ငပျင်း Unboxing
description ရေးရမှာ ပျင်းစရာကြီး
ဘာလိုလိုနဲ့ ဒီကောင်လေးကို
unboxing လုပ်ခဲ့တာတောင်
၃နှစ်ပြည့်သွားပါရောလား🫨
ကလေးထွက်မလာခင် အတော်ကြာထဲက
Shopping Cart ထဲ ထည့်ထားပြီး
ကလေးထွက်လာတဲ့ တစ်လအကြာမှ
မှာလိုက်ပြီး ရောက်လာတာတွေထဲက..
unboxing တော့ လုပ်လိုက်ပြီ
စမ်းဖို့တော့ ပျင်းနေသေးတဲ့..
- design built quality ကတော့
ရှယ်တရုတ်ဆန်တယ်
- နာမည်ပဲကျန်ပြီး တရုတ်ပိုင်
ဖြစ်သွားတာကြောင့်ပဲ ထင်ရဲ့
- ဈေးကတော့ မနည်းမများတဲ့ ၂သိန်းဝန်းကျင်
(ကိုယ်တွေတော့ ဒစ်စကောင့်
မဆိုစလောက်ရတော့ ၁၈.၅ ဝန်းကျင်ပဲကျ)
အခန်းဝမှာ ဟိုဟာဒီဟာ ပုံထားမိတာ
ဘာလိုလိုနဲ့ အချိန်က
၂ပတ်ကျော် ၃ပတ်လောက်ကြာသွား
အဲ့ထဲမှာမှ မြှားပြထားတာ
ဘာလဲ သိချင်ကြမလား?
iPhone 12 Pro Max
ဝယ်မယ်စိတ်ကူးတော့ဗျာ၊
Charger မပါဘူး သိရတဲ့အခိုက်မှာ
မထူးဘူးဆိုပြီး တွဲမှာလိုက်မိတဲ့ဟာ
သူများတကာ အရမ်း hype ကြတာဗျာ
(2020) ဆိုလား
ကိုယ်တွေ မဖောက်ဖြစ်သေးတာ
အကြောင်းကတော့ ဗျာ
ထုံးစံအတိုင်း ပျင်း.. ပျင်းနေသေးလို့ပါ 😴
ရုပ်ဆိုးတဲ့သူ လို့ မရှိ၊
အလှပြင်ဖို့/ဆင်ဖို့ ပျင်းတဲ့သူပဲ ရှိသတဲ့၊
ဆိုတာ သိပ်မှန်တာပဲလား
Ugly Outlet/ Ugly Switch Plug — Cover
Price: Around 6500 Ks or DIY Yourself
#ငပျင်းRecommends — 7 out of 10 ⭐
Unboxing of the Year
ကလေးရော အမေရော
ကျန်းကျန်းမာမာ ရှိကြပါတယ် ခင်ဗျာ
ယနေ့ unbox ရန် အလှည့်ကျတာကတော့..
အရင်လိုတော့
unboxing သမျှ
ကိုယ့်အတွက်ချည်း
ဘယ်ဟုတ်နိုင်ပါတော့မလဲနော့ 😬
က ထုတ်တာ မဟုတ်ပေမယ့်
ုန်စုံစတိုး မှာ ရောင်းတဲ့
#နို့ဗူးပေါင်းစက် #ပိုးသတ်စက်
ဒါကိုလဲ တရုတ်ကနေပဲ မှာပါတယ်
- ဈေးက ၅၅၀၀၀ ဝန်းကျင်
- နို့ဗူး၇ဗူးတင်စရာပါမယ်
- 10L ဆိုတော့ တော်တော်ကျယ်တယ်
- နို့ဗူးအပြင် ပေါင်းလို့ရသမျှ ထည့်လို့ဆံ့သမျှ
ကလေးအသုံးအဆောင် အကုန်.. လာထားပဲ
- အပေါ်/အောက်နှစ်ဆင့်ကလဲ အဆင်ပြေသလို
လိုတိုးပိုလျှော့လုပ်လို့ရတယ်။
Touch Control ဖြစ်ပြီး
သုံးစရာ Mode (၃) မျိုး ပါတယ်၊ မရှုပ်ထွေးဘူး
long press power on တာနဲ့ Mode (1) ဝင်တယ်
Mode (1): ကြာချိန် ၆၀ မိနစ်
ပေါင်းမယ်၊ ပိုးသတ်မယ် အခြောက်ခံမယ်၊
Mode (2): ကြာချိန် ၁၀ မိနစ်
ပေါင်းမယ်၊ ပိုးသတ်မယ်
ဖြည့်စွက်စာနွှေးတာ၊ ကြက်ဥပေါင်းတာပါ
ဒီ mode သုံးလို့ရတယ် ပြောတာပဲ
Mode (3): ကြာချိန် ၄၅ မိနစ်
အခြောက်ခံရုံသက်သက်
အပေါ်ဖုံးမှာ လေထွက်ပေါက်(၂)ခုပါတယ်
ရေနွေးငွေ့ ဘာညာတင်လဲ ထောင်ထားရင်
အောက်ကိုစီးမကျအောင် လုပ်ထားတာ နဲ့
ဒီဇိုင်းကာလာ သဘောကျဖို့ကောင်းတယ်။
#ငပျင်းunboxing
#ငပျင်းRecommends — 7 out of 10 ⭐
သုံးတတ်ရင် ဆေးတစ်လက်
(ဘာ manual မှ မကြည့်မိဘဲ
ခုဖောက် ခုရေထည့် ခုစမ်း တဲ့ ငပျင်း)
မသုံးတတ်တော့ သွေးနည်းနည်းထွက် 😂
Mi က ထုတ်တဲ့ Mi က ရောင်းတဲ့
Mijia Water Flosser — ပလုတ်ကျင်းစက်
တရုတ်ကပဲ မှာဖြစ်တယ်
ဈေးက ၄၀၀၀၀ ကျော် ကျတယ်
ရေထွက်ပြင်းအား(mode) ၄ မျိုး
ခေါင်း ၄ မျိုးပါတယ်၊
အထာသိတာနဲ့တော့ အဆင်ပြေသွားတယ်၊
ရိုးရိုးပလုတ်ကျင်းပြီး ခံတွင်းရှင်းနေပြီလို့
ကိုယ်ဟာကိုယ်ထင်နေတဲ့အခိုက် ဒါလေးနဲ့
စက္ကန့်ပိုင်းခဏထိုးလိုက်တာ မထင်ထားတဲ့
အညစ်အကြေး(အဖက်)တွေ ထွက်လာရော
တွေ့တွေ့နေတာ ကြာပြီ
ခုမှ ဝယ်သုံးဖြစ်တာ နောက်ကျလေခြင်းလို့
ချက်ချင်းဆိုသလို တွေးမိတဲ့ product မျိုး
#ငပျင်းunboxing
#ငပျင်းRecommends — 7 out of 10 ⭐
တရုတ်ပြည် မှာ
နဲ့ ပတ်သက်တာ များကြီးပဲ
¥100 ဖိုးပြည့်ရင် ¥70 လျှော့နေတာနဲ့
ဒီ ၄ ခုပေါင်းကို (¥100-70=¥30
ပို့ခမပါ) မြန်မာငွေ ၆၀၀၀ကျော်ထဲနဲ့
လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က မှာဖြစ်ခဲ့။
အဲ့တုန်းကတော့ cart ထဲ ဝယ်ချင်တာ
တပုံတပင်ထည့်လိုက်သေးပေမယ့်
ပျင်းနေတာနဲ့ ဒီ၄ခုအပြင် မမှာဖြစ်ခဲ့။
ခုဝင်ကြည့်တော့ ¥100 ဝယ် 70 လျှော့
item တွေရှိသေးပေမယ့် ဝယ်ချင်စရာ
တော်တော်နည်းသွားတယ်။
ဒီ ၄ ခု ဒီလျှော့ဈေးနဲ့ကတော့
မဟားတရားကို တန်လွန်းတယ်၊
ဒီက MINISO မှာရော ဘာပရိုမိုးရှင်း နဲ့
ဘာလျှော့ဈေးတွေ ကြားမိကြသေးလဲ?
တစ်ရက် တစ်ရက်
ပို့စ်သာမတင်ဖြစ်တာ
ငပျင်းတို့ unboxing ကတော့
နေ့တိုင်းလိုလိုကို လုပ်ရတယ်
ပျင်း..ပျင်းနိုင်လွန်းတဲ့
ငပျင်းတစ်ယောက်
မပျင်းမရိနဲ့
ဗြင်းမဟဲ့
unboxing မကွဲ့
video ရိုက်တင်မယ် ဆိုပြီး
ဆုံးဖြတ်ချက်ပြင်းပြင်းချလိုက်တာ
နှစ်ရက်လောက်
ဖျားချင်ချင်ဖြစ်သွားလို့
ခပ်ပျင်းပျင်းပဲ ပြန်ငြိမ်နေရတယ် 🥴
ပုံကတော့ ဘာရယ်မဟုတ်ဘူး
ဒီနေ့ ဖောက်ဖြစ်တာ နှစ်မျိုးပါလို့
အမှတ်တရ.. တင်လိုက်တယ်။
ဘာလိုလိုနဲ့
ဝတ်ကျေတမ်းကျေ
Like လုပ်ပေးကြသူ
အယောက် ၂၀၀ ရှိပါပြီ တဲ့
ကျေးဇူးတင်ရမှာ ပျင်းလိုက်တာ
ငပျင်း တစ်ယောက်
တရုတ်ပြေအွန်လိုင်းရှော့ပင်ထွက်တဲ့အခါ
official or authorized seller တွေဆီက
ဝယ်ရစိတ်ချမ်းသာတဲ့အကြောင်းတစ်ခုက
"price cover ရရှိခြင်း" ပါခင်ဗျာ
(ပေးတဲ့ဟာမှတော့ ပေးတာပေါ့)
video မှာ ဘာကိုပြချင်တာလဲဆိုတော့
- ဒီလ ၁၃ မှာ Mi ထုတ် Hot Plate Bundle ¥၁၉၉ ပေးပြီး ဝယ်ဖြစ်တယ်၊ နယ်စပ်ကို ၁၅ ရက်နေ့က ရောက်ပြီး ကိုယ့်လက်ထဲ မနေ့ (၂၂ ရက်) မှာ ရောက်လာတယ်၊
- ရောက်လာတဲ့ဟာတောင် unbox မလုပ်ရသေးခင်မှာပဲ အစောကဟိုကြည့်ဒီကြည့်ရင်းမှာ ကိုယ် ¥၁၉၉ ပေးဝယ်ထားတဲ့ bundle ကို limited time အတွင်း ¥၁၆၉ နဲ့ချရောင်းနေတာ မြင်မိတယ်၊
- ပူဆွေးဝမ်းနည်းမနေပါဘဲ ငပျင်းတို့ မပျင်းမရိနဲ့ချက်ချင်းကို ကြိုးစားကြည့်မိတာကတော့ video ထဲကအတိုင်း "price cover request" ပေါ့ဗျာ၊
- JD ဆိုတဲ့ platform မှာ တစ်ခုကောင်းတာ price cover approve ဖြစ်မဖြစ်က စက္ကန့်ပိုင်းအတွင်း သိရတယ်၊
- ထင်ထားတဲ့အတိုင်းပဲ request လိုက်ပြီး မကြာပါဘူး၊ ဟော့ price cover eligible ဖြစ်တယ်၊ ရော့ မင့်အတွင် cash back ¥30 ဆိုပြီး ပြန်ရရောပဲ၊
- ပျင်းနေတာနဲ့ပဲ ဝမ်းသာရကောင်းမှန်းတောင် မသိလိုက်ပါဘူး အယ်လယ် 🥴
price cover ကိုက များသောအားဖြင့် (တရုတ်ပြည်တွင်းကိုယ်ပေးထားတဲ့လိပ်စာ ရောက်ပြီး) ပစ္စည်းလက်ခံပြီး ၇ ရက် (သို့) ၁၄ ရက် အတွင်း request လို့ ရတတ်ကြပါတယ်။ ဒါကလဲ အစောက ပြောသလို official (သို့) authorized seller/ shop တွေကနေ ဝယ်ထားဦးမှပေါ့လေ နော့။
ကဲ ဖတ်တဲ့သူတော့မသိဘူး၊
ကိုယ့်မှာ ရေးရင်းနဲ့ကို ပျင်းသွားပြီ၊
မနက်ဖြန် တခြားသောအကြောင်းရာ
ဆက်ရန်ရှိချင်ရှိမည်၊ ရှိချင်မှလဲရှိမည်။
ပျင်းနေရင်တော့ Like & Follow & Share လုပ်ပြီး
အပျင်းတွေ မျှဝေပေးဖို့ ပျင်းပျင်းနဲ့သာ
တောင်းဆိုလိုက်တော့သည်။
page တော့ like ပြီး
တင်မယ့်ပို့စ်တွေကျ
like မပေးတဲ့၊ ပေးဖို့ပျင်းနေတဲ့သူ
ဆယ့်ငါးသက် ဆက်တိုက် ဗိုက်ပူ
Logo ဆွဲခိုင်းရမှာ ပျင်းလိုက်တာ..
Profile Picture နဲ့ Cover Photo
ရှာ/တင်ရမှာ ပျင်းလိုက်တာ..
ဘာတွေ unboxing လုပ်ရပါ့မလဲ
စဉ်းစားရမှာ ပျင်းလိုက်တာ..
Logo/ Profile Picture/ Cover Photo
ဆွဲပေးမယ့်၊ unbox စရာ ပေးကြမယ့်
စေတနာသဒ္ဒါရှင်များ ရှိရင် ကောင်းမှာ
ဆိုပြီး အသနားခံရမှာ ပျင်းလိုက်တာ..
ပျင်းရိစွာနဲ့ပဲ
22.11.2020
11:33PM မှာ
#ငပျင်းunboxing ရဲ့
ပထမဆုံးပို့စ် တင်လိုက်ရပါတယ်