El Libro de la sirena

El Libro de la sirena

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from El Libro de la sirena, Writer, .

Photos from El Libro de la sirena's post 09/11/2023

Madagascar-မာဒါဂတ်စကာကျွန်း

ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ Madagascar ဇာတ်လမ်းထဲက မာဒါဂတ်စကာကျွန်းဟာ တကယ့်အပြင်လောကမှာရှိပါတယ်။မာဒါဂတ်စကာနိုင်ငံဟာ အာဖရိကရဲ့အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတခုဖြစ်ပြီး ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံးကျွန်းတကျွန်းလည်းဖြစ်ပါတယ်။မာဒါဂတ်စကာကျွန်းပေါ်မှာရှိတဲ့ သတ္တဝါနဲ့အပင်မျိုးစိတ် 80% ကိုတော့ ကမ္ဘာပေါ်ရှိမည်သည့်နေရာမှာမှ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။အထူးသဖြင့် ရှားပါးသစ်ခွမျိုးစိတ်များ၊မျောက်များနဲ့ရောင်စုံပုတ်သင်ညိုများ၊Baobabsလို့ခေါ်တဲ့ သက်တမ်းရင့်သစ်ပင်ကြီးများ၊ ကမ်းရိုးတန်းတလျှောက်ရှိ ဖြူဖြူဖွေးဖွေးသဲသောင်ပြင်များ စတာတွေကြောင့် လူသိများပါတယ်။ဒီလိုရှားပါးသတ္တဝါနဲ့အပင်မျိုးစိတ်ကြွယ်ဝမှုတွေကြောင့် ဇီဝမျိုးစိတ်ထိန်းသိမ်းမှုဆိုင်ရာ ကမ္ဘာ့ဦးစားပေးနိုင်ငံတွေထဲမှာ အမြင့်ဆုံးနိုင်ငံတခုအဖြစ်လည်းရပ်တည်နေပါတယ်။ဒီကျွန်းပေါ်မှာလူဦးရေ (28) သန်းကျော်နေထိုင်ပြီးတော့ ရာဇဝတ်မှုနှုန်းတွေမြင့်မားတာကြောင့် သွားရောက်လည်ပတ်ဖို့အတွက်တော့ အန္တရာယ်များတဲ့နိုင်ငံတခုဖြစ်ပါတယ်။

Photo-Travelmada//Evaneos//Inside guide//
Peregrine Adventures

*Do not Repost

Photos from El Libro de la sirena's post 07/11/2023

ကောင်းကင်၌သင်္ဂြိုဟ်ခြင်း

တိဗက်လူမျိုးတွေမှာ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတွေအများကြီးရှိပြီး Sky Burial လို့ခေါ်တဲ့ သေဆုံးသူကို
ငှက်စာကျွေးတဲ့ အသုဘ အခမ်းအနားကလည်း တခုအပါအဝင်ဖြစ်ပါတယ်။သေဆုံးသူရဲ့အလောင်းကိုတောင်ထိပ်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတခုဆီ ခေါ်ဆောင်သွားပြီး အပိုင်းပိုင်းလှီးဖြတ်ကာ လင်းတများကို စားသုံးစေပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းက တိဗက်အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး မမြဲခြင်းသဘောကိုလက်ခံယုံကြည်ကြလို့ပဲဖြစ်ပါတယ်။အလောင်းအား လင်းတများလာရောက်စာသုံးသောကြောင့် ဒါနပြုရာရောက်သလို သေဆုံးပြီးတဲ့နောက်လူ့ခန္ဓာကိုယ်ဟာ ဘာမှအရေးမပါဘဲ ဗလာကျင်းမျှသာဖြစ်တယ်လို့ယူဆကြပါတယ်။
နောက်ထပ်အကြောင်းအရင်းတွေကတော့ တိဗက်ဟာ ကုန်းပြင်မြင့်ဒေသဖြစ်တာကြောင့် မြေမြှုပ်ရန်ခက်ခဲခြင်းနဲ့မီးသင်္ဂြိုဟ်ဖို့လောင်စာဆီရှားပါးခြင်းတွေကြောင့်ပဲဖြစ်ပါတယ်။ဒီအစဉ်အလာကို တိဗက်အပြင် မွန်ဂိုလီးယားနဲ့ဘူတန်တို့မှာလည်း လက်ခံကျင်းပကြပါတယ်။

Photo_Reddit//Wildmind

*El Libro De La Sirena

Do not repost

Photos from El Libro de la sirena's post 05/11/2023

McKamey Manor(ကမ္ဘာ့အန္တရာယ်အရှိဆုံးအိမ်)

အမေရိကန်နိုင်ငံ၊Tennessee ပြည်နယ်မှာတည်ရှိတဲ့ McKamey Manorလို့ခေါ်တဲ့အိမ်ဟာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံး လူဖန်တီးထားတဲ့ extreme haunted houseတစ်ခုပဲဖြစ်ပါတယ်။အစိုးရကတရားဝင်ခွင့်ပြုထားပြီးတော့ ဒီအိမ်ထဲဝင်မယ်ဆိုရင် စာချုပ်မှာလက်မှတ်ထိုးရပါတယ်။အသက်အန္တရာယ်တခုခုဖြစ်ခဲ့ရင်တော့တာဝန်ယူမှာမဟုတ်ပါဘူး။အဲ့ဒီအစား ဒီအိမ်ကြီးထဲကိုဝင်ဖို့အတွက် ဝင်ကြေးပေးစရာမလိုသလို အထဲမှာ(၈)နာရီကြာနေနိုင်ရင်တော့ $ 20,000ရရှိမှာဖြစ်ပါတယ်။ခရီးစဉ်အစအဆုံးကြာမြင့်ချိန်က (၈)နာရီ မှ (၁၀)နာရီထိဖြစ်ပြီး ပြီးဆုံးတဲ့အထိနေနိုင်ခဲ့တဲ့လူတော့မရှိသေးပါဘူး။

ဒီအိမ်ကြီးထဲရောက်ရင်တော့ အရိုးများချိုးပစ်ခြင်း၊သွားများကို အစိမ်းလိုက်နှုတ်ပစ်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲစေခြင်း၊မျက်လုံးတွေကိုစည်းနှောင်ထားပြီး ဘာမှန်းမသိရတဲ့အစားအသောက်တွေကို စားသောက်စေခြင်း စတဲ့ ခန့်မှန်းလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများစွာကို ကြုံတွေ့ရမှာပါ။

ဝန်ထမ်းတွေရဲ့ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံ/ဗီဒီယိုမှတ်တမ်းတင်တာမျိုးတွေလုပ်ခွင့်မရှိပါဘူး။အိမ်ထဲဝင်ခွင့်ပြုထားတဲ့အသက်အရွယ်ကတော့ 21နှင့်အထက်ဖြစ်ပြီး 18နှစ်မှ 20နှစ်ကြားဖြစ်ပါက မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ဝင်ရပါတယ်။McKamey Manor အိမ်ကြီးနဲ့ပက်သက်ပြီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေလည်းရှိပါတယ်။

▪Haunters : The Art Of The Scare (2017)
▪Monster Inside: America's Most Extreme
Haunted House (2023)

Photo-The guardian//The Prowler
*El Libro de la Sirena

Photos from El Libro de la sirena's post 03/06/2023

Snake Island/ကမ္ဘာ့အန္တရာယ်အရှိဆုံးကျွန်း

ဘရာဇီးလ်နိုင်ငံ၊ Atlantic သမုဒ္ဒရာထဲမှာရှိတဲ့ Snake island (ခေါ် )Ilha da Queimada Grande ကျွန်းဟာ
ကမ္ဘာ့အန္တရာယ်အရှိဆုံးကျွန်းတွေထဲကတစ်ခုဖြစ်ပါတယ်။မြွေအကောင်ရေပေါင်း430,000 ကျော်ခန့်ရှိပြီး
လက်တင်အမေရိကမှာရှိတဲ့ အဆိပ်ပြင်းမြွေမျိုးစိတ်ပေါင်း 2000မှ3000ဝန်းကျင်ကိုဒီကျွန်းပေါ်မှာတွေ့နိုင်ပါတယ်။ဒါ့အပြင်Golden lancehead လို့ခေါ်တဲ့ မြွေပွေးမျိုးစိတ်ပေါင်းထောင်ကျော်လည်းဒီကျွန်းပေါ်မှာရှိပါတယ်။ကျွန်းအရွယ်အစားသေးငယ်ပြီး နေထိုင်သူလုံးဝမရှိတဲ့ကျွန်းလည်းဖြစ်ပါတယ်။ဘရာဇီးလ်အစိုးရက ကျွန်းပေါ်သို့လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပြီး သုတေသနလုပ်ရန်အတွက်သာ လာရောက်လေ့ရှိကြပါတယ်။

Photo //Pinterest

El Libro de la sirena*

Photos from El Libro de la sirena's post 14/04/2023

မိုးကြိုးရေကန် _ Lake Maracaibo

Maracaiboရေကန်ဟာ ဗင်နီဇွဲလားနိုင်ငံအနောက်မြောက်ပိုင်းမှာတည်ရှိပြီး တောင်အမေရိကရဲ့အကြီးဆုံးရေကန်ကြီးလည်းဖြစ်ပါတယ်။ရေကန်ထဲကိုအမြဲလိုလိုမိုးကြိုးတွေပစ်လေ့ရှိပြီး ညအချိန်မှာခရမ်းရောင်လျှပ်စီးတွေလက်လေ့ရှိတာကြောင့်နာမည်ကျော်ပါတယ်။ပျမ်းမျှအားဖြင့်တစ်မိနစ်ကို ၂၈ကြိမ်လျှပ်စီးလက်ပြီး တစ်နာရီကိုအကြိမ်၂၈၀ခန့်မိုးကြိုးပစ်လေ့ရှိပါတယ်။
ဒီသဘာဝဖြစ်စဉ်ကို Relámpago del Catatumbo (Catatumbo Lightning)လို့လည်းခေါ်ပါတယ်။ဒီလိုအဆက်မပြတ်မိုးကြိုးတွေပစ်နေရတဲ့အကြောင်းရင်းက ရေကန်ရဲ့စိုထိုင်းဆ၊အပူချိန်နဲ့မြေမျက်နှာသွင်ပြင်တို့ရဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတယ်လို့ဆိုကြပါတယ်။ရေကန်ကြီးရဲ့ပုံသဏ္ဌာန်ကပန်းအိုးပုံရှိပြီး တောင်ဘက်ပိုင်းမှာနက်ရှိုင်းကာ မြောက်ဘက်မှာတော့ရေတိမ်ပါတယ်။မိုးကြိုးတွေအမြဲလိုလိုပစ်နေပေမယ့် ဒီရေကန်ကြီးဟာ ဗင်နီဇွဲလားရဲ့ရေနံထုတ်ယူရာအဓိကနေရာဖြစ်ပြီး ငါးဖမ်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြပါတယ်။

Photo_Pinterest

*El libro de la sirena

Photos from El Libro de la sirena's post 01/12/2022

အီကွေတာမျဉ်း

အီကွေတာမျဉ်းဟာ စိတ်ကူးဖြင့်ရေးဆွဲထားတဲ့
မျဉ်းဖြစ်ပြီးတော့ 0° လတ္တီကျူဖြင့် ကမ္ဘာ့၏အလည်ဗဟိုတွင်လည်ပတ်ပါတယ်။အီကွေတာဆိုသောစကားလုံးမှာ အလယ်ခေတ်လက်တင်ဘာသာစကား aequatorမှဆင်းသက်လာပြီး နေ့နှင့်ညညီမျှသောစက်ဝိုင်း (circulus aequator diei et noctis)ဟုအဓိပ္ပာယ်ရပါတယ်။
တောင်ကမ္ဘာခြမ်းနှင့်မြောက်ကမ္ဘာခြမ်းကိုခွဲခြားထားသောမျဉ်းဖြစ်ပြီးအီကွေတာမျဉ်းဖြတ်သန်းသွားသောနိုင်ငံ ၁၃နိုင်ငံခန့်ရှိပါတယ်။Columbia,Ecuador, Brazil,
Sao Tome & Principe,Republic of the Congo,
Democratic Republic of the Congo, Gabon, Uganda,Somalia, Kenya,Maldives,Indonesia and Kiribati တို့ဖြစ်ပြီး ထိုနိုင်ငံများထဲမှာ အင်ဒိုနီးရှားနိုင်ငံကိုတော့ ဧရိယာအများဆုံးဖြတ်သန်းပါတယ်။အီကွေတာမျဉ်းဖြတ်တဲ့နိုင်ငံတွေနဲ့ အနီးနားတဝိုက်ကနိုင်ငံတွေမှာ ရာသီဥတုပူပြင်းပါတယ်။အီကွေတာမျဉ်းပေါ်တည်ရှိတဲ့ တစ်ခုတည်းသောမြို့တော်ကတော့ အီကွေဒေါနိုင်ငံရဲ့မြို့တော် Quito Cityပဲဖြစ်ပါတယ်။အီကွေတာမျဉ်းဖြတ်သွားတယ်လို့ ယူဆရတဲ့နေရာမှာ Mitad Del Mundo (Middle of the world city)လို့ခေါ်တဲ့ရုပ်ထုတစ်ခုကိုတည်ဆောက်ထားပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများစွာလာရောက်လည်ပတ်ကြပါတယ်။သို့ပေမဲ့ ခေတ်မီGPS
စနစ်ရဲ့တိုင်းတာချက်အရ အမှန်တကယ်အီကွေတာမျဉ်းဖြတ်သွားတဲ့နေရာက Mitad Del Mundo ရဲ့မီတာ ၂၄၀အကွာ ဘောလုံးကွင်းနှစ်ကွင်းစာလောက်ခြားတဲ့အကွာအဝေးမှာရှိတယ်လို့ ဆိုပါတယ်။ထိုနေရာမှာလျှိုမြောင်တစ်ခုရှိပြီး အထိမ်းအမှတ်အဆောက်အအုံဆောက်ဖို့ခက်ခဲတာကြောင့် နေရာလွှဲပြီးဆောက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။နေရာမှားနေပေမဲ့ Mitad Del Mundoကိုနှစ်စဉ်ကမ္ဘာ့လှည့်ခရီးသည်များစွာလာရောက်လည်ပတ်နေကြဆဲပဲဖြစ်ပါတယ်။

Photo_Pinterest

*El libro de la sirena

Photos from El Libro de la sirena's post 27/11/2022

ကမ္ဘာ့အအေးဆုံးဒေသ(သို့)Sakha

Sakha( Yakutia)ဒေသဟာ ရုရှားနိုင်ငံမှာရှိတဲ့ဖက်ဒရယ်ဒေသတွေထဲကတစ်ခုဖြစ်သလို ကမ္ဘာ့အကြီးဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံအရှေ့ဘက် အာတိတ်သမုဒ္ဒရာတလျှောက်မှာတည်ရှိပြီး လူဦးရေ1 millionခန့်နေထိုင်ပါတယ်။မြို့တော်ကတော့ ယာကုစ်-Yakutskဖြစ်ပြီး ကမ္ဘာ့အအေးဆုံးမြို့အဖြစ် စံချိန်တင်ထားပါတယ်။Sakhaဒေသရဲ့ဆောင်းရာသီပျမ်းမျှအပူချိန်က ရေခဲမှတ်အောက် -35°C မှ-60°C အထိရှိပါတယ်။ဒေသရဲ့၄၀%ကအာတိတ်စက်ဝိုင်းထဲမှာတည်ရှိပြီး တစ်နှစ်ပတ်လုံးအေးခဲနေတတ်ပါတယ်။ရုရှားနိုင်ငံစိန်ထုတ်လုပ်မှုရဲ့၉၉%နဲ့ကမ္ဘာ့စိန်ထုတ်လုပ်မှု၂၅%ကို Sakhaဒေသမှရရှိပါတယ်။ Sakhaဒေသတစ်ခုတည်းမှာတင် Time Zoneသုံးခုသတ်မှတ်ထားပြီးရုရှားရဲ့Time Zoneတစ်ခုထက်ပိုအသုံးပြုတဲ့တစ်ခုတည်းသောဖက်ဒရယ်ဒေသလည်းဖြစ်ပါတယ်။ဝေးလံခေါင်ဖျားတာကြောင့် ပြင်ပလူအရောက်အပေါက်နည်းပြီး ရှားရှားပါးပါးလာရောက်လည်ပတ်တဲ့
ဧည့်သည်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းပေးအပ်လေ့ရှိပါတယ်။

Time Zone*
Yakutsk _UTC +09:00
Vladivostok_UTC +10:00
Megatan _UTC +11:00

Photo_iStock

*El libro de la sirena

Photos from El Libro de la sirena's post 24/11/2022

Tunisia_တူနီးရှားနိုင်ငံ

တူနီးရှားနိုင်ငံက အာဖရိကတိုက်ရဲ့မြောက်ဘက်အစွန်းမှာတည်ရှိပြီး မြို့တော်ကတော့တူးနစ်စ်_Tunisပါ။နိုင်ငံအမည်ကတော့မြို့တော်နာမည်Tunisကိုအစွဲပြုပြီးဖြစ်ပေါ်လာတာပါ။လူဦးရေ 11.94 millionရှိပြီး နိုင်ငံံလူဦးရေရဲ့၉၉ရာခိုင်နှုန်းက အစ္စလာမ်ဘာသာကိုကိုးကွယ်ကြပါတယ်။Official languageကတော့ Arabicဖြစ်ပြီးပြင်သစ်ဘာသာစကားကိုလည်းပြောဆိုကြပါတယ်။သုံးစွဲတဲ့ငွေကြေးကတော့ Dinar(TND)ပါ။နိုင်ငံရဲ့အနောက် နဲ့အနောက်တောင်ဘက်မှာ အယ်လ်ဂျီးရီးယားနိုင်ငံ၊အရှေ့တောင်ဘက်မှာလစ်ဗျား၊မြောက်ဘက်နဲ့အရှေ့ဘက်မှာတော့မြေထဲပင်လယ်(Mediterranean Sea)တို့က ဝန်းရံထားပါတယ်။တူနီးရှားဟာရှည်လျားတဲ့ကမ်းရိုးတန်းနဲ့ပင်လယ်ကမ်းခြေတွေ၊သမိုင်းဝင်ပြတိုက်တွေ၊ရှေးဟောင်းဗိသုကာလက်ရာတွေနဲ့ကျော်ကြားတဲ့မြောက်အာဖရိကအစွန်ကနိုင်ငံသေးသေးလေးပဲဖြစ်ပါတယ်။

Photo_Pinterest
*El Libro de la Sirena

21/11/2022

ကမ္ဘာ့အနက်ဆုံးချောက်ကတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ (Mariana Trench) ပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံနဲ့ Guamကျွန်းကြားမှာရှိပြီးတော့ ပင်လယ်ရေမျက်မှာပြင်အောက်35,814 ပေနက်ရှိုင်းပြီး အောက်ခြေမှာမှာရှိတဲ့အပူချိန်ကတော့1°C မှ 4°Cပဲဖြစ်ပါတယ်။
ဒီTrenchရဲ့အောက်ခြေကို(Challenger Deep)လို့ခေါ်ပြီး ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာလည်းဖြစ်ပါတယ်။လပေါ်ကိုရောက်ဖူးတဲ့လူဆယ့်နှစ်ဦးထိရှိပေမဲ့ ဒီချောက်ကြီးရဲ့အောက်ခြေကိုရောက်ဖူးတဲ့လူကတော့သုံးဦးပဲရှိပါသေးတယ်။

Photo-Google

Videos (show all)

Website