ISP Challenges

ISP Challenges

Technical-Support

01/02/2024

📢📢 AWS is retiring some of specialty exams 📢📢

ဒီ​နေ့မှာ​တော့ AWS ရဲ့ certification exam news ​လေးတစ်ခုပဲ တင်​ပေးသွားပါမယ်။ ဒါက​တော့ AWS ကလာမယ့် April ကစပြီး သူတို့ရဲ့ Specialty exam ​တွေထဲက သုံးခုဖြစ်တဲ့ Database Specialty, Data Analytics Specialty, Sap on AWS Specialty exam ​တွေကို retire လုပ်​တော့မယ်ဆိုတဲ့အ​ကြောင်းပါ။

ထင်ရသ​လောက်​တော့ Data Engineer ​တွေအတွက် Associate level exam တစ်ခုကို beta version ထွက်ပြီး​နောက်မှာ ဒီ Cert ကိုပဲ​ဖြေ​စေချင်ပြီး Specialty exam ​တွေကို retire ​ပေးလိုက်တာဖြစ်မယ်လို့ ယူဆမိပါတယ်။

အ​သေးစိပ်​ထပ်​လေ့လာချင်ရင်လည်း ​အောက်က လင့်ခ်မှာထပ်မံကြည့်ရှုနိုင်ပါတယ်။ ​ကျေးဇူးတင်ပါတယ်။

Announcement link - https://aws.amazon.com/blogs/training-and-certification/aws-certification-retirements-and-launches/

24/04/2023

Reboot😂

How to solve every network error?
Every Network Engineer solved every issue by rebooting every device .

30/06/2022

Wireless Device တွေရဲ User Capacity ကိုလေ့လာခြင်း
=========

Wireless Router or AP တစ်လုံးမှာ Users(devices) ဘယ်နှစ်လုံးသုံးလို့ရသလည်းဆိုတာ အဲ့ဒီ device တွေ ကို ထုတ်တဲ့ company(vendor)နဲ့ အသုံးပြုထားတဲ့ wireless standard တွေ အပေါ်မူတည်ပါတယ်။

အဲ့ ဒီ အချက်လက်တွေအပေါ်မူတည်ပြီး wireless router or AP တွေက တစ်ပြိုင်နက်တည်း user 20 ပဲ သုံးလို့ရသလား ၊ 50 လောက်ထိ သုံးလို့ရတာလား ဆိုတာ ကွဲ ပြားသွားပါတယ်။

အစောပိုင်းထွက်ရှိတဲ့ wireless router or Ap တွေကတော့ 802.11/b/g standard တွေဖြစ်ပြီး antenna ကလည်း SISO(Single Input Single Output)ဖြစ်တဲ့ အတွက် User Capacity အနေနဲ့ ကြည့်မယ်ဆိုရင် အများကြီး အသုံးပြုလို့မရနိုင်ပါဘူး။

ယနေ့ခေတ် wireless device တွေကတော့ MIMO(Multiple Input Multiple Output)တွေဖြစ် ပြီး 802.11n/ac တွေ များ တဲ့အတွက် User Capacity အနေနဲ့ များများ သုံးပြုလို့ရနိုင်ပါတယ်။

29/05/2022

Co-channel and Adjacent channel interference မဖြစ်အောင် Device တပ်ဆင်ခြင်း
==================

အဲ့ဒီလို channel interference တွေ မဖြစ်အောင် device တစ်ခုကို installation လုပ်တဲ့အခါမှာ ကိုယ်တပ်ဆင်မဲ့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ တခြား AP device တွေ ရှိမရှိ အရင် စစ်ဆေးရပါမယ်။ တစ်ခြား device တွေရှိရင်လည်း အဲ့ deviceတွေမှာ ဘယ် channel number တွေ သုံးထားလည်းဆိုတာကိုရော wifianalyzer software တွေ သုံးပြီး ရှာဖွေသိရှိနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ သုံးထားတဲ့ AP တွေရဲ့ Channel number ကိုသိပြီ ဆိုတာ နဲ့ ကိုယ်တပ်ဆင်မဲ့ device(AP) မှာ အဲ့ဒီ channel number တွေနဲ့ မတူအောင် cahnnel numberတွေ ထားခြင်းဖြင့် Co-Channel နဲ့ adjacent channel interference တွေကိုရှောင်ရှားနိုင်ပါတယ်။

Theory အရ 2.4 GHz မှာ Channel 11 ခုရှိပြီး channel တစ်ခုနဲ့တစ်ခု အကွာဝေးမှာ 5MHz ရှိပါတယ်။ channel တစ်ခု နဲ့ တစ်ခု interference မဖြစ်ဖို့ဆိုရင် 25MHz(channel 5 ခုစာ) ကွာပေးရပါတယ်။

ဥပမာ ကျွန်တော်တို့ အိမ်ပတ်ဝန်းကျင်အနီးနားမှာ ရှိတဲ့ device တစ်လုံးက channel number 1 ကို သုံးထားသည်ဆိုပါဆို့။ အဲ့ အခါ ကျွန်တော်တို့ installation လုပ်မဲ့ device မှာ interference မဖြစ်အောင် channel 5 ခုစာ(25MHz)ကွာရ မှာဖြစ်တဲ့ အတွက်ကြောင့် (1+5=6) ဆိုတော့ channel number 6 ကိုသုံးပေး ရပါမယ်။ အိမ်ပတ်ဝန်းကျင်အနီးနားမှာရှိတဲ့ device က channel-6 ကို သုံးထားရင် ကိုယ့် device မှာက (6+5=11) ဆိုတော့
channel-11 သုံးရမှာ ဖြစ်ပါတယ်။

အထပ်ပါ အကြောင်းအရာတွေကြောင့်
2.4GHz မှာ channel number 11 ခုဖြစ်ရှိပြီး တစ်ခုနဲ့ တစ်ခု မထပ်တဲ့ channel (non-overlapping channel) တွေကတော့ channel 1,6,11 တို့ပဲ ဖြစ်ကြပါတယ်။

အဲ့ ဒီလို သင့်တော်တဲ့ non-overlapping hannel တွေ ကို ထားရှိခြင်းဖြင့် ကိုယ့်အိမ်မှာသုံးတဲ့ wireless devices တွေ မှာ channel interference တွေမရှိတော့ပဲ data တွေကို မှန်မှန်ကန်ကန်နဲ့ transmission လုပ်နိုင်မှာဖြစ်ပါတယ်။

# # # # # # #
Special Thanks for reading

26/05/2022

Adjacent Channel ဖြစ်စေသော အကြောင်းရာအားလေ့လာခြင်း
@@@@@@@

အရင် post မှာ wirelessနဲ့ ပက်သက်ပြီး co-channel နဲ့ ပက်သက်တဲ့အကြောင်းရာကို လေ့လာပြီးပြီဆိုတော့..အခုခါမှာတော့ Adjancent Channel အကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။.......

What is a adjacent channel.?

Adjacent channel ဆိုတာ အရှင်းဆုံးအနေထားနဲ့ပြောရ ရင် ကိုယ့်အိမ်မှာရှိတဲ့ wireless AP or home router တစ်လုံးမှာ သုံးထားတဲ့ channel number ဟာ.. တစ်ခြားအိမ် သို့မဟုတ် ကိုယ့်အိမ် ပတ်ဝန်းကျင် အနီးနားမှာ သုံးထားတဲ့ wireless AP or router တွေရဲ့ Channel number နဲ့ ဘေးခြင်းကပ်လျက် အနေထားမှာ ရှိခြင်းကို ဆိုလိုပါတယ်။

ဥပမာ... home router (1) က channel number 6 သုံးထားတယ်ဆိုပါစို့။ နောက်ထပ် အဲ့ home router(1) နဲ့ နီးစပ်ရာ ပတ်ဝန်းကျင် မှာရှိနေတဲ့ home router(2) မှာလည်း channel number 7 ကို ကပ်လျက် ပေးထားတယ်ဆိုရင် အဲ့ဒီ router နှစ်လုံးဟာ Adjacent channel ကို ဖြစ်ပေါ်စေပါတယ်။

အနှစ်ချုပ်အနေနဲ့ မှတ်သားရ ရင်
👇👇👇
Co-Channel ဆိုတာ Channel number ထပ်တူကြတာကိုဆိုလိုပြီး၊
Adjacent Channel ဆိုတာ Channel number ထပ်ပြီး ကပ်လျက် ရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်။

# # # # # #

Thanks

24/05/2022

Gpon Network (part-3)
👇👇👇👇
အရင် part 2 မှာ ပြောခဲ့တဲ့အတိုင်း
clients တွေ internet access ရရှိဖို့အတွက် BRAS နဲ့ client အိမ်မှာရှိတဲ့ ONU တွေ ကြားမှာ Connection တစ်ခု ကို တစ်ဆောက်ကြရပါတယ်။

အဲ့ဒီလို တည်ဆောက်ကြရာမှာ တည်ဆောက်လို့ရတဲ့ Protocols က (2) မျိုးရှိပါတယ်။ ထိုဟာတွေကတော့......
👇👇
(1) PPPoE(Point to Point Protocol over Ethernet) and
(2) IPoE(Internet Protocol over Ethernet) တို့ ပဲ​​​ဖြစ်ကြပါတယ်။

အဲ့ protocol 2 ခုအနက် IPoE ဆိုတာက Normal Ethernet Frame ထဲ ကို
IP packet ထည့်သယ်တာပါပဲ။ သူ့မှာက လုံးဝ ထူးခြာချက်မရှိပါဘူး။သာမန် Ethernet Frame ပါပဲ။

Real world မှာတော့ PPPoE ပဲအသုံးများကြ ပါတယ်။ IPoE ကတော့ မရှိသလောက်ကို အသုံးနည်းသွားပါပြီ။
ဘာကြောင့်လည်း ဆိုတော့....
IPoE က သာမန် ethernet frame လေးပါပဲ။ သူ့ကို သုံးမယ်ဆိုရင် ကိုယ့်ရဲ့ Layer-2 Network အတွင်းမှာ ရှိတဲ့ Device တွေ အားလုံးရဲ Destination MAC တွေ IP တွေကိုသိရဖို့၊ အချင်းချင်း connectivity ရဖို့အတွက် Device အားလုံးကို Broadcast Domain ကျယ်ရင်ကျယ်သလောက် ARP Request Packet ကို Broadcast လွှတ်ရပါတယ်။ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ Broadcast လွှတ်ရပါတယ်။ ကိုယ့်ရဲ့ Network အတွင်းမှာ Device 256 လုံးရှိရင် 256 လုံးကိုပို့လွှတ်ရတယ်။ Devices 1000 ရှိရင် 1000 လုံးကို ပို့လွှတ်ရမှာ ဖြစ်ပါတယ်။

အကယ်ရျ် ကိုယ့် network အတွင်းမှာ Devices 1000 ရှိတယ်ဆိုပါစို့။ အဲ့ Device 1000 လုံးဟာ Destination MAC ကို သိရဖို့အတွက် အပြန်အလှန် ARP request တွေ ပို့နေမှာ ဖြစ်ပါတယ်။ ARP request ပို့တာဟာ တစ်ကြိမ်တစ်ခါတည်း နဲ့ ပြီးမသွားပါဘူး။

ဘာကြောင့်လည်းဆိုတော့...
Device တစ်လုံးဟာ ARP request တစ်ခါပို့လိုက်လို့ ရ ရှိလာတဲ့ Dst MAC တွေကို သူ့ရဲ့ ARP Table ထဲမှာ သိမ်းထားပါတယ်၊ အဲ့ ဒီ ARP table ဟာလည်း အချိန်ကာလ အပိုင်းခြား တစ်ခုထိပဲ အဲ့ device အတွင်းမှာ တည်ရှိနေပါတယ်၊ သူ့ရဲ့ time interval ပြည့်ပြီ ဆိုတာနဲ့ arp table ဟာ မရှိတော့ပဲ နောက်တစ်ကြိမ် dst MAC ကိုသိရဖို့ ARP Request ကို ထပ်ခါတလဲလဲ ပြန်ပို့ရပါတယ်။
👇👇
ဒါကြောင့် Broadcast domain ဟာ အဆမတန်ကြီးလာပြီး Device တွေရဲ့ CPU တွေ RAM တွေက usage တွေ တက်လာပြီး Network တစ်ခုလုံး Down သွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။

ဒါကြောင့် အဲ့ဒီလို Broadcast Domain ကြီးလာတာကို ကာကွယ်ဖို့အတွက် PPPoE ကိုအစားထိုးအသုံးပြုရပါတယ်။

Thanks
# # # # #
Continue Reading about PPPoE on next post.

21/05/2022

Wireless Co-Channel ဖြစ်​စေသောအကြောင်းရာအားလေ့လားခြင်း
@@@@@@@

What is a Co-channel?

Co-Channel ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အိမ်မှာတပ်ဆင်ထားရှိတဲ့ Home router တနည်းအားဖြင့် wireless access point တစ်လုံးမှာ သုံးထားတဲ့ Channel Number ဟာ..တစ်ခြားအိမ် သို့မဟုတ် ကိုယ့်အိမ်နဲ့ နီးစပ်ရာ ဝန်းကျင်မှာ ရှိတဲ့ home router or wireless access point မှာ သုံးထားတဲ့ channel number နဲ့ သွားတူတဲ့ အခြေနေမျိုးဆိုရင် Co-Channel ဖြစ်တက်ပါတယ်။

ဥပမာ ပြောရရင်....

ကိုယ့်အိမ်မှာ ရှိတဲ့ Home router or wireless access point နဲ့ ကိုယ့်အိမ်ပတ်ဝန်းကျင်အနီးမှာ ရှိတဲ့ တစ်ခြား home router or wireless access point တစ်လုံး ကို channel number (11) ကို တူတူ ပေးသည် စိုပါစို့။

အဲ့ဒီအချိန်မှာ ကိုယ့်အိမ်မှာ ရှိတဲ့ Device( phone or tablet or Pc )တစ်လုံးဟာ ကိုယ့်အိမ်မှာပဲရှိနေတဲ့ home router ကို channel number (11) ဆိုတဲ့ လမ်းကြောင်းအတိုင်း data တွေ ပို့လွှတ်လိုက်ပါတယ်...

အဲ့ဒီအချိန်မှာ ကိုယ့်အိမ်အနီးမှာ ရှိတဲ့ တစ်​ခြား home router နဲ့ channel number က တူနေတဲ့အခါ ပို့လွှတ်လိုက်တဲ့ data တွေ က ကိုယ့်အိမ်ဆီက router ဆီ မရောက်ပဲ
တစ်ခြားအိမ်မှာရှိနေတဲ့ router ဆီကို လမ်းကြောင်းမှားပြီးရောက်သွားတက်ပါတယ် ။

သို့ပေမဲ့ တစ်ခြားအိမ်မှာ ရှိတဲ့ router က သူ့ကို ပို့လွှတ်တဲ့ data မဟုတ်မှန်းလည်းသိရော အဲ့ data တွေ ကို ဖြတ်ချ(drop) လုပ်ပစ်ပါတယ်။

ဒါကြောင့် ကိုယ့်အိမ်မှာရှိတဲ့ mobile phone / tablet / pc တွေက အိမ်မှာရှိတဲ့ home router ဆီ ကိုပဲ data တွေကို နောက်တစ်ခါ ထပ်ပြီး ပြန်ပို့ရပါတယ်။

အဲ့လို့ ပဲ data တွေ ကို ထပ်တလည်းလည်း ပြန်ပို့နေရတဲ့အတွက် internet speed ဟာ အချိန်ကြံကြာမူ(dalay) တွေ ဖြစ်ပေါ်ပြီး internet connection ဟာ မကြာခဏ ကြတက်ပါတယ်။

ဒီဖြစ်စဥ်မျိုးဖြစ်တာကို co-channel ဖြစ်တယ်လို့ခေါ်တယ်။

အရှင်းဆုံးပြောရ ရင် ကိုယ့်အိမ်မှာရှိတဲ့ router ရဲ့ channel က ကိုယ့်ပတ်ဝန်းကျင်အနီး or တစ်ခြားအိမ်မှာ ရှိတဲ့ router ရဲ့ channel နဲ့ သွားထပ်တူကျ(overlap)ဖြစ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။

# # # # # # # # # #
Special Thanks for Reading😍

19/05/2022

Gpon Access Network or (FTTx) Mini ISP (part-2)
👇👇👇
ဒီနေ့တော့ part 2 အနေ နဲ့ mini isp တစ်ခုဖြစ်ဖို့ အတွက် အားလုံးခြုံငုံပြီးပါတဲ့ overall topology ကို အရင် လေ့လာရမှာ ဖြစ်ပါတယ်။

ပုံလေးကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ isp network တစ်ခု တည်ဆောက်ဖို့ဆိုရင် BRAS(Broadband Remote Access Server) Router တစ်လုံးပါမယ်၊ OLT(Optical Line Terminal) တစ်လုံးပါမယ်၊ ပြီးတော့ customer(subscriber) တွေ data ပေး သုံးဖို့ ONU(optical Network Unit) တွေပါမယ်

အဓိက လို အပ်ချက်အနေနဲ့ကတော့
အဲ့ Device 3 ခုက mini ISP ဖြစ်ဖို့
မရှိမဖြစ်ကို လိုအပ်ပါတယ်။ နောက်ပိုင်း customer တွေ အရမ်းများလို့လို့ handle လုပ်ဖို့ ခက်ခဲ လာတဲ့အခါ Triple "A" service တွေဖြစ်တဲ့
Authenication,Authorization and Accounting ပိုင်းတွေ လုပ်ဖို့ Radius Sever တွေ ပါ ထပ်တိုးလို့ရပါသေးတယ်။

ကဲ....စလိုက်ကြရအောင်...

ပထမဆုံးအနေနဲ့ BRAS အကြောင်းကိုစတင်ပြောပါမယ်..BRAS အကြောင်းကို နားလည် သဘောပေါက်ပြီဆိုမှ GPON Network တွက် အဓိက လိုအပ်တဲ့ OLT configure ပိုင်းတွေ fiber link budget တွက်တာတွေ ဘက်ကို လှည့်ပါမယ်...

BRAS(Broadband Remote Access Service)

=======

BRAS ကို တနည်း အားဖြင့် အရင်က BNG (Broadband Network Gateway) လို့လည်းခေါ်ကြပါသေးတယ်။ GPON Network or FTTx ISP တစ်ခု ထူထောင်မယ်ဆို BRAS ဟာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။

ဘာလို့ကြောင့်လည်းဆိုတော့ ပုံမှာ ပြထားတဲ့ topology ကိုကြည့်လိုက်ရင် BRAS က network တစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေ​ခြင်းကြောင့် သူ့ကို Edge device(Edge Router) လို့လည်း ခေါ်လို့ရပါတယ်။

အသုံးပြုသူ user(subscriber)တွေ တနည်းအားဖြင့် လစဥ်ကြေးပေးဆောင်ပြီး wifi သုံးနေတဲ့ user တွေအားလုံးရဲ့ Home router (ONU ) ကနေတဆင့်
internet(data) access ရဖို့အတွက်
အဆင့်ဆင့်ဖြတ်သန်းပြီး နောက်ဆုံး BRAS router မှာ လာစုစည်းပြီး internet access ကိုရ ရှိသွားတဲ့ အတွက်ကြောင့် Edge Device လို့လည်း ခေါ်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် BRAS router ရဲ့ function ကိုပြောပါဆိုရင် subscriber(ONU)/ user တွေ internet ရရှိဖို့ connection တွေ တည်ဆောက်မယ်
ပြီးရင် အဲ့ဒီ user တွေကို ထိန်းချုပ်မယ်။ ဘယ် user က ဘယ်လောက် MB plan နဲ့ သုံးဆိုပြီး Bandwidth တွေ limit လုပ်မယ်။ အကယ်ရျ် user တွေက မသုံးတော့ဘူးဆိုရင်လည်း တည်ဆောက်ထားတယ် connection တွေကို terminate(stop) လုပ်ပစ်ပါမယ်။

ဆိုတော့ main function အနေနဲ့..

1.connection established
2.control or management to subscriber
3.connection termination

BRAS function တွေကတော့ အများကြီးရှိပေမဲ့ အဓိက main point လေးတွေကိုပဲ ထုတ်နုတ်ထား​​​ ခြင်းဖြစ်ပါတယ်။

# # # # # # # #

စာဖက် သူတွေ အတွက် စာအရမ်းရှည်သွားမှာ ဆိုးတဲ့အတွက် နောက် post တွေ မှာ BRAS နဲ့ ONU နဲ့ connection တည်ဆောက်တဲ့အခါမှာ
PPPoE နဲ့ IPoE ဆိုပြီး နှစ်မျိုးရှိတဲ့အနက် IPoE ကို သုံးမလား PPPoE ကို သုံးမလား ဘယ်ဟာကို ဘာကြောင့်သုံးသင့်တယ် ဆိုတာ ကို ရေးသွားပေးပါဦးမယ်။

🙏🙏🙏

18/05/2022

Gpon Access Network or (FTTx) Mini ISP (part-1)
👇👇👇
ယနေ့ ခေတ်ရေစီးကြောင်းဟာ တစ်ဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ နည်းပညာနဲ့ ပက်သက်သည့် အရာတိုင်းမှာလည်း လိုက်လို့မမှီနိုင်အောင် တိုးတက်လာသည်မှာ မလွဲဧကန်ပါပဲ။📱💻

ဤကဲ့သို့ တိုးတက်ပြောင်းလဲမူတွေ၊ အားလုံးသော IT တွေရဲ့ အရင်းမြစ်တွေဟာ internet ဆိုတဲ့ အရာကြီးကနေ အခြေခံ ပြီး ဖြစ်လာတာများပါတယ်။ 🌎💻

ဒါကြောင့် internet(data) သုံးစွဲမူတွေဟာ ကမ္ဘာကြီးနဲ့ communication လုပ်ဖို့အတွက်
အခြေခံလူတန်းစားက အစ ကြွယ်ဝချမ်းသာတဲ့ လူ တွေ အဆုံး အရေးပါတဲ့အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။
ထိုသို့သော အကြောင်းအရာတွေကြောင့် Internet Service Provider (ISP) လုပ်ငန်းကို ထူထောင်ပြီး လုပ်ကိုင် ကြ တဲ့ companyတွေ ဟာ လည်း တစ်ဖြည်းဖြည်း များပြားလာပါတယ်။🏬

ဒီနေ့ ကျွန်တော် အဓိက focus ထားပြီးပြော ပြ ချင်တဲ့အကြောင်းအရာကတော့ Fiber to The Home(FTTH) ISP တစ်ခု စ​ပြီး
ထူထောင်မဲ့ လူငယ်တွေ အတွက် အခြေအကျဆုံး လိုအပ်ချက်တွေ ၊ Theory တွေ နဲ့ Mini ISP တစ်ခုထူထောင်ဖြစ်ဖို့
မည်သို့သော Network Device တွေ ကို အသုံးပြုရမလည်းဆိုတာတွေ ကို
ကိုယ်တိုင် အသေးစား ISP ထူထောင်နိုင်လောက်တဲ့အထိ part လေးတွေ ခွဲပြီး ပြောပြပေး သွားမှာ ဖြစ်ပါတယ်။👷👷‍♀️

17/05/2022

2.4GHz and 5GHz Bands ရဲ့ ကွာခြားချက်အားလေ့လာကြည့်ခြင်း
===========

👉2.4GHz & 5GHz ရဲ့ အဓိက ကွာခြားချက်ကတော့ data rate အနှေးအမြန် နဲ့ Coverage area(distance) ပဲ ဖြစ်ပါတယ်

Formula လေး တစ်ခု ရှိပါတယ်

👉Speed = frequency(Hz)xdistance

distance = speed / frequency

Formula ကို သုံးသပ်ကြည့်မယ်ဆိုရင်
frequency နဲ့ distance နဲ့က ပြောင်ပြန် အချိုးကြတဲ့ အတွက်

👉 frequency များရင် distance(coverage area) အကွာဝေးနည်းနည်းရောက်မယ်
frequency နည်းရင် distance(coverage area) အကွာဝေး များများ ရောက်မယ်

👉 ဒါကြောင့် 2.4 GHz သည် 5GHz ထက်စာရင် frequency နည်းတဲ့အတွက် အကွာဝေးအားဖြင့် 5Ghz ထက်ပိုရောက်နိုင်ပါတယ်။
5GHz ကတော့ 2.4GHz ထက် ffrquency များတဲ့ အတွက် အကွာဝေးအားဖြင့် နီးနီးပဲ ရောက်နိုင်ပါတယ်။

နောက်ထပ်အနေ နဲ့ အထပ်ပါ formula မှာ Data Rate(internet speed) မြန်မမြန် ဘက်ကနေ ကြည့်မယ် ဆိုရင်

Speed နဲ့ frequency က တိုက်ရိုက်အချိုးကြပါတယ်

ဒါကြောင့် frequency(GHz)များရင် internet(data) transmission speed မြန် မယ်။Frequency(GHz)
နည်းရင် internet(data) tramsmission speed နှေးပါမယ်။

ဒါကြောင့် 5GHz ရဲ့ internet(data) speed သည် 2.4GHzထက် ပိုမိုလျင်မြန်ပြီး။ 2.4GHz ကတော့ 5GHz လောက်မမြန်ပေ။

👉 အနှစ်ချုပ်အနေ နဲ့ 2.4 GHz ရဲ့
internet speed သည် 5GHz လောက်မမြန် ပါ သို့သော် အဝေးကြီးထိ ရောက်နိုင်တဲ့ အတွက် ထူထပ်တဲ့ wall များ floor များနဲ့ အတားဆီးများကို ဖြတ်သန်းနိုင်ပါသည်။

👉5GHz သည် internet speed အားဖြင့် မြန်ဆန်ပြီး အကွာဝေးအားဖြင့် 2.4GHz လောက် ဝေးဝေး ကို မရောက်နိုင်တဲ့ အတွက် ထူထပ်သိပ်သည်း တဲ့ အတာဆီးများအား ထွင်းဖောက်နိုင်ခြင်းမရှိပေ။

16/05/2022

Wireless Band and Channel အားလေ့လားခြင်း (part 1)👇👇👇

1. What is a wireless channel?

Channel ဆိုတာက ကျွန်တော်တို့တွေ နေ့စဥ် ​အိမ်မှာ သုံးနေတဲ့ internet ပေးတဲ့ wireless router တွေ Access point တွေ Laptop တွေ စတဲ့ wireless device တိုင်းဟာ တစ်ခုနဲ့ တစ်ခု ကြားမှာ အပြန်လှန် ဆက်သွယ်ဖို့အတွက် ဖြတ်သန်းရတဲ့ လမ်းကြောင်းကို Channel လို့ခေါ်ပါတယ်....

2. Whant is a Band?

Wireless နည်းပညာ ကို သုံးတဲ့ ဘယ် device မှာ မဆို တစ်ကမ္ဘာလုံးက လူတွေ ဘယ်သူသုံးသုံး license ကြေးပေးဆောင်စရာမလိုတဲ့ 2.4 GHz နဲ့ 5 GHz ဆိုပြီး unlicenced band frequency နှစ်မျိုး ရှိပါတယ်။

2.4 GHz Band မှာလည်း လိုအပ်တဲ့ Data တွေ ပို့ဆောင်ဖို့ Channel တွေ (11)ခု ရှိသလို 5GHz Band မှာလည်း Data တွေ ပို့ဆောင်ဖို့ Channel(23) ထိ ရှိကြပါတယ်။

အဲ့ဒီလို ဘယ် Frequency band တွေက ဘယ် channel တွေကို အသုံးပြုရမလည်းဆိုတာကို IEEE အဖွဲ့စည်းက တစ်ကမ္ဘာ လုံးအတွက် standard သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။

Website