Khin hay san thar online shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin hay san thar online shop, Shopping & retail, .
ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။
အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။
Crd - ဒေါက်တာအေးမင်းထူး
ိုနာသုံးးပြီးးးချွေးပေါက်ကျဉ်းစေလို့လည်းရပါတယ်🎯🎯🎯
ကိုယ့်ရဲ့ ဘဝထဲကို ချစ်ခြင်းမေတ္တာတွေ ဘယ်လို ဆွဲခေါ်ရမလဲ✨
Relationship အဆင်မပြေတဲ့သူတွေ၊ crush နဲ့ အဆင်ပြေချင် တယ် ex ကိုပြန်ရချင်တယ်
ဒါမှ မဟုတ် အိမ်ထောင်ဘက်နဲ့ ပြန်ပြီးနွေးနွေးထွေးထွေး ဖြစ်ချင်တယ်ဆိုတဲ့ သူတွေအတွက် energy interaction လေးကို Anii အမြဲ အကြံပေးလေ့ရှိပါတယ်။
တကယ်တော့ ဒီ practice ဟာ relationship မှမဟုတ်ပါဘူး
သူငယ်ချင်းမိတ်ဆွေဖြစ်ဖြစ် မိသားစု ဖြစ်ဖြစ် ကိုယ့်နဲ့အဆင်မပြေတဲ့ အဆက်အသွယ်မရှိတဲ့ သူတွေနဲ့ ပြန်ပြီး rekindle ဖြစ်စေဖို့ အတွက် အသုံးပြုနိုင်ပါတယ်။
လူသားတိုင်းမှာ energy frequency ဆိုတာရှိပါတယ်။
Visualize လုပ်ခြင်းအားဖြင့် ကိုယ့်နဲ့ မိုင်ပေါင်းများစွာ ဝေးနေတဲ့ သူနဲ့တောင် frequency ခြင်းဆက်သွယ်လို့ရပါတယ်။
ကိုယ်ပေးတဲ့ ချစ်ခြင်းမေတ္တာ frequency ကိုတစ်ဖက်က လက်ခံရရှိတဲ့အခါ ထူးထူးခြားခြား ကိုယ့်ကို သတိရနေတာမျိုးတွေ၊ ကိုယ်နဲ့ ပတ်သတ်တဲ့ ကောင်းတဲ့ အတွေးလေးတွေ၊ အိမ်မက်မက်တာတွေ ကြုံရတတ်ပါတယ်။
ဒီ visualization ကိုနေ့တိုင်းလုပ်ပေးတဲ့အခါ လုံးဝအဆင်မပြေတဲ့ ဆက်ဆံရေးတွေတောင် နေ့ချင်းညချငိးပြောင်းလဲသွားစေပါတယ်။
ကိုယ်ဘက်က စစ်မှန်တဲ့ချစ်ခြင်းတော့ဖြစ်ရပါမယ်။
ဘယ်လို practice လုပ်ရမလဲဆိုရင်တော့
✨အရင်ဆုံး ဝင်လေထွက်လေကို သတိရှိပြီး ပစ္စုန်ပ္ပန်လေးမှာ နေထိုင်ပါ။
ကိုယ့်ရဲ့ aura color လေးကိုပုံဖောိကြည့်ပါ။
ပထမ စစချင်းမှာ မမြင်ရရင် ကိုယ်ကြိုက်တဲ့ အရောင်လေး ပုံဖော်လို့ ရပါတယ်။
ပြီးရင် ဒီ aura ဟာ ကိုယ်ချစ်တဲ့သူရဲ့ aura နဲ့ ဆက်သွယ်နေတာကိုမြင်ယောင်ပါ။
သူဘယ်မှာရောက်နေလဲ၊ ဘာလုပ်နေသလဲသိစရာမလိုပါဘူး
သူရဲ့ ပျော်ရွင်နေတဲ့ ပုံရိပ်လေးကို မြင်ယောင်ရင်ရပါပြီ။
ဒါလေးကို မြင်ယောင်ရင်းထိုသူကို ကျေးဇူးတင်မိတဲ့ အရာတွေတွေးကြည့်ပါ။
ဘာကြောင့် သူကိုကျေးဇူးတင်မိသလဲတွေးပါ
ကိုယ်နဲ့ ဆက်ဆံရေး အဆင်ပြေလာတဲ့အထိ ဒီ practice လေးကိုနေ့စဉ်လုပ်နိုင်ပါတယ်✨
Crd
Original own writer
မိန်းကလေး...
မင်းလှနေဖို့ လိုတယ်...
အပေါ်ယံအလှအပတွေက အရေးမပါဘူးဆို
လှတဲ့သူနဲ့ မလှတဲ့သူ မင်းယှဉ်ကြည့်လိုက်ပါ..
ဘယ်သူက ပိုပီး ဦးစားပေးခံရမလဲလို့..
မိန်းကလေး....
မင်း ထက်မြတ်နေဖို့ လိုတယ်...
၂၁ ရာစု ခေတ်ကြီးမှာ မိန်းမ တစ်ယောက်ဟာ
လှပနေရုံနဲ့ မပြည့်စုံနိုင်ဘူး..
ထက်ထက်မြတ်မြတ်နဲ့ လုပ်သင့်တာကို လုပ်နေနိုင်ဖို့လည်း လိုအပ်တယ်..
မိန်းကလေး...
မင်း စာဖတ်ဖို့ လိုတယ်...
စာမဖတ်တဲ့သူဟာ လောကကြီးကို ဘောင်ခတ်ပီး
ကြည့်နေရတဲ့ သူတွေလိုပဲ...
အမြင်ကျယ်ကျယ် တွေးခေါ်နိုင်ဖို့နဲ့
လူတွေအကြောင်း ပိုနားလည်နိုင်ဖို့ဆို
စာဖတ်ခြင်းက အထောက်အကူ ဖြစ်စေလိမ့်မယ်..
မိန်းကလေး
မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ လိုတယ်..
ဘယ်သူ့အတွက်ရယ်မှ မဟုတ်ဘူး..
မင်းပိုပီး ပေါ့ပေါ့ပါးပါး ရှိဖို့နဲ့ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိနေနိုင်ဖို့ အတွက်သာ ဖြစ်တယ်...
မိန်းကလေး
မင်း ကိုယ့်အားကိုယ် ကိုးတက်ဖို့လိုတယ်..
ဘယ်သူ့ အကူအညီမှ မပါပဲ အမှီအခိုကင်းတဲ့ ဘဝမှာ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ဆိုတာ ကိုယ်အားကိုယ် ကိုးနိုင်သူ ဖြစ်မှရမယ်..
မိန်းကလေး
မင်း စိတ်ကောင်းထားတက်ဖို့ လိုတယ်..
မိခင်စိတ်ရှိတဲ့ အမျိုးသမီးတွေဟာ ပြည့်ဝတဲ့နှလုံးသားပိုင်ရှင်တွေ ဖြစ်ဖို့ စိတ်ကောင်းထားတက်ဖို့ကိုလည်း သင်ယူရမယ်..စိတ်ကောင်းရှိတဲ့ မိန်းကလေးဟာ အလှပဆုံးပဲတဲ့..
လေးစားစွာဖြင့်
Crd
🤍💭ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာဘယ်လိုမျိုးလဲ🤍💭
Self love ဟာ အရေးကြီးတယ်။ ကိုယ့်ကိုကိုယ်ချစ်ဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် ချစ်မှ သူများတွေကို ချစ်နိုင်မယ်ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။
ဒါပေမဲ့ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာ ဘယ်လိုမျိူးလဲ။
📝ကိုယ်စားချင်တာတွေ ဝယ်ချင်တာတွေ အကုန် လုပ်ချင်တာတွေလျှောက်လုပ်ပစ်လိုက်တာဟာ ကိုယ့်ကိုကိုယ် ချစ်တယ်လို့ခေါ်သလား📝
📝ဒါမှမဟုတ် နားချိန်မရှိဘဲ ကိုယ့်ကိုကိုယ် တွန်းအားတွေ စွတ်ပေးတာက ကိုယ့်ကိုကိုယ်ချစ်တာလား📝
တကယ်တော့ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာ ကိုယ့်ဘဝကို Balance ဖြစ်စွာနေထိုင်ခြင်းဟာ ကိုယ့်ကိုကိုယ်ချစ်ခြင်းဖြစ်ပါတယ်။
အပေါ်က အချက်တွေလို လုပ်ချင်တာတွေ အထိန်းအကွပ်မရှိ လုပ်ပစ်တာမျိုးမဟုတ် ကိုယ့်ကိုကိုယ် လည်း အရမ်း တွန်းအားပေးတာမျိုးမဟုတ်ဘဲ မျှတစွာ နေထိုင်ခြင်းကို ဆိုလိူတာဖြစ်ပါတယိ။
မျှတစွာ နေထိုင်တဲ့အခါ ကိုယ်မလုပ်ချင်တာတွေ လည်းလုပ်ရပါမယ်။
တစ်ခါတစ်လေ လူတော်တော်များများဟာ ကိုယ့်ကိုကိုယ်ချစ်တာထက် နှစ်နေကြတတ်ပါတယ်။
အပြင်စာတွေစားရင်း မလှုပ်မရှား ရုပ်ရှင်တွေကြည့်လို့ ဝိတ်တက်လာတဲ့အခါ ငါက ဝလည်းလှတယ် ချစရာမလိုဘူးဆိုတာ I love myself မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ် ချစ်ရင် ကျန်းမာအောင်နေထိုင်တတ်ရပါမယ်။
ကိုယ့်ကိုကိုယ် ချစ်တဲ့သူတစ်ယောက်ဟာ
ကိုယ့်ရဲ့ Physical , Mental , Social ကိုသာမက ကိုယ့်ရဲ့ soul ကိုပါ ဂရုတစိုက်ရှိတာမျိုးဖြစ်ပါတယ်။
🤍ဝိတ်ကျချင်လို့ အစားမစားဘူးဆိုတာထက် ကျန်းမာစေဖို့ အစားစားပါ။
🤍ပိန်အောင် လေ့ကျင့်ခန်းလုပ်တယ်ဆိုတာထက် အမြဲတက်ကြွပြီး ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းလုပ်ပါ။
🤍သူများထက် သာဖို့ စာအုပ်ဖတ်ရမယ်ဆိုတာထက်
အသိဥာဏ်ကြွယ်ဝစေဖို့ စာအုပ်ဖတ်ပါ။
🤍Social media ပေါ်မှာ I love myself ဆိုပြီး ချစ်ပြတာထက် အပြင်က ကိုယ့်မိသားစုတွေနဲ့ ရယ်မောပျော်ရွှင်ပါ။
🤍Productive ဖြစ်ဖို့ အလုပ်ရှုပ်အောင်နေရမယ်ဆိုတာထက် ကိုယ်ရည်မှန်းထားတဲ့ အိမ်မက်ကို ရောက်နိုင်ဖို့ ကြိုးစားပါ။
🤍သူများနဲ့ ယှဉ်မယ့်အစား မနေ့က ကိုယ့်ကိုကိုယ်နဲ့ ဒီနေ့ ကိုယ့်ကိုကိုယ်နဲ့ နှိုင်းယှဉ်ပါ။
🤍ကိုယ့်ကိုကိုယ် ငါကအသုံးမကျလိုက်တာ ညံ့လိုက်တာ ရုပ်ဆိုးလိုက်တာ ဆိုတဲ့ negative thoughts တွေ တွေးမဲ့အစား ဘယ်နေရာတွေတိုးတက်ဖို့လိုနေသေးလည်း ဘယ်နေရာကို ဘယ်လို ပြုပြင်ရမလဲ ကိုယ့်ကိုကိုယ် ဝေဖန်ပါ။
🤍သူများတွေဆီက အချစ်တွေလိုက်တောင်းခံနေမယ့်အစား အချစ်တွေကိုပေးပါ။ တတ်နိုင်သလောက် ကူညီပါ။
ကိုယ့်ကိုကိုယ်ချစ်ခြင်းရဲ့ အစဟာ ကိုယ့်ကိုကိုယ် နားလည်ခြင်း ဖြစ်ပါတယ်💓
Crd
Hope - မျှော်လင့်ချက်
Crd
သင့်မျက်နှာကို အဆုံးစွန်ထိ တင်းရင်းစေမယ့်နည်း
မျက်နှာအရေးအကြောင်းအတွက် စျေးကြီးတဲ့ အရေပြားလ်ိမ်းဆေးတွေ သုံးစရာမလိုပါဘဲ အိမ်မှာတင် အလွယ်ပြုလုပ်နိုင်ပါတယ်။ အချိန်ကုန်လည်းသက်သာပြီး အစွမ်းထက်တဲ့ ဒီနည်းက မျက်နှာအရေပြားကို သိသိသာသာတင်းရင်းစေပါတယ်။ ဒါတင်မက မျက်နှာနေလောင်တာ၊မဲတာအတွက်လည်း ကောင်းသေးတယ်။
ပြုလုပ်ပုံ
ငှက်ပျောသီး - တခြမ်း
ဒိန်ချဉ် - လက်ဖက်ရည် သုံးဇွန်း
ပျားရည် - ထမင်းစားဇွန်း (၁)ဇွန်း
ငှက်ပျောသီးတလုံးကိုယူပြီး အခွံမချွတ်ဘဲ မီးအေးအေးနဲ့ (၅)မိနစ်ကြာ ဖုတ်ပါ။ ပြီးရင် ငှက်ပျောသီးကို အခွံခွာပြီး တခြမ်းခြမ်းယူပါ။ ညက်အောင် ကြိတ်ပြီး ဒိန်ချဉ်၊ ပျားရည်နဲ့ ရောစပ်ပါ။ ခပ်ပျစ်ပျစ်အရည်(paste) ဖြစ်အောင်ရောပြီးတာနဲ့ မျက်နှာပေါ်လိမ်းပြီး (၁၅)မိနစ်ကြာထားပါ။ ပြည့်ရင် မျက်နှာပေါ် လိမ်းထားတာတွေကို သန့်စင်တဲ့အဝတ်စနဲ့ အရင်သုတ်လိုက်ပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာပြန်သစ်လိုက်ပါ။ ဒီနည်းလေးက အတော်လေးအသုံးဝင်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ၊ မျက်နှာ အရေးအကြောင်းပေါ်သူတွေ အဓိကသုံးသင့်တယ်။ နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းအားဖြင့် သုံးပတ်အတွင်း အရေးအကြောင်းကင်းစင်ပြီး ဝင်းပတဲ့ မျက်နှာတခုကို ပိုင်ဆိုင်စေမှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
တင်းတိတ်နဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက် လေးတွေ သိသလောက်လေး ပြန်မျှဝေ ပေးပါရစေ
——————————
- တင်းတိတ်က ဝက်ခြံထက် ပိုပြီးပျောက်ကင်းဖို့ အချိန်ယူရပါတယ်.
- တင်းတိတ်ဆိုတာ မျက်နှာအရေပြားအတွင်းကနေ မယ်လမင် (Melanin)ဓါတ်တွေ ထုတ်လွှတ်တာကနေ Balance မညီဘဲ အညိုကွက်တွေ ဖြစ်လာတာမျိုးပါ.
- အမျိုးသမီးဟော်မုန်းဓါတ်တွေ ထုတ်လွှင့်များရင် မယ်လမင်ဓါတ်တွေ များတာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်.
ဒါဆို ဘယ်သူတွေမှာ တင်းတိတ်လေးတွေ
အဖြစ်များတတ်လဲ ????
🔸🔸🔸🔸🔸🔸🔸🔸🔸
🔺နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ များတဲ့သူတွေ
🔺ပူလွန်းအေးလွန်းတဲ့ နေရာဒေသတွေမှာ နေရတဲ့သူတွေ
🔺ကိုယ်ဝန်ဆောင်နဲ့ သန္ဓေတားဆေးတွေသောက်သုံးခဲ့တဲ့သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်.
အဲဒီတင်းတိတ်တွေ မဖြစ်အောင်၊ နည်းနည်းချင်း သက်သာလျော့ပါးသွားအောင် ဘယ်လိုလုပ်
ကြမလဲ.
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
⛔️ဥပမာ - အဝတ်တခုကို မလျော်ဘဲပစ်ထားတာ
ကြာရင် အညစ်အကြေးတွေက အမည်းကွက်တွေပဖြစ်လာပြီး တခါတည်းလျော်ရုံနဲ့ ဖြူဖွေး မသွား
နိုင်ပါဘူး.
⛔️အဲ့လိုပဲ ကိုယ့်မျက်နှာပေါ်မှာ နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို အရင်ဆုံးကစိတ်ရှည်ရပါမယ်.
⛔️အခုချက်ချင်းပျောက်မယ်ဆိုတာမျိုးတွေကို
ရှောင်ပါ.
ဉုံဖွ အမြန်ပျောက်ဆေးတွေ သုံးလိုက်တဲ့အခါ ကိုယ့်အသားအရေနဲ့များ ဓါတ်မတည့်ခဲ့ရင်
တင်းတိတ်တွေ ပိုများလာတတ်ပါတယ်.
✅ ရေများများသောက်ပါ.
✅မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ်မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.
✅အပြင်သွားတိုင်း SPF ပါတဲ့ နေရောင်ခြည်
အကာအကွယ်ပေးတာတွေ သုံးပါ.
✅ညအိပ်ခါနီးတိုင်း တိုနာ နို့ရည် ခရင် လေးတွေ သုံးပေးပါ.
♻️Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ Skin Care Brand များကို ရွေးချယ်အသုံးပြုပေးပါ
❇️ Skin Care ပဲ သုံးသုံး စိတ်ရှည်ရှည်နဲ့
ပုံမှန်လေး သုံးပေးမယ်ဆိုရင်
(၁) လကနေ (၂) လအတွင်းမှာ တင်းတိတ်တွေ
ပါးပြီး အသားအရေ ကြည်လင်လာပါတယ်.
အားလုံးပဲ ကြည်လင်ဝင်းပပြီး
တင်းတိတ်ကင်းစင် တဲ့ မျက်နှာလေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ❤️