The Book_Worm's Library

The Book_Worm's Library

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Book_Worm's Library, Library, .

27/08/2021

Announcement ⚠️

ကျွန်တော်တို့ရဲ့ The Book_Worm's Library က ဘယ်လိုစာအုပ် review ကိုမှ တင်မပေးနိုင်ခဲ့တာ တစ်လလောက် ရှိခဲ့ပါပြီ၊ အဲ့ဒီအတွက် ကျွန်တော်တို့ Admin Team က အထူးတောင်းပန်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ရဲ့ The Book_Worm's Library ဟာ မြန်မာ့လူငယ်နိုင်ငံရေးအင်အားစု၊ Myanmar Youth Political Unit - MYPU ရဲ့ လက်အောက်ခံ Educational Page တစ်ခု ဖြစ်ပါတယ်ခင်ဗျ။ အခုဆိုရင် နိုင်ငံရေးအခြေအနေတွေ ပိုမိုရှုပ်ထွေးလာတာနဲ့အမျှ MYPU မှာလဲ အလုပ်တအားရှုပ်နေကြပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ The Book_Worm's Library ရဲ့ Admin Team မှာ ပါ၀င်တဲ့ MYPU အမှုဆောင်တစ်ချို့က မအားမလပ်ဖြစ်ပြီး တစ်ခြား Admin တွေကလဲ Personal cases & problems လေးတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့ Page လေးကို ယနေ့မှစပြီး ရက်အကန့်အသတ်မရှိ တရား၀င် ယာယီရပ်နားလိုက်ပါကြောင်း စာဖတ်ပရိသတ်ကို ၀မ်းနည်းစွာနဲ့ အသိပေးကြေညာလိုက်ရပါတယ် ခင်ဗျာ။

ကျွန်တော်တို့အနေနဲ့ Page ကို ပြန်လည်စတင်တော့မယ်ဆိုရင် စာဖတ်သူတို့ကို ကြိုတင်အသိပေးသွားပါ့မယ်။ ပြန်လည်စတင်တဲ့အခါမှာလဲ ယခင်လိုပဲ နိုင်ငံရေး၊ သမိုင်း၊ သုတ၊ ရသ၊ ကဗျာ စတဲ့ နယ်ပယ်ပေါင်းစုံကို ယခင်ထက် အများကြီးပိုကောင်းအောင် review ပေးသွားပါ့မယ်လို့ ဒီနေ့ဒီနေရာကနေ ကတိပေးလိုက်ပါတယ် ခင်ဗျာ။

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin_Team / Admin

27/07/2021

ကျွန်တော်တို့၏ The Book_Worm's Library သည် မြန်မာ့လူငယ်နိုင်ငံရေးအင်အားစု၊ Myanmar Youth Political Unit - MYPU ၏ လက်အောက်ခံ Educational Page တစ်ခု ဖြစ်ပါသည်။

ပြန်တမ်းအမှတ် ၂/၂၀၂၁
27th July 2021, 10 p.m

လက်အောက်ခံအဖြစ် ကြေညာခြင်း

ယနေ့ 27th July 2021 အင်္ဂါနေ့ မှစတင်၍ The Book_Worm's Library အား မြန်မာ့လူငယ်နိုင်ငံရေးအင်အားစု၊ Myanmar Youth Political Unit - MYPU ၏ လက်အောက်ခံ Educational Page တစ်ခုအဖြစ်သို့ သွတ်သွင်းလိုက်ကြောင်း ကြေညာအပ်ပါသည်။

Page Link
https://www.facebook.com/The-Book_Worms-Library-106310414988444/

ပုံ/ ဥက္ကဌ
ဗဟိုအလုပ်အမှုဆောင်ကောင်စီ
မြန်မာ့လူငယ်နိုင်ငံရေးအင်အားစု

Photos from The Book_Worm's Library's post 27/07/2021

#11

မင်္ဂလာပါဗျ၊ ကျွန်တော်တို့ရဲ့ The Book_Worm's Library ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ page က ဘာစာအုပ်မှ review မလုပ်ဖြစ်တာ ၂ ပတ်ကျော်ခဲ့ပါပြီ၊ အဲ့အတွက် စာဖတ်ပရိသတ်တွေကို တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဒီတစ်ပတ်မှာ့တော့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ စာအုပ်တစ်အုပ်ကို review ပေးချင်ပါတယ်။

The rise and fall of the communist party of Burma ဆိုတဲ့ စာအုပ်ကလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို Swedish Journalist တစ်ယောက်ဖြစ်တဲ့ Bertil Lintner က ၁၉၉၀ ခုနှစ်မှာ ပထမဆုံး ရေးသားထုတ်ဝေခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဒုတိယအကြိမ် ပြင်ဆင်ထုတ်ဝေတဲ့ စာမူကို ကျော်၀င်းက ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေ၀င်ချိန် ဆိုတဲ့အမည်နဲ့ ဘာသာပြန်ပြီး လွင်ဦးစာပေ(လှည်းတန်း) ကနေ ရိုက်နှိပ်ထုတ်ဝေထားပါတယ်။ ဒီစာအုပ်မှာကတော့ စာအုပ်နာမည်အတိုင်းပဲ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ Communist Party of Burma (CPB) အကြောင်းကို အတော်လေး ချက်ကျကျရေးထားတဲ့အတွက် သုတေသနစာတမ်းတစ်စောင်လားလို့တောင် ထင်မှတ်ရပြီး စာမျက်နှာ (အကြီး) 234 pages ပါရှိပါတယ်။ အချိန်ကာလအပိုင်းအခြားကတော့ ၁၉၄၀ ခုနှစ်လောက်ကနေ ၁၉၈၉ နှစ်စ အထိဖြစ်ပါတယ်။

စာအုပ်ပါအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး နည်းနည်း review သွားချင်ပါတယ်။
CPB ကို ၁၉၄၀ တစ်ဝိုက် (စာအုပ်ထဲတွင် date ပါသည်၊ admin မမှတ်မိတော့) မှာ မဟာဗန္တုလလမ်း (ယခင် ဘားလမ်း) က တိုက်ခန်းကျဥ်းလေးတစ်ခုမှာ စတင်ဖွဲ့စည်းပြီး သခင်အောင်ဆန်း တို့တောင် ပါ၀င်တယ်လို့ အတိုရှိပါတယ်။ အလံဖြူကွန်မြူနစ် သခင်သန်းထွန်းတော့ မပါသေးဘူးဗျ၊ အလံနီကွန်မြူနစ် သခင်စိုးတော့ ပါတယ်ထင်တယ်၊ စာအုပ်ထဲမှာသာ ဖတ်ကြပါတော့ဗျာ။ CPB ဟာ မြန်မာ့အမျိုးသားရေး၊ လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာ အကြီးအကျယ်ပါ၀င်ခဲ့တဲ့ နိုင်ငံရေးပါတီကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးပါတီကြီးက ဘယ်လိုလုပ်ပြီး သမိုင်းထဲမှာ နစ်မြုတ်ပျောက်ကွယ်ကျန်ခဲ့ရတာလဲ ဆိုတာက မေးစရာပါ။ Bertil Lintner က သမိုင်းပညာရှင်၊ နိုင်ငံရေးသမားမဟုတ်ဘဲ journalist ဖြစ်တဲ့အတွက် ဒီစာအုပ်ဟာ သမိုင်းကျမ်းတစ်စောင်လို ရေပက်မ၀င်အောင် တိကျခိုင်မာပြီး နိုင်ငံရေးကျမ်းလို နက်ရှိုင်းချင်မှ နက်ရှိုင်းပါလိမ့်မယ်၊ ဒါပေမယ့် CPB revolution မတိုင်မီ ၂ နှစ်အလို 1986 November 1ကနေ 1967 April 18 အထိ ၃ လ ကြာအောင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း CPB ဒေသတွေကို လှည့်လည်သွားလာ interview လုပ်ခဲ့ပြီး ခေါင်းဆောင်တွေနဲ့လဲ အမေးအဖြေလုပ်ခဲ့ပါတယ်။ ပြီးတော့ ၀ ဒေသမှာလဲ နေ၀င်းစစ်တပ်နဲ့ CPB အကြီးအကျယ်တိုက်ခဲ့တဲ့ စီစီ၀မ်တိုက်ပွဲမှာ ရှေ့တန်းစစ်မြေပြင်အထိပါ သွားရောက်လေ့လာခဲ့ပါတယ် (ဒါတွေကိုသိချင်ရင်တော့ သူ့ရဲ့ Land of Jade၊ ကျောက်စိမ်းမြေ ဆိုတဲ့စာအုပ်မှာ ဖတ်ရှုပေးပါခင်ဗျာ)။ ဒါတွေအတွက်ကြောင့် ဒီစာအုပ်ဟာ 95% လောက် အထိ ယုံကြည်ကိုးစားလို့ ရပါတယ်ခင်ဗျာ။

CPB ဟာ ၁၉၈၉ ခုနှစ် April လ ၁၆ ရက်နေ့ညမှာ ပြိုလဲကျဆုံးသွားပါတယ်။ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် လုံး၀မဟုတ်ပါဘူး၊ တပ်တွင်းပုန်ပန်မှုပါ။အဲ့နေ့ညမှာ ပန်းဆန်းက CPB ဌာနချုပ်ကို ပုန်ကန်သူတွေက ၀င်ရောက်စီးနင်းခဲ့ပြီး ကွန်မြူနစ်ဆရာ့ဆရာကြီးတွေဖြစ်တဲ့ လီနင်၊ စတာလင်၊ မော်စီတုန်း တို့ရဲ့ ပုံတွေနဲ့ အဲ့တာတွေနဲ့အတူချိတ်ဆွဲထားတဲ့ အဲ့တုန်းက CPB ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ ဓာတ်ပုံတွေကိုပဲ ရိုက်ချိုးဖျက်စီးပစ်ခဲ့ကြပါတယ်။ သခင်ဗသိန်းတင်နဲ့ ခေါင်းဆောင်တွေဟာ နာမ်ခ မြစ်ကိုဖြတ်ပြီး တရုတ်ပြည်ဖက်ကိုထွက်ပြေးကာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ရပါတယ်။ ဒီပုန်ကန်မှုဟာ ရှောင်တခင်ပေါ်ထွက်လာခဲ့တာ မဟုတ်ပါဘူး၊ နှစ်ပေါင်းများစွာလောင်မြိုက်လာတဲ့ သက်ကြီးရွယ်အိုတွေရဲ့ သောက်တလွဲခေါင်းဆောင်မှုတွေကို မကျေနပ်ရာကနေ ပေါက်ကွဲထွက်လာတာပဲဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ် တရုတ်ယဥ်ကျေးမှုတော်လှန်ရေးကာလ ကတည်းက အံချော်နေတဲ့ မူဝါဒတွေကို မကျေမနပ်ဖြစ်ရာကနေ စတင်ခဲ့ပြီး လူမျိုးစုရေးဆိုင်ရာတင်းမာမှုတွေနဲ့ စီးပွားရေးဘိန်းပြဿနာတွေပါ ရောနှောပါ၀င်နေပါတယ်။ CPB အောက်ခြေတပ်သားတွေရဲ့ ၈၀% က တိုင်းရင်းသားတွေဖြစ်ပြီး အများသုက ၀လူမျိုးတွေ ဖြစ်ကြပါတယ်။ ၀တွေနဲ့ CPB စတင်တွေ့တဲ့အချိန်က ပညာမတတ်တဲ့၊ ခေတ်မမှီသေးတဲ့ အရိုင်းအစိုင်း ၀တွေကို နှိပ်ကွပ်ခဲ့တာတွေကလဲ နောက်ပိုင်းမှာ တော်လှန်ရေးမီးတောက် တောက်လောင်စေမယ့် လောင်စာတွေဖြစ်စေခဲ့ပါတယ်။ CPB ရဲ့ အစိုးရကို လက်နက်ကိုင်တော်လှန်ရေး အစပိုင်မှာ တရုတ်အစိုးရ တရုတ်ကွန်မြုနစ်ပါတီ CPC/CCP က အများကြီးအထောက်အပန့်ပေးခဲ့ပေမယ့် ၁၉၇၆ မှာ နိုင်ငံခြားရေးမူဝါဒတွေကို ပြောင်းလဲပစ်ပြီး အကူအညီတွေကို အများအပြားလျော့ချလိုက်ပါတယ်။ ဒီကြားထဲ Vietnam တော်လှန်ရေးအစိုးရကို အသိအမှတ်ပြုတဲ့အနေနဲ့ နေ၀င်းက အလည်အပတ်သွားရောက်တဲ့အတွက် CPC က နောက်တစ်လှမ်းဆုတ်ပေးပြီး CPB ကို အကူအညီပေးတာတွေ ရပ်ဆိုင်းလိုက်ပါတယ်။ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲပြီး အကူအညီလျော့ချတာက CPT (Thai) နဲ့ CPM (Malaysia) တို့ကို ပြိုလဲစေခဲ့ပါတယ်။ ဒီအတွက် CPB ကို ဆက်လက်တည်တံ့စေဖို့ ငွေစီးကြောင်းလိုလာတဲ့အခါ CPB ဟာ သူတို့ communism ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး မူဝါဒတွေကို စွန့်ပစ်ခဲ့ရပြီး ဘိန်းကုန်ကူးတဲ့ ကုန်သည်တွေစီက အခွန်ကို တိုးကောက်လာတဲ့အပြင် ၁၉၈၅ မှာ ဘိန်းကနေတစ်ဆင့် ဆင့်ပွားတဲ့ ဘိန်းဖြူချက်လုပ်ငန်းနဲ့ အခြားမူးရေးဆေးဝါးချက်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်၊ CPB ကေဒါတွေဟာ ဒီလုပ်ငန်းတွေမှာ ကိုယ်ကျိုးအတွက် ဆက်နွယ်နေတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်လာကြပါတယ်။ ကေဒါတွေက ဘိန်းအရောင်းအ၀ယ်မှာ ကိုယ်ကျိုးအတွက်ပါ၀င်နေရင် ပြင်းပြင်းထန်ထန်အပြစ်ပေးပြီး 2 grams ထက်ပိုပြီး လက်၀ယ်တွေ့ရှိရင် သေဒဏ်ပေးတာကြောင့်လဲ ကေဒါတွေ ပိုပြီးမကျေမနပ် ဖြစ်လာကြပါတယ်။ အခွန်တိုးကောက်လို့ ဒေသခံတွေနဲ့လဲ မသင့်မတင့် ဖြစ်လာပါတယ်။

၁၉၈၅ March ၁၂ ရက်နေ့မှာတော့ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖုန်းကျားရှင် က ဦးဆောင်ပြီး မုံကိုးမြို့ကိုသိမ်းပိုက်ကာ CPB ရဲ့ ဦးဆောင်မှုကို စတင်စိန်ခေါ်ခဲ့ပါတယ်။ ကိုးကန့်က စလိုက်တဲ့ ပုန်ကန်မှုဟာ လျင်မြန်စွာပြန့်နှံ့သွားပြီး နောက်ဆုံး ၁၉၈၉ April 16 ရက်နေ့ညမှာတော့ ပန်ဆန်းမြို့ ကျသွားခဲ့ပါတယ်။ ဒါဟာ CPB ရဲ့ နေ၀င်ချိန်ပါ။

CPB ဟာ စတင်ဖွဲ့စည်းပြီး နှစ် ၅၀ မျှအကြာ၊ မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်ပြီး ၄၁ နှစ်အကြာမှာတော့ သောက်တလွဲအုပ်ချုပ်မှုတွေကနေ စတင်လာတဲ့ ပုန်ကန်မှုကြောင့် လုံး၀ကျဆုံးသွားပါတော့တယ်။ အဲ့နောက်ပိုင်းမှာ အလုံးစုံပြိုကွဲပြီး ကိုးကန့်လက်နက်ကိုင် နဲ့ United Wa State Army (UWSA) တို့ဟာ အင်အားကြီးမားလာခဲ့ပါတယ်။

Bertil Lintner အကြောင်း နည်းနည်းပြောချင်ပါတယ်။ Swedish Journalist တစ်ယောက်ဖြစ်တဲ့ Bertil Lintner ဟာ မြန်မာ့ပြည်တွင်းရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ Land of Jade (ကျောက်စိမ်းမြေ) ဆိုတဲ့စာအုပ်နဲ့ OUTRAGE:Burma's struggle for democracy (ဒေါမာန်ဟုန်) ဆိုတဲ့ စာအုပ်တွေဟာလဲ ထင်ရှားပါတယ်။ ဒါ့အပြင် Burma in Revolt နဲ့ The Kachin စတဲ့ မြန်မာ့အရေးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလဲ ရေးသားပါတယ်၊ Admin ကတော့ ခု review တဲ့ စာအုပ်အပြင် အပေါ်မှာပြောတဲ့ ၂ အုပ်ပဲ ဖတ်ဖူးပါသေးတယ်။ သူ့ရဲ့အရေးအသားဟာ အတော်လေးကောင်းမွန်ပါတယ်။ သူဟာ မြန်မာ့အရေးတင်မဟုတ်ဘဲ အာရှအရေးကိုပါ အတော်နှံ့စပ်ပါတယ်။ သူ့ရဲ့ဇနီး Hseng Noung Lintner ဟာလည်းပဲ ရှမ်းအမျိုးသမီးဖြစ်တဲ့အပြင် RCSS/SSA ရဲ့ အဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။ အခုအခါမှာတော့ အသက် ၆၈ နှစ်ရှိပြီး Chiang Mai, Thailand မှာ အခြေချနေပါတယ်၊ ခုတော်လှန်ရေးကို အတော်လေးအာရုံစိုက်စောင့်ကြည့်နေပါတယ်။

ဒါကတော့ သူ့ရဲ့ acc link ပါ။
https://www.facebook.com/bertil.lintner

ဘယ်သူတွေကို ဖတ်ဖို့ recommend ပေးချင်လဲဆိုတော့ Admin တို့လို လူငယ်နိုင်ငံရေးလေ့လာသူ၊ မျိုးဆက်သစ်နိုင်ငံရေးသမားတွေကို ဖတ်ဖို့အကြံပေးချင်ပါတယ်။ ငယ်လွန်းတဲ့ကလေးတွေကလွဲရင် ဘယ်လိုလူမဆို ဖတ်သင့်ပါတယ်။ စာအုပ်ကိုက ဆိုင်တွေမှာ ၀ယ်လို့ရသလို Google Playstore ကနေ MMBookshelf app ကို download ပြီး အဲ့ app ကနေ တဆင့်ပြန်လည် download နိုင်ပါတယ်။

ဒါကတော့ download link ပါ။
https://www.naingdroidapps.com/book-shelf/share/db2063d3f401bfc94f50857ab859721b570eb94a10265102653

Outrage:Burma's struggle for democracy ကို ကျွန်တော်တို့ page ကပဲ #9 မှာ review ဖူးပါတယ်၊ Land of Jade ကိုလဲ နောက်ပိုင်းမှာ review သွားဖို့ ရှိပါသေးတယ်။ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ၊ နောက်အခေါက်တွေမှာလဲ စာအုပ်ကောင်းလေးတွေကို review ပေးသွားပါဦးမယ်။ ကျွန်တော်တို့ page လေးကို Like & Follow လုပ်ပေးပြီး React & Share လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Myanmar Youth Political Unit - MYPU ရဲ့ page ကို like & follow ထားခြင်းဖြင့်လဲ နိုင်ငံရေးစာပေတွေ ဖတ်ရှုနိုင်ပြီး နိုင်ငံရေးဗဟုသုတ Political Knowledge ကို ရရှိစေမှာပါ။ Member ၀င်ချင်ရင် သို့မဟုတ် MYPU ရဲ့ အမှုဆောင် ဖြစ်ချင်ရင်လဲ MYPU ရဲ့ Chatbox မှာ စုံစမ်းနိုင်ပါတယ်။
https://www.facebook.com/Myanmar-Youth-Political-Unit-MYPU-110068688031978/

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

10/07/2021

#10

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်တို့ရဲ့ The Book_Worm's Library ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ page က အခုဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် review နောက်ကျသွားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျ။ ဒီတစ်ခေါက်တော့ knowledge ပိုင်းက စာအုပ်တစ်အုပ်ကို review ပေးချင်ပါတယ်။

ဒီတစ်ခေါက် ကျွန်တော် review ပေးမယ့် စာအုပ်အမျိုးအစားကတော့အတ္ထုပ္ပတ္တိအကျဥ်းပေါင်းချုပ် လို့ပဲ ဆိုရမှာပါ။ မောင်ဇေယျာ ရေးသားပြုစုတဲ့ မြန်မာလူကျော် ၁၀၀ ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ ဒီစာအုပ်က နာမည်နဲ့လိုက်အောင် အတ္ထုပ္ပတ္တိအကျဥ်းပေါင်းချုပ် ပုံစံလေး ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ တစ်ခေတ်တစ်ခါက (၁၈၈၀ - ၁၉၅၀ အကြမ်းအားဖြင့်) အောင်မြင်ကျော်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဥ်းလေးတွေကို မောင်ဇေယျာက ဒီစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

မြန်မာလူကျော် ၁၀၀ စာရင်း၀င်တွေထဲမှာ ဘယ်သူတွေပါလဲ ပြောရမယ်ဆိုရင် တစ်ချိန်က မြန်မာ့ငွေကြေးအပေါ်မှာ ငွေစက္ကူတွေအပေါ်မှာ မောင်ကောင်းဆိုပြီး လက်မှတ်ထိုးခဲ့တဲ့ ပညာမင်းကြီး ဦးကောင်း၊ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူး ဦးသန့်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ နဲ့ ဂဠုန်ဦးစော၊ ပါရဂူဘွဲ့ရ နိုင်ငံရေးသမား နန်းရင်း၀န်ဟောင်း ဒေါက်တာဘမော် နဲ့ သူအကို ဒေါက်တာဘဟန်၊ ဗာဂျီးနီးယားဆေးရွက်ကြီးကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင်မိတ်ဆက်ခဲ့တဲ့ လင်းခေးဦးထွန်းမြင့်၊ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေ၊ ပြည်ထဲရေး၀န်ကြီးနဲ့ ဒုတိယ၀န်ကြီးချုပ်ဟောင်း စာရူးပေရူး (Book Worm) ဦးကျော်ငြိမ်း၊ သခင်ဘသောင်း၊ ခင်မျိုးချစ်၊ သိန်းဖေမြင့် နဲ့ အခြားသမိုင်း၀င်လူတော်လူကျော်ပေါင်း အယောက် ၁၀၀ တိတိရဲ့ ကိုယ်အရေး အတ္ထုပ္ပတ္တိအကျဥ်းတွေကို ပြည့်ပြည့်စုံစုံ ဖတ်ရမှာပဲ ဖြစ်ပါတယ်။

ဒီစာအုပ်က ၂ တွဲ ခွဲပြီးရိုက်နှိပ်တာလဲ ရှိသလို ၁ တွဲတည်း အပြီးရိုက်နှိပ်တာလဲ ရှိပါတယ်။ Admin မှာတော့ ပထမတွဲပဲ ရှိပါတယ် ဖတ်ဖူးပါတယ်၊ ဒုတိယတွဲ မဖတ်ဖူးသေးပါ။ ဒုတိယအတွဲမှာ ဦးနုတို့တောင် ပါမယ်ထင်တာပဲဗျ။ ကျွန်တော်၀ယ်ထားတဲ့ date က 28 April 2012 တဲ့ဗျ၊ အဲ့တုန်းကစျေးက တစ်တွဲကို 2500 mmk ခုတော့မပြောတတ်ဘူး။ ပထမတွဲမှာ လူ ၅၀ ရဲ့ အတ္ထုပ္ပတ္တိပါပြီး စာမျက်နှာ ၂၃၂ မျက်နှာ ပါပါတယ်၊ ဒုတိယတွဲနဲ့ပေါင်း အစအဆုံးဆိုရင် စာမျက်နှာ ၅၀၀ လောက်ရှိပါမယ်။

ဒီစာအုပ်ကို ဘယ်မှာ download လို့ရမလဲတော့ ကျွန်တော်လဲ မသိဘူးဗျ၊ ကိုယ်တိုင်သာ လိုက်ရှာကြပါတော့။ စာအုပ်အဖြစ်၀ယ်ရင်တော့ ဘယ်ဆိုင်မှာမဆို ရပါတယ်။ တစ်ချို့ Online က ရောင်းနေတာတွေက deli free 8000 mmk လို့ပြောလို့ပြော 9000 mmk လို့ ပြောလို့ပြော မျိုးစုံဂျင်းထည့်နေတယ်၊ ညံ့တဲ့ကောင် ခံပဲ။ ကျွန်တော့်အထင်တော့ ၂ တွဲ ပေါင်းချုပ်ကို ဆိုင်မှာကိုယ်တိုင်သွား၀ယ်ရင် 6000-7000 mmk လောက်နဲ့ ရနိုင်မယ်ထင်တာပဲ။ ဒီစာအုပ်ကိုက ဘယ်သူမဆို အရွယ်မရွေး ဖတ်ဖို့သင့်တော်ပါတယ်။ ဒီစာအုပ်က ကိုယ်လေ့လာနေတဲ့ သမိုင်းထဲကလူတစ်ယောက်အပေါ် အတော်လေး အကြမ်းဖျဥ်းသိစေမှာပါ။

ကဲ ... ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ ကျွန်တော်တို့ရဲ့ The Book_Worm's Library က နောက်အခေါက်တွေမှာလဲ စာအုပ်ကောင်းကောင်းလေးတွေကို review ပေးမှာဖြစ်တဲ့အတွက် Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ Share ပြီး support ပေးမယ်ဆိုရင်လဲ စိတ်မဆိုးပါဘူးဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

အရေးတော်ပုံ အောင်ရမည်။
စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

Photos from The Book_Worm's Library's post 01/07/2021

#9

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ The Book_Worm's Library ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီရက်ပိုင်းမှာ Admin Team တစ်ခုလုံး မအားမလပ်ဖြစ်နေပြီး Former Admin ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လဲ ခုနိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်ရှုပ်နေခဲ့တဲ့အတွက် ဘာစာအုပ်မှ review မလုပ်ပေးနိုင်ခဲ့ပါဘူး၊ အဲ့အတွက်ကို အနူးအညွတ်တောင်းပန်ပါတယ်ဗျ။ ဒီကနေ့ 1st July မှာတော့ အချိန်မရတဲ့ကြားကနေ ကုပ်ဖဲ့ပြီး နိုင်ငံရေးစာပေထဲက စာအုပ်ကောင်းလေး ၁ အုပ်ကို review ပေးလိုက်ပါတယ်။

OUTRAGE : Burma's Struggle For Democracy ဆိုတဲ့ စာအုပ်ကို Swedish Journalist တစ်ယောက်ဖြစ်တဲ့ Bertil Lintner က ၁၉၉၀ ခုနှစ်မှာ ရေးသားခဲ့ပြီး စံ၀င်းမောင်နဲ့ မင်းမျိုးနိုင်တို့က ဒေါပာန်ဟုန် ဆိုတဲ့အမည်နဲ့ ဘာသာပြန်ပြီး လွင်ဦးစာပေ(လှည်းတန်း) ကနေ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်က ၁၉၈၈ အရေးအခင်း အကြောင်းကို ရေးသားပြုစုထားတာ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ပါ၀င်တဲ့ လူငယ်တော်တော်များများဟာ စစ်အာဏာရှင်အကြောင်းကို အမှန်တကယ် မသိကြတာက များပါတယ်၊ ၁၉၈၈ ကိုလဲ အပေါ်ယံလောက်ပဲ ကြားဖူးကြတာပါ။ ဒီစာအုပ်ကတော့ ၁၉၈၈ ကို နက်နက်နဲနဲ ဖော်ပြထားပါတယ်။ ၁၉၈၈ လို့ ပြောလို့သာပြောတာပါ၊ တကယ်တော့ ဒုတိယအကြိမ် စစ်အာဏာသိမ်းခြင်း ၁၉၆၂ ကနေ စတင်ဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး နေ၀င်း၊ သူရဲ့နောက်လိုက်ခွေးတသိုက်ဖြစ်တဲ့ စိန်လွင်၊ ဒေါက်တာမောင်မောင်(သမိုင်းပညာရှင်)၊ ခင်ညွန့်၊ သန်းရွှေ နဲ့ တင်ဦး (MI) တို့ရဲ့ စစ်အာဏာရှင်စနစ် အုပ်မြစ်ချခဲ့ပုံနဲ့ သူတို့ရဲ့ယုတ်မာပက်စက်မှုတွေကို အတိုင်းသားမြင်နေရပါတယ်။ ဘောင်မ၀င်တဲ့ ၄ ပေ ၈ လက်မ ဂျပုလေးအကြောင်းတော့ မပါဘူးဗျ၊ သူ့အကြောင်းနဲ့ နွေဦးတော်လှန်ရေး ၂၀၂၁ ကိုတော့ ကျွန်တော်တို့မျိုးဆက်က ရေးပါလိမ့်မယ်။ ဒီစာအုပ်ဟာ လေ့လာချက်ကျမ်းတစ်စောင် မဟုတ်ပေမယ့် တိကျလွန်းတာကြောင့် အတော်ကောင်းမွန်ပါတယ်။

Bertil Lintner အကြောင်း နည်းနည်းပြောမယ်။ Swedish Journalist တစ်ယောက်ဖြစ်တဲ့ Bertil Lintner ဟာ မြန်မာ့ပြည်တွင်းရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ Land of Jade ကျောက်စိမ်းမြေ ဆိုတဲ့စာအုပ်နဲ့ The Rise and Fall of the Communist Party of Burma ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နဲ့နေ၀င်ချိန် ဆိုတဲ့ စာအုပ်တွေဟာလဲ ထင်ရှားပါတယ်။ ဒါ့အပြင် Burma in Revolt နဲ့ The Kachin စတဲ့ မြန်မာ့အရေးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလဲ ရေးသားပါတယ်၊ Admin ကတော့ အပေါ်မှာပြောတဲ့ ၃ အုပ်ပဲ ဖတ်ဖူးပါသေးတယ်။ သူ့ရဲ့အရေးအသားဟာ အတော်လေးကောင်းမွန်ပါတယ်။ သူဟာ မြန်မာ့အရေးတင်မဟုတ်ဘဲ အာရှအရေးကိုပါ အတော်နှံ့စပ်ပါတယ်။ သူ့ရဲ့ဇနီး Hseng Noung Lintner ဟာလည်းပဲ ရှမ်းအမျိုးသမီးဖြစ်တဲ့အပြင် RCSS/SSA ရဲ့ အဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်ပါတယ်။ အခုအခါမှာတော့ အသက် ၆၈ နှစ်ရှိပြီး Chiang Mai, Thailand မှာ အခြေချနေပါတယ်၊ ခုတော်လှန်ရေးကို အတော်လေးအာရုံစိုက်စောင့်ကြည့်နေပါတယ်။

ဒါကတော့ သူ့ရဲ့ acc link ပါ။
https://www.facebook.com/bertil.lintner

ဒီစာအုပ်က လူငယ်နိုင်ငံရေးသမား တွေတင် မဟုတ်ဘဲ ဆယ်ကျော်သက်လူငယ်တွေနဲ့ လူတိုင်းလူတိုင်း ဖတ်ဖို့သင့်တော်ပါတယ်။ ဖတ်လဲဖတ်သင့်သလို ဖတ်ရတာလဲ အကျိုးရှိပါတယ်။ ဒီစာအုပ်က စာမျက်နှာ ၃၄၁ မျက်နှာ ပါ၀င်တဲ့အတွက် အတော်ထူပါတယ်ခင်ဗျ၊ ကျွန်တော်ဆို ၂ ရက်တောင် ဖတ်ယူရတယ်။ စျေးနှုန်းတော့ မသိပါဘူး၊ ကျွန်တော်က E Book ပါ။ PDF file ကို MMBookShelf app ကနေ download နိုင်ပြီး အဲ့ဒီ app ကို google playstore ကနေ download လို့ ရပါတယ်ဗျ။ စာအုပ်ဆိုရင်လဲ စာအုပ်ဆိုင်တိုင်းမှာ ရနိုင်ပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ ကျွန်တော်တို့ page လေးကို like & follow လုပ်ပြီး share ပေးခြင်းဖြင့် support လုပ်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။ အာလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

19/06/2021

#8

Hello Everyone ! Welcome back.
အားလုံးပဲမင်္ဂလာပါဗျ၊ ကျွန်တော်တို့ရဲ့ The Book_Worm's Library ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့ 19th June 2021 ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် 1991 ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းကတော့ Admin Team က စာထုတ်ပြီးပြီဆိုတော့ ဒီမှာမပြောတော့ဘူးဗျာ။

ကျွန်တော်ကြိုပြောထားတဲ့အတိုင်း ဒီနေ့ Review ပေးမှာကတော့ ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်း ပဲ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကောက်မတီ (FCDCC) က ရေးဆွဲခဲ့ပါတယ်၊ Adopted on 12th February 2008 ဖြစ်ပါတယ်။ ဘယ်မှာရနိုင်လဲဆိုရင်တော့ MMBookShelf application ကနေ download ဆွဲလို့ရနိုင်ပြီး အဲ့ app ကို google playstore ကနေ download လို့ရပါတယ်။ အကယ်၍ အခက်အခဲရှိရင် comment မှာ ပြောပေးပါခင်ဗျာ။

အရင်ဆုံး ​ဖွဲ့စည်းပုံအခြေခံဥပဒေ (ခြေဥ) ဆိုတာ ဘာလဲဆိုတာကို အကျဥ်းအားဖြင့် အရင်ရှင်းပြပါရစေ။ ခြေဥဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအဖွဲ့နဲ့ ဥပဒေတွေကို တည်ဆောက်ရေးဆွဲဖို့ ပထမဆုံး ရေးဆွဲရတဲ့ ဥပဒေဖြစ်ပြီး ​အာဏာအရှိဆုံးပဲဖြစ်ပါတယ်။ အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်တွေဟာလဲ ခြေဥမှာ ပြဋာန်းထားတဲ့အတိုင်း အတိအကျသာ ဖြစ်ပါတယ်။ ခြေဥဟာ ပြင်ဆင်ဖို့ခက်တဲ့ ဥပဒေလဲရှိသလို ပြင်ဆင်ရလွယ်တာလဲ ရှိပါတယ် (အသေးစိတ်သိချင်ရင်တော့ နိုင်ငံရေးလေ့လာပါ)။ စစ်အစိုးရရဲ့ ၂၀၀၈ ခြေဥသာမက အခုရေးဆွဲတဲ့ ဖက်ဒရယ်ခြေဥဟာလဲ ပြင်ဆင်ရခက်တဲ့အမျိုးအစားမှာ ပါပါတယ်။

ကဲ ဒီ​မူကြမ်းအကြောင်း ပြောပါမယ်။Admin က လူငယ်နိုင်ငံရေးသမားဖြစ်တဲ့အတွက် အနည်းငယ်ဝေဖန်ရေးပါ ပါနေပါတယ်။ ဒီမူကြမ်းမှာ ပုဒ်မပေါင်း ၁၉၂ ခု ပါ၀င်ပါတယ်။ အတော်လေးကောင်းတဲ့ ​ခြေဥပါ။

-ပထမအချက်ပြောချင်တာက ဒီခြေဥအရ မြန်မာနိုင်ငံဟာ Presidential Democracy လား Parliamentary Democracy လားဆိုတာ ဝေခွဲရခက်နေပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ Parliamentary ဖက်ကို ယိမ်းပါတယ်။ ဒါပေမယ့် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာဟာလဲ Parliamentary Democracy လောင် မနည်းပါဘူး။ ကျွန်တော်မြင်တာတစ်ခု ယှဥ်ပြပါမယ်။ American President Joe Biden ရဲ့ လုပ်ပိုင်ခွင့်မှာ ဝန်ကြီးအဖွဲ့ကို သမ္မတက ကြိုက်ရာလူကို ခန့်ပိုင်ခွင့်ရှိပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်လို အပြင်လူတွေလဲ ခန့်နိုင်ပါတယ်။ ဒီမှာကတော့ ဝန်ကြီးချုပ်တင်ပြတဲ့ နာမည်စာရင်းကို ခန့်အပ်ပေးရမှာဆိုတော့ နည်းနည်းတော့ ရုပ်သေးကျတာပေါ့ဗျာ။ ကျန်တာတွေကတော့ အတူတူလောက်ပါပဲ။ နောက်တစ်ခုက ခုခြေဥအရ သမ္မတဟာ စစ်ဖက်ဆိုင်ရာ အရာရှိကြီးတွေကို စိတ်ကြိုက် ဖြုတ်ခန့်လုပ်နိုင်ပါပြီ။ ၂၀၀၈ ခြေဥထက်တော့ တိုးတက်တယ်လို့ ဆိုရမှာပေါ့။

-ဒုတိယတစ်ချက် ဝေဖန်စရာက ပုဒ်မ(၁၃၈) တစ်ပြိုင်နက်နိုင်ငံသားနှစ်ခုဖြစ်ခွင့် ဆိုတဲ့ကိစ္စပါပဲ။ ဒီဥပဒေက နည်းနည်း Abnormal ဖြစ်နေတယ် ပုံမှန်တော့မဟုတ်ဘူးဗျ။ ပြောထားတာက -
[(က)ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံတစ်ခု၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(ခ)ထိုသို့ခံယူခြင်းကြောင့် မူလဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားဖြစ်မှု ဆုံးရှုံးခြင်းမရှိစေရ။]
ဆိုတဲ့အတိုင်းပါပဲ။ ခုလက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ က နိုင်ငံသားဖြစ်ခွင့်ဥပဒေမှာဆိုရင် ဒီလိုမရပါဘူး။ နိုင်ငံသားတစ်ခုသာ ဖြစ်ခွင့်ရှိပါတယ်။ ဒီကိစ္စအတွက် တစ်စုံတစ်ယောက်ကတော့ ဖြေရှင်းချက်ကောင်းကောင်းပေးဖို့ လိုပါလိမ့်မယ်။

ဒီခြေဥဟာ သမ္မတရဲ့ ရာထူးခန့်အပ်ရေးအာဏာကလွဲရင် အာဏာဖြန့်ဝေမှုအတွက် အတော်လေးကောင်းမွန်ပါတယ်။ ကျွန်တော်ကတော့ ဒီခြေဥကို ၉၀% လောက် သဘောကျယုံကြည်ပါတယ်ဗျ။ ကဲ Review က ဒီလောက်ဆို လုံလောက်ပြီထင်ပါတယ်။ ကျန်တာကတော့ ကိုယ်တိုင်လေ့လာကြည့်ပါခင်ဗျာ။

ဒီစာအုပ်က လူငယ်နိုင်ငံရေးသမားပေါက်စ လေးတွေအတွက် ရည်ရွယ်ပြီး Review ပေးတာပါခင်ဗျာ။ ဒါပေမယ့် ဘယ်သူမဆို သိထားသင့်ပါတယ်။

ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ် share ပြီး support လေးပေးပါဦးခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

19/06/2021

Happy Birthday Daw Aung San Suu Kyi 💛

ဒီနေ့ 19th June 2021 ဟာဆိုရင်တော့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်ခင်ဗျာ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာပါစေ၊ ဖမ်းစီးချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရမှာ အများကြီးအကူအညီပေးနိုင်ပြီး မျိုးဆက်သစ်နိုင်ငံရေးသမားလေးတွေကိုလဲ ဖေးမတွဲခေါ်နိုင်ပါစေလို့ ကျွန်တော်တို့ရဲ့ The Book_Worm's Library Admin Team က အလေးအနက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

18/06/2021

Announcement ⚠️

ကျွန်တော်တို့ The Book_Worm's Library page က ဒီရက်ပိုင်း ဘာ review မှ မတင်ပေးမိတဲ့အတွက် အထူးတောင်းပန်ပါတယ်ဗျ။ Former Admin ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်က ဒီနိုင်ငံရေးကိစ္စတွေကြောင့် အလုပ်ရှုပ်နေပြီး မအားတာနဲ့ ဘာမှ review မရေးနိုင်ခဲ့ပါဘူး။ Admin team ကလဲ တစ်ဖွဲ့လုံး အလုပ်များနေတော့ ဘာမှမတင်ဖြစ်တာပါ။

ကြို spoil ပါမယ်။
မနက်ဖြန် 19th June ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ page က မနက်ဖြန်မှာ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို Review ပေးမှာပါ။ ကဲ follow လေးဘာလေး မ စ ပါဦးဗျာ။

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

16/06/2021

The Book_Worm's Treasures

"တစ်ချိန်က"အောင်မြင်ကျော်ကြား ခဲ့သော
ဘာသာပြန်စာအုပ် ကောင်းများ
✨✨✨✨✨✨(Old but Gold)✨✨✨✨✨✨

(၁)မောင်မြတ်မိုး
ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ်
https://www.mediafire.com/download/84b42ma6ddowy5a
(၂)၂၀ ရာစု၏ နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ
https://www.mediafire.com/download/9ol5orlh4vjddr1
(၃)စံလှိုင်
တရုတ်ပြည်ဂန္ထဝင်မြောက်ဆွန်ဇု၏စစ်ပညာကျမ်း
https://www.mediafire.com/download/epqa1b1ypd21mar
(၄)တင်ထွေး
ကိုးနာရီ (မဟတ္တမဂန္ဒီလုပ်ကြံမှု)
https://www.mediafire.com/download/h5imczxk18eius2
(၅)ဆက်ထွန်းလင်း (စက်မှုတက္ကသိုလ်)
ရှားလော့ဟုမ်း အထူးစွမ်းဆောင်ခဲ့ရသည့် မှုခင်းများ
https://www.mediafire.com/download/zz8nn6iomwbed3d
(၆)သန်းဝင်းလှိုင်
ဒုတိယကမ္ဘာစစ်မှတ်တမ်း
https://www.mediafire.com/download/5hh1gk496unnpk6
(၇)ရဲထက်
အိုရှိုးပြောတဲ့ ဟင်းလင်းပြင်
https://www.mediafire.com/download/j2q932nsepn1p1q
(၈)ခင်သူဇာကျော်
ခေတ်ပေါ်ဂျပန်ဝတ္ထုတိုများ
https://www.mediafire.com/download/kwwj5k6zaq6q49i
(၉)လျှို့ဝှက်ဆန်းကြယ်ကမ္ဘာနယ်

https://www.mediafire.com/download/rwhsncb9pz01pxx
(၁၀)ဦးနု
မိတ်တဗလ ဋီကာ
https://wwwကmediafireကcom/download/6nqiiing5qqfjjz
(၁၁)ကောင်းမြတ်မင်း
ကမ္ဘာကျော် ခရစ္စတိုဖာ ကိုလံဘတ်
https://www.mediafire.com/download/84b75ff61565axi
(၁၂)မြတ်သက်
အိပ်မက်ကမ္ဘာထဲ ပို့ဆောင်သူ
#ဝီလျံရှိတ်စပီးယားရဲ့ဘဝဇာတ်ကြောင်း
https://www.mediafire.com/download/i335b21nnxscha9
(၁၃)အောင်ခင်စိုး
အက်ဂါကေစီ နှင့် တမလွန်ဖြစ်ရပ်ဆန်းများ
https://www.mediafire.com/download/5srh4vuxgr4dpct
(၁၄)နန်ဒသူ
မြန်မာ့စောင်း
https://www.mediafire.com/download/283i8qy283ipgea
(၁၅)ကျော်ဇောဦး
ဘီလ်ဂိတ် ဆောက်တဲ့ ဘဝအိမ်
https://www.mediafire.com/download/uydz4cozr6b828f
(၁၆)ရဲကောင်းထက်
ကမ္ဘာကိုကိုင်လှုပ်သူများ
https://www.mediafire.com/download/wenuu35h7oj784s
(၁၇)ဘသက်ဆွေ
သင်းချိုင်းမှာတစ်ညနှင့် လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုတိုများ
https://www.mediafire.com/download/kcuwq49rte0ehe5
(၁၈)holyghost
မမြဲသောအရာ (ဘာသာပြန်)
https://www.mediafire.com/download/obd0x3bjcz6ycex
(၁၉)ကောင်းသာ
အယ်ဘတ်အိုင်းစတိုင်း
https://www.mediafire.com/download/v39invngb13kvw3
(၂၀)အောင်ခင်စိုး
ကမ္ဘာကျော် (စပိုင်) ဝတ္ထုများ
https://www.mediafire.com/download/e3ucb4bm7wx4vae
(၂၁)မနှင်းပွင့်
အရှေ့လေနှင့် အနောက်လေ (ဘာသာပြန်)
https://www.mediafire.com/download/ltmdeubw6tbmc5f
(၂၂)ဂုဏ်ဝင်း
အရိုင်းခေါ်သံ (ဘာသာပြန်)
https://www.mediafire.com/download/l28m8j4r8jtpqqe
(၂၃)ဒဿကျော်စွာ
ကမ္ဘာ့ထိတ်လန့်သည်းဖိုဝတ္ထုများ
https://www.mediafire.com/download/85uy30ujt12wg5m
(၂၄)သင့်လူ
အတ္တလန္တိတ်ရှာပုံတော်
https://www.mediafire.com/download/to20w9a0tckctka
(၂၅)ဒေါက်တာညွန့်ရွှေ
ဒိုင်နိုဆောအသိဥာဏ်
https://www.mediafire.com/download/pde4o76c1y82ic8
(၂၆)လင်းဝေမြိုင်
ကုတ်အင်္ကျီ
https://www.mediafire.com/download/bcm195trb99mi4m
(၂၇)ရဲမြလွင်
ဘော့ကျန်
https://www.mediafire.com/download/130wbh4heeubyh4
(၂၈)မုရှ ခါဇုအော့
မြန်မာပြည်က နားဆွဲလေး
https://www.mediafire.com/download/93ij7027le8rpuq
(၂၉)ကျော်သက်ဟန်
အမေရိကန်သမ္မတ ဖရင့်ကလင်ဒီရုစဗဲ့
https://www.mediafire.com/download/k7frjiy63mdbs78
(၃၀)ထင်လင်း
အဆိပ် (ဘာသာပြန်)
https://www.mediafire.com/download/d6vj1dg8m8bmt4h
(၃၁)ဦးသန်းထွတ် (ပါမောက္ခ-ငြိမ်း)
ဂန္ဓီ၏လောကအမြင်
https://www.mediafire.com/download/6k6231wm65c5961
(၃၂)ဒေါက်တာကျော်မြင့် (ဓာတ်မှန်)
ခရစ်(စ)တီယန်ဘားနဒ်၏ ဘဝတစ်ခု
https://www.mediafire.com/download/ihoyckbm7l68tz8
(၃၃)ခင်လေးမြင့်
မင်းသားလေး...
https://www.mediafire.com/download/ux6c7df81ga9vc7
(၃၄)နိုင်ရဲကျော်
နည်းပညာတစ်ဖက် အနုပညာတစ်ဖက်နှင့်လူသား
#စတိဗ်ဂျော့
https://www.mediafire.com/download/0w0w172js7cr3de
(၃၅)ဝင်းနိုင်ဦး (ရေနံ)
ကမ္ဘာကျော်ရွှေဂန္ထဝင်ဝတ္ထုတိုများ
https://www.mediafire.com/download/2zkuxuzva5c2cnw
(၃၆)ကျော်ထက်ထွန်း
နာဇီသူလျှိုကျော် ဗိုလ်ချုပ်ကြီးကနားရစ်
https://www.mediafire.com/download/awrlrb5p7qpvrd5
(၃၇)ဇော်ထက်
မဟာရာဂျာ၏ စိန်ရွှေရတနာဓားမြှောင် နှင့်
နိုင်ငံတကာဂမ္ဘီရဆန်းကြယ် ဝတ္ထုတိုများ
https://www.mediafire.com/download/m47u2uc7tz6cz4n
(၃၈)ချမ်းမြေ့ဝင်း
ဂရုမစိုက်ခြင်း အနုပညာ
https://www.mediafire.com/download/i6b18i2aun1b77b
(၃၉)ကလောချစ်ထွန်း
ရှေးမူမပျက် ခေတ်သစ်လူ့ဘောင်
https://www.mediafire.com/download/iiod7m58oq5zqqt
(၄၀)နေစိုးထက်
ဟိုချီမင်း (သို့) အနှိုင်းမဲ့သူရဲကောင်း
https://www.mediafire.com/download/j0z2w080vg10484
(၄၁)စိုးသိဏ်း
နောက်ဆုံးပေါ်လိမ်နည်းနှင့်
ဂျက်ဖရီအာချာလက်ရွေးစင်ဝတ္ထုတိုများ
https://www.mediafire.com/download/bxxhtlvxpfb63a1

(၄၂)မောင်မောင်ညွန့်
လေယာဉ်ပြန်ပေးနှင့် အစ္စရေးဓားစာခံ
https://www.mediafire.com/download/8wouc1q8cki1ck3
(၄၃)အေးထွန်းမင်း
မော့ဆက်၏ ပရိယာယ်ဝင်္ကပါ
(ကမ္ဘာကျော်အစ္စရေးထောက်လှမ်းရေးအဖွဲ့ မှ အေးဂျင့်တစ်ဦး၏ ဖွင့်ဟချက်များ)
https://www.mediafire.com/download/pxe33db5j2pln17
(၄၄)မောင်ဒေး
ပြုံယန်း (ဘာသာပြန်ရုပ်ပြ)
https://www.mediafire.com/download/4o6mmj77w2tpe26
(၄၅)ထင်လင်း
တစ်ကျွန်းစံ၏ အပြန်လမ်း (ဘာသာပြန်)
https://www.mediafire.com/download/53ilfhrm5hv32h2
(၄၆)ကြိုးစင်ပေါ်မှ မှတ်တမ်းများ
(ဂျူးလိယက်ဖူးချစ်)
https://www.mediafire.com/download/ky7bcg0cdce7cwq
(၄၇)ဦးကိုလေး (ဇေယျာမောင်)
ဂုရုကြီး ဦးဂိုအင်ကာ
https://www.mediafire.com/download/9i36an2waq2yip2
(၄၈)ဗိုလ်အေးမောင်
မြားနက်
https://www.mediafire.com/download/5guncdob31bp806
(၄၉)စိုးသိဏ်း
ညနေခင်းသတင်း (ဘာသာပြန်)
https://www.mediafire.com/download/ldth9yeitqakoca
(၅၀)ဗိုလ်မှူးကြီးကိုလေး (အငြိမ်းစား)
မောင်ဂိုမာရီ၏ ကမ္ဘာကျော် အယ်လ်အာလာမိန်းတိုက်ပွဲ
https://www.mediafire.com/download/yxxobvlbbiu8f90
(၅၁)လင်းဝေမြိုင်
တော (ဘာသာပြန်)
https://www.mediafire.com/download/rmq23eeoxz857h3
(၅၂)လူအောင်
ဂျိမ်းစ်ဒင်းအယ်လ်ဘမ်
https://www.mediafire.com/download/x6c5kmog4690ece
(၅၃)ကောင်းဟိတ်
ဂျာနယ်လစ်တစ်ယောက်ရဲ့ဆူးခင်းလမ်း
https://www.mediafire.com/download/o9li2w2v5gzpd5c
(၅၄)သင့်လူ
သက်တော်ရာကျော်ရှည်စေသော်ဝ်
https://www.mediafire.com/download/d7x9teilmlf1855
(၅၅)ထက်မြက်
ဗလာဒီမီယာ ပူတင်
https://www.mediafire.com/download/a631lu6y15yc2sk
(၅၆)မောင်နေဝင်း
သံဖနောင့်
https://www.mediafire.com/download/w3w1hk7hus8xoxp
(၅၇)ဂါမဏိ
မင်ဒဲလား - ရန်သူနှင့် စကားပြောခြင်း (ဘာသာပြန်)
https://www.mediafire.com/download/wnc94dz0azj999k
(၅၈)ညွန့်ကြူး
ပင်လယ်ဝံပုလွေ
https://www.mediafire.com/download/vr9xqqcgbo57t2n
(၅၉)အေးထွန်းမင်း
သမ္မတအနီးကလူ
https://www.mediafire.com/download/kl25qd6ke5zmifs
(၆၀)ဇင်ဝေသော်
လီကွမ်းယု - နားဝင်မချိုတဲ့အမှန်တရားများ
https://www.mediafire.com/download/4c3qor8ar3un153
(၆၁)အတ္တကျော်
တောင်အာဖရိကဂန္ထဝင်ဇာတ်လမ်း
https://www.mediafire.com/download/aw8bepasp4w3ptb
(၆၂)စိုးသိဏ်း
ပလေးဘွိုင်မဂ္ဂဇင်းဝတ္ထုတိုများ
https://www.mediafire.com/download/bfuga6e5ylmnqm4
(၆၃)ဦးနု
အာဇာနည်
https://www.mediafire.com/download/6y735y2dfw1yyqy
(၆၄)ဇော်ဗလ
သေမင်းဖြူနှင့် စတေးခံ
https://www.mediafire.com/download/2d8tr6wuhxlbqha
(၆၅)အောင်မင်းဦး - မြန်မာပြန်
ဆွဲဆောင်မှု၏ဥပဒေသ
https://www.mediafire.com/download/rs1z20vyjky7aie
(၆၆)ခင်စောတင့်
တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း
https://www.mediafire.com/download/759lgehdaetc6f4
(၆၇)မင်းအောင်မင်း
ဖလောရင့်နိုက်တင်ဂေး
https://www.mediafire.com/download/93eq94kea39ifp7
(၆၈)မြနှင်းဆီ
မင်ဒဲလားထွင်သောလမ်း
https://www.mediafire.com/download/p8spmg3yu48v951
(၆၉)နေမင်းရာဇာ
အရိုင်းများအလယ်
https://www.mediafire.com/download/olh7b5x92opbddh
(၇၀)အောင်ခင်စိုး
စိတ်နယ်လွန်ဖြစ်ရပ်ဆန်းများ (ဘာသာပြန်)
https://www.mediafire.com/download/jtb783ih2fu2iaa
(၇၁)မောင်ဆန်းကြယ် (မြန်မာပြန်)
ရင်ခုန်သံ မျှော်လင့်ချက်
(ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး)
https://www.mediafire.com/download/hd82zqp11kn5htv
(၇၂)ဦးလှဒင် (မြန်မာပြန်)
ရတနာရွှေမြေ
https://www.mediafire.com/download/0i28awu3ak059ev
(၇၃)နေဦးဝေ
နီယိုမာ့က်စ်ဝါဒ ပို့စ်မာ့က်စ်ဝါဒ
https://www.mediafire.com/download/akr4k86m2gu0nc1
(၇၄)တင်နွယ်မောင်
မော့ဆက်
https://www.mediafire.com/download/spq2vvjxdq3o2zv
(၇၅)ဝင်းငြိမ်း
မင်းမှုထမ်း
https://www.mediafire.com/download/1anbeipzh7dt1jh
(၇၆)ဇော်ဟိန်း
ကျွန်ုပ်၏ အမေရိကန်ခရီး (ကောလင်းပါဝယ်)
https://www.mediafire.com/download/0g8gtsrjb5ujlcr
(၇၇)Sir Alex Ferguson ၏ နှစ် ၂၀ ခရီး
https://www.mediafire.com/download/6ci6zd0chwy445b
(၇၈)နိုင်ဦး
ကျောက်စိမ်း နိုင်ငံတော် လျှို့ဝှက်မှုကြီး
https://www.mediafire.com/download/nt3w2a8azw5z2zg
(၇၉)ဝင်းနိုင်ဦး (မြန်မာပြန်)
မော့ဆက်နှင့် လှဧကရီ
https://www.mediafire.com/download/1c0s16r5ra7bwqe
(၈၀)လှိုင်ဘွား
အိုဘားမားကောက်ကြောင်း
https://www.mediafire.com/download/gcxm52bjln0bgnz
(၈၁)ရွှေဘိုမိမိကြီး
အနာဂါရိက ဓမ်မပါလ
https://www.mediafire.com/download/sk8p4gzy2opbdx8
(၈၂)ထင်လင်း
စည်းအပြင်ကလူ
https://www.mediafire.com/download/u63i6nwqmf7dccv

(၈၃)သောင်းထိုက်
မဟာဗျူဟာ
https://www.mediafire.com/download/hdakaxwn0v65qk8
(၈၄)အတ္တကျော် (မြန်မာပြန်)
အာရှသားများ စဉ်းစားနိုင်စေ
https://www.mediafire.com/download/m9wu0kbo3t4b09c
(၈၅)ရဲမြလွင်
မီးဖိုချောင်ကလေး
https://www.mediafire.com/download/ygnvxqtw4l8l6if
(၈၆)အလှတရား (ဘာသာပြန်)
လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း
https://www.mediafire.com/download/41qacalujz0y2y4
(၈၇)ချမ်းမြေ့ဝင်း
သုခမြေပုံ
https://www.mediafire.com/download/z4zi7m9539ds088
(၈၈)ရန်နောင်ဦး
အဂ္ဂါအယ်လင်ပိုး
https://www.mediafire.com/download/4o9kw4hdyvru406
(၈၉)ဦးလှဒင်
မာကိုပိုလို
https://www.mediafire.com/download/q1d9eok512e6tqz
(၉၀)ကြည်မင်း
အချိန်မဖြုန်းနည်း
https://www.mediafire.com/download/64pthg6ct58wcy0
(၉၁)မြင့်မိုရ်မေတ္တာ (လွိုင်ကော်)
ကမ္ဘာမြေသို့ အနမ်းများစွာ
https://www.mediafire.com/download/r0xvkan18ka958n
(၉၂)ဒုတိယဗိုလ်မှူးကြီး တင့်ဝေအေး(ငြိမ်း)
ခေတ်မီလက်နက်များနှင့်စစ်ပွဲများ
https://www.mediafire.com/download/89dlstdbeqlssuc
(၉၃)အောင်ပြည့်
Who is Bill Gates?
https://www.mediafire.com/download/yqbu93vku76yily
(၉၄)ဝင်းမြင့်အောင် (မြန်မာပြန်)
ရွှေတြိဂံစစ်ဆင်ရေး
https://www.mediafire.com/download/xzotsx2nsbgtb2u


(Old But Gold)

10/06/2021

ကျွန်တော်တို့ရဲ့ The Book_Worm's Library က Like & Follow 100 ရောက်လာပါပြီ၊ အဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဆက်ကြိုးစားပါ့မယ်။

Photos from The Book_Worm's Library's post 10/06/2021

#7

😇မင်္ဂလာပါဗျ၊ The Book_Worm's Library ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဒီတစ်ပတ်မှာတော့ လူငယ်တွေ ကလေးတွေအတွက် ရည်ရွယ်ပြီး review ပေးသွားမှာ ဖြစ်ပါတယ်။ Review ပေးမှာကတော့ စာအုပ် ၁ အုပ်ထဲ မဟုတ်ပါဘူး၊ စာအုပ် series လိုက်ပါ။ ကဲ ... စလိုက်ရအောင်။

ပုံမှာပြထားတဲ့ box လေးကတော့ စာပေလောက စာအုပ်တိုက် က ထုတ်တဲ့ စာပေလောက သိမှတ်ဖွယ်စာစဥ် series ပဲဖြစ်ပါတယ်ခင်ဗျ။ စာအုပ်ကတော့ ၁၂ အုပ်ပါပါတယ်၊ ပုံမှာပြထားတဲ့ ခေါင်းစဥ်တွေနဲ့ပတ်သတ်ပြီး knowledge တွေအများကြီး ပါပါတယ်ခင်ဗျ။ စာအုပ် ၁၁ အုပ်က knowledge ပေးပြီး ဉာဏ်စမ်းပုစ္ဆာများ ဆိုတဲ့စာအုပ်က စာဖတ်သူ ဘယ်လောက်အထိ မှတ်မိလဲဆိုတာကို မေးခွန်းတွေနဲ့ ဉာဏ်စမ်းသဘောမျိုး မေးထားပါတယ်။ ဒီ box ကို စာပေလောက စာအုပ်ဆိုင်တိုင်းမှာ ရနိုင်ပါတယ်။ Admin မှာ ရှိတာက admin ငယ်ငယ်က ၀ယ်ထားတာပေါ့ဗျာ၊ 07 Nov 2012 လို့ date တပ်ထားတာပဲဗျ။ ၂၀၀၄ ခုနှစ်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်တွေပါ။ ၀ယ်တုန်းက စာအုပ်စျေးနှုန်းကတော့ ၁ အုပ်တန်ဖိုး 600 mmk၊ box တစ်ခုလုံးကို 7000 mmk ပါဗျ။ (ယခုစျေးနှုန်း အနည်းငယ်တက်နိုင်)။ Size ကတော့ ပုံပါအတိုင်း 5×3.5 inches ပါ။

ဘယ်လိုစာဖတ်သူမျိုးကို Recommend ပေးချင်လဲဆိုတော့ ကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။ Knowledge လဲ ရစေသလို စာဖတ်ရတာလဲ အလေ့အကျင့်ရစေပါတယ်။ ကျွန်တော်ငယ်ငယ်က သိပ်ကြိုက်ခဲ့တာပေါ့ဗျာ၊ ခုထိလဲ ကောင်းတုန်းပါပဲ။ ကလေးတွေတင်မဟုတ်ပါဘူး သုတစာပေ ဖတ်ချင်တဲ့ စာဖတ်သူ မည်သည့်အရွယ်မဆို ဖတ်ဖို့အတွက် သင့်လျော်ပါတယ်ဗျ။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ နောက်အခေါက်တွေမှာရော စာဖတ်သူတွေအတွက် ဘယ်လိုစာအုပ်ကောင်းလေးတွေကို review ပေးမလဲဆိုတာကို သိရှိဖို့အတွက် ကျွန်တော်တို့ page လေးကို Like & Follow လုပ်ပေးထားပါဦးခင်ဗျ။ Share ပြီး support ပေးရင်တော့ အထူးကျေးဇူးတင်ပါတယ်။👉❤️👈

အရေးတော်ပုံ အောင်ရမည်။
အာဏာရှင်စနစ် မုချ ကျရှုံးရမည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး စီသို့။ ။

Admin

Website