HTET WAI Japanese Knowledge Sharing

HTET WAI Japanese Knowledge Sharing

Sharing for my experience in Japan ..!

19/08/2024

ဂျပန်ကို work visa Hotel life နဲ့ လာရင် ကြုံတွေ့ရမဲ့ ကောင်းတဲ့အချက် ဆိုးတဲ့အချက်

ထက်ဝေ ရဲ့ Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော် ကျေးဇူးတင်ပါတယ် http://www.youtube.com/

19/08/2024

Uwado Hachi Man Shrine

ထက်ဝေ ရဲ့ Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော်
ကျေးဇူးတင်ပါတယ်

http://www.youtube.com/

16/08/2024

Osaka Night 🇯🇵🇯🇵🇯🇵

15/08/2024

Itsukushima Shrine In Hiroshima 🇯🇵🇯🇵🇯🇵

09/08/2024

Miyajima ငါးပြတိုက်

ထက်ဝေ ရဲ့ Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော်
ကျေးဇူးတင်ပါတယ်
https://youtube.com/...

05/08/2024

Itsukushima Shrine သို့ အလည်တစ်ခေါက်

ထက်ဝေ ရဲ့ Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော်
ကျေးဇူးတင်ပါတယ်

https://youtube.com/?si=T-DdqL9Y2TvFNE_g

22/02/2024

Shizuoka school COE 100% passed ..!!!
みんな おめでとうございます。🙇🏻‍♀️🙇🏻‍♀️

07/12/2023

အလုပ်သွားချိန် ၉:၃၀ .. မြူမကွဲ သေးဘူး …
အေးအေးလေး နဲ့ ကွေးလို့ ကောင်းမဲ့ ရာသီ ဥတု …
ခုတော့ ဘဝ အတွက် ကြိုးစားရုန်းကန်နေရတယ် …
私も頑張っています。皆さんも 諦めずに頑張ってください。。。。!!!
良い一日を 👏🏻👏🏻👏🏻

17/10/2023

အိမ်ပြန်ချိန် ဂျပန်စံတော်ချိန် ည ၁၂:၃၀

10/10/2023

#自然 #神社

06/09/2023

အလုပ်နှင့် COE ကျပြီးရင် လုပ်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်..
ဘာပွဲစား မှ အပ်စရာ မလိုပါဘူး … မိမိ ကိုယ် တိုင် လုပ်လို့ ရပါတယ် .. (အေဂျင်စီ နဲ့ မဟုတ်ပဲ တဦး ကိုယ်တိုင်လျှောက် သူများ အတွက်သာ)
ထက်ဝေ ၈ လပိုင်း ၂၀ ရက်နေ့ က COE ရပါတယ် .. ၂၂ ရက် နေ့မှာ နေပြည် တော် အမှတ် (၅၁) ကို Smart Card သင်တန်း တက်ရန် အတွက် စာတင် ရပါတယ် ..
အရင်က တော့ ရန်ကုန် or မန္တ​လေး အဆင်​ပြေတဲ့​နေရာ​ရွေးလို့ရပါတယ်။ ခုတော့ မန္တလေး သင်တန်း ကျောင်း ကပိတ်လိုက် ပြီ မို့လို့ ရန်ကုန် မှာ ပဲ သင်တန်း တက်ရပါတယ် ..
စာတင်ဖို့အတွက်
(၁) OWIC အ​ပေါ်စာ form
(၂) Passport copy
(၃) COE copy မူရင်းမရ​သေးလည်းရပါတယ်
(၄) ဘွဲ့လက်မှတ်
(၅) Offer Letter
(၆) အလုပ်စာချုပ်
နီးစပ်ရာ Royal Express က​နေ ပို့လို့ရပါတယ် ပို့ပြီးရင် ကိုယ့်နာမည်ကျမယ့်ရက်ကို Safe Migration Telegram Group က​နေ ​စောင့်ကြည့်လို့ရပါတယ်။ ထက်ဝေ ကတော့ ၂၂ ရက်နေ့ (အဂ်ါနေ့ ) က တင်လိုက်တာ ဗုဒ္ဓဟူးနေ့ ကျတော့ နေပြည် တော် ကို ဖုန်းဆက် ပြီး စာရွက်ရောက် မရောက် မေးရင်း ဘယ်နေ့ သင်တန်း တက်ရမဲ့ ရက်သိရမလဲ မေးလိုက်ပါတယ် .. နေပြည်တော် က သောကြာနေ့ (၂၅ရက်နေ့) လောက် သိရမယ် ပြောပါတယ် .. Safe Migration Telegram Group မှာ သောကြာနေ့လောက် မှာ သတိ ထား ပြီး ဝင်လာတဲ့ message တိုင်း ကို စစ် ပါ တယ် .. ၂၈ ရက်နေ့ မှာ သင်တန်း တက်ဖို့ နာမည် ပါလာပါတယ် နာမည်ပါရင် ​မြောက်ဒဂုံမှာ သင်တန်း ၂ရက်တက်ရပါတယ်။ သင်တန်းက ​လူများလို့ သက်​တောင့်သက်သာအဝတ်အစားဝတ်သွားပါ မြန်မာဝတ်စုံဆိုရပါတယ် အ​ရောင်ကန့်သတ်ချက်မရှိပါဘူး။ ပန်ကာ Aircooler ရှိတဲ့နား​ရွေးထိုင်ပါ ​ရေဆာတက်ရင်​ရေဘူး​ ယပ်​တောင်​ဆောင်သွားပါ။ Passport copy လည်ဆွဲ လိုပါတယ်။ အထဲ ​ရောက်ရင် Attandence လက်မှတ်ထိုးဖို့မ​မေ့ပါနဲ့။ လက်မှတ်ထိုးတဲ့အခါ Passport no မှန်မမှန်စစ်ပါ။
Safe Migration Telegram Channel ပါ 👇👇
https://t.me/dolmigration
သင်တန်း တက်မဲ့ ရက်ကျ ၈:၀၀ လောက် အရောက်သွား ပြီး ဝင်ပေါက်မှာ တန်း စီ ပါ .. passport မိတ္တူ နဲ့ ၉ ကျပ် ဖောင် လို့ခေါ်တဲ့ ဖောင် ဖြည့် သွားဖို့ လို့ ပါတယ် ( ဖောင်လိုချင်ရင် လာယူလို့ ရပါတယ် ) .. telegram က passport No နဲ့ ကိုယ့် passport No သေချာ စစ်ပါ .. ဝင်ပေါက်မှာ လည်ဆွဲ ကဒ် ဝယ်ရပါတယ် (၅၀၀ ကျပ်) ပါ သင်တန်း သားမှန်း သိအောင် ဆွဲ ရတာ ပါတဲ့ … အထဲ ဝင်သွားပြီး ညာ ဘက် က အခန်း လေး ထဲ မှာ ကျောင်း အုပ်ဆရာ မကြီး နဲ့ ဝင်တွေ့ရပါတယ် .. ဆရာမကြီး ကိုယ်တိုင် passport No တိုက်စစ်ပေးပါတယ် .. ပြီးရင် လတ်မှတ် ထိုး ရပါတယ် … လတ်မှတ်ထိုး ပြီး သင်တန်း ခန်းမ ပထမ ထပ်ကို တက်သွား ရပါတယ် .. မိန်းကလေးတွေက ဘယ်ဘက်မှာ ထိုင်ရပြီး ယောက်ျား လေးတွေက ညာဘက် မှာ ထိုင်ရပါတယ် …
သင်တန်း က ၁၀:၀၀ မှာ စပါတယ် .. နေ့လည် ၁၁:၃၀ -၁၂:၀၀ လောက်မှာ ထမင်းစား နား ပါတယ် .. ထမင်း စား ပြီး လေဘာ ကဒ်လိုတယ် ပြောသံ ကြား လို့ သင်တန်း နဲ့ တစ်မှတ်တိုင်လောက်ဝေး တဲ့ နေရာ လေးမှာ လေဘာ ကဒ် သွား လုပ်ပါတယ် . မှတ်ပုံ တင် မိတ္တူ အပေါ် နားလေး မှာ သွားမဲ့ နိုင်ငံ ရေး ပြီး ထပ်ရပါတယ် ၁၅ မိနစ် လောက် နေတော့ နာမည် ခေါ်ပြီး လေဘာကဒ်ရပါတယ် ..
လေဘာကဒ် က Owic card ထုတ်ရင်လိုပါတယ်
၁:၃၀ မှာ သင်တန်း ပြန်စပါတယ် .. လတ်မှတ် တခါ ထပ်ထိုးရပါတယ် . ၂:၃၀ ၃:၀၀ လောက် မှာ ပြီး ပါတယ် ..
ဒုတိယ ရက်မှာ တော့ ၉:၀၀ လောက်မှ သွား လဲ ရပါတယ် လတ်မှတ် ထိုး ရပါတယ် ၁၀:၀၀ လောက် မှာ လူစစ် ပါတယ် .. ပထမနေ့ က အတိုင်း နေ့လည်ထမင်းစား နား ပြီး ၂:၃၀ ၃:၀၀ လောက်မှာ သင်တန်း ပြီး ပါတယ် .. တယောင်ချင်း သင်တန်း ဆင်းလတ်မှတ် လတ်မှတ်ထိုး ပြီး ထုတ် ပေး ပါတယ်
လတ်မှတ် က ၂ ရက်စာ ၄ နေရာ သေချာ ထိုးဖြစ်အောင် ထိုး ပါ .. ၄ နေရာ ပြည့် မှ လတ်မှတ် ထုတ်ပေးပါတယ် …
သင်တန်း ဆင်း လတ်မှတ်ရရင် သံရုံး visa ဝင် ပြီး သား သူ ( visaရပြီး သား သူ က ) တခါ ထဲ OWIC Card လုပ်ဖို့ ဖောင်တင်လို့ ရပါတယ် ..
visa မရသေး တဲ့ သူ ကတော့ သံရုံး visa ဝင် ဖို့ လိုအပ်ပါတယ် ..

သံရုံး Visa ​ဝင်ရန် အတွက်
********
COE ရပြီ ဆို Visa ​လျှောက်လို့ရပါပြီ။
Visa ​လျှောက်ရန်
(၁) COE မူရင်း/Copy ​(👉ကျောဘက်ပါ​အောင်ကူးပါ မပါရင်အရစ်ခံရပါတယ်👈)
(၂)Visa Form
(၃) Photo 2"x2" ​နောက်ခံအဖြူ or အပြာ ရပါတယ်
(၄) Passport မူရင်း
အခုတော့ CoE မူရင်း မပါလဲ copy နဲ့ ရပါတယ် ..(တချို့ လူတွေ CoE မိတ္တူ) နဲ့လာတင်တာ တွေ့ခဲ့ရပါတယ် ..
Visa လုပ်မယ်ဆို အရင် booking ယူရပါတယ် booking က ၂ရက် ၃ရက်ကြာတက်ပါတယ်
Ph no. 1. 09-5012203
2. 09-250954553
Visa Form ဖြည့်ရင်အချက်အလက်စုံ​အောင်ဖြည့်ပါ မစုံရင် အရစ်ခံရပါတယ်။ Flight Ticket ​နေရာ Arrival Date ​တွေမှာ အဆင်​ပြေရာ ထည့်လို့ရပါတယ် Flight Ticket ကို Google က​နေ ရှာပြီး ဖြည့်လို့ရပါတယ်။ Booking ရတဲ့အချိန်ထက် ၁၅မိနစ်​​လောက်​စောသွားပါ လူစီရတာမို့လို့ပါ။ အထဲကို Electronic ပစ္စည်းဘာမှယူခွင့်မရှိပါဘူး Locker ထဲထည့်ခဲ့ရပါတယ်။ အထဲမဝင်ခင် မှတ်ပုံတင်မူရင်းပြရပါတယ်။ Form တင်ပြီး ၅ရက်​လောက်ကြာရင် ထုတ်လို့ရပါတယ် Form တင်ပြီးတာနဲ့ Visa ထုတ်ရမယ့် အချိန်နဲ့ ရက်​ပြောပြီး စလစ် ​ပေးပါတယ် အဲ့ဒီ စလစ်ပြပြီး ပြန်ထုတ်ရမှာပါ
Visa ​Fees - 42900 mmk
Visa Form ပါ👇👇👇
https://lm.facebook.com/l.php?u=https%3A%2F%2Fwww.mofa.go.jp%2Fj_info%2Fvisit%2Fvisa%2Fpdfs%2Fapplication1.pdf&h=AT3Zl7_lpr7-n1_ht_cPZUl5XBYU6vZiFf6Ne543Ce-6TsuO8XCsO638IWo9g3CrT_VZcFUBXFMY_u5EcwmgNcXaBZ4mx2IYDFUqP_Jo284YT96_mEXa8VR8UKdpBplsbDj6s0ppB3TkE23Vq2Zv
ဖြည့်ပုံ ဖြည့် နည်းလဲ လာမေးလို့ ရပါတယ်

Visa ရော သင်တန်းဆင်း လတ်မှတ်ရော ရပြီ ဆို OWIC Card လုပ်လို့ရပါပြီ

OWIC Cardလုပ်ရန် အတွက် သင်တန်း တက်ခဲ့ တဲ့ မြောက်ဒဂုံ (ပင်လုံခန်းမ) မှာ ပဲ ဖောင်ပြန် သွား တင် ရပါတယ်
(1) Offer Letter (or) Demand Letter Copy
(2) Contract (Contract က ဂျပန်လိုပဲဆို Eng or Mya Notary ပြန်ထားဖို့လိုပါတယ်)
(3) COE copy
(4) Passport copy
(5) ဘွဲ့လက်မှတ်
(6) ပြည်ပအလုပ်အကိုင်လမ်းညွှန် သင်တန်းဆင်းလက်မှတ်
(7) OWIC အ​ပေါ်စာ
(8) Visa Copy
(9) JLPT or Nat-Test ​အောင်လက်မှတ်
ဒါတွေလိုအပ် ပါတယ် ..
တခါထဲ တင်ပြီး ကဒ် ကို တခါထဲ စောင့် ပြီး ထုတ် လို့ ရပါတယ် ..
ထက်ဝေ တို့ တုန်း က သံရုံး မှာ ၂:၃၀ visa ထုတ်ထုတ်ပြီး ချင်း ဖောင်သွား တင်တာ သင်တန်း မရှိတဲ့ ရက် နဲ့ တိုး ပြီး ကံကောင်း ပြီး အကြာကြီး မစောင့်လိုက်ရဘူး .. ၅ ယောက်လောက်ပဲ စောင့် လိုက်ရပြီး ချက်ချင်း ကဒ်တန်း ရလာခဲ့ ပါတယ် ..

OWIC Card ထုတ်ရန်
(1) Smart Card သင်တန်းဆင်းလက်မှတ် Copy
(2) Labour Card မူရင်း
(3) Possport Copy
(4) OWIC Card Form
Card Fees - 7000 လိုအပ်ပါတယ်

ထက်ဝေ လုပ်ခဲ့ တဲ့ လုပ်ငန်းစဉ် ကို အသေးစိတ် သိချင်တယ် ဆိုလဲ လာမေးလို့ ရပါတယ် …
အဓိက မှာချင်တာ က ဘယ်နေရာ သွားသွား မူရင်းတွေ ယူသွား ပါ .. ထပ်ရမယ် ပေးရမယ် ဆို ကော်ပီပေး ပါ .. နောက်ဆုံး owic card ထုတ်ချိန် COE မူရင်း passport မူရင်း ဘွဲ့လတ်မှတ် မူရင်း ကို ပြ ခိုင်း ပါတယ် ကော်ပီ ကို ပေးခဲ့ရပါတယ် မူရင်း မပြ နိုင်ရင် ရစ်ပါတယ် ..

အစစအရာရာ အားလုံး အဆင်ပြေ ကြပါစေ

24/08/2023

COE ရရှိခဲ့ပါပြီ …

ထက်ဝေ မြန်မာ ပြည် ပြန် ရောက်တာ ၂၀၂၀ ခုနှစ် ၁၁ လပိုင်း က ပါ … ဂျပန်ကနေ အပြီး ပြန်လာပြီး မြန်မာ မှာ ပဲ အခြေချ နေထိုင်တော့မယ် စိတ်ကူး နဲ့ အပြီး ပြန်လာခဲ့ တာ ပါ .. ဒါပေမဲ့ အခြေ အနေ တွေက ကိုယ် ထင်သလို ဖြစ်မလာ ခဲ့ ဘူး … ဒါပေမဲ့ လဲ စိတ်ဓာတ်မကျ ပဲ ဘာလုပ်ရမလဲ စဉ်းစား ခဲ့တယ် … ပြန်သွားရင် ကောင်းမလား ဒီမှာ ပဲ နေရင်ကောင်းမလား ဆိူပြီး စဉ်းစားတာ အရမ်း ကြာ သွားတယ် … ၂၀၂၂ ခုနှစ် ၆ လပိုင်း လောက်မှာ ပြန်သွား မယ် လို့ ဆုံးဖြတ် ချက် ချပြီး … ပြန်သွားဖို့ စလုပ် ခဲ့ တယ် .. ၈ လပိုင်း မှာ ဂျပန်က အသိဆရာ တယောက် နဲ့ work visa ပြန်လျှောက် ဖို့ လုပ်ခဲ့တယ် .. COE တင်ခဲ့တယ် .. visa ရဖိူ့ လျှောက်တာ ၆ လလောက် ကြာမယ် လို့ မှန်း ထား ပြီး သား ပါ .. ဒါပေမဲ့ … COE တင်ပြီး ၈ လအထိ ဘာမှ စာမလာသတင်း မကြားနဲ့ .. စိတ်ဓာတ်တွေလဲ ကျ လို့ ပေါ့ …. နောက်ဆုံး result ထွက်လာ တော့ reject တဲ့ … အရမ်း ကို စိတ်ဓာတ်ကျခဲ့ရတယ် … ဒီမှာ လဲ အဆင်မပြေ .. ပြန်သွားဖိူ့ လဲ အဆင်မပြေ နဲ့ အရမ်း ကို လမ်း ပျောက် ခဲ့ ရတယ် … ဘာလုပ် လို့ ဘာကိုင် ရမှန်း မသိတော့ ဘူး ဖြစ် သွား ခဲ့ တယ် … ဒီလိုနဲ့ နေလာ ရင် ထက်ဝေ အမေက work visa နဲ့ ပြန်လျှောက်ဖို့ Facebook မှာ ဆရာ တယောက်ကို တွေ့တယ် လျှောက်ကြည့် မလား ဆိုလို့ .. အားမလျော့ ပဲ ဆရာ့ ဆီ သွား ပြီး .. လျှောက် ခဲ့ တယ် … ဂျပန်က လဲ ကျောင်း ပြီး လို့ ဘွဲ့ ရလာ တယ် .. N-2 လဲ အောင် ထားတယ် ဆိုတော့ ဆရာ က ရနိုင်ပါတယ် .. အားမလျော့ ပါနဲ့ ဆိုပြီး အားပေးတယ် .. ဆရာဆီ အပ်ပြီး ၁ လလောက်နေတော့ အင်တာဗျူး ရှိတယ် .. သမီးရေ ဝင်ကြည့် မလား ဆိုလို့ .. ဝင် ကြည့် လိုက်တယ် .. ပထမ တခေါက်က ဆရာ နဲ့ အင်တာဗျူး ရတယ် …ဆရာ က စေတနာ ပါပါ နဲ့ သေချာ လေ့ကျင့်ပေးတယ် သင်ပြပေးတယ် ဆရာ က လိုအပ်တာ တွေ အကုန် ပြော ပြပေးတယ် … နောက်ဒုတိယ တခေါက်က ဂျပန်ဘက်က တာဝန်ခံ ဆရာမကြီး နဲ့ ဆရာ နဲ့ တူတူ လုပ်ရတယ် … အင်တာဗျူး လေ့ ကျင့် တာ ကို ၇ ကြိမ်လောက် လုပ် ခဲ့ ရတယ် .. အလွဲလွဲ အမှားမှားတွေ နဲ့ … ဖြေလိုက် မှားလိုက် ပြင်လိုက် နဲ့ တလလုံး လေ့ကျင့် ခဲ့ရတယ် … ၆ လပိုင်းမှာ တကယ့် အင်တာဗျူး ဝင်ရတော့ ဘယ်လောက်ပဲ လေ့ကျင့် ထားပါစေ အင်တာဗျူး stress ဆိုတာ ရှိတော့ .. အကောင်းဆုံး လုပ်ခဲ့ ပေမဲ့ .. အားမရခဲ့ ဘူး … အောင်မှ အောင်ပါ့ မလား ပထမတခေါက်ကလို reject ဖြစ်အုံးမှာ လား ဆိုပြီး စိုး ရိမ်စိတ် တွေနဲ့ ည တောင် အိပ်မပျော် ခဲ့ ဘူး … အင်တာဗျူး result လဲ သိရရော အောင်တယ် ဆိုလို့ … အတိုင်း မသိ ဝမ်းသာ ရတယ် .. ပထမဆုံး အဆင့်တော့ အောင်သွား ပြီ .. နောက်အဆင့်တွေ ကြိုးစား ရအုံး မယ် ဆိုပြီး အားတက် လာတယ် … COE လျှောက်ဖို့ စာရွက်စာတမ်း ပြင်ဆင်ရတယ် … ပထမ တခါ reject ထိ ထားတော့။ 理由書 ရေး ရတယ် … ပထမတခေါက် တင်ထားတာနဲ့ လွဲ လို့ မရဘူး ဆိုတော့ မနဲ သတိ ထား ပြီး CV form ရေးတာက အစ .. သတိထားရတယ် … ၇ လပိုင်း ၁၀ ရက်နေ့ မှာ .. စာရွက်စာတမ်း ဒီဘက် မြန်မာဘက်ကရော ဂျပန်ဘက်က ပါ စစ်ဆေး ပြီး Ok ပြီ ဆိုတာနဲ့ COE တင်လိုက် တော့တယ် … အရင်လို ပဲ ၆ လလောက် ကြာအုံး မှာ လို့ တွေးထားပေမဲ့ ၈ လပိုင်း ၂၀ မှာ COE ရခဲ့ တယ် .. ပျော်လွန်း လို့ .. ထခုန် မိမတတ်ပဲ… ကိုယ် ကြိုး စား ခဲ့ တာ ကိုယ်သိ လို့ ကိုယ့် ကိုကိုယ် လဲ ဂုဏ်ယူတယ် … ကိုယ့် ကြိုးစားမှု ရလဒ်လေး အရာထင်လာလို့ လဲ အတိုင်း မသိဝမ်းသာ ရတယ် … ကိုယ့် အိမ်မက်တွေ အတွက် ရောင်နီ သန်းလာ ခဲ့ ပြီ ….

ပြောချင်တာက … ဂျပန်ကို သွား ဖို့ ကြိုးစားနေတဲ့ ကလေးတွေ .. အားမလျော့ဖို့ moti လေး လာပေးတာ ပါ … ငါသေချာပေါက် သွား ကိုသွားနိုင်ရမယ် သွားဖို့ ကြိုးစား ရမယ် ( ကိုယ်ကိုကိုယ် တိုင် ကြိုးစားဖို့ လဲ လိုသေးတာမို့ ) အားမလျော့ပဲ ကြိုးစား ကြပါ …

မကြိုးစားပဲ နဲ့ တော့ သွားချင်တယ် သွားချင်တယ် အော် နေလို့ မရပါဘူးနော် …

နောက်ပိုင်း ကျရင် မြန်မာ မှာတွေ့ခဲ့ ရတဲ့ အခက်အခဲ နဲ့ အင်တာဗျူး အတွက် စေတနာ ပါပါလေး သေချာ လေ့ကျင့် ပေးတဲ့ ဆရာ အကြောင်း ကို လဲ ရေး ပေး ပါအုံးမယ်

20/02/2023

၂၀.၂.၂၀၂၃ နေ့လည်ပိုင်း ၁:၅၃ မိနစ်

ဂျပန်က ကျောင်း(၃)ကျောင်း
Numazu က ကျောင်း မှာ (၅) ယောက်
Nagoya က ကျောင်းမှာ (၄) ယောက်
Tokyo(Asakusa) ကျောင်း မှာ (၈)ယောက်
ကိုယ် လျှောက်ပေး ထားတဲ့ ကလေး (၁၇)ယောက် မှာ မနက်တုန်း က
Numazu ကျောင်းက ကလေး (၅) ယောက် တော့ COE သိရပြီ .. (၅)ယောက်လုံး အောင်တယ် ..

ခု နေ့လည် ပိုင်း ၁:၅၁ မိနစ်မှာ Nagoya ကျောင်း (၄) ယောက်မှာ (၃)ယောက် ထပ်အောင်ပါတယ် ..

စာရွက်စာတမ်း ပြင်ဆင်ရတဲ့ အပိုင်း က ၇၀%
ဂျပန် လူဝင်မှု ကြီးကြပ်ရေး က ၃၀%

စာရွက်စာတမ်းအပိုင်း ၇၀% ကို အာမခံ ပြီး လုပ်ပေးခဲ့တယ်
၃၀% ကတော့ ဂျပန်က လုပ်တာ မို့ ကံတရား

みんなさん COE 合格 おめでとうございました。 🙇🏻‍♀️🙇🏻‍♀️🙇🏻‍♀️

ဆက်လက်ကြိုးစား သွား ပါအုံးမည် .

ကျန်တဲ့ ကျောင်း တွေ အတွက် ဆက်လက်ရင်ခုန် နေပါအုံး မယ် ….

20/02/2023

ဂျပန်က ကျောင်း(၃)ကျောင်း
Numazu က ကျောင်း မှာ (၅) ယောက်
Nagoya က ကျောင်းမှာ (၄) ယောက်
Tokyo(Asakusa) ကျောင်း မှာ (၈)ယောက်
ကိုယ် လျှောက်ပေး ထားတဲ့ ကလေး (၁၇)ယောက် မှာ
Numazu ကျောင်းက ကလေး (၅) ယောက် တော့ COE သိရပြီ .. (၅)ယောက်လုံး အောင်တယ် .. စာရွက်စာတမ်း ပြင်ဆင်ရတဲ့ အပိုင်း က ၇၀%
ဂျပန် လူဝင်မှု ကြီးကြပ်ရေး က ၃၀%

စာရွက်စာတမ်းအပိုင်း ၇၀% ကို အာမခံ ပြီး လုပ်ပေးခဲ့တယ်
၃၀% ကတော့ ဂျပန်က လုပ်တာ မို့ ကံတရား
ခုတော့ ခု ကလေး ၅ ယောက်လုံး သွား ကို သွား ရမဲ့ ကံ ပါလာလို့ … COE အောင်သွား ကြတာ ပါ

みんなさん COE 合格 おめでとうございました。 🙇🏻‍♀️🙇🏻‍♀️🙇🏻‍♀️

စအပ်ပါပြီ ဆိုကတည်း က ကျောင်း အင်တာဗျူး က အစ … လိုအပ်တဲ့ စာရွက်စာတမ်း အလယ် … စာရွက်စာတမ်း စစ်ပြီး DHL ပို့တဲ့ အထိ အဆုံး … ကိုယ့် ခြေကိုယ့်လက် နဲ့ .. လုပ်ကိုင်ခွင့် ပေးတဲ့ MD , မထက်ရဲ့ ဦး ဆောင်မှု နောက်က နေ ရန်ဖြစ်လိုက် ပြန် ချစ်လိုက် နဲ့ လိုက်ပါခဲ့ ကြ သော … ကျောင်း ကာလ ပင်ပင်ပန်းပန်း နဲ့ ရုံး မှာ ည၁၀:၀၀ လောက် ထိ လဲ မပြန် ပဲ မညိုမညင် လုပ်ပေး ကြသော ရုံး က ကလေး များ … အားလုံး အားလုံး ကျေးဇူး အထူး တင်ပါတယ် …

ဆက်လက်ကြိုးစား သွား ပါအုံးမည် .

ကျန်တဲ့ ကျောင်း တွေ အတွက် ဆက်လက်ရင်ခုန် နေပါအုံး မယ် ….

29/12/2022

ထက်ဝေ၏ ဂျပန်အတွေ့အကြုံ အပိုင်း (၁၃)

——————————————————————-

ဒီလိုနဲ့ နေလာရင် .. ဂျပန်နေထိုင်မှု ဘဝ ထဲ မှာ မဆိုစလောက်လေး အံဝင်ခွင်ကျ လေး ဖြစ် လာပါတယ် .. စကား ပြောလဲ နဲနဲ လေး ရလာသလို ခံ စား ရပါတယ် .. ပျော်လာတယ်ပေါ့ ( ဂျပန်စရောက်ကတည်း က ပျော်နေတာ😁😁) ဒီလို နဲ့ စီနီယာ အကို တယောက်က ညဘက် အလုပ် လုပ်မလား မေး လာတယ် .. ညဘက် မအိပ် ပဲ လုပ်ရတဲ့ အလုပ် .. က လစာ လဲ ပို ရသလို ပိုလဲ ပင်ပန်းတယ် .. ရက်အပြည့် တော့ မရဘူး စစချင်း ၃ ရက်တော့ ရတယ် ဆိုလို့ .. လုပ်ကြည့် ဖို့ ဆုံးဖြတ် လိုက်တယ် … ကျောင်း က ဆရာမတွေကို ကားစက်ရုံ အလုပ် နဲ့ ပိုက်ဆံ မလောက်လို့ ညအလုပ် ၃ ရက်လောက် လုပ်လို့ ရမလား မေးတော့ (အမှန်ဆို မေးစရာ မလိုပါဘူး ကိုယ်ဒေ လဲ စစရောက်ချင်း မသိတော့ အတန်းပိုင်ကို သွားမေးမိတာ) ဆရာမ က ကျောင်း မှာ အိပ်မငိုက် စေနဲ့ စာမေးပွဲ မကျစေနဲ့ ကျောင်းမပျက် စေနဲ့ အဲ့ အချက်တွေ လိုက် နာနိုင်ရင် လုပ် တဲ့ … ကျောင်း က သိထားတာ အလုပ် တခု ပဲ ရှိသေးတာ လို့ ပဲ သိထားတာ ကိုး .. ဆရာမ ဆီက ခွင့်ပြုချက်လဲ ရပြီ ဆို တော့ စီနီယာ အကို ကြီး ကျေးဇူး နဲ့ ညအလုပ် ထမင်းဘူး စက်ရုံ မှာ အင်တာဗျူး သွား ဖြေ တယ် .. ၁၁ လပိုင်း လောက် ဖြစ်မယ် ထင်တယ် .. သေချာတော့ မမှတ်မိ တော့ဘူး .. ဆောင်းတွင်း ကြီး ချမ်းချမ်း စီးစီး နဲ့ ည ၁၁:၃၀ လောက်ကြီး အဲ့ စီနီယာ အကိုကြီး နဲ့ လိုက်သွား ရတာ … အလုပ်က အိမ်နဲ့ က မိနစ် ၂၀ ပဲ စက်ဘီး နင်းရတယ် ထက်ဝေက ဆောင်းတွင်း ဆိုလက်တွေ ကွဲ တတ် တော့ အင်တာဗျူး သွား ဖြေ တဲ့ ညက လက်တွေ ကွဲ နေတာ .. အစားအသောက် စက်ရုံ ဆိုတော့ စက်ရုံ ထဲ ကို စဝင်ရပြီ ဆိုရင် ပဲ အဝ မှာ လက်မှာ အနာရှိမရှိစစ်တယ် .. လက်ကို အရက် ပြန် ဖြန်း တယ် … လက်တွေ ခြောက်ပြီး ကွဲ တာနဲ့ အရက်ပြန် နဲ့ တွေ့ တော့တာပဲ စပ်တာ မျက်ရည်တောင်ဝဲ တယ် .. ( စီနီယာ အကိုက လဲ လက်မှာ ဘာအနာရှိရှိ အရက်ပြန်ဖြန်းလိမ့်မယ် ပြုံးပြုံးလေး နော် ) လို့ မှာ ထား လို့ စပ်ပေမဲ့ လဲ ပြုံး ပြုံး လေး ပေါ့ … ☺️☺️ ပြီး တော့ အထဲ ဝင်တယ် … အထဲ မှာ အင်တာ ဗျူး ဖြေ ပြီး တော့ အလုပ် တော့ ခန့် လိုက်ပြီ .. ဝမ်းစစ် ရမယ် တဲ့ .. ကိုယ် လဲ တခါ မှ မလူပ် ဖူးတော့ ဘာလဲ ပေါ့ .. သူက အထုတ်လေး တထုတ် ပေး တယ် .. ကိုယ် ဝမ်းသွား ပြီး အဲ့ ဝမ်း ကို အထုတ်ထဲ က အတန်လေး နဲ့ နဲနဲ လောက်ယူ ပြီး ထည့်ပေး ပြီး စစ်ရုံ ပဲ တဲ့ သင်ပေး တယ် .. ဒါက အစားအသောက် စက်ရုံ တိုင်း စစ် ကြ တာပါ… စားသောက်ကုန် နဲ့ သွားမဲ့ သူတွေ ကြုံ ရမှာ ပါနော် .. ဝမ်းရောဂါ ရှိမရှိ ကို တလတခါ စစ် ရတယ် .. အဲ့ ဒါ သင် ပြပေး ပြီးတော့ နောက်နေ့လာပေး ပါ တဲ့ အဲ့ ဒါစစ်ပြီး ဝမ်း ရောဂါ မရှိမှ အလုပ်စဆင်းလို့ ရမယ် တဲ့ .. အဲ့ဒါနဲ့ အိမ် ပြန်ပြီး အဲ့ ကိစ္စ လုပ်ပြီး နောက်နေ့ စက်ရုံ ကို ပြန်သွားပေး ပြီး ဝမ်းရော ဂါ ရှိမရှိ အဖြေ ကို စောင့် ရတယ် တပတ်လောက်နေတော့ ဖုန်းဆက်လာပြီး အလုပ်စဆင်း လို့ ရဘီ ဆိုပြီး ပြောတယ် .. ၁နာရီ ယန်း ၁၅၀၀ ရမှာလေ ပျော်တာပေါ့ .. တပတ် ၃ ရက်တော့ အပင်ပန်း ခံ ရမယ် ဆိုပြီး .. ကိုယ်ဝင် နိုင် တဲ့ တနလ်ာ နေ့ ဗုဒ္ဓဟူး သော ကြာ တရက်ခြား စီ ဝင်မယ် ဆိုပြီး စာရင်းပေးလိုက်တယ် .. အလုပ်ချိန်က ည ၁၂:၀၀ ကနေ မနက် ၆:၀၀ ထိ အလုပ် ၃ ခု နဲ့ တိုင်စပတ်တော့တာ ပဲ 😁😁 တနလ်ာ နေ့ မနက် ကား စက်ရုံ ၈:၀၀-၁၂:၀၀ ၊ ပြီးတော့ ကျောင်း တက် ၁၂:၅၀-၄:၄၀ ထိ ၊ ပြီးရင် အိမ်ပြန် နား .. ည ၁၂:၀၀-၆:၀၀ ထိ ပြီး ရင် အိမ်ပြန်ရောက်ရင် ထမင်းဟင်းချက် ထမင်းဘူး ပြင် ရေမိုးချိုး မနက်အလုပ်ဆက် ပြီးရင်ကျောင်း ကျောင်း ပြီး မှ အိပ်ရတယ် .. အဂ်ါ ကြာသာပတေး စနေ ကတော့ မအိပ်ပဲ တောက်လျှောက် run .. လကုန်ရင် ရတဲ့ ပိုက်ဆံတွေကြည့် ပြီး ပျော် .. 😁 အဲ့လို ဘဝ ဖြစ်ခဲ့တာ ပါ …
ထမင်းဘူး စက်ရုံ ည ၁၂:၀၀ ကနေမနက် ၆:၀၀ ထိ ဆင်းရ တဲ့ အလုပ်က ဂျပန် အဖွား ကြီး တွေက လဲ အပေါက် ဆိုးမှ ဆိုး … ကိုယ့် အဖွား အရွယ် မို့လို့ .. သက်ညှာ ပြီး ချိုချို သာသာ အောက်က နေ ယဉ်ယဉ်ကျေးကျေး ပြောလို့ မရဘူး .. သူတို့ က ကြီး ဟောက်တာ … ထက်ဝေ ထမင်းဘူး စက်ရုံ ကို ဝင် ခါစ က ဂျပန်ရောက်ပြီး ၆ လလောက်ပဲ ရှိသေးတယ် .. ဂျပန်စကားလဲ အဲ့လောက်မကျွမ်းသေးဘူး .. ထမင်းဘူး စက်ရုံ ရဲ့ ဂျပန်ဟင်း တွေရဲ့ အခေါ် အဝေါ်တွေ လဲ မသိဘူး .. တခါသုံး ဘူး ကို ဘယ် လိူခေါ်လဲ .. ထမင်းဘူး အဖုံး ကို ဘယ်လိုခေါ်လဲ .. ထမင်းဘူး လိုင်း ၅ လိုင်း ရှိတာ .. ဘယ်လိုင်း က ဘာပြီး ရင် ဘာလုပ်မလဲ ဆိုတာ တွေ ဘာဆိုဘာမှ မသိဘူး .. အဖွား ကြီးတွေက လဲ တခါ ပြောပြတယ် .. နောက်တခါ ကျ မသိလို့ သွားမေး ရင် အော်လွှတ်တယ် .. နင်တို့ နိုင်ငံ ခြား သားတွေ အလုပ်ကျ မလုပ် ချင် ဘူး .. သေချာမမှတ်ဘူး … ဒီလိုဆို အိုး ပဲ သွားဆေး ဆိုပြီး အသား တွေ ထည့်ထားတဲ့ ဗန်း ကြီး ကို ခြေထောက်နဲ့ ပစ်ကန်ပြီး သွားဆေး ခိုင်းတာမျိုး တွေ ကြုံ ဖူးတယ် … အဲ့ အလုပ် စစ ဝင်ချင်း တုန်းကတော့ .. တခါမှ အဲ့လို နင့်နင့်သီးသီး အပြော မခံ ရဖူးတော့ … ဝမ်းနဲ တယ် … ပြန်လဲ ပြောချင်တယ် .. ပြန်ပြောဖို့ ကလဲ ဂျပန်စကား က မထွက်လာဘူး .. သူတို့ ပြောတာတွေ အကုန် နားလည် တယ် .. ပြန်မပြောတတ်တာ .. ပြန်မပြော ရလို့ တနုံ့နုံ့ နဲ့ ဒေါသတွေ ဒေါသတွေဖြစ် ပြီး မျက်ရည်ဘူး သီး လုံး လောက်ကျ .. ပြီး အိမ်ပြန်လာ .. အလုပ်မှာမပျော်တော့ဘူး ဖြစ်လာတယ် .. အလုပ်က လဲ မထွက် နိုင် .. လစာ က ကောင်းတာကိုး .. အိမ်ပြန်ရောက်ရင် အိမ်ကို ဖုန်း ဆက်ပြီး ငို .. ဝင်ခါ စ က တော် တော်လေး စိတ်ဆင်းရဲ ခဲ့ ရတာ … အဲ့ အလုပ် ဝင်ရမဲ့ နေ့ .. ည ၁၂:၀၀ ဆို အလုပ် က ဝင်ရတော့ မယ် ၁၁:၀၀ ထိုး လောက် ထိ အဲ့အလုပ်ကြီးမသွားချင်ဘူး ဆိုပြီး အိမ် နဲ့ ဖုန်း ဆက်ပြီး ငိုနေတုန်း … အမေက သမီးလေး ရယ် မလုပ်ချင်လဲ ထွက်လိုက်ပါ တခြား အလုပ်ရှာ ပေါ့ နဲ့ ပြော .. ခဏနေတော့ သူများတွေတောင် လုပ်နိုင်သေးတာ သမီးက ဘာလို့ မလုပ် နိုင်ရမှာလဲ ဆိုပြီး .. ၁၁:၃၀ ကျထပြီး အလုပ်သွား ခဲ့ ရတာပဲ .. အလုပ် ဝင် ပြီး ၃ လလောက် မှ အသားကျသွား တာ .. အသားလဲ ကျသွားရော .. ထမင်းဘူး လိုင်း ၅ လိုင်း မှာ ရှိတဲ့ .. ခေါင်း ဆောင်တွေ က အလုပ်လုပ်တာ မြန် လို့ ဆိုပြီး သဘော ကျ သွား ရော .. ထက်ဝေက လက် က ဘယ်ရော ညာ ရော သုံး တတ်တာကိုး .. လက်မြန် တယ် .. ဘာပြီးရင် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစား ပြီး တခု မပြီးသေးဘူး နောက်တခု ကို စဖို့ လုပ်နေပြီ .. ခေါင်းဆောင်တွေစကား လဲ ၂ ခါ ပြော စရာ မလိုဘူး .. ဆိုတော့ ခေါင်းဆောင်တွေက သဘောကျ တယ် .. ဘယ်ရမလဲ အဖွားကြီးတွေကို ပြန်ဟောက် တာပေါ့… အစကတော့ သိပ်မပြောရဲဘူး ခေါင်းဆောင်တွေက လဲ ပစားပေးလာပြီ .. အလုပ်လဲ လုပ်တတ်လာပြီ အဖွားကြီးဒေ လာအော်ရင် သူအော် ကိုယ် အော်ပဲ သူတခွန်း ကိုယ် တခွန်းပဲ အစကနိုင်ငံ ခြား သား ဆို တပတ်ကို ၃ ရက် အချိန် က ၁၂:၀၀-၆:၀၀ ပဲ ပေးတာ နောက်ပိုင်းကျ ထက်ဝေကိူ ၅ ရက်ပေး တယ် .. ၁၀:၀၀ ကနေ ၇:၀၀ လောက် ထိ နားချိန် ၁:၀၀ နဲ့ အချိန်တွေ ပို ပေးတယ် .. ရက်မှန်တယ် .. အချိန် တိ ကျ တယ် .. ကြီးကြီး မားမား ဖျားတဲ့ နာတဲ့ အချိန်နဲ့ ကျောင်းမှာ စာမေးပွဲ ရှိတဲ့ အချိန် က လွဲ လို့ .. ခွင့် မယူဖူးဘူး … ဒါကြောင့် အချိန်ပိုင်း အလုပ်သမား ကို ဘောနပ်ပေးတာ မကြားဖူးဘူး ဒါပေမဲ့ ထက်ဝေကို ၆ လတခါ ဘောနပ်ပေး တယ် .. တခါပေး ရင် ယန်း ၃၅၀၀၀ ၄၅၀၀၀ အများ ကြီးတော့ မဟုတ်ပေမဲ့ အဲ့ ယန်း ၃၅၀၀၀ ၄၅၀၀၀ လောက်နဲ့ လိုချင်တာလေး တွေ ဝယ်လို့ ရခဲ့ တယ် တခါတလေ လဲ အိမ်ပြန်ပို့ ခဲ့တယ် … အဲ့ အလုပ် မှာ ထက်ဝေ ၂၀၁၂ ကနေ ၂၀၁၆ ထိ ၄နှစ် လုပ် ခဲ့ ပါတယ် ၂၀၁၆ မှာ . ထက်ဝေ က မြန်မာ ပြည် ကို အလည် ၁ လပြန် တော့ .. အဲ့ဒီ ထမင်းဘူး စက်ရုံ က စည်းကမ်း တင်းကြပ်တော့ … နိုင်ငံ ခြား ထွက်ပြီး ရင် ပြန်ဝင်လို့ မရဘူး .. ဝမ်းရောဂါတွေပါလာမှာစိုးလို့တဲ့ .. တလ လဲ ခွင့် မပေး ဘူး .. ဆိုတော့ မတတ်နိုင် တဲ့ အဆုံး ထွက်စာတင်ပြီး ထွက်ခဲ့ ရပါတယ် … .. တခြား အတွေ့ အကြုံ လေး တွေ နောက် အပိုင်း မှာ ဆက်မယ် နော်…

ဒီအပိုင်းလေး မှာ ပြော ချင်တာ ကတော့ .. ဘယ်လောက်ပဲ သေချင်လောက်အောင် မလုပ်ချင် တဲ့ အလုပ်ပဲ ဖြစ်နေပါစေ … အား မလျော့ ပဲ ဇွဲ ရှိရှိ နဲ့ အဆုံး ထိ သည်း ခံ ပြီး အောင်မြင်အောင်လုပ်ဖို့ ရယ် … ဂျပန် မှာ က အချိန်တိကျ ဖို့ စည်း ကမ်းလိုက် နာဖို့ ရယ်က ပြော စရာ မလို ဘူး လို့ ထင်ပါတယ် . ကိုယ်လုပ်တဒ့ အလုပ်ပေါ် သစ္စာ ရှိရှိ နဲ့ .. ကိုယ့် အလုပ်လို သဘောထား ပြီး .. ကြိုးစား ဖို့ ရယ် ပြောချင်ပါတယ် ….

皆さんも どんなに 苦しくても 難しくても 最後まで 諦めずに 頑張ってくださいね。
ပုံလေး ကတော့ ထက်ဝေ တို့ နေခဲ့ တဲ့ အဆောင် ရှေ့ မှာ ထက်ဝေ စက်ဘီး လေး နဲ့ ရိုက် ထားတာလေး ဖြစ်ပါတယ်

みんなありがとうございました。🙇🏻‍♀️🙇🏻‍♀️


အပိုင်း ၁
https://m.facebook.com/story.php?story_fbid=107218298374659&id=106784895084666

အပိုင်း ၂
https://m.facebook.com/story.php?story_fbid=108215784941577&id=106784895084666

အပိုင်း ၃
https://www.facebook.com/106784895084666/posts/109205674842588/

အပိုင်း ၄
https://m.facebook.com/story.php?story_fbid=110027588093730&id=106784895084666

အပိုင်း ၅
https://www.facebook.com/106784895084666/posts/110813068015182/

အပိုင်း ၆
https://www.facebook.com/106784895084666/posts/111173327979156/

အပိုင်း ၇
https://www.facebook.com/106784895084666/posts/111497344613421/

အပိုင်း ၈
https://www.facebook.com/106784895084666/posts/111809094582246/

အပိုင်း ၉
https://www.facebook.com/106784895084666/posts/112474217849067/?d=n

အပိုင်း ၁၀
https://www.facebook.com/106784895084666/posts/113175464445609/?d=n

အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=114383397658149&id=106784895084666&mibextid=qC1gEa

အပိုင်း ၁၂

https://m.facebook.com/story.php?story_fbid=196542132898616&id=100076284912972&mibextid=qC1gEa

28/12/2022

ဂျပန်ရောက်ရင် ဘယ်အခွန်တွေ ဆောင်ရမလဲ..??
————————————————————————-

ထက်ဝေ နားလည်သလောက် အခွန်တွေနဲ့ ပက်သက် ပြီး ပြော ပြ ပေး ပါ့ မယ် … ဂျပန်ကို ရောက်ပြီ ဆို ..မဖြစ်မနေ နိုင်ငံ ခြား သား ရော ဂျပန် လူမျိုး ပါ မကျန် ဆောင်ကို ဆောင်ရမဲ့ အခွန် တွေ ရှိပါတယ် .. အဲ့ဒါတွေက တော့ ဝင်ငွေခွန် ၊ နေထိုင်ခွန် နဲ့ စားသောက်ခွန် ပါ ။
ဝင်ငွေခွန်
ဂျပန်လူမျိုးများရော နိုင်ငံခြားသားများပါ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပြီး လစာရရှိပါက “ဝင်ငွေခွန်” ကို ပေးဆောင်ရတာ မျိုး ဖြစ်ပါတယ် ဝင်ငွေခွန်သည် နိုင်ငံအတွက် ပေးဆောင်ရသော အခွန်ပါ ။ဝင်ငွေကို အခွန်နှုန်းဖြင့် မြှောက်ခြင်းဖြင့် ဝင်ငွေခွန်ပမာဏကို တွက်ချက်ပါတယ် ။ ဝင်ငွေ မြင့်မားလေ အခွန်နှုန်း မြင့်မားလေဖြစ်ပါတယ် ။ ဝင်ငွေခွန်ကို လစာထဲက ဖြတ် တာ မျိုး လဲ ရှိ သလို လစာ ထဲ က မဖြတ်ပဲ .. မိမိဘာသာ မိမိ သွားဆောင်ရ တာမျိုး လဲ ရှိတတ် ပါတယ် .. များသောအားဖြင့် ကတော့ လစာ ထဲ မှ ဖြတ်တာ များ ပါတယ် ။ လစာ ထဲ မှ မဖြတ်ဘူး ဝင်ငွေ မလျော့ ဘူးဆိုပြီး ပျော် မနေကြ ပါနဲ့ … သိတတ် နားလည်သူများ ကို မေးပြီး ဆောင်တာ အန္တရာယ် ကင်းပါတယ် .. ဝင်ငွေခွန် ဆောင်ကို ဆောင်ရမှာ မို့လို့ အခွန်ရှောင်လို့ မရပါဘူး …
နေထိုင်ခွန်
မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာသို့ ပေးဆောင်ရသောအခွန်နှင့် ခရိုင်သို့ ပေးဆောင်ရသောအခွန် 2 ခုကို စုပေါင်း၍ နေထိုင်ခွန်ဟုခေါ်ပါတယ် ။နေထိုင်ခွန်ကို ယခင်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဝင်ငွေအပေါ် စည်းကြပ်ကောက်ခံပြီး၊ ထိုနှစ် ဇွန်လမှ နောက်နှစ်၏ မေလအထိ လစာထဲမှ လစဉ် နုတ်ယူမည်တာမျိုး ဖြစ်ပါတယ် ။ ဂျပန်နိုင်ငံတွင် အလုပ်စတင်လုပ်ကိုင်သော နိုင်ငံခြားသားများ မည်သူမဆို 1 နှစ်မြောက်တွင် ဝင်ငွေခွန်ကိုသာ နုတ်ယူပြီး၊ 2 နှစ်မြောက် ဇွန်လမှစ၍ ဝင်ငွေခွန်နှင့် နေထိုင်ခွန်ကို နှုတ်ယူတာမျိုး ဖြစ်ပါတယ် ။ �ဂျပန်နိုင်ငံတွင် မိသားစုမရှိဘဲ အရင် နှစ် ရဲ့ တစ်နှစ်ဝင်ငွေသည် ယန်း ၁ သန်း ထက်နည်းပါက နေထိုင်ခွန်ကို မဆောင်ရတာ မျိုးလဲ ရှိပါတယ်
စားသုံးခွန်
စားသုံးခွန်သည် ကုန်ပစ္စည်းဝယ်ယူသည့်အခါနှင့် ဝန်ဆောင်မှု လက်ခံရရှိသည့်အခါ စျေးနှုန်းနှင့်အတူတကွ ပေးဆောင်ရသောအခွန်ဖြစ်ပါတယ် ။စားသုံးခွန်ရဲ့ အခွန်နှုန်းမှာ 10% ဖြစ်ပါတယ် ။ (ဥပမာ - ၁၀၀ တန် ပစ္စည်း ဝယ်ရင် ၁၁၀ ပေး ရတာမျိုး ပါ ထက်ဝေ တို့ စစရောက်ချင်း၂၀၁၂ တုန်း က ၈% ပဲ ပေး ရပါတယ် ၁၀၀ တန် ဝယ်ရင် ၁၀၈ ယန်း ပေး ရတာ ပါ) သော။စားသောက်ကုန်များ (အရက်ယမကာများ မပါဝင်ဘူးလို့ အကြမ်း ဖျင်းသိရပါတယ်) ဆေးလိပ်ဘူး ဝယ်ရင် ၅၄၀ယန်း တန် ဆို ၅၄၀ ယန်း ပဲ ပေးရတာ မျိုး ပါ .. ၂၀၂၀ မှာ ကိုဗစ်ကြောင့် ကို ယ့် အိမ် ကို ဝယ်ယူရင် စားသုံးခွန်နှုန်းမှာ 8% လို့ ပြော ပါတယ် … အဲ့တုန်း က “အခွန်နှုန်းလျှော့ချခြင်း” ဆို ပြီး ဆိုင် တွေ မှာ အိမ်ပြန်သယ် မှာ လား ဆိုင် မှာ စား မှာ လား ဆိုပြီး မေးတာ တွေ ကြုံ ဖူး ပါတယ် .. ဆိုင်အပြင်ဘက်တွင် စားသောက်ပါက အခွန်နှုန်းလျှော့ချခြင်းဖြင့် ကောက်ခံပြီး၊ ဆိုင်အတွင်းတွင် စားသောက်ပါက 10% လို့ ပြောကြတာမျိုး ကြုံဖူးပါတယ် ။
ထက်ဝေ တို့တော့ သတိ မထား မိပဲ သူတို့ ကောက်သလောက် ပဲ ပေးလိုက် တာများ ပါတယ် ..

ကျောင်းသားတွေ ကတော့ များသော အားဖြင့် ဒီ အခွန် ၃ ခု ကတော့ ရှောင် လို့ မရပါဘူး .. training သမားတွေနဲ့ ကျွမ်းကျင်လုပ်သားတွေကတော့ ပင်စင်ခွန် ပြန်ထုတ် လို့ ရတယ် လို့ သိရပါတယ် … တခြား ကျန်းမာရေး အာမခံ အခွန် .. ကား အာမခံအခွန် … လူ အာမခံ အခွန် .. ပင်စင်ခွန် စတဲ့ အခွန် များ စွာ လဲ ရှိပါ တယ် … ရောက်သွား ပြီ ဆိုရင်တော့ ဆောင်ကို ဆောင်ရမဲ့ အခွန်တွေ ကတော့ ဆောင်လိုက်တာ ကောင်းပါတယ် … အခွန်ရှောင် တာ မျိုး လုပ်ရင်် .. ရေရှည် အတွက် မကောင်း ပါဘူး ရေရှည်နေဖို့ ကိုယ့် နာမည် ပျက် မရှိဖို့ ဆိုရင်တော့ သူတို့ နိုင်ငံ ရဲ့ စည်း ကမ်း ကို လိုက်နာ ဖို့ လိုအပ်တယ် ..

ဂျပန်နိုင်ငံရဲ့ အခွန်များအကြောင်း ပိုသိချင်ရင်တော့ အောက်က လင့်ခ်ထဲ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီhttps://www.moj.go.jp/isa/content/930005839.pdf

ありがとうございました。

Photos from HTET WAI Japanese Knowledge Sharing's post 25/12/2022

ဂျပန်မှာထီပေါက်ရင်ဘယ်လောက်ရနိုင်လဲ

------------------------------------------------------------------

လူတိုင်း စိတ်ဝင်စား နေကြ တဲ့ ဂျပန်ထီ(宝くじ)အကြောင်းလေးထက်ဝေ သိသလောက် လေး ပြော ပြ မယ်နော် …

ထက်ဝေ သိသလောက်တော့ ဂျပန်ထီ အမျိုးမျိုး ရှိပါတယ် .. နာမည် တွေက အတိအကျ မသိလို့ မြန်မာ တွေကြား ထဲ ထက်ဝေ တို့ ခေါ်တဲ့ နာမည်လေးတွေနဲ့ ပဲ ရေး ပေးလိုက်ပါတယ် .. တခြား ဘောလုံးပွဲရလဒ်ကိုလောင်းတဲ့ ထီအမျိုးအစားတွေလိုမျိုး ထီအမျိုးအစားတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေ ကျတော့ ထက်ဝေ လဲ သိပ်မသိပါဘူး ရှင့်။

ဂျမ်ဘို ထီ

ဒီထီအမျိုးအစားကတော့ တစ်နှစ်မှာ ၅ကြိမ်သာဖွင့်ပါတယ်။အက္ခရာစဉ် နံပါတ်စဉ်အလိုက် ရိုက်နှိပ်ပြီး ရောင်းချပါတယ်။ မြန်မာနိုင်ငံကထီနဲ့ တူပါတယ်။နွေရာသီမှာရောင်းတဲ့ထီ၊ နှစ်သစ်ကူးမှာရောင်းတဲ့ထီ စသည်ဖြင့် အချိန်သတ်မှတ်ပြီး တစ်နှစ်မှာ ၅ခါရောင်းချကြပါတယ်။ တစ်စောင်ကို ယန်း၃၀၀ပေးရပြီး ပထမဆုက ဂျပန်ယန်း ၄အိုခုရရှိမှာဖြစ်ပါတယ်။ အတွဲလိုက်ပေါက်လျှင်တော့ ၆အိုခု ရရှိမှာဖြစ်ပါတယ်။
(၁အိုခု = ယန်း100,000,000)
၄အိုခု ဆို ရှယ် ရမှာနော် .. 😍😍😍

ပုံမှန်ထီ

ဒီထီက မြန်မာနိုင်ငံကထီလို ပုံမှန်ရောင်းချတဲ့ ထီအမျိုးအစားဖြစ်ပါတယ်။ အက္ခရာစဉ် နံပါတ်စဉ်အလိုက် ရိုက်နှိပ်ပြီး ရောင်းချပါတယ်။ တစ်စောင်ကို ယန်း၃၀၀ပေးရပြီး ပထမဆုက ဂျပန်ယန်း ၃အိုခုနဲ့သောင်း၃၀၀၀ ရရှိမှာဖြစ်ပါတယ်။ဒီထီအမျိုးအစားကတော့ တနိုင်ငံလုံးမှာရောင်းတဲ့ထီနဲ့ ဒေသကိုလိုက်ပြီးရောင်းတဲ့ထီဆိုပြီး ၂မျိုး၂စားရှိပါတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့ ဂဏန်း ကို ရွေး ချယ်ပြီး ထိုးရတဲ့ ထီ
ဒီထီအမျိုးအစားကတော့ ကိုယ်ကြိုက်တဲ့ ဂဏန်းကို ရွေးချယ်ပြီး ထိုးရတဲ့ထီအမျိုးအစားဖြစ်ပါတယ်။ ဂျပန်မှာ မြန်မာတွေ အထိုးအများဆုံး ထီအမျိုးအစားလည်းဖြစ်ပါတယ်။

ပထမတမျိုး က တော့ (၃ လုံး ဂဏန်းထီ)
ဂဏန်း၃လုံးကိုရွေးချယ်ပြီး ထိုးရပါတယ်။ ၃လုံး ရွေးပြီး ထိုး ရလို့ ၃ လုံး ဂဏန်း ထီ လို့ အလွယ် ခေါ်တာပါ .. မြန်မာနိုင်ငံကချဲထီ ပုံစံလိုမျိုးပါပဲ။တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့ကနေ၊ သောကြာနေ့ထိ နေ့တိုင်းဖွင့်ပေးပါတယ်။ ဆုကြေးငွေ ယန်း ၁၀သောင်း ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။
ဂဏန်း၂လုံးကိုရွေးပြီး မြန်မာနိုင်ငံက ၂လုံးတိုက် ပုံစံမျိုးလည်း ထိုးလို့ရပါတယ်။

ဒုတိယ တမျိုး က တော့ (၄ လုံး ဂဏန်း ထီ)
ဂဏန်း၄လုံးကိုရွေးချယ်ပြီး ထိုးရပါတယ်။ ဒါလဲတူတူ ပဲ ၄ လုံး ထဲ ရွေးထိုး ရလို့ ၄ လုံးဂဏန်း ထီ လို့ အလွယ်ခေါ်တာ ပါ ။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့ကနေ၊ သောကြာနေ့ထိ နေ့တိုင်းဖွင့်ပေးပါတယ်။ ဆုကြေးငွေ ယန်းသောင်း၁၀၀ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။

တတိယ တမျိုး ကတော့ ( ဘင်ဂို ထီ )

သူကတော့ ဂဏန်း၅လုံးစီရှိတဲ့ ဇယား၈ခုထဲက ဂဏန်းတစ်လုံးစီ(စုစုပေါင်း၈လုံး)ကို ရွေးချယ်ပြီးထိုးရတဲ့ ထီအမျိုးအစားပါ။ ဘင်ဂို ကစား တဲ့ ပုံစံ နဲ့ တူလို့ ဘင်ဂို ထီ လို့ ခေါ်တာ ပါ ။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး ဗုဒ္ဓဟူးနေ့တစ်ရက်ပဲ ဖေါက်ပေးပါတယ်။ဆုကြေးငွေ ယန်းသောင်း၁၀၀၀ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။

စတုတ္ထ တမျိုး ကတော့ (လိုတို6 ထီ )

ဒီထီအမျိုးအစားကတော့ မြန်မာတွေအထိုးအများဆုံး ထီအမျိုးအစားလည်းဖြစ်ပါတယ်။
နံပါတ် ၁မှ၄၃ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၆လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ ဖွင့်ပေးပါတယ်။ ပထမဆု ၂အိုခု ရရှိမှာဖြစ်ပြီး အများဆုံး ၆အိုခု ရရှိမှာ ဖြစ်ပါတယ်။ ဂဏန်းတူပေါက်တဲလူရှိလျှင်တော့ ဆုကြေးငွေ နည်းပါလိမ့်မယ်။

ပဉ္စမ တမျိုး ကတော့ (လိုတို7 ထီ )

နံပါတ် ၁မှ၃၇ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၇လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်း၃၀၀ပေးရပြီး သောကြာနေ့မှာ ဖွင့်ပေးပါတယ်။ ပထမဆု ၄အိုခု ရရှိမှာဖြစ်ပြီး အများဆုံး ၁၀အိုခုထိရရှိနိုင်ပါတယ်။ ဂဏန်းတူပေါက်တဲလူရှိလျှင်တော့ ဆုကြေးငွေ နည်းပါတယ်။

မီနီလိုတို ထီ

ဆိုပြီး လဲ ရှိပါသေးတယ် …
နံပါတ် ၁မှ၃၁ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၅လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်၂၀၀ပေးရပြီး အင်ဂါနေ့မှာ ဖွင့်ပေးပါတယ်။ ပထမဆု ယန်းသောင်း ၄၀၀၀ရရှိမှာဖြစ်ပါတယ်။

ခဲခြစ်ထီ (ထက်ဝေ အကြိုက်ဆုံး ထီ ) 😁😁

ဒီထီအမျိုးအစားကတော့ ခဲခြစ်ပြီး ပေါက်မပေါက် ကြည့်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ ခုထိုး ခုပေါက်မပေါက် သိရတဲ့အတွက် အရမ်းမြန်တဲ့ ထီအမျိုးအစားလည်းဖြစ်ပါတယ်။ တစ်ကွက်ကို ယန်၂၀၀ပေးရပြီး ဆုကြေးငွေက အမျိုးအစားကိုလိုက်ပြီး အများဆုံးယန်း သောင်းတစ်ထောင် အထိရရှိနိုင်ပါတယ်။
(ဒီထီက တော့ ထက်ဝေ ၂ ခါ ပေါက် ဖူး ပါတယ် ယန်း၂၀၀၀၀ ထိ ရဖူးပါတယ် ) 😁😁

ထက်ဝေ နဲ့ က လောင်းကစား အကျိုး မပေး တော့ .. ထီ ကို မေ့လောက်ရှိမှ တခါ ထိုး ဖြစ် တာ .. ပုံမှန် ထိုးဖြစ်ရင်တော့ ကံကောင်းရင် ရနိုင်ပါတယ် ။

စိတ်ဝင်စား ရင် ထိုး ကြည့် ကြနော် …

ありがとうございました。

23/12/2022

ထက်ဝေ၏ ဂျပန်အတွေ့အကြုံ အပိုင်း (၁၂)

- - - - - - - - - - - - - - - - - - - - - - - - - - - -

ထက်ဝေ ရဲ့ ဂျပန် အတွေ့အကြုံ တွေထဲ မှာ အချိန်ပိုင်း အလုပ် ကတော့ မပါမဖြစ်ပေါ့ .. ထက်ဝေ တို့ ရောက် တဲ့ အချိန် ၂၀၁၂ လောက်တုန်း က ဂျပန်မှာ စီးပွါး ပျက်ကပ် ကြုံ နေရတဲ့ အချိန်ပါ .. ရောက်ပြီး အလုပ်ရဖို့ ၂ လလောက် ကြာပါတယ် … အလုပ်ရပြီး ပထမဆုံး လစာ လေး ကို အိမ်ပို့ ချင်လို့ ၁၀ သိန်း ပို့ ချင်ရင် ယန်း ၁၃ သောင်း ပေးရမယ် တဲ့ …. ယန်း တွေ ရဖို့အရေး မနားမနေ အလုပ်လုပ် ခဲ့ ရပါတယ် … ကျောင်းသား တယောက်က တပတ်ကို ၂၈ နာရီ ပဲအလုပ်လုပ်ခွင့် ရှိတာ သိပေမဲ့ .. ကျောင်းက လဲ မသိအောင် .. အချိန်တွေ ညှိပြီး အလုပ်လုပ် ခဲ့ ရပါတယ် … ပထမ ဆုံး ရတဲ့ အလုပ်က ထက်ဝေ နေတဲ့ မြို့ ကနေ မိနစ် ၂၀ လောက် ရထားစီး ပြီး သွား ရပါတယ် .. တနာရီ ယန်း ၁၀၀၀ .. အလုပ် က မနက်၇:၀၀ ဝင်ရပါတယ် .. ဘူတာ ကနေ အလုပ်ထိ ၁၅ မိနစ် လောက် လမ်းလျှောက် ရပါသေး တယ် .. ရထား က လဲ ၅:၅၅ မှာ တစီး ပဲ ရှိတယ် ၅:၅၅ တစီးမမှီရင် ၆:၄၅ မှ တစီး ရှိပါတယ် ၆:၄၅ ရထား ကို စီးရင် ၇:၀၀ အလုပ် မမှီ ပါဘူး ဒါကြောင့် ထက်ဝေ တို့ ၅:၅၅ ရထား ကို မှီ အောင်သွား ရပါတယ် … နေတဲ့ အဆောင်က နေ ရထား ဘူတာ ထိ စက်ဘီး နဲ့ ပြီးတော့ ရထား စီး ဟိုဘက် ဘူတာရောက်ရင် ၁၅ မိနစ် လမ်းပြန်လျှောက် .. အလုပ်ဝင် .. ၇:၀၀ စ ဝင်ပြီး ၁၁:၀၀ မှာ အလုပ်ပြီး ပါတယ် … ကျောင်း က ၁၂:၅၀ စ တာမို့လို့ အိမ်ပြန်ရင် မမှီတာ မို့ .. ကျောင်း ကို ပဲ တန်းပြေး ရပါတယ် … ထက်ဝေက မနက်ခင်း ဆို အစော မထနိုင် တဲ့ သူက .. မနက်ဆို ၄:၀၀ လောက် ထ .. နေ့လည်စာ အတွက် ထမင်းဘူး ပြင် .. အဆောင်က ၅:၃၀ ထွက်ရပါတယ် .. မဟုတ်ရင် မမှီ ပါဘူး .. ဂျပန် မှာ အချိန်က ရွှေပါ ပဲ … မတတ်နိုင်ခဲ့ ဘူး စစရောက်ချင်း စကား က လဲ မရ .. ဆိုတော့ အလုပ်ရွေး နေလို့ မရပါဘူး .. ရတဲ့ အလုပ် ဝင်လုပ် ရတာ ပါပဲ .. မဟုတ်ရင် ယူလာ တဲ့ pocket money အကုန် ကုန်တော့ မှာလေ …စီနီယာ အကို အမ တွေကို အလုပ်ရှိရင်ပေးဖို့ ပြောထားပေမဲ့ အလုပ်တွေ က မခေါ်ကြဘူး .. ရတဲ့ အလုပ်ဝင်လုပ်ဖို့ ပဲ ပြောကြ တယ် .. အခု အဆောင်က နေ စက်ဘီး တတန် ရထားတတန်း ကုန်းကြောင်း တတန် နဲ့ အလုပ် က .. ပန်းသီး နာနတ်သီး လှီးရတဲ့ အလုပ် … ၇:၀၀ က အလုပ်စ ဝင် ကတည်း က ဓားကိုင်ပြီး စက်ကနေ ထွက်လာ တဲ့ ပန်းသီး တွေ ကို အနာလေး တွေ လိုက်ဖယ်ရတာ.. ၉:၀၀ လောက် ဆို ပန်း သီး က ကုန်သွား ပြီး နာနတ်သီး ဆက်လုပ်တယ် .. နာနတ်သီး လဲ မျက်စိလေး တွေ ကျန်နေတာလေး တွေ လိုက်ဖယ်ထုတ်ရတာ … ဇက်ကြော တွေ ဆို ညောင်းကိုက်နေရော .. ပဲ … စစလုပ်တဲ့ပထမ အပတ် က တော့ .. လှိမ့်နေအောင် ခံရတယ် .. မြန်မာ မှာတုန်း က ဘာအလုပ်မှ မလုပ်ဖူးတာ လဲ ပါတာပေါ့ … ဒါပေမဲ့ လဲ ဘယ်လောက် ပင် ပန်း ပင် ပန်း သည်းခံ ပြီး လုပ်ရ တာပဲ .. အဲ့ဒီ နာနတ်သီး ပန်းသီး လှီး တဲ့ အလုပ် ကို ၃ လလောက်လဲ လုပ်ပြီး ရော စီနီယာ အမ တယောက်က ကားစက်ရုံ မှာ အလုပ်ခေါ်တယ် လုပ်မလား ဆိုပြီး လာမေး တော့ ပန်းသီး စက်ရုံ အလုပ် နဲ့ တိုက်နေပြန်ရော .. ဘာပဲ ဖြစ်ဖြစ် အင်တာဗျူး ဝင်ကြည့် မယ် ဆိုပြီး အင်တာဗျူး ဝင်ကြည့် လိုက်တယ် .. နောက်တပတ်လောက်မှ ဆင်းနိုင် မယ် ဆိုတာ ကို ကြိုပြော ခဲ့ တယ် .. ပန်းသီး စက်ရုံ ကိုတော့ ကျောင်း မှာ စာမေး ပွဲ နီး လာလို့ ကြား ရက်ကို မလုပ် နိုင်တော့ ဘူး စနေ တနဂ်နွေ ကို တနေကုန် လာဆင်းပါ့မယ် ဆိုပြီး အချိန်ပြောင်း ခဲ့ ရတယ် … ကားစက်ရုံက ကျောင်း နဲ့ နီး တယ် အဆောင်နဲ့ လဲ နီး တယ် .. မနက်၈:၀၀ ကနေ ၁၂:၀၀ ထိ တနာရီ ၈၅၀ ပဲ ရတယ် .. ပန်းသီး စက်ရုံ နဲ့ စာရင် သွားရတာ သက်သာ ပြီး တော့ .. အချိန်လဲ ပိုရလို့ .. ပြန်တွက်ကြည့် ရင် ရတာ တော့ တူတူ ပါပဲ … အဲ့ ဒါနဲ့ ကျောင်း ကို တော့ ကား စက်ရုံ ၈:၀၀ -၁၂:၀၀ ထိ အလုပ်ရပြီ ဆိုပြီး ပြော ထားတယ် စနေ တနဂ်နွေ က ကျောင်း ပိတ်ရက် ၈:၀၀ အပြည့် အလုပ်လုပ် ခွင့် ရှိတယ် ဆိုလို့ စနေတနဂ်နွေကို တော့ မနက် ၇:၀၀ ကနေ ညနေ ၄:၀၀ (တနာရီ ထမင်းစားနား) ဆိုပြီး အလုပ် ၂ ခု လုပ် တယ် … ကျောင်း က လဲ သိတယ် .. နားလည်မှု နဲ့ ကျောင်း မပျက်ရင် ပြီး ရော ဆိုပြီး ဘာမှ တော့ မပြောဘူး .. တကယ်က ၂၈ နာရီ ထက်ကျော်နေပြီ ..ကျောင်း မှာ အိပ်မငိုက် အိမ်စာပုံ မှန် လုပ် ပြီး .. ကျောင်းတက်မှန်နေရင် အဆင်ပြေ လို့ ဆရာမ တွေက ဘာမှ မပြောဘူး .. စာသင်ခန်း ထဲ အိပ်ငိုက်ရင်တော့ အလုပ်တွေ အများ ကြီး လုပ်နေတာမလား အလုပ်ချိန်လျော့ နော်ဆိုပြီး တော့ သတိပေးတယ် … အဲ့ အလုပ် ၂ ခု နဲ့ ကြားရက်ဆိုရင် မနက်ဆို အလုပ်သွား နေ့လည်ကျောင်းသွား .. ညနေ ကျောင်းပြီး မှ နားရတယ် .. စနေတနဂ်နွေ လဲ ညနေ ၄:၀၀ နောက်ပိုင်း မှ နား ရတယ် … တူတူ လာတဲ့ အမတွေအကို တွေ အကုန်လုံး က လဲ မနက်ပိုင်း ပဲ အလုပ်ရှိကြ တော့ ညနေ ပိုင်းတွေ အားကြတာပေါ့ .. ကြားရက် ဆို ကျောင်း ပြီး တာ နဲ့ ဘယ်သူ့ အဆောင်လာဟေ့ ဟင်းချက်စားကြ မယ် သောက်ကြ မယ် ဆို ပြီး .. ဝိုင်းတော့တာ ပဲ … 😁😁 စနေတနဂ်နွေ အလုပ်ပြီး ပြီ ဆိုလဲ .. မြို့ထဲ လျှောက်သွား .. လျှောက်စား ကြ နဲ့ အတော်လေး ပျော်ဖို့ ကောင်း ခဲ့ ပါတယ် .. အရမ်း လဲ ပင် ပန်း သလို အရမ်း လဲ ပျော်ခဲ့ ရပါတယ် …

ဒီ အပိုင်းလေး ကတော့ အလုပ်အကြောင်းလေး တွေပေါ့ နောက်ထပ် ဘယ်လို အလုပ်တွေ ထပ်လုပ်ပြီး ဘယ်လို ဆက် နေထိုင်ခဲ့ လဲ ဆိုတာ ကို .. ဆက်ရေး ပေး ပါအုံးမယ် …
ပြောချင်တာ ကတော့ ဘယ်လောက်ကြီး ခက်ခဲ နေပါစေ .. သည်းခံ ပြီး လုပ်နိုင်သလောက် ထိ လက်ကြောတင်းတင်းလေး လုပ် ကြည့် ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် ကြိုးစား ဖို့ ပြောချင်ပါတယ် …

ပုံလေး ကတော့ ညနေဘက် ကျောင်း က အပြန် အလုပ်အားတဲ့ အချိန် စီနီယာ အကို အမ တွေ နဲ့ သွားလည်ထားတဲ့ပုံ ပါ

ありがとうございました。


အပိုင်း ၁
https://m.facebook.com/story.php?story_fbid=107218298374659&id=106784895084666

အပိုင်း ၂
https://m.facebook.com/story.php?story_fbid=108215784941577&id=106784895084666

အပိုင်း ၃
https://www.facebook.com/106784895084666/posts/109205674842588/

အပိုင်း ၄
https://m.facebook.com/story.php?story_fbid=110027588093730&id=106784895084666

အပိုင်း ၅
https://www.facebook.com/106784895084666/posts/110813068015182/

အပိုင်း ၆
https://www.facebook.com/106784895084666/posts/111173327979156/

အပိုင်း ၇
https://www.facebook.com/106784895084666/posts/111497344613421/

အပိုင်း ၈
https://www.facebook.com/106784895084666/posts/111809094582246/

အပိုင်း ၉
https://www.facebook.com/106784895084666/posts/112474217849067/?d=n

အပိုင်း ၁၀
https://www.facebook.com/106784895084666/posts/113175464445609/?d=n

အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=114383397658149&id=106784895084666&mibextid=qC1gEa

Videos (show all)

ဂျပန်ကို work visa Hotel  life နဲ့ လာရင် ကြုံတွေ့ရမဲ့ ကောင်းတဲ့အချက် ဆိုးတဲ့အချက်
Uwado Hachi Man Shrineထက်ဝေ ရဲ့  Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော် ကျေးဇူးတင်ပါတယ် http://www.youtube...
Miyajima ငါးပြတိုက်ထက်ဝေ ရဲ့  Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော် ကျေးဇူးတင်ပါတယ် https://youtube.com/@...
Itsukushima Shrine သို့ အလည်တစ်ခေါက် ထက်ဝေ ရဲ့  Youtube Channel လေး ကိုလဲ Subscribe လုပ်ထားပေးပါနော် ကျေးဇူးတင်ပါတယ် htt...
အလုပ်သွားချိန် ၉:၃၀ .. မြူမကွဲ သေးဘူး … အေးအေးလေး နဲ့ ကွေးလို့ ကောင်းမဲ့ ရာသီ ဥတု … ခုတော့ ဘဝ အတွက် ကြိုးစားရုန်းကန်နေရတ...
အိမ်ပြန်ချိန် ဂျပန်စံတော်ချိန် ည ၁၂:၃၀
#自然#神社
Hiroshima ( အနုမြူဗုံး ကျဲခံ ရတဲ့ မြို့ ) ဘဝရဲ့ အမှတ်တရ တချို့ .. 😍😍😍
皆さん この バント 知っていますか。? 言ってる 言葉も わかりますか。? 私大好きなバントです。 😍😍😍 皆さんも 好きですか。?