Pauk Newsletter

Pauk Newsletter

ပေါက်မြို့နယ် ပြန်ကြားရေး

12/11/2023

12:11.2023
8:30 AM

သာကြီးတောင်မှထွက် လာသောယဉ်တန်း ပခုက္ကူမြို့နယ်မန်ကျည်းသုံးပင်ရွာ အနောက်သို့ဦးတည်ထွက်ခွါ၊
ပခုက္ကူမြို့နယ် ဇီးကုန်းမှပျူနှင့်စကစများသည် ချောင်းခွမှတစ်ဆင့် သရက်ကန်ကျေးရွာသို့ ဝင်ရောက်ပြီး ကမ္မသို့ ဦးတည်ထွက်ခွါ

08/11/2023

https://m.facebook.com/story.php?story_fbid=332663476022292&id=100078359254298&mibextid=Nif5oz

8.11.2023
11:00AM

ပေါက်မြို့နယ် အတွင်း ဝင်ရောက်နေတဲ့ စခ ယာဥ်တန်းမှ စခ ကားများ ရေပြာတွင် ရှိနေပြီး
ပျူကားနှင့် စခ မိသားစုဝင်များ တင်ဆောင်လာသော အရပ်ကားများ ဘုရားတောင် တွင်ရှိနေ လိုက်ပါရာမှာ ကားပျက်နေတဲ့
အရပ်ကား ၂စီး ယာကြီးပြင် ပျူရွာမှာရှိနေခဲ့
ကားအစီးရေ ၈၇ စီးဖြစ်ပြီး
ယာကြီးပြင် ကား၂စီး ကျန်ခဲ့သဖြင့်
ပခုက္ကူဘက်တက်မည့်ကားတန်း ၈၅စီး ဖြစ်နိူင်

11:00AM.အချိန် မုံရွာ နမခ မှ Mi 17 စစ်ရဟာတ်ယာဥ် ဖြင့် စစ်ကြောင်းမှ ထိခိုက်ခွေးနာ စခများ ဆေးကုရန် ရေပြာသို့ ဆင်းသက် သယ်ဆောင်ပြီး နမခသို့ ပြန်တက်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့
သတင်းပြန်ကြားရေး
တာဝန်ခံ
ကိုစစ်
Pauk Newsletter
Pauk Newsletter page

08/11/2023

https://m.facebook.com/story.php?story_fbid=332678039354169&id=100078359254298&mibextid=Nif5oz

8.11.2023
12:00PM

12:00PM.အချိန် မုံရွာ နမခ မှ Mi 17 စစ်ရဟာတ်ယာဥ် ရေပြာသို့ ဒုတိယ အကြိမ် ဆင်းသက်ပြီး
အရှေ့မြောက်သို့ ပျံတက်
စခ များ သယ်ဆောင်ဟု ယူဆရ

ပေါက်မြို့နယ် အတွင်း ဝင်ရောက်နေတဲ့ စခ ယာဥ်တန်းမှ စခ ကားများ ရေပြာတွင် ရှိနေပြီး
ပျူကားနှင့် စခ မိသားစုဝင်များ တင်ဆောင်လာသော အရပ်ကားများ ဘုရားတောင် တွင်ရှိနေ လိုက်ပါရာမှာ ကားပျက်နေတဲ့
အရပ်ကား ၂စီး ယာကြီးပြင် ပျူရွာမှာရှိနေခဲ့
ကားအစီးရေ ၈၇ စီးဖြစ်ပြီး
ယာကြီးပြင် ကား၂စီး ကျန်ခဲ့သဖြင့်
ပခုက္ကူဘက်တက်မည့်ကားတန်း ၈၅စီး ဖြစ်နိူင်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့
သတင်းပြန်ကြားရေး
တာဝန်ခံ
ကိုစစ်
Pauk Newsletter
Pauk Newsletter page

07/11/2023

https://m.facebook.com/story.php?story_fbid=332375732717733&id=100078359254298&mibextid=Nif5oz

7.11.2023
8:15 PM

ပေါက်မြို့ပေါ်မှ စခ ကားတန်းမှာ အုန်းတောတံတား ဖြတ်ပြီး ယာကြီးပြင် ပျူရွာမှ တဆင့် ရေပြာဘက်သို့ ထွတ်ခွာ
ဘုရားတောင် တောင်ကုန်းပေါ် ရောက်ရှိ

ကားအစီးရေ ၈၇ စီးပါ ခင်ဗျာ
​ရွေ့ပြောင်း ဝန်ထမ်းများ
စခများ
စခ မိသားစုဝင်များ လိုက်ပါဟု သိရပါတယ်

ပခုက္ကူဘက် သို့ ဒီရက်ပိုင်း နေ့ည သွားမည်ဟု သိရ

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

Pauk Newsletter page

07/11/2023

https://m.facebook.com/story.php?story_fbid=332358816052758&id=100078359254298&mibextid=Nif5oz

7.11.2023
5:40 PM

ပေါက်မြို့ပေါ်မှ စခ ကားတန်းမှာ အုန်းတောတံတား ဖြတ်ပြီး ယာကြီးပြင် ပျူရွာဘက် ထွတ်သွားပါပြီ

ကားအစီးရေ ၈၇ စီးပါ ခင်ဗျာ
​ရွေ့ပြောင်း ဝန်ထမ်းများ
စခ မိသားစုဝင်များ လိုက်ပါဟု သိရပါတယ်
ပခုက္ကူဘက် သို့ ဒီရက်ပိုင်း နေ့ည သွားမည်ဟု သိရ

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

Pauk Newsletter page

Photos from Pauk Newsletter's post 06/11/2023

သတင်းထုတ်ပြန်ခြင်း

ပေါက်-ပကဖ
နိုဝင်ဘာ၊ ၆ ရက်
အင်အား ၂၅၀-ခန့်ပါ စကစ စစ်ကြောင်းသည် စက်တင်ဘာ၊ ၁၆ ရက်နေ့မှစ၍ ပေါက်မြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့သည်မှာ ရက်‌ပေါင်း (၂၀)ကျော် ရှိပြီဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့က ကုက္ကိုစုပျူရွာသို့ ဝင်ရောက်သွားခဲ့ပါသည်။
နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းတွင် ဘုရားတောင် ကုန်းပေါ်သို့ အင်အား (၁၀၀) နီးပါး ခွဲထွက်ညအိပ်ခဲ့ပြီး ယနေ့မနက် နိုဝင်ဘာ(၆)ရက်နေ့ နံနက် ၇နာရီ အချိန်တွင် ရေပြာတံတားမှတဆင့် ဘုရားတောင်ကုန်းပေါ်သို့ ထွက်ခွာနေပြီဖြစ်ပါသည်။ ပေါက်တောင်ပိုင်းသီု့ ဆက်လက်စစ်ကြောင်းထိုးနိုင်မည်လား စောင့်ကြည့်ထားရမည်ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် စစ်ကြောင်းအနီးမှ ကြိုတင်ရှောင်ကြဖို့ သတိပေးနှိုးဆော်ပါသည်။
၎င်းစစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာပျူရွာမှတဆင့် ပေါက်မြောက်ပိုင်းတခြမ်းလုံးနီးပါး ဝင်ရောက်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့မှု (၁၀)ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါသည်။
၎င်းစစ်ကြောင်းမှ စစ်သုံ့ပန်း (၁)ဦး‌မိခဲ့ပြီး စကစ တပ်သား ရုပ်လောင်း တလောင်းနှင့် လူနေအိမ် (၂)လုံးတွင် ရုပ်အလောင်းများ မီးတင်ရှို့ခဲ့သည်ဟု ယူဆရသော မြင်ကွင်းအား တွေ့ရှိခဲ့ရပါသည်။ ထို့နောက် စစ်ကြောင်းတလျောက် ထမ်းစင်များ၊ ခေါင်းပတ်တီးစီး၊ တောင်ဝှေးများနှင့် သွားလာ‌နေသည်ကို မြင်တွေ့ခဲ့ရပြီး ကုက္ကိုစုပျူရွာ အဝင်တွင် လှည်း(၁၀)စီးဖြင့် ဒဏ်ရာရတပ်သားများအား သယ်ယူ‌ခဲ့ကြောင်း သိရပါသည်။ စကစ တပ်သား(၃၀)ထက်မနည်း ဒဏ်ရာရရှိနိုင်ပြီး ‌(၁၀)ဦးထက်မနည်း ကျဆုံးနိုင်‌ကြောင်းနှင့် နောက်ထပ် ဒဏ်ရာရသည့်ထဲမှ ထပ်မံကျဆုံးသူများလည်းရှိကြောင်း ဖရဲသီး၏သတင်းပေးမှုဖြင့် သိရပါသည်။
မိမိတို့ကာကွယ်ရေးဘက်မှ ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးပြီး သေနတ် (၂)လက်ဆုံးရှုံး၍ အရပ်သားပြည်သူ(၇)ဦး သတ်ဖြတ်ခံရသည်။ ကျဆုံးရဲ‌ဘော်(၂)ဦးအား အလေးပြုအခမ်းအနား၊ အမိန့်ပြန်ခြင်းနှင့် သတ်ဖြတ်ခံသူ အရပ်သားပြည်သူ ရုပ်အလောင်းများအား ကာကွယ်ရေးအဖွဲ့များမှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီးဖြစ်ပါသည်။
တော်လှန်ရေးမှာ ပေးဆပ်ရခြင်းတော့ ရှိစမြဲဖြစ်သည်။ မိမိတို့ကာကွယ်ရေးအဖွဲ့များသည် တွန့်ဆုတ်တွေဝေနေမည် မဟုတ်ဘဲ အခက်အခဲများကို အတွေ့အကြုံယူ၍ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွက် အသက်ပေးလှူသွားသူတို့အား အစဉ်ဦးညွတ် အောင့်မေ့သတိရလျက် အောင်ပွဲအဆုံးထိတိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။

"အရေးတော်ပုံ အောင်ရမည်"

ပြည်သူကာကွယ်ရေးအဖွဲ့
ပေါက်မြို့နယ်

Photo-ကျေးရွာတစ်ခုအတွင်း ဒဏ်ရာရ စစ်ခွေးများ ဝင်ရောက် မွှေနှောက်နေထိုင်သွားစဥ်

06/11/2023

6.11.2023
7:40 AM

ပေါက်မြို့နယ် အတွင်း ဝင်ရောက်နေတဲ့ စခ စစ်ကြောင်း ရှေ့ပြေး ကင်းပုန်း ပေခုနှစ်ပင် ပစ်တိုင်းထောင် ဆီဆိုင် လမ်းအနီး ရောက်ရှိ

နောက်ထပ်စခ စစ်ကြောင်း ရေပြာဘက်မှ တဆင့် ဘုရားတောင်ဘက်သို့ လာနေပါတယ်

ယနေ့ နံနက်ပိုင်း ၅နာရီ ခန့် ဘုရားတောင်ကုန်းအနီး ကားစက်နှိုးသံကြားစစ်ကြောင်းနှင့်အတူ ရိက္ခာကားနှင့် စခများ ပါ ပါဝင်မည်ဟု ခန့်မှန်း

စခ စစ်ကြောင်း ဒီးဒုတ်ကွင်း သွားရန် ဟု ယူဆပါတယ်
စစ်ကြောင်းအနီးဝန်းကျင်ရှိ မိဘပြည်သူများ သတိဝိရယ ရှိစွာ နေထိုင်ကြပါရန်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

Pauk Newsletter page
Pauk Newsletter

05/11/2023

5.11.2023
10:45 PM
ပေါက်မြို့နယ် ခွေးစစ်ကြောင်းသတင်း Update.

ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စခ စစ်ကြောင်းမှာ ကုက္ကိုစု ပျူရွာဘက်မှ ရေပြာသို့ ယနေ့ နေ့ခင်းပိုင်းမှာ ရောက်ရှိပြီး

ရေပြာမှ တဆင့် စခ အင်အား ၂သုတ်ခွဲ၍
ဘုရားတောင် ကုန်းပေါ်သို့ ရောက်ရှိ

စခအင်အား
ပထမ အသုတ် ၅၇ ကောင်ခန့်
ဒုတိယအသုတ် ၅၈ ကောင်ခန့်

စုစုပေါင်း အင်အား ၁၁၅ ဝန်းကျင်ရောက်ရှိနေပါတယ်
ရေပြာဘက်မှာလည်းပဲ ၂၅-၃၀ ကောင်ခန့် ကျန်ရှိနေဟု သိရပါတယ်

ဒီးဒုတ်ကွင်းပျူရွာအတွက် ရိက္ခာအချို့ စခယာဥ်တန်း ဖြတ်သွားစဥ်ကာလ ကတည်းက
ရှိနေတဲ့ ပျူရိက္ခာများ ဒီးဒုတ်ကွင်းပျူရွာသို့ ပို့ပေးနိုင်ဟု ခန့်မှန်းပါတယ်
လှုပ်ရှားမှုအခြေအနေအရပ်ရပ် စောင့်ကြည့်လေ့လာစီစစ်ဆဲပါ

စစ်​ကြောင်း အနီးဝန်းကျင်ရှိ မိဘပြည်သူများ သတိဝရိယ ရှိစွာနေထိုင်ကြပါရန်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
Pauk Newsletter
Pauk Newsletter page

03/11/2023

3.11.2023
6:00 PM

ပေါက်မြို့နယ် အတွင်း ဝင်ရောက်နေတဲ့ စခ စစ်ကြောင်း ကမ်းပျို လေးရွာချောင် ရောက်ရှိနေ

မိဘပြည်သူများ သတိရှိစွာနေထိုင်ကြပါရန်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

02/11/2023

2.11.2023
4:00 PM

ပေါက်မြို့နယ် အတွင်း ဝင်ရောက်နေတဲ့ စခ စစ်ကြောင်း ကန်သာကုန်းရွာ၊ ဂွေ့ကြီးယို ကျေးရွာသို့ ရောက်ရှိနေ

စခ အင်အား ၁၅၀ ဝန်းကျင်ရှိနိုင်
မိဘပြည်သူများ သတိရှိစွာ နေထိုင်ကြပါရန်

ပေါက်မြို့နယ် ပကဖ
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
Pauk Newsletter page

31/10/2023

ပခုက္ကူ

ပခုက္ကူဖြတ်၍ MI-17 စစ်ရဟတ်ယာဉ် တစ်စီး အရှေ့မှအနောက်သို့ ပျံသန်း။


Oct 31 , 2:56PM
📫သတင်းပို့ရန်

28/10/2023

Magway Conditions🐕⚠️

28.10.2023

#ကျောက်ထု🔁
8:00AM

မိအယ်ကျေးရွာမှာညအိပ်စခန်းချနေတဲ့ ရွှေအောင်သာမှပြန်ဆုတ်လာသော ရိက္ခာပို့စစ်ကား(၃)စီးနှင့်
စခအင်အား(၁၀၀)ခန့်မှ ရှေ့ပွိုင့်စခတစ်ချို့ မိအယ်ကျေးရွာမှ စတင်ထွက်ခွာလာနေကြပီလို့သိရပါတယ်။ ရှေ့ပွိုင်စခတွေဟာ မြင်းချိတ်ကျောဘက်တက်မလား၊ ကျောက်ထု - ထီးလင်းကားလမ်းမပေါ်တက်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ဆဲပါခင်ဗျာ။ ကျန်စခနှင့် စစ်ကား(၃)စီးကတော့ မိအယ်ကျေးရွာမှာပဲရှိနေကြပါသေးတယ်ခင်ဗျာ။


12:15PM

မိအယ်ကျေးရွာမှာထွက်ခွာလာတဲ့ ရှေ့ပွိုင့်စခအင်အား (၅၀)ခန့်ဟာ ပန်းဆန်ကျေးရွာထဲရောက်ရှိနေပီလို့သိရပါတယ် စခတွေ ကျေးရွာထဲမှာရော၊ပန်းဆန်ကျေးရွာ အနောက်ဘက် သင်္ချိုင်းနားထိပါကင်းတွေချ နေရာယူထားတယ်လို့သိရပါတယ်ခင်ဗျာ။
အနီးအနားကျေးရွာဘက်မိဘပြည်သူများအနေဖြင့် အစစအရာရာ အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်။ကျောက်ထုအမြောက်တပ်ထဲမှလဲ လက်နက်ကြီးဖြင့်ပစ်ကူ‌ ပေးနေတယ်လို့သိရပါတယ်ခင်ဗျာ။ တေး၊ပန်းဆန်၊သရက်ချဉ် ကျေးရွာဘက်မိဘပြည်သူများ လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာသာ အထူးဂရုစိုက်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

#ယောအလင်းတန်း

ーーーーー
#ပခုက္ကူ🔁
8:30AM

ရွှေချောင်းအဝိုင်းဂွေ့ မှာ ပိုက်ဆံတောင်းတဲ့ စခတွေရောက်နေကြောင်းသိရ။ မနက် ဈေးဦးပေါက် သနပ်ခါးတုံးတင် တဲ့ ဒိုင်နာကား ၃ စီးတားဆီးငွေညှစ်ခံရကြောင်းသိရပါတယ်။




1:30PM

ပခုက္ကူမြို့ရှိ တပ်မ နှစ်ခုပေါင်းပြီး စစ်သားအင်အား ၄၀၀ ဝန်းကျင်ခန့်ဖြင့် ပွိုင့်ကား နှစ်စီးအပါအဝင် ဒန့်ကား ၈ စီး အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း သိရပါတယ်။

ပခုက္ကူမြို့အတွင်းမှာလဲ အောက်တိုဘာ ၂၈ရက် ယနေ့ မနက်မှ စတင်၍ စစ်သားများ ခြေရှုပ်နေကြောင်းသိရပါတယ်။ မိဘပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

#ပခုက္ကူအခြေစိုက်မီဒီယာ


ーーーーー
#ဝမ်းတွင်း🔁
10:45AM

ဟစ်တော်မူရှေ့အစစ်အဆေးရှိ


10:50AM

နတ်နန်းရွာထိပ် မှာလည်း
ခွေးများစစ်နေကြောင်းသတင်းရရှိ



ーーーーー
#ဆီမီးခုံ
1:15PM

▪နံနက် ၁၁ နာရီ ၃၀ မိနစ် ခန့်က နဘူးအိုင်ရွာ မှ
စခ အပြည့်ပါသော ဖိုးဝှီး ကား ၂ စီး
ရွာအနောက်ဘက် ဇရပ်မှာ ရပ်ထား။
ဆီမီးခုံမြို့ ဘက် သို့ ထွက်ခွာမည်ဟု ယူဆရ။

▪မနက်ဖြန် ၂၉ ရက် နေ့မှာဆီမီးခုံဆိပ်ကမ်း ဝင်းထဲမှာ ဘောလုံးပွဲ ကျင်းပမည်ဟု သိရ စခ၊ ရခ၊ ပျု များမှ ၄ သင်း မြို့ထဲ ရက်ကွက် ၄ ရပ်ကွက် မှ ၄ သင်း စုစုပေါင်း ၈ သင်း ကန်မည်ဟု သိရ မနက်က စာသင်ကျောင်းထဲမှ ဂိုးတိုင်များ လာရောက်သယ်ယူသွား။

▪နံနက် ၁၁ နာရီ ၃၀ မိနစ် ခန့်က နဘူးအိုင်ရွာ အနောက်ဖက် ဇရပ်မှာ ရောက်ရှိနေသော စခ များ လမ်းပေါ်မှာ စစ်ဆေးနေဟု သိရ။

#ဆီမီးခုံသတင်း

ーーーーー
⛴️သတင်း⛴️🔁

ဧရာရေပြင်🔁
8:00AM

တကောင်းဘက်မှ စခများ သံခွန်ဖြင့် ဘိုကုန်းဘက် ကူးလာကြောင်း သိရ။






🌸
Pauk Newsletter
Pauk Newsletter page

Photos from Pauk Newsletter's post 26/10/2023

မကွေးတိုင်းစိုးမိုးနယ်မြေ၌ PDF ရဲဘော်များ စုဖွဲ့လေ့ကျင့်၊လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲပြုလုပ်

သင်တန်းခုနစ်ကြိမ်တွင် သင်တန်းသား ၈၀၀ ကျော်တက်ရောက်၊ တပ်ရင်း ၂၉ရင်းကို လက်နက်တပ်ဆင်ခဲ့ဟု အသိပေး

မောင်မောင်/People’s Spring

မကွေးတိုင်း စိုးမိုးနယ်မြေတစ်နေရာ၌ အောက်တိုဘာ ၁၉ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များ စုဖွဲ့လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော စုဖွဲ့လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ်(၇)သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု သင်တန်းဆင်းပွဲ၌ တပ်ဆင်ပေးခဲ့သည့် လက်နက်များကိုလည်း ပြသထားရာ လက်နက်ငယ် ၄၀ခန့်ကို မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည်။

မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်မှုသင်တန်း ခုနစ်ကြိမ်အထိ ပြီးမြောက်အောင်မြင်ခဲ့ရာ သင်တန်းသား ၈၀၀ကျော် တက်ရောက်ခဲ့ကြောင်း၊ PDF တပ်ရင်း (၂၉)ရင်းကို လက်နက်များ တပ်ဆင်ထားပြီး ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်းတာဝန်ခံ၊ ခရိုင်ရေးထောက် တာဝန်ခံများ၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

အခမ်းအနား၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံအားအလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး လက်နက်ပေးအပ်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါသင်တန်းသို့ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ PDF ရဲဘော်များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)တက်ရောက်သင်ကြားခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေများ၊ အများပြည်သူလူထု၏ လက်နက်တပ်ဆင်ရေး ပရောဂျက်များအတွက် ထည့်ဝင်လှူဒါန်းမှုများဖြင့် စစ်ပညာသင်တန်းများနှင့်လက်နက်တပ်ဆင်ခြင်းများကို စဉ်ဆက်မပြတ် အားထုတ် ပြုလုပ်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - MOD/NUG

Photos from Pauk Newsletter's post 26/10/2023

ပေါက်နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် မိုးရေထဲ စစ်ရှောင်နေရ

ပေါက်၊ အောက်တိုဘာ ၂၆၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၂၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ဟာ မိုးရေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းနေတဲ့ကြားက ရေခါး၊ ဂဲပင်အင်း၊ ဓာတ်တော်၊ ဝန်တင်ရွာ၊ သရက်ကန်၊ မယ်အိုကုန်း၊ ရေခါး၊ မကျီးကုန်း၊ လက်ပံတို၊ မြသိန်းတန်၊ အိုင်းမ၊ ကံသစ်၊ တဲကြီး၊ မင်းကိုင်း စတဲ့ကျေးရွာက ပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပါတယ်။

"မိုးရွာတာ ၅ ရက်ရှိပြီ။ တောတန်းတွေထဲမှာ နေကြတာများတယ်။ အလုပ်လုပ်နေရင်းနဲ့ ထွက်ပြေးလာတော့ ဘာမှကိုမသယ်နိုင်ခဲ့ဘူး။ အမိုးအကာနဲ့ စားဖို့ လိုအပ်နေပါတယ်" လို့ ရေခါးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းရှိနေသေးတဲ့အတွက် ရွာမပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်၊ စာသင်ကျောင်းနဲ့ တောတွေထဲမှာ နေထိုင်ကြရပြီး လက်ရှိမှာ စားသောက်ရေး၊ နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့က အစားအစာပို့တာရှိပြီး ဆေးအဖွဲ့ကလည်း ဖျားနာသူတွေကို ဆေးကုသပေးနေတာကြောင့် ဆေးဝါးလိုအပ်ချက်လည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ပုံစာ - အောက်တိုဘာ ၂၁ ရက်က တောထဲမှာ စစ်ရှောင်နေကြစဥ်။
Pauk Newsletter

သတင်း - စောကျော်ငြိမ်း၊ စာတည်း - လင်းဇေ
#မြေလတ်အသံ Pauk Newsletter page
Pauk Newsletter
#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #မိုးရေထဲ #စစ်ရှောင် #သတင်း

26/10/2023

Sagaing Conditions🐕⚠️

25.10.2023

#မြောင်
5:32PM

မြောင်မြို့နယ်၊ကျောက်ရစ်ခွေးများ ကင်ချောင်းကြီးဘက်တွင် ကင်ပုန်းများဝပ်နေကြောင်း သတင်းရ။

ーーーーー
#မန္တလေး #မတ္တရာ
6:00PM

မန္တလေးမြို့ဘက်မှ ခွေးကား အကြီး ၂စီး အသေး ၁စီး မတ္တရာမြို့ထဲ ဝင်ရောက်သွကြောင်း သတင်းရရှိထား။
(ခွေး အင်းအား မသိရ)



ーーーーー
#တန့်ဆည်
6:05PM

စကစတပ်များက တန့်ဆည်မြို့ပေါ် မေတ္တာမြိုင်ရပ်ကွက်မှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီး။ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထား။

တန့်ဆည်​မြို့နယ်၊ လမ်းဆုံမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များနှင့် အဆောက်အဦးများကို မီးရှို့သွားခဲ့​သည်။

လတ်တလော စုံစမ်းသိရသည့် စာရင်းများအရ ပြည်သူ ၁၀ ဦးခန့်လည်း မတရားဖမ်းဆီးသွားကြောင်းသိရသည်။

ရွှေဥယျာဥ်အိမ်၊ မြတ်ထူးချွန်ကျူရှင်ဟောင်းနေရာ၊ မိုးသောက်ကြယ် လက်ဖက်ရည်ဆိုင်၊ ရေဆေးဆီလိုက် ဆိုင်တစ်ဆိုင်အပါဝင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦး စုံစမ်းသိရသည်။

အကြမ်းစစ်ကောင်စီတပ်သားများသည် မြို့ခံများကို ဆက်တိုက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း မြို့ပေါ်နေပြည်သူများကို ဖမ်းဆီးသွားပြီးနောက် ပြည်သူတစ်ဦးကို စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂ဦးမှာလည်း ယခုအချိန်ထိ သတင်း အစအန ပျောက်ဆုံးနေကြောင်း သိရသည်။



ーーーーー
#စဉ့်ကူး🔥
6:29PM

စဉ့်ကူးမြို့နယ် ကြက်‌တူရွေးရွာတွင် ရောက်ရှိနေသော ခွေးများသည် ပြည်သူပိုင် အိမ်များကို  မီးရှို့ ဖျက်စီးနေသော မြင်ကွင်း။

ーーーーー
#မုံရွာ
6:45PM

ဗိုလ်ချုပ်လမ်းမြောက်မှ
တောင်သို့ စခ အိမ်စီးကားအသေးတချို့ အောင်ချမ်းသာ မြို့သစ် နေရာများတွင် သွားလာနေ။

ーーーーー
🚁သတင်း🚁🔁

​7:01PM

​စစ်ကိုင်း မြို့နယ်​ပေါ် Jet Fighter ​ (1)စီး ​​ပျံဝဲ​နေ။

Sagaing Conditions🐕⚠️

25.10.2023

#ဘုတလင်
7:08PM

ဘုတလင်-စခများ မြို့တွင်းနေရာအနှံ့ကင်းပုန်းများ ချထားကြောင်း သတင်းရ။

🔔ပြည်သူ့အသံ

ーーーーー
#စဉ့်ကူး🔁
7:35PM🔥

စဉ့်ကူးမြို့နယ် သဲအင်းရွာထဲတွင် ခွေးတချို့ ရောက်ရှိနေပြီ သဲအင်းရွာ မြောက်ပိုင်းရှိ ပြည်သူပိုင် အိမ် တချို့ကို ခွေးများ စတင်မီးရှို့နေကြောင်း သတင်းရရှိထား။


8:38PM

ထုံကြီး ရဲစခန်းသို့ ခွေးအင်အား အများအပြား ရောက်ရှိကြောင်း သတင်းရ။

ーーーーー
#ဒီပဲယင်း
8:15PM

ကံပြားရွာမှ ခွေးများ မင်းတဲကုန်းဝင် သတင်း ရရှိပါတယ် ။

အနီးအနားက ပြည်သူများ
ဂရုစိုက်ကြပါ။
🙏🙏🙏

ーーーーー
⛴️သတင်း⛴️🔁

ဧရာဝတီရေပြင်🔁

7:29PM

စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာ မီးရှို့နေသော ခွေးများသည် သဲအင်းရွာဘက်သို့ ခွေးတချို့ ရောက်ရှိနေကြောင်း သတင်းရရှိထား။
မှတ်ချက်။။ ည သတင်း ဖြစ်သောကြောင့် ခွေးများ အချိန် မရွေး လှုပ်ရှားမှု့ ပြောင်းလဲနိုင်။

Sagaing Conditions🐕⚠️

25.10.2023

#ကောလင်း
9:35PM

ကောလင်းတောင်⬇️
ကြို့ခုံကစခအဖွဲ့ ညောင်ပင်သာရွာရောက်။

ကောလင်းအရှေ့မြောက်⬇️
အင်းတက်က စခအဖွဲ့ ကျောက်ပုထိုးထဲရောက်။

ကောလင်းအရှေ့⬇️
ထိန်ခံကွင်းကစခအဖွဲ့ ထီးချိုင့်ဘက်ပြန်ဆုတ်။



ーーーーー
#မုံရွာ
9:45PM

မုံရွာ-မရိုးတောရွာမှ စခများအရှေ့မြောက်သို့ စထွက်နေဟု သတင်း ရရှိ။

🔔ပြည်သူ့အသံ🔔

ーーーーー
#စစ်ကိုင်း
9:48PM

စစ်ကိုင်းမြို့ တပ်မ ၃၃မှ ခွေးကား အကြီး ၁စီး ထွက်လာပြီ အုန်းတော အရှေ့ဘက်တွင် ရပ်ထားကြောင်း သတင်းရရှိထား။
(ခွေး အင်းအား မသိရ)



ーーーーー
#မြင်းမူ
9:50PM

မြင်းမူမြို့နယ်၊ဘုန်းမင်းကြီးကင်း ခွေးခြံမှ ခွေးများ မူးပြီး လက်နက်ငယ်ပစ်ဖောက်နေ

ーーーーー
⛴️သတင်း⛴️🔁

ဧရာဝတီရေပြင်🔁

10:03PM

ကြက်တူရွေးနဲ့ သဲအင်းမီးရှို့တဲ့ခွေးများ သံခွန်(၂)စီးဖြင့် ပြန်ထွက်ခွါ ပြီး အနောက်ဘက်ကမ်းရေလည်မော်ရွာလက်နက်ကြီးနှင့်ရမ်းထု၍ ပျူရွာ ရွာသာယာသို့ကပ်သွား‌ကြောင်း သတင်းရရှိ။





🌸
Pauk Newsletter page

25/10/2023

25.10.2023

မိုးလေဝသ သတိပေးထုတ်ပြန်ချက်

မိုးလေဝသ သတင်းဖြစ်စဥ်များအရ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း HAMOON ကြောင့် မိုးကြီးရေလျှံ မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
မိဘပြည်သူညီကိုများ ခင်ဗျာ
အောက်တိုဘာလ ၂၅ ရက် မှ လကုန်ပိုင်းအလွန်အထိ မိုးရွာသွန်းနိူင်တာကြောင့်

မိုခါမုန်တိုင်းဖြစ်စဉ် နောက်ဆက်တွဲကဲ့သို့သော ရေကြီး/ရေလျံခြင်း ဖြစ်လာနိုင်ခြေ ရှိ/မရှိ သတိကြီးစွာ နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်။

မိုးလေဝသ သတင်းဖြစ်စဥ်အရ

ချင်းပြည်နယ်တောင်ကျရေများနိုင်
ဂန့်ဂေါခရိုင်၊
ပခုက္ကူခရိုင်
မင်းဘူးခရိုင်
ဖော်ပြပါ ဧရိယာများအတွင်းရှိ မြို့နယ်များ အောက်တိုဘာ ၂၅ မှ လကုန်ပိုင်း အလွန်အထိ မိုးများပြီး တောင်ကျရေများနိူင်တာကြောင့် အထူးသတိထားနေထိုင်ကြပါရန် ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပေါက်မြို့နယ်

23/10/2023

Magway Conditions🐕⚠️

22.10.2023

#ငါန်းဇွန်
8:50PM

ငါန်းဇွန်မြို့နယ် မြေနီရွာတွင် ဖုန်းနှင့် အိမ်တွင်းပစ္စည်းများ ခိုးယူ မွှေနှောက်ခဲ့သော စခများသည် ယခု ညပိုင်းတွင် ကုန်းလည်ရွာသို့ ရောက်ရှိနေကြောင်း ကြားသိရသည်။

#ငါန်းဇွန်သတင်းစုံ

ーーーーー
#ရေစကြို
8:55PM

ရေစကြိုမြို့၊ အမှတ် ၁၊ ထင်တန်းရပ် ဘုရားသုံးဆူတွင် တပ်စွဲထားသော မအလ စခ၊ ပခများ အမှတ် ၈၊ သုခဝတီရပ် ကပ်ကျော် ကျောင်းတိုက်အတွင်း ပြောင်းရွှေ့ တပ်စွဲထားကြောင်း သိရှိရပါသည်။
ယခုရက်ပိုင်း ရေစကြိုမြို့ အတွင်းသို့ မအလ စခများ အင်အားဖြည့်ထားကြောင်း၊ တပ်ရင်း ၃ ရင်းအပြင် မြို့တွင်း၌ မအလ စခများ နေရာ (၆) ခုတွင် အထိုင်ချတပ်စွဲထားကြောင်း သိရှိရပါသည်။ ထိုနေရာများမှာ
၁။ စည်ပင်ပန်းခြံ
၂။ ရေစကြိုပြည်သူ့ဆေးရုံ
၃။ မြို့မရဲစခန်း
၄။ ရုံးပေါင်းစုံပင်မနေရာ
၅။ ကပ်ကျော်ကျောင်းတိုက်
၆။ ကမ်းနားစစ်မှူထမ်းဟောင်းရုံ ငြိမ်းဇာနည်ဂိတ် နေရာတို့ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ရေစကြိုမြို့ အနီးဝန်းကျင် ရွာများကို မကြာခဏ စစ်ကြောင်းထိုးခြင်းများ ရှိနေပြီး လမ်းသွား လမ်းလာများကို လည်း မကြာခဏ စစ်ဆေးနေသောကြောင့် ပြည်သူများ ဂရုပြု သွားလာကြရန် သတိပေးအပ်ပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် ကင်းကြပါစေ)
(people media တာဝန်ခံ စစ်လော်ဘီ ကျော်စိုးဦး ထမင်းဝအောင် စားထားဟု ရေစကြိုမြို့ခံများက မေတ္တာပို့နေကြောင်း သိရှိရပါသည်)



ーーーーー
#ကမ်မ - #ပခုက်ကူ
9:00PM

ကမ္မ - ပခုက္ကူ လမ်းပိုင်းတွင် စကစ ရိက္ခာကားများ ကမ္မဘက်သို့တက်လာပြီး ကန်တော်ပြင်တွင် မိုင်းဆွဲခံရကာ လမ်းပျက်စီးနေပြီး စကစရိက္ခာကားများ ကန်တေါ်ပြင်တွင် ရပ်နားထားလျက်ရှိသည်။ လွတ်လာသော စကစ ရိက္ခာကားတစ်စီးမှာ ညောင်ဂျစ်ပင်ပျူ ရွာကို ဝင်ရောက်လာကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် ကမ္မ - ပခုက္ကူ လမ်းပိုင်း သွားလာခြင်းများ ခေတ္တခဏ ယာယီရပ်နားထားသင့်ကြောင်း အသိပေးအပ်ပါသည်။

Kamma Media - ကမ္မမီဒီယာ
Successful Force - Pauk
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လိပ်ပြာ



🌸

23/10/2023

Magway Conditions🐕⚠️

22.10.2023

#ငါန်းဇွန်
8:50PM

ငါန်းဇွန်မြို့နယ် မြေနီရွာတွင် ဖုန်းနှင့် အိမ်တွင်းပစ္စည်းများ ခိုးယူ မွှေနှောက်ခဲ့သော စခများသည် ယခု ညပိုင်းတွင် ကုန်းလည်ရွာသို့ ရောက်ရှိနေကြောင်း ကြားသိရသည်။

#ငါန်းဇွန်သတင်းစုံ

ーーーーー
#ရေစကြို
8:55PM

ရေစကြိုမြို့၊ အမှတ် ၁၊ ထင်တန်းရပ် ဘုရားသုံးဆူတွင် တပ်စွဲထားသော မအလ စခ၊ ပခများ အမှတ် ၈၊ သုခဝတီရပ် ကပ်ကျော် ကျောင်းတိုက်အတွင်း ပြောင်းရွှေ့ တပ်စွဲထားကြောင်း သိရှိရပါသည်။
ယခုရက်ပိုင်း ရေစကြိုမြို့ အတွင်းသို့ မအလ စခများ အင်အားဖြည့်ထားကြောင်း၊ တပ်ရင်း ၃ ရင်းအပြင် မြို့တွင်း၌ မအလ စခများ နေရာ (၆) ခုတွင် အထိုင်ချတပ်စွဲထားကြောင်း သိရှိရပါသည်။ ထိုနေရာများမှာ
၁။ စည်ပင်ပန်းခြံ
၂။ ရေစကြိုပြည်သူ့ဆေးရုံ
၃။ မြို့မရဲစခန်း
၄။ ရုံးပေါင်းစုံပင်မနေရာ
၅။ ကပ်ကျော်ကျောင်းတိုက်
၆။ ကမ်းနားစစ်မှူထမ်းဟောင်းရုံ ငြိမ်းဇာနည်ဂိတ် နေရာတို့ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ရေစကြိုမြို့ အနီးဝန်းကျင် ရွာများကို မကြာခဏ စစ်ကြောင်းထိုးခြင်းများ ရှိနေပြီး လမ်းသွား လမ်းလာများကို လည်း မကြာခဏ စစ်ဆေးနေသောကြောင့် ပြည်သူများ ဂရုပြု သွားလာကြရန် သတိပေးအပ်ပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် ကင်းကြပါစေ)
(people media တာဝန်ခံ စစ်လော်ဘီ ကျော်စိုးဦး ထမင်းဝအောင် စားထားဟု ရေစကြိုမြို့ခံများက မေတ္တာပို့နေကြောင်း သိရှိရပါသည်)



ーーーーー
#ကမ်မ - #ပခုက်ကူ
9:00PM

ကမ္မ - ပခုက္ကူ လမ်းပိုင်းတွင် စကစ ရိက္ခာကားများ ကမ္မဘက်သို့တက်လာပြီး ကန်တော်ပြင်တွင် မိုင်းဆွဲခံရကာ လမ်းပျက်စီးနေပြီး စကစရိက္ခာကားများ ကန်တေါ်ပြင်တွင် ရပ်နားထားလျက်ရှိသည်။ လွတ်လာသော စကစ ရိက္ခာကားတစ်စီးမှာ ညောင်ဂျစ်ပင်ပျူ ရွာကို ဝင်ရောက်လာကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် ကမ္မ - ပခုက္ကူ လမ်းပိုင်း သွားလာခြင်းများ ခေတ္တခဏ ယာယီရပ်နားထားသင့်ကြောင်း အသိပေးအပ်ပါသည်။

Kamma Media - ကမ္မမီဒီယာ
Successful Force - Pauk
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လိပ်ပြာ



🌸
Pauk Newsletter page
Pauk Newsletter

23/10/2023

Magway Conditions🐕⚠️

22.10.2023

#ဂန့်ဂေါ🔁
11:46AM

ယနေ့မနက် ၄ နာရီကမြစ်သာဆည်ပေါ်ကနေပြန်ဆုတ်လာခဲ့တဲ့ ဂန့်ဂေါခလရ ၅၀ ကစစ်ကြောင်းဟာယခု လုံခြုံရွာရဲ့အနောက်တောင်ဖက်၊မကျည်းခင်ရွာရဲ့တောင်ဖက် ဒေသအခေါ် ညဲချောင်းဖက်ကိုရောက်နေကြပြီလို့သိရပါတယ်။စစ်ကြောင်းဟာ ဂန့်ဂေါခလရ ၅၀ ထိနေခြင်းရောက်အောင်ပြန်ဆုတ်မလားတိုတာကိုတော့အတည်ပြုလို့မရသေးပါ။


4:15PM

ယခုအောက်တိုဘာလ ၁၄ ရက်နေ့ကနေ ဂန့်ဂေါခလရ ၅၀ ကထွက်လာခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့ညမှာမြစ်သာဆည်ပေါ်ကိုရောက်ရှိလာခဲ့တဲ့ ခလရ ၅၀ ကစစ်ကြောင်းဟာ ဆည်ပေါ်က အရာရှိဧည့်ရိပ်သာမှာ ၆ ညတာညအိပ်ရပ်နားစခန်းချနေထိုင်ခဲ့ကြပါတယ်။ယင်းသို့နေထိုင်စဥ်အတွင်း အလာတုန်းက ထိတွေ့မှာ ဒဏ်ရာရလာခဲ့တဲ့စခ၊ပခတွေကိုတေးကုသပေးခဲ့ကြရပြီး အခြေအနေမလှလို့ စခ ၂ ကောင်ကြွသွားခဲ့ကာ ဆည်ပေါ်တနေရာမှာသင်္ဂြိုလ်ထားခဲ့ကြကြောင်းစုံစမ်းသိရှိရပါတယ်။

စစ်ကြောင်းဟာယနေ့မနက်မှာဂန့်ဂေါထက်ကိုလာရာလမ်းအတိုင်းပြန်ဆုတ်လာခဲ့ပြီးယခု ချိန်ထိ မန်ကျည်းခင်ရွာရဲ့တောင်ဖက် ညဲချောင်းထက်မှာတပ်ဖျောက်လျက်ရှိနေသေးကြောင်းသိရပါတယ်။ညအိပ်စခန်းချ အချကိုအတည်မပြုနိုင်သေးပါ။

(ဥပုသ်နေ့မှာထွက်၍ ဥပုသ်နေ့မှာ ပြန်ဆုတ်သည်။သင်္ကေတ #😁)

အနီးနားရှိမိဘပြည်သူမိားနဲ့မန်ကျည်းခင်ရွာ၊တောင်ပြင်ရွာကပြည်သူများကြိုတင်သတိထားနေထိုင်ပေးကြပါ။အားလုံးဘေးကင်းကြပါစေ။

#နွေဦးရောင်နီ
#ယောအလင်းတန်း

ーーーーー
#ကျောက်ထု
5:30PM

မနေ့ညက နှော်ကျေးရွာတောင်ဘက် ဒေသအခေါ်မြို့တောင်ကုန်းဘက်မှာ ညအိပ်စခန်းချနေခဲ့တဲ့ ထီးလင်းစစ်ကြောင်းမှ စခအင်အား (၅၂)ကောင်ဟာ ယခုအခါ ပန်းဆန်ရွာစာသင်ကျောင်းနှင့်ကားလမ်းဆုံနေရာတွေမှာရောက်ရှိနေကြပြီလို့သိရပါတယ်ခင်မျာ။ အနီးအနားကျေးရွာ မိဘပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

ーーーーー
#တောင်သာ🔁
5:49PM

ကြီးပင်တည်းရွာဘက်မှ အိမ်စီးကား ၄စီး၊ ဆိုင်ကယ်၂စီး လှည်းပွဲကုန်းဘက်ကို ထွက်သွားဟုသိရ..


6:38PM

ယနေ့နံနက်ပိုင်း ကျောက်ပန်းတောင်းမြို့နယ် လေးပင်ရွာရောက်နေသော စခအင်အား ၄၀ ဝန်းကျင်ခန့်သည် ယခု ညနေ၆နာရီဝန်းကျင်က ဝဲလောင်သို့ ဆိုင်ကယ် ၈စီး၊ DC အသေး ၂စီး၊ လပြည့်ဟိန်းခရီးသည်တင်ကား ၂စီးဖြင့် ရောက်ရှိလာကြောင်းသိရသည်။

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ

ーーーーー
#ဆီမီးခုံ
7:20PM

ညနေ ၅ နာရီ ၁၅ မိနစ် ခန့်က ကျားတိုင်းရွာ ဘက်မှ စခ ကား ၁ စီး ရွာရှည်ရွာ အရှေ့ဘက်သို့ ထွက်ခွာသွား ကျောက်ကုန်းရွာ မြောက်ဘက်
ဆည်ဘောင်နား ယခုည ကင်းပုန်းချမည်ဟု ယူဆရ။

#ဆီမီးခုံသတင်း



🌸
Pauk Newsletter
Pauk Newsletter page

23/10/2023

23.10.2023
8:29 AM

မုံရွာ နမခ အပေါ်သို့ တိုက်ခိုက်ရေး Mi 35 စစ်ရဟက်ယာဥ် တစ်စီး လှည့်လည်ပျံသန်း
ပြန်ဆင်း

Pauk Newsletter
Pauk Newsletter page

23/10/2023

23.10.2023
8:29 AM

မုံရွာ နမခ မှ တိုက်ခိုက်ရေး Mi 35 စစ်ရဟက်ယာဥ် တစ်စီး အနောက်တောင် သို့ တက်
အရပ်မျက်နှာ လှည့်နိူင်

Pauk Newsletter
Pauk Newsletter page

13/10/2023

13.10.2023
10:00 AM

ပေါက်မြို့နယ် အနောက်ပိုင်း ဆူးပုတ်ခုံ ဘက်မှ ရွှေဘုံသာ ပျူရွာဘက်သို့ စကစ ကြောင်းထွတ် ကျောချောင်း အတွင်း စက်ကလေး တစ်လက်၊ ဂျန်ဘာ စက်တစ်ခု
MA3 စုစုပေါင်း ၈လက် ရေမျှောပါ ဟု ကနဦး သိထားရပါတယ်
ချောင်းကူး၊ပျစ်မ ကျေးရွာထဲမှာ ပြည်သူ များထံမှ ပုံးအဝါ အခွန်များ တစ်အိမ်တစ်ခု လိုက်လှံတောင်းရမ်း၊ဘောကွင်းများပြင်ဆင်ပြီး ကျောချောင်းဖြတ်ရန် ပြင်ဆင်နေ

အနီးဝန်းကျင်ရှိ မိဘပြည်သူများ သတိဝရိယ ရှိစွာနေထိုင်ကြပါရန်

Pauk Newsletter page
Pauk Newsletter

12/10/2023

12.10.23
10:00 PM

ပေါက်မြို့နယ် သတင်း

ပေါက်မြို့နယ် ကပစ ၂၄ အတွင်း ဝင်ရောက်နေတဲ့ စကစ ယာဥ်တန်းနှင့် ရှေ့ပြေး စစ်ကြောင်း ကပစ ၂၄ အနီးဝန်းကျင်မှာပဲ လှုပ်ရှား မှုပြုလုပ်နေပါတယ်

ယနေ့ နေ့ခင်းပိုင်း ထန်းပင်ချောင်းရွာအနီး စခ လှုပ်ရှားမှုပြုလုပ်ပြီး

ညနေပိုင်း အချိန် ထန်းပင်ချောင်းရွာအနီး သေနတ်ဖောက် သံအချို့ ကြားသိရပါတယ်

ရေကတော လမ်းအတိုင်း တက်ပြီး ဇီးပြားစခန်း ရိက္ခာပို့မည်ဟု ယူထားပါတယ်

ကျောချောင်းရေ အခြေအနေနဲ့ လမ်းပိုင်းအခတ်အခဲရှိနေတာကြောင့် မည်သည့်လမ်းကြောင်း အသုံးပြုမည်ကို စောင့်ကြည့်သတိထားပေးစေချင်ပါတယ်

မိဘပြည်သူများခင်ဗျ စစ်ကြောင်းသတင်း နှင့် စစ်ကြောင်းရှိရာ အနီးဝန်းကျင်မှ ပြည်သူများ သတိဝိရယ ရှိစွာနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်

ပေါက်မြို့နယ်
ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
Pauk Newsletter
Pauk Newsletter page

12/10/2023

12.10.2023
10:40 AM

ပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စကစ ကားတန်း ရိက္ခာယာဥ်တန်း မှာ ယမန်နေ့ ၉နာရီ အချိန်က ပေါက် ကပစ ၂၄ သို့ ၆ဘီး ၅စီး အင်အား ၂၀၀ခန့် ဝင်သွားကြောင်း သိရပြီး

ယနေ့ ကျွန်းတိုင်း ဘက်ကို စကစ ကင်းထောက်ဒရုန်းလွှတ်ပြီး ကင်းထောက်နေကြောင်း သိရ
ရေဖြူဘက်ဆီမှလဲ စကစ ၆၀မမ လက်နက်ကြီး တစ်လုံးပစ်ခတ်

ကပစ ၂၄ ခင်အေး၊ထန်းပင်ချောင်းရွာ အကြား ၂၄ လင်းယုန်ဂိတ် အနီးဝန်းကျင် လမ်းအခတ်ရှိနေ၍ စခများနှင့် စခကားအချို့ ရှိနေပါတယ်

9.10.23 ညနေပိုင်း ၇နာရီအချိန် ပေါက်ဘက်လာတဲ့ ရိက္ခာကားနှင့် စကစကားများ ကပစ၂၄ သို့ ၁၅ စီး ရောက်ရှိကြောင်းသိရ

ပေါက်မြို့အရှေ့ဘက် အုန်တောတံတားနှင့် အုန်းတောတောင်ရွာအနီး စကစ ကင်းပုန်း ယခုထိ ရှိနေဆဲပါ

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
Pauk Newsletter page
Pauk Newsletter

10/10/2023

ပြည်ထောင်စုသမ္မတနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန
အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

သတိပေးထုတ်ပြန်ခြင်း
ရက်စွဲ ။၁၀.၁၀.၂၀၂၃

ပေါက်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ရုံးဌာနများတွင်ဆက်လက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သိရှိလိုက်နာစေရန် သတိပေးထုတ်ပြန်လိုက်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ရုံးဌာနများတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသော(Non CDM) များအား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအနေဖြင့် စာရင်းကောက်ယူပြီး ပြည်သူ့ရင်ခွင်သို့ ခိုလုံရန်အမြဲသတိပေး၍ စောင့်ကြည့်လာခဲ့သည်မှာ (၂)နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။၂-နှစ်အတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလုံလာသည့် ဝန်ထမ်းအများအပြားရှိခဲ့ပြီး ကျန်ရှိနေသည့် Non CDM များလဲ ရှိနေပါသေးသည်။

ယခုအခါ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအနေဖြင့် နယ်မြေစိုးမိုးမှုများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ပြီး တိုးချဲ့စိုးမိုးနယ်မြေအဖြစ် ဆောင်ရွက်သွားမည့် ရပ်/ ကျေး အုပ်စု နယ်မြေများအတွင်း၌ လုံခြုံရေးအရ Non CDM များကို နေထိုင်ခွင့်ပေးမည် မဟုတ်ကြောင်း သိစေလိုပါသည်။

သို့ဖြစ်ပါ၍ သတိပေးစာထုတ်ပြန်ခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်၍ စကစလက်အောက်ခံ ရုံးဌာနမျညးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသော (Non CDM)များ အနေဖြင့် ဤသတိပေးစာ ထုတ်ပြန်သည့် နေ့ရက်မှစ၍ (၁)လအတွင်း နောက်ဆုံးထား၍ နီးစပ်ရာ ကာကွယ်ရေးခေါင်းဆောင်များထံတွင် ခံဝန်ကတိပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလုံရန် ကြိုတင်၍ အလေးထား ဖိတ်ခေါ်အပ်ပါသည်။

သတိပေးထုတ်ပြန်မှုအား လေးစားလိုက်နာခြင်းမရှိပါက Non CDM များနှင့် ၎င်းတို့၏ မိသားစုဝင်မျာ၏ လုံခြုံရေးအား လုံးဝ (လုံးဝ) တာဝန်မယူကြောင်း ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပေါက်မြို့နယ်

Photos from Pauk Newsletter's post 09/10/2023

9.10.2023
8:30 AM
ပေါက်မြို့နယ် အရှေ့ပိုင်း အုန်းတောတောင်ရွာ အနီး စခ ကင်းပုန်းရှိ
ပေါက်မြို့နယ်သို့ ဝင်ရောက်နေတဲ့ စခ ယာဥ်တန်းနဲ့ စခ ရိက္ခာယာဥ်တန်းမှာ ပြည်သူပိုင် ကားများ ချောဆွဲ ခံထားရတဲ့ကား ၂၅ စီး ယမန်နေ့ ညကထွတ်သွားပြီး ထွေအုပ်ရုံး အနောက်ဘက် လမ်း မှာ ရပ်ထား
ကုန်ပစ္စည်း ရောင်းချ ခွဲယူရန် အစည်းဝေးလုပ်နေကြောင်း သိရ

ယနေ့နံနက် ယာကြီးပြင်ဘက်မှ စခ ကား ၂စီးနှင့် အရပ်ကား မိုးကာအုပ် ၃စီးခန့် အုန်းတောတံတား ဖြတ်ပြီး အုန်းတောဘက်ရောက်ရှိ

ယာကြီးပြင်ပျူရွာဘက်မှာ စခကားအချို့နဲ့ တွဲကား အချို့ ကျန်နေသေး

အုန်းတောတောင်ရွာ နေအိမ်၂လုံး စခများမှ မီးရှို့

ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
Pauk Newsletter page
Pauk Newsletter

08/10/2023

8.10.2023
9:00Pm

ယာကြီးပြင်ပျူရွာဘက်မှပေါက်မြို့ထဲသို့ ဝင်ရောက်သော စခ ရိက္ခာကား အစီးရေ ၂၅ စီးခန့်ပဲရှိသေးပြီး
အိမ်တွင်းမှု အနီး မယကရုံးအနီးတွင် ရပ်နားထားကြောင်း ကြားသိရပါသည်။ယာကြီးပြင်ပျူရွာဘက်တွင် စခ ကားများ နှင့် တွဲကား အချို့ ကျန်ရှိနေသေးပါသည်။

စခ ပခများလည်း အုန်းတောရွာနားတွင် ဆက်လက်ရှိနေသေးပါသည်။လက်နက်ကြီး၊ငယ်များလည်း ရမ်းသမ်းပစ်ခတ်လေ့ရှိပါသဖြင့် မိဘပြည်သူများ သတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

Pauk Newsletter page
Pauk Newsletter
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ကိုစစ်

08/10/2023

8.10.2023
6:23 PM

ပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စခ ယာဥ်တန်း ယာကြီးပြင်ပျူရွာမှ ပေါက်မြို့သို့ ထွတ်ခွာနေပါပြီ

ယနေ့ည သို့မဟုတ် မနက်ဖန် ကပစ ၂၄ အထိ သွားမည်ဟု သိရ

စက်ကလေး လက်နက်ငယ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုရှိ
စခယာဥ်တန်းအနီးဝန်းကျင်ရှိ မိဘပြည်သူများသတိဝိရိယဖြင့် နေထိုင်ကြပါရန်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေးတာဝန်ခံ
ကိုစစ်
Pauk Newsletter page
Pauk Newsletter

08/10/2023

8.10.2023
12:30 PM

ပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စခ ယာဥ်တန်း ယာကြီးပြင်ပျူရွာတွင် ရှိနေပြီး
ပေါက် အုန်းတောလမ်းပိုင်းအား ပြင်ဆင်ရန်နှင့် လမ်းလုံခြုံရေး ယူထားတဲ့ စခကင်းပုန်းများ အုန်းတောမြောက်ရွာအတွင်း ရှိနိုင်
တံတာအနောက်ထိပ်နှင့် အုန်းတောတောင်ရွာ ဘုန်းကြီးကျောင်းဝန်းအနီး ရှိနေ
တံတားအရှေ့ဘက် ယာကြီးပြင်ကုန်းပေယ်တွင်ရှိနေ

စက်ကလေး လက်နက်ငယ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုရှိ
စခယာဥ်တန်းအနီးဝန်းကျင်ရှိ မိဘပြည်သူများသတိဝိရိယဖြင့် နေထိုင်ကြပါရန်

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေးတာဝန်ခံ
ကိုစစ်
Pauk Newsletter page
Pauk Newsletter

Photos from Pauk Newsletter's post 08/10/2023

CRMH ဥက္ကဋ္ဌ နှင့် မြေပြင်‌တော်လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်

မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ( CRMH ) ဥက္ကဋ္ဌ နှင့် အဖွဲ့သည်
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ၏ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်တွင် ကျင်းပပြုလုပ်သော သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ပြီး ဖက်ဒရယ်ယူနစ်ရေးရာကိစ္စများ ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု‌ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြကာ ပေါက်မြို့နယ်ပအဖတာဝန်ခံ၊ ပေါက်မြို့နယ်ပကဖတာဝန်ခံများ ၊ လူသားစာနာတာဝန်ခံများ အပါအဝင် ဒေသခံတော်လှန်ရေးအဖွဲ့အသီးသီး နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။

မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ

#ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

06/10/2023

6.10.2023
10:00 AM

ပေါက်မြို့မှ အင်းတောရွာဘက်ရှိ တောလမ်းအတိုင်း စပျစ်ခြံ လမ်းဘက်ဆီသို့ ဦးတည်ပြီး စခ ၃၀ ခန့် ထွတ်လာ အုန်းတောမြောက်ရွာသို့ ဦးတည်

ပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စခ ယာဥ်တန်းနှင့် စခရိက္ခာကားတန်း ပေါက်မြို့အရှေ့ဘက် ယာကြီးပြင် ပျူရွာ မှာပဲ ရှိနေသေး

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်

Pauk Newsletter page
Pauk Newsletter
Photo ယမန့်နေ့ ပေါက်မြို့နယ် အုန်းတောတောင်ရွာ

03/10/2023

3.10.2023
5:30 PM
Update News

ပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စခ ကားတန်းနှင့် ရိက္ခာယာဥ်တန်း သတင်း

ယနေ့ နံနက် ၁၀:၃၀ အချိန်ခန့် ယာကြီးပြင်ပျူရွာသို့ ရောက်ရှိနေတဲ့ စခ ရိက္ခာကားတန်းမှ ရှေ့ပြေးလမ်းကင်းလုံခြုံရေးယူတဲ့ စခများ အင်အား ၇၀ ဝန်းကျင်ဖြင့် အုန်းတောဘက်သို့ ထွတ်ခွာ
နာနတ်သီးနင်းမိပြီး ၂ကောင် ဂိမ်
အုန်းတောတောင်ရွာနေအိမ်အချို့ မီးရှို့

ယနေ့ ညနေပိုင်း 4:50 အချိန်မှာ ကားဖြူတစ်စီး ဖြင့် စခ ၂ကောင်အား တံတား တစ်ဝက်အထိ လာရောက်ပြီး သယ်ဆောင်

လက်နက်ကြီးဖြင့် အုန်းတောရွာ အနီးဝန်းကျင်ထောက်

ကားတန်းမှာ ယာကြီးပြင်ပျူရွာ၌ ရှိနေသေး
ဒီးဒုတ်ကွင်းပျူရွာအတွက် ရိက္ခာ ကားအချို့ ဘုရားတောင်တွင်ရှိနေဟုသိထားရ

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်း ပြန်ကြားရေးတာဝန်ခံ
ကိုစစ်

Pauk Newsletter page
Pauk Newsletter

Videos (show all)

8.10.202312:30 PMပေါက်မြို့နယ် အတွင်းဝင်ရောက်နေတဲ့ စခ ယာဥ်တန်း ယာကြီးပြင်ပျူရွာတွင် ရှိနေပြီးပေါက် အုန်းတောလမ်းပိုင်းအား...
16.8.238:30 PMပေါက်မြို့နယ် သတင်းအနောက် ကျောင်ထုဘက်မှ ထွတ်ခွာလာပြီး ပေါက်မြို့ပေါ် တောင်တင် နေတဲ့ စခ စစ်ကြောင်း နှင့် စခ...
လိုအပ်ချပ်ပေါင်း များစွာဖြင့်
19.7.238:00 AMပေါက်  ⚠️မုံရွာ နမခတက်  Mi35 တိုက်ခိုက်​ရေးရဟတ်ယာဥ် (1)စီး ​​ပေါက်မြို့နယ် တစ်နေရာ လေကြောင်းတိုက်ခိုက်မှု ...

Website