Netflix with Me.

Netflix with Me.

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Netflix with Me., Language school, .

14/11/2023

ကြည့်ဖူးကြလား? မင်းသမီးလေး‌တွေ
ချောသလောက် အရမ်းလည်းကြောက်ဖို့
ကောင်းခဲ့တဲ့ တရုတ်သရဲကားပါ။

ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ခံစားချက်နဲ့
ပြန်ပြောရရင် Admin အကြောက်ခဲ့ဆုံး
အခန်းကတော့ နောက်ဆုံး မိစ္ဆာကြီးနဲ့
Fight တဲ့ အခန်းပါပဲ။

အဲ့မိစ္ဆာကြီးက ဘယ်လိုသတ္တဝါ ပုံစံကြီးမှန်း
ပြန်မပြောတတ်အောင် အသည်းယားဖို့
တော်တော်ကောင်းတာ အခုချိန်ထိ ဒီကား
မြင်ရင် ပြန်အမှတ်ရတုန်းပဲ ဇာတ်လမ်း
လေးကလည်း တကယ်ကောင်းပါတယ်။

Movie Name : A Chinese Ghost Story

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

11/11/2023

Valatty (2023)မြန်မာစာတန်းထိုး

မျိုးရိုးအဆင့်အတန်းမတူလို့ လူကြီးမိဘတွေ
သဘောမတူတာကြောင့် ခိုးရာလိုက်ပြေးတဲ့
ရုပ်ရှင်တွေကြည်ရတာ ရိုးလာလို့ Drishyam
ရိုက်တဲ့ တောင်ပိုင်းမလျာလမ်က ဒီတခေါက်မှာ
သခင်တွေသဘောမတူလို့ ခိုးရာလိုက်ပြေးကြတဲ့
ခွေးစုံတွဲရဲ့ love story ကို ရိုက်ကူးလိုက်တာ
IMDb rating 8.6 ထိရပြီး နံမည်ကြီးနေလို့
B-Town က တိချစ်သူတွေအတွက် စာတန်းထိုး
တင်ဆက်လိုက်ပါတယ်။

တွန်မီက လူအရမ်းကပ်တဲ့ Golden Retriever
ခွေး အမျိုးအစားဖြစ်ပြီး သူ့သခင်ရွိုင်ပါနဲ့ အတူတူ
နေပါတယ်။ ရွိုင်ပါက တွန်မီလေးကို ကြုံရာခွေး‌နဲ့
မျိုးမစပ်စေချင်ဘဲ တကယ့်ကောင်းပေ့၊ဈေးကြီးပေ့
ဆိုတဲ့ခွေးနဲ့မှ မျိုးစပ်ချင်ပေမဲ့ တွန်မီက ဘေးအိမ်မှာ
ရှိနေတဲ့ Cocker Spaniel အမျိုးစား ခွေးမလေး
အမာလူနဲ့ အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား
ကြိုးချင်းညှိပြီး ခွေးမလေး ကိုယ်ဝန်ရသွားပါတယ်။
နှစ်ဖက်လုံးက ခွေးပိုင်ရှင်တွေက မာနတစ်ခွဲသားနဲ့
သဘောမတူဘဲ ခွဲဖို့ ကြိုးစားကြတဲ့အခါ တွန်မီနဲ့
အမာလူလည်း အိမ်နဲ့ တခါမှမခွဲဘူးပေမယ့် အချစ်
အတွက်စွန့်စားပြီး ခိုးရာလိုက်ပြေးပါတော့တယ်။
ရွှေဇွန်းတပ်ပြီး စားလာကြတဲ့ သူဌေးခွေးနှစ်ကောင်
လမ်းဘေးရောက်တဲ့အခါ ဘယ်လိုနေကြမလဲ။
ဂျီးများတတ်တဲ့ ခွေးမလေး အမာလူကိုလည်း တွန်မီ
တစ်ယောက် ဘယ်လို ရှာကျွေးမလဲ၊ ထွက်ပြေးနေတဲ့
လမ်းတစ်လျှောက်က စွန့်စားခန်းတွေ၊ မိတ်ဆွေတွေ၊
ရန်သူတွေ ဘယ်လို ကြုံတွေ့ရမလဲဆိုတာကိုတော့..

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

09/11/2023

နံရံ အနောက်မှာ အ-လော-င်းတွေကို ဖွက်ထားတာ။
တစ်အိမ်လုံးက နံရံတွေ ကြမ်းပြင်တွေထဲမှာ
အ-လော-င်းတွေဆိုတာ အထပ်လိုက်ပဲ
တော်တော်ကျောချမ်းဖို့ ကောင်းတယ်။

***
Book of blood ဆိုတဲ့ ရုပ်ရှင်ပါ တစ်ကားထဲမှာ to
ကြောက်စရာ ဇာတ်လမ်းသုံးခု ပါတယ်။
နောက်ဆုံးမှာ ဇာတ်လမ်းတွေ အားလုံးကို
ပြန်ချိတ်ဆက်ပေးထားတာ အရမ်းမိုက်ပါတယ်။

Movie Name : Book of blood 2020

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

07/11/2023

အဲ့အရာကြီးက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့
မင်းအနောက်ကို အမြဲတမ်း လိုက်နေမှာ
ဘယ်နေရာကို ထွက်ပြေးပြေး လွတ်မှာမဟုတ်ဘူး။

တစ်ခါတစ်လေ အဲ့အရာကြီးက ကိုယ်နဲ့သိတဲ့
လူတစ်ယောက် ပုံစံအသွင်နဲ့ နောက်ကနေ
"လိုက်‌နေမယ်"

တစ်ခါတစ်လေ သူစိမ်းတစ်ယောက် ပုံစံနဲ့
နောက်ကနေ "လိုက်နေမယ်" တစ်ခါတစ်လေ
ကိုယ်ချစ်ရတဲ့လူတစ်ယောက် ပုံစံနဲ့
နောက်ကနေ "လိုက်နေမယ်"

အဲ့အရာကြီးကို မင်းကလွဲပြီး
ဘယ်သူမှ မမြင်နိုင်ဘူး။

သူက မင်းကို သ-တ်ဖို့ အမြဲတမ်း
အနောက်ကနေ လိုက်နေမှာ။

***

ဒီရုပ်ရှင်ရဲ့အမည်က
It followsတဲ့။

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

06/11/2023

Padmaavat [2018]

ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။

Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်းပါတယ်။

Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။

မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကို
သတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကို၀င်ရောက်လာခဲ့ပါတယ်။

အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲ

အဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာ
ရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။

သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။

ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးက
သိရပါတယ်။

ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတု
ချစ်ခင်လေးစားလာကြပါတယ်။

(ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီး
ချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့
တူညီတာ တွေ့ရပါတယ်။)

အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။

ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။

တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။

Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်း
သွေးထိုးပါတော့တယ်။

အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။

စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။

အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။

ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးက
မိန့်ခွန်းပြောပါတယ်။

ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။

ငါတို့ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ပဲ။

အဲ့အတွက်ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ရဘူးလို့ကျိန်ဆိုထားကြတယ်။

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

22/10/2023

The BFG (big friendly giant)

ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ

19/10/2023

𝗗𝗲𝗮𝗱 𝗕𝗿𝗶𝗱𝗲 (2022) 𝗛𝗼𝗻𝗲𝘀𝘁 𝗥𝗲𝘃𝗶𝗲𝘄

ဒီအပတ် 𝗥𝗲𝘃𝗶𝗲𝘄 အနေနဲ့ တင်ဆက်ပေးမဲ့ 𝗵𝗼𝗿𝗿𝗼𝗿 ဇာတ်ကားလေးကတော့ ဒီနှစ်ထဲထွက်ထားတဲ့ 𝗱𝗲𝗮𝗱 𝗯𝗿𝗶𝗱𝗲 ဆိုတဲ့ သရဲကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

လူငယ်လင်မယားနှစ်‌ယောက်ဖြစ်တဲ့အယ်လီဆန်နဲ့ ရစ်ချက်တို့နှစ်ယောက်က သားငယ်လေးနဲ့အတူ သူမရဲ့ အဖေဆုံးသွားတော့ ငယ်ငယ်ကနေခဲ့တဲ့ သူတို့ အိမ်ကို‌ပြန်ပြောင်းလာကြတယ်။
ကောင်မ‌ေလးက ငယ်စဉ် 9နှစ်လောက်ထဲက သူမအမေရဲ့စိတ်ကျန်းမာရေးအရဆိုပြီးအကြောင်းပြချက်နဲ့ သူ့အဖေကသူများဆီ မွေးစားဖို့ပေးခံခဲ့ရတယ်။တ‌ေန့‌ေတာ့ သူမယောကျာ်းရစ်ချက်တစ်ယောက် အလုပ်ကိစ္စနဲ့ခရီးထွက် တော့ သူမနဲ့ကလေးပဲအိမ်မှာကျန်ခဲ့တာပေါ့။ အဲ့အချိန်ကစလို့အယ်လီဆန်တစ်ယောက် အိမ်ကြီးရဲ့ဖုံးကွယ်ထားတဲ့အရာတွေ သူမငယ်ငယ်က သူမအဖေရိုက်ထားတဲ့ တိပ်ခွေတစ်ခုကနေတစ်ဆင့် သူ့အမေနဲ့ပတ်သတ်ပြီးဖုန်းကွယ်ထားတာတွေကိုစသိလာပြီး သူတို့မိသားစုရဲ့နက်နဲတဲ့ လျို့ဝှက်ချက်တွေအ‌ေမှာင်‌ေလာကနဲ့ပတ်သတ်တာ‌ေနတာ‌ေတွကိုစသိချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့.........
Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

14/10/2023

Tulah6/13
ဇာတ်လမ်းအစမှာတင် လန့် သွားရတဲ့ သည်း ထိပ် ရင် ဖို ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ အသင့်ပဲလား…
ဇာတ်လမ်းအစက ဗိုက် ကြီး နေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားဆန်းပြားတဲ့အရာတွေကိုတွေ့မြင်နေရတဲ့ ဂီလန်းတစ်ယောက်… မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီးမွေးနေ့ပွဲလေးကျင်းပကြမယ်လို့ စီစဉ်ထားတဲ့သူတို့သုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့
နောက်ထပ် သူငယ်ချင်းနှစ်ယောက်…

ဒီလိုနဲ့ သူတို့ငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖို့တောင်ဖြတ်လမ်း‌တစ်လျှောက်က
မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ…
ဒီပုံရိပ်တွေနဲ့မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ …
နောက်ပိုင်းမှာရောဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်တွေ့ရမလဲ

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

13/10/2023

The BFG (big friendly giant)

ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ
Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰
https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

08/10/2023

Nowhere(2023)
ပင်လယ်ထဲမှာ ကွန် တိန် နာ ကြီး ထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း.
အ င တ် ဘေး ဆိုက် နေတဲ့ စ ပိန် နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အ င တ် ဘေး လျှော့ ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။

Tက်ကြီးရွယ်အိုတွေကို အရင် ရှင်း ပစ် လိုက်တာပါ။ မရသေးဘူး င တ်ကြသေးတယ်ဆိုတော့ မိန်း မ တွေနဲ့ က လေး တွေကို စပြီး ရှင်း ပစ်ပါတော့တယ်။ အဲဒီတော့ နိုင် ငံ ထဲကနည်းလမ်းပေါင်းစုံနဲ့ လွတ် ရာ ကျွတ်ရာ ကို ပြေး ကြ ရပါတော့တယ်။
လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကိုခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အ စိုး ရ ကလည်း ဆိပ် ကမ်း မှာ ကုန် ကား တွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်tတ်ပါတော့တယ်။

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

05/10/2023

TULAH 6.13 2023

ဇာတ်လမ်းအစမှာတင်လန့်သွားရတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှုဖို့ အသင့်ပဲလား...

ဇာတ်လမ်းအစက ဗိုက်ကြီးနေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားဆန်းပြားတဲ့အရာတွေကို
တွေ့မြင်နေရတဲ့ ဂီလန်းတစ်ယောက်... မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီး
မွေးနေ့ပွဲလေးကျင်းပကြမယ်လို့ စီစဉ်ထားတဲ့သူတို့သုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့
နောက်ထပ် သူငယ်ချင်းနှစ်ယောက်...

ဒီလိုနဲ့ သူတို့ငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖို့
တောင်ဖြတ်လမ်း‌တစ်လျှောက်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ... ဒီပုံရိပ်တွေနဲ့
မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ ...

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

03/10/2023

Cuttputlli [2022]မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို
Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။

သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို
ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။

မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီးရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျ နှစ် ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။

သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို
အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။

သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျော်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ
ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ...

အာဂျန်တစ်ယောက်သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲအတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့်...

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

02/10/2023

Soorpanagai{Nene Naa} (2023)
----------------------------------

ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ
တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။
အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက
ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို
အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့
လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။
ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..

ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး
ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်
ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeဖြစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

30/09/2023

From (SEASON-2)
=======================
ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီ

နိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့

လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီး

ပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲ

ပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကို

တဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ

အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့်

ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါ

အဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့

တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှ

နုရတော့တာပါပဲ

ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့

စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီး

သူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့

နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ်

ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့

အဲဒီမြို့ကြီးထဲကနေ ထွက်လို့ရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ်

ဒါပေမဲ့ တကယ့်ပြဿနာက မြို့ကြီးလား မကောင်းဆိုးဝါးတွေလား သူတို့သေပြီးလို့

ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကို

ဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့

ခံစားလို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ
Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

12/09/2023

𝗙𝗲𝗮𝗿 (2023)

ဒီကားကတော့rating တော်တော်နဲတဲ့ထဲပါပါတယ်။
ဇာတ်လမ်းကြောင့်လားဆိုတော့လဲမဟုတ်ပြန်ဘူး CGI ကြောင့်ဆိုတော့လဲမဟုတ်ပြန်ဘူး။

မကောင်းတဲ့ဘက်ကနေစပြောရမယ်ဆိုရင် ဇာတ်လမ်းတည်တာအရမ်းကြာတော့ကြည့်ရတဲ့သူပျင်းသွားစေတာပါပဲ။တကယ်ဇာတ်လမ်းစရော ပြတာက၄၅မိနစ်လောက်ပဲကြာတယ် ။မကြာကြာအောင်ဆွဲဆန့်ထားသလိုဖြစ်နေတယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းတွေက နဲတော့ နဲနဲပျင်းဖို့ကောင်းတယ်။

🄿🄻🄾🅃 ပိုင်းကတော့မဆိုးဘူး။အသစ်လေးတမျိုးပေးတယ်။ဇာတ်လမ်းကလဲcovid19 နဲ့ချိတ်ပြီးရေးထားတယ်။ မကောင်းတာကတော့ခုနအပေါ်မှာပြောတာတွေပါပဲ။

ဇာတ်လမ်းအကျဉ်း

𝘔𝘰𝘷𝘪𝘦 𝘛𝘪𝘵𝘭𝘦 နဲ့လိုက်အောင် 𝘍𝘦𝘢𝘳 နဲ့ပတ်သတ်ပြီးအဖွင့်လေးနဲ့စထားတယ်။ သူငယ်ချင်းတစ်စု လူတွေနဲ့ဝေးရာ‌ေရာဂါ‌ေတွနဲ့‌ေ၀းရာမှာအပန်းဖြေခရီးထွက်ကြရင်း တည်းခိုတဲ့အဆောင်က ကံမကောင်းစွာပဲ ကံဆိုးမှုတွေနဲ့ပြည့်နေတယ်ပြောရမှာပေါ့။ အစီရင်တွေ စုန်းနဲ့ပတ်သတ်တာတွေတွေ့ပြီးနောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာကတော့.........

Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

https://www.facebook.com/Bestpremiumtechstore?mibextid=ZbWKwL

12/09/2023

𝗧𝗵𝗲 𝗣𝗼𝗽𝗲'𝘀 𝗘𝘅𝗼𝗰𝗶𝘀𝘁 (2023) 𝗥𝗲𝘃𝗶𝗲𝘄

သရဲကားကောင်းကောင်းလေး စောင့်နေသူတွေအတွက်တော့သတင်းကောင်းပါပဲ။
ဒီတစ်ပတ် Review ပေးမှာကတော့ မင်းသားကြီး 𝗥𝘂𝘀𝘀𝗲𝗹 𝗖𝗿𝗼𝘄𝗲ပါ၀င်သရုပ်ဆောင်ထားတဲ့ 𝗣𝗼𝗽𝗲'𝘀 𝗘𝘅𝗼𝗰𝗶𝘀𝘁 ဆိုတဲ့သရဲနှင်ကားလေးပဲဖြစ်ပါတယ်
IMDb 6.1/10 နဲ့လောလောဆယ်လူကြည့်များတဲ့ကားဆိုလဲမမှားပါဘူး။

ပထမဆုံးအနေနဲ့

𝗖𝗚𝗜

𝗖𝗚𝗜 အပိုင်းတွေအသံပိုင်းတွေ တော်တော်မိုက်ပါတယ်။ 𝗝𝘂𝗺𝗽 𝗦𝗰𝗮𝗿𝗲 တွေလဲ မထင်ရင်မထင်သလိုပါ ပါသေးတယ်။ဒီအပိုင်းမှာတော့အားအရဆုံးပါ။

Review

𝗣𝗹𝗼𝘁 ပိုင်းမှာတော့ အရမ်းကြီးတော့အားမရဘူး။ ဇာတ်လမ်းက သာမန်ကြည့်ဖူးနေကျ Exocist ကားတွေလိုပါပဲ အရမ်းကြီး ထူးသွားတာမရှိဘူး။ဒါပေမဲ့တစ်ခု ကြိုက်တာကတော့ ဒီကားက အပြင်မှာတကယ်ရှိခဲ့တဲ့ ဗာတီကန်‌ေကျာင်းကဘုန်းတော်ကြီး 𝗙𝗮𝘁𝗵𝗲𝗿 𝗚𝗮𝗯𝗿𝗶𝗲𝗹 𝗔𝗺𝗼𝗿𝘁𝗵 ရဲ့အကြောင်းကို အခြေခံပြီးပြန်ရိုက်ထားတာတော့ တော်တော်စိတ်၀င်စားဖို့ကောင်းပါတယ်။သရဲနှင်တဲ့ထဲနာမည်ကြီးဖြစ်တဲ့ဖာသာ တစ်ယောက်နေရာက မင်းသား𝗥𝘂𝘀𝘀el သရုပ်ဆောင်တာပဲဒီကားကို ဆွဲခေါ်သွားပါတယ်။ သူ့ဖန်တွေအနေနဲ့အကြိုက်တွေ့မှာသေချာပါတယ်။

Story

မိသားစုတစ်စုကသူတို့အမွေရတဲ့ မြို့အစွန်ကနေရာတစ်ခုမှာပြောင်းနေကြပါတယ်။မထင်မှတ်ဘဲ အဲ့နေရာမှာပြင်ဆင်မှုလုပ်ရင်းနတ်ဆိုး ကို သွားဖွင့်မိသလိုဖြစ်သွားပြီး ကံဆိုးမှုတွေစတင်ကျရောက်ပါတော့တယ်။အဲ့အကြောင်းကို ဖာသာရဲ့ဆရာကကြားသိတော့ ဖာသာဂါဘရီယယ်ကိုယ်တိုင်သွားရောက်အပနှင်တာကိုစိတ်၀င်စားဖွယ်ကြည့်ရမှာပါ

Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

12/09/2023

Hollywood [Netflix]

IMDb: 7.5/10
Rotten Tomatoes: 58%

----------

Glee, American Horror Story, The Politician စတဲ့ နာမည်ကြီး series တွေကို ဖန်တီးခဲ့တဲ့ Ryan Murphy ရဲ့ “Hollywood” ဆိုတဲ့ miniseries ဟာ 2020 လောက်က Netflix Original Series အဖြစ် ထွက်ရှိခဲ့ပြီးတော့ နိုင်ငံတကာမှာ လူကြိုက်များခဲ့တဲ့ Series တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ Hollywood Series က hype မဖြစ်ခဲ့ပါဘူး။ ကြည့်ရှုသူ နည်းခဲ့တယ် ဆိုရမှာပေါ့နော်..

ဒီ Series ကို မကြည့်ရသေးဘူးဆိုရင်တော့ ဒီပိတ်ရက်မှာ အမြန်ဆုံး ကြည့်ဖို့ အကြံပေးပါတယ်။ Miniseries ဆိုတဲ့အတွက် အပိုင်းကလည်း မများလှပါဘူး။

-

Hollywood Series ဟာ ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်းကာလကို အခြေခံရိုက်ကူးထားပြီး Los Angeles မြို့မှာ အောင်မြင်တဲ့ Actor, Actress, Director, Script Writer ဖြစ်ချင်ကြတဲ့ လူငယ်တွေရဲ့ ဘဝတစ်ခုချင်းကို အသေးစိတ်ရိုက်ပြထားတာပါ။

တက်သစ်စ Script Writer တစ်ယောက်ရဲ့ ပြောင်မြောက်လှတဲ့ ဇာတ်လမ်းကို Director ဖြစ်ချင်တဲ့ ကောင်လေးက သတိထားမိပြီး တကယ်လက်တွေ့ ရုပ်ရှင်တစ်ခုကို ဖန်တီးဖို့အတွက် ကြိုးစားကြတဲ့အကြောင်းကို တွေ့ရမှာပါ။

ဒါပေမယ့် သူတို့ရဲ့ ခရီးလမ်းမှာ မချောမွေ့လှပါဘူး။

အကြောင်းကတော့ ဇာတ်ဆောင် မင်းသမီးဟာ Coloured ဖြစ်နေလို့ပါပဲ။ အဲ့ခေတ်က လူမျိုးခွဲခြားဆက်ဆံခြင်းဟာ ရှိနေခဲ့တုန်းပါပဲ။ အရမ်း character ဝင်ပြီး သရုပ်ဆောင်ကောင်းနေရင်တောင် asian ဖြစ်နေလို့ black ဖြစ်နေလို့ စသဖြင့် ငြင်းပယ်နေကြတာပါ။

ဒါ့အပြင် လိင်တူဆက်ဆံခြင်းကိုလည်း အကြီးအကျယ်ကို ဆန့်ကျင်နေကြဆဲဖြစ်ပါတယ်။

အဲ့အချိန်မှာ လူထုကို ဆန့်ကျင်ပြီး ကိုယ့်ရဲ့ ဆန္ဒကို ဦးစားပေးပြီး ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းခဲ့ရတာတွေ..

အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ လူတွေအနေနဲ့လည်း ဖြတ်လျှောက်ဘဝက စပြီး နေရာတစ်ခုရဖို့အထိ ခန္ဓာကိုယ်ကို ရင်းပြီး အနစ်နာခံခဲ့ရတာတွေ..

အောင်မြင်တဲ့ ရုပ်ရှင်တစ်ခု နောက်ကွယ်က ၁ မှ စခဲ့ရတဲ့ အခက်အခဲတွေကို ပြောင်မြောက်စွာ ဖန်တီးထားတဲ့ series လေး ဖြစ်ပါတယ်။

Vintage ဖြစ်တဲ့ setting နဲ့ fashion တွေ

ကြည့်ပြီးရင် ကြည့်ချင်ဖြစ်စေတဲ့ Series Intro တွေနဲ့ Netflix မှာ Hollywood Series လေးကို ကြည့်လိုက်ဖို့ recommend ပေးလိုက်ပါတယ်။

Casa Mia မှာလည်း Netflix လေးကို စျေးတန်တန်နဲ့ ရောင်းပေးနေပြီ ဖြစ်တာကြောင့် ကြည့်ချင်ရင် လာဝယ်လိုက်တော့နော် 💕

Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

12/09/2023

𝗧𝗿𝘂𝘁𝗵 𝗢𝗿 𝗗𝗮𝗿𝗲 (𝗠𝗼𝘃𝗶𝗲 𝗥𝗲𝘃𝗶𝗲𝘄)

ဒီအပတ်မှာတော့လွန်ခဲ့တဲ့ 2018 လောက်ထွက်ထားတဲ့ 𝗛𝗼𝗿𝗿𝗼𝗿 𝗺𝗼𝘃𝗶𝗲 ကောင်း လေး 𝗿𝗲𝘃𝗶𝗲𝘄 တင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်း

သူငယ်ချင်းတစ်ဖွဲ့ဟာ မက်စီကိုနိုင်ငံမှာအပန်းဖြေခရီးထွက်ရင်း ခနနားကြချိန်မှာ လူတစ်ယောက်က Game တူတူကစားပြီး နားကြမယ်ဆိုပြီး ရှေးကျတဲ့နေရာတစ်ခုခေါ်သွားတယ်။ အဲ့ရောက်တော့ သူတို့‌သိတဲ့ 𝗧𝗿𝘂𝘁𝗵 𝗼𝗿 𝗱𝗮𝗿𝗲 ကစား‌ကြရင်း အမှတ်မထင်ကံဆိုးမှုတွေသူတို့အားလုံးဆီကို ဆိုက်ရောက်လာပါလေရော။ အမှန်ပြောမလား ခိုင်းတဲ့အတိုင်းလုပ်ရဲလားဆိုတဲ့ ကစားနည်းက လွယ်သလောက် မဖြစ်နိုင်တာတွေလုပ်ခိုင်း မပြောသင့်တဲ့အတွင်းရေးပြောခိုင်းချိန်မှာတော့...........
ပါ၀င်တဲ့ castတွေလဲမိုက်တယ်Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

Photos from Netflix with Me.'s post 12/09/2023

1. Black Panther: Wakanda Forever (10/11/2022)

မနက်ဖြန်ဆိုမြန်မာနိုင်ငံကလွဲ၍ တစ်ကမ္ဘာလုံးရုံတင်ပြီဖြစ်တဲ့ Black Panther: Wakanda Forever ဟာ Wakandans တွေနဲ့ ရေအောက်နေထိုင်ကြတဲ့ Namor တို့လူမျိုးစုတို့ သဘောထားကွဲလွဲပြီး ချကြမယ့်ကား ဖြစ်ပါတယ်။ King T'Challa မရှိတော့တဲ့နောက်ပိုင်း Wakanda တိုင်းပြည်ရဲ့အန္တရာယ်‌တွေကို ဘုရင်မကြီးနဲ့ညီမ Shuri တို့ဘယ်လိုစီမံကာကွယ်သွားမလဲဆိုတာကို ရိုက်ပြသွားမှာဖြစ်ပါတယ်။ T'Challa သရုပ်ဆောင် Chadwick Boseman အတွက် character ကိုပေးသေခိုင်းလိုက်တဲ့အထိကို tribute သေသေချာချာလုပ်ပေးထားပြီး black နဲ့ female cast အမြောက်အများပါဝင်တာမို့လို့ black feminism ကားလို့တောင်ခေါ်လို့ရပါတယ်။ MCU ရဲ့ ပထမဆုံး Oscar ဆုသုံးခု အရယူနိုင်ခဲ့တဲ့ အရင် Black Panther ကားကိုမှီပါ့မလား။ Chadwick မပါတော့တဲ့ Black Panther ကို‌‌ကော ဒါရိုက်တာ Ryan Coogler ကနေ ဘယ်လိုစိတ်ဝင်စားအောင် ကိုင်တွယ်ပြီး အကောင်း‌ဆုံးချပြသွားမလဲ စောင့်ကြည့်ကြရမှာပါ။ 👀

2. Avatar: The Way of Water (15/12/2022)

CGI ကောင်းလွန်းလို့ဆိုပြီး 2009 ခုနှစ်က လူတွေခဏခဏသွားကြည့်လွန်းလို့ Box Office of All Time No. 1 ရလောက်တဲ့အထိ သောက်သောက်လဲအောင်မြင်ခဲ့တဲ့ Avatar ကားရဲ့ sequel comeback တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကဒီလိုဖြစ်မယ်ထင်ပါတယ်။ ပထမကားတုန်းကလူသားတွေဟာ Pandora ဂြိုလ်ပေါ်က unobtanium ဆိုတဲ့သတ္တုကိုလိုချင်လို့ Na'vi tribes တွေကိုတိုက်ခိုက်တာ မအောင်မြင်ဘူး။ ဒါကြောင့် အခုဒီကားမှာ ရှုံးမဲမဲပြီး နောက်တစ်ကြိမ် လာတိုက်တဲ့သဘောပဲ။ မင်းသား Jake Sully ဟာလည်း လူမဟုတ်ဘဲ Avatar လုံးလုံးဖြစ်သွားပြီး မင်းသမီး Neytiri နဲ့ကလေးတွေတောင်ရကာ ပျော်ရွှင်ဖွယ် မိသားစုတစ်စုကိုပိုင်ဆိုင်နေပါပြီ။ သူတို့ adventure ခရီးထွက်ရင်းရေအောက်ကမ္ဘာတစ်ခု ရှာတွေ့ကာ မတူညီတဲ့ Na'vi လူမျိုးစုအသစ်တွေနဲ့လည်း ဆုံကြမယ်ထင်ပါတယ်။ အပေါ်က ပြောခဲ့တဲ့အတိုင်းလူသားတွေအန္တရာယ်တိုက်ခိုက်လာတဲ့အခါ Sully အနေနဲ့ကိုယ့်မိသားစုနဲ့လူမျိုးအတွက် ဘယ်လိုကာကွယ်သွားမလဲ ကြည့်သွားရမယ့်ကားဖြစ်ပါတယ်။ ဒီကားရဲ့ပဲ့ကိုင်ရှင် နာမည်ကျော်ဒါရိုက်တာ James Cameron ဟာ ပထမ Avatar ကားအပြင် Box Office of All Time No. 3 (တစ်ချိန်က No. 2) ချိတ်ခဲ့ဖူးတဲ့ Titanic ကားကိုလည်း ရိုက်ကူးခဲ့တဲ့သူ ဖြစ်တာကြောင့် Avatar: the Way of Water ဟာ အခု CGI တွေအပြိုင်အဆိုင်ကောင်းကြတဲ့ခေတ်ကြီးမို့လို့ အရင်ကားတုန်းကလို စံချိန်ချိုးဖို့မဖြစ်နိုင်ရင်‌တောင် အခုတစ်ခါ Top Ten Box Office စာရင်းဝင်နိုင်ပါ့မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 👀 အကယ်၍ ဒီကားမအောင်မြင်ခဲ့ရင် James Cameron ဟာ Avatar 4 နဲ့ 5 ဆက်မရိုက်ဘဲ 3 နဲ့တင်ရပ်ပစ်မယ်လို့ ပြောထားဖူးပါတယ်။ 😥😥😥 အောင်မြင်ပါစေကွယ်။ 🙏🙏🙏

3. Aquaman and the Lost Kingdom (23/12/2023)

ဒီကားဟာ COVID-19 ကပ်ရောဂါ၊ DCEU ရဲ့ပြဿနာ၊ Mera သရုပ်ဆောင် Amber Heard ရဲ့အရှုပ်တော်ပုံစတဲ့အကြောင်းအမျိုးမျိုးကြောင့် 2023 နှစ်ကုန်မှရုံတင်မယ်ဆိုပြီးဖြစ်ထားပါတယ်။ trailer မထွက်ရှိသေးတာကြောင့်ဇာတ်လမ်းကိုတိတိကျကျသိရတယ်လို့ မရှိသေးပါဘူး။ ဒါပေမယ့်အကြမ်းဖျင်းသိရတာကတော့ Atlantis ကို ရန်သူတွေလက်ထဲကနေ Aquaman ကကာကွယ်ပေးရမယ့်ပုံစံ ဖြစ်ပါတယ်။ ပထမကားတုန်းက Aquaman ကိုမယှဉ်နိုင်ခဲ့တဲ့ Black Manta တစ်ယောက် နောက်တစ်ကြိမ် မကျေပွဲလာနွှဲတဲ့သဘော တွေ့ရမယ်ထင်ပါတယ်။ ပထမ Aquaman ကားတုန်းက Black Panther နဲ့ plot သွားဆင်ပြီး အကောင်းအဆိုး review တွေမျှရခဲ့ပေမယ့် ဒါရိုက်တာ James Wan ကအဲ့ဒီဆင်နေတဲ့ plot ကိုမတူညီအောင် ရိုက်ပြနိုင်ခဲ့တာတွေ၊ Conjuring ဒါရိုက်တာပီပီ horror element ရိုက်ချက်တွေဟာ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့ကာ DCEU ရဲ့ပထမဆုံး Box Office 1 billion ကျော်ခဲ့တဲ့ကားဖြစ်ခဲ့ပါတယ်။ ဒီကားကော ပထမကားထက် ပိုလုပ်ပြနိုင်ပြီး လမ်းပျောက်နေတဲ့ DCEU ကိုကယ်တင်နိုင်ပါ့မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 👀 (သေချာတာတစ်ခုကတော့ အကယ်၍ Amber Heard ကို Mera အနေနဲ့ဆက်သာ cast လိုက်မယ်ဆိုရင် ပရိသတ်တွေမေတ္တာပို့ boycott ခံရမှာ အသေအချာပါပဲ။ 😂😂😂)
Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

12/09/2023

𝗕𝗮𝗱 𝗖𝗮𝗻𝗱𝘆 (2020)

တစ်ချို့ပန်းချီဆရာ‌တွေကတော့ စိတ်ကူးဖူးမယ်ထင်တယ်ဗျ။ ကိုယ်ဆွဲလိုက်တဲ့ပန်းချီကားလေးသာအသက်၀င်သွားရင်ကောင်းမယ်ဆို‌ပြီးတော့ပေါ့ဗျာ။ ဆွဲထားတဲ့ကားက နတ်သမီးပုံတို့မင်းသားမင်းသမီးပုံဆိုရင်တော့ကောင်းတာပေါ့။
အကယ်၍များ နတ်ဆိုးပုံတွေ 𝗖𝗹𝗼𝘄𝗻 ပုံတွေများဖြစ်နေလို့တကယ်အသက်၀င်သွားရင်တော့မတွေးရဲစရာပါပဲ။😢

ခုတင်ဆက်ပေးမဲ့ကားလေး‌ကတော့2020ကထွက်တဲ့ 𝗕𝗮𝗱 𝗖𝗮𝗻𝗱𝘆 ဆိုတဲ့ဟောလိုး၀င်း🎃🎃 အငွေ့အသက် လေးခံစားရ‌ေအာင်တဲ့ ရိုက်ထားတဲ့ကားလေးပါ။

ဇာတ်လမ်းအကျဉ်း

နယူဆဲလမ်မှာ 𝗖𝗵𝗶𝗹𝗹𝘆 𝗕𝗶𝗹𝗹𝘆 ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့ဗျာ ။ ဟောလိုး၀င်းညမှာ တင်ဆက်သူဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလိုရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ပြောရမယ်ထင်ပါတယ်။‌ကောင်မလေးတစ်ယောက် ဘာပုံတွေဆွဲပြီး ဘယ်သူတွေထွက်လာမယ်ဆိုတာကိုရော တွေ့ရမှာဖြစ်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ဘယ်လိုဖြစ်ပျက်ကြတာကိုတော့ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ 𝗖𝗹𝗼𝘄𝗻 တွေ နတ်ဆိုးတွေလဲအစုံပါပဲဗျ။

‼️သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊
🔞၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့
စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။မိသားစုနဲ့ကြည့်လို့ကောင်းတာမျိုးမဟုတ်ပါ။
Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

12/09/2023

𝗜𝗻𝘀𝗶𝗱𝗶𝗼𝘂𝘀 𝗧𝗵𝗲 𝗥𝗲𝗱 𝗗𝗼𝗼𝗿(2023
ဇာတ်လမ်းအညွှန်း

ပြောရမယ်ဆို ဒီဇာတ်လမ်းက ချိတ်ဆက်မှုရှိတယ်။
Chapter 3,4 နဲ့မချိတ်တာကလဲ ရုပ်ရှင်အစမှာ ပြောပြထားပါတယ်။
Overall ‌ချုံပြောရရင် ကောင်းတဲ့ထဲပါပါတယ်။ အဲ့တော့ အများကြီးပြောရင်spoilသလိုဖြစ်မှာဆိုးလို့ ကြည့်ရှုကြပါဦး။

2023ထဲမှာတော့ ကားကောင်းတစ်ကောင်းလို့တော့ပြောလို့ရပါတယ်။
Cgi တွေလဲမဆိုးဘူး jump scare တွေလဲမထင် ရင်မထင်သလိုလေးပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်ပါတယ်။
Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

12/09/2023

𝗧𝗲𝗿𝗿𝗼𝗿 𝗧𝗿𝗮𝗶𝗻 (2022)

ဒီအပတ်reviewတင်ဆက်ပေးမဲ့ movie ကတော့ သရဲကားမျိုးမဟုတ်ဘဲ
𝗛𝗼𝗿𝗿𝗼𝗿 လူသတ်ကားမျိုးပါ။

1980 လောက်ကထွက်ထားပြီးသားကားကို remake သဘောမျိုးပြန်ရိုက်ထားတာပါ။

ပုံမှန်ကားတွေလိုအိမ်ထဲသတ်တာတွေမျိုးမဟုတ်ဘဲ ရထားပေါ်မှာ ဖြစ်တဲ့ပုံစံမျိုးပါ။

‼️လူသတ်တာတွေကတော့ အရမ်းအကြမ်းကြီးတော့မဟုတ်ပေမဲ့ ကလေးငယ်များနဲ့ ၁၈နှစ်အောက်တွေကတော့ အောက်လုံးတွေနဲ့သွေးသံရဲရဲတွေပါလို့မကြည့်သင့်ပါဘူး။

ဇာတ်လမ်းကတော့မြှုပ်ကွက်လေး‌ေတွနဲ့အဆုံးထိဆွဲခေါ်သွားပါတယ်။ မြှုပ်ကွက်တွေကလဲ ကိုယ်မထင်ထားလောက်အောင် ဖြစ်တဲ့အတွက်တစ်ခါလောက်တော့ကြည့်ထားသင်ပါ့တယ်။

အများကြီးရေးရင်အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ကြည့်ရှုကြပါဦးဗျ။ အရင်ကားဟောင်းမကြည့်ရ‌ေသးလဲ ဒီကားကိုတန်းကြည့်လို့ရပါတယ်‌ဗျ။

ဇာတ်လမ်းအကျဉ်း

အရမ်းအစအနောက်သန်တဲ့လူငယ်တစ်ဖွဲ့ လူသစ်လေးကိုစနောက်ရင်း ကောင်လေးမှာ ကံတော်တော်ဆိုးသွားရရှာတယ်။သူတို့အဖွဲ့ 𝗵𝗼𝗹𝗹𝗼𝘄𝗲𝗲𝗻 𝗽𝗮𝗿𝘁𝘆 အတွက် ရထားတစ်စင်းလုံးငှားပြီး partyလုပ်ကြတဲ့အခါမှာတော့ထင်မထားတဲ့ ကံဆိုးမှုကြီးရောက်လာပါတယ်......
Crd

Movie reviewအရှည်ကြီးပေးလိုက်ပင်မဲ့ဘာဆက်ဖြစ်မလဲဆိုတာ အောက်ကlinkထဲဝင်ရောက်စုံစမ်းပြီးnetflixနဲ့အခြားmovieတွေအများကြီးကြည့်လို့ရအောင်memberဝင်ထားလိုက်တော့နော်
https://www.facebook.com/103120592204086/posts/133646999151445/?app=fbl
Premium Tech Store

မြန်မာနိုင်ငံရဲ့အစုံလင်ဆုံးAll Premium Tech Storeစ်ပါတယ်ရှင့်။🥰

Videos (show all)

လွန်ခဲ့တဲ့10နှစ်လောက်ကထွက်ရှိခဲ့တဲ့Tower Heist(2011)ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ပြီးသားသူတွေရော မကြည့်ရသေးတဲ့သူတွေအတွက်ရော r...

Website