5 Minutes Health

5 Minutes Health

ကျန်းမာရေးနဲ့ ပတ်သတ်ရင် မေးလို ရာ မေးနိုင်ပါသည်။

26/08/2020

ဒီနေ့မနက် covid 19 လူနာ အသစ်တွေ့တာ
အယောက် ၇၀ ပါ။
အားလုံး သတိထားကြပါ။

14/08/2020

" ဆေးထိုးမှားတယ်
ဆေးမှား ထိုးလို့ သေသွားတယ် ''
ဆိုတဲ့အသံဟာ
ကျွန်တော် ဆရာဝန်မဖြစ်ခင်ကတည်းက
ကြားနေကျ အသံမျိုးဖြစ်ပါတယ် ။

" ဘယ်ဆေးရုံက ဆရာဝန်တွေကတော့
ဆေးမှားထိုးလိုက်လို့
ရွာက ဘယ်သူတော့
သေသွားပြီ ။
အဲ့ဒီ့ဆေးရုံကို မသွားကြနဲ့တော့ ''

စသဖြင့် ပြောတတ်ကြတယ်။

ဒီလိုပြောလို့
တရားရုံးက စစ်ဆေးပေးတာမျိုး
သတင်းဖြန့်တာမျိုးတော့ မဟုတ်ဘူး။

လူတစ်ယောက် ရုတ်တရက် ရောဂါရတယ်
နဂိုက အကောင်းကြီး ဒေါင်ဒေါင်မြည်ပဲ
ဆေးရုံ တက်လိုက်ရတယ်
ပြီးတော့ မကြာခင် သေသွားတယ် ။

ဒါမျိုးဆို အရင်ထဲ ရွာထဲကလူတွေ အနေနဲ့
ဆေးထိုးမှားတယ်လို့ သတ်မှတ်လိုက်ကြတယ်။
မနာလိုတဲ့ ဆေးကုသူအချင်းချင်း
(ဆရာဝန်၊ဆရာဝန်မဟုတ်သော ကုသသူများ စသဖြင့်) သူတို့
ဖြန့်ဝေတဲ့ သတင်းအမှားတွေက
အစပြုတယ်လို့
‎ယူဆမိပါတယ်။

ဆေးကုပေးနေတဲ့
ဆေးဆရာတစ်ယောက်ရဲ့ စကားဆိုရင်
ဆရာဝန် ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒီနိုင်ငံကလူတွေက
အမှန်ထင်တတ်ကြတာပါပဲ။

" ဒေါ်ဘယ်သူကတော့
ဘယ်ဆရာဝန်က ၊ ဘယ်ဆေးဆရာက
ဆေးမှားထိုးလိုက်လို့ သေသွားတာ '' လို့
ပြောလိုက်ရင်ပဲ

အရပ်နေလူထုက
" အင်း ဟုတ်လောက်တယ်
နဂိုက အကောင်းကြီး
ရုတ်တရက် ဖျားရုံလေးပဲကို
ဆေးထိုးလို့ သေသွားတာ ''

ဒီလို Logic နဲ့ ယူဆပြီး
တွေ့သမျှလူ ပြောတော့တာပါပဲ။

တခြားနယ်တွေတော့ မသိဘူး
ကျွန်တော်က တောင်ငူနယ်က ဆိုတော့
အရပ်ထဲမှာ တောင်ငူဆေးရုံကြီးက ဆေးခဏခဏ မှားတယ် ဆိုတာ ကြားရတယ်။
ခလေးဘဝကတည်းက အခုထိပါပဲ။

သေသေချာချာ တွေးကြည့်ရင်
ဖြူးဆေးရုံလိုမျိုး မြို့နယ်ဆေးရုံကို ကျော်ပြီး
တောင်ငူဆေးရုံကြီးကို တက်လိုက်ရကတည်းက
အခြေအနေ ပြင်းထန်နေလို့ပဲ ဖြစ်တယ်။
ဒီတော့ သေဆုံးသွားရင် တောင်ငူဆေးရုံကြီးက
ဆေးမှားတယ်လို့ ပြောကြကုန်ရော ။

ကျွန်တော် တို့ နယ်ဘက်မှာ တစ်ခုခုဆို
တောင်ငူဆေးရုံကြီးကို လက်ရှောင်ပြီး
နေပြည်တော် ပဲ သွားကြတာများပါတယ်။

ဒီတော့ တကယ့် အစစ်အမှန် ဆေးထိုးမှားတယ်ဆိုတာ ဘယ်နှမျိုး ရှိသလဲ ဆိုတာကို
ကျွန်တော်ရရှိထားတဲ့ MBBS ဘွဲ့လေးအလျောက်
ပြောပြပေးချင်ပါတယ်။

ဆေးထိုးမှားတယ် ဆေးထိုးမှားတယ် လို့
ပြောကြရမှာ
တကယ်တမ်း ဆေးထိုးမှားတဲ့ အဓိက အမျိုးအစား ၂မျိုး ရှိပါတယ် ။

၁။
ပထမတစ်မျိုးက အဖြစ်ပိုများပါတယ်။
ဒါပေမယ့် အခေါ်အဝေါ်လွဲမှားနေကြပါတယ်။
တကယ်တော့ သူက ဆေးထိုးမှားတာ မဟုတ်ဘူး
ဆေးနဲ့လူနာ မတည့်တာ ပါ။

ဒီအမျိုးအစားမှာ ဆေးထိုးခါနီး ဆေးပေးခါနီး
လူနာကို အရင်မေးပါတယ်။
‎ဆေးမတည့်တာ ရှိသလားပေါ့။
‎ရှိတယ်ဆိုရင် မတည့်တဲ့ဆေးကို လက်ရှောင်ပါတယ်။

ဒီနေရာမှာ ဆေးမတည့်တာ မဖြစ်ပါဘူး လို့
ပြောပေမယ့် မစမ်းဖူးသေးလို့ မသိသေးတာပဲ
ဒီလို ယူဆပြီး မထိုးခင်မှာ ဆေးပမာဏ အနည်းငယ် လေးကို အရေပြားမှာ ထိုးပြီး ၃၀မိနစ်ခန့် စောင့်ကြည့်လေ့ရှိပါတယ် ။

မတည့်တဲ့ လက္ခဏာတွေ ဖြစ်တဲ့
ယားတာ ၊ အသက်ရှူ ကြပ်တာ ၊ ပျို့အန်တာ၊ မျက်လုံးပြာတာ ၊ အဖုအပိန့်ထတာ ၊ နှုတ်ခမ်းထူလာတာ ၊ မျက်နှာ အမ်းလာတာ ၊ ခါးအလွန်အမင်းနာလာတာ စသဖြင့်
ဖြစ်ပေါ်လာရင် ဖြေဆေးတစ်မျိုး သို့မဟုတ် လိုအပ်သလောက် ထိုးပေးပြီး စောင့်ကြည့်ပြီး
ဆေးပြောင်း စမ်း ရပါတယ် ။

ဒီနေရာမှာ ဆရာဝန်တွေ သူနာပြုတွေ ဆေးဆရာတွေ အတွက် အထူးသတိပြုစရာတစ်ခု ရှိပါတယ် ။
လူနာအတွက်လည်း အလွန် အန္တရာယ် ကြီးတဲ့ ကိစ္စပါ။
ဓားသွားပေါ် လမ်းလျှောက် ရသလို ဖြစ်ရပ်တစ်မျိုးရှိနေပါသေးတယ် ။

အင်္ဂလိပ်လို " Idiosyncrasy / Idiosyncratic Reaction to drug '' လို့ ခေါ်ပြီး
မြန်မာမှု ပြုရရင်တော့
''ရှားပါးတဲ့
ဆေးမတည့်ခြင်း သို့မဟုတ်
ဆေးကို တုံ့ပြန်မှု လွန်ကဲနေခြင်း
သို့မဟုတ်
ဆေးမတည့်ရန်ကံဆိုးသူ '' လို့
ခေါ်ရမယ် ထင်ပါရဲ့ ။

ဘယ်လိုဖြစ်တာလဲ ဆိုရင်...

ခုနက ဆေးမထိုးခင် ဆေးစမ်းလိုက်တယ်
နည်းနည်းလေးပဲ ထိုးတာ အရေပြားကိုပဲ။
ချက်ချင်း Shock ထ ရတယ်
အသက်ကယ်ဆေးတွေ အစုံ အချိန်မီ ထိုးတယ်
အသက်ကယ်မှု ပြုတယ်
မရဘူး ။ သေသွားတယ် ။
ဒါက တစ်ခု။

နောက်တစ်ခုက
ခါတိုင်းလည်း ဒီဆေးပဲ ခဏခဏ ထိုးနေကျပဲ
ဒီ တံဆိပ်ပဲ ထိုးတာ ။
ဒီနေ့ကျမှ ထပြီး Shock ဖြစ်တယ်
ခုနကလိုပဲ အသက်ကယ်ပေမယ့်
သေသွားတယ် ။
ဒါက တစ္ခု ။

နောက်ထပ်ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုက
လူတကာ ဒီဆေးကို သောက်ကြတယ်
ဆေးမတည့်တာ မရှိဘူး။ ရှားတယ်။
သူ့ကျမှ လာပြီး မတည့်ဘူး ဖြစ်နေတာ။
ပြင်းထန်ပြီး သေတဲ့အထိ ဖြစ်သွားတယ်။
ထိုးဆေးထဲမှာလည်း
အသားဆေးတွေထဲမှာ
ဘယ်သူမှ Shock ရတယ်မရှိဖူးဘူး ။
သမိုင်းမှာလည်း မရှိဘူး။
သူ့ကျမှ ထပြီး Shock ကောက်ရတယ်
ချက်ချင်း
ကယ်ပေမယ့်
ရှင်တဲ့သူရှိမယ်
ကံဆိုးစွာနဲ့ သေသွားတာရှိမယ် ။

စဉ်းစားကြည့်ပါ ဒီလို Idiosyncrasies တွေဟာ
ဆရာဝန်ကော လူနာကော ဆေးဆရာတွေ ဆရာမတွေ ဒုက္ခ ရောက်ရမယ့် ဖြစ်ချင်း ။

ကျွန်တော် ဆိုရင် ဒါကို ကြောက်လို့
လူနာတွေကို
ဒီအကြောင်း ကြိုတင် ရှင်းပြတယ်။

" ဖြစ်ရပ်က ရှားပါးတယ်
၁သောင်း/၁သိန်းမှာမှ တစ်ယောက်လောက်ပဲ ။
အဲ့ဒီထဲ ပါသွားရင်တော့
ကျွန်တော် တို့ အတတ်နိုင်ဆုံး
အသက်ကယ်ပေးမယ် ။
လောလောဆယ် တော့ ဒီဆေး ထိုးဖို့ လိုအပ်လို့ ထိုးရမယ်
အန်တီ့အနေနဲ့
နားလည်သဘောတူရဲ့လား ''

ဒီလို ကြိုပြောတယ်
ဒါပေမယ့် ပြည်သူ့ဆေးရုံတွေမှာ
အလုပ်များတော့ Idiosyncrasies တွေကို
ဂဃနဏ မြင်သာအောင် ရှင်းပြဖို့
တော်တော် မလွယ်ပါဘူး ။

ဒီတော့ လူနာတွေက ဟောဒီ့ Idiosyncrasies ကို ကြိုတင်နားလည် ထားစေချင်တယ်။

ဒါဆို အထင်လွဲနေတာလေးတွေ သက်သာမယ်လို့ ယူဆပါတယ်။

အဲ့ဒီ့ Idiosyncrasy က ဆေးထိုး ဆေးသောက်တာမှာပဲ ရှိတာလား ဆိုတော့ မဟုတ်ဘူး။
ဓာတ်မှန်ရိုက်တဲ့နေရာမှာလည်း ရှိတယ်။

အလွန်ရှားရှားပါးပါးပါပဲ။

လူနာတစ်ယောက် ဓာတ်မှန်ရိုက်လိုက်တယ်
တစ်ခါတည်းပဲ ရိုက်မိတာ ။
မကြာပါဘူး
အရိုးချင်ဆီခမ်းတဲ့ ရောဂါဖြစ်ပြီး
ကုလို့မလွယ်တဲ့ သွေးအားနည်းရောဂါ ဖြစ်သွားတယ် ။
တချို့ သွေးကင်ဆာ ၊ အဆုတ်ကင်ဆာတွေပါ ဖြစ်သွားတယ် ။
ရိုက်တာက
တစ်ခါတည်းပဲ ရိုက်တာနော် ။
ဖြစ်သွားတော့ ရောဂါဆိုးကြီးတွေ။

ဒီတော့ လူနာက ဘယ်ခံသာပါ့မလဲ
ဓာတ်မှန်စက် ပျက်နေလို့ မှားနေလို့ ဘာညာ
အသံထွက်လာမှာပေါ့ ။

ဒါ့ကြောင့် Idiosyncratic reaction အကြောင်းကို ကြိုတင်ရှင်းပြတာမျိုး ၊ လူနာက ကြိုတင် သဘောပေါက်တာမျိုး ဖြစ်ထားဖို့ အရမ်းအရေးကြီးပါတယ် ။

မဖြစ်ရင်တော့ မဖြစ်ဘူး ရှားတယ်
ဖြစ်လာရင် ဆရာဝန်နာမည်ပျက်ရောပဲ။
လူနာလည်း ဘဝပျက်ရောပဲ။

ဒါက ပထမ ဆေးမှားပုံ။......
၂။
ဒုတိယ ဆေးမှားတာက
တကယ်ဆေးမှားတာ

ဒါက ပညာရှင်တွေပဲ သိနိုင်တဲ့အရာမျိုး
ဥပမာ လူနာက Warfarin လိုမျိုး သွေးကျဲဆေးသောက်နေတယ်
ဒါကို ဆေးဆရာက မမေးမိလို့ပဲ မသိလို့ ဖြစ်စေ
မေးမိသော်လည်း မထိုးသင့်မှန်း မသိလို့ ဖြစ်စေ
ထိုးလိုက်မိတယ် ။

လူနာက တင်ပါးမှာ သွေးခဲကြီး ဖောင်းလာတယ်။
ချက်ချင်းတော့ မသေတတ်ပါဘူး။

နောက်ဥပမာ တစ်ခုက
လူနာ ဖြစ်နေတာက အသည်းရောင်အသားဝါ
(Obstructive Jaundice) ချမ်းတုန်ဖျားနေတာ

ငှက်ဖျား နဲ့ သိပ်မသည်းကွဲဘူး
ဒီတော့ ဆရာဝန်/ဆေးဆရာက
ငှက်ဖျားလို့ အမည်တပ်ပြီး
ငှက်ဖျားဆေး ပေးလိုက်တယ်

အသည်းက အလုပ်မလုပ်တော့
ငှက်ဖျားဆေးအဆိပ်သင့်သွားတယ်။

(ဒါပေမယ့်
ပေးလိုက်တဲ့ ဆရာဝန်က
ငှက်ဖျားလို့ သူယူဆဖို့ အကြောင်းပြချက်ခိုင်လုံနေရင် ၊
ဓာတ်ခွဲခန်း တို့ ဓာတ်မှန်တို့နဲ့ အလှမ်းဝေးတဲ့ ဒေသမှာ ဖြစ်နေရင်
နိုင်ငံတကာ ဆေးဥပဒေအရ
အပြစ်မရှိဘူးလို့
သတ်မှတ်လို့ရနိုင်တယ်။ )
ဒါလည်း ဆေးမှားတာပဲပေါ့ ။

ဒီလို တကယ့်ဆေးမှားတဲ့ ဆေးမှားမှုမျိုးက
ချက်ချင်းမသေတတ်ပါဘူး။
ကုလို့ ရတာက များပါတယ်။

မှတ်ချက်။ ။ ဓာတ်မှန်ရိုက်၍ ဖြစ်တတ်သော Idiosyncratic reaction ကို ကျွန်တော်တော့ မတွေ့ဖူးပါ။
အလွန်ရှားပါးပုံ ရပါတယ် ။
ဒါ့ကြောင့် လိုအပ်လာလျှင် မတွေဝေပဲ ဓာတ်မှန် ရိုက်သင့်ပါတယ်

ဒေါက်တာမျိုးသန့်နိုင် (ဆေး မကွေး)
#ဆေးမှားခြင်း
#ဆေးမတည့်ခြင်း
#ဗဟုသုတ
#ကျန်းမာရေးပညာပေး

12/08/2020

နှာခေါင်း အစာပိုက် ထည့်ထားသော လူနာများ အတွက် အာဟာရ

(မြို့ပေါ် က လူနာတွေကတော့ ကျွန်တော်တို့ကို လာပြနေကြပေမယ့် နယ်က လူနာ နှင့် ဆရာ၊ ဆရာမ များ တက်နိုင်သလောက်လေး လူနာရှင်တွေ ကို လက်ဆင့်ကမ်းပေးဖို့ မေတ္တာ ရပ်ခံ အပ်ပါသည်။)

ဆေးရုံတွေ မှာ ကြည့်လိုက်ရင် နှာခေါင်း ပိုက်ထည့်ပြီး အစာထည့်နေရတဲ့ လူနာတွေ အများကြီးတွေ့ ရပါလိမ့်မယ်။
တကယ်တမ်း အစာပိုက်လို့ သာပြောတာပါ တော်ရုံတန်ရုံ လူနာရှင်တွေ က ကြောက်ပြီး အစာသိပ်မထည့်ရဲ ကြပါဘူး။ အလွန်ဆုံးမှ နွားနို့လေး ထည့်၊ အာပာရမှုန့်ဖျော်ထည့်၊ ဆန်ပြုတ် ထည့်တာ လေးတွေ ပဲ လုပ်ကြပါတယ်။

အမှန်ဆိုရင် နှာခေါင်းပိုက်ထည့်ထားတဲ့ သူတွေ လည်း အဓိက အခြေခံ အာဟာရ အနေနဲ့ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) စတာတွေ အများ နည်းတူလိုအပ်ပါတယ်။ နှာခေါင်း ပိုက်ထဲ ဆန်ပြုတ်တွေ ချည်း ထည့်ရင်လည်း Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) တွေ ပဲ များလာပြီး Triglycerides (သွေးတွင်း အဆီ) တွေ များလာပြီး တခြား ဆိုးကျိုးတွေ တောင် ပြန်ပေးနိုင်ပါသေးတယ်။ ပြီးတော့ ပြီးပြည့်စုံ တဲ့ အာဟာရ လည်း မရနိုင်ပါဘူး။ အသားဓါတ် လည်းမရ၊ အဆီဓါတ် လည်းမရ တော့ ကြွက်သားတွေ ဆုံးရှုံးလာတယ်၊ အရိုးပေါ် အရေတင် သလိုတွေ ဖြစ်လာတဲ့ အပြင် အဆီဓါတ်ပါ ချို့တဲ့ လာတော့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ပါ ချို့တဲ့လာစေပါတယ်။

ဒါဆိုရင် အာဟာရမှုန့်တွေ ဖျော်တိုက်မယ် ဆိုရင်ကော????
တချို့ အာဟာရမှုန့် တွေ မှာ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) နှင့် ဗီတာမင်၊ သတ္တုဓါတ်တွေ ပါပါတယ်။ နှာခေါင်း ပိုက်ထဲ ထည့်လို့ရလားဆိုတော့ ထည့်လို့ရပါတယ်။ ဒါပေမယ့် စျေးကြီးတယ်။ နေ့တိုင်း အချိန်တိုင်း ဒါကို မထည့် နိုင်တော့ ကိုယ့်ပာ ကိုယ် အကြိမ်ရေ တွေ လျှော့လာတယ်။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ လူနာ က စားရမယ့် ပမာဏ မစားဖြစ်တော့ဘဲ အာဟာရ တဖြည်းဖြည်း ချို့တဲ့လာတယ်။ ကျွန်တော် ဆိုလိုတာ က အာဟာရ မှုန့် ထည့်မယ် ဆိုရင်လည်း ကြားဖြတ် အချိန်မှာ ထည့် ပေးလိူ့တော့ရပါတယ်။ ဒါပေမယ့် အဓိက ကတော့ စျေးသက်သာပြီး အာဟာရ ပြည့်ဝ တဲ့ blenderized diet ကို ကျွေးသင့်ပါတယ်။

Blenderized Diet ဆိုတာဘာလဲ????

မိမိအိမ်မှာ ပဲ လုပ်လို့ရတဲ့ နှာခေါင်းပိုက် ထည့်ထားတဲ့ လူနာ အတွက် ဓါတ်ဆာပါ။ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) စတာတွေ အချိုး ကျကျပါဝင် တဲ့ အတွက် လူနာတွေ အာပာရ ပြည့်ပြည့်ဝဝ ရမှာ ဖြစ်ပါတယ်။ ဘာတွေပါဝင် ရမလဲ ဆိုတော့
1. ထမင်း
2. ကြက်သား
3. ကြက်ဥ
4. ရွှေဖရုံသီး
5. ငှက်ပျောသီး
6. သကြား
7. ဆီ စတာတွေ အချိုး ကျကျပါဝင်ပါတယ်။

ကယ်လိုရီ ၁၈၀၀ အတွက် အချိုးအဆ ကတော့
1. ထမင်း - ထမင်းစားဇွန်း မောက်မောက် ၁၂ ဇွန်း
2. ကြက်သား - ၁၅ ကျပ်သား
3. ကြက်ဥ - အနှစ်ပါ ၂ လုံး
4. ကြက်ဥ အကာချည်း - ၆ လုံး
5. ရွှေဖရုံသီး - လက်နှစ်ဆစ် အရွယ် လေးတုံး
6. ငှက်ပျော်သီး သီးမွှေး - နှစ်လုံး
7. သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း
8. ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
9. ရေ စတာတွေ လိုအပ်ပါတယ်။

ပြုလုပ်ပုံ
1. ကြက်သား၊ ကြက်ဥ၊ ရွှေဖရုံးသီး၊ ငှက်ပျောသီး၊ ဆီ၊ သကြား တို့ကို ရေ ၃၀၀ မီလီလီတာ လောက်နဲ့ ပြုတ်တာ ဖြစ်ဖြစ်၊ microwave ထဲ၊ oven ထဲ ဖြစ်ဖြစ် ထည့်ပြီး ကျက်အောင် ချက်ပါ။
2. ပြီးရင် ထမင်း နဲ့ အခု ချက်ထားပြီးသား ပာတွေ ကို ရောပြီး အသီးဖျော်စက် ထဲ ထည့်ပြီး ကြိတ်ပါ။
3. အရမ်း ပျစ်နေပါလိမ့်မယ်။ တကယ်ဆိုရင် သူများနိုင်ငံ က ဆေးရုံတွေ မှာ အပျစ်အကျဲ ကို စနစ်တကျ လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ အိမ်မှာ ပဲ ကိုယ်ထူ ကိုယ်ထ လုပ်ရမှာ ဆိုတဲ့ အတွက် အပျစ် အနေ အထားက ဆိုင်သောက် ထောပတ်သီး ဖျောရည် အနေ အထား လို အရမ်း မပျစ် အရမ်း မကျဲ တဲ့ အခြေအနေ လောက် အထိ ဖြစ်အောင် ခုန က ကြိတ်ထားတဲ့ အနှစ်တွေ ကို ရေနွေး နဲ့ ရောပါ။ အရမ်းလည်း မကျဲ ပါစေ နှင့်။
4. ရ လာတဲ့ အရည် တွေ ကို မနက်စာ နေ့လည်စာ ညစာ ဆိုပြီး သုံးခါ ခွဲ ထည့်ပေးပါ။ ပိုတာ ကို နောက်တနေ့မှာတော့ မသုံးမိပါစေနှင့်။

အရသာ - တချို့က ပြောပါတယ်။ အရသာ ကောင်းပါ့မလားဆိုပြီး မေးပါတယ်။ ပာုတ်ပါတယ် အရသာ လုံးဝ မကောင်းပါ။ ဒါပေမယ့် နှာခေါင်းပိုက်ထည့်ထားတဲ့ လူတစ်ယောက် မှာ အရသာ ကို လည်း သူခံစားရမှာ မဟုတ်တဲ့ အတွက် အရသာ အပိုင်း ကို ထည့်စဉ်းစား စရာ မလိုပါ။

တန်ဖိုး - ကျွန်တော်တွက်ကြည့်တာ လူနာတစ်ယောက် အတွက် အိမ်မှာ ကိုယ်တိုင် လုပ်ရင် သုံးထောင်ကျော်ကျော် လေးပဲ ကျပါတယ်။ အပြင်မှာ အာဟာရ မပြည့်တဲ့ ဆန်ပြုတ်တောင် ငါးရာ တစ်ထောင် ပေးနေမယ့် အစား လူနာ အတွက် အာဟာရ ပြည့်ပြီး မြန်မြန် နလန်ထူ နိုင်မယ့် ဒီလို မျိုးကို ကျွေးသင့်ပါတယ်။

မှတ်ချက် - အခုဖော်ပြထားသည်မှာ အကြမ်းဖျင်း လိုက်လုပ်နိုင်ဖို့ အတွက်သာ ရည်ရွယ်ပါသည်။ ကျောက်ကပ်ရောဂါ ဝေဒနာရှင် တွေ ဆိုရင်တော့ တနေ့တာ သောက်ရမယ့် ရေ ပမာဏ ပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲ နိုင်ပါတယ်။ လူနာ တစ်ဦးချင်းပေါ် ရောဂါ ပေါ် မူတည်ပြီး အပြောင်းအလဲ တွေ ရှိပါသည်။

(ကုန်ပစ္စည်း ကြေညာခြင်း လုံးဝ မဟုတ်ပါ)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

27/07/2020

.
သိသင့် သိထိုက်သော နည်းလေးပါ ကျန်းမာကြပါစေ

သွေးပေါင်ချိန်တာ လူတိုင်းချိန်တတ်တယ်ဆို
~~~~~~~~~~~~~~~~~~~~~~~~~

ရခေဲသတ်ေတာ - တီဗီ -
ဟန်းဖုန်း စတာတွေကို
ငွေပေါလို့ ၀ယ်ကိုင်ချင်ကိုင်မယ် ။
အဲဒါတွေနဲ့ပတ်သက်တဲ့စာကို
နဲနဲကလေးမှ ဖတ်ချင်စိတ်
မရှိကြပါဘူ း။
ဖတ်လည်း မဖတ်ကြပါဘူး ။
အရေးကြီးတယ် မထင်ကြတာ
တော်တော် ဆိုးရွားလှပါတယ် ။
စာမတတ်တောင် စာရွက်တွေမှာ
လမ်းညွှန်အရုပ်လေးတွေနဲ့
ဖော်ပြထားပါတယ် ။
ဒီလိုပါပဲ
သွေးပေါင်ချိန်စက်လေးတွေ
သွေးချိုတိုင်းစက်လေးတွေ ၀ယ်ပြီးမှ
အိမ်လည်းရောက်ရော တခါတိုင်းတမျိုးပြနေလို့....
ဆရာ ဒီစက်တွေက မှန်ရဲ့လားလို့ အမေးခံရတိုင်း
ကျနော်တို့လူမျိုးတွေ စရိုက်ကို စိတ်ပျက်မိပါတယ် ။
တချို့ကုမ္ပဏီတွေကတော့
သဘောထားမှန်ကြလို့
မြန်မာလို ရေးတဲ့
ဘာသာပြန်စာရွက်လေးတွေနဲ့
သင်ကြားပေးမှူ
လမ်းညွှန်မှူပေးကြပါတယ်
သာဓု ခေါ်မိပါတယ် ။
သူတို့က အမြတ်တခုထဲအတွက်
စျေးရောင်းသူတွေ မဟုတ်ကြလို့ပါ ။

--------------------------------------
အခုတွင်တွင်ကျယ်ကျယ်သုံးနေတဲ့
digital သွေးပေါင်ချိန်စက် နဲ့
လက်နဲ့တိုင်းတဲ့ ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာ
ဘယ်ဟာက အဖြေမှန်လဲ မေးကြပါတယ် ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့
Digital သွေးပေါင်ချိန်စက်ကို
လက်ခံ အတည်ပြုထားပါတယ် ။
ချိန်နည်းမှန်ရင် အဖြေမှန်ပါတယ်
ချိန် နည်း --
(၁) - ကုလားထိုင်မှာထိုင် ချိန်ပါ။
ခြေထောကိုကြမ်းပြင်ပေါ်ချထားပါ ။
ခါးမတ်မတ် ထားပါ။
ရှေ့ကုန်းပြီး စက်ကိုငုံ့မကြည့်ပါနဲ့ ။
( ၂ ) စက် ကို စားပွဲ ပေါ် ထား ပါ။
လက်ကိုလည်း ငြိမ်နေအောင်
စားပွဲပေါ်တင်ထားပါ ။
( ၃ ) မချိန်ခင်၁၀မိနစ် ငြိမ်ငြိမ်ထိုင်နေ ပါ။
အရက် ဆေးလိပ် ကွမ်း ကော်ဖီ စတာတွေ
စားသောက်မထားပါနဲ့ ။
စကားအချီအချလည်း
ပြောမထားရ ။
( ၄ ) လက်ပတ်က
မတင်းလွန်း မချောင်လွန်းရ ။
လက်ပတ် cuff နဲ့ အရေပြားကြားကို
လက်ညှိုးတစ်ချောင်းထိုးကြည့်ရင် ၀င်သာရမယ် ။
အနွေးထည်လို အကျီ င်္အထူ ပေါ်က မတိုင်းရ ။
ချောင်နေရင် errorဖြစ်ပြီး
ကြပ်နေရင် အောက်သွေး
diastolic နဲနေတတ်တယ်။
( ၅ ) လက်ပတ်က
မကြီးလွန်း မငယ်လွန်းရ ။
မိမိလက်မောင်းအရွယ်နဲ့သင့်တဲ့
လက်ပတ်ကိုသာ သုံးရပါ့မယ် ။
တံတောင်ဆစ် အရစ်အပေါ်
လက်တစ်လုံးမှာ ရှိ ရမယ်။
ဒီနိုင်ငံမှာအသုံးများကြတာက
22 to 32 cm တွေပါဘဲ။
လက်မောင်း အလယ်အလတ်
medium size အရွယ်ပါ ။
ပိန်လွန်းသူ၊ ဝလွန်းသူတွေကို
အဲဒီsize နဲ့ပဲသုံးရင်
အဖြေ မှားပါ လိမ့် မယ်။
သင့်တော်တဲ့လက်ပတ် size ကိုသာ
ရွေးသုံးရမှာ ဖြစ်ပါတယ် ။
( ၆ ) ဘယ်ဘက်လက်ကိုတိုင်းရင်
လေပိုက် ကို လက်ရှေ့ မှာထားပါ ။
ညာဘက်လက်ကိုတိုင်းရင်
ပိုက်ကိုလက်ရဲ့အတွင်းဘက်မှာထားပါ။
( ၇ ) သုံး ကြိမ်တိုင်းပြီး ပျမ်းမျှ Average ယူ ပါ။
အခု နောက်ပိုင်း စက်တွေမှာ
သုံးကြိမ်တိုင်းတာရဲ့ပျှမ်းမျှ
အလိုလိုတွက်ပြပါ တယ်။
digital စက်တွေက
တစက္ကန့်ကို လေထုတ် နှုံ း
2 to 4 mmHg လုပ် ပေးပါတယ်။
digilal စက်က လေ ထုတ်နှုံးက
4mm Hg ထက် များနေရင် အဖြေ မှားပါတယ်။
မိမိ ဝယ်ထား တဲ့ စက်က
ဘယ်လောက်နှုံ းလေထုတ်နေလဲဆိုတာ
သိဘို့လိုပါတယ်။
စက်ကတိုင်းနေတဲ့အချိန်မှာ
အသဲပုံလေး မှိတ်တုတ် မှိတ်တုတ်
တစ်ခါ ပေါ်ရင် screen ပေါ်ကဂဏန်းကို
ကြည့်ပါ ။
2mm အောက်လေထုတ်နေရင်လည်း
မှားပါတယ်။
digilal စက်တစ်လုံးက
ပုံမှန်အလုပ်လုပ်နိုင်တာ ၅ နှစ်ပါ ။
အခုနောက်ပိုင်းလာတဲ့စက်တွေ မှာ
ထုတ်လုပ်တဲ့ ရက်စွဲ
Manufactuerd date ပါ ပါတယ်။

ငါးနှစ်ကျော်ရင်
စက်ထဲက rubber valve တွေဟာ
ရာသီဥတုကြောင့် ဖြစ်စေ
သူ့အလိုလို ဖြစ်စေ
အလုပ်လုပ်တာမမှန်တော့ပါဘူး။
အမှား ရှိလာမယ်ဆိုတာ သတိထားပါ။
လက်နဲ့တိုင်းတဲ့
ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာ
မှန်းပြီး လေ လျော့ ပေးတာပါ ။
ဒါကြောင့် တိကျမှူ နဲပါတယ် ။
ပြဒါးအိုးထဲက ပြဒါးတွေ
ဂျီးတက် နေရင်လည်း သွေးပေါင်ချိန်
တိုးပြီးပြနေပါလိမ့်မယ် ။
servicing ဂျီးဆေးဖို့ လိုနေပါပြီ ။
-----------------------------
ဘာပဲလုပ်လုပ်
အတိအကျ နဲ့ အကောင်းဆုံးဖြစ်အောင်
ကျနော်တို့ မြန်မာတွေ လုပ်ကြပါစို့ ။
ပေါ်မြင့်ဦး
(၂၃ - ၆ - ၂၀၁၈)မူရင်း *ခရက်ဒစ် #ကျေးဇူးပါ
မူရင်း ဓါတ်ပုံပိုင်ရှင်တို့ကို
ခရက်ဒစ်ပေးပါသည် ။

saya Maung Maung Oo

23/07/2020

HIV ပိုးရှိသူ ဘ၀နဲ့ ဘယ်လို နေထိုင်သင့်သလဲ ?

ဘ၀မှာ ကံအကြာင်း မလှလို့ HIV ပိုး ကူးစက်ခံရတာဟာ ၊ ဘ၀ကြီး တစ်ခုလုံး ဆုံးရှုံး မသွားပါဘူး ။
သင့်အတွက် မျှော်လင့်ချက်တွေ ၊ အိမ်မက်တွေ ၊ အနာဂတ်တွေဟာ ရှေ့မှာ လှပနေပါတယ်။

စိတ်ဓါတ် ခိုင်မာဖို့သာ လိုပါတယ် ။ အနာဂတ်ဟာ လင်းလက်နေမှာပါ။

နံပါတ် (၁) အနေနဲ့ စိတ်ဓါတ် ခိုင်မာဖို့ အရးကြီးပါတယ် ။ အဲဒါဆိုရင် သင်ဟာ HIV /AIDS နဲ့ မသေတော့ပါဘူး ။

(၂) HIV ပိုးထိန်းဆေး ARV ကို စနစ်တကျ သောက်ဖို့ လိုပါတယ်။ အခုဆိုရင် ဆေးတွေ မြန်မာတစ်ပြည်လုံး ရရှိနေပါပြီ။ (ဆေး သောက်ချင်တဲ့သူတွေ နေရာမသိရင် ကွန်မန့် မှာ လာမေးပါ။ chat box မှာ လာမေးပါ။ ) အလကားပြောပြပါမယ်။
ဆေးကို အချိန်မှန်မှန် နဲ့ စနစ်တကျ သောက်သုံးရင် AIDS နဲ့ မသေဖို့ အာမခံပါတယ်။

(၃) အပျော်အပါး ကိစ္စ အရက်သေစာ သောက်စားချင်း ရှောင်ကျဉ်ပါ ။ HIV ပိုးရှိသူတွေမှာ #ကိုယ်ခံအား ဟာ အသက်တစ်မျှ အရေးပါပါတယ်။ ကိုယ်ခံအားကျစေမဲ့ အပြုအမူ တွေ ကို ရှောင်ရှားပါ။

(၄) အလုပ်အကိုင် များ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်အကိုင် ပြောင်းလုပ်ပါ။ အရမ်းပင်ပန်းစေမဲ့ အလုပ်မျိုး ရှောင်ရှားပါ။

(၅) အိမ်ထောင်ပြုမယ်ဆိုရင် ပြုလို့ ရပါတယ် ။ တစ်ဖက်လူကိုတော့ နားလည်အောင် ပြောပြပါ။ သူလက်ခံရင် အိမ်ထောင်ပြုလို့ရပါတယ်။

(၆) ကလေးယူလို့ ရပါ့မလား ?
သိပ်ရတာပေါ့ ၊ ဒါပေမယ့် အထူးကု ဆရာ၀န်များနဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ မွေးဖို့တော့ လိုပါမယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ

တစ်ချိန်က HIV ဝေဒနာရှင်များကို ကုသပေးခဲ့သော ဆရာ၀န်တစ်ဦး

20/07/2020

အဖြူဆင်းခြင်း (White discharge)
×××××××××××××××××××
လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါ တယ် ။ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ်။

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ ခေါ်ပါတယ်။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါ
ဘူး ။

- ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။

- အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

အဲဒါကပို မူမှန်သော ဇီဝကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လိုပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနုလေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ်
မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။

တစ်ချို့အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံးဝမကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

- အဖြူဆင်းသော ပမာဏများခြင်း
- ဆိုးရွားသော အနံ့အသက်များရှိခြင်း
- ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ယေဘူယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့်(လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါ တယ် ။သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်း မှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ်။

+++ Post menopausal white discharge +++

အသက်ကြီးမှ abnormal white discharge ဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်လည်တံကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

+++ ပိုးဝင်ခြင်း (၃)မျိုး +++

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ် တဲ့ရော ဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ်။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ ပိုးဝင်ခြင်းပဲဖြစ်ပါတယ်။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာ၀ ကို ကြည့်ပြီး ဘာပိုးဝင်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဥပမာအနေနဲ့ မိန်းမကိုယ်မှာ မှိုစွဲပြီးရောင် ရမ်းခြင်းဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာခဏ အ ဖြူဆင်းလေ့ရှိကြပါတယ်။

ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက် ကလည်းမကောင်းပါဘူး။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီးု ယားမယ် အနံ့အသက် လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင်လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တွေမှာ ဒီလိုမကြာခဏဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

ကိုယ်ဝန်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချို ကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓါတ်ပိုများ လာသလို အချဉ်ဓါတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစ်တာောကာင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲံအဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာကမုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင်သူ့မှာကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှားဝတ်တာတွေ အတွင်းခံတွေ ငှားဝတ်တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

ကုသမှု အပိုင်း
ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇဝင် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောင်္ကျားပါတစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောင်္ကျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောင်္ကျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။
Metronidazole ဆေးကို မနက် ၊ နေ့လည် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံးတစ်နေ့ ၃ ကြိမ် ၇ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။

Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါဝါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအနံ့လည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။

Trichomonas vaginitis ဆိုတာသေချာရင်အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေသုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ဝနေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoeaကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာဝန် နဲ့ပြဖို့လိုပါတယ် ။

မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိကြုံတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုးဝင်မယ် ။ ယောင်္ကျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီးကျန်းမာရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပ့ါတယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့ အတွေးတွေဝင်သွားတတ်ပါတယ် ။

အမျိုးသမီးတွေသာမက အမျိုးသားတွေရော ဒီသဘောသဘာ၀ ကိုနားလည်ပြီး မိမိ partner ကိုတန်ဖိုး ထားနိုင် ကြပါစေ ။ အမျိုးသမီးကျန်းမာရေး ဗဟုသုတတွေ ပြည့်ဝနိုင်ကြပါစေ ။

Ref :
သက်တန့်ချို

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။




အဖြူဆင်းခြင်း (White discharge)
×××××××××××××××××××
လူ့လောက လူ့သဘာ၀မှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါ တယ် ။ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ်။

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်၀င် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ ခေါ်ပါတယ်။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်၀က်၀က်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါ
ဘူး ။

- ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။

- အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

အဲဒါကပို မူမှန်သော ဇီ၀ကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လိုပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနုလေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ်
မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာ၀န်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။

တစ်ချို့အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံး၀မကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေ၀င် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

- အဖြူဆင်းသော ပမာဏများခြင်း
- ဆိုးရွားသော အနံ့အသက်များရှိခြင်း
- ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ယေဘူယျအားဖြင့် ပိုး၀င်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့်(လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါ တယ် ။သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်း မှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ်။

+++ Post menopausal white discharge +++

အသက်ကြီးမှ abnormal white discharge ဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်လည်တံကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။

+++ ပိုး၀င်ခြင်း (၃)မျိုး +++

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုး၀င်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ် တဲ့ရော ဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ်။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ ပိုး၀င်ခြင်းပဲဖြစ်ပါတယ်။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာ၀ ကို ကြည့်ပြီး ဘာပိုး၀င်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဥပမာအနေနဲ့ မိန်းမကိုယ်မှာ မှိုစွဲပြီးရောင် ရမ်းခြင်းဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာခဏ အ ဖြူဆင်းလေ့ရှိကြပါတယ်။

ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက် ကလည်းမကောင်းပါဘူး။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီုး ယားမယ် အနံ့အသက် လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင်လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်၀န်ဆောင်တွေမှာ ဒီလိုမကြာခဏဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

ကိုယ်၀န်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချို ကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓါတ်ပိုများ လာသလို အချဉ်ဓါတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစ်တာောကာင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲံအဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာကမုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင်သူ့မှာကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှား၀တ်တာတွေ အတွင်းခံတွေ ငှား၀တ်တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

ကုသမှု အပိုင်း
ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇ၀င် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောင်္ကျားပါတစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောင်္ကျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောင်္ကျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။Metronidazole ဆေးကို မနက် ၊ နေ့လည် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံးတစ်နေ့ ၃ ကြိမ် ၇ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။

Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါ၀ါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအနံ့လည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။ Trichomonas vaginitis ဆိုတာသေချာရင်အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေသုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ဝနေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoeaကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာ၀န် နဲ့ပြဖို့လိုပါတယ် ။

မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိကြုံတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုး၀င်မယ် ။ ယောင်္ကျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီးကျန်းမာရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပ့ါတယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့ အတွေးတွေ၀င်သွားတတ်ပါတယ် ။

အမျိုးသမီးတွေသာမက အမျိုးသားတွေရော ဒီသဘောသဘာ၀ ကိုနားလည်ပြီး မိမိ partner ကိုတန်ဖိုး ထားနိုင် ကြပါစေ ။ အမျိုးသမီးကျန်းမာရေး ဗဟုသုတတွေ ပြည့်၀နိုင်ကြပါစေ ။

Ref :
သက်တန့်ချို
Via Hello Sayarwon

Videos (show all)

ကိုယ်၀န် ရှိ နေ ပြီလား ????????????

Website