Yin Phwint_ရင်ဖွင့်
တစ်ယောက်ထဲခံစားမနေနဲ့ ရင်ဖွင့်
တန်ဆောင်တိုင်ရက်ကို ပျော်ပျော်ကြီး ဖြတ်သန်းပေးပါ
#အားလုံးအတွက်YinPhwint_ရင်ဖွင့်
Hello ရင်ဖွင့်ပြန်လာပါပြီနော်
ဒီရက်ပိုင်း နည်းနည်းပျောက်သွားပါတယ် ဟီး"
ကဲအခု ဒီနေ့အတွက်ရင်ဖွင့်ကနေပြီး
ကလေးတွေပင်ပန်းနေပြီဆိုတဲ့အကြောင်းလေးပြောပြပေးပါမယ်နော်
ကလေးတွေပင်ပန်းနေပြီ (၁)
××××××
ကလေးတွေက သူတို့ရဲ့ ငယ်ရွယ်တဲ့ဘဝမှာ အများအားဖြင့် အဓိကဖိအားတစ်ခုပဲရှိပါတယ်။အဲ့တာကတော့ပညာရေးပါ။
'သူများလိုတော်ရမယ်၊သူများတောင်လုပ်နိုင်နေတာ နင်ဘာလို့မလုပ်နိုင်တာလည်း'အဲ့လိုမျိုးစကားတွေနဲ့ လူကြီးမိဘတွေက ဖိအားပေးတတ်ကြပါတယ်။ဒါကြောင့် ကလေးတွေရဲ့စိတ်ထဲမှာ 'ငါလုပ်နိုင်မှ ငါ့မိဘ စိတ်ချမ်းသာမယ်'ဆိုတဲ့အတွေးတွေဖြစ်လာရပါတယ်။အဲ့လိုပြောလို့ မိဘတွေရဲ့အပြစ်လားဆိုတော့လည်းမဟုတ်ပါဘူး။
မိဘတိုင်း ကိုယ့်သားသမီးစာတတ်တာ အတန်းတွေအောင်တာ၊စာတော်တာကို ဂုဏ်ယူချင်ကြမှာပေါ့။အမှားမဟုတ်ပါဘူး။
အဲ့လိုပဲ ကလေးတိုင်းကလည်း သူတို့မိဘတွေကို စိတ်ချမ်းသာစေချင်တာပါပဲ။အားလုံးမှာက သူ့ခံစားချက်၊ရည်ရွယ်ချက်လေးတွေရှိနေကြတာပါပဲ။မိဘနဲ့သားသမီးကြားမှာ နည်းနည်းလောက်စကားပြောဖို့ပဲလိုတာပါ။ဒါပေမယ့် ခက်တာက ဘယ်သူမှ အဲ့လိုအချိန်ပေးပြီး စကားပြောလေ့မရှိကြပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာဆိုတော့ စကားလေးပြောဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ကလေးတွေကလည်း ကျောင်းပြီးကျူရှင် ကျူရှင်ပြီးကျောင်း ဆိုတော့လည်း သူ့စာနဲ့သူလုံးပန်းနေရတာပါပဲ။ အဲ့တော့ ကလေးတွေမှာက မသိမသာနဲ့ လမ်းလွဲကိုရောက်လာတတ်ပါတယ် မိဘရဲ့ ဂရုစိုက်မှုကိုမရရင်ပေါ့။သူတို့အတွက်က အဲ့တာလေးကအရမ်းလိုအပ်ပါတယ်နော်။ အခုလို အားလုံးရဲ့ အနာဂါတ်မသေချာနေတဲ့အချိန်မှာဆို ပိုဆိုးပါတယ်။အများစုက လမ်းပျောက်ကြပါပြီ။
ဒီတော့ မိဘတွေက နည်းနည်းဒီအရေးကို ဂရုစိုက်ဖို့လိုလာပါပြီ။ဘာတွေလုပ်ပေးသင့်သလဲဆိုတာလေးကို ပြောပြပါမယ်နော်။
🔴 မချုပ်ချယ်ပါနဲ့
(မိမိဖြစ်စေချင်တာကို သေသေချာချာနားဝင်အောင်ပြောပေးရမှာပါ၊အတင်းအကျပ်တားမြစ်တာတွေမလုပ်ရဘူးနော်၊ပိုဆိုးသွားနိုင်ပါတယ်)
🔴 မိမိကလေးပြောတာကိုသေသေချာချာနားထောင်ပေးပါ။
(မလှောင်ပါနဲ့၊သူ့အိပ်မက်ကို ပံ့ပိုးပေးပါ။ကလေးရဲ့ ပထမဆုံးသော ပရိသတ်လုပ်ပေးပါ။)
🔴 သိက္ခာမချပါနဲ့
(ကိုယ့်ကလေးမကောင်းကြောင်းကို ဘာလို့ လူစုံရင် အပုပ်ချပြောချင်ကြတာလည်း၊အဲ့လိုပြောလို့ ကလေးကြားရင် စိတ်ဒဏ်ရာရနိုင်ပါတယ်)
🔴 ဘယ်တော့မှ သူများသားသမီးနဲ့မယှဉ်ပါနဲ့
(ကိုယ့်ကလေးက ဘယ်သူနဲ့မှမတူတဲ့သူမို့ သူများကလေးနဲ့ သွားယှဉ်စရာမလိုပါဘူးနော်၊ကိုယ့်ကလေးက အတော်ဆုံး အထူးခြားဆုံးပါ)
🔴 ကလေးရှေ့မှာ အိမ်ထောင်ရေးအခြေအနေ၊စီပွားရေးအခြေအနေ၊လူမှုရေးအခြေအနေ၊ပညာရေးအခြေအနေတွေကို မညည်းပါနဲ့။
(အဲ့တာတွေကို ကလေးလေးကိုပါရောပြီး စိတ်သောကမရောက်စေပါနဲ့၊ကလေးရဲ့ အိမ်မက်အညွန့်လေးတွေကျိုးသွားပါလိမ့်မယ်)
[ကျန်တဲ့အချက်တွေကို နောက်တစ်ပိုစ့်မှာဆက်ပြောပေးပါမယ်နော်]
ကဲအခုပဲ မိမိကလေးရဲ့ အိပ်မက်ကိုမေးကြည့်လိုက်နော်
#အားလုံးအတွက်yinphwint_ရင်ဖွင့်
နေ့ရက်တိုင်းကို စိတ်ချမ်းသာ ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ပါစေကြောင်း ဒီနေ့ကျရောက်သော World Mental Health Day ရဲ့ ဆောင်ပုဒ်နှင့်အညီ ကျွန်တော်တို့များက ဆုတောင်းပေးလိုက်ပါသည် ခင်ဗျ..
🎊Hello everyone🪔🎉
Yin Phwint Admins အဖွဲ့ကနေပြီးတော့ ဒီကနေ့ကျရောက်တဲ့ သီတင်းကျွတ်အခါသမယမှာ အားလုံးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းကျန်းမာမာနဲ့ ဘေးအန္တရာယ်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🥳
အခုလို ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်အခါသမယမှာ စိတ်ထဲခံစားနေရတဲ့ ပြဿနာတွေအားလုံး
ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ လုံးဝကင်းစင်ပျောက်ကင်းကြပါစေ
မိဘဘိုးဘွားဆွေမျိုးအသိုင်းအဝိုင်းကိုလည်း ၁၀၀၀ရင်း ၁၀၀၀၀ရ ၁၀ဆ စီမံကိန်းကိုအကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ😁
သီတင်းကျွတ်မတိုင်ခင်က စိတ်ဒုက္ခတွေကို သီတင်းကျွတ်နောက်ပိုင်းအထိ သယ်မသွားပဲ Adminတို့ စိတ်စည်ပင်ကို လာရင်ဖွင့်လို့ရပါတယ်ခင်ဗျာ
အားလုံးအတွက် အဆင်ပြေအောင်ကျနော်တို့ စိတ်စည်ပင်က တာဝန်ယူဆောင်ရွက်ပေးသွားပါမယ်ခင်ဗျာ
မုန့်ဖိုးလည်းပေးလို့ရပါတယ်ခင်ဗျာ😝
#အားလုံးအတွက်yinphwint_ရင်ဖွင့်
ပြဿနာတွေကြောင့် အပင်ပန်းမခံပါနဲ့
××××××××
ပြဿနာတွေဆိုတာလူနေမှုပတ်ဝန်းကျင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်တွေပါ။အချို့က သာမန်အသေးအဖွဲလေးတွေ ဖြစ်ကြပေမယ့် အချို့ကတော့ ကိုယ့်ရဲ့ဘဝ တဆစ်ချိုးဖြစ်သွားစေနိုင်တဲ့ ပြဿနာတွေပါ
ဒါတွေကြောင့်ပဲ လူတွေမှာ မသိလိုက်ခင်လေးမှာပဲ စိတ်ကျရောဂါစွဲလာပါတယ်။စိတ်ကျရောဂါဖြစ်လာရင် တစ်ဖြေးဖြေးနဲ့ မိမိလက်ရှိဘဝကို စိတ်ကုန်လာတာ၊အရာရာကို စိတ်ပျက်လာတာ၊လူတွေကို ကြောက်လာတာ၊ရင်မဆိုင်နိုင်တော့တာတွေ ဖြစ်လာတတ်ပါတယ်၊ အဆိုးဆုံးအခြေအနေကတော့ မိမိဘဝကိုမိမိကိုယ်တိုင် အဆုံးသတ်လိုက်တော့တာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေထိ ဆိုးဆိုးရွားရွားဖြစ်မသွားခင် အကောင်းဆုံးလုပ်ဖို့ကတော့ မိမိကိုနားလည်ပေးနိုင်သူ တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်လိုက်ဖို့ပါပဲ။ ရင်ဖွင့်လိုက်တာက မိမိစိတ်ထဲက အလုံးအခဲကြီးကို ဖြေချလိုက်သလိုမျိုး မိမိထမ်းပိုးထားတဲ့ ပြဿနာ ဝန်ထုပ်ဝန်ပိုးကြီးဟာ ပေါ့သွားပါလိမ့်မယ် (အဲ့အတွက် ရင်ဖွင့် ရှိပါတယ်နော် :P )
နောက်တစ်နည်းက တခြားတစ်ခုကို အာရုံလွှဲလိုက်တာပါ အဲ့နည်းကလည်း ထိရောက်ပါတယ်နော်
အဲ့တာအပြင် အိပ်ပစ်လိုက်တာတို့ socialနဲ့ ထိတွေ့တာမျိုးတို့လုပ်လို့ရပါတယ်နော်
#အားလုံးအတွက်YinPhwint_ရင်ဖွင့်
ရင်ဖွင့်ပါ အားမနာပါနဲ့
×××××××
လူအများစုက မိမိရဲ့အကြောင်းတော်တော်များများကို ရင်ဖွင့်ရမှာကိုကြောက်ကြပါတယ် အထူးသဖြင့်မိမိနဲ့မသိသေးတဲ့သူတွေကိုပေါ့။စိတ်မပူပါတော့နဲ့ adminတို့ဆီမှာစိတ်ချစွာ ရင်ဖွင့်နိုင်ပါပြီနော်။မိမိရဲ့စိတ်ခံစားမှုအခြေအနေကို chat boxကနေပြီး rating 1/10 or 10+ပေးပြီး adminတို့ရဲ့ ကြင်နာယုယမှုတွေကိုရယူလိုက်ပါနော်
မိတ်ဆွေမရှိဘူးလား?
ရင်ဖွင့်က အားလုံးအတွက်မိတ်ဆွေပါပဲနော်
ချစ်သူမရှိဘူးလား?
ရင်ဖွင့်မှာ ရင်ဖွင့်လို့ရပါတယ်နော်
ငယ်ငယ်ကအချစ်ဦးကိုလွမ်းနေတာလား?
ရင်ဖွင့်လို့ရပါတယ်
ဒါကြောင့်မို့အားမနာတမ်းရင်ဖွင့်လို့ရပါတယ်နော်
အားလုံးရဲ့အခက်အခဲမှန်သမျှကို ကူညီဖြေလျော့ပေးမှာပါ
အခုချိန်မှာ အားလုံးရဲ့စိတ်ထဲမှာတွေးထားရမှာက လုံးဝစိတ်မညစ်ဖို့ပါပဲ အားလုံးနဲ့အတူ ရင်ဖွင့်ရှိပါတယ်ဗျာ❣️
#အားမနာတမ်းရင်ဖွင့်ပါ
စိတ်ဓာတ်မကျပါနဲ့
*******************
စိတ်ဓာတ်ကျတယ်ဆိုတာ လူတော်တော်များများမှာ ကြုံတွေ့နေကြရလေ့ရှိတဲ့ အရာတစ်ခုပါ။
ရှက်စရာလည်းမဟုတ်သလို စိုးရိမ်မှုလွန်ကဲစရာလည်းမလိုပါဘူးခင်ဗျာ။
ဒီလိုစိတ်ဓာတ်ကျခြင်းတွေကအဘက်ဘက်ကဖိအားဒဏ်ခံနေရသူတွေ မိသားစုနဲ့အဆင်မပြေသူတွေ တစ်ယောက်ထဲအထီးကျန်သူတွေအပြင် လူနေမှုဘဝခက်ခဲတာတွေ ပတ်ဝန်းကျင်တွေ အခြားအခြားသောကျန်းမာရေး၊စီးပွားရေးကိစ္စတွေကြောင့် ဖြစ်တည်လာရပါတယ်။အဆိုပါကိစ္စရပ်တွေကို ကြုံတွေ့လာရပြီဆိုရင်တော့ လူအများစုဟာ စိတ်ထွက်ပေါက်တစ်ခုခုကိုရှာလေ့ရှိကြပါတယ်။ဥပမာ အရက်သောက်တာ၊ဆေးလိပ်သောက်တာ၊အခြားအခြားသောအရာတွေနဲ့ပေါ့။တစ်ချို့လူတွေကတော့ အဲ့ဒီထွက်ပေါက်တွေက သူတို့အတွက် အလုပ်မဖြစ်တဲ့အတွက် မိမိကိုယ်ကို အပြစ်တင်စိတ်တွေ ဖြစ်လာပါတယ်။ဒါကြောင့်ပဲ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းတွေပေါ်လာရတာပဲဖြစ်ပါတယ်။
နှစ်စဉ်ကမ္ဘာပေါ်မှာ လူရှစ်သိန်းလောက်ဟာ မိမိကိုယ်ကို အဆုံးစီရင်တတ်ကြပါတယ်
စက္ကန့်လေးဆယ်တိုင်းမှာ လူတစ်ယောက်နှုန်းပါ။
စိတ်ဓာတ်ကျခြင်းကိုဘယ်လိုဖြေဖျောက်မလဲ
*စာအုပ်တွေဖတ်ကြည့်ပါ(happy endingလေးတွေဖြစ်ဖို့တော့လိုပါမယ်)
*မိသားစုနဲ့အတူ တစ်ခါလောက် စကားပြောကြည့်ပါ (ကိုယ်မပြောဖြစ်တဲ့အရာတွေကိုပေါ့ ဥပမာ.အဖေ့ကိုချစ်တယ်)
*ရုပ်ရှင်ကြည့်ပါ(happy endingလေးတွေပါနော်)
*သူငယ်ချင်းတွေနဲ့ အချိန်ပေးကြည့်ပါ
*ပရဟိတအလုပ်လေးတွေလုပ်ကြည့်ပါ
*မည်သည့်အကြောင်းကြောင်းဖြင့်မှ မိမိစိတ်ခံစားနေရတဲ့ အကြောင်းအရာကိုခေါင်းထဲမရောက်စေပါနဲ့
*ရောက်ခဲ့ရင်လည်း၁၀စက္ကန့်အတွင်းခေါင်းထဲကထုတ်ပစ်လိုက်ပါ(အခြားအကြောင်းအရာကိုစဉ်းစားပြီး)
*သဘာဝကိုခံစားကြည့်ပါ
*ဖြေရှင်းရခက်တဲ့ မေးခွန်းမျိုးနဲ့အချိန်ကုန်ကြည့်ပါ
*မိမိ ကလေးဘဝကဓာတ်ပုံလေးတွေကိုပြန်ကြည့်ကြည့်ပါ
*ကျနော်တို့ဆီမှာ ရင်ဖွင့်ပါ
(အားလုံးအတွက် ရင်ဖွင့်ဖော် တိုင်ပင်ဖက် သူငယ်ချင်း)