Knp-karen national party

Knp-karen national party

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knp-karen national party, Political Party, .

02/05/2022

၂၀၂၂ ခုနှစ်၊ ဧပြီ (၃၀) ရက်နေ့၌ ကွယ်လွန်သွားသော ရှမ်းအမျိုးသားခေါင်ဒဆာင်ကြီးနှင့် ဖက်ဒရယ်မီးရှူးတန်ဆောင် ဦးခွန်ထွန်းဦးအတွက် ကရင်အမျိုးသားပါတီ (KNP)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့အပ်ပါသည်၊၊

14/03/2022

ကရင်အမျိုးသားပါတီ(Karen National Party-KNP)ဥက္ကဌ
မန်းသိန်းရွှေ(၉၂)နှစ် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ဝမ်နည်းကြောင်းသဝဏ်လွှာပေးပို့အပ်ပါသည်၊၊
RIP- ပါ ဥက္ကဌကြီး...၊၊

07/08/2021

၂၀၂၁ ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် ခရစ်တော်၌အိပ်ပျော်သွားသော မန်းဒေးဗစ်အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့အပ်ပါသည်။

Photos from Knp-karen national party's post 26/05/2020

၁၉၄၇ အခြေခံဥပဒေ
စာမျက်နှာ ၅၆၊ အခန်း ၁၀ က
ခွဲထွက်နိုင်သောအခွင့်အရေး
(စိုင်းဆိုင်လင်းတင်သော post မှ ကူးယူဖေါ်ပြပါသည်)

Photos from Knp-karen national party's post 17/03/2020

ကရင်အမျိုးသားပါတီ၏
ရည်ရွယ်ချက် (စ) ရှင်းတမ်း

စ။ ။ ကရင်အမျိုးသားထုတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးကိုဆောင်ရွက်ရန်။

စည်းလုံးညီညွတ်ရေး ဟူသောစကားကို အပြောလွယ်သလောက် အကောင်အထည်ဖေါ်ရာတွင် အလွန်ပင် ခက်ခဲသည်။ စည်းလုံးလာပြန်လျင်လည်း စည်းလုံးမှုကိုဖြိုခွဲရန်
ဘေးကအသင့်ရှိနေတတ်သည်။ ကရင်တစ်မျိုးသားလုံးအတွက် အရည်အချင်းရှိသည့် ခေါင်းဆောင်ကောင်းများ
ပေါ်ထွန်းလာပြန်လျင်လည်း အဖယ်ရှားခံရပြန်သည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအသင်းအဖွဲ့များနှင့် ကရင်လူမှုအခြေခံအဖွဲ့အစည်းများလည်း ပေါများလှပါသည်။ ကရင်လူထုများလည်း မည်သည့်အဖွဲ့အစည်းများကို ယုံကြည်အားကိုးရမည်ကို ဝေခွဲမရဖြစ်နေကြသည်။
မှတ်ကျောက်အတင်ခံနိုင်မည့် အဖွဲ့အစည်းကိုသာလျင်
ရွေးချယ်ရပေမည်။ မည်ကဲ့သို့ မှတ်ကျောက်တင်မည်နည်း။
ထိုအဖွဲ့အစည်း၏ မူဝါဒ၊ လမ်းစဥ်၊ လှုပ်ရှားအကောင်အထည်ဖေါ်မှုနှင့် ရပ်တည်မှုများကိုသုံးသပ်ဝေဖန်ရန် လိုပါလိမ့်မည်။ အမျိုးသားရေးခေါင်းစဥ်ဖြင့် အသီးသီးက စည်းရုံးသိမ်းသွင်းပြောဆိုကြမည်သာဖြစ်သည်။ ကရင်အမျိုးသားပါတီသည် အမျိုးသားခေါင်းဆောင်ကြီးများ လိုးလားတောင့်တ၍ ချမှတ်ခဲ့သော မူဝါဒ လမ်းစဥ်ကို မသွေဖီဘဲ ကရင်အမျိုးသားရေးအတွက် နိုင်ငံရေးရပိုင်ခွင့်များ ရရှိရန် ရည်ရွယ်ချက်ရှိသည်နှင့်အညီ ကရင်တစ်မျိုးသားလုံးတစ်စိတ်ထဲ တစ်ဝမ်းထဲဖြစ်မည့် စည်းလုံးညီညွတ်ရေးကိုတည်ဆောက်သွားလိုရင်းဖြစ်ပါသည်။

Photos from Knp-karen national party's post 14/03/2020

၁၄၊ ၀၃၊ ၂၀၂၀ ရက် စနေနေ့ နံနက် (၉) နာရီ၌
ကရင်အမျိုးသားပါတီ၏ ဆိုင်းဘုတ်တင်ပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို မြောင်းမြမြို့နယ်၊ ကဝက်တိုက်နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကဝက်ချောင်းဖျားကျေးရွာတွင်ပြုလုပ်ရာ ကရင်ပြည်သူများ ၁၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် သဘာပတိအဖြစ် မြို့နယ်စည်းကော်မတီ ဥက္ကဌ မန်းစမ်းမစန်ကလည်းကောင်း၊ အခမ်းအနားမှူးအဖြစ် မန်းပက်ထရစ်နှင့် နန့်အေးအေးဦးတို့က ဆောင်ရွက်ကြသည်။
ဧရာဝတီတိုင်းစာယဥ်ဥက္ကဌ မန်းဟင်နရီအိုင်ခလိန်က စာပေယဥ်ကျေးမှုနှင့် ပညာရေးသည်တွဲဖက်နေ၍ ပါဝါအပျော့စား (Soft Power) ဖြစ်ပြီး ယနေ့ကမ္ဘာကြီး၏ အပြောင်းအလဲသည်လည်း ပါဝါအပျော့စားဖြင့် ပြောင်းလည်းနေပြီဖြစ်ကြောင်း၊ ကရင်နိုင်ငံရေးပါတီများ၏အခန်း
ကဏ္ဍသည် အရေးကြီးလာပြီဖြစ်၍ ဝိုင်းဝန်းကူညီအားပေး
ကြရန်လိုကြောင်း ပြောကြားသွားသည်။
KNP ဒု-ဥက္ကဌ မန်းထိန်ဝင်းစိန်က တောင်ပေါ် တောင်
အောက် မြေပြန့်နှင့် ပင်လယ်နှုတ်ခမ်းနေ ကရင်များအားလုံး စုစည်းညီညွတ်ကြရန်၊ ကရင့်အမျိုးသားရေးကို
ဖြောင့်ဖြောင့်သွားသည့် ကရင်ပါတီများကို ရွေးချယ်စိစစ်ရန်၊ မြန်မာ့သမိုင်းထဲက ကရင့်အရေးကို သိရှိနားလည်ထားရန်နှင့် ပြည်ထောင်စုစစ်စစ်ဖြစ်သည့် ဖက်ဒရယ်မူဝါဒကို
ဆွေးနွေးပြောကြားသွားသည်။
မြောင်းမြမြို့နယ် ကရင် စာယဥ် ဥက္ကဌ မန်းသိန်းကျော်မှ ကရင်စာယဥ်၏ ဦးတည်ချက်သုံးရပ်မှာ ကရင်စာပေမပပျောက်ရေး၊ ကရင့် ယဥ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးနှင့်
လူမှုဘဝတိုးတက်မြင့်မားရေးတို့ဖြစ်ကြောင်း ကဝက်ချောင်းဖျားရွာသည် ယခုနှစ်တွင် ဘွဲ့ (၇)ဦး ရရှိသည်ဟု ကြားသိ
ရ၍ ဝမ်းသာမိကြောင်း​၊ ပညာဖြင့် လောကသစ်တည်ဆောက်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။
KNP အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက
KNP၏ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး
မြန်းမာ့သမိုင်းအမှားများကို ဆန်းစစ်ဝေဖန်ပြီး သမိုင်းအမှားများကို အမှန်ဟု ယူဆလက်ခံထားကြလျင် အမျိုးသား
ရေးအတွက်အန္တရာယ်ရှိနိုင်ကြောင်း၊ ကိုယ့်သမိုင်းကို ကိုယ်
သာ ရေးရမည်ဖြစ်ကြောင်း၊ ကိုယ့်သမိုင်းကို သူများကရေး
လျင် အဖျောက်ဖျက်ခံရနိုင်ကြောင်းကို ဥပမာများပေး၍တင်ပြဆွေးနွေးသွားသည်။
KNP အတွင်းရေးမှူး(၁) မန်းမင်းရဲထွေးက အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး ကွဲလွဲပုံကို ရှင်းလင်းတင်ပြသွားသည်။
ကဝက်ချောင်းဖျားကျေးရွာ KNP စည်းကော်မတီဥက္ကဌ မန်းရောဘတ်က ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကို နေ့လည် (၁၂) နာရီတွင် ကရင်အမျိုးသားသီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

Photos from Knp-karen national party's post 12/03/2020

ကရင်အမျိုးသားပါတီ၏ ရည်ရွယ်ချက် (င) ရှင်းတမ်း

(င) ကရင်ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို ကာကွယ်စောင့်ရှောက်ပြီး ရပိုင်ခွင့်များကို ဆောင်ရွက်ရန်။
နစ်နာဆုံးရှုံးမှုများဆိုရာတွင် ဘိုးဘွားလက်ထက်က ဓလေ့ထုံးတမ်းဥပဒေအရပိုင်ဆိုင်ထားခဲ့သည့် နယ်မြေ၊ လယ်ယာ၊ သစ်တောနှင့် ဥယျာဥ်ခြံမြေတို့ပါဝင်င်္ပြး နိုင်ငံရေး၊ ပညာရေး၊ စီးပွါးရေးနှင့် လူမှုရေးဆုံးရှုံနစ်နာမှုများကို
လေ့လာဆန်းစစ်ရန်လိုအပ်ပါသည်။ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်လည်းကောင်း၊
ဥပဒေပညာရှင်များနှင့် လက်တွဲ၍ ဥပဒေကြောင်းအရ
ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးနှင်ဆိုင်သော လယ်ယာစီးပွါးကဏ္ဍတွင် နည်းပညာနှင့် ကုန်ထုတ်အရင်းအနှီးများကို ဖန်တီးပေးခြင်း
ဖြင့်လည်းကောင်း ကူညီဆောင်ရွက်ပေးခြင်းများကို
ကရင်အမျိုးသားပါတီက ပြင်ဆင်ထားလျက်ရှိပါသည်။
စီမံကိန်းကဏ္ဍများတွင် အစိုးရ၊ လွှတ်တော်ကိုယ်စား
လှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့် တောင်သူများပူးပေါင်း၍ စီမံကိန်းချဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြည်ပစျေးကွက်ရရှိအောင်လည်း အစိုးရက စီမံဆောင်ရွက်ပေးရပါမည်။
ရပိုင်ခွင့်များကိုဆောင်ရွက်ရန် ဖြေရှင်းချက်ကို ရှင်းတမ်း(ဃ)တွင်ဖော်ပြထားပြီးဖြစ်ပါသည်။

Photos from Knp-karen national party's post 12/03/2020

ကရင်အမျိုးသားပါတီ၏ ရည်ရွယ်ချက်(ဃ) ရှင်းတမ်း

(ဃ) ကရင်ပြည်သူလူထု၏ လိုလားချက်နှင့်ဆန္ဒကို အများပြည်သူသိရှိနိုင်ရန်အတွက် ထုတ်ဖေါ်ပြသရန်။

လိုလားချက်ဆိုရာတွင် လိုချင်မှု (Want) နှင့် လိုအပ်မှု
(Need) ဟူ၍ နှစ်မျိုးရှိရာ မည်သည့် လိုလားချက်ဖြစ်သည်
ကို ဆန်းစစ်ဖို့ လိုပါမည်။ လိုချင်မှုသည် အတ္တကပြဌာန်းမှုကြောင့် အတောမသတ်နိုင်ပါ။ အများနှင့် ဆိုင်တာရော မဆိုင်တာရောပါနိုင်ပါသည်။ တဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့
၏ ကိုယ်ကျိုးစီးပွါးအတွက်လည်းပါနိုင်ပေသည်။ ထို့ကြောင့်
လိုချင်မှုကို ရှေတန်းတင်၍မရပါ။
လိုအပ်ချက် (Need) သည် အများနှင့်သက်ဆိုင်ပါသည်။ ကရင်လူမျိုးတို့၏ လိုအပ်ချက်အစစ်မှန်သည်
အဘယ်အရာနည်း။ လူမျိုးတစ်မျိုး၏ နိုင်ငံရေးရပိုင်ခွင့်သည် အမြင့်ဆုံး လိုအပ်ချက်ပင်ဖြစ်သည်။ ထိုရပိုင်ခွင့်သည်
တစ်မျိုးသားလုံး၏ အကျိုးစီးပွါးပင်ဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသားပါတီသည် ကရင်လူမျိုးတို့၏ အမြင့်ဆုံး
ရပိုင်ခွင့်ဖြစ်သည့် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များနှင့်ဖွဲ့စည်းထူထောင်ထား
သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကရင်
တစ်မျိုးသားလုံး၏ လိုလားချက်နှင့် ဆန္ဒပင်ဖြစ်ကြောင်း ဖေါ်ပြလိုရင်းဖြစ်သည်နှင့်ညီ ထိုလိုလားချက်ကို အစဥ်အမြဲ တောင်းဆို၍ ထုတ်ဖေါ်ပြသ ပြောဆိုသွားမည်သာဖြစ်သည်။

Photos from Knp-karen national party's post 11/03/2020

ကရင်အမျိုးသားပါတီ၏ ရည်ရွယ်ချက်(ဂ) ရှင်းတမ်း

(ဂ) ကရင်ပြည်သူလူထုတစ်ရပ်လုံးနှင့်တကွတိုင်းရင်းသားများအားလုံး၏ဘဝကို လုံခြုံမှုပေးနိုင်သည့် တရားဥပဒေစိုးမိုးရေးကို အခြားတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်
တရားဥပဒေစိုးမိုးရေးသည်လည်း မြန်မာနိုင်ငံသားအားလုံး၏ အရေးဖြစ်သောကြောင့် တိုင်းရင်းသားကရင်တစ်မျိုးသားတည်းနှင့် ဦးဆောင်လုပ်ကိုင်၍မရနိုင်ပါ။ စုပေါင်း၍ တွန်းထိုးလုပ်ဆောင်နိုင်မှ အရွေ့တစ်ခုကို သွားနိုင်ပေလိမ့်မည်။ ဒီမိုကရေစီကို မ တင်နိုင်သည့်ကုတ်ငါးချောင်းတွင် တရားဥပဒေစိုးမိုးရေးသည် တစ်ချောင်း
အပါအဝင်ဖြစ်သောကြောင့် ဤကုတ်ခိုင်မာမြဲမြံဘို့လည်း လိုအပ်လှပေသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် တရားဥပဒေစိုးမိုးရေး၏ သော့ချက်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအရ တိုင်းဒေသနှင့် ပြည်နယ်များရှိ
အထွေထွေအုပ်ချုပ်ရေးဌာနသည် ယခင်ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိရာမှ ယခု သမ္မတအောက်သို့
ရောက်သွားခဲ့ပေပြီ။ ယခင်က တိုင်းနှင့်ပြည်နယ်အစိုးရနှင့်
ထွေအုပ်တို့ ပွတ်တိုက်မှုများကြောင့် အုပ်ချုပ်ရေး ရန္တယား
များ အဆီအငေါ်မတည့်နိုင်အောင် လည်ပတ်ခဲ့ကြရသည်။
ယခုတော့ရော၊ မေးစရာရှိပြန်ပါသည်။ စောင့်ကြည့်ရပါဦးမည်ဟုသာဖြေဆိုချင်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ရဲဌာနသည်
ရာဇဝတ်မှုခင်းများ ကိုင်တွယ်ဖေါ်ထုတ်ရာတွင် တရားမျှတမှုရှိရန်လိုအပ်ပါသည်။ တရားစီရင်ရေးကဏ္ဍတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အကျင့်ပျက်ချစားမှုကြီးမားပြီး
တရားမျှတမှုမရှိခဲ့လျင် ငွေများတရားနိုင်၊ မျက်နှာကြီးရာဟင်းဖတ်ပါ ဆိုသကဲ့သို့ တရားဥပဒေစိုးမိုးရေးပျက်ပြားပြီး
ပြည်သူအများနစ်နာကြရမည်။ အဆိုးဆုံးမှာ ကိုယ်ထင်ရာကိုယ်စိုင်း၊ အတ္တကြီးမားလာကာ ကိုယ်ကျင့်တရား စာရိတ္တ
ပျက်ယွင်းသည့် လူမှုဝန်းကျင်ကြီး ဖြစ်လာမည်ကို အထူး
စိုးရိမ်ပူပန်မိပါသည်။ အနာဂတ်သားကောင်းလူငယ်များ
မပေါ်ထွန်းခဲ့လျင် တိုင်းပြည်ကံကြမ္မာလည်း သုညအောက်သို့ ရောက်သွားပေလိမ့်မည်။
တရားဥပဒေစိုးမိုမှုမရှိလျင်
အမှိုက်ပုံမြို့တော် (City of Dustbin) ကဲ့သိုသော
ပညာဥာဏ်အတွေးအခေါ်ကင်းမဲ့ပြီး ကိုယ်ကျင့်တရားပျက်ယွင်းသည့် လူအများစုဝေးသည့် သုံးမရသည့် အမှိုက်ပုံသဖွယ် ဖြစ်လာပေမည်။
မီးတောင်မြို့တော် (City of Volcano) ကဲ့သို့သော လူမှုဝန်းကျင်သည် လူသတ်မှု၊ မဒိန်းမှု၊ ခိုးဆိုးလုယက်မှု နှင့် လိမ်ညာလှည့်ဖျားမှုစသော ရာဇဝတ်မှုထူပြောပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ အနိဌာရုံ သဖွယ်
ဖြစ်လာပေမည်။
တရားဥပဒေစိုးမိုးလျင်
ပညာမြို့တော် (City of Knowledge) ကဲ့သို့သော ပညာဥာဏ်အတွေးအခေါ်နှင့်ပြည့်စုံပြီး ကိုယ်ချင်းစာတရား၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
မည်သော ဗြဟ္မစိုရ်တရားထွန်းကားသည့် ပဋိရူပဒေသ နေချင့်စဖွယ် လူမှုရပ်ဝန်း ဖြစ်လာပေလိမ့်မည်။
လူမှုဘဝလုံခြုံစိတ်ချရသည့် ငြိမ်းချမ်းမှုသုခကို
လူတိုင်း တောင့်တမည်မှာ အမှန်ပင်ဖြစ်သည်။

Photos from Knp-karen national party's post 07/03/2020

တစ်စိတ်ထဲ တစ်ဝမ်းထဲ

ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ကိုယ့်မှာ အဆင်သင့် ရှိနှင့်ထားရာမည့်အရာ သုံးခု အဆင်သင့်ဖြစ်နေရပါမည်။ ဒါကို နိုင်ငံရေးသိပ္ပံပညာရှင်တွေက တင်ကူးအခြေအနေ(Precondition) သုံးရပ်လို့ဆိုထားသည်။
၁။ စီပွါးရေးဖွံ့ဖြိုးတိုးတက်မှု (Economic Growth)ရှိနှင့်ခြင်း
၂။ အမှီအခိုကင်းသည့်လူလတ်တန်းစား (Middle Class) နှင့်လွတ်လပ်စွာလှုပ်ရှားနိုင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း
(Civil Society) ရှိနှင့်ခြင်း
၃။ စေ့စပ်ညှိနှိုင်းအဖြေရှာတတ်သော ဒိုင်ယာလော့ခ်
(Dialogue) ယဥ်ကျေးမှု တနည်းအားဖြင့် ဒီမိုကရေစီယဥ်ကျေးမှုဓလေ့ (Democratic Culture) ရှိနှင့်ခြင်း
၁၉၈၈-ခုနှစ်တွင် အထွေထွေသပိတ်ကြီးဖြစ်သည့် ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ခဲ့သော်လည်း တင်ကူးအ​ခြအနေသုံးရပ် မရှိခဲ့ခြင်းကြောင့် ဒီမိုကရေစီအပြောင်းအလဲမဖြစ်ခဲ့ပေ။
၁၉၈၉- ခုနှစ်တွင် အရှေ့ ဥရောပနိုင်ငံများ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ခဲ့သည်။ တင်ကူးအခြေအနေသုံးရပ်ရှိခဲ့ခြင်းကြောင့် အေးဆေးတည်ငြိမ်စွာဖြင့် ဒီမိုကရေစီအသွင် အကူးအပြောင်းဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် စစ်တပ်က အာဏာသိမ်းပြီး (၂၃) နှစ် ကြာမြင့်ပြီးကာမှ ၂၀၁၀၊ ခုနှစ်တွင် (၁၅) နှစ်ကြာရေးဆွဲခဲ့သော စစ်တပ်ကို နိုင်ငံရေးအခန်းကဏ္ဍတွင်ပါဝင်ခွင့်ပြုထားသည့် ၂၀၀၈၊ အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲဒီမိုကရေစီကို စတင်ခြေလှမ်းစခဲ့သည်။ NLD က ၂၀၀၈၊ အခြေခံ
ဥပဒေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို
ရွှေဂုံတိုင်ကြေညာချက်ဖြင့်ကန့်ကွက်ခဲ့သော်လည်း
၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲတွင် မှတ်ပုံပြန်တင်၍ ရွေးကောက်ပွဲဝင်ခဲ့သည်။
မဲဆန္ဒနယ်မြေ (၄၅)နေရာတွင် (၄၃) နေရာ
အနိုင်ရခဲ့သည်။ အခြေခံဥပေဒေကို လွှတ်တော်ထဲဝင်၍
ပြင်မည်ဟူသော လွှတ်တော်တွင်းနိုင်ငံရေး ကြွေးကြော်
သံဖြင့် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုစတင်ခဲ့သည်။ ၂၀၁၅- ရွေးကောက်ပွဲတွင် NLD သောင်ပြို ကမ်းပြို အနိုင်ရခဲ့သော်လည်း ယခုထိ အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုသည် ပွတ်တိုက်မှုအားကြီးနေဆဲပင်ဖြစ်သည်။
NLD အစိုးရသက်တမ်း ငါးနှစ်ပြည့်တော့မည့် ကာလတွင် ၁။ စီးပွါးရေးဖွံးဖြိုးမှု ကုတ်၊ ၂။ နိုင်ငံတော်တည်ဆောက်မှုကုတ်၊ ၃။ တရားဥပဒေစိုးမိုးမှုကုတ်၊ ၄။ တာဝန်ယူတာဝန်ခံနိုင်မှုရှိသောအစိုးရကုတ်၊ ၅။ လူမှုလှုပ်ရှားမှုကုတ်
ဟူသော ဒီမိုကရေစီကို မတင်နိုင်မည့် ကုတ်ငါးချောင်းကို
မဖန်တီးနိုင်ခဲ့သေးပါ။
၂၀၂၀- ရွေးကောက်ပွဲဝင်ရန်တာစူနေကြသော နိုင်ငံရေးပါတီများကလည်း အာဏာရအစိုးရ NLD ကို
စောင့်ကြည့်နေကြသည်။ ၂၀၁၅ တုန်းက မဲပေးခဲ့ကြသော
မဲဆန္ဒရှင်များကလည်း ဇဝေဇဝါ ဖြစ်နေကြသည့်ကာလ။
တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် မဟာမိတ်မလုပ်ဟု ထုတ်ပြန်ထားသဖြင့် NLD ကို မချင့်မရဲ ဖြစ်ကြရသည်။
NLD တွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော်လည်း မိမိတို့အမျိုးသားရေးကို ရှေ့တန်းတင်အရေးဆိုလုပ်ကိုင်နိုင်ခြင်းမရှိကြပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများက NLDနှင့် ထိပ်တိုက်ရင်ဆိုင်ယှဥ်ပြိုင်ရတော့မည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်ရင်းသားမဲဆန္ဒရှင်တွေဆီက NLD မဲရနိုင်ပါဦးမည်လား။
တိုင်းရင်းသားမဲဆန္ဒရှင်တွေက ကိုယ့်အရေးကို ကိုယ့်တိုင်းရင်းသားတွေကပဲ ဆောင်ရွက်ပေးနိုင်သည်ဟူသော
အသိအမြင်မျိုးရှိမည်ဆိုလျင်၊ တိုင်းရင်သားမဲတွေ NLD
ဆီနဲ့ အခြားပါတီဆီ မရောက်ဘူးဆိုလျင် တိုင်းရင်းသားအရေးဖြစ်သည့် ဖက်ဒရယ်အရေး အရွေ့တစ်ခု ဖြစ်လာ
နိုင်စရာရှိသည်။ ထိုဖက်ဒရယ်မရရှိသည့်အခြေခံအကြောင်း
ကြောင့် ပြည်တွင်းစစ်မငြိမ်းရခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီများ ကိုယ်ယှဥ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် ကိုယ့်တိုင်းရင်းသား မဲဆန္ဒရှင်များကို အသိပညာပေး စည်းရုံးဟောပြောပေးရန် အထူးလိုအပ်ပါသည်။ ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားကိုယ်စားလှယ်များသည်လည်း ဖက်ဒရယ်အခြေခံ မူဝါဒနှင့် မိမိတို့ လူမျိုးများ ဆုံးရှုံးသွားသည့်နိုင်ငံရေးရပိုင်ခွင့်များ ပြန်လည်ရရှိနိုင်ရေးကို စည်းရုံးဟောပြောပေးရမည်။
လွတ်လပ်ရေးရပြီးကတည်းက ပင်လုံ ကတိကဝတ်ကို
ဖောက်ဖျက်ပြီး အုပ်ချုပ်လာခဲ့သော အစိုးရအဆက်ဆက်
တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ကွယ်ပြုခဲ့
သည်မှာ ယနေ့ထက်ထိဖြစ်သည်။ ထို့ကြောင့်ပင် တိုင်းရင်းသား အားလုံး လိုလို လက်နက်ကိုင်လာကြရသည်။
ပါတီစုံဒီမိုကရေစီခေတ်ဆိုသော်လည်း စစ်အာဏာရှင်နှင့် လူမျိုးကြီးဝါဒကိုအခြေခံသည့် ၂၀၀၈ အခြေခံဥပဒေကြောင့် တရားဥပဒေဘေါင်အတွင်းကနေ တိုင်းရင်းသားပါတီများ နိုင်ငံရေးတောင်းဆိုမှုများလုပ်ဆောင်နေသော်လည်း အခွင့်အလန်း အလွန်နည်းပါလှသည်။
တိုင်းရင်းသားများ စစ်အဏာရှင်နှင့် လူမျိုးကြီးဝါဒကျင့်သုံး
နေသည့် နိုင်ငံရေးပါတီများတွင် ပါတီဝင်အဖြစ်ရှိနေခြင်း၊
ကိုယ်စားလှယ်လောင်းများဖြစ်နေခြင်းနှင့် တိုင်းရင်းသားမဲ
ဆန္ဒရှင်များက သူတို့အားမဲပေးနေလျင် မိမိတို့မျှော်မှန်း
သည့် ဖက်ဒရယ် အိပ်မက်ပင်မက်နိုင်မည်မဟုတ်ပေ။
ကိုယ့်တိုင်းရင်းသားထဲက ညီအစ်ကိုများ အင်အားကြီးပါတီများ၏ လက်အောက်ခံ သို့မဟုတ် လက်ဝေခံ ဘဝနဲ့ ကိုယ့်တစ်ကိုယ်စာအကျိုးအတွက် အတ္တဆန်
နေကြမည်လား။ ကိုယ့်အမျိုးသားရေးကို ဥပေက္ခာပြုနေ
ကြမည်လား၊ သူများပေးနိုးကမ်းနိုးနဲ့ စောင့်မျှော်င်္ပြး ရနိုးနိုး
နဲ့အချိန်ကုန်ကြမည်လား၊ စဥ်းစားချင့်ချိန်ဘို့ အချိန်တန်နေပါပြီ။ ဒီလိုပုံနဲ့ မိုးကြီးချုပ်လျင် ကျွနု်ပ် ဘယ်သို့ အိမ်ပြန်ရမည်မသိ ဆိုသည့်စကားအတိုင်း မိုးချုပ်ပေါင်းလည်းများနေပါင်္ပြ။ လက်အောက်ခံ သို့မဟုတ် လက်ဝေခံ နိုင်ငံရေးယဥ်ကျေးမှု (Subject Political culture) မှ လွတ်မြောက်အောင် ကျိုးစားပြီးကိုယ့်အမျိုးသား လွတ်မြောက်ရေးမှာ
တစိတ်ထဲ တဝမ်းထဲ ပါဝင်ဝိုင်းဖြည့်ကြပါစို့လား။

မန်းမင်းရဲထွေး
7-3-2020

Photos from Knp-karen national party's post 05/03/2020

၅-၃-၂၀၂၀ ရက်နေ့ကမြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်၊ ကြွက်နွယ်ချောင်းကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ကရင်အမျိုးသားပါတီ- KNP ဆိုင်းဘုတ်တင်အခမ်းအနား
နှင့် ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ရန်ကုန်မှ
KNP ဗဟိုကော်မတီဝင်များ၊ မြို့နယ်စည်းကော်မတီများ၊
မြောင်းမြမြို့နယ် ကရင်စာယဥ်အဖွဲ့ဝင်များ၊ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နှင့် သူဌေးကုန်းကျေးရွာမှ
ကရင်မိဘပြည်သူများ အားလုံး ၁၀၀ နီးပါးမျှ တက်ရောက်
ကြသည်။
ဟောပြောပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ်
ဆရာမ ဂါ့ရိုးဒါထွန်းကဆောင်ရွက်ပြီး သဘာပတိအဖြစ်
မြောင်းမြမြို့နယ် KNP -ဥက္ကဌ မန်းစမ်းမစန်က ဆောင်ရွက်သည်။
ပဒိုမန်းငြိမ်းမောင်က ကရင့်အရေးကိုကရင်သာဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၀-ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများကိုသာ မဲပေးရန် တိုက်တွန်းပြောကြားသွားသည်။
KNP -အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက
ကရင်အမျိုးသားပါတီ ထူထောင်ရခြင်းအကြောင်းနှင့် ပါတီ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသွားသည်။
KNP-အတွင်းရေးမှူး(၁) မန်းမင်းရဲထွေးက
အမျိုးသားရေးအခြေခံသည့် ကရင့်သမိုင်းကိုသိရှိထားရန်လိုပြီး ပြောဆိုစည်းရုံးဆွဲဆောင်တိုင်း လွယ်လွယ်နဲ့မယုံကြဘဲ အသိပညာဖြင့် ဝေဖန်ဆန်းစစ်ရန်လိုကြောင်း၊ ကရင်လွှတ်တော်ကိုယ်စားလှယ်များကိုမဲမပေးလျင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်တွင် ကရင်များပါဝင်နိုင်ခွင့်ရနိုင်မည်မဟုတ်ကြောင်း၊
ကရင်ခေါင်းဆောင်ကြီးများ အဆက်ဆက်ဆောင်ရွက်ခဲ့ကြသော နိုင်ရေးအရ အမြင့်ဆုံးရပိုင်ခွင့်ဖြစ်သည့်
တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့်
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတွင်
တိုင်းရင်းသားအားလုံးနှင့်တကွ ကရင်လူမျိုးများအားလုံးတွင် ကိုယ်စီတာဝန်ရှိကြောင်း ပြောကြားသွားသည်။ အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် နေ့လည် (၁၂) နာရီတွင်ရုပ်သိမ်းလိုက်သည်။

Photos from Knp-karen national party's post 26/02/2020

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်နဲ့ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေးပါတီတို့ ဖိုးစိန်လမ်း Green Hill Hotel မှာကျင်းပခဲ့ရာ ကရင်အမျိုးသားပါတီ(KNP) မှ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းနှင့် အတွင်းရေးမှူး (၁) မန်းမြင့်စိုး(ခ) မန်းမင်းရဲထွေးတို့ တက်ရောက်ခဲ့သည်။

Photos from Knp-karen national party's post 24/02/2020

ဒီည ဝါးခယ်မမြို့နယ်
မြောက်ခုန်ကျေးရွာက KNP မြို့နယ်စည်းကော်မတီ မန်းခင်မောင်အေး(ခ) မန်းအေးပုံ အိမ်မှာညပိုင်း အမျိုးသားရေး နိုင်ငံရေး စကားဝိုင်းတစ်ခုပြုလုပ်ခြင်း အမှတ်တရ ဓာတ်ပုံ
မှတ်တမ်းလေးပါ။
အလုပ်တွေများတဲ့ကြားက ကိုယ်တွေ လေပစ်တာကို
သည်းခံနားထောင်ပေးတဲ့ အမျိုးတွေကို ကျေးဇူးအများကြီး
တင်ပါတယ်။ မှတ်သားစရာ တစ်ခုခုတော့ ရကြလိမ့်မယ်လို့
ထင်ပါတယ်။

Photos from Knp-karen national party's post 24/02/2020

ဝါးခယ်မမြို့နယ် ပရိုက်သောင်တန်းကအပြန် မြဂိုးကြီးရွာက KNP ဘက်တော်သား မန်းစိန်ဝင်းဆီ ဝင်တွေ့နှုတ်အဆက်မှာ သူပြတဲ့ နှိုးဆော်စာလေးကိုကြိုက်လွန်းလိုအမျိုးတို့ သိရအောင် KNP Page ကနေတင်ပေးလိုက်တယ်။

Photos from Knp-karen national party's post 24/02/2020

24-02 2020 တနင်္လာနေ့...။
ကရင့်သမိုင်းမှာ အထင်ကရ ဖြစ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ၁၉၅၃ ခုနှစ်က မြစ်ဝကျွန်းပေါ်(KNU) ဥက္ကဌ မန်းဘဇံ ဒုတိယလမ်းစင်္ဥ(ကရင့်နိုင်ငံရေးလမ်းစဥ်) ကို ချခဲ့တဲ့ ဝါးခယ်မမြိုနယ် ပရိုက်သောင်တန်း ကျေးရွာကို KNP အဖွဲ့သားများဖြစ်ကြတဲ့
မန်းမင်းရဲထွေး၊ မန်းမျိုးလွင်၊ မန်းအေးပုံ၊ စအောင်မြင့်ဦး
တို့ရောက်ကြတယ်။
ကရင့်သမိုင်းကြောင်းနှင့် နိုင်ငံရေးသဘောတရားများကို ကို့ယ့်အမျိုးတွေနဲ့ စကားဝိုင်းလေးတစ်ခု လုပ်ဖြစ်ခဲ့တယ်။ ကရင်ကို ကရင်မှန်းသိဘို့ အရေးကြီးတဲ့အချိန်ရောက်လာပြီ။ ၂၀၂၀ ဟာ ကရင့်ကြမ္မာကရင်ဖန်တီးရမယ့်နှစ်ပဲ။ အားလုံးဝိုင်းလုပ်ရမယ့် အရေးဖြစ်လို့ ပါဝင်ဝိုင်းလုပ်ကြဘို့ တွန်းအားပေး ပြောကြားပေးခဲ့တယ်။ ကရင်နိုင်ငံရေးပါတီတွေ ၂၀၂၀ မှာ ရွေးကောက်ပွဲအနိုင်ရရေးဟာ ကရင်အမျိုးသားအားလုံးမှာ နိုင်ငံရေးအမြင်သိသိနဲ့ ပုံအောမဲပေး
ဘို့ လိုအပ်နေပါတယ်။ ကရင့်အရေးကို ကရင်ဆောင်ရွက်ရမှာဖြစ်လို့ လက်ဝေခံနိုင်ငံရေးယဥ်ကျေးမှု ကနေ ဖယ်ခွါဘို့
လိုအပ်နေပါပြီ။ ကရင်တွေ သူများလောင်းရိပ်အောက်က
လွတ်မြောက်နိုင်ကြပါစေ။
ခြောက်တိုင်းလည်း မကြောက်ကြပါနဲ့။
မြူဆွယ်တိုင်းလည်း မပါကြပါနဲ့။
ပေးတိုင်းလည်းမယူကြပါနဲ့။
ပြောတိုင်းလည်း မယုံကြပါနဲ့။
အ မြင်ကျယ်ကြပါ။
အမျိုးတွေအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

Photos from Knp-karen national party's post 23/02/2020

ကရင်အမျိုးသားပါတီ၏ လစဥ်ပုံမှန်အစည်းအဝေး
နေ့ရက်။ ။ ၂၃-၀၂-၂၀၂၀
နေရာ။ ။ ကရုဏာစင်တာ၊ ပုသိမ်မြို့။
တက်ရောက်သူဦးရေ။ ။ ၅၁ဦး
နေရပ်များ။ ။ ပုသိမ်၊ မြောင်းမြ၊ ကန်ကြီးထောင့်၊ ငပုတော၊
ကျောင်းကုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ ပန်းတနော်၊
ညောင်တုန်း၊ထန်းတစ်ပင်၊ တိုက်ကြီး၊
ဖားဆောင်း(ကယားပြည်)
ဆွေးနွေးသည့်အကြောင်းအရာ။ ။ လူငယ်များအားနိုင်ငံရေးသင်တန်းပေးရေး၊ လူငယ်အဖွဲ့ဖွဲ့စည်းရေး၊ အမျိုးသမီးအဖွဲ့ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး၊
ပါတီဝင်အင်အားစည်းရုံးရေး၊ မြို့နယ်စည်းကော်မတီများ
ဖွဲ့စည်းရေး၊

Photos from Knp-karen national party's post 17/02/2020

15-02-20 ရက်နေ့က အင်းစိန်မြို့ ၊ မင်းင်္ကြးလမ်း၊ ကွယ်ကဘောဆေးရုံမှာ KUPC က ဦးစီးပြီး ကရင် နိုင်ငံရေးနှစ်ပါတီဖြစ်တဲ့ KNP နဲ့ KPP တွေ့ဆုံဆွေးပွဲတစ်ခု ပြုလုပ်ဖြစ်ခဲ့ကြတယ်။
ဆွေးနွေးတဲ့အကြောင်းအရာကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြရင် ကရင်နှစ်ပါတီ
ထိပ်တိုက် မယှဥ်ပြိုင်ကြဘဲ နေရာမထပ်အောင် ယှဥ်ပြိုင်ကြဘို့ ဖြစ်တယ်။ ကရင်လူထုကလည်း ကရင်ပါတီကိုပဲ မဲပေးချင်လို့ ပါတီတွေပေါင်းစည်းဘို့ပဲတောင်းဆိုနေကြတာလေ။
ပါတီတွေပေါင်းစည်းဘို့ အခြေအနေမပေးသေးတဲ့ကာလမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထားချက်အောက်ကပဲ ကျင်းပမယ့်ရွေးကောက်ပွဲရာသီမှာ ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ဘို့အတွက် ကရင်ပါတီတွေ အကောင်းဆုံးပြင်ဆင်ကြခြင်းပဲဖြစ်တယ်။
ဒီဆွေးနွေးပွဲရလာဒ်က အထစ်အငေါ့မရှိဘူးလို့ကြားသိရတယ်။ မဲဆန္ဒနယ်မြေမှာကရင်နိုင်ငံရေးပါတီရဲ့မဲတစ်ပုံးထဲ
ရှိဘို့ ကရင်နိုင်ငံရေးပါတီရဲ့ တာဝန်ဖြစ်သလို ကရင်ပါတီရဲ့မဲ
ပုံးထဲကို ကရင်မဲဆန္ဒရှင်တွေ မဲထည့်ဘို့ကလည်း တာဝန်ကြေဘို့လိုပြန်တယ်။ ကရင်မဲဆန္ဒရှင်တွေအားလုံးရဲ့မဲကိုမှ
မရရင် ကရင်ပါတီတွေရှုံးမှာပဲ။ ဘာဖြစ်လိုလဲဆိုတော့ ကရင်ပါတီကို ကရင်လူမျိုးကလွဲလို့ တခြားလူမျိုးတွေက မဲပေးမှာ မဟုတ်လို့ဘဲဖြစ်တယ်။
ကရင့်ကြမ္မာကရင်ဖန်တီးဘို့ ကရင်အမျိုးသားတိုင်းမှာ
တာဝန်ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်ကြောင့် ဒီနေ့
ကရင့်အရေးကို ကရင်တွေတင်ပြလို့ မရကြဘူး။သူများပါတီ
ကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့ ကရင်တွေ ကိုယ်အမျိုးသားရေးကို လွတ်လပ်စွာ တင်ပြတောင်းဆိုခွင့်
မရကြတာကို တွေ့ကြရမှာပေါ့။ ၂၀၁၉ ကရင်အာဇာနည်နေ့
ရန်ကုန်မှာ ကျင်းပခွင့်မရတာ သာဓကပဲ။
ကရင်နိုင်ငံရေးပါတီတွေကို ကရင်မဲဆန္ဒရှင်တွေက မဲပုံ
အောပေးလို့နိုင်ပါပြီတဲ့။ ဒီကရင်လေးပါတီက ကရင်အမျိုးသားရေးမှာ တစ်စိတ်တစ်ဝမ်းထဲ လမ်းဖြောင့်ဖြောင့်
သွားဘို့လို့ပြန်ပါတယ်။ တစ်ဦးကအရှေ့၊ တစ်ဦးကအနောက်၊ အကွဲကွဲအပြားပြားဖြစ်နေရင် ကရင်ပြည်သူတွေရင်ကျိုးရလိမ့်မယ်။
ဒါ့ကြောင့်ပြောချင်တာက ကရင်နိုင်ငံရေးပါတီတွေ အမျိုးသားရေးကိုအခြေခံပြီး လက်တွဲညီကြပါစေ။ ကရင်
ပြည်သူတွေလည်း ကိုယ့်သမိုင်းအမှန်ကိုယ်သိအောင်လုပ်ပြီး
နိုင်ငံရေးအသိနိုးကြားကြပါစေ။

မန်းမင်းရဲထွေး

Photos from Knp-karen national party's post 15/02/2020

ပုံရိပ်အဖွဲ့ကဦးဆောင်ကျင်းပတဲ့ လူထုအကျိုးပြု လွှတ်တော်ကိုယ်စားလှယ်များအားကောင်းလာစေရေး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀- ဖေဖေါ်ဝါရီ ၁၅မှ ၁၇ ရက်အထိဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီး ဝက်သေကျေးရွာ(အပျိုစင်ကမ်းခြေ)ရှိ
Beleive One Resorts တွင်ကျင်းပရါ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ။ လူမှုအဖွဲ့အစည်းများ တက်ရောက်ကြသည်။

Photos from Knp-karen national party's post 14/02/2020

2008 ခုနှစ် ဖေဖေါ်ဝယရီ၊၁၄ ရက်နေ့မှာ လုပ်ကြံခြင်းခံခဲ့ရတဲ့ KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၂- နှစ်မြောက် အမှတ်တရနေ့အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ဇာတိ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာမှာ ပြုလုပ်ရာ ကရင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ KNU မှခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပန်းတနော်မြို့နယ် ကရင်စာယဥ်နှင့် လူငယ်များ၊ လူငယ်ကွန်ရက်(YC)
မှ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများတက်ရောက်
ကြသည်။
အခမ်းအနားကို ပဒိုမန်းရှာ ရုပ်တုရှေ့တွင် ပြုလုပ်ပြီး
ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ရုပ်တုရှေ့တွင် ပဒိုမန်းရှာ အား ဂုဏ်ပြု ပန်းခြင်းနှင့် ပန်းခွေချခြင်း၊
ပဒိုးမန်းရှာအား ဦးညွတ်အလေးပြုခြင်းနှင့် မိမိတို့ကိုးကွယ်
ရာဘာသာဓလေ့ဖြင့် တစ်မိနစ်ငြိမ်သက်ဝတ်ပြုဆုတောင်း
ခြင်းတို့ကို ပြုလုပ်ကြသည်။
ဟောပြောပွဲစကားဝိုင်း အစီအစဥ်ကို ပဒိုမန်းရှာ၏
အစ်ကို မန်းတင်ရွှေ အိမ်တွင်ပြုလုပ်သည်။

Photos from Knp-karen national party's post 13/02/2020

မြောင်းမြမြို့နယ်၊ ကဝက်တိုက်နယ်၊
ပိန္နဲချောင်းကျေးရွာမှာ KNPနဲ့ ဒေသခံပြည်များ
တွေ့ဆုံဆွေးနွေး စကားဝိုင်းကို
၁၂-၀၂-၂၀ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

Photos from Knp-karen national party's post 10/02/2020

09-02-20 ရက်နေ့ မြောင်းမြမြို့နယ်
ကြွက်နွယ်ချောင်းကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာနှင့်
ဆင်ကူးကျေးရွာအုပ်စု တော်လှကျေးရွာများသို့ KNP- ကရင်အမျိုးသားပါတီ၏မူဝါဒနှင့် အမျိုးသားရေးလုပ်ငန်းစဥ်များကို ဒေသခံကရင်ပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးတင်ပြခဲ့သည်။

Website