Wai Phyo Han -Insein

Wai Phyo Han -Insein

VoteNLD2020

Photos from Wai Phyo Han -Insein's post 28/01/2021

ဗိုလ်ချုပ်မိန့်ခွန်းကောက်နုတ်ချက်ကို နာမည်ကျော် Yangon Technological University Students' Union - YTUSU ကတင်ထားတာ တွေ့လို့ ဖတ်မိတယ်။

D-Wave က ဆရာဒေါက်တာမျိုးညွန့်ရဲ့ သုံးသပ်ချက်ကို တင်ထားတယ်။

ဒီနှစ်ခုကို ဖတ်ကြည့်ရုံနဲ့ သဘောပေါက်ရင် သင်ဟာ ယနေ့ မျက်မှောက်နိုင်ငံရေးနဲ့ မစိမ်းသူတစ်ယောက်ဆိုတာ သေချာပါတယ်။

27/01/2021

မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး
♥♥♥♥♥♥♥♥♥♥♥♥

ထိုနေ့ကို မှတ်မှတ်ရရရှိနေသည်။ လူထုစက်ဘီးနင်းပွဲနေ့ဖြစ်၏။ စက်ဘီးအားကစားသမား အယောက် တစ်ထောင်လောက်ရှိမည်။ စုရပ်က အင်းစိန် လမ်းသစ်လမ်းနှင့် ဘူတာရုံလမ်းထောင့်၊ အာလိန်ငါးဆင့်ဘုရားအနီး။ တာထွက်မည့်နေရာ။ စက်ဘီးနင်းရမည့် လမ်းကြောင်းက လမ်းသစ်လမ်းမကြီးကနေ မင်းကြီးလမ်း-အောက်မင်္ဂလာဒုံလမ်းမကြီး-ခရေပင်လမ်း-ပြည်လမ်း၊ နောက်ဆုံး စော်ဘွားကြီးကုန်း တာထွက်ခဲ့သည့်နေရာအထိဖြစ်၏။ အားကစားသမားတွေ တက်ကြွနေကြသည်။ သူတို့က ကျင့်သားရှိပြီးသားဖြစ်၏။

ထိုနေ့က စက်ဘီးနင်းကြမည့်အထဲ ကျွန်တော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးဦးဝင်းအောင်ပါသည်။ လူငယ်တွေမို့ သက်လုံကောင်းသည်ဟု အထင်နှင့် စက်ဘီးကိုယ်စီ၊ ဝတ်စုံပြည့် ပြင်ဆင်ပြီး ပါဝင်ဆင်နွှဲရန်အသင့်ဖြစ်နေ၏။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးက သေနတ်ဖောက်ပြီး တာလွှတ်သည်။ ကျွန်တော်တို့ နေရာယူထားတာက ထုံးစံအတိုင်း ရှေ့ဆုံးမှာ။ ကျွန်တော်တို့နောက်မှာ စက်ဘီးသမားတွေ ရာ၊ ထောင်ချီရှိနေသည်။ သေနတ်သံကြားသည်နှင့် စတင် နင်းကြရပြီ။ တာထွက်ထွက်ချင်းပဲ ရှေ့ဆုံးက ကျွန်တော်တို့နှစ်ယောက်ကို အလျှိုလျှိုကျော်သွားကြသည်။ တစ်ယောက်စ၊ နှစ်ယောက်စ မှသည် ဆယ်ဂဏန်း၊ ရာဂဏန်းထိ စက်ဘီးသမားတွေ ကျော်သွားသည်။ တစ်ချို့က ပြုံးလှောင်သွားကြ၏။ တစ်ချို့က ရယ်မောကျီစယ်သွားကြ၏။ တစ်ချို့က အားပေးဝန်းရံခဲ့ကြ၏။ ကျော်သွားသူများက မည်သို့ပင်ကျော်စေကာမူ ကျွန်တော်တို့သည် ကိုယ်လုပ်ရမည့်အလုပ် စိုက်လိုက်မတ်တပ်ဆက်လုပ်‌နေကြသည်။ မည်သူ့ကိုမျှ ဂရုမစိုက်အား။ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်မှန်မှန်‌နင်းနေကြသည်။ ကိုယ့်အသက်ရှုသံ ကိုယ်သာအသိဆုံးဖြစ်၏။ သက်လုံကောင်းခြင်း၊ မကောင်းခြင်းသည် လက်တွေ့ပါဝင်လုပ်ကိုင်ကြည့်ပါမှ သိရတော့၏။

စက်ဘီးနင်းတာပဲ ဘာများခက်လို့လဲဟု ထင်ဖွယ်ရှိ၏။ ငယ်ငယ်ကတည်းက နင်းတတ်ခဲ့တာပဲ ဘာများ မလွယ်ကူစရာရှိလဲ မေးနိုင်၏။ စက်ဘီးနင်းတတ်သော်လည်း နင်းနေကျမဟုတ်လျှင် ကြာကြာမနင်းနိုင်။ သက်လုံကောင်းအောင် နေ့စဉ် လေ့ကျင့်နေကျမဟုတ်လျှင် အမောမခံနိုင်။ သူများတွေ နင်းသလို ကိုယ်မနင်းနိုင်လို့ ကိုယ့်အတွက် အားလျော့စိတ်ပျက်စရာမရှိ။ သိမ်ငယ်ဝမ်းနည်းစရာ၊ မနာလိုစရာမရှိ။ ကိုယ်စွမ်းသလောက်သာ ကိုယ်လုပ်နိုင်ဖို့အရေးကြီးကြောင်း စက်ဘီးနင်းရင်း သိလာရသည်။

ကျွန်တော်တို့နှစ်ယောက် မင်းကြီးလမ်း၊ အထက(၁)ကျောင်းရှေ့အရောက် အတော်‌ဟိုက်စပြုလေပြီ။ မြို့နယ်အုပ်ချုပ်ရေးမှုးက ကျွန်တော့်ထက်စာလျှင် ပိုပြီး ပေါ့ပါးနေသေး၏။ သူက ဆက်နင်းလျှင် အသာလေး ဖော့ကန်ဈေးလောက်အထိ ရောက်နိုင်သည်။ ကျွန်တော်က ဆက်နင်းလျှင် အင်းစိန်ဆေးရုံပေါ်ရောက်ဖို့ပဲရှိ၏။ ထို့ကြောင့် နှစ်ယောက်သား ထ-၁ ကျောင်းရှေ့မှာ တိကနဲ ရပ်လိုက်သည်။ အသက်ရှုသံများက ဘင်ခရာတပ်ဖွဲ့ကြီး ခန္ဓာကိုယ်ထဲရောက်နေသလားထင်ရသည်။ ခြေသလုံးကြွက်သားများက တင်းလာပြီး ကြွက်တက်ချင်သလိုလို၊ ပစ်လဲကျချင်သလိုလိုဖြစ်လာသည်။ မြို့နယ်အုပ်ချုပ်ရေးမှုးက သူ့ကားဆရာကို ခေါ်ပြီး ကျွန်တော်တို့ စက်ဘီးတွေ ကားပေါ်တင်၊ တာထွက်တဲ့နားက လက်ဖက်ရည်ဆိုင်ဘက် ပြန်လှည့်ခဲ့ကြတော့သည်။

ဆိုင်ထဲရောက်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၊ အား/ကာတိုင်းဦးစီး၊ မြို့နယ်က အဖွဲ့များနှင့် စက်ဘီးအဖွဲ့ချုပ်ကပုဂ္ဂိုလ်များက မေးကြသည်။ မောလား ကိုဖြိုးရေတဲ့။ ဟုတ်ကဲ့။ မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး လို့ ပြန်ဖြေမိသည်။

ကျွန်တော်တို့ ပြီးခဲ့သည့် ၅နှစ်တာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် စွမ်းသလောက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသည်။ နိုင်သလောက် သက်လုံဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ ကိုယ်လုပ်ရမည့်အလုပ်အပေါ်သာ အာရုံစူးစိုက်ထားခဲ့သည်။ နိုင်ဝန်ကိုသာထမ်းလို၏။ မနိုင်ဝန်ကိုထမ်းခြင်းသည် စိ‌တ်ရော လူရော ပင်ပမ်း၏။ အဓိက အချက်များသည် အားကစားသမားများထုံးနှလုံး
မူရန်ဖြစ်သည်။ အများနှင့်အတူ အပေးအယူမျှမျှ ပူးပေါင်းပါဝင်လုပ်ဆောင်‌နိုင်ရန်၊ Fair Play ဖြစ်ရန်၊ ကိုယ်ရောက်နေသည့်နေရာမှာ အကောင်းဆုံးကြိုးစားအားထုတ်ရန်၊ သူများရောက်အောင်သွားနိုင်ခြင်းအပေါ် မနာလို၊ မရှုစိမ့်မဖြစ်ဘဲ ကိုယ်လည်း သူ့လို ခရီးဝေးဝေး ရောက်အောင်သွားနိုင်ဖို့ သက်လုံကောင်းအောင် (နိုင်ငံရေးသမားဆိုလျှင် နိုင်ငံရေးသက်လုံကောင်းအောင်) လေ့ကျင့်သင်ယူရန် သတိချပ်သင့်ပါသည်။ ပြီးခဲ့သည့် ၅နှစ်အတွင်း အမတ်ဘဝ ကြုံရဆုံရသည်များအပေါ် မောသလားဟုမေးလျှင် ဖြေချင်ပါသည်။

မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး။

ဝေဖြိုးဟန်
၂၇-၁-၂၀၂၁

Photos from Wai Phyo Han -Insein's post 23/01/2021

လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ၂၀၁၆ ကနေစတင်ပြီး ထမ်းဆောင်ခဲ့ရပါတယ်။ ဒီလကုန်ရင် ဒုတိယအကြိမ်လွှတ်တော်များရဲ့သက်တမ်း၊ တစ်နည်းပြောရရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခြင်း ပထမတစ်ခေါက်သက်တမ်း ပြီးဆုံးပါတော့မယ်။

တတိယအကြိမ်လွှတ်တော်သက်တမ်းမှာလည်း ကျွန်တော့်အနေနဲ့ ပြည်သူကတာဝန်ထပ်ပေးလို့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယတစ်ခေါက် ထပ်လုပ်ရပါဦးမယ်။

ဒါကြောင့် ပြည်သူ့အသံကို အစဉ်မပြတ် ဆက်လက် နားထောင်နေဖို့ လိုအပ်ပါတယ်။ ပြည်သူ့အသံအချိန်မှန် နားထောင်ကျင့်သုံး အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်ခဲ့ရာမှ ရုံးကို ကိုဗစ်ရောဂါ အခြေ‌အနေ တစ်ရပ်ကြောင့် ခေတ္တပိတ်ထားခဲ့ရသည်။ ယခုခါ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

အပတ်စဉ် စနေနေ့ နံနက် ၈နာရီမှ ၁၂ နာရီထိ လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်လှစ်ပြီး ပြည်သူတို့တင်ပြချက်များကို နားထောင်၊ ကူညီ၊ အကြံပေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း (၆)ပတ်စာ မှတ်တမ်းပုံများဖြင့် တင်ပြပေးလိုက်ရပါသည်။

ဝေဖြိုးဟန်
၂၃-၁-၂၀၂၁

Photos from Wai Phyo Han -Insein's post 22/01/2021

အင်းစိန်စည်ပင်ဌာနများ၏ ဘတ်ဂျက်လုပ်ငန်းများ
ဆောင်ရွက်နေမှု အခြေအနေ မြေပြင်ကွင်းဆင်းကြည့်ရှု
♠♥♦♣¶♠♥♦♣¶♠♥♦♣¶♠♥♦♣¶

အင်းစိန်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ၌ စည်ပင်သာယာဌာနများသည် လွန်စွာအရေးပါလှ၏။ ထို့ကြောင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စီမံဌာနအပါအဝင် ဌာနအသီးသီးမှ တာဝန်ခံများ၊ ကြီးကြပ်ရေးမှုးများကို တွေ့ဆုံကာ မြို့နယ်ဖွံ့ဖြိုးရေး၊ ဥပဒေနှင့်အညီဆောင်ရွက်ရေး၊ ဘတ်ဂျက်လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ပြည်သူကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် စည်ပင်သာယာရေးကော်မတီ (ယာ/အုံ ဌာန)၊ (လမ်း/တံတားဌာန)၊ (ရေစီးရေလာဌာန)၊ (ပတ်/သန့်ဌာန)၊ (ဈေးများဌာန) များ၏ ငွေလုံး၊ သာမန်ဘတ်ဂျက်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ၃ ရက်ကြာ အချိန်ယူ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် -

ဒညင်းကုန်းရပ်ကွက်၊ စဉ့်ငူရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊
ကြို့ကုန်းအနောက်ရပ်ကွက်တို့ရှိ ရေမြောင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်းများ၊

ဖော့ကန်ရပ်ကွက်၊ ရွာမအရှေ့ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်များရှိ လမ်း/တံတား၊ စင်္ကြန်ပလက်ဖောင်း လုပ်ငန်းများ၊

အောင်ဆန်းရပ်ကွက်၊ ရွာမအနောက်ရပ်ကွက် တို့ရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊

ရွာမအရှေ့ရပ်ကွက် ဘိုကုန်းဈေး၊ ဈေးကုန်းအနောက်ရပ်ကွက် အင်းစိန်ဈေးနှင့် လေဟာပြင်ဈေးတို့၏ အခြေအနေများကို မြေပြင်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းညှိနှိုင်းပေးခဲ့သည်။

ဝေဖြိုးဟန်
၂၂-၁-၂၀၂၁

Photos from Wai Phyo Han -Insein's post 12/01/2021

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကို ဘယ်လို သုံးစွဲကြသလဲ
*******************************************************

အင်းစိန်ရဲ့ သုံးစွဲမှုပုံစံကတော့ ရှင်းတယ်။
ရပ်ကွက် ၂၁ ခုရှိတယ်။ ရပ်ကွက်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းအထောက်အကူပြုအဖွဲ့ ၅ ဦးစီ ဖွဲ့စေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး၊ ရပ်မိရပ်ဖ ၂ ဦး၊ လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား သက်ဆိုင်ရာရပ်ကျေးNLD ပါတီက ၂ ဦး စုစုပေါင်း ၅ ဦးဖွဲ့ပေးတယ်။

အဆိုပါ ၅ ဦးက မိမိတို့ရပ်ကွက်အတွက် ရရှိမယ့် ဘတ်ဂျက်နဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေ ရွေးကြရတယ်။ ဘတ်ဂျက်ဆိုတာ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ရဲ့အချိုးကျရရှိမယ့်ခွဲတမ်းပါ။ လုပ်ငန်းတစ်ခုကို သိန်း ၅၀ ကျော်လို့မရတဲ့ ရပ်ကွက်ထဲက လုပ်ငန်းလေးတွေကို ရွေးကြရတယ်။ လုပ်ငန်းလေးတွေဆိုပေမယ့် လမ်း၊ တံတား၊ CCTV၊ မီးသတ်ကန်၊ ရေမြောင်း၊ Culvert စတာတွေပါ။

ရပ်ကွက်ဖွံ့/ထောက်တွေက မိမိတို့ရွေးထားတဲ့ လုပ်ငန်းတွေထဲက ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဆိုပြီး ၃မျိုး မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေအကောင်အထည်ဖော်ရေးအဖွဲ့ထံ တင်ပြကြရတယ်။ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဥက္ကဋ္ဌတာဝန်ယူပြီး၊ ကျန်တဲ့ကိုယ်စားလှယ်တွေက အဖွဲ့ဝင်အဖြစ်ပါဝင်ကြရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးက အတွင်းရေးမှုး၊ မြို့နယ်စည်ပင်EO က တွဲဘက်အတွင်းရေးမှုးတာဝန်ယူကြရတယ်။

ရပ်ကွက်ဖွံ့/ထောက်တွေဟာ မြို့နယ်ကို တင်ပြတာနဲ့တစ်ပြိုက်နက် မိမိတို့ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ ကြော်ငြာစာရွက်ကပ်ပြီး အများပြည်သူသိအောင် ပြကြရတယ်။ ဖွံ့/ထောက် ၅ ဦးရွေးထားတဲ့ လုပ်ငန်းတွေကို မကျေနပ်လို့ ကန့်ကွက်လိုတဲ့သူဟာ တစ်ပတ်အတွင်း ကျိုးကြောင်းဆီလျော်စွာနဲ့ ကန့်ကွက်စာတင်လို့ရပါတယ်။ အဲ့ဒီအခါ ပြန်လည်စိစစ် ရွေးချယ်ရမှာဖြစ်ပါတယ်။ ကန့်ကွက်ရတဲ့အကျိုးအကြောင်းပေါ်လည်းမူတည် စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ ဥပမာ- ဖွံ့/ထောက်တွေ တင်ထားတဲ့ လမ်းဟာ လူအသုံးနည်းပါတယ်။ တစ်ဖက်ကလမ်းလေးကတော့ တော်တော်ပျက်စီးနေပြီး မိုးတွင်းဆို ရေဝပ်ပါတယ် စသဖြင့်ပေါ့။ အဲ့လို တင်ပြလာရင် မြေပြင်ဆင်းစစ်တဲ့အခါ သေချာလေ့လာပြီး အမှန်တကယ်လိုအပ်ချက်ရှိနေတဲ့လုပ်ငန်းကို ဆောင်ရွက်စေမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ မြို့နယ်ဖွံ့/ထောက်အဖွဲ့ဟာ အင်ဂျင်နီယာတွေကိုခေါ်ပြီး ရပ်ကွက်ထဲ စစ်ဆေးရေးလုပ်ငန်းတွေပြုလုပ်ကြရပါတယ်။ ရပ်ကွက်တွေက တင်ပြထားတဲ့ လုပ်ငန်းအတိုင်းအတာမှန်/မမှန်ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပြီး ကုန်ကျစရိတ်လျာထားချက်တွေ စိစစ်တွက်ချက်ပေးရပါတယ်။ တင်ပြထားတဲ့လုပ်ငန်းတွေဟာ မြေပြင်မှာ တကယ်လို/မလို စစ်ဆေးရပါတယ်။

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး တင်ပြထားတဲ့ဦးစားပေးလုပ်ငန်းတွေထဲက အတိုင်းအတာနဲ့ဘတ်ဂျက်နဲ့ အံ့ဝင်ဂွင်ကျဖြစ်မယ့် လုပ်ငန်းကို ရွေးချယ်ပြီး ဆောင်ရွက်စေတာဖြစ်ပါတယ်။
အဲ့ဒီလို ဆောင်ရွက်တဲ့အခါမှာ မြို့နယ်က ကုန်ကျစရိတ်တင်ပြချက်အပေါ် အရစ်ကျ ငွေထုတ်ပေးလိုက်ပါတယ်။ ငွေလက်ခံရရှိတဲ့ ရပ်ကွက်ဖွံ့/ထောက်တွေဟာ အလုပ်စတင်လုပ်ကြရပြီဖြစ်ပါတယ်။ ငွေစာရင်းပိုင်း၊ စာရွက်စာတမ်းကိစ္စ၊ ပစ္စည်းသုံးစွဲမှုကိစ္စတွေကို စာရင်းစစ်အဖွဲ့ လာ‌ရောက်အစစ်ဆေးခံနိုင်တဲ့ အခြေအနေဖြစ်ဖို့ရယ် လုပ်ငန်း မစခင်၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး မှတ်တမ်းများ ယူထားဖို့ရယ် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးမှာကြားရပါတယ်။

အင်းစိန်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေအကောင်အထည်ဖော်ရေးအဖွဲ့ဟာ ရပ်ကွက်အလိုက် လုပ်ငန်းစတင်ဆောင်ရွက်သည်နှင့် တစ်ပြိုက်နက် လှည့်လည်စစ်ဆေးပြီး လိုအပ်ချက်များ လမ်းညွှန်မှာကြားလေ့ရှိရာ ယခုဆိုလျှင် ၅ နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါတယ်။

၁၂-၁-၂၀၂၁

31/12/2020

"ကြည်နူးစွာမြင်ခဲ့ရတဲ့ ရဲဘော်ရဲဘက်စိတ် "
••••••••••••••••••••••••••••••••••••••••••••
ဝေဖြိုးဟန်(အင်းစိန်)

အာဏာရှင်အစိုးရလက်ထက် အဖမ်းအဆီးတွေကြမ်းတမ်းနေတဲ့ခေတ်ကြီးထဲမှာ မိသားစုတစ်စုရဲ့ အိမ်တွင်း ဒီမိုကရေစီ အကြောင်းပြောပြချင်ပါတယ်။ ဒါနဲ့အတူ ရဲဘော်ရဲဘက်စိတ်ဆိုတာကိုလဲ ထည့်သွင်းပြောပြချင်လို့ပါ။ ဒီအကြောင်းဟာ ပုဂ္ဂိုလ်ရေး ဆိုင်တယ်လို့ယူဆနိုင်ပေမယ့် တစ်နိုင်ငံလုံးက လူငယ်လူရွယ် ကလေးလေးတွေအတွက် အများကြီးအကျိုးရှိနိုင်မယ်ထင်ပါတယ်။ ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ ကြီးပြင်းခဲ့ကြရတဲ့လူငယ်တွေနဲ့ ဒီကနေ့ပွင့်လင်းမြင်သာမှုတွေရရှိပိုင်ဆိုင်ခွင့်ရပြီဖြစ်တဲ့ လူ့အဖွဲ့ အစည်းခေတ်မှာ ကြီးပြင်းလာခဲ့တဲ့လူငယ်တွေကြား ဒီမိုကရေစီခရီးကြမ်းကို ဖြတ်သန်းကျော်လွှားခဲ့ကြရပုံချင်းမတူညီကြပါဘူး။ ဒါ့ကြောင့် လူမမယ်ကလေးလေးတစ်ယောက်နဲ့ သူ့ဖခင်နိုင်ငံရေးသမားတစ်ယောက်ကြား ဒီမိုကရေစီသဘောတရားတွေ ဘယ်လိုထားရှိခဲ့ကြရတယ်ဆိုတာရယ်၊ အနှီသားအဖ နှစ်ယောက်ကြား နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ဦး ဘယ်လိုပါဝင် ပတ်သက်ခဲ့ရတယ်ဆိုတာကို ရှင်းပြချင်ပါတယ်။

ကျွန်တော်တို့အားလုံးမှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံတော်ဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီး ဆယ်စုနှစ်တစ်ခုကျော်ကျော်လောက်သာ ဒီမိုကရေစီကို ကောင်းမွန်စွာအသုံးချနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖက်ဒရယ်ဟာ ခွဲထွက်ရေးပါဆိုတဲ့ အယူဝါဒလက်ကိုင်ပြုပြီး နိုင်ငံတော်တစ်ခုလုံး အာဏာရှင်စနစ်ပုံစံအသွင်း ခံခဲ့ကြရပါတော့ တယ်။ အာဏာရှင်တို့ရဲ့ထုံးစံအတိုင်း တုဘက်ပြိုင်ယှဉ်လာနိုင်တဲ့ ဘယ်သူ့ကိုမဆို ထိန်းသိမ်းချုပ်နှောင်ထားရေးလုပ်ငန်း စတင် ပါတော့တယ်။ တနည်းပြောရရင် နိုင်ငံရေးလှုပ်ရှားသူမှန်သမျှ ဖမ်းဆီးထောင်ချတဲ့ခေတ်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံရေး လုပ်ရင် ဘုန်းကြီးလဲဖမ်းတယ်။ ကျောင်းသားလဲဖမ်းတယ်။ အလုပ်သမားလဲဖမ်းတယ်။ အနုပညာသမားလဲဖမ်းတယ်။ အဲ့ဒီတော့ နိုင်ငံတော်ကသာ လွတ်လပ်ရေးရထားတယ်။ တစ်နိုင်ငံလုံးကပြည်သူလူထုမှာတော့ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခွင့်၊ လွတ်လပ်စွာသဘောထားဆန္ဒထုတ်ဖော်ခွင့်တွေ မရနိုင်ဖြစ်နေတဲ့အချိန်ပါ။ ဒီအချိန်မှာ နိုင်ငံရေးသမားတစ်ဦး ပထမအကြိမ်ထောင်ကျပြီး ထောင်ကနေလွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ အများစု ထောင်ကနေလွတ်လာရင် နိုင်ငံရေးပြန်လုပ်တဲ့သူတွေရှိသလို၊ တစ်ချို့လဲ နိုင်ငံရေးနဲ့ ခပ်ခွာခွာနေပြီး မိသားစုစားဝတ်နေရေး၊ ကိုယ့်ဘဝ၊ သားသမီးတွေဘဝ နောင်ရေးအတွက် စီးပွားရှာအလုပ်လုပ်သွားတဲ့ သူတွေလဲ အများအပြားရှိပါတယ်။ ဒီနိုင်ငံရေးသမားကတော့ သူထောင်ကနေလွတ်လာပြီးနောက် နိုင်ငံရေးဆက်လုပ်သင့်၊ မသင့် စဉ်းစားပါတယ်။ တစ်ဖက်မှာကလဲ မိန်းမနဲ့ကလေးတွေနဲ့ မိသားစုနဲ့။ တစ်ဖက်မှာကလဲ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ တိုင်းပြည်အတွက်။ သူရွေးချယ်ရခက်လဲ ခက်လောက်ပါတယ်။ ဒီတော့ သူ့အနာဂတ်အတွက် မိသားစုရဲ့အဆုံးအဖြတ်ကို မဲခွဲခံယူပါတယ်။ ဒါဒီမိုကရေစီပါပဲ။ မိသားစုအတွက် သူဟာ အိမ်ဦးနတ်၊ ယောက်ျားကောင်း၊ ဖခင်ကောင်းဖြစ်ဖို့လိုသလို၊ တိုင်းပြည်ချင်းထဲကျပ်ထဲရောက်နေချိန်မှာ ရဲဘော်ရဲဘက်တွေကိုပစ်ထားခဲ့ပြီး ကိုယ့်အကျိုးတစ်ခုအတွက် အများအကျိုးကို စွန့်လွှတ်ဖို့ဆိုတာကလဲ တော်တော်မလွယ်ကူတဲ့အနေအထားဖြစ်နေပါတယ်။ ဒီတော့ ဝေခွဲမရဖြစ်နေမယ့်အတူတူ မိသားစုတွေရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ဖို့ သဘောတူလိုက်တယ်။ အဲ့ဒီအခါမှာ မိသားစုဝင်အားလုံးက သူ့ကိုနိုင်ငံရေးဆက်လုပ်ဖို့ ထောက်ခံမဲပေးလိုက်ကြတယ်။ ဒါပေမယ့် တစ်ယောက်သောသူကတော့ ကန့်ကွက်လိုက်ပါတယ်။ ကန့်ကွက်မဲတစ်မဲပါနေခဲ့ပါတယ်။

ဘယ်သူကန့်ကွက်သလဲဆိုတော့ သူ့ရဲ့အငယ်ဆုံးအထွေးဆုံး သမီးလေးပဲဖြစ်ပါတယ်။ သူ့သမီးလေးက ဘာကြောင့်ကန့်ကွက်သလဲဆိုရင် သူ့အဖေကို ထပ်ဖမ်းသွားမှာဆိုးလို့ပါ။ သူ့အဖေ ထောင်ထဲပြန်ဝင်သွားမှာကို သူမလိုလားဘူး။ သူ့အဖေထောင်ကျနေတုန်းကာလတစ်လျှောက် အဖေနဲ့ အကြာကြီးခွဲခဲ့ရတဲ့ သမီးငယ်တစ်ယောက်ရဲ့ခံစားချက်ဟာ ဒီအဖေကို နောက်တစ်ကြိမ် ထပ်ခွဲရမှာ အကြောက်ဆုံးဖြစ်နေပုံရပါတယ်။ ဒါကြောင့်လဲ ကျန်တဲ့မိသားစုဝင်တွေက နိုင်ငံရေးဆက်လက်ဖို့ ထောက်ခံပေမယ့် သူကတော့ ကန့်ကွက်ခဲ့ပါတယ်။

ဒီအခြေအနေတစ်ရပ်ကို သူ့အဖေရဲ့နိုင်ငံရေးခေါင်းဆောင်က သိရှိသွားတယ်။ ဒီနိုင်ငံရေးခေါင်းဆောင်ဟာလဲ သူလူမမယ်ကလေးအရွယ်မှာ သူ့အဖေနိုင်ငံရေးသမားကြီးနဲ့ နိုင်ငံရေးလုပ်ကြံခံရမှုကြောင့်သေကွဲကွဲခဲ့ရဖူးသူဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ ကလေးလေးမို့ ပစ်ပယ်မထားလိုက်ဘူး။ ကလေးပဲ လူကြီးတွေလုပ်ချင်ရာလုပ်မယ် ဘာမှ ဝင်မပါနဲ့ဆိုတဲ့ အယူအဆကိုမနှစ်သက်ဘူး။ ကလေးပေမယ့် သူ့ရဲ့သဘောထားဆန္ဒကို အလေးဂရုပြုသင့်တယ်လို့မှတ်ယူလိုက်တယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦး၊ ရဲဘော်ရဲဘက်ကောင်းတစ်ဦးကို စွန့်လွှတ်ရမှာကိုလဲ နှမြောတာပါပါတယ်။ သမီးထွေးလေး ကိုခေါ်ပြီး နိုင်ငံရေးခေါင်းဆောင်က သေသေချာချာရှင်းပြတယ်။ သမီးလေးက ဖေဖေ့ကို နိုင်ငံရေးပြန်မလုပ်စေချင်တာ ဘာကြောင့်လဲလို့မေးတော့ သူ့အဖေ ထောင်ထပ်ကျမှာဆိုးလို့လို့ ရိုးရိုးရှင်းရှင်းလေးပြန်ဖြေတယ်။ ဒီတော့ နိုင်ငံရေးခေါင်းဆောင် ပြန်ပြောတဲ့စကားဟာ သမီးထွေးလေးရဲ့ရင်ထဲတင်မက ကျွန်တော်တို့အားလုံးရဲ့ရင်ထဲကိုပါ စူးစူးရှရှထိမိစေခဲ့ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်လုပ်သူကပြောတယ်။ “သမီးစိုးရိမ်တာကိုနားလည်တယ်။ ဒါပေမယ့် ဒီလိုလုပ်ရတာဟာ သမီးလိုမြန်မာနိုင်ငံအနှံ့က ကလေးလေးတွေ သူတို့ရဲ့ဖေဖေတွေကို ဘယ်တော့လာဖမ်းပြီးထောင်ချမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မခံစားရတော့အောင် ဖြစ်တယ်၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်မို့လုပ်ရတာဖြစ်တယ်၊ အခုလဲ နောက်ထပ် တစ်ခါထပ်ပြီး အဖမ်းမခံရတော့ဘူးလို့ အာမ မခံနိုင်ဘူး” လို့ရှင်းပြလိုက်တယ်။ အဲ့ဒီအခါ သမီးလေးဟာ ကလေးလေးပေမယ့် လူကြီးတစ်ယောက်လို တွေးခေါ်တတ်တဲ့ ကလေးဖြစ်လို့ ခေါင်းငြိှမ့်ရင်း သူ့ဖေဖေ ဒီမိုကရေစီ ခရီးကြမ်းကို ဆက်လျှောက်လှမ်းဖို့ သဘောတူခဲ့ပါတော့တယ်။ မကြာပါဘူး။ အဲ့ဒီကလေးလေး စိုးရိမ်ပူပန်ထားသလိုပဲ သူ့ဖေဖေဟာ နောက်တစ်ကြိမ်ဖမ်းဆီးခံရပြီး ထောင်ကျသွားပါတော့တယ်။ အဲ့ဒီလို ဖခင်ဖြစ်သူ ထောင်ကျသွားတဲ့အခါ နိုင်ငံရေးခေါင်းဆောင်ဟာ သမီးငယ်လေးကို သူကိုယ်တိုင်စောင့်ရှောက်ခဲ့ပါတယ်။ ကိုယ်ရော စိတ်ပါရင့်ကျက်ပြီး အများအကျိုးကြည့်တတ်တဲ့ ကလေးလေး တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အဲ့ဒီကလေးလေးဟာလဲ လိမ္မာရေးခြားရှိြ့ပီး အများအကျိုးရှေးရှုတတ်တဲ့သူတစ်ယောက်အဖြစ် လူ့လောကအလယ် ကြီးပြင်း လာခဲ့ပါတယ်။

ဒီဇာတ်လမ်းနဲ့ဒီအကြောင်းအရာဟာ အင်မတန်အရေးပါလှပါတယ်။ နံပါတ်တစ်အချက်အနေနဲ့ဘာကိုတွေ့နိုင်သလဲဆိုရင် နိုင်ငံရေးခေါင်းဆောင်နဲ့နိုင်ငံရေးသမားတစ်ဦးကြားက ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြစ်ပါတယ်။ သွေးရင်းသားရင်းညီကိုမောင်နှမ ဆိုတာ ကိုယ်ရွေးချယ်ခဲ့တာမဟုတ်ဘဲ တော်ခဲ့ကြရတာဖြစ်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာက ကိုယ်ကိုတိုင်ရွေးချယ်ခဲ့တာဖြစ်လို့ ရဲဘော်ရဲဘက်ဆက်ဆံရေးဟာ ပိုပြီးလေးနက်ပါတယ်။ ဒါကြောင့် တစ်ဦးကိုတစ်ဦး နားလည်နိုင်ရမယ်၊ သစ္စာရှိရမယ်၊ သည်းခံ နိုင်ရမယ်၊ သည်းခံခွင့်လွှတ်မှုကို အလေးထားဖို့လိုပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ရဲဘော်ရဲဘက်စိတ်ဟာ အင်မတန် အရေးကြီးပါတယ်။ ရဲဘော်ရဲဘက်လို့ ခံယူသတ်မှတ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်လို့ပါပဲ။ နောက်ကျောက ဓါးနဲ့ထိုးမယ့်သူမဟုတ်ဘူးဆိုတာလဲ သေချာလို့ပါပဲ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်အဖြစ် ခံယူနိုင်လို့လဲဖြစ်ပါ တယ်။

အခုလဲ နိုင်ငံရေးသမားတစ်ဦးဟာ ခေတ်စနစ်အခြေအနေကြောင့် အဖမ်းခံရမယ်၊ ထောင်ကျမယ်။ ဒါဟာရိုးရိုးလေးတွေးကြည့်ရင် ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သိနေတာပါပဲ။ ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် ခေါင်းဆောင်လုပ်တဲ့သူဟာ ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ နိုင်ငံရေးသမားတွေရဲ့ဘဝတွေ၊ မိသားစုတွေကို စာနာနားလည်မှုပေးပြီး ဘယ်လောက်ငယ်တဲ့ကလေးလေး တစ်ယောက်ပဲဖြစ်နေပါစေ အလေးထား ဂရုတစိုက်ရှင်းပြတယ်။ နှစ်သိမ့်တယ်။ အားပေးတယ်။ သူနဲ့အတူလက်တွဲလုပ်နေတဲ့ သူတွေ၊ ရဲဘော်ရဲဘက်တွေရဲ့မိသားစုတွေအပေါ် ဘယ်တော့မှလစ်လျူမရှုဘူး။ တစ်ဖက်က လူတွေကလဲ နိုင်ငံအတွက်၊ သူတို့ခေါင်းဆောင်အတွက်ဆိုရင် ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ အသက်ပေးရပေးရ ဆက်လက်တိုက်ပွဲဝင်ဖို့ စိတ်ဓါတ် ခွန်အား တွေအပြည့်ရလာတယ်။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ မက်ဆေ့ချ်ဖြစ်ပါတယ်။ ရဲဘော်ရဲဘက်စိတ်ဟာ သာတဲ့အချိန်မှာရှိတာထက် နာတဲ့အချိန်မှာရှိဖို့အထူးလိုအပ်ပါတယ်။ သာတဲ့အခြေအနေမှာ ခင်မင်ပြပြီး နာတဲ့အချိန် ဖယ်ကျဉ် ထားတဲ့ သာခင်နာကျဉ် စိတ်အခံရှိသူတွေကတော့ ဘယ်တော့မှ ရဲဘော်ရဲဘက်ဖြစ်လာစရာအကြောင်းမရှိပါဘူး။

နောက်တစ်ချက်ကတော့ လူငယ်လေးတွေအတွက်ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါတုန်းကလူငယ်လေးတွေ၊ ကလေးလေး တွေဟာ သူတို့ရဲ့ဘဝတွေကို နိုင်ငံရေးအတွက် အသုံးချ၊ အနစ်နာခံမှုတွေလုပ်ပေးခဲ့ကြရပါတယ်။ မိဘတွေနိုင်ငံရေးလုပ်ကြလို့ သားသမီးတွေဘဝ ကစဉ့်ကလျားဖြစ်သွားကြရတဲ့အခြေအနေတွေအများကြီးရှိခဲ့ပါတယ်။ ဒီလောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖို့ဆိုတာ တော်ရုံစိတ်ဓါတ်နဲ့မရပါဘူး။ ငါဒီကနေ့ခံစားနေရတာဟာ နောင်တစ်ချိန်ငါ့လို သူများတွေထပ်မခံစားကြရစေဖို့ဖြစ်တယ်။ ငါဒီကနေ့အနစ်နာခံနေရတာဟာ နောင်တစ်ချိန်ငါ့လို သူများတွေထပ်ပြီးမနစ်နာကြရစေဖို့ဖြစ်တယ်ဆိုတာကို အထက်ပါတင်ပြခဲ့ တဲ့ဇာတ်လမ်းထဲက ကလေးလေးက ပုံဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ အနှီကလေးလေးလို ကလေးတွေလဲ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနေလိမ့်မယ်ထင်ပါတယ်။ အများကြီးဆက်လက်ရှိနေဖို့လဲလိုပါတယ်။

လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အပြုံးတွေဝေဆာစွာနဲ့ သတို့သမီးလေး ချစ်စုနဲ့သူ့အဖေ ဦးဝင်းထိန်ကြီးရဲ့အကြောင်းကို မင်္ဂလာဧည့်ခန်းမကြီးထဲက စင်မြင့်ထက်မှာ ပြန်ပြောင်းပြောပြနေပါတယ်။ သူမလက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ ကလေးလေး တစ်ယောက် အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အချိန်တောင်ရောက်ခဲ့ပါပြီ။ ဒါပေမယ့် သူမနဲ့ ကလေးလေးရယ်၊ သူ့အဖေရယ်၊ ဒီမိုကရေစီခရီးကြမ်းရယ် ဆက်နွယ်ပတ်သက်ခဲ့ပုံတွေကို မင်္ဂလာအမှတ်တရစကားတွေ အဖြစ် ပြန်ပြောနေတာ မနေ့တစ်နေ့ကအဖြစ်အပျက်တွေလိုပါပဲ။ ကျွန်တော်တို့အားလုံး နားထောင်ရင်း ရင်ထဲမှာ ပီတိတွေ ကိုဖြာလို့။ သြော်…ရဲဘော် ရဲဘက်စိတ်ဆိုတာ ဒါပါလား။ ။

၃၁-၁၂-၂၀၁၆
မြန်မာ့အလင်းသတင်းစာ

14/12/2020

ဘာကြောင့်နိုင်သလဲ၊ ဘာကြောင့်ရှုံးသလဲ ပြန်သုံးသပ်ဖို့လိုပါတယ်
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ၂ ခုကို ကိုယ်တိုင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဖြတ်သန်းခဲ့ပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတို့ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲ နှစ်ကြိမ်ဟာ အသွင်မတူပဲ ပုံစံကွဲပြားခြားနားခဲ့ပါတယ်။ ၂၀၁၅ တုန်းက မြေပြင်အိမ်ပေါက်စေ့ဆင်းပြီး စည်းရုံးဟောပြောနိုင်ခဲ့ပေမယ့် အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်ကြောင့် မြေပြင်ဆင်းစည်းရုံးရတာမျိုးတွေမရှိဘဲ အွန်လိုင်းအောင်နိုင်ရေးနဲ့သာ ပြီးခဲ့ရပါတယ်။

ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ဟာလည်း ၅နှစ်စာ မြင့်မားပြောင်းလဲလာတာကို သတိမူမိပါတယ်။ နည်းပညာအထောက်အပံ့ကလည်း တစ်နည်းတစ်ဖုံ အားသာချက်ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ရော ၂၀၂၀ ရော နှစ်ကြိမ်စလုံး ကျွန်တော်ဟာ အင်းစိန်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးမဲဆန္ဒနယ်မြေကပဲ ဝင်ရောက်ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။ နှစ်ကြိမ်စလုံး နိုင်ပါတယ်။

ပထမတစ်ခေါက် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ- မဲလာပေးတဲ့သူ ၆၄၄၄၅ ဦးမှာ ကျွန်တော်က ၄၇၆၇၅ မဲရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇၃.၉၈ %ဖြစ်ပါတယ်။ ပြိုင်ရတဲ့သူက ၇ ဦးရှိပါတယ်။ ဒုတိယလိုက်တဲ့ သူ ရရှိတဲ့မဲဟာ ၁၁၃၁၆ မဲဖြစ်လို့ မဲအရေအတွက် ၃၆၀၀၀ ကျော်ကွာခဲ့ပါတယ်။

အခု ဒုတိယတစ်ခေါက် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ- မဲလာပေးတဲ့သူ ၈၅၂၁၈ ဦးရှိပါတယ်။ ကျွန်တော်ရတဲ့မဲက ၇၄၁၇၆ ဖြစ်ပါတယ်။ ရာခိုင်နှုန်းကြည့်ရင် ၈၈.၁၆ %ရပါတယ်။ ပြိုင်ရတာ ၅ ဦးရှိပါတယ်။ ဒုတိယလိုက်တဲ့သူဟာ ၈၃၆၀ မဲရပါတယ်။ မဲအရေအတွက် ၆၅၀၀၀ ကျော်ကွာခဲ့ပါတယ်။

အထက်ပါကိန်းဂဏန်းစာရင်းဇယားတွေဟာ ပုံစံ၁၉လို့ခေါ်တဲ့ မဲရလဒ်ဖြည့်သွင်းပြီးတာနဲ့ တန်းသိနိုင်တဲ့အချက်အလက်တွေပါပဲ။ အားလုံးကိုလည်း နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ အများပြည်သူကို အသိပေးကြေညာထားပြီးသားတွေဖြစ်ပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ ကိုကြည့်ရင် မဲပေးတဲ့သူဦးရေ တိုးလာသလို ရရှိတဲ့ ခိုင်လုံမဲအရေအတွက်ဟာလည်း သိသိသာသာ များလာတာကို တွေ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော့်မဲဆန္ဒနယ်အတွက် ရပ်ကွက် ၁၂ ခု၊ မဲရုံ၉၀ ရှိခဲ့ပါတယ်။

မဲရုံ ၄ ရုံမှာ ရှုံးခဲ့ပါတယ်။ ရွာမအနောက်ရပ်ကွက် မဲရုံအမှတ် ၂၃ မှာ မဲအရေအတွက်ကွာခြားချက် ၁၈ မဲဖြင့်လည်းကောင်း၊ ရွာမအလယ်ရပ်ကွက် မဲရုံအမှတ် ၂ မှာ ၂၆၈ မဲဖြင့်လည်းကောင်း၊ အဆိုပါရပ်ကွက် မဲရုံအမှတ် ၃မှာ ၃၃၃ မဲဖြင့်လည်းကောင်း၊ ကြို့ကုန်းအနောက်ရပ်ကွက် မဲရုံအမှတ် ၇ (တပ်မဲရုံ) မှာ ၂၈၈ မဲဖြင့်လည်းကောင်း အသီးသီး မဲအကွာနဲ့ရှုံးခဲ့ရပါတယ်။ မပြိုင်ခင်ကတည်းက ရှုံးမယ်လို့ ကြိုသိပြီးသား မဲရုံတွေမို့ သိပ်အံ့ဩစရာမရှိပါဘူး။ ဒါပေမယ့် အံ့ဩစရာဖြစ်ခဲ့တာက ဇီးရိုးမဟုတ်ပဲ NLD ကိုမဲပေးရဲကြတဲ့သူတွေ ရှိနေပါလားဆိုတာဖြစ်ပါတယ်။ အထူးသဖြင့် တပ်မဲရုံမှာ ပြိုင်ဘက်ပါတီက မဲ၃၀၈ မဲရပြီး ကျွန်တော်က မဲ၂၀ ပဲရပါတယ်။ ဒါဟာ ရုတ်တရက် စိတ်ပျက်စရာလို့ ထင်ခဲ့ပေမယ့် ကိုယ့်ကို လက်ခံတဲ့ တပ်မိသားစုဝင် အယောက်၂၀ ရှိနေပါလားဆိုတဲ့ အတွေးဟာ ခွန်အားဖြစ်စေခဲ့ပါတယ်။

အခု ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျွန်တော့်မဲဆန္ဒနယ်မှာ ရပ်ကွက် ၁၃ ခုဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်က တာဝန်ယူခဲ့ရတဲ့ ရပ်ကွက် ၃ခု မပါလာတော့ဘဲ ရပ်ကွက်အသစ် ၄ခု ပါဝင်လာပါတယ်။ မဲရုံပေါင်း ၉၆ရုံဖြစ်ပါတယ်။ ရွာမအလယ်ရပ်ကွက် မဲရုံ အမှတ် ၂ တစ်ရုံတည်းသာ ရှုံးပါတော့တယ်။ ၃မဲနှင့်ကပ်ရှုံးရခြင်းဖြစ်ပါတယ်။

၂၀၁၅တုန်းက မဲ ၂၀ သာရပြီး အပြတ်အသတ်အရေးနိမ့်ခဲ့ရတဲ့ ကြို့ကုန်းအနောက်တပ်မဲရုံဟာ ယခု ၂၀၂၀ မှာ မရှိတော့လို့ ကံကောင်းတယ်ပဲဆိုရပါမယ်။ တပ်မဲရုံတွေ အပြင်ထုတ်ပြီး အများနည်းတူ ပေးခွင့်ရတဲ့အခါ သူတို့လာပေးကြတဲ့ မဲရုံမှာ ကျွန်တော် နိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲနှစ်ကြိမ်ဝင်ပြိုင်ခဲ့ရာမှာ အကျဉ်းဦးစီးဝင်းနှင့် ရဲစခန်းဝင်းတို့ပါဝင်တဲ့ ရွာမအလယ်ရပ်ကွက် မဲရုံအမှတ်(၂)တစ်ရုံတည်းက နှစ်ကြိမ်စလုံး အနိုင်မရခဲ့တဲ့ မဲရုံဖြစ်လာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲတွေဟာ မြို့ပေါ်‌မှာလည်း ရှုံးနိုင်တယ်ဆိုတာ သတိချပ်ဖို့ကောင်းပါတယ်။ ရှုံးရတဲ့အချက်ကို သေချာသိဖို့လည်း အရေးကြီးပါတယ်။ တကယ်ပဲ ကိုယ့်ပါတီအပေါ် မနှစ်မြို့တာလား၊ ကိုယ့်လုပ်ဆောင်ချက်တွေအပေါ် သဘောမကျတာလား ဒါကို စဉ်းစားရပါမယ်။ ဒီလောက်လေးရှုံးတာပဲ ဘာမှ မဖြစ်စလောက်လေးပါလို့ ဘယ်တော့မှ မတွေးပါဘူး။ ဒီမိုကရေစီရွေးကောက်ပွဲဟာ ၁မဲထဲနဲ့လည်း အနိုင်အရှုံး အဆုံးအဖြတ်ပေးတာပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ရှုံးခဲ့ဖူးတဲ့ ရွာမအလယ်ရပ်ကွက် မဲရုံအမှတ် ၃ မှာ ဒီတစ်ခေါက် ကျွန်တော် အနိုင်ရပါတယ်။ ဘယ်လောက်နဲ့နိုင်သလဲဆို ၂ မဲထဲနဲ့ ကပ်နိုင်တာပါ။ နိုင်လို့ ဟုတ်လှပြီ မထင်လိုက်နဲ့။ ၅၀-၅၀ ဖြစ်နေတာကို အာရုံစိုက်ရမှာဖြစ်ပါတယ်။

ဘာကြောင့်ပါလဲ။ ကျွန်တော်တို့အလုပ်ကောင်းကောင်းမလုပ်နိုင်ခဲ့လို့လား။ မဟုတ်ပါဘူး။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ကြပါတယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ကြိုးစားမှုတွေဟာ သူတို့အဝန်းအဝိုင်းထဲအတွက် ဘာမှ အရာမထင်သလို ဖြစ်ခဲ့လို့များလား။ ဒါမှမဟုတ် ကြောက်စိတ်တွေရှိနေကြသေးလို့များလား။ ဒါလည်း ဖြစ်နိုင်ခြေ တစ်ဝက်လောက်ပဲမှန်ပါမယ်။ တစ်ချို့က ရင်ထဲကအရှိတရားကို ဝမ်းတစ်ခါးအတွက် မလဲဝံ့တာတွေလည်း ရှိနေနိုင်ကောင်းပါရဲ့။ တစ်ချို့ကျတော့လည်း သံမှိုရိုက်သွင်းခံထားရသလို တစ်သက်လုံး စွဲမြဲယုံကြည်ထားတာတစ်ခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ယူနီဖောင်းဝတ်ဝန်ထမ်းတွေရဲ့ နီးရာဓါးကြောက်ရတဲ့ဘဝကနေ လွတ်မြောက်အောင် ကျွန်တော်တို့ ကြိုးစားကြရလိမ့်မယ်။ သူတို့ဘဝတွေဟာ ကိုယ့်ကိုယ်နဲ့သူများစိတ် နေနေကြရတဲ့အဖြစ်ကနေ လွတ်မြောက်အောင် ကျွန်တော်တို့ ကြိုးစားကြရလိမ့်မယ်။

ဒါကြောင့် ရွေးကောက်ပွဲ နှစ်ကြိမ်ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဘယ်နေရာတွေ၊ ဘယ်လိုမဲဆန္ဒရှင်တွေပေးတဲ့မဲရုံတွေဟာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် အထူးအလေးထား သတိပြုကြိုးစားကြရမယ့်နေရာတွေဖြစ်တယ်ဆိုတာ သိအောင်လုပ်ရပါမယ်။ သိရင် လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးရပါမယ်။ ဘာတွေလိုအပ်နေသလဲ၊ ဘယ်လိုအားဖြည့်ဆောင်ရွက်ရမလဲ စသဖြင့်ပေါ့။

မဲရုံ ကိုးဆယ်ကျော်မှာ သုံး၊ လေး၊ ငါးရုံ ရှုံးရုံနဲ့ ဘာမှတော့ မဖြစ်သွားပါဘူး။ ရလဒ်ကြီးတစ်ခုလုံး ပြောင်းလဲသွားစေနိုင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အရှုံးသေးသေးလေးတွေကို လစ်လျူရှုထားမိရင် နောင်တစ်ချိန် အရှုံးကြီးကြီးမားမားတွေအထိ ဖြစ်လာနိုင်ခြေရှိကြောင်း သတိချပ်ရပါမယ်။ အင်းစိန်တစ်ခုတည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ပိုပြီးသတိထားရမှာတွေများပါတယ်။ ယခင်က NLD နိုင်ခဲ့ပြီးသားနေရာတွေ အခု ပြန်ရှုံးသွားတာရှိသလို ယခင်က အရှုံးနယ်မြေတွေ ဒီတစ်ကြိမ် အနိုင်ပြန်ရတာတွေလည်းရှိပါတယ်။ အရှုံးနဲ့အနိုင်ကို ကံကြမ္မာပေါ်ပုံချပြီး ယိုးမယ်ဖွဲ့လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်ရှုံးရသလဲ။ ဘာကြောင့်ဆက်နိုင်သလဲ။ နောက်ရော ဘယ်လိုဆက်နိုင်အောင်လုပ်ရမလဲ ဆိုတာ ကြိုတင်စဉ်းစားပြင်ဆင် ကြိုးပမ်းအဖြေထုတ်နေရပါလိမ့်မယ်။

ဘာပဲပြောပြော လွှတ်တော်ခေါ်ခွင့်မရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အလယ်ဗဟိုပြုလျက် ၂၀၁၅ ရွေးကောက်ပွဲအထိ NLD အပေါ် တောင်ပြို၊ ကမ်းပြို အနိုင်ရအောင် ဝန်းရံပေးခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပက မဲဆန္ဒရှင်ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားချစ်ခင်စိတ်တွေဟာ အနှစ်၃၀အကြာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတိုင် အရှိန်အဟုန်မပြတ်ဆက်လက်အားပေးထောက်ခံနေကြတာကို သိရှိရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ခံစား၊ တွေ့မြင်ရလို့လည်း အင်မတန် တန်ဖိုးထား ဂုဏ်ယူမိပါတယ်။ ၂၀၂၀ ဟာ တောင်ပြို ကမ်းပြိုတင်မက မိုးပြိုမြေပြိုအနိုင်ရခဲ့တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေမပါဘဲ ဘယ်အပြောင်းအလဲကိုမှ လုပ်ဖို့ မလွယ်ကူပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်အမေစု ပြောသလိုပေါ့။ ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ ပြည်သူပဲရှိပါတယ်။ ပြည်သူသာအဓိကပါခင်ဗျာ။။။

ဝေဖြိုးဟန်
၁၄-၁၂-၂၀၂၀

Photos from Wai Phyo Han -Insein's post 23/11/2020

အင်းစိန်ဂုံးကျော်တံတားလက်တံအသစ်တည်ဆောက်နေမှု မကြာခင် ပြီးစီးတော့မှာ ဖြစ်ပါတယ်။

တံတားကြီးပြီးသွားရုံနဲ့ တခါတည်း အဆင်မပြေသေးပါဘူး။ တံတားအောက်ခြေ၊ ချဉ်းကပ်လမ်းတွေ၊ ရေမြောင်းတွေ၊ အကာအရံတွေ၊ ပလက်ဖောင်းတွေ၊ မီးတိုင်တွေ၊ လမ်းအနေအထား၊ မီးပွိုင့်အနေအထား စတာတွေကို တစ်ဆက်တည်း ဆက်လုပ်ဖို့ အရေးကြီးပါတယ်။

အခု ဂုံးကျော်တံတားလက်တံအဆင်း ယာဉ်လမ်းကြောင်းအတွက် လမ်းသားအသစ်တစ်ခုကို ခရိုင်ထွေအုပ်ရုံးရှေ့ကနေ ခင်းပြီး ဆောင်ရွက်ရပါမယ်။ အဲ့ဒီ့အတွက် အဆိုပါမြေပေါ်မှာရှိနေတဲ့ ရေသန့်ပိုက်လိုင်းတွေ၊ လျှပ်စစ်မီးတိုင်တွေ၊ မြေအောက်ကြိုးတွေ၊ ဆက်သွယ်ရေးကြိုးတွေ၊ မလွတ်ကင်းတဲ့သစ်ပင်လေးတွေ ရှင်းလင်းနိုင်ရေး ဌာနစုံ ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်လုပ်ကြရပါတယ်။

ယခင်က ‌ခရိုင်ထွေအုပ်ရုံးရှေ့မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ကိုလည်း နေရာသစ်တစ်ခု ထပ်ရွှေ့ဖို့ YRTA တာဝန်ရှိသူတွေ၊ ယာဉ်ထိန်း၊ စည်ပင်၊ ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ ချိတ်ဆက်စီစဉ်ရပါတယ်။

မကြာမီကာလအတွင်း အင်းစိန်မြို့လယ်ခေါင်လို့ တင်စားရလောက်မယ့် ပန်းခြံနှင့်ဂုံးတံတား၊ မင်းကြီးလမ်းနှင့် လမ်းသစ်လမ်းဆုံရာနေရာတစ်ဝိုက် မြင်ကွင်းများကို ယခုနှင့်မတူ ပြောင်းလဲစွာ တွေ့ကြရတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

19/11/2020

10-11-2015 ကအပြုံးနဲ့ 10-11-2020
ဒီအပြုံးနှစ်ခုကြား ဘာတွေကွာခြားသွားသလဲဆိုရင် ?

၁။ ပိုအိုစာသွားပြီ
၂။ ပိုခန့်လာတယ်

နံပါတ်တစ်ခုတော့ရွေးပေးလေ...

၁ လား? ၂ လား?

Photos from Ye Min Oo of Dagon's post 18/11/2020

တကယ်တော့ စာရေးတယ်ဆိုတာ စိတ်ထွက်ပေါက်တစ်ခုပါပဲ။

ငယ်ငယ်က အစ်ကိုဝမ်းကွဲတွေနဲ့ ညဘက်တိုင်း ဂစ်တာတီး သီချင်းဆိုကြတာဟာ သိပ်ပျော်ဖို့ကောင်းတယ်။ စိတ်ထွက်ပေါက်အနေနဲ့ ရပ်ကွက်ထဲက ဘော်ဒါတွေစုပြီး တီးကြ ဆိုကြတာ။ လူကြီးတွေ အော်ထုတ်ရင် ပြေးကြပေါ့။

နောက်တော့ ငယ်သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်တွေရောက်တယ်။ သူတို့ကဆော့၊ ကိုယ်ကဘေးထိုင်ငေးမော၊ ဂိမ်းဆော့တာ ဝါသနာမပါတော့ပျင်းသား။ ဆိုင်ကရောင်းတဲ့ ခေါက်ဆွဲပြုတ်နဲ့ ကော်ဖီမစ်တွေပဲ
ထိုင်သောက်နေမိတာ။

ဘောလုံးကန်ကြရင်လည်း ကိုယ်က ဝင်ကန်တာပါပဲ။ ကွင်းကြီးတွေမဟုတ်တဲ့ အိမ်ရှေ့ကားလမ်းပေါ်ပေါ့။ ရံခါ ရပ်ကွက်ထဲက နေရာလွတ်တွေမှာပေါ့။ လမ်းတွေမညီတော့ ခြေထောက်တွေ ပွန်းပဲ့။ ကန်တတ်သလိုကန်တော့ ခြေတွေလက်တွေနာ။ ကလေးဆိုတော့ မသိဘူး။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဆော့နေရရင် ကျေနပ်နေတာ။

ဆယ်တန်းအောင်ပြီးနောက်မှာ ကျောင်းစာတွေကို အားရပါးရ ဘေးဖယ်လိုက်ပြီး သုတ၊ ရသ၊ ဂမ္ဘီရ စာပေတွေ အရှိန်ကောင်းကောင်း ဖတ်ဖြစ်လာတယ်။ ဂိမ်းမဆော့တတ်တာရယ်၊ ဘောလုံးကောင်းကောင်းမကန်တတ်တာရယ်၊ ဂစ်တာကောင်းကောင်းမတီးတတ်တာရယ် (သီချင်းတော့ကောင်းကောင်းဆိုတတ်ပါတယ်) ဟာ ကိုယ့်အတွက် စာရေးဖို့ အကြောင်းဖန်လာတာပါပဲ။

ကဗျာတွေ၊ အက်ဆေးတွေ၊ တစ်မျက်နှာဝတ္တုတိုတွေ၊ ဝတ္တုတွေ ရေးဖြစ်လာတယ်။ တွေးလိုက်၊ ရေးလိုက်၊ ဖတ်လိုက်၊ ဖြဲလိုက်၊ ဆုပ်လိုက်၊ အသစ်ရေးလိုက်နဲ့ ကိုယ့်ဘဝဟာ စာတွေ ပေတွေနဲ့ အလုပ်များစပြုလာတယ်။ သူငယ်ချင်းတွေအတွက်တောင် ရည်းစားစာ ရေးပေးသူဖြစ်လာတယ်။ (ကိုယ်ကသာ မစွံတာ)

ဆောင်းပါးဆိုတဲ့ခေါင်းစဥ်အောက်ကနေ ဝင်ရေးဖြစ်တော့မှ ပုံနှိပ်မီဒီယာပေါ် နာမည်ဖော်ပြခံရတော့တယ်။ ဒီလိုနဲ့ပဲ စာတွေရေးဖြစ်လာတယ်။ ကိုယ့်ရဲ့စိတ်ထွက်ပေါက်ဟာ စာရေးခြင်းဖြစ်လာတယ်။ ပြောရရင်တော့ နိုင်ငံရေးအပေါ် စိတ်ထွက်ပေါက်ဟာ ကိုယ့်အတွက် ဆောင်းပါးတွေ ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ် ဖြစ်လာစေတာပါပဲ။ ရှိသမျှ သတင်းစာ၊ ဂျာနယ် အကုန်ပို့တာ။ ပုံနှိပ်ဖော်ပြခံရတဲ့ ဆောင်းပါး အရေအတွက် ၃၀၀ နီးပါးလောက် ရှိတယ်။

၂၀၁၇ ခုနှစ်မှာ ဘကြီးဖြိုးထံပေးစာများ
၂၀၂၀ ပြည့်နှစ်မှာ ကြုံရဆုံရအမတ်ဘဝ စာအုပ် ၂ အုပ် ထုတ်ဖြစ်ခဲ့တယ်။ နိုင်ငံရေးနဲ့နှီးနွှယ်တဲ့ ဆောင်းပါးတွေပါ။ ဒါပေမယ့် စကားပြောဟန်နဲ့ ရေးထားတာတွေကြီးပါပဲ။ ဖတ်တဲ့သူ မပျင်းရအောင်ပေါ့။

ကိုယ့်ရဲ့ တတိယမြောက်စာအုပ်ကိုတော့ ရှေ့က နှစ်အုပ်နဲ့ အရသာ မတူတာလေး ရေးမလား စိတ်ကူးထားပါတယ်။

ထုတ်တဲ့အခါကျရင် အားပေးကြဖို့ အခုကတည်းက မာကက်တင်းဆင်း လိုက်ပါပြီ။

ကျွန်တော်ဘာတွေ စိတ်ထွက်ပေါက် ဖြစ်မလဲတော့ စောင့်ကြည့်ပေါ့နော့။

https://www.facebook.com/113415050498505/posts/160885025751507/

10/11/2020

အင်းစိန် NLD ကိုယ်စားလှယ်လောင်းများ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရလဒ်အခြေအနေများတင်ပြခြင်း
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
၉-၁၁-၂၀၂၀

ပြည်သူ့လွှတ်တော်
~~~~~~~~~
NLD - 127082
USDP - 19391

တိုင်းဒေသကြီး ၁
~~~~~~~~~
NLD - 70534
USDP - 11009

တိုင်းဒေသကြီး ၂
~~~~~~~~~
NLD - 74176
USDP - 8360

အမျိုးသားလွှတ်တော်
~~~~~~~~~~~
NLD (နိုင်) - အင်းစိန်မဲ - 144008 + မင်္ဂလာဒုံမဲ - 118264

တိုင်းရင်းသားမဲများကတော့ တစ်တိုင်းလုံးစာဖြစ်၍ တိုင်းကော်မရှင်မှ ကြေညာပါလိမ့်မည်။

05/11/2020

အနိုင် နဲ့ အရှုံး ဆိုတာ
ပြိုင်ခဲ့တုန်း ခဏပါ

တစ်သက်လုံး ပြုံးနေနိုင်ဖို့က
ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်။

ဝေပီဟန်
5-11-2020

26/10/2020

လူကြီးတွေ မဲပေးဖို့ စတန့် မထွင်ကြစေလို
# # # # # # # # # # # # # # # # # # # # # # # #

နောက် ၃ ရက်ဆို အသက်၆၀ နှစ်နှင့်အထက် လူကြီးတွေ ကြိုတင်မဲပေးကြရပါတော့မယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။

အိမ်တိုင်ရာရောက် ကြိုတင်မဲလိုက်ကောက်ရမယ်ဆိုတာကို တစ်ချို့က စတန့်ထွင်နေကြတာကြားနေရတယ်။

တစ်နေရာရာမှာ စုရပ်လုပ်ပြီး လာထည့်ခိုင်းမယ်ဆိုတာကတစ်မျိုး

တစ်ချို့ ကျန်းမာရေးကောင်းရင် ကော်မရှင်ရုံးကို လာထည့်ရမယ်ဆိုတာကတစ်ဖုံ

ဒီလိုတွေကြားရတော့ ရှင်းပြမှ ရတော့မယ်။

သက်ကြီးတွေရဲ့ ကြိုတင်မဲကို သတ်မှတ်ထားတဲ့မြို့နယ်တွေဟာ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ညွှန်ကြားချက်အတိုင်း
အိမ်တိုင်ရာရောက်လိုက်ကောက်ရပါမယ်၊ အဲ့လိုမဟုတ်ပဲ အောက်ခြေက တာဝန်ယူ ဆောင်ရွက်ကြရမယ့်သူတွေ နားလည်မှုလွဲပြီး ကိုယ့်စိတ်ထဲ အဆင်ပြေသလိုလုပ်ကြရင် အဲ့ဒီမဲတွေဟာ အဟောသိကံ ပယ်မဲ ဖြစ်ကုန်ပါလိမ့်မယ်။

(တစ်နေရာရာမှာသာ စုရပ်လုပ်ပြီး မဲလာထည့်ခိုင်းကြည့်၊ တစ်ယောက်ယောက်က ဓါတ်ပုံသက်သေယူထားပြီး တိုင်လို့ကတော့ UEC ညွှန်ကြားချက်နဲ့လွဲပါတယ်ဆိုပြီး ကိုယ့်မဲတွေ ပယ်မဲ ဖြစ်ကုန်မှ ရင်ကျိုးရ ချည်ရဲ့ )

ကိုယ်ကတော့ ကောင်းစေချင်လို့ လုပ်ပေးတာပဲ၊ မြန်ဆန်တိကျ စေချင်လို့ လုပ်ပေးတာပဲ ဒါပေမယ့် "ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေး " ဖြစ်နေပါလိမ့်မယ်။

မိမိတို့၏ လုပ်ရပ်တိုင်းကို စောင့်ကြည့်ပြီး ယိုပေါက်၊ ဟာပေါက်၊ ပျော့ကွက်၊ ထောက်ကွက်ကို မျက်လုံးပြူးကြီးတွေနဲ့ စောင့်ကြည့်နေသူတွေ အပြည့်ရှိတယ်ဆိုတာ လုံးဝ သတိချပ်ကြပါ။

ဒါကြောင့် သက်ကြီးပိုင်းတွေကို ကြိုတင်မဲ လိုက်ကောက်တဲ့အခါ အိမ်တိုင်ရာရောက် (အိမ်ထဲမဝင်ရင်တောင် အိမ်ရှေ့အရောက်) ကောက်နိုင်ရေး ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အသိပေးလိုပါတယ်။

UEC ညွှန်ကြားချက်အတိုင်း ပြင်ဆင်ဆောင်ရွက်နေသူအပေါင်းကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

26/10/2020

First Time Voter များကို သိစေချင်ပါသည်
~~~~~~~~~~~~~~~~~~~~~~~~

မဲပေးဖို့ရက်က သိပ်မကျန်တော့ပါဘူး။

အသက်၆၀ ကျော်လူကြီးတွေဆို နောက် ၃ ရက်နေရင် မဲစပေးကြရတော့မယ်။

မဲပေးဖို့ ရင်ခုန်နေကြသူတွေထဲမှာ First time voter တွေဟာ
ထိပ်ဆုံးကဖြစ်ပါလိမ့်မယ်။

အခုအချိန် အသက် ၁၈နှစ်ကနေ ၂၃ နှစ်အတွင်း လူငယ်တွေဟာ
သူတို့ဘဝအတွက် ပထမဆုံးအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ မဲပေးခွင့်ရကြပြီဖြစ်ပါတယ်။

သူတို့ ဘယ်လို မဲ ပေးကြရမလဲ
*************************

၁။ မဲရုံသို့သွားပါ၊ တန်းစီပါ (နိုင်ငံသားကတ်မဖြစ်မနေယူသွားပါ၊ နိုင်ငံသားကတ်မရှိနေရင် သက်သေခံကတ်ပြားတစ်ခုခု- ဥပမာ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် ကိုယ်နှင့်တစ်ပါတည်းယူသွားဖို့မမေ့ပါနှင့်)

၂။ မဲရုံထဲရောက်လျှင် တာဝန်ရှိသူများ လမ်းညွှန်တဲ့အတိုင်း ပြည်သူ့လွှတ်တော်ကောင်တာ၌ မဲစလစ်ထုတ်ပါ၊ ဆန္ဒပြုခန်းမှာ တံဆိပ်တုံးထုပါ၊ ပြီးရင် ပြည်သူ့လွှတ်တော်မဲပုံးထဲ မိမိမဲပြားကို ထည့်ပါ။

၃။ ထို့နောက် အမျိုးသားလွှတ်တော်ကောင်တာကို ထပ်မံသွားပါ။
မဲစလစ်ထုတ်ပါ၊ ဆန္ဒပြုပါ၊ မဲထည့်ပါ။

၄။ နောက်ဆုံး တိုင်းဒေသကြီးလွှတ်တော်ကောင်တာကို သွားပါ။
မဲစလစ်ထုတ်ပါ၊ ဆန္ဒပြုပါ၊ မဲပုံးထဲသို့ မဲပြားကိုထည့်ပါ။

၅။ အကယ်၍ သင်ဟာ တိုင်းရင်းသားဖြစ်လျှင် တိုင်းရင်းသားလွှတ်တော်ကောင်တာမှာ မဲစလစ်ပြားထုတ်ပါ၊ ဆန္ဒပြုပါ၊ တိုင်းရင်းသားမဲပုံးထဲ မဲထည့်ပါ။

၆။ အားလုံးပြီးလျှင် (မဲပေးရမည့်နေရာစုံအောင် မဲပေးပြီးပြီဆိုလျှင်)
မဲရုံမှ မထွက်ခင် မိမိလက်သန်းကို မှင်ဆွတ်ဖို့ လုံးဝ မမေ့ပါနှင့်။

First Time Voter လူငယ်များဟာ အရေးကြီးသည့်အတွက် ထပ်မံ မှာကြားလိုသည်မှာ-

မဲရုံသို့သွားသည့်အခါ ပါတီကိုယ်စားပြုအမှတ်သင်္ကေတပါဝင်သော မည်သည့် အသုံးအဆောင်ပစ္စည်း၊ အဝတ်အစားများ ယူဆောင်သွားခြင်း၊ ဝတ်ဆင်သွားခြင်း မပြုလုပ်မိကြပါစေနှင့်။
မိမိဘေးတွင်၊ ပတ်ဝန်းကျင်တွင် ထိုသို့ပြုမူလာသူတွေ့လျှင်လည်း ချက်ချင်းဟန့်တားပေးကြပါရန်။
မိမိတို့၏ အသည်းကြားက အဖိုးတန်မဲပြားများကို မဆုံးရှုံး၊ မနစ်နာ၊
မထိခိုက်စေရအောင် အတတ်နိုင်ဆုံးကြိုးစားကာကွယ်ကြပါ။

First Time Voter လူငယ်များ၏ အသည်းကြားက မဲပြားများကို
NLD အတွက် တောင်းခံပါရစေ။

Videos (show all)

Website