𝓚𝓪𝓾𝓷𝓰

𝓚𝓪𝓾𝓷𝓰

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝓚𝓪𝓾𝓷𝓰, Musician/Band, .

30/05/2022

"ကျွန်တော်ကြိုးစားရဦးမယ်"

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။

Crd #

30/05/2022

ကျွန်တော် ဆိုတာ....

17/04/2022

ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ...

ခင်ပွန်းဖြစ်သူက
သူ့ဇနီးလက်ကို ကိုက်နေတဲ့
မြွေကို မမြင်ဘူး...

ထို့အတူပဲ ဇနီးကလည်း
ကျောက်တုံးကြီး
ခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး...

ဇနီးက ထင်မယ်...
ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်...
သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ... ၊ ခင်ပွန်းအပေါ်
ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို
သူမ မတွေးမိဘူးလေ...

တဖက်မှာ
ခင်ပွန်းဖြစ်သူကလည်း
ငါ ဒီလောက် အားတင်းပြီး
ဆွဲပေးနေတာကိုတောင်
သူက ဘာလို့ အပေါ် ရောက်လာဖို့
သိပ်မကြိုးစားရတာလဲ?? လို့ တွေးနေမယ်... ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို
သူ မစဉ်းစားမိဘူး...

ဒီပုံလေးက
တကယ့်ဘဝတွေကို
အများကြီး ကိုယ်စားပြုနေပါတယ်...

လောကကြီးထဲမှာ
ဒီပုံ ထဲကလို
စုံတွဲတွေ အများကြီး ရှိနေပါတယ်...

တစ်ဖက်ရဲ့ ပေးဆပ်မှုကို မမြင်ဘဲ
ကိုယ်ပေးဆပ်နေရတာကိုပဲ
တွေးနေ၊ မြင်နေရင်
အဲဒီ လက်တွဲမှုဟာ
ခိုင်မြဲမှု အားနည်းနေပါလိမ့်မယ်...

ဒါကြောင့်
ကျွန်တော်တို့ ဘဝမှာ
ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့တဲ့အခါ၊ လျှို့ဝှက်ချက်တွေ၊ မာန်မာနတွေ
ဘေးဖယ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့၊
အပြန်အလှန် နားလည်မှု ပေးကြဖို့
လိုအပ်ပါတယ်...

ဒါမှသာ ခက်ခဲ ကြမ်းတမ်းတဲ့
လောကဓံ ကြားမှာ
လက်တွဲမြဲမြံစွာနဲ့
တူတူ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်...

17/04/2022

မောင့် လက်ကို တွဲထားတဲ့အချိန်မှာ...
သံသယ မေးခွန်းတွေ မမေးပါနဲ့။
ဘယ်ယောက်ျားနှင့်မှလည်း မနှိုင်းယှဉ်ပါနဲ့။လူတစ်ယောက်မှာ အရည်အချင်းတစ်မျိုးစီတော့
ရှိတတ်ကြစမြဲပါ...။

အပျော်တမ်း ရီးစားဖြစ်ဖို့အတွက်
ချစ်ခဲ့တာ မဟုတ်လို့
မောင့်အတွက်တော့ ချစ်သူဆိုတာ
အနာဂတ်ရဲ့ ဇနီးလောင်းပါပဲ...။

လက်တွဲထားကြတဲ့ အချိန်အတွင်းမှာ
အဆင်ပြေတာရှိမယ် မပြေတာရှိမယ်
သောကတွေလည်း ရှိခဲ့ဖူးကြမယ်...။

အတိတ်တွေကို အတိတ်တွေမှာပဲထားပြီး
အနာဂတ်ကို လှပအောင်ပဲ နေကြမယ်
တွဲလက်တွေကိုသာ ဂရုစိုက်ကြမယ်...။

ကိုယ့်မှာ အတိတ်ရှိသလို
သူ့မှာလဲ အတိတ်ဆိုတာရှိမှာပဲ...
အတိတ်ဆိုတာ ပြန်တူးဆွနေဖို့မှ မဟုတ်တာ

လက်တွဲဖော်ဆိုတာကို နှလုံးသားရဲ့
အလိုဆန္ဒအရ ရှာဖွေကြတာလေ...။

17/04/2022

အချိန်တိုင်း တော့စိတ်ကောင်းလေးအမြဲ
မမွေးနိူင်ပါဘူး ဒါပေမယ့် အတတ်နိူင်ဆုံးတော့
သည်းခံပြီး မေတ္တာထားလိုက်တယ်...။

နောရာတိုင်းမှာတော့ လူကောင်းတွေနဲ့မတွေ့နိူင်ပါဘူး အဲ့ဒီစိတ်နဲ့ပဲ လူတစ်ချို့အပေါ်ကို ဥပေက္ခာပြုထားလိုက်တယ်...။

တွေ့မြင် ကြားသမျှကို လိုက်ပြီးခံစားနေရင်း
ကိုယ့်ကိုယ်ကို စိတ်သောကတွေ ပေးနေမယ့်အစား
သတိနဲ့ယှဥ်ပြီး တစ်ချို့အရာတွေကို မေ့ဖျောက်နိုင်အောင် ကိုယ့်စိတ်ကို သတိထားလိုက်တယ်...။

ဘယ်သူတွေက ကိုယ့်အပေါ်ကို ဘယ်လိုပြုမူတယ်ဆိုတာက သူတို့အလုပ်ပဲမဟုတ်လား ဒါကြောင့် ကိုယ်စိတ်ဓာတ်ကို ရိုက်ချိုးဖို့ သီးသန့်တိုက်ခိုက်လာရင် ရှောင်ပြီး နှုတ်ဆိတ်နေလိုက်တယ်...။

တတ်နိူင်သမျှ တော့လူတိုင်းအပေါ်ကို
မေတ္တာအမြဲထားတယ် တစ်ဖက်လူရဲ့ ခံယူချက်တွေ ဘယ်လိုရှိလဲ ဆိုတာတော့ အာရုံ မထားဘူး
ကိုယ်ပေးလိုက်တဲ့ မေတ္တာတွေစစ်မှန်နေရင်
အေးချမ်းတယ် မဟုတ်လား...။

လေးစားစွာဖြင့်
မူရင်းစာရေးသူ...
MayHsu(ရာမညမြေ)
#မေဆုရာမညမြေအတွေးရသစာစုလေးများ

17/04/2022

မင်းကြိုက်တတ်တဲ့ အရာတွေကို
မြင်ရတဲ့အခါတိုင်းမှာ ငါလဲ မျက်ရည်ဝဲတတ်နေပြီ

ဘာမှလုပ်မပေးနိုင်တဲ့ ခေတ်ကာလရဲ့ အခက်အခဲတွေထဲမှာ
မင်း ဘယ်လို ဖြတ်သန်းနေရမလဲလို့ တွေးမိတဲ့အခါတိုင်းငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်အောင် ဖြစ်ရတယ်

အခုအချိန် တစ်ယောက်ယောက်က
ဘာဖြစ်ချင်လဲ လို့ မေးလာခဲ့ရင်

ဒီကမ္ဘာနဲ့ အဝေးဆုံးဆီ
မင်းကိုခေါ်ပြီး ထွက်သွားချင်တယ်

အဲဒါ ငါ့ သစ္စာတရားပဲ ။

#နွေသစ်ငြိမ်း

Website