AS-Burmese

AS-Burmese

This is the Official page of Asylum Seeker - Burmese.

11/12/2023

State ID နှင့် SSN Eligible
**************************

👮‍♀️State ID လုပ်တဲ့ အခါမှာ တချို့ ပြည်နယ် တွေဟာ Social Security Card တောင်းလေ့ ရှိပြီး မပါရင် မလုပ်ဘူးပေးလို့ ပြောလေ့ရှိပါတယ်။ သ‌ဘောကောင် မနောကောင်း ချစ်စရာကောင်းတဲ့ Officer နဲ့တိုးရင်တော့ အားလုံး အိုကေ ဆိုပြေပြီး လုပ်ပေးလိုက်ပေမဲ့၊ သူ့ဟာသူ ကြောင်ပူပီး ဘူပိတ်နေတဲ့ Officer နဲ့‌ တွေ့ရင် တော့ SSN မရှိရင် မလုပ်ပေးဘူးဆိုပြီး ပြန်လွှတ်လေ့ ရှိပါတယ်၊ ငါ့မှာ EAD မရသေးလို့ SSN မရသေးဘူးပြောလဲ မရှိတဲ့ Eligible စာရွက်ယူခဲ့လို့ပဲ အလွယ်ပြောပြီး ပြန်လွှတ်လေ့ ရှိတယ်။ EAD မရှိလို့ SSN မရသေးဘူးဆို Eligible ပြန်တောင်းခိုင်းတော့ ကျော်ကြီး ဘော်ဒါတွေလဲ ကြောင်ပြောက်ကုန်ရော။

📋ဒါက နားလည်ရင် လွယ်ပါတယ်၊ အဲ့လိုပြောပြီး ပြန်လွှတ်ခံရရင် အနီးဆုံး SSA ရုံးကို သွား ပီးရင် ငါက EAD စောင့်နေတုန်းပါ SSN က လုပ်လို့ မရသေးဘူး၊ ဒါပေမဲ့ ငါ ID လုပ်ချင်လို့ SSN Eligible မဖြစ်ကြောင်း စာရွက်လေး ထုတ်ပေးပါလို့ ပြောလိုက် ရင် SSA ရုံးကနေ SSN Eligible မဖြစ်ကြောင်း စာရွက် ထုတ်ပေးလိမ့်မယ်၊ အဲဒါလေး ယူပြီး DMV ရုံးမှာ ID ပြန်လုပ်လို့ ရပါတယ်။ လွယ်လွယ်လေး ... ဟေး.

👍အဲ့ဒါပြောတာ အမေရိကလဲ ကျော်ကြီးတို့ အမိ မြန်မာပြည်လိုပဲ ရူးခါနေတာပဲလို့။ SSN Eligible မဖြစ်လို့ မရပါဘူး ဆို Letter က တောင်းခိုင်းသေးတဲ့ သူတွေကလဲ ရှိတာ.. တောင်းတော့လဲ ရအောင်ယူရမှာ ကိုယ့်ကိစ္စဆိုတော့ လုပ်ရမှာပေါ့။

ကဲ အားလုံး အဆင်ပြေကြပါစေ ဗျား
___________________________________

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.



#အမေရိကား

10/12/2023

!!! Update !!!
*************
Team ASB ရဲ့ page နာမည်ကို မှတ်ရ လွယ်ကူစေရန် အရင် Asylum Seeker Burmese အစား AS Burmese လို ပြောင်းလဲ လိုက်ပါကြောင်း အသိပေး အပ်ပါသည်။

____________



#အမေရိကား

09/12/2023

🇺🇲Immigrants Friendly ပြည်နယ် ၅ ခု🇺🇲
**************************************

🙏ဒီနေ့တော့ Immigrant တွေ များတဲ့ ပြည်နယ် နဲ့ Friendly ဖြစ်တဲ့ ပြည်နယ် အချို့ကို တင်ပြပါရစေ၊

👉Immigrants လို့ဆိုလိုက်တော့ Asylum တခုထဲတင်မဟုတ်ပဲ Refugee အပါအဝင် အခြားသော ရွှေ့ပြောင်း မိသားစုများ ပါ ပါဝင်ပါတယ်။ ကဲ ကြည့်လိုက်ရအောင် ..

☑️1. New Jersey - The Garden State
ပထမ ဆုံးအနေနဲ့ တော့ Garden State ဖြစ်တဲ့ Jersey အလွယ် ခေါ်ကြတဲ့ New Jersey ပြည်နယ်ပဲ ဖြစ်ပါတယ် New York မြို့တော်နဲ့ ‌ဘေးချင်းကပ် ဖြစ်ပြီး အလုပ်ပေါများခြင်း လူမျိုးပေါင်းစုံ Community များပြား ခြင်း နဲ့ ပညာရေး မြင့်မားခြင်း စတဲ့ အချက်တွေ ဟာ Immigrants တွေ အတွက် ရွေးချယ်စရာ ပြည်နယ် အဖြစ် ရှိနေပါတယ်။

☑️2. Maryland - The Old Line State
နံပါတ် ၂ နေရာမှာတော့ အိမ်ဖြူတော် အစိုးရ တည်ရှိတဲ့ Washington D.C မြို့တော်ရဲ့ ဘေးချင်းကပ် ပြည်နယ် ဖြစ်ပြီး နောက်ပိုင်းနှစ်များမှာ Immigrants ဦးရေ သိသိသာသာတိုးတက်လာတဲ့ ပြည်နယ် တခုဖြစ်တယ်လို့ အချက်အလက်တွေ အရ သိရပါတယ်။ ပြည်နယ် အစိုးရ အနေနဲ့ လည်း ရွေ့ပြောင်းမိသားစုတွေ အပေါ် မှာ supporting ကောင်းမှု့တွေကြောင့် Friendly ပြည်နယ် တခုအနေနဲ့ ရှိနေပါတယ်။

☑️3. Texas - The Lone Star State
ဟို ခေတ်က ဘန်းစကား နဲ့ ပြောရရင် ဘိလပ်လို့ Lone Star ပေါ့ ဒီဘက် ခေတ် လူငယ်တွေ စကားနဲ့ ပြောရင်တော့ FA star ပြည်နယ်ပေါ့ :P ဟုတ်တယ်လေ တသက်လုံး FA ဖြစ်နေတာ အဖေါ် မှ မရှိတာ.. သူကတော့ Cowboy တို့ရဲ့ ပြည်နယ် Texas ပါ၊ living cost, အိမ် စျေးသက်သာချင်း စတာတွေနဲ့ အတူ လူမျိုးစုံ များပြားလှတဲ့ ပတ်ဝန်းကျင်ကြောင့် ရွှေ့ပြောင်းမိသားစုတွေ အတွက် Friendly ဖြစ်တဲ့ ပြည်နယ်တွေ ထဲက တခုလိုဆိုရပါမယ်။

☑️4. New York - The Empire State
နံပါတ်လေး နေရာမှာတော့ Immigrants တို့ ရဲ့ ဇာတ်လိုက်ကျော်ကြီး New York ပြည်နယ်ပဲ ဖြစ်ပါတယ်။ Immigrants တွေကို Friendly ဖြစ်ပုံများတော့ စရောက်ခါစ ရွှေ့ပြောင်း မိသားစုတွေ အတွက် အထူးသဖြင့် ဘာ Status မှ မရှိသေးတဲ့ မိသားစုများအတွက် New York လောက် လွယ်ကူ ချောမွေ့တဲ့ နေရာဟာ အတော်ရှားပါးတယ် ပြောရင် လွန်မယ် မထင်မိပါဘူး။

☑️5. California - The Golden State
နံပါတ် ၅ နေရာမှာ ရှိတဲ့ ပြည်နယ်ကတော့ အာရှ သားတို့ရဲ့ ပျော်မွှေ့ရာ Golden State ပြည်နယ် California ပဲ ဖြစ်ပါတယ်။ အာရှ လူမျိုးပေါင်းစုံနေထိုင်ခြင်း နဲ့ အတူ ရာသီ ဥတု အလုပ်အကိုင် စတဲ့ အားသာချက်တွေ ကြောင့် အာရှ ရွှေ့ပြောင်းမိသားစုတွေ အတွက် သည်း‌ခြေကြိုက် ပြည်နယ် တခုဆိုလဲ မမှားပါဘူး၊ အားရှ သားတို့ အတွက် အမေရိက ဆိုတာနဲ့ CA ဆိုပြီး ပြေးမြင်လောက်အောင်ကို Asian diversity ပေါကြွယ်ဝတဲ့ ပြည်နယ် တခုလဲ ဖြစ်ပါတယ်။ စျေး ကြီးနေတာလေးတော့ မပါဘူးပေါ့လေ :P.

👉ဒီစာရင်းထဲမပါတဲ့ အခြား Friendly ဖြစ်တဲ့ ပြည်နယ်များလဲ ရှိကြပါတယ် သို့သော်လဲ diverse immigrant population, job market, living cost စတာတွေ အပေါ်မှာ အခြေခံပြီး တင်ပြရခြင်း ဖြစ်ပါတယ်။

အမိမြေ အမြန် အောင်နိုင်ပါစေ..
______________________________

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

08/12/2023

ရောက်ပြီး တစ်နှစ်ကျော်မှ Asylum လျှောက်မဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး
***************************************************************

📣Team ASB အနေနဲ့ ခဏခဏ ပြောလေ့ ရှိပါတယ်၊ ကျောင်းသားနဲ့ လာသူရော အလည်နဲ့ လာသူရော ကိုယ်က အစကထဲက ခိုလှုံခွင့်တင်ဖို့ ရှိတယ် ဆိုရင် 1 Year Filing deadline ကို မကျော်မိဖို့။ အချို့ လဲ အကြောင်းအမျိုးမျိုးကြောင့် ၁ နှစ်ကျော်သွားကြတာ မျိုးရှိကြတာ တွေ့ရတယ် တိကျတဲ့ Reason အကြောင်းအရာ မရှိရင် တနှစ်မကျော်ကြတာ အကောင်းဆုံးပါ။

🙅‍♂️USCIS မှာ Reject အဖြစ်များဆုံး reason တွေထဲက တခုဟာ 1 နှစ်ကျော်မှ လျှောက်မိတဲ့ Application ဖြစ်တယ်ဆိုတာလဲ သတိရနေဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံကနေ အန္တရယ်ရှိလို့ ထွက်လာမှတော့ ၁ နှစ်တိတိ ဘာမှ မလျှောက်ပဲ စောင့်ရတဲ့ Reason ကြီးကို ဘယ်လို ရှင်းပြကြမလဲ ?

💁‍♂️တနှစ်ကျော်အောင် စောင့်လိုက်လို့ ဘာအကျိုးရှိမလဲ ကိုယ်ဟာကို ပြန်စဥ်းစားနိုင်ဖို့ မေးကြည့်ကြမယ်။

👉ပထမဆုံး တနှစ်ကျော်မှ လျှောက်လို့ Interview မြန်မြန်ရသွားမှာလား ? USCIS က ဆုတောင်းလေ လို့ ပြောလိမ့်မယ်။

👉ဒါဆိုရင် တနှစ် ကျော်မှ လျှောက်လို့ USCIS က အောက်ရုံး အဆင့်မှာ Approval ပေးမှာလား ? .. ဟင်း .. တနှစ်ကျော်ရတဲ့ အကြောင်းအရာ ကို ရှင်းပြနေရတာနဲ့ တင်ကိုပဲ Officer က ပျော်နေအုံးမယ် (ရွဲ့ပြောတာ)။ 😭

👉ဟုတ်ပါပီ ဒါဆိုရင် တနှစ်ကျော်မှ လျှောက်လို့ EAD မြန်မြန် ရမှာလား ? . New York ပြည်နယ်ဝန်ကြီးက ထဆဲလိမ့်မယ် "ဟရောင်... ဖုန်ရှုလေ".. ငါတောင် တောင်းဆိုနေတာ မရတာ ဆိုပြီး 😛🤣

🙅‍♂️ပြောချင်တာက တနှစ်ကျော်မှ လျှောက်မိတော့ ကိုယ့် Case က စတင်ကထဲက တနှစ်ကျော်မှ လျှောက်မိလို့ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်း ကိုကျော်လွန်မိနေပီဆိုတာ သိနေရမယ်၊ TPS တို့ F1 တို့ စတဲ့ Status ရှိသူတွေကတော့ တိတိကျကျ အကြောင်းပြလို့ ရနေသေးတယ် ဒါလဲ မကျော်မိတာ အကောင်းဆုံးပဲ။

🙏အားလုံး အဆင်ပြေ ချောမွှေနိုင်ကြပါစေ။
__________________________________________

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

06/12/2023

😜Passport သက်တမ်းတိုးပြီး ပြန်ကြမယ် 😜
******************************************

နောက် မေးခွန်းတခု ပြောမယ် ဒီနေ့ .. မေးခွန်းတွေချည်း ဖြေနေရတာ မောတော့ မောသားဗျ. အေးလေ ဖြေရတဲ့ အလုပ်ပါဆိုမှတော့ ဘီယာလောက်တော့ ဘယ်ချိုမလဲနော့ (ဘီယာ ခါးတယ်ပြောတဲ့သူ ဘီယာငတ်စေ 😜😜😜)

🙅‍♂️မေးကြတဲ့ မေးခွန်းက ဘာလဲဆိုတော့.. Interview စောင့်နေတုန်း ကာလမှာ Passport သက်တမ်းတိုးလို့ ရလား တဲ့ ? ကိုယ့်လူ အသာလုပ်ပါဟ. မောင်ရင် လျှောက်ထားတာ ခိုလှုံခွင့်လေ. ကိုယ့်နိုင်ငံမှာ သာယာလွန်းလို့ ခိုလှုံ့ခွင် ယူရတာမှ မဟုတ်တာ၊ ဒီတော့ ပြန်မရလို့ ခိုလှုံခွင့် တောင်းသူက passport သက်တမ်း တိုးပြီး .. ဘာလဲ မိန်းမ ပြန်ယူမလို့လား ?
ထပ်ပြောပါမယ် .. passport သက်တမ်း တိုးလို့ မရပါဘူး။

🙅‍♂️နောက် ထပ်တခု ရှိသေးတယ် . A pending ဖြစ်နေတဲ့ ကာလ မှာ မြန်မာပြည် ပြန်လို့ ရလားတဲ့၊ မေးတဲ့ သူကို လာပြောင်နေတာလား လို့ ပြန်မေးရမလို ဖြစ်နေပီ 😂 ပြန်မရလို့ ခိုလှုံခွင့်ယူပါတယ်ဆို ပြန်လို့ ရလား မေးနေတယ်၊ ငါ့နှယ် ငယ်ငယ်က အတန်းပိုင် ဆရာ -င်လှန် ရိုက်သလို ရိုက်လိုက်ရ .. စတာပါ စာတာပါ. 😆 A pending ဖြစ်နေတဲ့ ကာလ တလျှောက်လုံး မြန်မာပြည် ပြန်လို့ လုံးဝ လုံးဝ မရပါဘူး၊ မြန်မာပြည်မှ မဟုတ်ပါဘူး၊ Pending ကာလ မှာ နိုင်ငံ ပြင်ပ ထွက်လို့ မရပါဘူး။

👍အောင်သွားရင်တော့ Travel Document လျှောက်ပြီး အခြားနိုင်ငံများကိုတော့ သွားလာလို့ ရပါတယ်၊ ကိုယ့်နိုင်ငံတော့ ပြန်မရပါဘူး၊ နိုင်ငံသား ဖြစ်မှသာ ပြန်ဖို့ Recommend လုပ်ပါတယ်။

ကဲဒီလောက်ဆို ရှင်းပြီလို ထင်ပါတယ်နော်..

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

05/12/2023

❤အိမ်ပြန်မိုးစက်များသို့…

မိုးလွန်မှ ထွန်ချခဲ့တာ မဟုတ်ဘူး..
မိုးခေါင်နေတဲ့ ဖုန်ဆိုးမြေကို ပြန်စိမ်းလန်းစေဖို့
စွန့်နေသူတို့အတွက်
အုတ်တချပ်သဲတပွင့် ပါဝင်ခွင့်....

အသက်တွေတောင် ပေးထားခဲ့သူတွေနဲ့စာရင်
ငါဒို့ ချွေးနဲစာလေးဟာ ဖုန်းဆိုးမြေအတွက်
မိုးပေါက်တစ်စက်ဖြစ်ကောင်းရဲ့.....

မဏ္ဏပ်တိုင် မတက်ကြေး
နာမည်မဖေါ်ကြေး..
ပြန်မရနိုင်တော့တဲ့ အသက်တွေ
ဖေါ်ကွာဝေးနေသူတွေကို စာနာပေးတဲ့အနေနဲ့
အဲ့ဒီလိုင်းပေါ်မှာ ပွဲမခံကြေး....

ကမ္ဘာ တခြမ်းမှာ သာယာနေချိန်
ငါဒို့ကမ္ဘာ ရွာပျက်ဟောင်းလေးမှာတော့ အနာဆွေးတွေနဲ့
ခဲတစ်လုံး ပစ်တင်လိုက်ရင် အမြင့်ဆုံးရောက်ပြီး
တစ်ချိန်တော့ ပြန်ကျလာမှာဘဲ..

အဲ့ဒီ့နေ့ရက်.. မီးတွေပြန်မှန်မယ့်နေ့ရက်..
အမေ့အသံတွေ ပြန်ဝေမယ့်နေ့ရက်

စွန့်ဝံ့သူတို့ ပြန်လာမယ့်အချိန်..
ရွာလေးရဲ့ အမေ့အိမ်တွေ သာယာပါစေလို့

ဆုတောင်းပေးခဲ့.. ။🙏

🙏( Team ASB နဲ့ အမာခံ Fan တချို့စုပေါင်းပြီး ရေနည်းရာ မိုးရွာပေးနိုင်ခဲ့တဲ့ အလှုတစ်ချို့အတွက် အမှတ်တရခံစား ရေးဖွဲ့ခြင်း)

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

04/12/2023

အထက်ရုံး (Immigration Court) မှာ ရှိတဲ့ Myanmar Pending Case စာရင်း
*************************************************************************

📣ဒီတပတ်တော့ အပေါ်ရုံး (immigration Court) ရဲ့ Data တွေ ဆက်လက် တင်ပြခွင့်ပြုပါအုံး‌ဗျို့။

📋မနေ့က Immigration Court မှာ pending ဖြစ်နေတဲ့ case တွေ တင်ပြခဲ့ပြီးတဲ့ နောက်ဆက်တွဲ အနေနဲ့ immigration court မှာ Pending ဖြစ်နေတဲ့ မြန်မာ အရေအတွက် ကို ဆွဲထုတ်ဖြစ်ပါတယ်။

📋လက်ရှိ တရားရုံးမှာ Pending ဖြစ်နေတဲ့ အရေအတွက် ဟာ စုစုပေါင်း 441 ယောက် ရှိပါတယ်။ ဒီအထဲကမှာ New York Immigration Court တခုထဲမှာ တင် မြန်မာ 141 ယောက် ရှိပြီး သူ့နောက်မှာ ဒုတိယ နေရာကနေ San Francisco Immigration Court က 61 ယောက်နဲ့ Chicago Immigration Court က 27 ယောက်ရယ်၊ Newark Immigration Court က 24 ယောက် အသီးသီး ရှိနေကြပါတယ်။

📋ထူးထူးခြားခြား အနေနဲ့ Hawaii Honolulu Immigration Court မှာ မြန်မာ တယောက် Pending အဖြစ် ရှိနေတာ တွေ့ ရပါတယ်။

⚠️ဖေါ်ပြပါ Data တွေဟာ Immigration Court ရဲ့ Data တွေ အရ ထုတ်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။

___________________________________
⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

03/12/2023

📣Immigration Court ရဲ့ Pending Case စာရင်း 📣
***************************************************

📈ဒီနေ့ တော့ Immigration Court မြန်မာတို့ အခေါ် အပေါ် ရုံး မှာ Pending Case အများဆုံး ပြည်နယ် လေးတွေ တချက် တင်ပြချင်ပါတယ်။ Data တွေ ချည်း ထုတ်ထုတ်ပြနေလို့ စာဖတ်ပျင်းသွားမှာမျိုးလဲ မဖြစ်ကြစေချင်ပါဘူး၊ ဒါတွေက တကယ် သိထားရမဲ့ ကိစ္စတွေ ဖြစ်နေတာ ကြောင့် Team ASB အနေနဲ့ အချိန်ပေး တင်ပြရခြင်း ဖြစ်ပါတယ်။ အများအကြိုက်စာလေး တွေ လဲ ရေး သလို အများ မကြိုက်သော်လည်း တကယ် သိနေရမယ် Data တွေလဲ တင်ခွင့် ပြုပါလို့ ပန်ကြားပါရ‌စေဗျာ။

📈2012 ကနေ 2024 အထိ Immigration Court မှာ ရှိတဲ့ Data အချက်အလက်တွေ အရ အ‌ပေါ် ရုံးရဲ့ Asylum Case pending ဟာ 1,041,592 အထိ ရှိနေပါတယ်၊ အားပါးပါး တရားရုံး အဆင့်မှာတောင်... 1 Million ကျော်နေပြီနော်။ အဲ့ဒီ အထဲကမှ Pending အများဆုံး ပြည်နယ် ဟာ Florida ဖြစ်ပြီး သူ့ နောက်မှာ California နဲ့ New York က ကပ်ရက် ဒုတိယ နဲ့ တတိယ အဖြစ် ရှိနေပါတယ်၊ နံပါတ်လေး မှာတော့ Cowboy တို့ ‌ရဲ့ ပြည်နယ် Texas ရှိပါတယ်။

📈ဒီပြည်နယ် ၄ ခုပေါင်း ရဲ့ Pending Case ဟာ 570,650 အထိ ရှိလို့ ၊ အားလုံးပေါင်းရဲ့ 54.7% အထိ ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီ အထဲကမှ Miami Immigration Court ဟာ 109,969 အထိ pending ရှိ‌နေပြီး၊ သူ‌နောက်မှာ New York Immigration Court က 105,219 နဲ့ ဒုတိယ အများဆုံး အဖြစ် ရှိနေပါတယ်။ ဒီ‌လောက်ဆိုရင်တော့ အပေါ်ရုံးမှာ ရှိတဲ့ Data Pending Case အခြေအနေတွေကို သိပြီး ကိုယ့်ဟာကိုယ် သုံးသပ်ကြစေချင်ပါတယ်။

အားလုံးကို ချစ်တဲ့ ....

___________________________

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

02/12/2023

New York Immigration Court ရလဒ် စာရင်း
*********************************************

🤷‍♂️ကျုပ်တို့ ရဲ့ နာမည်ကျော် New York မြို့တော်ကြီး ဟာ USCIS Asylum Office အဆင့် မှာသာ ကျတာ များတာဗျ၊ တရားရုံးတော်မှာတော့ case အများဆုံးနဲ့ အောင်တာ(Granted) အများဆုံး နေရာ တခု ဖြစ်တယ်လို့ ပြောရမယ်။

📋2001 ကနေ 2023 အထိ Data တွေ အရ case ပေါင်း 138,573 ဆုံးဖြတ် ချက်ချခဲ့တဲ့ အထဲမှာ 72.75% ဖြစ် တဲ့ 100,810 က Granted ဖြစ် ပြီး 26.02% ဖြစ်တဲ့ 36,060 သာ Denied လုပ်တာ တွေ့ ရတယ်။ ဒီလိုလေး သိလိုက်ပြီ ဆိုတော့ New York မြို့တော်ကြီးက မောင်ရင်တို့ အတွက် နေပျော် သွားပြီ မလား ?

__________________________________________
⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

01/12/2023

🇺🇸Asylum ခရီးစဥ်🇺🇸
*********************

🤦‍♂️ASB ပဲ တင်ပြပုံ လိုအပ်နေသလားတော့ မသိဘူး ခုတလော အရမ်းမေးကြတဲ့ အကြောင်းလေး တခုရှိတယ်၊ ဘာလဲဆိုတော့ Asylum က မအောင်ရင် ပြန်ပို့မှာလားတဲ့ ? အရင်တင်ခဲ့တဲ့ post စာတွေ ဖတ်ပါဆို မဖတ်တဲ့ သူတွေ ဒီတခါ အဲ့မေးခွန်းမေးရင် ဘီယာ တဝိုင်းတိုက်ခိုင်းမယ်။

ကဲပြောမယ် .
_____________

☑️ပထမ အဆင့် .. ရောက်ပြီဆိုရင် A လျှောက်တယ်၊ ရက် ၁၅၀ ကျော်ရင် Work Permit လျှောက်ခွင့် ရှိတယ် (၁၈၀ ကျော်ရင် Approval ရမယ်)၊ ပြီးရင် ရတယ်ပေါ့ ဗျာ၊ အမှားမပါရင် Work Permit က Denied မှ မရှိတာ။ ပြီးရင် အင်တာဗျူး စောင့်မယ်၊ ရပီဆိုရင် ဖြေမယ်၊ ပြီးရင် အောင်တယ် ကျတယ် သိမယ်။ အောင်ရင် Permanent ဖြစ်ပြီ တနှစ်နေရင် Green Card တင်လို့ ရမယ်။ ကျရင် ဘာဖြစ်မလဲ ? ကျရင် တရားရုံးကို လွဲပေးလိုက်တယ် ပြန်မပို့ဘူး ရှင်းတယ်နော် ?

☑️နောက်တဆင့် ဘာလုပ်ရမလဲ တရားရုံးမှာ ဆက်လက် ချေပ ရမယ်၊ ပြီးရင် တရားသူကြီးက ဆုံးဖြတ်ပေးလိမ့်မယ် approve ဆိုရင် Permanent ဖြစ်ပြီ တနှစ်နေရင် Green Card တင်လို့ ရမယ် ပေါက်တယ်နော်။ ကျရင် ဘာဖြစ်မလဲ ? ကျရင် နောက်တဆင့် ထပ်တက်မလား ပြန်မလား ရွေးရမယ်။ နောက်တဆင့် ထပ်တက်မှာပေါ့ ပြန်ဖို့ လာတာမှ မဟုတ်တာ ‌.. နော့... 😛 ကိုယ်မပြန်ရင် သူလဲ အတင်းပြန်မလွှတ်ဘူး မပူနဲ့ 😛 နောက်တဆင့်က ဘယ်မှာ ထပ်တက်ရမှာလဲဆိုရင် BIA လို့ ခေါ်တဲ့ Board of Immigration Appeals Court မှာ ထပ်တက်ရမယ်။

☑️နောက်ထပ် တဆင့် BIA မှာ ဆက်လက် ချေပ ရမယ် ပြီးရင် BIA Court က တရားသူကြီးက ဆုံးဖြတ်ပေးလိမ့်မယ် approve ဆိုရင် Permanent ဖြစ်ပြီ တနှစ်နေရင် Green Card တင်လို့ ရမယ်။ ကျရင် ဘာဖြစ်မလဲ ? လာပြန်ပြီ ကျတာ .. ပြောကိုမပြောချင်တာ ကျမဲ့ အကြောင်း. ဒီအဆင့်မှာ ကျရင် ပြန်ရမှာလား အဲ့ဒါလဲ ပြောကို မပြောချင်တာ၊ ပြန်မှ မပြန်ချင်တာကိုး လို့.. နောက်ထပ် တဆင့် Supreme Court မှာ ထပ်ပြီး ချေပ လို့ရမယ်။

☑️Supreme Court မှာလဲ အပေါ် ကလဲလိုပဲ ရှေ့နေ နဲ့ အတူ ကိုယ့်ရဲ့ case ကို ဆက်လက် ချေပ ရတယ်ဗျာ။

☑️ရိုးရိုးသားသား ပြောရရင် ဒီအဆင့် အထိ ရောက်တဲ့ သူဟာ အတော့် အတော်လေးကို ရှားတယ်။ ဒီလို ပြောလို့ နေချင်တိုင်းလဲ နေလို့တော့ မရဘူးလေ စည်းနဲ့ ကမ်းနဲ့ ပြစ်မှူ့ ကြူးလွန်တာတွေ မဖြစ်ဖို့ လိုတယ်။ နောက်တခုကတော့ အခွန် မှန်မှန်ဆောင်ဖို့လိုတယ်။

ကဲ ဒီလောက်ဆိုရင် ရှင်းပြီ လို့ ထင်ပါတယ်။
__________________________________________

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

30/11/2023

📣Asylum Short Notice ဆိုတာ ဘာလဲ ?📣
********************************************

✅Asylum တင်ပြီးတဲ့နောက် စိတ်အရှည်ရဆုံး အလုပ်တခုက တော့ Interview စောင့်ဆိုင်းရတဲ့ အလုပ်လို့ပဲ ထင်ပါတယ်၊ ဘယ်နေ့လာမလဲ က မသိ transparency ကလည်း နည်းတဲ့ အခါကျတော့ ခန့်မှန်ရ ခက်ခက်နဲ့ လည်ပင်းရှည်ကြရတာ A တို့ ဘဝ တွေပါပဲ၊ USCIS ဘက်ကို ကြည့်ပြန်တော့လဲ resource က ရှိတာ နည်းနည်း၊ တက်လာတဲ့ Case အင်အားတွေက တရက် တရက် တစ်လ တစ်လ ဒီရေ အလားတက်လာနေလေတော့ backlog ပုံကြီးဟာ မနဲမနော ကြီးပွားလို့ နေတယ်၊ ဒီကြားထဲမှာ COVID-19 နှိပ်စက်လိုက်တဲ့ အခါကြတော့ case တွေက ပိုလို့တောင် တောင်ပုံ ယာပုံ ဖြစ်သွားတယ်။

✅ဒီကိစ္စ ဟာ အဖက်ဖက်မှာ အသံတွေ အရမ်းထွက်လွန်းနေတော့ အစိုးရဖက်ကလဲ နည်းလမ်းပေါင်း မျိုးစုံနဲ့ ကြိုးစားနေတာ တွေ့ရပြီး တိုးတက်မှု့တွေလဲ တွေ့မြင်နေရတယ်၊ သို့သော်လည်း Backlog size ကြီးက အရမ်း များနေတော့ A ကိစ္စဟာ ခန့်မှန်းထားတာထက် ပို့မို့ ပြီး ကြာတတ်နေပြန်ရော၊ သူလဲ မမဆောင်းလိုပဲ။

✅အဲဒါနဲ့ ပတ်သက်လို့ အရင် post တွေမှာ interview မြန်နိုင်ဖို့ ကြိုးစား လို့ ရနိုင်နည်းလမ်း ၅ မျိုး တင်ပြခဲ့တယ်၊ အဲဒီ အထဲကမှ အရမ်းကြာလွန်းနေတဲ့ Case တွေကို မြန်နိုင်ဖို့ mandamus lawsuit အကြောင်းလေးလဲ တင်ပြခဲ့ပြီးပြီး။

✅ကိုယ်လူတို့က တရားစွဲတဲ့ အဆင့်လဲ မလုပ်ချင် ဘူး ဆိုသူများအတွက်ကျတော့ ကျန်တဲ့ နည်းလမ်း ၄ မျိုး ကြိုးစားလို့ ရနိုင်သဗျာ၊ ဒီနေ့တော့ အဲံ့ဒီအထဲက နည်းလမ်းတမျိုး ကို ဆွေးနွေးပြမယ်၊ ပြောသာပြောတာပါ ပီးရင် Chat box ခဏခဏ လာမေးကြပြန်ပါရော။ ဒီကြားထဲမယ် ASB ကို မေးပြီး ဖြေတာနောက်ကြလို့ လိုချင်တဲ့ အဖြေမရလို့ အရမ်းတွေ ချစ်ပြီး block သွားသေးတဲ့သူတွေကလဲ ရှိသေးဗျာ။ အဲ့လိုတွေ ချစ်ပန်းတွေက ပွင့်နေသေးတာ :P စတာပါဗျာ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကို ချစ်ပါတယ် Block သွားလဲ ချစ်ပါတယ်၊ အချိန်မရွေး ပြန်လာမေးလို့ ရပါတယ်။ နေညိုချိန် လေပြိုနေလို့ မူးမူးနဲ့ ဆဲမိသွားရင်လဲ ကြိုတောင်းပန်ထားတယ် ဗျာ :P 🙏🙏🙏

✅အိုကေ စမယ် .... Short Notice - ကြိုးစားခွင့် ရှိတဲ့ နည်းလမ်းတွေထဲက တခု၊ ဘာလဲဆိုတော့ သူက Asylum Office ကို ကိုယ့်မှာတော့ ဖြေရှင်းရ ခက်နေတဲ့ အခက်ခဲတွေကြုံနေလို့ အင်တာဗျူး မြန်မြန်လေး ခေါ်ပေးဖို့ request လုပ်တဲ့ စာပဲ။ ဘာ အခက်ခဲတွေ ဖြစ်နိုင်မလဲ ? ဥပမာ ကျန်းမာရေး ပြသနာ တို့ ငွေရေး ကြေးရေး အခက်ခဲတို့ ဖြစ်နေတဲ့ အချိန်တွေမှာ လတ်တလော လွတ်လပ်နေတဲ့ interview slot လေးတွေ ထဲကို ထည့်ပေးနိုင်ဖို့ USCIS ကို ခွင့်ပန်ခြင်း တမျိုးပဲ... ပေါက်တယ်နော်။

✅ပထဆုံး သိထားဖို့ ကိစ္စတခုကတော့ Asylum Office တိုင်းမှာ Short Notice မရှိကြဘူး၊ အဲ့တော့ ဘာလုပ်ရမလဲ ? ရှိတယ် မရှိဘူးဆိုတာ မေးရမှာပေ့ါ ရှာရမှာပေါ့၊ ရှိသမျှ Asylum Office list တွေလဲ အရင် post မှာ တင်ထားပေးခဲ့တယ် ပြန်ရှာဖတ်လိုက်။

✅နောက်တဆင့် Short Notice available ဖြစ်တယ်ဆိုတာ သိရပီ ဆိုရင်၊ ထပ်မေးရမယ် Short Notice တင်ဖို့ အတွက် လိုအပ်ချက်တွေ ဘာလဲဆိုတာ၊ ရုံး တခုနဲ့ တခု လိုအပ်ချက် တောင်းပုံတွေ မတူတော့ အသေအချာ မေးဖို့ လိုတယ်။

✅ပုံမှန်အားဖြင့်တော့ Name, Contact Information, A number, Receipt number, date of birth နဲ့ ကိုယ်ဘာ့ ကြောင့် လိုအပ်နေတယ်ဆိုတာ ရေရေလည်လည် ရှင်းပြထားတဲ့ statement တခုလိုတယ်။ ဒါတွေ တင်လိုက်လို့ Asylum Office ဘက်ကနေ Short List ထဲကို ထည့်လိုက်ပြီဆိုရင် မောင်ရင်တို့ ဆီကို Confirmation ပို့လိမ့်မယ့် အဲ့ဒီအထဲမှာ ဘာဆက်လုပ်ရမလဲဆိုတဲ့ ညွှန်ကြားချက်တွေ ပါတတ်တယ် သေသေချာချာ နားလည်အောင်ဖတ် မသိရင် သူများမေး။

✅ဒီအဆင့် ပြီးပြီဆိုရင်တော့ မောင်ရင်တို့လုပ်ရမှာ က ကိုယ့်ရဲ့ Case ကို ကြေညက်နေဖို့ ပြင်ဆင်ရမယ်၊ သူတို့က အချိန်မရွေး အားတဲ့ အချိန်ထဲ ထည့်ပြီး ခေါ်လိုက်မှာ အဲ့တော့မှ အကြောင်းပြပြီး အချိန်ထပ်ဆွဲလို့ မရတော့ဘူး။ ကိုယ့် Application တွေ မှာ အမှားရှိနေလား သေချာ ပြန်ကြည့် မှားနေရင် ပြန်ပြင်လို့ ရသေးတယ်၊ Evidence တွေ ထပ်ထည့်ချင်ရင် ကြိုရှာထား ထပ်ထည့်လို့ ရသေးတယ် ကိုယ့်အကြောင်းရေးထားတာကို တရေးနို့ ထရောင်ရင်တောင် ကိုယ်ရေးထားတဲ့ အတိုင်း ဖြစ်နေဖို့ လေ့ကျင့်ထားရမယ်၊ ဟိုအထဲရောက်မှ ဆပ်ပြာသည် လင်ပြောက်တဲ့ အကွက်တွေ နင်းလို့ မရဘူး အားလုံးက တိကျနေရမယ်။
ရှိသေးတယ် တခါတခါ Asylum Office က ဖုန်းနဲ့ ခေါ်ပြီး အကြောင်းကြားတတ်လို့ Unknown Caller တွေ ဆိုရင် သတိလေး နဲ့ ဖုန်းကိုင် USCIS ရည်းစားနဲ့ ဘူပြီး ဖုန်းနံပါတ် ပြောင်းတဲ့သူတွေ ဖုန်းမကိုင်ရဲတဲ့ သူတွေ အဲ့မှာ ဂွမ်းပီ :P။

👍ကဲဒီလောက်ဆိုရင် Short Notice ဘာဆိုတာ သိပြီလို့ ယူဆတယ်၊ အားလုံး ပဲ အဆင်ပြေချောမွှေ့ကြပါစေ ဆုမွန်ကောင်းတောင်းလိုက်တယ်ဗျာ။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

27/11/2023

ပေါက်ဖေါ်ကြီးတို့ ရဲ့ နယ်စပ်ဖြတ်ကျော် အမေရိက ခရီး
****************************************************

✅အရင် တပတ်က က သတင်းတခုပါ မအားတာနဲ့ မတင်ဖြစ်လိုက်တာ ဗဟုသုတ အနေနဲ့ တင်ပြပါရစေ။

📌အမေရိကန် နိုင်ငံရဲ့ တောင်ဘက်ခြမ်းကနေ ပြီး တရုတ် ရွှေ့ပြောင်း မိသားစုတွေ သောင်းချီ ရောက်လာတဲ့ သတင်းဟာ မကြာခဏ ဆိုသလို တက်လာတာ သတိထားမိပါတယ်၊ တရုတ် ရွှေ့ပြောင်း မိသားစုတွေဟာ အမေရိကန် နိုင်ငံထဲမှာ နေထိုင် လုပ်ကိုင်နိုင်ဖို့ မက္ကဆီကို နယ်စပ်ကနေ ဖြစ်သလို ဝင်လာလေ့ ရှိတာ နှစ်ပေါင်း ဆယ်စုနှစ် မကတော့ပါဘူး သိုသော်လည်း နောက်ပိုင်း နှစ်တွေမှာ သိသိသာသာ ကို ပိုများလာတာ သတိထားမိပါတယ်။ Covid-19 အပါအဝင် ပေါက်ဖေါ် ကြီး အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှု့တွေကနေ ရုန်းထွက်ပြီး တရုတ် ရွှေ့ပြောင်း မိသားစုတွေ ဟာ အမေရိကန် မြေပေါ် ကို ရတဲ့ နည်းနဲ့ လာနေကြတာဟာ ဒီနှစ်ထဲမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး Venezuelans, Ecuadorians, and Haitians တို့ ပြီးရင် နံပါတ် ၄ နေရာမှာ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။

📌သူတို့ ဟာ မက္ကဆီကို နယ်စပ်တလျှောက် ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီးမှ အမေရိကန် နိုင်ငံထဲကို ဝင်ရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ တချို့ ဆိုရင် တောထဲတွေ ဖြတ် ရေထဲတွေ ဖြတ် ကန္တာရကြီးကို ဖြတ်ကျော်ပြီးမှ နယ်စပ်ရောက်ခဲ့ကြရတယ်၊ နယ်စပ် မရောက်ခင်မှာလဲ နိုင်ငံ ပေါင်း အဆင့်ဆင့် ဖြတ်ကျော်ပြီး ဖြတ်သန်းခဲ့ရတယ်လို ဆိုကြပါတယ်။ အများစုသော တရုတ် ရွှေ့ပြောင်း မိသားစုတွေဟာ California နဲ့ New York ဆီ ဦးတည် သွားလိုကြတာလို့ လဲ သတင်းတွေ အရသိရပါတယ်။

📌ဒါဟာ ဗဟုသုတ အနေနဲ့ သာ တင်ပေးခြင်း ဖြစ်ပြီး တကယ်တန်း ဖြတ်ကျော်လာခဲ့ရဖို့ အလွန့်အလွန် ခက်ခဲပါတယ်။ ကျနော် တို့ သွေးချင်း ညီအကိုမောင်နှမ တွေကိုတော့ ဒီလမ်းကြောင်း ဟာ အားမပေးပါ။ ASB အနေနဲ့ Visa ရနိုင်တဲ့ နည်းလမ်းတွေ အရှေ့မှာ ပြောခဲ့တာ ဖြစ်လို့ ထင်သလောက် အရမ်းကြီး မခက်ခဲဘူးဆိုတာ နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အိမ်မက်ရှိသူများ အနေနဲ့ ဂရုတစိုက်နဲ့ အသေအချာ ကြိုးစားပြီး လျှောက်ကြရင်း Visa တွေ ရနိုင်ကြပါစေလို့ တဆောင်မုန်း လပြည်နဲ့ အတူ ဆုမွန်တောင်းလိုက်ပါတယ်။ (တရက်နောက်ကျသွားတာတော့ စောရီးပေ့ါလေ :P)

Ref: https://apnews.com/article/chinese-emigration-us-mexico-border-darien-381c215ff30f0f2349c2ea118aa280c6

https://www.nytimes.com/2023/11/24/us/politics/china-migrants-us-border.html

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

26/11/2023

🏠အခြေခံ ကုန်ကျစရိတ် တွေ တွက် ကြမယ်🏠
*********************************

✅Team ASB က အမေရိက မလာခင် ကြိုတင်ပြင်ဆင်ခိုင်းနေတော့ ကုန်ကျစရိတ် တွက်ဖို့ လိုလာပြီ ကိုယ် Target ထားတဲ့ နေရာ ရဲ့ ကုန်ကျစရိတ်တွက်ပီဆိုရင် အိမ်ငှားခဟာ ကုန်ကျစရိတ် အားလုံး ရဲ့ 60-70% လောက်ထိ ကုန်ကျတာဆိုတော့ ခန်မှန်း တွက်ချက်လို့ ရအောင် ဒီ post မှာ ပြပေးပါမယ်။ ပြည်နယ် အပေါ် မူတည်ပြီး အနည်း အများ ကွာခြား နိုင်ပေမဲ့ အကြမ်းဖြင်း ကုန်ကျစရိတ်ထွက်လာနိုင်တာမို့ အသုံးဝင်မယ်လို့ ထင်ပါတယ်။

✅ပထမဆုံး အိမ်ငှားခ တွေ ကြည့်မယ်ဆိုရင် ကိုယ်က Single လား မိသားစုလား ဆိုတာ အပေါ် မူတည်ပါမယ်။ Single ဆိုရင် အခန်းအသေးတွေ ငှားတာတို့ မြန်မာအိမ် သို့မဟုတ် အခြား Share room တွေမှာ ငှားတာတို့ လုပ်နိုင်လို့ ပိုမို သက်သာနိုင်ပါတယ်။ မိသားစုနဲ့ သူတွေကတော့ အခန်းငှားတဲ့ အခါ သီးသန့်ငှားရလေ့ ရှိတော့ ပိုမို ကုန်ကျနိုင်ပါတယ်။

✅အကြမ်းဖြမ်း ကုန်ကျစရိတ်တွက်မယ်ဆိုရင် ပထမဆုံး apartments.com တို့ zillow.com တို့မှာ ကိုယ် ရွေးချယ်ထားတဲ့ နေရာကို ထည့်ပြီး အိမ်ခန်း ကုန်ကျစရိတ် ခန်းမှန်း တွက်ချက်နိုင်ပါတယ်။ အလည်နဲ့ လာတဲ့သူတွေအတွက်တော့ Short term Visa ပဲ ဖြစ်လို့ Apartments.com မှာ တိုက်ရိုက်ငှားဖို့ဟာ အခက်ခဲ ရှိနိုင်ပါတယ်၊ ကျောင်းသားတွေ အတွက်တော့ တိုက်ရိုက်ငှားလို့ ရနိုင်ပါတယ်။

✅တခုရှိတာက deposit လုပ်ရတဲ့ ပြဿနာပါပဲ မြန်မာပြည်က သူတွေအတွက် international payment တွေ မရတော့ payment အတွက် အခက်ခဲ ပြသနာရှိနိုင်ပါတယ်၊ စင်္ကာပူတို့ ဒူဘိုင်းတို့ လို့ အခြား နိုင်ငံကနေ လာသူများအတွက်တော့ Visa/Master ကဒ်တွေနဲ့ ပေးခြေလို့ ရနိုင်ပါတယ်။
သို့သော်လည်း ဒီကနေ အိမ်ငှား စျေးတွေ ကိုကြည့်ပြီး ကုန်ကျစရိတ် အကြမ်းဖြင်း တွက်ချက်နိုင်ပါတယ်။

✅New York City/LA/San Francisco/Chicago တို့လို မြို့ကြီးတွေမှာ ဆိုရင်တော့ မြန်မာ Group တွေမှာ အိမ်ငှား post တွေ အမြဲတင့်လေ့ ရှိတာမို့ Group တွေမှာ ဝင်ရောက်လေ့လာဖို့ လဲ အကြံပြုချင်ပါတယ်။

✅အခြား ကုန်ကျစရိတ်တွေ ဖြစ်တဲ့ အစား အသောက်နဲ့ အိမ်အတွက် လိုအပ်တာတွေကိုတော့ walmart.com နဲ့ Target.com မှာ ကြည့်ပြီး အကြမ်းဖြင်း တွက်ချက်နိုင်ပါတယ်၊ ဥပမာ မွေ့ယာ တခု ဘယ်လောက် ကုန်ကျသလဲ ဆိုတာမျိုးပေါ့။

✅အဲ့ဒါ အပြင် အခြားကုန်ကျစရိတ် ဖြစ်တဲ့ ဖုန်းတို့ အင်တာနက်တို့ အတွက်တော့ T-mobile.com မှာ ဖုန်း ခ အကြမ်းဖြင်း သိနိုင်ပြီး အင်တာနက် အတွက်တော့ spectrum.com နဲ့ att.com တို့မှာ အိမ်အတွက် အင်တာနက် ကုန်ကျစရိတ်ကို ကြည့်ပြီး တွက်ချက်နိုင်ပါတယ်။

✅Transportation အတွက်တော့ Taxi ဆိုရင် Uber တို့ Lyft တို့ကနေ ကြည့်ပြီး တွက်ချက်နိုင်သလို public transportation အတွက် သက်ဆိုင်ရင် မြို့နာမည်နဲ့ Metro bus and rail cost ဆိုပြီး Google မှာ အကြမ်း ဖြင်း ရှာကြည့်နိုင်ပါတယ်။

ကဲ ဘာကျန်သေးလဲ ? လိုတာ ရှိသေးရင် Comment Box မှာ ပြောနိုင်ပါတယ်။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

26/11/2023

လက်တွေ့ကျ ပါ
**************

✅Team ASB က ခဏခဏ ပြောပါတယ်၊ အမေရိကကို ရောက်လာကြပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံကို မပြန်နိုင်တော့ဘဲ Asylum ခံမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့သူတွေကို မှာချင်တာက၊ စလာတဲ့ အချိန်မှာ ဘယ်ပြည်နယ်မှာ အောင်ချက်ကောင်းလဲတွေ ဘယ်ပြည်နယ်က A တင်ရင် ကောင်းမလဲတွေ လျှောက်စဥ်းစားမနေပါနဲ့ အဓိက အရေးကြီးတာ မောင်ရင်တို့ အလုပ်တွေ ရဖို့ လိုတယ် အလုပ်ရှိမှ အာရကေ လာမယ်၊ အာရကေ ရှိမှ မန်မန် စားရမယ်။ အောင်ချက်ကောင်းပါတယ် ဆိုတဲ့ နေရာ သွားနေပြီး အလုပ်မရှိရင် မောင်ရင်တို့ လန်ကွတ်တီ နဲ့ နှင်းတောထဲ ငုတ်တုတ် ထိုင်နေရလိမ့်မယ်။

✅မလာခင် အလုပ်တွေ ကြိုရှာ အလုပ်တွေ ပေါတဲ့ နေရာ အလုပ်ရတဲ့ နေရာ အရင်သွား၊ Asylum က အချိန်မရွေး လိပ်စာပြောင်းလို့ ရတယ်၊ စိတ်ပူမနေနဲ့။ လက်တွေ့ ကျကျ အရင်စဥ်းစား အဲ့ဒါ ကံလို့ ခေါ် တယ်၊ ဘယ်စီနေမှန်း မသိသေးတဲ့ အောင်တာတွေ အင်တာဗျူးတွေက ခဏ ထားလိုက် မှန်မှန်ကန်ကန် အဖွဲ့အစည်း အောက်က သို့မဟုတ် မှန်မှန် ကန်ကန်လမ်းညွှန်မှု့ အောက်က နေ လျှောက်ရင် ဘာမှ စိတ်ပူစရာမလိုဘူး အချိန်တန်ရင် တဆင့်ပြီး တဆင့် လာမှာ။

လက်တွေ့ ကျကျ လေ့လာ လုပ်ကိုင်ရင် အမေရိကမှာ အားလုံး အဆင်ပြေလာလိမ့်မယ်။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

25/11/2023

🇺🇸USCIS Call Center ကို ဖုန်းခေါ် မယ်ဆိုရင် 🇺🇸
******************

📌ASB လာပြောကြတယ် USCIS ကို ဖုန်းခေါ်တာ မရဘူးပေါ့၊ ဘယ်နှခါ ခေါ်ခေါ် လူနဲ့ မတွေ့ရပဲ Auto Voice response နဲ့ ပဲ တွေ့နေရတယ် ဘာမှ မထူးဘူးဆိုပြီး စိတ်ပျက်ပြီး ဆက်မခေါ်ကြတော့တဲ့ အကြောင်း လာလာပြောကြပါတယ်။ အမှန်တော့ ကိုယ်က ဖုန်းခေါ်တဲ့ အချိန်မှာ Officer နဲ့ ပြောချင်တာ ဆိုရင် ပထမ တချက် စိတ်ရှည်ဖို့ လိုပါတယ်၊ USCIS ကို ဖုန်းခေါ်ရတာက holding period အရမ်းကြာတတ်ပါတယ်။

📌ကိုယ်က အချိန် ၅ မိနစ် ၁၀ မိနစ်လောက်ပဲ ရတာမျိုးဆိုရင်တော့ ဖုန်းခေါ်ဖို့ သီးသန့် အချိန်ယူဖို့ တိုက်တွန်း လိုပါတယ်၊ နောက်တချက် က လိုအပ်မဲ့ Receipt number တွေ၊ A number တွေ အဆင့်သင့် ရှိနေဖို့ လိုပါတယ်၊ နောက်တခုက ဖုန်းခေါ် လို့ ရမဲ့ အချိန်ကို သတိထားဖို့ လိုပါမယ်၊ USCIS Call center ဟာ Monday - Friday 8AM to 8AM Eastern Time ဖြစ်လို့ ကိုခေါ်မဲ့ အချိန်ဟာ operation hour အတွင်း ဖြစ်နေဖို့ လိုပါတယ်။

📌ပြီးရင်တော့ 1 (800) 375-5283 ကို ဖုန်းခေါ်ပြီး Auto voice response တွေ နဲ့ မေးတဲ့ အချိန်မှာ "Info pass" လို့ ပြောလိုက်ရင် Representative Officer ဆီ ကို ရောက်သွားပါလိမ့်မယ်၊ အဲ့ဒီ အချိန် Q ထဲမှာ စောင့်ရချိန်ဟာ မိနစ် ၂၀ ကနေ ၃၀ ဝန်းကျင် ကြာတတ်လို့ စိတ်ရှည်ဖို့တော့ လိုပါမယ်။

📌ကဲဒါဆိုရင် ဖုန်းခေါ်လို့ မရပါဘူး ဆိုတဲ့ သူတွေ ဒီကနေ တခါထဲ အကုန်လုံးကို ဖြေပေးလိုက်ပါရစေ။ အားလုံး အဆင်ပြေပါစေ။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

23/11/2023

🇺🇸Mandamus lawsuit နှင့် ၃ နှင့် အထက် A Pending🇺🇸
******************************************************

📌ASB က အရင်တခါလဲ တင်ပေးဘူးပါတယ် A pending နဲ့ ၃ နှစ် အထက် ကြာနေတဲ့ သူတွေ အင်တာဗျူး အမြန်ရနိုင်ဖို့ နည်းလမ်း ၅ ခု ရှိတယ်ဆိုတာ. မဖတ်ရသေးရင် အောက်မှာ ပြန်ဖတ်နိုင်ပါတယ်။
https://tinyurl.com/2h3s36ep

📌နိုင်ငံ ရဲ့ ပတ်ဝန်းကျင် အခြေအနေ ဆိုးရွာမှု့ အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြန်မာလူမျိုးတွေ အတွက် တခုခုဆိုရင် အစိုးရဌာနတွေ နဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အခါ ဒူးတုန်အောင် ကြောက်ကြတာ အကျင့်ကြီး လို့ ဖြစ်နေတာ အပြစ် မပြောလိုပါဘူး။

အဲ့ဒါတွေ မြန်မာပြည်မှာ ထားခဲ့လိုက်တော့ ခုက အမေရိကကို ရောက်လာပီ။ ကိုယ်ကသာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါစေ ဘာမှ ကြောက်စရာ မလိုပဲ ရဲတင်းတင်း လုပ်စရာရှိတာကို လုပ်ဖို့ လိုပါတယ်။

✅ပြောချင်တဲ့ အကြောင်းအရာက ခုမှ စမှာ မြန်မာတွေ A pending အနေနဲ့ ကြာနေတာ ဘာလို့ USCIS ခေါ်မဲ့ အချိန်ကို စောင့်နေမှာလဲ၊ ကိုယ့်ဘက်က လုပ်စရာ ရှိတာတွေ ကို အချိန်ကျပီဆိုတာနဲ့ လုပ်သွားဖို့ လိုအပ်ပါတယ်။

✅အထူးသဖြင့် ပြီးခဲ့တဲ့ ပိုစ်မှာ နည်းလမ်း ၅ မျိုးပေးခဲ့တယ်၊ အဲ့အထဲမှာ 90% သေချာပြီး အင်တာဗျူး လမ်းကြောင်းက နောက်ဆုံး နည်းလမ်းဖြစ်တဲ့ Mandamus lawsuit ဆိုတာကို ထည့်ပြောခဲ့တယ်၊ ငါ့ ရဲ့ case ဟာ လိုတာထက် ပိုပြီး ကြာနေပီ ဒီအတွက် Action ယူပေးဖို့ တောင်းဆိုရမယ်။

✅ဒါဟာ ပြစ်မှု့ ကျူးလွန်တာ မဟုတ်သလို ကြောက်နေရမဲ့ ကိစ္စမျိုးလဲ မဟုတ်ဘူး၊ ရှင်းရှင်း လင်းလင်း ပြောရရင် Mandamus lawsuit လုပ်လိုက်လို့ ရုံးတောင် သွားရတာ မဟုတ်ပါဘူး၊ ရှေ့နေ ဆီအပ်လိုက်တယ် ရှေ့နေက USCIS ကို Mandamus lawsuit တင် လိုက်တယ်၊ လုပ်ငန်း စဥ်က ဒါပဲ။

✅တရားစွဲလိုက်လို့ တရားရုံးတက် ပြီး ဖြေရှင်း၊ ရှုံးသွား ရင် ဘာဖြစ် ဘာဖြစ်၊ ဒီလိုတွေ မရှိပါဘူး၊ USCIS ကလဲ အဲ့ဒီကိစ္စလေး တွေနဲ့ လိုက်ဖြေရှင်းနေဖို့ အချိန်မရှိပါဘူး၊ အဲ့တော့ ရလဒ် ဘာဖြစ်မလဲ အင်တာဗျူး မြန်မြန်ပေးပြီး ဒီကိစ္စကို ဖြေရှင်းပေးလိုက်ပါတယ်။ average အရဆိုရင် lawsuit လုပ်လိုက်ပြီးရင် ၃ ပတ် အတွင်း အင်တာဗျူး ခေါ်လေ့ ရှိပါတယ်။

✅သို့သော်လည်း ASB က ဒီလိုပြောလိုက်လို့ အားတက်သွားတာ ထက် Negative Feedback တွေပဲ များများကြားရပါတယ် (ဟိုကောင် ဂျဒူ ဇော်မဲလုံး စကားအရဆိုရင် နဂေးတစ် ပေါ့လေ :P)၊ ကျနော် ကျမတို့တော့ ၅ နှစ် ကြာပီ ၆ နှစ်ကြာပီ ဘယ်လို လုပ်မလဲ မသိဘူး USCIS ကိုလဲ တရားစွဲတာလဲ မလုပ်ရဲဘူး ကြောက်တယ် ဘာညာပေါ့ ဗျာ၊ ဒီမယ် ဒီမယ် ဘာကိုကြောက်ရတာလဲ ... ဒါက ပြစ်မှု့လုပ်တာ မဟုတ်ဘူး၊ ကိုယ်ရဲ့ ရရှိပိုင်ခွင့် ကို တောင်းဆိုရယူတာ၊ ရောင်းရင်းတို့ နှစ်တိုင်း အခွန်ဆောင်တယ်မလား ? အေး အခွန်ဆောင်တယ်ဆိုရင် အခွန်ထမ်း ပြည်သူထဲက ပြည်သူပဲ ဘာကိုမှ ကြောက်စရာ မလိုဘူး၊ ဘာမှ လဲ မဖြစ်ဘူး ၊ ဒါဟာ အမေရိက ဆိုတာလေး သတိရလိုက်။ ငယ်ငယ်တုန်းက အိမ်မှာ မောင်နှမ များတဲ့ သူတွေ ဆိုရင် ဘယ်သူ မုန့် ပိုစား ရလဲ သိလား ? အေး.... ငိုပြတဲ့ ကလေး ပိုစားရသဗျာ၊ ဒီလိုပဲ ဒီလိုပဲ များများ ငိုပြနိုင်ဖို့ လိုတယ်၊ ရည်းစား နဲ့ ကွဲလို့ အခန်းထဲ ကြိတ်ငို တာတော့ မပါဘူးပေါ့ဗျာ။

✅အဲ့တော့ မေးကြတယ် Mandamus lawsuit လုပ်တာ ဘယ်လောက်ကုန်လဲ ဆိုတော့ Average ကုန်ကျစရိတ်ဟာ $4000 နဲ့ $6000 ကြားမှာ ရှိတယ်။ law farm တခုနဲ့ တခုတော့ မတူကြတော့ အနဲ အများတော့ ရှိကြမှာပေါ့လေ၊ အဲ့ဒါတော့ ကိုယ်ဟာကို သွားစုံစမ်းကြချေတော့။ ASB ကတော့ လူတိုင်းကို လုပ်ကိုလုပ်ရမယ်လို့ အတင်းတိုက်တွန်းနေတာမဟုတ်ပါ. ကိုယ့်ရဲ့ case ကလည်း ခိုင်မာမှုရှိရင် ရှေ့နေနဲ့ သေသေချာချာ တိုင်ပင်ပြီး လုပ်သင့် / မလုပ်သင့် ကိုယ်ဟာကို ဆုံးဖြတ်နိုင်ကြပါစေ။

✅နောက်ဆုံး ပြောချင်တာကတော့ ‌ဝမ်းဆွဲသည်ပဲ အားမကိုးနဲ့ ကိုယ်ကိုယ်တိုင် ညစ်အားလေး ထုတ်ကြပါလို့၊ အားလုံး အဆင်ပြေချောမွေ့စွာ အင်တာဗျူး မြန်မြန်ရကြပါစေလို့ ဆုတောင်းရင်း၊ Happy Thanksgiving day! ပါ။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

22/11/2023

✅ရှင်းရှင်းလင်းလင်း သိနေပါစေ!✅
************************************

📌မောင်ရင်တို့ နော် အမေရိက ရောက်လာတယ်၊ ပြီးရင် လာမေးတယ် ဘယ်တော့ A လျှောက်ရမလဲတဲ့ ?၊ အာ့ရိုရို USCIS က ပြောထားတယ်လေ စရောက်ကထဲကနေ ၁ နှစ် အတွင်း ကြိုက်တဲ့ အချိန် လျှောက်လို့ ရပါတယ်လို့။ ကျုပ်မပြောဘူးနော် USCIS က ပြောထားတာ :P။

ဒါလေး သိပီနော် ဒါဆို ဒီမှာ ခဏလေး ရပ်ထားလိုက်၊ နောက်တခု ပြောမယ်။

📌မောင်ရင်တို့ အမေရိက ဝင်လာရင် နေထိုင်ခွင့် ဘယ်လောက်ပေးလေ့ ရှိလဲ ? ၆ လ ဟုတ်တယ်နော်။ ကဲ ၆ လ ရပါပီတဲ့၊ မောင်ရင်တို့ လျှောက်ချင်တာ A နော်၊ ဘာလို့လဲ မြန်မာပြည်မှာ အန္တရယ်များလို့ ခိုလှုံခွင့်တောင်းတာ မလား ? ဥပဒေ အရ မြန်မာပြည် ပြန်ရင် သာယာနေမဲ့ သူကတော့ ခိုလှုံခွင့် တောင်းမရဘူးပေါ့ဗျာ။

📌အဲ့တော့ အန္တရယ်များလို့ ခိုလှုံခွင့် ယူမယ်ဆိုတဲ့ ‌မောင်ရင် က ၆ လ ကြီး စောင့်စရာ လိုသလား ? အိုကေ စောင့်နေပါပီတဲ့ မောင့်ရင့်တို့ကို Officer က မင်း ၆ လ ဘာလုပ်နေလဲဆိုရင် ဆူရှီလိပ်နေတယ် ဖြေမှာလား ?၊ ကျန်တာတော့ ကိုယ်ဟာကိုယ် စဥ်းစား ဒါမှ ထပ်လာမေးရင် ဒုတ်နဲ့ လာရိုက်မယ် :P.

📌မလျှောက်သေးဘူးလား ရသေးတယ်။ ၆ လ ကျော်ရင် ဘာဖြစ်မလဲ ? Visa ကုန်ပီလေ၊ အဲ့တော့ ဘာဖြစ်လဲ၊ “unlawful presence" ဖြစ်တယ်လို့ ခေါ်တယ် အရပ်အခေါ် တော့ Overstay ပေါ့ဗျာ။
ဒီမှာ စလာပီ၊ ခိုလှုံခွင့် ခံယူပါမယ်ဆိုတဲ့ သူက ၆ လ Visa နဲ့ နေတာ မလုံလောက်သေးဘူး O လိုက်သေးမတဲ့။

📌“unlawful presence" ဖြစ်တာ ကောင်းလား မကောင်း ကိုယ်ဟာကို စဥ်းစား ပေါ့ဗျာ၊ စင်္ကာပူတို့ မလေးရှားတို့ ဆိုရင် O ရင် ဘာလုပ်လဲ သိလား ? -င်လှန် ပြီး ကြိမ်နဲ့ ရိုက်တာဗျား။
ဟဲဟဲ အဲ့လောက်တော့ မကြောက်ပါနဲ့ ဒါက အမေရိက ပါ အဲ့လို မလုပ်ပါဘူး။ ဒါပေမဲ့လို့ ဘာလုပ်ဖို့ Overstay label ကြီး အတပ်ခံမှာတုန်းဗျာ Blue label လောက်မှ မကောင်းတာကို :P (အရက်သမားက အရက် စကားပဲ ပြောမိတာတော့ စောရီးဗျာ)၊ အဲ့ဒီ Label ကြီးကို USCIS Officer မြင်တဲ့ အချိန်မှာ ရင်ထဲမှာ ပန်းတွေ ပွင့်ပြီး ရော့ကွာ Approve ဆိုပြီး ပေးလိုက် ..... မယ်......လို့ ထင်သလား ?။

📌တချို့ မေးသေးတယ်၊ ‌တရားရုံးမှာ ဘယ်လို လုပ်မလဲတဲ့။ ဟဲ့ .... သောက်ခွေး မောင်ရင့်ဟာ ခိုလှုံခွင့် တင်တောင် မတင်ရသေးဘူး ဘယ်နယ့် အောက်ရုံးမှာ ကျပြီး တရားကို ရောက်သွားရတာတုန်းဆိုတော့၊ ဟီးဟီး အောက်ရုံးမှာ ကျမှာစိုးလို့.. တဲ့. ....ဟောဗျာ..... ဘယ်နှယ့် စလုံးရေး စတောင် မလုပ်ရသေးဘူး ကျမယ်တဲ့။ ဒယ်အိုး ဆရာတော် စကား ငှားပြောချင်တာ ဒင်းတို့ကို.... ရှင်းသလား ? (အရက် သမား နဲ့ ဒယ်အိုး ဆရာတော် လေသံ လုံးလုံးကို မအပ်စပ်တာ :P)။
လုပ်ကြစမ်းပါ အောက်ရုံးမှာ တခါထဲ အောင်နိုင်အောင်. ဘယ်နဲ့ စစ်မရောက်ခင် မျှားကုန်နေတယ်။

📌ဒီကြားထဲမယ် ကျောင်းမတက်ဖြစ်လိုက်တဲ့ ညီငယ် ညီမငယ် ကျောင်းသား တချို့ ရှိသေးတယ်၊ ထားတော့ ကျောင်းမသွားဖြစ်တာ နောက်ခံ အခြေအနေ အကြောင်းအရာ အများကြီး ရှိကြတယ်။ မောင်ရင် က ကျောင်းနဲ့ လာတော့ အလယ် နဲ့ လာတဲ့ သူလို ၆ လ ရမယ်ထင်လို့လား ? NO ပါ။

📌ကျောင်းမတက်ဖြစ်ရင် ကျောင်းက ပုံမှန်အားဖြင့် ၁ လ ပဲ စောင့်လေ့ ရှိတယ် ၁ လ စောင့်ပြီးရင် ဘာလုပ်လဲ ? Terminate လုပ်လိုက်တာပေါ့ဗျာ။ အဲ့တော့ ဘာဖြစ်လဲ ? ကိုယ့်လူရဲ့ Visa မရှိတော့ဘူးပေါ့... ရှင်းသလား ?။
ယေဘူယျ အားဖြင့် ကျောင်းက terminate လုပ်လိုက်ပီဆိုရင် ဥပဒေ အရ ရက် ၃၀ အတွင်း အခြား Visa status မပြောင်းရင် နိုင်ငံ အပြင်ထွက်ရတယ်။ မထွက်ရင် ဘာဖြစ် ? Overstay ပေါ့ဗျာ သ‌ဘောပါသလား။

📌“unlawful presence" မှာ သတ်မှတ်ချက်ရှိတယ် overstay အဖြစ် ရက်ပေါင်း ၁၈၀ အတွင်း ပဲ ရှိတယ်ဆိုရင် သက်ညှာ စဥ်းစားပေးတယ်၊ ရက်ပေါင်း ၁၈၀ ကျော်လို့ ၁ နှစ်အောက်ဆိုရင် 3/10 Bar ထဲက 3 နဲ့ ညိပြီး မောင်ရင့်ဟာ penalty label အတပ်ခံရပီ, ပုံမှန်အားဖြင့်ဆိုရင် ဒီလို အတပ်ခံရသူဟာ နိုင်ငံ အပြင်ထွက်မိရင် ၃ နှစ် Ban ခံရပီပဲ။ ဒီထက်ပိုလို့ ၁နှစ် ကနေ ၃ နှစ်ကြား Overstay အဖြစ် ရှိခဲ့တယ် ဆိုရင် 10 နဲ့ ညိပြီး ၁၀ နှစ် Ban ခံရမယ်။

📌ဆိုတော့ မောင်ရင်တို့က A လျှောက်လိုက်တာမို့လို့ နိုင်ငံ အပြင် ပြန်မထွက်လို့ ဒါကြီးက ပြောက်ပြက်သွားမယ် ထင်နေတာလား ? မဟုတ်ဘူး label ကြီးက ပါသွားမှာ။ ပြန်ရင် အန္တရယ်ရှိမှာမို့လို မပြန်ပါဘူးဆိုမှ ဘယ်နဲ့ ၆ လ စောင့်တာ ၁ နှစ် စောင့်တာတွေ ဖြစ်နေရတာတုန်း၊ ဘာလဲ အဲ့အချိန်တွေက သိပ်ပြီး ...ဆိုပြေ အိုကေနေလို့လား၊ နည်းလမ်းလေးတွေ ရှိရင် ဒို့လဲ နဲနဲပေးကြအုံး ဟ ကြိတ်ပြီး ဥမထားနဲ့။

📌စာလဲ ရှည်နေပြီး ဒီထက်ပြောရင်လဲ အဆဲခံရတော့မှာ၊ အဲ့ဒီတော့ ကိုယ်ဟာကို စဥ်စားကြ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာ ကိုယ်ဟာကို ရှင်းရှင်းလင်းလင်း သိနေပစေ. အမေရိက ရောက်နေပီ .. မားမား boy တွေ လုပ်လို့ မရတော့ဘူး၊ ဆုံးဖြတ်စရာ ရှိတာ ဆုံးဖြတ် လုပ်စရာ ရှိတာ လုပ်။

⚠️Disclaimer: We are not lawyers, and this is just for knowledge-sharing purposes. It is not our intention to encourage anyone to seek asylum.


#အမေရိကား

Website