Beauty Taste by Melnan

Beauty Taste by Melnan

မယ်နန်းက skincare ဆိုင်ရာသင်တန်းတတ်ထားပြ

Photos from Beauty Taste by Melnan's post 30/07/2022

ဒီ PAGE က စျေးရောင်း တဲ့ page မဟုတ်ပါဘူး
ဒါပေမဲ့ မယ်နန်း ကို ဘာ Sunscreen သုံးလဲ လာမေးကြပါတယ်။
အရင်က တကယ် အချိန်ကြာ မကာကွယ်ပေးနိုင်တဲ့ Sunscreen တွေကြောင့် သင်ခန်းစာ ရပြီး ခုတော့
ကောင်းလွန်းလို့ review ပေးချင်တဲ့ Sunscreen
ရှိပါတယ်။
မယ်နန်း ရဲ့ sunscreen ကို မောင်လေး ယူသွားတာ မို့
အသစ်မှာ မလို့ပါ
မြန်မာပြည်အရောက် ပေါက်စျေးအတိုင်းရယ် တစ်ဗူးကို တစ်သောင်းကျပ်ပဲ ယူမှာ မို့ မှာချင် လာမှာ ပေးကြပါနော်။

#တင်းတိပ်သမားတွေတွက်သုံးကိုသုံးသင့်တဲ့Sunscreenပါ

စျေးနှုန်း ပါ ပါပါတယ်နော်
လူကြုံရှိလို့
၃ ရက်တွင်း ရောက်ပါမယ်။

Photos from Beauty Taste by Melnan's post 30/07/2022

#တင်းတိပ်သမားတွေအတိကျလိုက်နာသင့်တဲ့
ြောင်း

မယ်နန်း ၄ လ လောက် သေချာ စောင့်ကြည့် ကုသပြီး ရလာတဲ့ results အဆင့်ဆင့်
တင်းတိပ်သမားတွေ သေချာ လိုက်လုပ်ရင် တင်းတိပ်ဆိုတာ စိတ်ဖိစီးစရာ လို့ မမြင်တော့ပါဘူး

တကယ်တော့ တင်းတိပ်ဆိုရင်ကို တော်တော် စိတ်ပျက်ရတာပေါ့
မိတ်ကပ်နဲ့လဲ မဖုံးသွားဘူး မဲနေတာပဲ မြင်နေရတာပဲ
ခု မယ်နန်း သုံးသလိုသာ သုံး အသားရည် ကြည်ပြီး လှလာလိမ့်မယ် [ဆေးထိုးထားတဲ့ အရှိန်ကြောင့်ကြည်နေတာလဲပါ ပါတယ်]
#ဒါတွေကိုသေချာလိုက်လုပ်ပါ

မနက်မျက်နှာသစ်ပြီးတာနဲ့ ရေသုတ်ပါ၊ တိုနာဂွမ်း အသုံးပြုပြီး မိတ်ကပ်သန့်စင်ရေ(micellar purifying water သုံးပါ)( ညကတင်းတိပ် လိမ်းဆေး ပြောင်ဖို့ သုံးတာပါ )
Toner သုံးပါ
Serum သုံးပါ(မယ်နန်းကတော့ မသုံးပါဘူး)
Sunscreen သုံးပါ ၂ မိနစ်ထားပြီး
Primer သုံးပါ
Primer သုံးပြီး ၃ မိနစ်ထားပါ
Foundation သုံးပါ
Concealer သုံးပါ နောက်ပိုင်း ကိုယ် လိမ်းချယ်နေကျ အတိုင်းလိမ်းပါ


မျက်နှာသစ်ပါ
micellar purifying Water သုံးပြီး မိတ်ကပ်ပြောင်အောင် ထပ်လုပ်ပါ
တိုနာသုံးပါ
ည လိမ်းဆေးလိမ်းပါ

#ဒါတွေရှောင်ပါ
ဖုန်းသုံး laptop သုံးရင် အလင်းရောင်လျော့ချပါ
ဖုန်းသုံးချိန် Sunscreen လိမ်းပါ
အိပ်ရေးမပျက်ပါစေနဲ့
နေရောင်တိုက်ရိုက်ရှောင်
အပူရှိန်ဟပ်နိုင်တာရှောင်
R မဟုတ်တဲ့ ထိုင်းထုတ် တရုတ်ထုတ် တင်းတိပ်ပျောက်ဆေးတွေ ရှောင်ပါ။
ဒါတွေ ကတော့ မယ်နန်း လက်ရှိသုံးနေတဲ့ ပစ္စည်းတွေပါ
ပုံတစ်ပုံချင်းစီမှာ စာတွေ ပါ ပါတယ်
ဒီလိုရေးနိုင်ဖို့ ၄ လ အချိန်ယူပြီး review ပေးထားတာမို့ တန်ဖိုးထား လိုက်လုပ်နိုင်ပါစေနော်
ခုထိတော့ တင်းတိပ်က လုံးဝ မပျောက်သွားသေးပေမဲ့
စိတ်အနှောင့်ယှက်တော့ မဖြစ်တော့ပါဘူး
လှနိုင်ကြပါစေ ❤️



#တင်းတိပ်

p s -အစက သုံးတဲ့ ပစ္စည်းတွေ ကွာပါတယ်
ဘာလို့လဲဆိုတော့ မယ်နန်းက အမြဲ အသစ်သစ်တွေ reviewsပေးရအောင်သုံးရင်း ကောင်းတာတွေပဲ ချပြတာမို့ပါ။❤️

Photos from Beauty Taste by Melnan's post 29/07/2022

#တင်းတိပ်ပျောက်_ထိုးဆေး_သုံးတာတကယ်ထိရောက်လား
ဒီအကြောင်းအရာ ကို ပြောပြ ရေးပြဖို့ ကို ခရီးထွက်
လိုက်တာ ရယ် skin care တစ်ခု စမ်းသုံး ကြည့်ရင်း အချိန်နဲနဲ ကြာသွားတာရယ်ကြောင့် စောင့်နေသူများ ကို တောင်းပန်ပါတယ်
အားလုံး သိကြတဲ့ အတိုင်း မယ်နန်းက ကိုယ်တွေ့ ကို သေချာ အသုံးပြု အချိန်တစ်ခု ယူပြီးမှ ချပြတတ်သူမို့ ပို့စ်တွေ ကျဲနေပေမဲ့ အစစ်မှန် ဆိုတာ လက်ခံထားကြသူများကြောင့် ကျေနပ်ရပါတယ် ။

ဒီရက်ပိုင်း ဝမ်းနဲ နာကျဉ်ရတဲ့ စိတ်တွေကြောင့် post တင်မယ်ဆိုပြီး မတင်ဖြစ်ပါဘူး အကောင့်ပါ ဒီထားခဲ့လို့ပါ
ခု ဒီပို့စ် တင်ရတဲ့ အတွက်လဲ မယ်နန်း အရင်ဆုံး
ငြိုးငယ်တဲ့စိတ်နဲ့ တောင်းပန်ပါတယ်

ဒါပေမဲ့လဲ ခုတော့ လာမေးသူတွေ ကို ဒီသောကြာ တင်ပေးမယ်ဆိုပြီး replyထားတဲ့တွက် အသေးစိတ် ရေးပေးပါမယ်
အစီရင်ခံစာလိုဖြစ်နေရင်လဲ တောင်းပန်ပါတယ်နော်
စာဖတ်ရတာ ရှည်နေရင် videoလေး တင်ပေးပါ့မယ်
ကြည့်ပေးပါ

ပထမဆုံး မယ်နန်း ၃ လပိုင်း နောက်ဆုံးပတ်မှာ ပင်လယ်ကိုခရီး ထွက်ခဲ့ပါတယ် ၁၄ ရက် ကြာပါတယ်
ကိုယ်က တင်းတိပ်သများဖြစ်တာကြောင့် sunscreensသေချာ လိမ်းပါတယ် ဒါပေမဲ့ နေပူအားကြီးတာရယ် တစ်ကိုယ်လုံး ဗလာနီးပါး နေကို မျက်နှာမူပြီး
ပုံရိုက်တာကြောင့် ၄ ရက်မြောက်မှာပဲ တင်းတိပ်
ပြန်စထွက်လာပါတယ် ၁၄ ရက် ပြန်မရောက်မချင်း
ဆေးမပါလာလို့ မကုနိုင်ပဲ အဲ့တိုင်း မိတ်ကပ်ပဲဖုံးပြီးနေခဲ့ရပါတယ်
နေအိမ်ပြန်ရောက်တော့
တင်းတိပ်ဆေး စျေးလဲ ကြီးပြီး
hydroquinone free
Paraben free
Airless dispenser မို့ရယ်

ဆေးနဲ့ တင်းတိပ်တွက် သုံးတဲ့ တိုနာ

Dark spot တွက် သုံးတဲ့ skin care တွေ အကုန် သုံးပါတယ်
အရည်ပြား ကွာလာပြီး တဖြေးဖြေး သက်သာ မယ် ထင်လို့ ၁ လ လုံး ဘာ skincare မှ မသုံးပဲ
ဒါတွေပဲဆက်သုံးပါတယ်။
အိမ်ထဲ အောင်းပြီး အသားရည်ကို သေချာ ကုခဲ့ပါတယ်။

တစ်လ ကြာပြီးလဲ မသိသာပဲ အရမ်း မဲပြီး ကွက်လာတယ် နောက်ပြီး အသားရည်က ကြမ်းလာပြီး တင်းတိပ်နေရာက ကြမ်းထော်နေပါတယ်
အဲ့ဒါနဲ့ တင်းတိပ်ဆေး ထိုးမယ် ဆိုပြီး aesthetic clinic မှာ ၉ ကြိမ် ဝယ်ယူခဲ့ပါတယ်
သူက တစ်ပတ်တခါ မျက်နှာ ကို ဆေးထိုးရတာပါ
တစ်အားနာပါတယ် မျက်ရည်တွေလဲ အကြိမ်တိုင်းကျရပါတယ်😢
ဆေး တစ်လ တွင်း တစ်ပတ် တစ်ကြိမ် ၄ ကြိမ်ထိုးနေရင်း အပေါ်မှာ ပြောထားတဲ့ တင်းတိပ်ပျောက်ဆေး လိမ်းနေခဲ့ပါတယ်
ဘာမှ ထူးမလာခဲ့ပါဘူး

ဆေးထိုး ကြိမ် ၆ ကြိမ် မြောက်လောက်မှာ လိမ်းနေတဲ့ မထူးခြားလာတဲ့ တင်းတိပ်ဆေးကို ဖြတ်ပြီး
ကိုဝီမြန်မာ တင်းတိပ်ဆေးကိုပဲ ပြန်သုံးခဲ့ပါတယ်
ကိုဝီက တစ်ပတ်နဲ့ တင်းတိပ်ပြန်ပါး သွားပါတယ်

ထိုးနေတဲ့ တင်းတိပ်ဆေးကလဲ ၃ ကြိမ်ကျန်ပြီး နောက်တကြိမ် ထိုးချိန်မှာ clinic က ဆရာမ က ဆေးထိုးလို့ သက်သာ လာတယ် ထင်ပြီး ပျောက် နေပြီ လျော့သွားပြီနော်လို့ပြောပါတယ်
တကယ်တော့ တင်းတိပ်ဆေးထိုးရင်း တင်းတိပ်မပျောက်ပဲ အသားရည်ပဲ ကြည်လာတာပါ
အရမ်းကျယ်နေတဲ့ ချွေးပေါက် သိပ်မသိသာတော့ပဲ
ပုံမှန် လူကြီး တစ်ယောက်ရဲ့ အသားရည်လိုလေး ဖြစ်လာပါတယ်
😞တင်းတိပ်ကတော့ မပျောက်ပါ။( ထပ်ထိုးရင်ပျောက်မှာလို့ တော့မပြောပါနဲ့ ထပ် မနာချင်တော့ပါ🥺)

အဲ့ချိန်မှာ မယ်နန်း ဒီတခေါက်ဝယ်ထားတဲ့9 ကြိမ်
မြောက်ပြီးသွားရင်တော့ ထပ်မဝယ်တော့ဘူး
ဆုံးဖြတ်မိပါတယ်
အသားရည်ကိုတော့ တင်းတိပ်သမားတွေတွက် တကယ် ထိရောက်တဲ့ productsလေးတွေပဲ သုံးလို့ တင်းတိပ်ရှိနေပေမဲ့ အသားရည်က ကြည်ပြီး glow နေပါတယ်
(ဘာပစ္စည်းတွေ သုံးလဲ ဘယ်လို ဂရုစိုက်လဲဆိုတာ ထပ်တင်ပေးပါ့မယ်။❤️)
မိတ်ကပ်လိမ်းလိုက်တဲ့ အချိန် တင်းတိပ်လဲ မမြင်ရတော့ အဆင်ပြေနေပါတယ်
ခုထိတော့ တင်းတိပ် အရင်လို လုံးဝ ပြန်မပျောက်သေးပေမဲ့ ကိုဝီပဲ ဆက်လိမ်း ရင် အသားရည်ကို
ဂရုစိုက်နေပါတယ်

ခုပြထားတာ ကတော့ စျေးကြီးပြီး မထူးလာတဲ့ products ပါ

သိချင်တာ ရှိရင်တော့ မေးထားနိုင်ပါတယ် နော်
ညပိုင်း အချိန်လေးတွေမှာ ဖြေသွားပေးပါ့မယ်

Photos from Beauty Taste by Melnan's post 04/07/2022

တင်းတိပ် review မလာခင်

ချွေးပေါက်တွေ ဖုံးပေးပြီး မိတ်ကပ်သား
ကြာရှည်ခံစေတယ် ….အဓိက က
ချွေးပေါက် အရမ်းကျယ်တဲ့ သူတွေ
တော်တော် ကြိုက်ကြတယ်လို့ နံမည်ကြီးတဲ့

အကြောင်းလေး ပြောပါမယ်။

ဒီ primer လေးက Singapore မှာတောင် ကောင်တာ မရှိလို့ မနဲ စိတ်ကောက် ပြီး မရမက မှာထားတာလေးပါ။
မယ်နန်း တအားမျှော်လင့်ထားတာလေးပေါ့။

သူ့ရဲ့ လုပ်ဆောင်ချက်တွေ က မျှော်လင့်ထားသလို
မကောင်းပါ။
အဆီပြန်တဲ့ အသားရည် ရော ခြောက်သွေ့တဲ့
အသားရည်တွက်ပါ သုံးလို့ အဆင်မပြေပါ။
မိတ်ကပ်သားလဲ မစွဲ သလို ချွေးပေါက်တွေလဲ
မဖုံးပေးနိုင်ပါ။
တိုတို ပြောရရင်
ွက် ပါ



#မယ်နန်း

24/06/2022

မယ်နန်း စာမေးပွဲ ရှိလို့ ငြိမ်နေ ရင်း
တင်းတိပ်လဲ ကုရင်း ကြောင့် ထပ်ပျောက်နေ တာပါနော် ❤️
ဒီ လာမဲ့ အပတ်ထဲ
တင်းတိပ် ဆေးထိုး တာနဲ့ လိမ်းတာ ကို လက်တွေ့ လုပ်ထားပြီး
Reeview ရေးမှာ မို့ စောင့် ပေးကြပါရှင့် ။


#မယ်နန်း
#တင်းတိပ်

Photos from Beauty Taste by Melnan's post 02/05/2022

ဓါတ်ပုံကို နေပူပူကြီးထဲ ဒီလိုတွေ အရိုက်ကောင်းခဲ့လို့
ပျောက်နေပြီဖြစ်တဲ့ တင်းတိပ်တွေ မည်းပြီး တတ်လာပါတယ် အကွက်လိုက်ပဲ
တော်တော် စိတ်ဆင်းရဲနေရလို့ ခု တခြားနည်းလမ်းနဲ့
ပြန်ကုနေတယ်

လက်ဆောင်ပစ္စည်းတွေ တွက် မက်စေ့တွေ တွေ့ပါတယ်နော် ပို့ပေးပါ့မယ်ရှင့်
တခြားအလုပ်လေးတွေ လဲ ရှုပ်နေလို့ နားလည်ပေးပါနော်
ချစ်တဲ့


#မယ်နန်း

14/04/2022

ခု အရှေ့တန်းမှ တန်းစီ ပုံ ရိုက်ပေးထားတာ တွေ လက်ဆောင်ပေးပါမယ်ရှင့်
ဒီ post အောက်မှာပဲ မန့်ပေးပါနော်
တချို့ အသစ်စက်စက် ပါသလို
တစ်ခါ နှစ်ခါ သုံးပြီး ထားတာလဲ ရှိပါတယ်
မသုံးဖြစ်လ်ု့
အသုံးလိုသူများ ရှိရင် မန့်နိုင်ပါတယ် ရှင့်

Photos from FDA Thai's post 18/03/2022

ထိုင်းမှာ ဒီလို brand တွေ လဲ အတုထုတ်သလို
Q မပြည့်မှီတဲ့ cosmetics တွေလဲ ထုတ်တယ်
ဒါကြောင့် ထိုင်း ထုတ်တွေ မသုံးစေချင်
Just sharing

01/03/2022

တင်းတိပ်သမားများ clay mask လုံးဝ မသုံးသင့်ပါနော်

Photos from Beauty Taste by Melnan's post 04/01/2022

#မယ်နန်း_နဲ့LUXSkin

❤️2 ပတ်အတွင်း သိသာတဲ့ results လေး❤️
– ခုတလော စိတ်ဓါတ်တွေကျ ၊ ညညအိပ်ရေးပျက်၊အစားအသောက်ကလဲ မဆင်ချင်နိုင်တော့ အသားရည်တွေ မွဲခြောက်လာတယ် ၊ ညစ်လာတယ် ၊
Dry Skin ဖြစ်တဲ့အပြင် တင်းတိပ်သမားဆိုတော့ ကိုယ့်မျက်နှာကိုယ် မကြည့်ချင်ဘူး ၊ ဝက်ခြံက ထွက်သေး 😞
ငါလေး Skin ပြန် care မယ်ဟဲ့ဆိုပြီး အရင်ထဲက ကောင်းလွန်းလ်ု့ Review ပေးချင်နေတဲ့ LUX Skin ရဲ့ led facial mask ထုတ် ဗူးကို ဖုန်သုတ်(ဝယ်ထားတာ ၂ နှစ်ရှိနေပြီ ) အားသွင်းပြီး နေ့တိုင်း တစ်နေ့ တစ်ရောင်စီ ထားပြီး မျက်နှာကို ကုသဖြစ်တယ်။
သူနဲ့ တွဲပြီး သုံးတဲ့ face mask လေးကတော့ CRACARE ထုတ် 3 step facial mask လေးသုံးတယ်။
အိမ်နေရင်း တနေကုန် ထားလိုက်တာ အိအိလေးဖြစ်နေရော ။
ည ပိုင်းရောက်ရင် မျက်နှာသစ်ပြီး တင်းတိပ်ဆေး coyyy ရွှေရောင်ကို ညလိမ်းအိပ်တယ် ။(ဒါက တင်းတိပ် တွက်) တင်းတိပ်မရှိတဲ့သူ ဆို night repair တခုခုလိမ်းအိပ် ရတယ် ။
မနက်လင်းရင် မျက်နှာသစ်ပြီး ကိုယ့် skin အလိုက် သင့်တော်တဲ့ Toner သုံးပြီး Vitamin C ပါတဲ့ serum လိမ်းတယ် (ဝက်ခြံ ထွက်တတ်လို့)
နောက် Sunscreen လိမ်းတယ် ( အသားရည်ကို တကယ် ဂရုစိုက်တယ်ဆို Sunscreen လိမ်းဖြစ်အောင်လိမ်းပါနော်)
နေ့တိုင်း တကယ်ဂရုစိုက်ရင် ၂ပတ်တွင်း glow face /perfect face ရလိမ့်မယ်
ကဲ ခု မယ်နန်းနဲ့အတူ LED Facial therapy နဲ့ ပတ်သက်ပြီး အရောင်တွေ ကဘယ်လိုကုသပေးလဲ လေ့လာရအောင် 💋

❤️RED - အနီရောင်က နုပျိုစေတယ်။
အရေးကြောင်းတွေ ကို ဖျောက်ပေးတယ်
Collagen ကိုတိုးမြင့် ထုတ်လုပ်ပေးတယ်
အသားရည်ချောမွေ့စေတယ် ၊ နုပျို ကျမ်းမာတဲ့ အသားရည်ကိုပေးတယ်။ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပြုပြင်ပေးတယ်။

💙BLUE - အပြာရောင်က ဝက်ခြံတွေ ကိုပျောက်ကင်းစေတယ်။
ဝက်ခြံဖြစ်စေမဲ့ bacteria 🦠 တွေကိုဖယ်ရှားရှင်းထုတ်ပေးတယ်။ ဝက်ခြံဖြစ်ပွါးမှုကို လျော့ချပေးတယ်။
နီရဲယောင်ရမ်း မှုကို သက်သာစေတယ်။ အဆီဥ အဆီဖုတွေ ကို မပွါးအောင် လုပ်ဆောင်ပေးတယ်။
အလျှင်အမြန် ဝက်ခြံဖြစ်ပွါးနှုန်းကို ရပ်တန့်စေပြီး အဆီပြန်တာကိုလဲ လျော့ချပေးတယ်။

💛YELLOW - အဝါရောင်က အသားရည်ကြည်လင်စေတယ်။
သွေးကြောလေးတွေ ကို လှုံ့ဆော်ပေးတယ် သွေးလည်ပတ်မှု အားကောင်းစေတယ်။
ထိခိုက်လွယ်တဲ့ အသားရည်(Sensitive skin )တွေအတွက် အကောင်းဆုံးပဲ။
အသားရည် ကြည်တောက်ပြီး ကြည့်ကောင်းစေတယ်။
ယောင်ရမ်းမှုတွေ လျော့ချပေးတယ်။ ဆဲလ်တွေကို မြန်မြန်ကြီးထွားစေတယ်။ အာရုံကြော ၊ကြွက်သားနဲ့ တစ်သျှူးလေးတွေ ကို လှုံ့ဆော်ပေးလို့ အသားရည်ချောမွေ့ပြီး တင်းရင်းစေတယ်။

Ⓜ️မယ်နန်းကတော့ yellow light သုံးပြီး ဝက်ခြံထွက်တတ်လို့ blue light ပြန်သုံးတယ်။
ဆိုင်မှာ သွားလုပ်ရင် ၃သောင်းကနေ ၅ သောင်း ရှိတာမို့ တစ်ခါဝယ်ပြီး မပျက်မချင်း သုံး အိမ်မှာနေရင်း သပ်သက်သာသာ skin care နိုင်ပါတယ်။
✅ သုံးပြီးရင်တော့ သန့်ရှင်းရေးပြန်လုပ်ပေးနော်
မယ်နန်းကတော့ alcohol pad လေးနဲ့ ပြန်သန့်စင်ပါတယ် ✔️
🍾 ဒီ review ရဖို့ တစ်နှစ် အတွင်း ခနခန အသုံးပြု စောင့်ကြည့် ပြီး သေချာ လေ့လာရေးထားတဲ့ review မို့ ကူးယူ မျှဝေခြင်းလုံးဝခွင့််ပြုပါဘူးရှင့်။
ဒီpost ကို share မယ်ဆိုက share နိုင်ပါတယ်
အရှေ့မှာ အလားတူ တင်းတိပ် အကြောင်းရေးတုံးကလဲ ကိုယ့်စာတွေ တွေ့နေရက်နဲ့ လက်ပိုက်ကြည့်ခဲ့ရတာတွေ ခံခဲ့ရပြီးပါပြီ ။
မယ်နန်းဆီက လာသော review သည် စိတ်ချရသော review ပဲ ဖြစ်သည်



#မယ်နန်း

06/11/2021
06/11/2021

တင်းတိပ်သမားများတွက် အပိုင်း ၁

22/10/2021

#သဘာဝအတိုင်း_လုံးဝန်းတဲ့ရင်သား_ကိတ်ကိတ်လေးဖြစ်ဖို့_ဘာတွေလုပ်ရမလဲ?

နည်းလမ်းလေးက လွယ်ပါတယ်…. တစ်ပတ်မှာ ၄ ရက် ညအိပ်ခါနီးတိုင်း သံလွင်ဆီနဲ့ ရင်သားကို ၅ မိနစ်ခန့်
နှိပ်နှယ်ပေးပါ
* နှိပ်နှယ် တဲ့ ချိန် ရင်သားတစ်ဖက်ဆီ ကို ဘယ်ဘက်လက် ညာဘက်လက်ဖြင့် စက်ဝိုင်း ပုံစံ ပြုလုပ် ၍ နှိပ်နှယ်ပေးပါ
တစ်လ အတွင်း ထူးခြားလာပါလိမ့်မယ်နော်
#လှသည်ထက်လှကြပါစေ


#မယ်နန်း

13/08/2021

မယ်နန်း ကို message box မှာ နေ့တိုင်း မေးနေကြတဲ့ မယ်နန်း ကို အားထားတဲ့ သူများရှင့်
မယ်နန်း ဖြေပေးနေပါတယ်နော်
တခါတလေ ၃ ၄ ရက်လောက် reply နောက်ကျတဲ့ အတွက်
တောင်းပန်ပါတယ်ရှင့်
ခါတိုင်း ၁၀ ယောက်လောက် ဖြေပေးနိုင်ပေမဲ့ ခုနောက်ပိုင်း ၅ ယောက်လောက်ပဲ ဖြေပေးနိုင်လို့ပါ
နောက်တခုက မယ်နန်း ညီမလေး ကိုဗစ်ဖြစ်တာရော တခြားအလုပ်လေး လုပ်နေတာ ရောကြောင့်
ခွင့်လွှတ် နားလည်ပေးကြပါနော်



#မယ်နန်း

23/06/2021

ဒီတခါ မယ်နန်း ပေးမဲ့ review က ဒီ lux mask အကြောင်းလေးပါ
ဒါပေမဲ့ ပြောထားတဲ့ အတိုင်း မတင်ပေးနိုင်သေးလို့ လာတောင်းပန်တာပါ
ဒီ ရက်တွေ စိတ်တအားပင်ပန်းရတယ်မလား 😔
မက်စင်ဂျာမှာ မေးထားသူ တွေ ဒီနေ့ ၁၀ ယောက်တော့ ဖြေပေးထားပါမယ်ရှင့်
ပျက်ကွက်နေတာတွေ အတွက် တောင်းပန်ရင်း🙏🙏🙏
အားတင်းထားကြပါ we will win 🙏❤️💜



#မယ်နန်း

22/06/2021

ဒီနေ့ review တစ်ခု တင်ပေးပါမယ်

#ဝက်ခြံသမားများ whitening ပါတာ လုံးဝမသုံးပါနဲ့နော်



#မယ်နန်း

Photos from Beauty Taste by Melnan's post 19/06/2021

Happy 76th birthday mom

Thank you for everything you have done for our country. Your work is truly mesmerizing and you are an exemplary leader for future generations!
I wish you good health ❤️❤️❤️
Miss you so much ❤️

13/06/2021

မယ်နန်း ဒီရက်ပိုင်း တအားဖျားနေလို့ စာတွေ ပို့ထားကြတာ မေးထားကြတာတွေ တွေ့ပါတယ်နော်
ခုမှ ဖုန်း ခန ကိုင်နိုင်တာပါ
မေးထားတာတွေ နေကောင်းတာနဲ့ ဖြေပေးပါ့မယ်နော်

Photos from Beauty Taste by Melnan's post 03/06/2021

ဟိုနေ့က မယ်နန်း နေ့လည် အပြင်ထွက်ဖို့ ဖြစ်လာတယ်.. အဲ့ဒါနဲ့ မလိမ်းတာ ကြာပြီဖြစ်တဲ့ မိတ်ကပ် လိမ်းတော့ အလှပြင်ပြီးသွားချီန်မှာ #ချွေးပေါက်တွေတအားကျယ်နေတာ တွေ့လိုက်တယ် ။
Skin care မလုပ်တာ ကြာပြီ ကိုး....
အဲ့တော့ ချွေးပေါက် ကျဥ်းအောင် ဘယ်လို လုပ်ရလဲ ဆိုတာ ပြောပြမယ်...

#ချွေးပေါက်ကျဥ်းအောင် clay mask သုံးလို့ရပါတယ်
နောက် နည်းလမ်း တစ်ခုက အိပ်မှာ နေရင်း လုပ်လို့ရတယ်
နန်း နှစ်ခုလုံး တင်ပေးသွားမယ်နော်...

Clay mask က လွယ်ပါတယ် မျက်နှာ ပေါ် ၁၀ မိနစ်သို့မဟုတ် ၁၅ မိနစ်ထား ပြီးရင် ရေနွေးနွေး လေးနဲ့ရေဆေးချ ပြီးရင် ရေအေးလေးနဲ့ ပြန်သစ်
သတိထားရမှာက clay mask ကို မျက်နှာ ပေါ် အကြာကြီး ထားလို့မရဘူးနော် ပိုထားလေ ပိုထိရောက်လေ မထင်နဲ့ မျက်နှာ ပျက်စီးမှာ

နောက်တစ်နည်းက အိမ်တွင်း နည်းလမ်း
ကြက်ဥ တစ်လုံး (အကာ) နဲ့ သံပရာသီး တစ်စိပ်
ဝက်ခြံ သမားတွေ အတွက် အကောင်းဆုံးနည်းပဲ

နန်း caption လေးတွေ နဲ့ တင်ပေးမယ်နော်



#မယ်နန်း

29/05/2021

မယ်နန်း ပြန်လာပါပြီရှင်..
တချို့တွေ မိတ်ကပ် skin care
ဘာ ပစ္စည်း တွေ သုံးရမယ်ဆိုတာ မသိကြဘူး .
နန်းသိတာလေးတွေ ပြောပြမယ်
Reviews တွေလဲ ပေးမယ်...

Photos from Beauty Taste by Melnan's post 28/03/2021

ဒီလို အမင်္ဂလာ ကာလကြီး ပြည်သူ သန်း ၄၀ ရဲ့ စိတ်တွေ နွမ်းနယ်နေတဲ့ အချိန်မှာ မယ်နန်းဘာမှ မလုပ်ချင်ပေမဲ့
အချိန်ဆိုတာ ရပ်တန့်မနေလို့ အနာရှိရင် ကုရသလိုပဲ ခန္ဓာကိုယ် အတွက် လိုအပ်တာတွေ လဲ ဖြည့်စည်းပေးရမယ် မလား..
ခု မယ်နန်းပြောပြမှာက Collagen အကြောင်းပါ။
အသက် ၂၅ နှစ်ကျော်ရင် collagen စသောက်သုံးသင့်ပါပြီ။တချို့က Collagen တွေ ကို မရွေးချယ်တတ်ကြဘူး..
ဘာသောက်သင့်လဲ မသိဘူး...
Collagen ဖြစ်ရင်ပြီးရော သောက်နေကြတာ တွေ့လို့ ခု အကောင်းဆုံး Collagen တွေ ကို မယ်နန်းပြောပြပေးလိုက်တယ်နော်။

ွေကိုဘယ်လိုရွေးချယ်သောက်သုံးသင့်လဲ

ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက ဆိုတာ အမျိုးမျိုးရှိတယ်..
အရိုးသန်မာစေတဲ့ Collagen
Glow skin အတွက်သောက်ရတဲ့ Collagen
ဓာတ်စာအနေနဲ့သောက်ရတဲ့ Collagen
အသက်ရလာလို့သောက်ရတဲ့ Collagen
ဆံပင် အတွက် သောက်ရတဲ့ Collagen စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။
ဘာ အတွက်ပဲသောက်ရသောက်ရ
အကောင်းဆုံးဖြစ်တဲ့ Collagen တွေကို ခု မယ်နန်းဖော်ပြပေးလိုက်ပါတယ်။
အကုန်လုံးက အဆင်ပြေလို့ စိတ်ကြိုက်ရွေးချယ်သောက်ပါနော်။

မှတ်ချက် ။ ။ Fame က ထုတ်တဲ့ Collagen က ရာသီလာချိန်ကို ရက်မမှန် ဖြစ်တတ်တယ်နော်..


#မယ်နန်း

12/03/2021

မယ်နန်းကို ချစ်သူများရှင်...
ဒီရက်ပိုင်း အပြင်ထွက်တာနဲ့ ပြန်ရောက်ရင် ပင်ပန်းပြီး ဘာမှ မလုပ်ချင်တော့တာကြောင့်
Page Messenger မှာ မေးထားတဲ့ ညီမငယ် များ
ဒီ ၂ ရက်လောက် သီးခံ စောင့်ပေးပါနော်။
Tuesday လောက်က နေစပြီး အလှပဆိုင်ရာ မေးထားတာ တွေ တစ်ယောက်မကျန်ဖြေပေးပါမယ်..
နောက်ပြီး
1_ Collegen ဘယ်လိုသောက်ရတယ် ဘာတံဆိပ်တွေက ကောင်းတယ်
2_ eye care အတွက် ဘာတံဆိပ်တွေ သုံးသင့်တယ်
3_ skin care step by step
4_ glow skin အတွက် သုံးသင့်တဲ့ Products တွေကြောင်း
5_ရင်သား တင်းရင်းအောင် လုပ်နည်း
6_သုံးသင့်တဲ့ မိတ်ကပ် foundation
eye liner lips stick

အကုန်ပြောပြပြီး တင်ပေးသွားမှာ မို့ ဒီ ရက်လေး သီးခံ စောင့်ပေးပါနော်။
မယ်နန်းကို ချစ်ပေး ယုံကြည်ပေးလို့ ကျေးဇူးအရမ်း တင်ပါတယ်ရှင် ❤❤❤


#မယ်နန်း

01/03/2021

#မိန်းမကိုယ်ကျဉ်းအောင် လုပ်ရတဲ့ လေ့ကျင့်ခန်း အမေးများလာလို့တင်ပေးလိုက်ပါတယ်နော်

ခု မယ်နန်း လေ့ကျင့်ခန်းလုပ်နေတာ အမြင်မှာ သိပ်မသိသာပါဘူး
စ လုပ်တဲ့သူတွေအတွက် နဲနဲခက်ခဲပါလိမ့်မယ်
မိန်းမကိုယ် ကို ညှစ်ရပါတယ်
ညှစ်နေတဲ့ အချိန်မှာ တပြိုင်တည်း ဗိုက်အတွင်းပိုင်းထဲထိ ထိရောက်ပါတယ် ဆီးခုံ ဖောင်းနေတာတွေပါ ချပ်စေပြီး
အလှကို ပိုပေါ်လွင်စေပါတယ်။
ပိုထိရောက်အောင် ပေါင်ကြားထဲ ရေသန့်ဗူး အရွယ်ပိတ်စကို လိပ် ညှပ်ပြီး လေ့ကျင့်လို့ရပါတယ်။

ကို ဘာလို့ မယ်နန်း အားမပေးလဲဆိုတော့ သူထိရောက်တာက စအို နဲ့ တင်ပါးကိုပါ သာထိရောက်ပါတယ်
ကျမ်းမာ အလှတိုးကြပါစေ


#မယ်နန်း

27/02/2021

တင်ပါးကြွက်သား အတွက် လေ့ကျင့်ခန်းပါ

ဒီ video လေး ကို ရိုက်ထားတာ ကြာပါပြီ

ခု လမ်းပေါ်ထွက်ကြတာ ကိုယ်တိုင်ကျမ်းမာဖို့လဲ လိုအပ်သလို skin care ဖို့လဲ လိုအပ်တယ်

အလှမပျက် တိုက်ပွဲ ဝင်ကြရအောင်နော်


#မယ်နန်း

Photos from Beauty Taste by Melnan's post 25/02/2021

အသားရည် အမျိုးမျိုး အတွက် လိမ်းသင့်တဲ့ Sunscreen တွေကို တစ်စုတစည်းထဲ ဖော်ပြပေးလိုက်ပါတယ် ❤

ြောက်သွေ့တဲ့အသားအရေအတွက်လိမ်းသင့်တဲ့ Sunscreenတွေ
https://www.facebook.com/106076458049120/posts/137376544919111/

ီပြန်တဲ့အသားရည်အတွက် လိမ်းသင့်တဲ့_Sunscreenတွေ
https://www.facebook.com/106076458049120/posts/137570211566411/

ိခိုက်မခံသောအသားအရေအတွက်လိမ်းသင့်တဲ့ Sunscreen တွေ
https://www.facebook.com/106076458049120/posts/137573131566119/

်းတိပ်ရှိတဲ့အသားရည်အတွက်လိမ်းသင့်တဲ့ Sunscreen တွေ
https://www.facebook.com/106076458049120/posts/137577941565638/

အားလုံးအဆင်ပြေကြပါစေ။❤❤❤


#မယ်နန်း

Photos from Beauty Taste by Melnan's post 24/02/2021

#တင်းတိပ်ရှိတဲ့အသားရည်ပိုင်ရှင် ( ) တွေ သုံးသင့်တဲ့ Sunscreen တွေကို ဖော်ပြပေးလိုက်ပါတယ်..

ကိုယ့်ရဲ့ အသားရည် ဘာ skin type လဲ သိချင်ရင်တော့ ဒီလင့်ထဲ ဝင်ကြည့်ပေးပါနော်..
https://www.facebook.com/106076458049120/posts/106709677985798/

* အရေးကြီးဆုံး က Sunscreen လိမ်းရမဲ့ ပမာဏ ပါ
ို_ပဲစေ့2စေ့အရွယ်ပမာဏသာလိမ်းရပါမယ်...
ိုအပြင်မထွက်ခင်နာရီဝက်ကြိုလိမ်းရပါမယ်
.

#မယ်နန်း

Photos from Beauty Taste by Melnan's post 24/02/2021

#အထိခိုက်မခံတဲ့အသားရည်ပိုင်ရှင် ( ) တွေ သုံးသင့်တဲ့ Sunscreen တွေကို ဖော်ပြပေးလိုက်ပါတယ်..

ကိုယ့်ရဲ့ အသားရည် ဘာ skin type လဲ သိချင်ရင်တော့ ဒီလင့်ထဲ ဝင်ကြည့်ပေးပါနော်..
https://www.facebook.com/106076458049120/posts/106709677985798/

* အရေးကြီးဆုံး က Sunscreen လိမ်းရမဲ့ ပမာဏ ပါ
ို_ပဲစေ့2စေ့အရွယ်ပမာဏသာလိမ်းရပါမယ်...
ိုအပြင်မထွက်ခင်နာရီဝက်ကြိုလိမ်းရပါမယ်
.

#မယ်နန်း

Photos from Beauty Taste by Melnan's post 24/02/2021

#အဆီပြန်တတ်တဲ့အသားရည်ပိုင်ရှင် ( ) တွေ သုံးသင့်တဲ့ Sunscreen တွေကို ဖော်ပြပေးလိုက်ပါတယ်..
များလဲ သုံးလို့ရပါတယ်

ကိုယ့်ရဲ့ အသားရည် ဘာ skin type လဲ သိချင်ရင်တော့ ဒီလင့်ထဲ ဝင်ကြည့်ပေးပါနော်..
https://www.facebook.com/106076458049120/posts/106709677985798/

* အရေးကြီးဆုံး က Sunscreen လိမ်းရမဲ့ ပမာဏ ပါ
ို_ပဲစေ့2စေ့အရွယ်ပမာဏသာလိမ်းရပါမယ်...
ိုအပြင်မထွက်ခင်နာရီဝက်ကြိုလိမ်းရပါမယ်
.

#မယ်နန်း

Photos from Beauty Taste by Melnan's post 24/02/2021

ခု အားကြိုးမာန်တတ် နဲ့ အပြင်တွေ ထွက်
အားသားရည်ပျက်စီးတာတောင် ဂရုမစိုက် နိုင်ကြပဲအပြင်ထွက်ကြတဲ့ မောင်မယ်တွေကို မယ်နန်းကလဲ သိတာလေးနဲ့ တစ်ဖက်တစ်လှမ်း အထောက်ကူလေးဖြစ်ပါစေ ရည်ညွှန်းပါတယ် ❤
ခု အရင်ဆုံး ခြောက်သွေ့တဲ့ အသားရည်ပိုင်ရှင် (Dry Skin) တွေ သုံးသင့်တဲ့ Sunscreen တွေကို ဖော်ပြပေးလိုက်ပါတယ်..

ကိုယ့်ရဲ့ အသားရည် ဘာ skin type လဲ သိချင်ရင်တော့ ဒီလင့်ထဲ ဝင်ကြည့်ပေးပါနော်..

https://www.facebook.com/106076458049120/posts/106709677985798/

* အရေးကြီးဆုံး က Sunscreen လိမ်းရမဲ့ ပမာဏ ပါ
ို_ပဲစေ့2စေ့အရွယ်ပမာဏသာလိမ်းရပါမယ်...
ိုအပြင်မထွက်ခင်နာရီဝက်ကြိုလိမ်းရပါမယ်
.

#မယ်နန်း

13/01/2021

မျက်နှာပေါ် မိတ်ကပ် ကြာရှည်ခံအောင် primer သုံးပြီး
၃ မိနစ်လောက်နေမှ
foundation/ concealer သုံးပါ။


#မယ်နန်း

Videos (show all)

တင်းတိပ်ပျောက်အောင်ဘာတွေ လုပ်ရမလဲ အပိုင်း ၂🌷
တင်းတိပ်ပျောက်အောင် ဘာတွေလုပ်ရမလဲ🌷
#မိန်းမကိုယ်ကျဉ်းအောင် လုပ်ရတဲ့ လေ့ကျင့်ခန်း အမေးများလာလို့တင်ပေးလိုက်ပါတယ်နော်ခု မယ်နန်း လေ့ကျင့်ခန်းလုပ်နေတာ အမြင်မှာ ...
တင်ပါးကြွက်သား အတွက် လေ့ကျင့်ခန်းပါဒီ video လေး ကို ရိုက်ထားတာ ကြာပါပြီ ခု လမ်းပေါ်ထွက်ကြတာ ကိုယ်တိုင်ကျမ်းမာဖို့လဲ လိုအ...

Website