Ǿǿ Míñ ĥťěť

Ǿǿ Míñ  ĥťěť

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ǿǿ Míñ ĥťěť, Beauty, cosmetic & personal care, .

25/07/2022

ငါနဲ့တွဲရင်
ငါမမ
သူများနဲ့တွဲရင်မသာမ😁

23/06/2022

Passwordပေးလဲ ပြတ်မှာပဲ 🧐

Cover မှာသူ့ပုံထားလဲပြတ်မှာပဲ🥴

Wallpaperမှာသူ့ပုံထားလဲပြတ်မှာပဲ😚

Bioမှာ dateတပ်ထားလဲပြတ်မှာပဲ🙆🏻‍♂️

ဘယ်လောက်Aniဘဲဖြစ်ဖြစ်ပြတ်မှာပဲ🤭

ဘယ်နေရာမှာဘယ်လောက်date date ပြတ်မှာပဲ🤪

Silentတွဲလဲ ပြတ်မှာပဲ🥳

Officialတွဲလဲ ပြတ်မှာပဲ🤩

Vc နေ့တိုင်းပြောလဲ ပြတ်မှာပဲ🤓

Profile ဆင်တူထားလဲပြတ်မှာပဲ😷

သူ့နာမည်ကို Tattooထိုးထားလဲပြတ်မှာပဲ😜

နာရီ ဆင်တူဝတ်လဲပြတ်မှာပဲ😎

ဖိနပ်တွေ ဆင်တူစီးလဲပြတ်မှာပဲ🤗

ဘယ်လောက် သစ္စာရှိရှိ ပြတ်မှာပဲ🙃🙃

ပြောချင်တာကကွာ
ဘယ်လိုနေနေ ပြတ်မှာပဲ 🙂👍 ok

Photos from Fb နည္းပညာ's post 21/04/2022
28/03/2022

☺️

28/03/2022

😊

04/09/2021

-ဘုရားကအပြန် လမ်းလျှောက်လာတုန်း ၁၀၀တန် တစ်ရွက် ကောက်ရတယ်။

-အဲ့ဒါနဲ့ ၂လုံးကို(10)၁၀၀လုံး
မRဘဲ ဒဲ့ထိုးလိုက်တယ်။နေ့လည် ထွက်ချလာတာ 10တဲ့။(ဟဟ)ပေါက်ပြီ ၈၀၀၀ကို ဒိုင်ဆီကထုတ်လိုက်တယ်။

-သင်ပန်းကုန်းဘက်ထွက်လာလိုက်တယ်။အဲ့မှာစိတ်ကြွဆေးပြား 88စာတန်းနဲ့ဟာ ၄လုံး ဝယ်လိုက်တယ်။ လက်ထဲ ၈ထောင်ကုန်သွားရော။မြို့ထဲပြန်လာပြီး သူငယ်ချင်းကို ၃၅၀၀နဲ့ ရောင်းလိုက်တယ်။လက်ထဲ ၁၄၀၀၀ ရလာတယ်။

-မြစ်ငယ်ဘက်ထွက်လာလိုက်တယ်။ဆေးခြောက် ၅ကျပ်သားအိတ်ကို၁၃၀၀၀ကျပ်နဲ့ဝယ်လာတယ်။ကျုံးဘေးမှာ အသိrockerဘဲကြီးကို ၄၀၀၀၀နဲ့ရောင်းလိုက်တယ်။

လက်ထဲ ၄၁၀၀၀ရလာပြီ။ ဆီ၁ထောင်ဖိုးပြန်ထဲ့။
-မြို့သစ်ထဲက ငါးဂိမ်းဆိုင်သွားတယ်။၁သောင်းဖိုးထဲ့ ပစ်တယ်။ ထိုင်ထိုင်ချင်း ထပွက်တယ်။ ၁၈၀၀၀၀ရတယ်။
လက်ထဲကျန်တဲ့၃သောင်းနဲ့ပေါင်းတော့ ၂၁၀၀၀၀ရတယ်။

-ဆိုင်ကယ်ထဲ ဆီ အပြည့်ဖြည့်တယ်။နောင်ချိုကိုလာတယ်။

88မဝယ်ဘူး။wy ၂ထုပ်ဝယ်တယ်။၁ထုပ်၁သိန်းနဲ့။
လက်ထဲကျန်တာ၅ထောင်ဘဲရှိတော့တယ်။

မန်းလေးရောက်တော့ ဘူတာကြီးသွားတယ်။ နေပြည်တော်လက်မှတ်ဖြတ်တယ်။ဟိုရောက်တော့ ၁ထုတ်၃၅၀၀၀၀နဲ့ ၂ထုတ် ၇ သိန်းနဲ့ ရောင်းလိုက်တယ်။
မန်းလေးပြန်လာတယ်။

-ဆိုင်ကယ်ယူပြီးကွတ်ခိုင်သွားတယ်။88 ဆယ်ထုတ်စီးကို ၆၅၀၀၀၀နဲ့ ယူလာတယ်။ရန်ကုန်သွားတယ်။၁ထုတ် ၅သိန်းနဲ့ ထုတ်လိုက်တယ်။

လက်ထဲ သိန်း၅၀ ရှိလာတယ်။

-မြဝတီဘက်ထွက်လာတယ် ice 1kg တထုတ်၄၅သိန်းနဲ့ဝယ်လိုက်တယ်။
ရန်ကုန်မှာ သိန်း ၂၅၀နဲ့ ထုတ်လိုက်တယ်။ လက်ထဲသိန်း ၂၅၀ရှိလာပြီ။
-AD Vanကို ၇၅သိန်းနဲ့ ဝယ်လိုက်တယ်။မြဝတီကို ပြန်ဆင်းတယ်။
Ice 3kgကို ၁၃၅သိန်း။WY ဆယ်ထုပ်စည်း ၈ထုပ် ၁ထုပ် ၅သိန်းနဲ့ ၄၀ဖိုးဝယ်ခဲ့တယ်။ရန်ကုန်မှာ Iceရောင်းလိုက်တာ သိန်း ၇၅၀ရတယ်။
-WYတွေနဲ့ နေပြည်တော်ဆက်ဆင်းခဲ့တယ်။ဆယ်ထုတ်စည်း တစည်း ၃၅သိန်းနဲ့ ၈စည်း သိန်း ၂၈၀ ယူပြိ်း မန်းလေးပြန်လာတယ်။လက်ထဲ သိန်း၁၀၃၀ရယ် ကားတစီးရယ် ရှိလာတယ်။
-၁၂ဘီးကား ၂စီး သိန်း ၄၃၀နဲ့ဝယ်လိုက်တယ်။ လက်ထဲသိန်း၆၀၀ကို အမိုနီယမ် တန်၅၀ ဝယ်လိုက်တယ်။ ဖားကန့်တက်ပြီးရောင်းလိုက်တယ် ၁တန် သိန်း ၃၀ နဲ့။ သိန်း ၁၅၀၀ရယ်၊ကားကြီး၂စီးရယ် ကားလေး ၁စီးရယ် ပိုင်လာပြီ။
ဖားကန့်ကအပြန် ကောလင်း၊ဝန်းသို၊ ဗန်းမောက်ကို ဝင်။ တမလန်း ၁တန် ၇သိနျးနဲ့ တန် ၅၀ ဝယ်လာခဲ့တယ်။လက်ထဲ သိန်း ၁၁၅၀ဘဲကျန်တယ်။
-မူဆယ် ဆက်ထွက်တယ် ၁တန် သိန်း ၁၂၀နဲ့ ရောင်းတယ်။ သိန်း ၆၀၀၀ရယ် လက်ကျန်သိန်း ၁၁၅၀ရယ် ပေါင်း သိန်း၇၁၅၀။
မူဆယ်ကအပြန် ပစ္စတို ၁၀လက်၊ M-16၁၀လက်၊လက်ပစ်ဗုံး၅လုံးဝယ်လာခဲ့တယ်။သိန်း၂၅၀ဖိုးဝယ်ခဲ့တယ်။ ကားကြီး၂စီးလုံး အမိုနီယမ်၂၅တန်စီ ၁တန် ၄သိန်းခွဲနဲ့ ၂၂၅သိန်းဖိုး။ (ကပ်သီး) ဖာ ၅၀ ၁ဖာ ၁၂သိန်း နဲ့ သိန်း ၆၀၀ဖိုးဝယ်ပြီးဆင်းလာတယ်။ဖားကန့်ပို့လိုက်တယ် သိန်း ၁၅၀၀ရတယ်။ ကပ်သီး ဖာတွေကို ၁ဖာ သိန်း ၆၀နဲ့ ဖာ ၅၀ကို သိန်း၃၀၀၀နဲ့ရောင်းလိုက်တယ်။ပစ္စတို M-16 လက်ပစ်ဗုံးတွေကိုယ် ကျောက်ကျင်းသူဌေးတွေရောင်းလိုက်တယ်သိန်း ၁၄၀၀ရတယ်။လက်ထဲ သိန်း ၁၁၉၇၅ရှိလာပြီ။
-အပြန် ကို ကြိုက်တဲ့ ရေမဆေး လုံးစွပ် ၁၀လုံး ပိသာ ၃၀၀နီးပါးရှိတဲ့ဟာတွေကို ၁လုံး ၄၅သိန်းပေးပြီး ဝယ်ဆင်းလာတယ်။သိန်း ၄၅၀။ဗန်းမောက်ဝင်ပြီး သစ် ၄၆တန်ဝင်သယ်တယ်။၃၂၂သိန်း ပေါင်း ၇၇၂သိန်း။မူဆယ်ရောက်တော့ သစ်က သိန်း ၅၅၂၀၊ကျောက်က ၁လုံး သိန်း၅၀၀နဲ့ ပြန်ရောင်းလိုက်တယ် သိန်း၅၀၀၀။ပေါင်း သိန်း ၁၀၅၂၀။အား လုံး စုစုပေါင်း သိန်း ၂၁၇၂၃။

ကဲ..၁၀၀ကျပ်တန်လေး ၁ရွက်နဲ့ လုပ်စားပြတာ ခု သိန်းပေါင်း ၂၁၇၂၃ရယ် ကား၃စီးရယ်..ပိုင်ဆိုင်သွားပြီ
ကောင်းရောင်းကောင်းဝယ် လုပ်စားလို့ ရသွားပါပြိ် ခင်ဗျာ။ယခုစာဖတ်နေတဲ့သူ လုပ်ကြည့်ပါ သင် အောင်မြင်ပါလိမ့်မယ်
တခုခုတော့ အောင်မြင်လိမ့်မယ်။
'ဘယ်အရာမှ သင်အလကားမရပါဘူး
တခုခုတော့ ပေးဆပ်ပြီးမှ အောင်မြင်မယ်ဆိုတာ သင့်ရင်ထဲ အမြဲမှတ်ထားပါ'
စိတ်ကူးနဲ့ အရင် တည်ဆောက်ပါ။အောက်ခြေခိုင်အောင် သင့်စိတ်ကူးထဲ ပုံဖော်တည်ဆောက်နိုင်ပါတယ်။ဒီလို တည်ဆောက်လို့ မှားသွားရင် ပိုက်ဆံ မကုန်သေးပါဘူး။ဒါဟာစိတ်ကူးအဆင့်ဘဲရှိပါသေးတယ်။ဒါကြောင့် ကိုဖန်တီးပုံဖော်မဲ့အရာကို ၁ "Check.
၂"Recheck.၃ "Countercheck. ဒီထက်မက အပြန်ပြန် checkလုပ်ကြည့်ပါ။
ယခု ချမ်းသာနေတဲ့သူတွေအားလုံးလည်း ဒီနည်းစနစ်ကို အသုံးပြုပြီး ချမ်းသာလာတယ်ဆိုတာ မမေ့ပါနဲ့။...မိတ်ဆွေသင့်ရည်မှန်းချက် အောင်မြင်ပါစေ။

PS... ထောင်ထဲရောက်ကျွန်မနဲ့မဆိုင်

29/08/2021

♥ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသည်မှာ ဘုရားဟော မဟုတ် ♥

"ဗုဒ္ဓဘာသာ မြန်မာအများစု"ရဲ့
"လွဲနေတတ်တဲ့ အလွဲတွေအကြောင်း"-စာတွေရေးပေးနေတာသိတော့.....

"ဒကာတစ်ယောက်"က....

“အရှင်ဘုရား
တပည့်တော်တို့ မြန်မာ တွေမှာ
ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ
အဲဒီလိုပဲ သတ်သေပြီးသေရတယ်-ဆိုတာ
ဟုတ်ပါသလားဘုရား၊

"ဟုတ်တယ်"ဆိုရင်,
တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ-
ရဟန်းတစ်ပါး ဟာ ကိုယ့်လည်ပင်း ကိုကိုယ်
ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့်
အဲဒီအခိုက်မှာ "ရဟန္တာ" ဖြစ်သွားတယ်လို့လည်း
ဖတ်ဖူးပါတယ်။

"ရဟန္တာ"ဖြစ်သွားရင်
နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊

ဒါဆိုရင်,
ဒီ အဖန်ငါးရာ ငါးကမ္ဘာ ခံရတဲ့ကိစ္စ
တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့
မေးဖူးပါတယ်။

ဟုတ်ပါတယ်။
ဒီ "ဒကာ"ပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ,
ဒီ"အဖန်ငါးရာငါးကမ္ဘာ ကိစ္စ"နဲ့ ပတ်သက်ပြီး
လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့
စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း-
"ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့
အဖန်ငါးရာငါးကမ္ဘာအကြောင်း"ကို
"လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ်"
အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့,
အဲဒီလို-
"ကိုယ့်ကိုယ်ကို သတ်သေရင်
နောင်ဘဝ တွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင်
အခုလိုပဲ သတ်ပြီး သေရတယ်"ဆိုတဲ့ အယူအဆဟာ
အတော့်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။

ဘုရား ဟောမဟုတ်သလို...
ကျမ်းဂန်မှာပါတဲ့အချက်လည်း မဟုတ်ပါဘူး။

"ပိဋကတ်တော်"မှာလာတဲ့
"ဇာတ်တော်တစ်ခု"တော့ ရှိပါတယ်။

အဲဒီ"ဇာတ်တော်"က-
“ဧကနိပါတ် ၊ မတကဘတ္တဇာတ်” ဖြစ်ပါတယ်။

ဒီ"ဇာတ်တော်"မှာ
"ဒိသာပါမောက္ခ ဆရာကြီးတစ်ဦး"ဟာ,
"သေသူ"ကို ရည်စူးပြီး "ဆိတ်တစ်ကောင်"ကို
သတ်ဖို့ ရေချိုးပေးချိန်မှာ အဲဒီ"ဆိတ်"ဟာ
တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး၊
ငိုလည်းငိုတယ်လို့ ဆိုပါတယ်။

ဒါနဲ့ "ဆရာကြီး"က...
"ဘာကြောင့်
ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲ?"လို့မေးတော့

"ဆိတ်"က,
“ကျွန်ုပ်လည်း အတိတ်ဘဝတစ်ခုမှာ...
အခု ဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို
လည်ဖြတ်သတ်ခဲ့မိလို့
အဲဒီ..."အကုသိုလ်ဝဋ်ကြွေး"ဟာ
ဒီဘဝ အထိ "ဘဝပေါင်း (၄၉၉)ဘဝ"
တိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း။

ဒီလိုဝဋ်ကြွေးကို နောက် တစ်ဘဝပဲ ခံပြီးရင်
ကုန်ဆုံးတော့မှာ... ဖြစ်တာကိုတွေးပြီး
ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့။

ငိုတာကတော့-
အခု အကျွန်ုပ်ကို သတ်မယ့်
"ဆရာကြီး"လည်း ကျွန်ုပ်လိုပဲ
"ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလား"လို့
တွေးပြီး စိတ်မကောင်း ဖြစ်မိတဲ့အတွက်
ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။

ဒီတော့မှ "ဆရာကြီး"ဟာ ကြောက်လန့်ပြီး
"ဆိတ်"ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။

ဒါပေမယ့်...
"အကုသိုလ် ဝဋ်ကြွေး"ရှိတဲ့ "ဆိတ်"ဟာ
တစ်နေရာမှာ "မိုးကြိုး"ထိလွင့်လာတဲ့
"ကျောက်ချပ်"ထိပြီး လည်ပင်းပြတ်ကာ
သေသွားခဲ့ရပါတယ်။

"ဝဋ်ကြွေး"ပါလာတော့တစ်ဦး မသတ်လည်း
တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီ"ဇာတ်တော်လာ အကြောင်းအရာ"ကိုကြည့်ရင်-

"ဆိတ်"ဟာ
အတိတ်ဘဝ လူဖြစ်စဉ်က
"ဆိတ်တစ်ကောင်"ကို သတ်ခဲ့မိတဲ့
"ဝဋ်ကြွေး"ကြောင့် "ဘဝပေါင်းငါးရာ"တိုင်အောင်
အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒါဟာ...
ကိုယ့်ကိုယ်ကို သတ်သေလို့
"အဖန်ငါးရာ၊ ဘဝငါးရာ"ခံရတာ မဟုတ်ဘဲ,

သူများကို သတ်မိတဲ့
"အကုသိုလ် ဝဋ်ကြွေး"ကြောင့် ဘဝပေါင်းများစွာ
အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ
ဖြစ်ပါတယ်။

ဒီ"ဇာတ်တော်"လာ အကြောင်းကို
"နားစွန်နားဖျား" ကြားမိရာက
"ကိုယ့်ကိုယ်ကိုယ် သတ်သေရင်
အဖန်ငါးရာ ၊ငါးကမ္ဘာ ခံရတယ်"ဆိုပြီး
အမှတ်လွဲနေတာ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သေချာတာကတော့...
"ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက်
အဖန်ငါးရာ ငါးကမ္ဘာအထိ
အဲဒီလို ထပ်တူသတ်သေရမယ်"ဆိုတဲ့ အယူအဆဟာ
"လွဲနေတယ်"ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့-
"ကိုယ့်ကိုယ်ကို သတ်သေတာ
အဖန်ငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူး"ဆိုပြီး
စိတ်ညစ်ညစ်နဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလည်း
မလုပ်မိကြဖို့ လိုပါတယ်။

လူအတော်များများက မဟုတ်တာဆို
သိပ်ပြီးအတုယူတတ်တာ ဆိုတော့
သူများသတ်သေတာတွေကြည့်ပြီးကိုယ့်ကိုယ်ကိုယ်
သတ်သေမိမှာစိုးလို့ ပြောရတာပါ။

သေချာစဉ်းစားရမှာက...
အဲဒီလို စိတ်ညစ်လို့
"ကိုယ့်ကိုယ်ကိုသတ်သေတဲ့ သူတစ်ယောက်"ရဲ့
"သေခါနီး စိတ်အစဉ်"ဟာ,
ဘယ်လိုမှ "ကောင်းတဲ့စိတ်အတွေး"
မဖြစ်နိုင်တဲ့အတွက်၊ ဒီစိတ်နဲ့ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်လိုက်မယ်ဆိုရင် “ကောင်းတဲ့ဘုံဘဝ” မှာ
ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။

"သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်"ဟာ
နောက်"ဘဝ"မှာ အရင် အကျိုးပေး တာ
ဖြစ်တဲ့အတွက် "သေခါနီးစိတ်အစဉ်"ဟာ
"အထူးသတိပြုရမယ့် အချက်"ဖြစ်ပါတယ်။

ဒီတော့ကား
"သတ်သေမှု"နဲ့ ပတ်သက်ပြီး,
ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့
သူတပါးကို သတ်လိုက်တာ မှာ

"ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက်
ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ
သတ်ပြီးသေရတယ်"ဆိုတာ...
အခြေအမြစ်မရှိတဲ့ စကားဖြစ်ကြောင်းနဲ့၊

သူတပါးကို ကိုယ်က သတ်တာဆိုရင်တော့,
သတ်တဲ့"စိတ်စေတနာ"အတိုင်း
ဒီ"အကုသိုလ် ဝဋ်ကြွေး"ကို ပြန်လည်
ပေးဆပ်ရတတ်ပြီး,"အကုသိုလ်"အပြစ် သိပ်ကြီးရင်
"ဘဝပေါင်း ငါးရာ"အထိတောင်
ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

"ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်း"မှာလည်း-
"ခန္ဓာကိုယ်ရဲ့အပြစ်"ကိုမြင်ပြီး
"ခန္ဓာကိုယ် ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်း"မှာ
"အပြစ်မရှိ"ပေမယ့်။ "ဒေါသအလျောက် သတ်မိရင်"တော့
အပြစ်ဖြစ်တတ်ပါတယ်။

"အပြစ်ဖြစ်တတ်တယ်"ဆိုတာ ခုနပြောသလို
"သေခါနီး စိတ်အစဉ်"ဟာ မကောင်းနိုင်တဲ့အတွက်,
"သေပြီးနောက် အပါယ်ဘုံဘဝ"တွေအထိ
ရောက်စေနိုင်တာဖြစ်လို့
"အပြစ်ဖြစ်တတ်တယ်"လို့ ဆိုခြင်းဖြစ်ပါတယ်။

"ဗုဒ္ဓ"လက်ထက်က “ဝဂ္ဂလိ” အမည်ရှိတဲ့
"မထေရ်တစ်ပါး"ဟာ"ခန္ဓာကိုယ်"ကိုငြီးငွေ့ပြီး
"ခန္ဓာကိုယ်ရဲ့ အပြစ်"ကိုမြင်တဲ့အတွက်
"ကိုယ့်လည်ပင်း ကို ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်"လို့
ဆိုပါတယ်။

ဒါပေမယ့်,
အဲဒီ"မထေရ်"ဟာ ဒီအခိုက်မှာ
"ဝေဒနာ"ကိုရှု လိုက်တဲ့အတွက်
"ရဟန္တာဖြစ်သွားတယ်"-လို့
“ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)” မှာ
ဖော်ပြပါရှိပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့်-
"ခန္ဓာကိုယ်ရဲ့ အပြစ်"ကိုမြင်ပြီး
"ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်း"မှာ
ဒီလိုသတ်သေလိုက်တဲ့အတွက်
"အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူး"ဆိုတာ
သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက-
မြန်မာအများ အမှတ်မှားနေကြတဲ့
"ကိုယ့်ကိုယ်ကို သတ်သေရင်
အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်"ဆိုတဲ့
အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊

"ကိုယ့်ကိုယ်ကို သတ်တဲ့ကံ"မဟုတ်ဘဲ
"သူများကို သတ်ခဲ့တဲ့
ပါဏာတိပါတ ကံ"မျိုးကသာ
"ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ
အကြီးအသေး"ကိုလိုက်ပြီး
တစ်ခါတစ်လေ "ဘဝ ပေါင်းငါးရာ"အထိ
ပြန်လည် အသတ်ခံရတတ်ကြောင်း
ဆိုလိုတာ ဖြစ်ပါတယ်။

"ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ
"ပါဏာတိပါတကံ မမြောက်"တဲ့အတွက်
"ပါဏာတိပါတကံ ကို
ကျူးလွန်တဲ့အပြစ်"အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့်,

"လောကဓံ"ကို မခံနိုင်လို့
"ကိုယ့်ကိုယ်ကို သတ်သေတဲ့
သူတစ်ယောက်"ဟာ အသေ မကောင်းတဲ့အတွက်
"ဘဝကူး" လည်း မကောင်းနိုင်တာဖြစ်လို့
ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာလည်း
လွဲနေတဲ့ အလွဲတစ်ခုဖြစ်ကြောင်း"
သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့်-
"လွဲနေကြတဲ့ အလွဲ"တွေထဲမှာ-

"ကိုယ့်ကိုယ်ကို သတ်သေရင်
အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ
သတ်သေရတတ်တယ်"ဆိုတဲ့ မြန်မာတွေရဲ့
"အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ်
"အများကြီးကို လွဲနေတဲ့ အလွဲတစ်ခု"သာ ဖြစ်တဲ့အတွက်။

ဒီလိုအလွဲမျိုးကို...
အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့
တကယ် သတ်ချင်တယ်ဆိုရင်
ကိုယ့်သန္တာန်မှာ ရှိနေတဲ့ “ကိလေသာ”တွေကိုသာ
အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့
အသိပေးတိုက်တွန်းရင်း....

လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ်
အသိဝင်ကာ ပြုပြင်နိုင်ဖို့
စေတနာထား မေတ္တာအားဖြင့် အသိစကား
ပါးလိုက်ရပါတယ်။
O m H

08/06/2021

😂😂😂

Website