရတာ
ရင်ခုန်နေရတာ စိတ်လှုပ်ရှားနေရတာကို ဘဝမထင်ပါနဲ့
ဘယ်စုံတွဲမဆို တွဲကာစ သုံးလေးငါးလလောက်အထိ ပျော်စရာကောင်းပါတယ် ရင်ခုန်စရာကောင်းပါတယ်
ဒီထက်နည်းနည်း အချိန်ပိုကြာလာတာနဲ့အမျှ
ညှိစရာနှိုင်းစရာတွေ ပြဿနာတွေ...
သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့
ဇယားတွေရှုပ်ပြီး နားလည်မှုတွေလွဲ
ပျော်စရာတွေ နည်းလာတတ်တာ သဘာဝပါ
အဲ့တော့ လက်ရှိ relationship ကိုတောင်
သာယာအောင် မဖန်တီးနိုင်ပဲ အသစ်တစ်ခုကို ပြန်စချင်တယ်ဆိုတာ...
ကိုယ်ကိုယ်တိုင်ရှုပ်ထွေးအောင် ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ပြီးအောင်အဆုံးမသတ်ပဲ
အသစ်တစ်ခု ထပ်ရေးတာနဲ့ တူပါတယ်
စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်လို့ နောက်တယောက်တွဲမယ်ဆိုရင် အချစ်ဆိုတာကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး
အဆင်မပြေချိန် စိတ်ညစ်လာတတ်တာ အချစ်မဟုတ်ဘူး
ဒုက္ခရောက်နေချိန် ညည်းညူနေတတ်တာ အချစ်မဟုတ်ဘူး
ပျော်နေရတဲ့အချိန် မေ့ထားတတ်တာ အချစ်မဟုတ်ဘူး
ကိုယ်အဆင်မပြေတဲ့အချိန်ရော အောင်မြင်တဲ့အချိန်ရော
လိုအပ်တဲ့သူက သူတစ်ယောက်တည်း ဖြစ်နေမှသာ အချစ်လို့ခေါ်တာပါ
အဲ့တော့ ပန်းချီကား အသစ်တစ်ချပ်ကို ဘယ်လိုလှအောင်ဆွဲမယ်ဆိုပြီး စိတ်ကူးယဉ်နေမယ့်အစား...
ကိုယ့်လက်ထဲက ပန်းချီကားလေးကိုသာ အတတ်နိုင်ဆုံး လှလှပပလေးဖြစ်အောင် ရေးဆွဲဖို့ ကြိုးစားကြည့်ပါ ☺☺
တခါတလေ ကျနော်တို့ကို
မျှော်လင့် ချက်တွေ ပေးကြတယ်။
မျှော်လင့်ချက်တခုဟာ ...
ဘယ်လောက်အရေးကြီးလဲဆိုရင်
အလုပ် မလုပ်ခြင်းတဲ့လူတယောက်
ချက်ချင်း အလုပ်ထလုပ်ခြင်းစိတ်ပေါက်အောင် စွမ်းဆောင်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ....
ကျနော်တို့လူသားတွေဟာ
မျှော်လင့် ချက်နဲ အသက်ရှင်သန်နေလိုပဲ ဖြစ်တယ်
မျှော်လင့်ချက်ကြီးတာနဲ သေးတာပဲ ကွာသွားတာပါ။
တခါတလေ ကိုယ့်ဘက်က အစီစဉ်တွေချထား ၊
အရမ်းကြီးမျှော်လင့်ထားသလို ၊အဆင်ပြေမဲ့လို့ ထင်တဲ့
ကိစ္စ တွေ လက်တွေ့တကယ်ဖြစ်မလာတဲ့အခါ
ရူးခါနေအောင် ခံစားတက်ရပါတယ်။
မိတ်ဆွေတို့ ခံစားဖူးမှာပါ။
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတယ်၊
အိပ်မက်တွေ ရိုက်ချိုးပစ်လိုက်သလိုပါပဲ။
အဲဒီအချိန်ရောက်ရင် ကျနော်တို့ဟာ
လောကကြီးကို အပစ်တင်မယ် ၊
ကံဆိုးလိုက်တာ ဆိုပြီး
ငြီးငြူကောင်း၊ငြီးငြူကြပါလိမ့်မယ်။
တကယ်တော့ လောကကြီးက တရားပါတယ်။
မိတ်ဆွေကို အမြဲတမ်း အဆိုးတွေကြည့်ပဲ မပေးသလို၊အကောင်းတွေလည်း အမြဲတမ်းရမှာမဟုတ်ပါဘူး။
ဒါမိတ်တွေတို့ သိတဲ့အတိုင်း လောက ကြီးရဲ့
နိယာမတခုပါ။
ကျနော်ပြောခဲ့သလို လောကကြီးက
မိတ်ဆွေကို အဆိုးတွေပေးတဲ့အခါ
မိတ်ဆွေအထင်မှာ င့ါ ကံပါကွာ ၊
ငါ ကံတွေ အရမ်းဆိုးနေတယ်လို
ထင်မြင်မိမှာ ကျိန်သေပါတယ်။
ဒါပေမဲ့ မိတ်ဆွေကို သဘာဝတရားကြီးက
အကောင်းတွေ ပေးရင် မိတ်ဆွေက
ဟာ... ငါကံကောင်းနေပါလား ဟု
ထင်ပါလိမ့်မယ်။
ကျနော်တို့လူသားတွေအားလုံး
သဘာဝတရာကြီးနှင့်လောကကြီးကို
ပြောင်းလဲလို့ မရပါဘူး။
မိတ်ဆွေကို ကောင်းတာပဲပေးပေး၊ဆိုးတာပဲပေးပေး
မိတ်ဆွေခံယူတက်ဖို့က အရေးကြီးပါတယ်။
အပျော်တွေ ပေးရင်တော့ ဘာမခံယူတက်စရာရှိလဲဗျာ။
ဒါပေမဲ့ ရလဒ်ဆိုးတွေ ၊
မျှော်လင့်ထားသလို ဖြစ်မလာတာတွေကြတော့
အတော်လေး ခံယူဖို့ခက်ပါတယ်။
မိတ်ဆွေ မချိမကဲ့ကြီး ခံစားနေရတာကို
ကျနော်က
"ဟာ မိတ်ဆွေ လောကကြီးက ဒီလိုပဲ ၊ဘာညာနဲ "
နှစ်သိမ့်ရင်းလည်း ခံစားမူပျောက်မသွားမှာ
သေချာပါတယ်။
ဒီတော့ မိတ်ဆွေအနေနဲ ခံစားလိုက်ပါ၊ ငိုချပစ်လိုက်ပါ၊
ခေါင်းထဲမှာ မိတ်ဆွေခံစားနေရတာကို စဉ်းစားနေပါ၊
ကျနော်တို့ အရမ်းစိတ်ညစ်တဲ့ အကြောင်းရာတခုကို ၁၀ရက်ထက် ပိုမတွေးနိုင်ကြပါဘူး။
ဘာကြောင့်လဲဆိုရင် (၁၀)ရက်အတွင်းမှာ
အခြားကိစ္ဓတခု ထပ်ပေါ်လာမှာ ဖြစ်လိုပါ(မပေါ်ရင်း အကောင်းဆုံးပေါ့ဗျာ😂😂)
စဉ်းစားပြီး စိတ်ဓာတ်ကျလိုက်ပါ။
ဖြစ်နိုင်ရင် စကားကို မပြောပါနဲ
အမှားများစွာ ပါတက်လိုပါ။
ဒါပေမဲ့ မိတ်ဆွေ ....
အချိန်အတိုင်းအတာတခု
သတ်မှတ်ပါ။
အချိန်ပြည့်သွားရင်
မိတ်ဆွေ ဖြစ်ခဲ့သမျှကို မေ့ပြီး
မိတ်ဆွေ ဆက်လျှောက်ပါ။ဆက်ကြိုးစားပါ။
ဘ၀ဆို မိတ်ဆွေတို့သိကြတဲ့ အတိုင်း
ရပ်နေလို့မှ မရတာကို။
မိတ်ဆွေရဲ့ လုပ်ဖော်ကိုင်ဖက်၊မီသားစုနဲ
အချိန်ပေးလိုက်ပါ။
အရာရာအဆင်ပြေသွားမှာပါ လို တွေးလိုက်ပါ။
Oo Phyo Gyi
👑 ဖုန်းခဏခဏဆက်ပေးတတ်တဲ့သူအတွက်ပဲ
သူ့ရဲ့ဖုန်းကိုမင်းစောင့်နေပါ🤗
👑 မက်ဆစ့်ခဏခဏပို့ပေးတတ်တဲ့သူအတွက်ပဲ
သူ့ရဲ့မက်ဆစ့်လေးကိုမင်းမျော်နေပါ🤗
👑 ပစ်မထားပဲအမြဲဂရုစိုက်ပေးတတ်တဲ့သူအတွက်ပဲ
သူ့ရဲ့ဂရုစိုက်မူတွေကိုပဲမင်းတမ်းတပါ🤗
👑 ဘာမဆိုကိုယ့်အတွက်အမြဲဦးစားပေးတတ်တဲ့သူအတွက်ပဲ
သူ့ရဲ့ဦးစားပေးမူတွေကိုမင်းမက်မောပါ🤗
👑 မင်းကလွဲပြီးဘယ်သူမှမချစ်နိုင်တော့ဘူးဆိုတဲ့
သူတစ်ယောက်အတွက်ပဲမင်းရှင်သန်ပါ🤗
👑 ဘယ်ချိန်ပဲဖြစ်ဖြစ် မင်းကလွဲရင်
နှလုံးသားကလက်ခံလိုမရတော့ဘူးဆိုတဲ့သူအတွက်ပဲ
မင်းရွေးချယ်ပြီးချစ်ပါ🤗
👑 မင်းကွယ်ရာမှာမဖောက်ပြန်တတ်တဲ့သူအတွက်ပဲ
အနာဂတ်အတွက်မင်းရည်ရွယ်ထားပါ🤗
👑 ဘယ်အရာပဲဖြစ်ဖြစ် အပြစ်မမြင်ပဲ
အမြဲနားလည်ခွင့်လွတ်ပေးတတ်တဲ့သူအတွက်ပဲ
မင်းဖက်တွယ်ထားပါ🤗
👑 ဘယ်သူတွေဘာပဲပြောပြော မင်းအပေါ်မှာ
အထင်လွဲမှားမဖြစ်စေပဲသစ္စာရှိရှိနဲ့အမြဲချစ်ပေးတတ်တဲ့
သူအတွက်ပဲ ထာဝရထိလက်တွဲသွားဖို့ဆုံးဖြတ်ပါ🤗
ချစ်တဲ့သူတိုင်းဆင်ပြေပါစေ💑
Phyoe Gyi
ဘဝလက်တွဲဖော်ဆိုတာ...
_____________________
ဘဝလက်တွဲဖော်ဆိုတာ
အပျော်ထားအပ်တဲ့ အရာမဟုတ်လို့
ဖျော်ရည်အတူ သောက်နိုင်ရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ယမကာ တစ်ပုလင်းမဟုတ်လို့
ခဏတာ ယစ်မူးချင်ရုံအတွက်နဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ခဏတာအတွက်မဟုတ်လို့
တွေ့ကရာလူရှာမယ် စိတ်ကူးနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
အာပလာလူတစ်ယောက်မဖြစ်သင့်သလို
အချစ်သာ အဓိကဆိုတဲ့ စိတ်နဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ပညာတတ် ဂုဏ်ကြီးကျယ်တဲ့
ဘွဲ့လက်မှတ်ရှိရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ဥစ္စာကြွယ်ဝ တိုက်တာ
ကားများပိုင်ဆိုင်ရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ကိုယ်တစ်ယောက်အတွက်သာ
သေဖော်ရှင်ဖက်ဖြစ်သူ
မရှိအတူ ရှိအတူ
နားလည်မှုပေးနိုင်သူသာရွေးချယ်ပါ။
ဘဝလက်တွဲဖော်ဆိုတာ
မိမိရဲ့ချို့ယွင်းချက်မှန်သမျှကို
သိသိကြီးနဲ့ လုံးဝနောက်ဆုတ်
တွေဝေသွားခြင်း ဆိုတာမရှိဘူး ...
နောက်ဆုံးထွက်သက်ထိ မိမိရဲ့လက်ကို
ရဲဝင့်စွာကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှ
ပြသနာပေါင်းစုံကို အတူတူဖြေရှင်း
ပေးမဲ့သူလေ ...
ဂရုစိုက်မှု့၊ ယုံကြည်ပေးမှု့တွေနဲ့
ပေးဆပ်ပြီး ထာဝရချစ်နေမဲ့သူဟာ
မိမိရဲ့~~~~~~
ဘဝလက်တွဲဖော် စစ်စစ်ပါပဲ ...
ဘဝလက်တွဲဖော်ဆိုတာ
ကြုံသလိုရွေးချယ်လို့ရဘူးလေ..
ကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျတဲ့သူ
ဖြစ်ဖို့လိုတယ်၊
ဘဝဘက်တွဲဖော်ဆိုတာ
အရမ်းချမ်းသာဖို့မလိုဘူး
ကိုယ်နဲ့အတူ ချမ်းသာအောင်
ကြိုးစားတဲ့သူ ဖြစ်ဖို့လိုသလို
ဆင်းရဲတဲ့အခါလည်း
ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့လိုတယ် ..
ဘဝလက်တွဲဖော်ဆိုတာ
ပန်းချီကား တစ်ချပ်လိုပါပဲ
ကိုယ်တိုင် ဖန်တီးနိုင်ဖို့ထက်
ခံစားနားလည်ပေးတတ်ဖို့က
ပိုအရေးကြီးပါတယ်...။
ိ
#တာဝန်နဲ့အလုပ်ကိုခုတုံးလုပ်ပြီးမာန်မတက်ကြပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~
- မမှားသောရှေ့နေဆိုတာ မရှိပေမယ့် ရှေ့နေဆို
တာ ကိုယ့်အမှုသည်အတွက် မမှားသင့်တာ မမှား
ရအောင် ဂရုစိုက်ရမယ့် တာဝန်ရှိတယ်။
- မသေသောဆေးသမားဆိုတာ မရှိပေ့မယ့် ဆရာဝန်
ဆိုတာ လူနာတစ်ယောက် မသေအောင်နောက်ဆုံး
အချိန်ထိ့ ကြိုးစားရမယ့် တာဝန်ရှိတယ်။
- တကယ်တော့ လူရယ်လို့ဖြစ်လာရင် ကိုယ်ယူထား
တဲ့တာဝန်တစ်ခု ကိုယ်လုပ်ရသော အလုပ်တစ်ခုကို
တာဝန်ကျေအောင်လုပ်ဖို့နဲ့ တာဝန်နဲ့အလုပ်အပေါ်
မှာ တာဝန်ခံမယ်ဆိုသောစိတ်ထားကြဖို့လိုတယ်။
- ကိုယ်လုပ်ရသောအလုပ် ကိုယ်ယူရသောတာဝန်
တစ်ခုအပေါ်ခုတုံးလုပ် မာန်တက်ပြီး အောက်ခြေ
မလွတ်ကြဖို့လိုတယ်။မာန်တက်ပြီးအောက်ခြေ
လွတ်နေတဲ့လူတစ်ယောက်အတွက် တာဝန်နဲ့အ
လုပ်ဆိုတာ ကိုယ့်အပေါ် ပြန်ပြီးဒဏ်ခတ်နိုင်တဲ့
အရာတစ်ခုဆိုတာသိ့ထားကြဖို့လိုပါတယ်။
- ဒါကြောင့် ကိုယ့်အလုပ်ကိုလုပ်။ကိုယ့်တာဝန်
ကိုယ်ကြေ။ကိုယ့်တာဝန်ကိုယ်ယူ။အလုပ်ကြောင့်
လဲမာန်မတက်နဲ့ တာဝန်ကြောင့်လဲ အောက်ခြေမ
လွတ်နဲ့။အလုပ်နဲ့တာဝန်အတွက် ကိုယ့်ကိုကိုယ်
ဂုဏ်ယူစွာနဲ့ ပေးဆပ်ပါ။