Si Yin Htone

Si Yin Htone

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Si Yin Htone, Lawyer & Law Firm, .

13/05/2022

အမျိုးသားများကို “ထိပ်ပြောင်သည်” ဟု ပြောဆိုခြင်းသည် Sexual Harrasment မြောက်ကြောင်း ဗြိတိန် တရားရုံးက အမိန့်ချ

လုပ်ဖော်ကိုင်ဖက်များအား ထိပ်ပြောင်ဟု ပြောဆိုခြင်းသည် စနောက်ခြင်းမဟုတ်ပဲ Sexual Harrasment ဖြစ်တယ်ဆိုပြီးတော့ Yorkshire အခြေစိုက် မိသားစုကုမ္ပဏီတစ်ခုကို ၂၄ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးက စွဲဆိုခဲ့တာဖြစ်ပါတယ်။

ခုသမာဓိ အမျိုးသား လူကြီး ၃ ဦးလုံးက Tony Fin ဆိုတဲ့အမျိုးသားက စွဲဆိုတဲ့အကြောင်းအရာဟာ လုပ်ငန်းကြောင့်မဟုတ်ပဲ သူ့ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးက “Fat bald C—“ လို့ခေါ်တာကို သူ့ရဲ့ အသက်နဲ့ ဆံပင်အပေါ်မူတည်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားခြင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အထက်ပါစကားလုံးတွေကို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုး၊ ဂရုမစိုက်တာမျိုး၊ စော်ကားတာမျိုးကလွဲရင် တခြားသုံးသပ်ဖို့ရာ မရှိဘူးလို့ ခုံသမာဓိလူကြီးများက ဆိုပါတယ်။

အဲဒီအမှုအပြင် မတရားအလုပ်ထုပ်တဲ့အတွက်လည်း တရားလိုက အနိုင်ရရှိခဲ့ပါတယ်။

Ref: Bloomberg
Image by Markus Spiske from Pixabay
စီရင်ထုံးမှာ ဥပဒေရေးရာ အကြောင်းအရာကိုဖတ်ရှု့နိုင်ဖို့ Like လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်နော်..

06/05/2022

အခုတလော ဓာတ်အရမ်းကျနေတာက Johnny Depp နဲ့ Amber Heard တို့အကြောင်းဖြစ်နေတော့ စိတ်ဝင်စားကြမလားဗျ..

02/03/2022

Dua Lipa Los Angeles Court မှာစွပ်စွဲခံရ။ Levitating သီချင်းက ၂၀၁၇ မှာ artikal sound system ရဲ့ Reggage သီချင်းကို ကူးထားတယ်လို့ တရားလိုကဆို..

Levitating သီချင်းက Billboard မှာ အချိန်အတော်ကြာ ရှိနေခဲ့တဲ့သီချင်းဖြစ်ပြီး အခုတော့ ၂၀၁၇ မှာ အဲဒီပုံစံအတိုင်းတစ်ပုံစံတည်းဖြစ်နေတဲ့ Artical Sound System က တရားစွဲလိုက်ပါပြီ။

ထွက်လာတဲ့အချိန်က ၂၀၂၀ ဖြစ်တဲ့အတွက် ၃ နှစ်ကွာပါတယ်။ ထူးခြားတာကတော့ သံစဉ်အလိုက်ကို တူနေတာပါ။

ဘယ်လိုများဖြေရှင်းပါမလဲတော့ စိတ်ဝင်စားစရာပါခင်ဗျာ.. တစ်ချက်ထူးခြားတာက Dua Lipa က အဲဒါကို Tik Tok version လို့ ပြောထားတဲ့အချက်က စိတ်ဝင်စားစရာတော့အကောင်းသားပါပဲ..

မူရင်းသီချင်း - https://soundcloud.com/artikal-sound-system/03-live-your-life?utm_source=clipboard&utm_campaign=wtshare&utm_medium=widget&utm_content=https%253A%252F%252Fsoundcloud.com%252Fartikal-sound-system%252F03-live-your-life

Dua Lipa - https://www.youtube.com/watch?v=TUVcZfQe-Kw

ဥပဒေနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းတွေကို သိချင်ရင် See First လုပ်ပါဗျာ..

23/09/2021

MNC အမြည်း
=========
Multinational Corporation (MNC) ဆိုတာက ကုမ္ပဏီတစ်ခုက နိုင်ငံတစ်ခုမှာအလုပ်လုပ်ရင်းက အောင်မြင်လာလို့ နောက်ထပ်နိုင်ငံပေါင်းများစွာကို လုပ်ငန်းတရားဝင်ချဲ့ထွင်လာနိုင်ပြီဆိုရင် MNC ဖြစ်လာပါပြီ။

MNC ရဲ့အဓိကလိုအပ်ချက်က ကိုယ့်ထုတ်ကို နိုင်ငံတစ်ခုတည်းမဟုတ်ပဲ နိုင်ငံအများအပြားမှာ ထုတ်လုပ်ဖို့ (ဝါ) ပိုင်ဆိုင်ဖို့လိုပါတယ်။ အဲဒီလိုမထုတ်ဘူးဆိုရင် MNC လို့ခေါ်လို့မရပါ။

ဥပမာအားဖြင့် Telenor, Ooredoo အပါအဝင် KFC, Suzuki တို့လို့ လုပ်ငန်းတွေဟာ Multinational Corporation တွေပါ။

21/09/2021

Certification သဘောတရား
Certificate ဆိုတာက ဘယ်မှာပဲကြည့်ကြည့် ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သင်တန်း Certificate၊ ဘွဲ့လက်မှတ်၊ FDA လက်မှတ်ဆိုတာမျိုးတွေအားလုံးက Certificate ပါပဲ။ အဲဒီအပြင် အွန်လိုင်းမှာ လုံခြုံမှုအတွက်ထုတ်ပေးတဲ့ Certificate ဖြစ်တဲ့ SSL ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒီ post ကတော့ အဲဒီအကြောင်းတွေအားလုံးကို တင်ဆက်ပေးမှာပါပဲ။

Certificate မှာလိုအပ်တဲ့ ပါဝင်ပတ်သက်သူ
ပထမဆုံး Certificate ကို ဘယ်သူက ထုတ်ပေးနိုင်သလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ Certificate ဆိုတာက အဖွဲ့အစည်းတိုင်းထုတ်ပေးလို့ရပါတယ်။ သို့သော် Certificate မှာ ပါဝင်ပတ်သက်သူတွေကို သိထားဖို့လိုပါလိမ့်မယ်။

၁။ ထုတ်ပေးသူ အဖွဲ့အစည်း
၂။ ရယူသူ
၃။ လက်ခံသူ တတိယလူ

အနိမ့်ဆုံး အဲဒီ ၃ ဦး ၃ဖလှယ်လိုပါတယ်။ ဘယ်သူမှလက်မခံတဲ့ လက်မှတ်ကိုထုတ်ပေးပြီး ဘာလုပ်ကြမှာတုန်း။ အဲဒီအတွက် အရည်အချင်းလိုပါတယ်။

Certification မှာ အဓိက အချက် (၄) ချက်ရှိပါတယ်။

၁။ ထုတ်ပေးတဲ့ အဖွဲ့အစည်း
၂။ လျှောက်ထားသူ
၃။ ထိန်းသိမ်းရမည့် အရည်အသွေး
၄။ သက်တမ်း
၅။ လိုက်နာရမည့် စည်းကမ်း

၁။ ထုတ်ပေးတဲ့အဖွဲ့အစည်း

ထုတ်ပေးတဲ့အဖွဲ့အစည်းမှာ လိုအပ်ချက် ၂ ခုအနိမ့်ဆုံးရှိပါတယ်။​

၁.၁။ ထုတ်ပေးသူရဲ့အရည်အချင်း
၁.၂။ ထုတ်ပေးသူရဲ့ သတ်မှတ်ထားတဲ့အရည်အချင်း

၁.၁။ ထုတ်ပေးသူရဲ့အရည်အချင်း
ထုတ်ပေးသူရဲ့အရည်အချင်းဆိုတာ ထုတ်ပေးတဲ့အဖွဲ့အစည်းရဲ့ သက်ရောက်မှုကို ဆိုလိုပါတယ်။ ရှေ့နေဘွဲ့ကို ကြုံရာသင်တန်းက ထုတ်ပေးလို့မရပါဘူး။ သူ့ရဲ့ သက်ဆိုင်ရာ နေရာကပဲပေးလို့ရပါတယ်။ ဆိုတော့ ရှေ့နေဘွဲ့ကိုပေးအပ်ဖို့အတွက် ရှေ့နေများကောင်စီ (Bar Council) က အသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်။ ဘွဲ့ပေးဖို့အတွက် တက္ကသိုလ်က ဘွဲ့ပေးဖို့လိုပါတယ်။ တက္ကသိုလ်တောင် ဥပဒေဘွဲ့ပေးအပ်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ်ရှိတဲ့ တက္ကသိုလ်ကပဲပေးအပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာသိပ်ခေတ်မစားသေးပေမယ့် တကယ်လိုအပ်တာက .edu Domain ပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်က သက်ဆိုင်ရာ Bar Council နဲ့ ချိတ်ဆက်ပြီးပေးရတာပါပဲ။... ဒါက ဥပဒေအပိုင်း.. (နီးစပ်အောင်ပြောတာပါ)။

Tech အပိုင်းဆက်စို့.. ထုတ်ပေးသူ issuer အပိုင်းမှာဆိုရင်တော့ အဲဒီထုတ်ပေးပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းက အပေါင်တင်ထားရပါတယ်။ သူထုတ်ပေးလိုက်တဲ့ Certificate က တစ်ခုခုပြဿနာတက်သွားရင် အပေါင်ထဲက ထုတ်နှုတ်ပြီးလျော်ရပါတယ်။ အနိမ့်ဆုံး ဒေါ်လာ သန်းဂဏန်း တင်ထားကြပါတယ်။ ဈေးနှုန်းကလည်း အပေါင်စရိတ်အလိုက် အနည်းအများရှိပါတယ်။

၁.၂။ ထုတ်ပေးသူ သတ်မှတ်ထားတဲ့အရည်အချင်းအပိုင်း

ထုတ်ပေးသူက အရည်အချင်းသတ်မှတ်ထားဖို့လိုပါတယ်။ လက်ထပ်ဖို့ လူတစ်ယောက်ဟာ ၂၁ နှစ်ပြည့်ဖို့လိုပါတယ်။ ၁၈ နှစ်ဆိုရင် လက်ထပ်လို့ရပေမယ့် ဥပဒေအများစုက ၂၁ နှစ်ကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိလို့ ၂၁ နှစ်ပြည့်ပြီး ကိုယ့်ဟာကိုယ် ဘယ်သူနှင့်လက်ထပ်သည်ဖြစ်စေ တရားဝင်ပါတယ်။ အဲဒါက အရည်အချင်းသတ်မှတ်သူပါ။ အကယ်၍ လက်ထပ်စာချုပ်ပြုလုပ်ပေးရမယ့် တရားသူကြီးရဲ့ အရည်အချင်းသတ်မှတ်ချက်ဟာ အသက် ၂၁ နှစ်ပြည့်ရမယ်ဆိုရင် အဲဒါ ထုတ်ပေးသူ သတ်မှတ်ထားတဲ့အရည်အချင်းပါပဲ။

Tech အပိုင်းအရဆိုရင်တော့ Site တစ်ခုမှာ SSL ရှိဖို့ အတွက် Domain ပိုင်ဆိုင်ဖို့လိုပါတယ်။​ Domain အပိုင်မရှိပဲ ဘာမှလုပ်ခွင့်မပေးထားပါဘူး။ အဲဒီအတွက် Verification Steps တွေ ပြုလုပ်ပြီးတော့မှ SSL Certificate Issue လုပ်ပါတယ်။ (နည်းပညာပိုင်းမို့ အသေးမစိတ်လို..)

၂။ လျှောက်ထားသူ

၂.၁။ လျှောက်ထားသူရဲ့အရည်အချင်း

ရယူအသုံးပြုတဲ့ လုပ်ငန်း သို့မဟုတ် consumer ဆိုသည်မှာ အဲဒီလက်မှတ်ရမှ အလုပ်လုပ်ခွင့်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။ တရားလွှတ်တော်မှာ ရှေ့နေလိုက်မယ်ဆိုရင် အရင်ဆုံးကျောင်းပြီးထားတဲ့သူက အလုပ်သင်ရှေ့နေကို ၁ နှစ် တရားရုံးချုပ်မှာ လျှောက်ထားရပါမယ်။​အဲဒီ ၁နှစ်ပြည့်သွားရင် အထက်တန်းရှေ့နေ ၃ နှစ်လျှောက်ပြီးမှ တရားလွှတ်တော်ရှေ့နေကို လျှောက်ထားရပါမယ်။ အဲဒီအရည်အချင်းက အေပါ်မှာ ထုတ်ပေးသူ သတ်မှတ်ထားတဲ့အရည်အချင်းပါပဲ။ Tech အပိုင်းက ရေးပြီးသားမို့ ထူးမရေးလိုတော့ပါ။

၃။ ထိန်းသိမ်းရမည့် အရည်အသွေး
လျှောက်ထားတဲ့အချိန်မှာ အရည်အသွေးကို ထိန်းသိမ်းထားဖို့အတွက် Certificate ထုတ်ပေးကြတာ။ ဘွဲ့ပေးတဲ့အချိန်မှာ Oath တစ်ခုသတိထားမိမယ်ထင်ပါရဲ့။ ဘွဲ့ရမောင်မယ်တို့သည် ရရှိသော ဘွဲ့နှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြပါမည်ဟု ကတိပြုပါသည်ဆိုတာကို သေချာ စောင့်ထိန်းဖို့လိုပါတယ်။​ အဲဒါအရည်အသွေးပါပဲ။

ရှေ့နေတစ်ယောက်က လမ်းမမှာ အော်ဆဲလို့မရပါဘူး။ လူကြီးလူကောင်းတို့နဲ့အလုပ်လုပ်ရမယ့်သူဖြစ်တဲ့ရှေ့နေတို့ဟာ ဝတ်စားဆင်ယင်မှုမှာလည်း Formal ဆန်ဆန် စမတ်ကျကျဝတ်စားဖို့အလွန်အရေးကြီးပါတယ်။​

Tech အပိုင်းဆိုရင်လည်း Certification ရယူတဲ့သူဟာ ဆိုက်တစ်ခုကို လုံခြုံအောင် ချပေးဖို့တာဝန်ရှိပါတယ်။ အသုံးပြုသူတွေကို ကောင်းမွန်လုံခြုံစွာ အသုံးပြုနိုင်ဖို့ လိုအပ်တဲ့အရည်အသွေးတွေပေးရပါမယ်။ HSTS, Strict SSL, Flexible SSL မျိုးအပြင် TLS တွေကိုလိုက်နာရပါတယ်။ အဲဒီစောင့်ထိန်းထားတဲ့စဉ်းမျဉ်းဟာ ခေတ်ကြောင့်ဖြစ်စေ ပေါက်သွားခဲ့ရင် ချက်ချင်း ရပ်ဆိုင်းပြီး အသစ်ပြောင်းဖို့ တာဝန်ရှီပါတယ်။

၄။ သက်တမ်း
သက်တမ်းက သတ်မှတ်ထားပါတယ်။ များသောအားဖြင့် ၁ နှစ်ဖြစ်ကြပြီးတော့ တချို့က လပိုင်းသတ်မှတ်တာရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက်ပေါ။

ရှေ့နေဆိုရင်တော့ အလုပ်သင် ၁ နှစ်နဲ့ အထက်တန်း ၃ နှစ်ပါ။
Tech အပိုင်း SSL ဆိုရင် ၃ လအနိမ့်ဆုံးဖြစ်ပြီး ၁ နှစ်ထားပါတယ်။ unlimited reissue ပြန်လုပ်ပေးပါတယ်။

၅။ လိုက်နာရမည့် စည်းကမ်း

လိုက်နာရမည့် စည်းကမ်းက နှစ်ဖက်လုံး ကန့်သတ်ထားတာမို့လို့ နည်းနည်းရှည်ပြီး ရှုပ်နိုင်ပါတယ်. တတ်သလောက်မှတ်သလောက် ပြောပြပါမယ်။

၅.၁။ လက်မှတ်လျှောက်ရတဲ့အကြောင်းအရင်းက မလျှောက်တဲ့သူတွေကို ပေးမသုံးချင်လို့ပါ။ ထုတ်ပေးသည့် လက်မှတ်သည် ထုတ်ပေးသူနှင့် ရယူသုံးစွဲသူ နှစ်ဦးကြား Bond ဖြစ်ပါတယ်။ အဲဒီလက်မှတ်ကို မလျှောက်ပဲနဲ့သုံးရင် အဲဒါအတုပါပဲ။ လက်မှတ်သည် လျှောက်ထားသူနှင့် ထုတ်ပေးသည့်အဖွဲ့အစည်းက သတ်မှတ်ထောက်ခံထားခြင်းဖြစ်ပါတယ်။ အဲဒီလက်မှတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းမှာ ချက်ချင်း စစ်ဆေးနိုင်ခွင့်ရှိပါတယ်။​Authenticity ပါ။

Tech အပိုင်းမှာတော့ SSL ကို ဖွင့်ကြည့်ရင် စက်တွေအချင်းချင်းပြန်စစ်ပါတယ်။ စစ်လို့ မှားယွင်းတာနဲ့ Invalid SSL Certificate ပြပါတော့တယ်။

၅.၂။ လျှောက်ထားမှုသက်တမ်းကုန်ရင် သက်တမ်းတိုးခြင်းတာဝန်သည် လျှောက်ထားသူမှာပဲရှိပါတယ်။ အဖွဲ့အစည်းက “တိုးပါဦးလား” ဆိုတာမျိုး လိုက်ပြီးတော့ ပြောစရာမလိုပါဘူး။ အဲဒီ သက်တမ်းတိုးခြင်းကို ငြင်းပယ်ပိုင်ခွင့်လည်း နှစ်ဘက်လုံးမှာရှိပါတယ်။ သက်တမ်းကုန်သွားရင်အဖွဲ့အစည်းက Revoke Certificate လုပ်ခွင့်ရှိပါတယ်။ အဲဒီမှာ သက်တမ်းလွန်ကို ဆက်ပြီး အသုံးပြုပိုင်ခွင့်မရှိတော့ပါဘူး။ အဲဒါကို သုံးရင် သက်တမ်းလွန်ကိုသုံးတဲ့အတွက် အဖွဲ့အစည်းက တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။

Revoke of Certificate
Certificate Revoke လုပ်တာမှာ ၂ မျိုးရှီပါတယ်။ အချိန်မတိုင်ခင် အကြောင်းတစ်ခုကြောင့် issuer က revoke လုပ်တာမျိုးရှိသလို consumer ရဲ့ စည်းကမ်းဖောက်ဖျက်မှုကြောင့် revoke လုပ်ရတာလည်းရှိပါတယ်။

Issuer ရဲ့ ကိစ္စရပ်တစ်ခုကြောင့် Revoke လုပ်ရတယ်ဆိုတာ လုံခြုံရေးအားနည်းချက်တစ်ခုကြောင့် လက်မှတ်များကို ထုတ်ပေးခြင်းအား ရပ်ဆိုင်းပြီးအသစ်ပြန်လျှောက်ခိုင်းတာမျိုး။ ခုနှစ် တစ်ခုမှ တစ်ခုအတွင်း တရားစီရင်မှုများအားလုံးကို ပြန်လည်စွဲဆိုပိုင်ခွင့်နှင့်အတူ ပယ်ဖျက်လိုက်သည်ဆိုတာမျိုးဟာ issuer က အကြောင်း တစ်ခုကြောင့် revoke လုပ်လိုက်ရတာမျိုးပါ။

ဥပမာအားဖြင့် - https://www.lovelyfamilymm.com/blog/letsencrypt-revoke-certificate-2020

Consumer အမှားကြောင့်ဆိုတာမျိုးက လက်မှတ်ရယူသုံးစွဲသူက မလျော်ဩဇာသုံးပြီးတော့ တလွဲအသုံးချနေလို့ ပြန်လည်ရုပ်သိမ်းရတာမျိုးကိုခေါ်ပါတယ်။​ ဥပမာအားဖြင့်ဆိုရင် အလှမယ်တစ်ဦးက လူမျိုးရေးခွဲခြားတဲ့စကားမျိုးသုံးတယ်။ အဲဒီလုပ်ရပ်ဟာ သရဖူပိုင်ဆိုင်ခွင့်သတ်မှတ်ထားချက်ကို ဆန့်ကျင်တယ်ဆိုရင် Consumer အမှားကြောင့် ပြန်လည် သိမ်းယူပိုင်ခွင့်ရှိပါတယ်။

အဲဒီလို အမှားမျိုးကို ရှောင်တခင် စစ်ဆေးပြီးတော့ ရယူနိုင်ပါတယ်။

သက်တမ်းကုန်သွားခြင်းအပေါ်မှာ သက်တမ်းထပ်တိုးခြင်းတစ်စုံတစ်ရာမပြုရင် အဲဒီစည်းကမ်းတွေကိုလိုက်နာစရာမလိုတော့သလို ရှောင်တခင်စစ်ဆေးခြင်းကိုလည်း လက်ခံစရာအကြောင်းမရှိတော့ပါဘူး။ သက်တမ်းကုန်ဆုံးသွားချိန် ကျော်သွားသည်နှင့်တပြိုင်နက် အဖွဲ့အစည်းအနဖြင့်လည်း ရှောင်တခင်ရော တရားဝင်ရော စစ်ဆေးပိုင်ခွင့်ဆုံးရှုံးသွားကြောင်း Certification Procedures များကို သိသလောက်တင်ပြပေးလိုက်ရပါသည်ခင်ဗျာ..

Disclaimer: အထက်ပါ အချက်အလက်များနှင့်ပတ်သက်ပြီး တိကျမှုနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအား တာဝန်မယူပါ။

ပြန်လည်ကူးယူခြင်းခွင့်မပြုပါ။

08/01/2021

စာချွန်တော်ရဲ့ရည်ရွယ်ချက်
===================
စာချွန်တော်ရဲ့ရည်ရွယ်ချက်က သာမာန်ပြည်သူတွေအပေါ် အစိုးရ (သို့) ဌာနဆိုင်ရာအဖွဲ့အစည်း အာဏာပိုင်တွေ အပြင် တရားစီရင်ရေးက ဥပဒေနဲ့ မညီညွတ်ပဲ ပြုလုပ်လိုက်တဲ့ အမိန့်တွေ၊ ကြေငြာချက်တွေနဲ့ လုပ်ကိုင်ပုံတွေကို Check and Balance လုပ်ဖို့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကနေ ပြန်လည် ထိန်းမတ်ပေးနိုင်တဲ့တစ်ခုတည်းသော အားထားရာပါ။

Photos from Si Yin Htone's post 08/01/2021

မြေဝယ်မမှားစေဖို့
---------------
မြေဝယ်မယ်ဆိုရင် မြို့နယ်အပိုင်မှာ မြေစာရင်းစစ်ရုံးရှိပါတယ်။ မြေစာရင်းရုံး သို့မဟုတ် မြို့တော်ခန်းမမှာ သွားပြီး စစ်သင့်ပါတယ်။

စစ်ဖို့အတွက် မြေကွက်နံပါတ် မြေတိုင်းအမှတ်ကို ဖြစ်နိုင်ရင် Google Maps ကနေထောက်ပြီးတော့ မြို့မြေစာရင်းရုံးမှာ လူနေထိုင်ခွင်ရှိမရှိ သွားရောက်စစ်ဆေးသင့်ပါတယ်။ စလစ်အတု ပြေစာအတုထွက်တတ်လို့ပါ။

စစ်ရင် လျှောက်လွှာတင်ပြီး နေ့ချင်းသော်လည်းကောင်း ပြန်ချိန်းတဲ့အချိန်သော်လည်းကောင်း သွားရောက်စစ်ဆေးပြီးတော့မှ အမည်ပေါက်မှန်ကန်ကြောင်း အရှုပ်အရှင်းကင်းကြောင်းကို သိရမှာဖြစ်ပါတယ်။

ရောင်းတဲ့သူက မြေပြင်နဲ့ ဥပဒေအနေအထားမတူဘူးလို့ ပြောကြတာပါပဲ။ အရပ်စကားကို ယုံရင် အရပ်စကားပဲရပါလိမ့်မယ်။ တရားဝင်ဝယ်ချင်တယ်ဆိုရင်တော့ မြေစာရင်းရုံးမှာ စစ်ပြီးဝယ်တာအကောင်းဆုံးပါ။ ဒါတောင် ဘယ်နှစ်ယောက်ကို ရောင်းထားတယ်ဆိုတာမျိုးရှိနိုင်ပါတယ်။

မြေပိုင်ဆိုင်မှုကို အရပ်စာချုပ်နဲ့ မဝယ်သင့်ပါဘူး။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်တဲ့ မြေအမျိုးအစားကိုပဲ ဝယ်ယူသင့်ပါတယ်။

မြေစာရင်းရုံးမှာစစ်ပြီးသည့်တိုင်အောင် သတင်းစာကြော်ငြာပြီး မှ ဝယ်သင့်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ရောင်းသူက သတင်းစာကြော်ငြာခွင့် မပေးဘူးဆိုရင်တော့ မဝယ်သင့်ပါဘူး။

အကယ်၍ စွတ်ရွတ်ပြီးဝယ်လို့ ဆုံးရှုံးမှုဖြစ်လာမယ်ဆိုရင် အားလုံးက ကိုယ့်ခေါင်းပေါ်ပဲ ကျလာပါလိမ့်မယ်။ အလွတ်စာရွက်ပေါ်မှာ ဒီအတိုင်း ၂ယောက် လက်မှတ်ထိုးထားတာကတော့ ဘယ်မှာထိုင်ပြီး အတုလုပ်လုပ်ရနေလို့ ရုံးတော်ကလည်း ထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူး...

မိမိတို့ ချွေးနည်းစာလေးတွေ မဆုံးရှုံးရအောင် ဒီ Page ကို Like လုပ်ထားပါရှင်..

မူရင်းဓာတ်ပုံပိုင်ရှင်အား Attribution ပေးပါသည်။

08/01/2021

ပုံ - သမ္မတ ထရန့်က တင်တဲ့ အာဏာပိုင်မေးစာချွန်တော်.. ၂၀၂၀

07/01/2021

သင်သိပါသလား
------------
၁၇၀၂ ခုနှစ်မှာ ဗြိတိန်ဘုရင်မကြီးရဲ့အမိန့်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်လွှတ်တော်ချုပ်က ထုတ်ပြန်ခဲ့သော စာချွန်တော်....

07/01/2021

စာချွန်တော် ၅ မျိုး
စာချွန်တော် ၅ မျိုးရှိပါတယ်။

၁။ ရှေ့တော်သွင်းစာချွန်တော်
၂။ အာဏာပေးစာချွန်တော်
၃။ တားမြစ်စေစာချွန်တော်
၄။ အာဏာပိုင်မေးစာချွန်တော်
၅။ အမှုခေါ်စာချွန်တော် တို့ဖြစ်ပါတယ်။

အများဆုံးကတော့ အမှုခေါ်စာချွန်တော် ဖြစ်ပါတယ်။

မနက်ဖြန်တော့ တစ်ခုချင်းစီရှင်းပြပါမယ်။ စာချွန်တော်အကြောင်းကို တတ်နိုင်သလောက်အသေးစိတ်ရေးမှာဆိုတော့ နေ့တိုင်းစောင့်မျှော်အားပေးကြပါရှင်။

06/01/2021

စာချွန်တော်
=========
စာချွန်တော်ဆိုတာ မြန်မာပြည်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ (သို့) အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းက လုပ်ရပ်တစ်ခုခုဟာ မိမိ (သို့) ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုရင် နစ်နာသူအနေနဲ့ အစိုးရရဲ့လုပ်ရပ်အပေါ် တရားစီရင်ရေးရှု့ထောင့်ကနေ အကာအကွယ်ရပိုင်ခွင့်ရှိပါတယ်။

အဲဒီလိုအဆုံးအဖြတ်ရယူပြီး ဥပဒေရဲ့အကာအကွယ်ရရှိနိုင်ဖို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်လျှောက်ထားရပါတယ်။ တခြားရုံးတွေက လက်ခံပိုင်ခွင့်မရှိပါဘူး။ Supreme Court လို့ခေါ်ပြီး တရားစီရင်ရေးအာဏာအမြင့်ဆုံးပါ။

အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရန့်က မဲမသမာမှုတွေကို တရားလွှတ်တော်ချုပ်ကိုတင်သလို မြန်မာပြည်မှာလည်း ပြည်ခိုင်ဖြိုးက တရားလွှတ်တော်ချုပ်ကို လျှောက်ပါပြီ။ ဇန်နဝါရီ ၂၉ ရက်နေ့မှာ လက်ခံသင့်မသင့်ကြားနာပါမယ်။

လျှောက်ထားတယ်ဆိုတိုင်း တရားရုံးက လျှောက်ထားခံရသူကို တိုက်ရိုက် တမ်းမဆင့်ပါဘူး။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ တရားရုံးချုပ်က လက်ခံသင့်/မသင့် ကြားနာပါမယ်။ လက်ခံတယ်ဆိုတဲ့အမိန့်ချပြီဆိုရင် နိုင်ငံတော်သမ္မတရုံးနဲ့ ရွေးကော်ရုံးတို့ကို အမိန့်ဆင့်စာထုတ်ပြီး သက်ဆိုင်ရာအရာရှိက အကြောင်းပြန်ပါမယ်။ နောက်ဆုံး နှစ်ဘက်ကြားနာပြီဆိုရင် ဌာနဆိုင်ရာ ရှေ့နေ (သို့) ရှေ့နေချုပ်က ခန့်ထားတဲ့သူတွေ ထွက်လာပါတယ်။ သမ္မတကို ဆင့်လို့ သမ္မတ လာစရာမလိုပါဘူး။

ဥပဒေနဲ့ တရားစီရင်ရေးရာတွေကို နေ့တိုင်းတင်ပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု့ပေးကြပါရှင်..