DYKK Accounting & Taxation Professional Solutions Agency

DYKK Accounting & Taxation Professional Solutions Agency

Honesty+Strong Ethics+Professional+Accountability

27/05/2024

ဟေး ……💰💰💰……….. ဟာ ……😧😧😧

ဟာ ၊ ဟာ... 😧😧😧😮

ကုမ္ပဏီ၊ လုပ်ငန်း တစ်ခုမှာ၊ အရေးကြီးတဲ့၊ ဌာန တစ်ခုကတော့၊ ဘဏ္ဌာရေး ဌာန (Finance Department) ပဲ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုလုံး၏ ဘဏ္ဍာ ရေးအခြေအနေ၊ အဓိကအားဖြင့်၊ လုပ်ငန်း ပိုင်ရှင်တိုင်း မသိမဖြစ် ၊ နားလည်ရမည့် အစီရင်ခံစာ (၃) မျိုးကို ပြောရမယ်ဆိုရင် ……
(၁) လုပ်ငန်း၏အမြတ်ရှင်းတမ်း (Income Statement) Profit & Loss statement လို့လဲခေါ်ပါတယ်၊
(၂) ငွေလက်ကျန်ရှင်းတမ်း (Balance Sheet)၊
(၃) ငွေ အဝင်/အထွက်ဖေါ်ပြသော စာရင်း (Cash Flow Statement)
စသော အစီရင်ခံစာများ ဖြစ်ပါတယ်။

အဲဒီ Report များကို ၊ ကုမ္ပဏီ၏ ထိပ်ပိုင်း အုပ်ချုပ်သူများ (Director, MD, Board of Director) ထံတင်ပြရပါတယ်။
ဘဏ္ဍာနှစ်ကုန်ဆုံးတဲ့အခါ၊ Audit firm တစ်ခုခုနဲ့ ချိတ်ဆက်ပြီး၊ Annual Audit Report ကို အခွန်စည်းကြပ် ဖို့ တင်ပြရပါတယ်။

အဲဒီထဲက၊ ပြောချင်တဲ့ အကြောင်းတစ်ခု ကတော့၊ အရှုံး - အမြတ် စာရင်းပဲ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ လုပ်ငန်းစီမံချက် (Business Plan) / ဈေးကွက်စီမံကိန်းဖေါ်ဆောင်မှုစီမံချက် (Marketing Plan) နဲ့၊ လစဉ် ၊ ၃-လပါတ် ၊ နှစ်ဝက် ၊ ဘဏ္ဍာရေး နှစ် အစီရင်ခံစာတွေမှာ၊ ဒီ အရှုုံး - အမြတ် စာရင်းကို ထည့်သွင်းဖေါ်ပြရပါတယ်။
ဒါမှသာ၊ မိမိလုပ်ငန်း အခြေအနေ၊ အထူးသဖြင့်လက်ရှိ ဘဏ္ဍာရေး အခြေအနေကို သိရှိ
ပြီး၊ လိုအပ်သော ဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ ရှိပါတယ်။ (ဥပမာ … Budget ငွေ‌ကြေး / Activity ဆောင်ရွက်မှု၊ များ ကို အတိုး၊ အလျှော့ ပြုလုပ်ခြင်း၊ …)

တစ်ခါတစ်ရံ၊ မိမိ အနေနဲ့ အမြတ်အစွန်း ရပြီ …. “ ဟေး “ …..လို့ တွက်ထား သော်လည်း၊ နောက်ဆုံး စာရင်းချုပ်တဲ့အချိန် မှာ၊ အရင်း (သို့) အရှုံး ….“ ဟာ “ ……. နဲ့ ကြုံ ရတတ်ပါတယ်။

ဒီနေရာမှာ၊ ကျွန်တော့်အနေနဲ့၊ Financial အကြောင်းကို၊ အခြေခံ နဲ့၊ အဓိက သိထားသင့်တဲ့၊ အပိုင်းလောက်ကိုသာ လေ့လာထားပါ ကြောင်း နှင့် Finance Section မှာ တာဝန်ယူခဲ့ရစဉ် လက်တွေလုပ်ဆောင်ရင်းရခဲ့တဲ့ အတွေ့အကြုံ များ၊ တက်ရောက်ခဲ့သောသင်တန်း (Finance for Non-finance Professionals) များ အပေါ် အခြေခံ ပြီး မျှဝေထားခြင်းသာဖြစ်ပါတယ်။

Key message:
ဘယ် လုပ်ငန်း အသေး၊ အလတ်၊ အကြီး မဆို၊ ငွေကြေး နဲ့ မကင်းသလို၊ တစ်စုံတစ်ခုသော အကျိုးအမြတ် ကို ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။

ဦးဆောင်သူ(သို့) လုပ်ငန်းပိုင်ရှင် များအနေနဲ့၊ ဘဏ္ဍာရေး (Finance) နဲ့ ပါတ်သက်လို့၊ အထက်မှာ ဖေါ်ပြခဲ့တဲ့ ၊မသိမဖြစ် အစီရင်ခံစာ (၃) မျိုးကို နားလည်ထားရပါတယ်။

….”” ဟာ “” ….. ဖြစ်ရချင်း အကြောင်းများထဲက တစ်ချို့ကိုပြောရရင်၊ #ငွေကြေးတန်ဘိုးအတက်/အကျ၊ #ကြမ်းတဲ့အချိန်မှာ၊ #ဈေးနှုံးသတ်မှတ်မှုမှားယွင်းခြင်း၊ ပေးဆာင်ရမည့် အခွန်၊ အခ များ တွက်ချက်မှု မှားယွင်းခြင်း၊ မေ့လျှော့ နေခြင်း။ #ငွေကြေးဖေါင်းပွ မှု ၊ #မမျှော်မှန်းနှိင်သော #အကြောင်းတရားများ .. (e.g. , rules & regulation) ၊ ကုန်ပစ္စည်းများ ပျက်စီး၊ သဘာဝဘေးအန္တာရာယ် များ၊ Direct cost - ဥပမာ ။ အရောင်းမြှင့်တင်ရေး၊ Indirect expenses လို့ဆိုတဲ့၊ ဌားရမ်းခများ၊ ဝန်ထမ်း စရိတ် (HR cost) စရိတ်များ မှန်းထားတာထက် ၊ ပိုမို ကုန်ကျနေခြင်း ……တို့ ကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းရှင်တိုင်း၊ ……. “” ဟာ “” …………. “” ဟာ “” မဖြစ်ပဲ…..
…… “” ဟေး “” ………….“” ဟေး “” တွေပဲဖြစ်ဘို့ ၊ အထက်ပါ ဘဏ္ဍာရေးအစီရင်ခံစာ (၃) မျိုးကိုအခြေခံ နားလည်ထားဖို့နဲ့၊ တတ် ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆောင်ရွက် သင့်ပါကြောင်း ။။။။။။။။

-Myo Thet

09/09/2023

Accounting Concepts (13)မျိုး
************************
ပုံမှာ ၁၂မျိုးပဲ ပါပါတယ်
(1) Separate Entity Concepts
(2) Money Measurement Concepts
(3) Periodicity Conceptes
(4) Accrual Concepts
(5) Matching Concepts
(6) Going Concern Concepts
(7) Cost Concepts
(8) Realization Concepts
(9) Dual Aspect Concepts
(10) Prudent Concepts
(11) Consistency Concepts
(12) Materiality Concepts
(13) Substance over Form Concepts

⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

⛳ Entity Concept/Separate Entity Concept
=========================
Two Separate Entities

Entity နဲ့ Owner ကို သီးခြားစီ ဖြစ်တယ်လို့ ခွဲမြင်ရပါမယ်
Company ဟာ သီးခြား လူပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ဖြစ်ပြီး စာရင်းတွေကို သီးခြား ရေးဆွဲပြုစုရပါမယ်
Owner ဟာ လုပ်ငန်းထဲမှ ငွေကို ထုတ်ယူသုံးစွဲခဲ့ရင်တောင် မိမိလုပ်ငန်းထဲမှငွေ ကိုယ့်ငွေကိုယ်သုံးတာပဲ ဟု ယူဆ၍မရဘဲ လုပ်ငန်းထဲမှ ထုတ်သုံးငွေ (drawing) အဖြစ် စာရင်းရေးသွင်းရပါတယ်
--------------------------------------------------------
⛳ Money Measurement Concept/ Measurability Concept
============================
Only those transactions are measured in monetary items
ဘဏ္ဍာရေးစာရင်းတွေကို ရေးဆွဲတဲ့အခါမှာ Monetary ငွေကြေးတန်ဖိုးသင့်ပြီး တိုင်းတာလို့ရမှ စာရင်း ရေးသွင်းရပါမယ်

ဥပမာအားဖြင့် Goodwill အမည်ကောင်းစာရင်းသည် internally generated အခြေအနေမှာ Amount cannot be measured reliably, amount ကို တိတိကျကျ မတိုင်းတာနိုင်တဲ့အတွက် Goodwill ဖော်လို့မရပါဘူး
လုပ်ငန်းတစ်ခုကို Purchase ဝယ်တဲ့အချိန်မှ Net Assets တန်ဖိုးနဲ့ Cost of Investment တန်ဖိုးနှိုင်းယှဉ်ပြီး Net Assets ထက် ပိုပေးလိုက်ရသော တန်ဖိုးကို Goodwill အဖြစ် စာရင်းသွင်းလို့ရသွားပါတယ်
ငွေကြေးအားဖြင့် တိတိကျကျ တိုင်းတာ တန်ဖိုးသင့်နိုင်မှသာ စာရင်းသွင်း လို့ရပါတယ်

Employee တွေရဲ့ Skillful လိုမျိုးဆိုရင်လည်း ငွေကြေးအားဖြင့် တိတိကျကျ မတိုင်းတာနိုင်တဲ့အတွက် စာရင်းသွင်းလို့မရပါဘူး
--------------------------------------------------------
⛳ Periodicity Concept/ Accounting Period Concept
===========================
Accounting for definite period, usually financial year, monthly, quarterly, annually

ဘဏ္ဍာရေးစာရင်းတွေ ရေးဆွဲတဲ့အခါ ဘဏ္ဍာရေးကာလ တွေ တူညီနေရပါမယ်
တိကျတဲ့ ကာလသတ်မှတ်ချက်ရှိရမယ်
အများအားဖြင့် ဘဏ္ဍာရေးနှစ်နဲ့သာ ရေးဆွဲလေ့ရှိကြပြီး လအလိ်ုက်၊ ၃လပတ်အလိုက်၊ နှစ်အလိုက် နှစ်စဉ်ရေးဆွဲကြရပါတယ်

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ် သည် နှစ်စဉ် October 1 မှ September 30 ကုန်ဆုံးသော ကာလ ကို စာရင်းကာလ တစ်နှစ်အဖြစ်စာရင်းများရေးဆွဲကြရပါတယ်

--------------------------------------------------------
⛳ Accrual Concept
=============
Mercantile basis

Financial Statements တွေ ဖြစ်တဲ့ အရှုံးအမြတ်စာရင်း (P & L) ( Statement of Profit or Loss and Other Comprehensive Income), လက်ကျန်ရှင်းတမ်း (Balance Sheet)( Statement of Financial Position_SOFP ) တွေကို ရေးဆွဲရာမှာ ရေးဆွဲလိုက်တဲ့ Accounting Period အတွင်း ဝင်ငွေတွေ၊ စရိတ်တွေကို ငွေသား Cash အမှန်တကယ် လက်ခံရရှိခြင်း ဖြင့်မစဉ်းစားဘဲ
ကြိုတင်ရ၊ ကြိုတင်ပေး၊ ပေးရန်ရှိ၊ ရရန်ရှိ ရှုထောင့်များမှ စဉ်းစား ရေးဆွဲခြင်း ဖြစ်သည်

ကြိုတင်ရ
~~~~~
ငွေသားအမှန်တကယ် လက်ခံရရှိထားသော်လည်း
ယခု စာရင်းကာလနှင့်မသက်ဆိုင်သော ဝင်ငွေဖြစ်ပါက ဝင်ငွေအဖြစ် ထည့်သွင်းမရေးဆွဲရဘဲ Deferred Income ရွှေ့ဆိုင်း ဝင်ငွေအဖြစ် ဖော်ပြရမည်

ရရန်ရှိ
~~~
ငွေသားအမှန်တကယ် လက်ခံရရှိခြင်း မရှိသေးသော်လည်း ယခု စာရင်းကာလနှင့် သက်ဆိုင်ပါက ဝင်ငွေရေးသွင်းပြိး Receivable ထံမှ ရရန်ရှိ ဖော်ပြရမည်

ကြိုတင်ပေး (Advanced, Prepaid, Deferred Assets)
~~~~~~
ငွေသားအမှန်တကယ် ပေးချေပြီးသော်လည်း ယခု စာရင်း ကာလနှင့်မသက်ဆိုင်သေးသော ပေးချေငွေများအား စာရင်းမှ ဖယ်ထုတ်ပြီး သက်ဆိုင်ရာ ကြိုတင်ပေးခေါင်းစဉ်များဖြင့် ရေးသွင်းဖော်ပြထားရမည်

ပေးရန်ရှိ(accrued)
~~~~~~~~~~
အမှန်တကယ် မပေးချေရသေးသော်လည်း ယခုစာရင်းကာလနှင့် သက်ဆိုင်သော စရိတ်ဖြစ်သည့်အတွက် ပေးရန်ရှိအဖြစ် စာရင်း တင်သွင်းဖော်ပြရမည်
--------------------------------------------------------
⛳ Matching Concept
==============
All revenue must match with related expenses

Financial Statements မှာ ဖော်ပြထားတဲ့ ဝင်ငွေနဲ့ စရိတ်တွေ ဆက်နွယ်မှုရှိနေရပါမယ်

ဒီဝင်ငွေနှစ်အတွက် ရရှိတဲ့ ဝင်ငွေအတွက် ကျခံသုံးစွဲရတဲ့စရိတ်တွေ ဖြစ်ရပါမယ်

တူညီတဲ့ ကာလပိုင်းဖြတ်မှု တစ်ခုအတွင်းက ဝင်ငွေနဲ့ စရိတ်တွေ ဖြစ်ရပါမယ်

Accrual Concept နဲ့ Matching Concept ရဲ့ သဘောသဘာဝဟာ နှီးနွယ်နေတာ တွေ့ရပါမယ်
--------------------------------------------------------
⛳ Going Concern Concept
=================
In Financial Reporting, all business are assumed to be existed up to foreseenable future (next 12months)

ဘဏ္ဍာရေးစာရင်းတွေကို ရေးဆွဲရာမှာ လာမယ့် ၁၂လအတွင်း လုပ်ငန်း တည်ရှိနေဦးမယ် ဆိုတဲ့ ယူဆချက်နဲ့ ရေးဆွဲကြရတာ ဖြစ်ပါတယ်

ဖျက်သိမ်းတော့မယ် ဆိုရင်တော့ လုပ်ငန်းမှာ ရှိနေတဲ့ ရရန် ပေးရန်တွေကို ဒီနေ့ ဘယ်လောက်တန်နေသလဲ
ရောင်းရင် ဘယ်လောက်ရမလဲ
Net Realizable value နှင့် Break up Basic ဖြင့်သာ ရေးဆွဲရပါမယ်
ဒီလိုမှ မဟုတ်ရင်တော့ ဒီနှစ်ရဲ့ ရရန် ပေးရန် လက်ကျန်တွေကို နောက်နှစ်ကိုဆက်သယ်သွားပြိး Closing, Opening Balance တွေအဖြစ် စဉ်းစားရေးဆွဲကြရတာ ဖြစ်ပါတယ်

--------------------------------------------------------

⛳ Cost Concept /Historical Cost concept
==========================
Historical Value,(acquisition cost of Assets)

Non-current Assets တွေက်ို ဝယ်ယူစဉ်မှာ inicial cost အနေနဲ့ ကျသင့်သမျှ တန်ဖိုးနဲ့ မူလ Cost အဖြစ် စာရင်းမှတ်လေ့ရှိကြပါတယ်
ဝယ်ယူတဲ့ အထောက်အထား Documents တွေရှိတဲ့အတွက် Historical cost အပေါ် rely လုပ်လို့ရနိုင်ပါတယ်

သို့သော် ပြန်လည် revaluation မလုပ်ဘဲ Historical Cost အတိုင်း ထားပြိး တန်ဖိုးလျှော့ တွက်ချက်လာတဲ့အခါ

ပြင်ပပေါက်နေတဲ့တန်ဖိုး ထက် လျော့နည်းနေတာမျိုးဖြစ်နိုင်ပြီး Depreciation တွက်ချက်ရာမှာလည်း တန်ဖိုးတွေ နည်းနေနိုင်ပါတယ်
တနည်းအားဖြင့် Depreciation နည်းရင် စရိတ် နည်းနေတယ် စရိတ်နည်းနေရင် အမြတ်များနေတယ်လို့ သဘောသက်ရောက်သလိုမို့
Shareholder တွေ ကြားထဲ အမြတ်ခွဲဝေမှုတွေ
Performance ကောင်းသလောက် ချီးမြှင့်ပေးရမယ့် Bonus တွေ
အမြတ်များရင် Income Tax မှာ သက်ရောက်သွားနိုင်တာတွေတော့ သတိပြုရပါမယ်
--------------------------------------------------------
⛳ Realization Concept
===============
Realizable Value(recorded as cost until assets disposal)
ကုန်ပစ္စည်းတွေကို မရောင်းရမီအတွင်း cost နဲ့ပဲ မှတ်တမ်းတင်ထားရပါမယ်

အမှန်တကယ် ရောင်းချလိုက်ချိန် (ပိုင်ဆိုင်ခွင့် လွှဲပြောင်းသွားချိန်)မှသာ revenue အဖြစ် စာရင်း တင်ရမှာ ဖြစ်ပါတယ်
--------------------------------------------------------
⛳ Duel Aspect Concept
================
Double Entry Bookkeeping system(debit,credit)

Transaction တစ်ခုစီတိုင်းမှာ Debit, Credit ရှုထောင့်နှစ်မျိုး နဲ့ရေးသွင်းရပါမယ်

Assets တွေ တိုးရင် Debit(Dr)
Assets တွေ လျော့ရင် Credit (Cr)

Liabilities တွေ လျော့ရင် Debit(Dr)
Liabilities တွေ တိုးရင် Credit (Cr)

Capital တွေ လျော့ရင် Debit(Dr)
Caiptal တွေ တိုးရင် Credit (Cr)
--------------------------------------------------------
⛳ Conservatism (or)Prudence Concept
=========================
All financial reports must be prepared on the basis of safe-side.
Assets and Revenue must never Overstated
Expenses and Liabilities must never undersrated

Financial Statements မှာ ရစရာတွေ၊ ရပိုင်ခွင့်တွေ
Assets နဲ့ Income တွေကို ပိုမပြနဲ့
ရစရာသည် Sure ဖြစ်မှ (80% ~100%) recognised လုပ်လို့ရမယ်
(>50% probable ဆိုရင် Disclosure လုပ်ရမှာ ဖြစ်ပြီး
50% probable ဆိုရင်တောင် ပေးစရာကို လျှော့မတွက်သင့်လို့ Provision ဖော်ရပါမယ်

04/07/2023

"တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability)ဆိုတာ"

ဒီစကားလုံးဟာ အတော်ကိုအပြောများ၊ အရေးများတဲ့ စကားလုံးဖြစ်နေခဲ့တာကြာပါပြီ။ ဒီတခါတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောပြဖို့ရှိပါတယ်။

တာဝန်ခံခြင်း ဆိုတာ "Accountability" ကိုပြောတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ လုပ်ဆောင်မှု (or) ဆုံးဖြတ်မှုတစ်စုံတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီးတာဝန်ယူ(ခံ),စေတာ၊တာဝန်ယူတာဘဲဖြစ်ပါတယ်။

တာဝန်ယူခြင်းဆိုတဲ့စကားလုံးမှာတော့ မတူတဲ့အဓိပ္ပါယ် ကွဲပြားမှုရှိပါတယ်။

ဥပမာ "ဒီအလုပ်မင်းတာဝန်ယူပြီးလုပ်လိုက်" လို့ပြောတာဟာ လုပ်စရာရှိတဲ့ အလုပ်တာဝန်တွေကို လုပ်ခိုင်းတာဖြစ်ပါတယ် (resposibility)ပါ။

"ပြသနာတစ်ခုခုဖြစ်လို့ မင်းတာဝန်ယူပြီးရှင်းလိုက်လို့ပြောတာဟာလည်း ပြသနာကိုဖြေရှင်းခြင်းဆိုတဲ့အလုပ်ကိုလုပ်စေတာပဲဖြစ်ပါတယ် (resposibility)။

"ပြသနာတစ်ခုခုဖြစ်လို့ မင်းတာဝန်ယူပြီးထွက်ပေးလိုက်ကွာ" ဆိုတာကတော့တာဝန်ယူ (ခံ)စေတာဖြစ်ပါတယ် (accountability)။

ဒါတွေကတော့ စကားလုံးတွေရဲ့အဓိပ္ပါယ်သက်ရောက်မှုတွေပါ။ လူပြောများနေတဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာပေါ့ဆိုတာကတော့ accountability ဆိုတဲ့အဓိပ္ပါယ်နဲ့ပြောဆိုနေကြတာဖြစ်ပါတယ်။

တာဝန်ခံခြင်း (accountability) ဆိုတာ အတင်းတာဝန်ခံခိုင်းလို့မရသလိုရှောင်လွှဲစေလို့မရတဲ့အရာဖြစ်ပါတယ်။ ပြီးတော့လွှဲပေးလို့လည်းမရတဲ့အရာဖြစ်ပါတယ်။

ပြီးတော့ ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့သူကိုပဲတာဝန်ခံရပါတယ်။ လက်တွေ့မှာတော့ ဒီလိုမဟုတ်တာတွေရှိပါတယ်။
တာဝန်ခံခြင်းဆိုတာ အခြေအနေတစ်ခု (condition) မှာ အလိုအလျောက်ပေါ်ပေါက်လာတဲ့အရာတာဖြစ်ပါတယ်။

စီမံခန့်ခွဲသူက လက်အောက်ငယ်သားတွေကို တာဝန်ခံစေချင်တယ်ဆိုရင် တာဝန်ခံမှုပေါ်ပေါက်စေနိုင်တဲ့အခြေအနေကို ဖန်တီးပေးရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တာဝန်ခံမှုဟာအဲဒီအခြေအနေရှိရင် အလိုအလျောက်ပေါ်ပေါက်လာမှာဖြစ်ပြီး၊ ရှောင်လွှဲလို့မရတဲ့အရာဖြစ်နေလို့ပါဘဲ။

တာဝန်ခံမှုကိုဖြစ်ပေါ်စေတဲ့အခြေအနေ ဆိုတာဘယ်လိုဟာလဲ?

Henry Fayol ကပြောခဲ့တာပါ "Parity of Authority and Responaibility" ဆ်ိုတဲ့. . .
အဓိပ္ပါယ်ကတော့ Authority (လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်) နဲ့ Responsibility (အလုပ်တာဝန်ဝတ္တရား) ဒီနှစ်ခုညီမျှ တဲ့အခြေအနေ (or) လွှဲအပ်ထားတဲ့တာဝန်ဝတ္တရားတွေကိုအကောင်းဆုံးပြီးမြောက်အောင်ဆောင် ရွက်နိုင်ရန် လိုအပ်တဲ့(လုံလောက်တဲ့) လုပ်ပိုင်ခွင့် (authority) ရှိတဲ့အခြေအနေကိုဆိုလိုပါတယ်။

ဒါကြောင့် တာဝန်ခံခြင်းဆိုတာ ဘယ်အပေါ်မှာမူတည်နေလည်းဆိုတော့ အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့် (authority) ပေါ်မှာမူတည်နေပါတယ်။

အခြားတစ်ဦးတစ်ယောက်ကို တာဝန်မခံရကောင်းလားလို့ အပြစ်မပြောခင်မှာ သူ့ဆီမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "လုပ်ပိုင်ခွင့်ရှိ/မရှိ"ဆိုတာလေ့လာပြီးမှ ပြောတာကပိုပြီးပညာရှင်ဆန်ပါလိမ့်မယ်။

"ဒီရာထူးကြီးယူထားပြီး တာဝန်မယူနိုင်ရင်ထွက်ပေါ့" လို့ပြောတာဟာလည်း ကိုယ်က management နဲ့ပတ်သက်ပြီး နားမလည်ဘူးလို့ဝန်ခံရာရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ authority ဟာ ရာထူးနဲ့တိုက်ရိုက်အချိုးမကျလို့ပါဘဲ (အဖွဲ့စည်းတစ်ခုရဲ့ No. 1 မပါ)။

Authority ရှိခြင်းမရှိခြင်းဟာ ရာထူးနဲ့မဆိုင်ပါဘူး။ ထိပ်ဆုံးက စီမံခန့်ခွဲသူရဲ့ စတိုင်နဲ့ဘဲဆိုင်ပါတယ် (Management Style)ပေါ့။

ထိပ်ဆုံးလူက ဘာမဆိုငါပြီးမှရမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခုရဲ့ ကျန်ရာထူးတွေမှာ ဘာ လုပ်ပိုင်ခွင့်မှရှိမှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတစ်ခုရဲ့ အန္တိမ အဆုံးစွန်သော လုပ်ပိုင်ခွင့် (ultimate authority and resposnibility) ဟာအဖွဲ့အစည်းရဲ့ No. 1 ဆီမှာဘဲရှိပါတယ်။

သူကခွဲပေး၊ လွှဲပေးမှ ကျန်အဆင့်ဆင့်ရာထူးတွေဆီကိုရောက်လာတာဘဲဖြစ်ပါတယ်။

နောက်အခြေအနေတစ်ခုကတော့ အဖွဲ့အစည်းထဲမှာတရားဝင်သတ်မှတ်ပြဌာန်းထားတဲ့ စနစ် (system) ၊ အစီအစဉ် (Procedure) တွေရှိရင်လည်း ဒီအခြေအနေကိုရစေပါတယ်။

ဒီ system and procedure ဆိုတာက တနည်းပြောရရင် လုပ်ပိုင်ခွင့်ကိုသတ်မှတ်ပြီး ကြိုပေးထားတာ ဘဲဖြစ်ပါတယ်။

တာဝန်ခံရန်မလိုတဲ့အခြေအနေ ဆိုတာ အထက်ကပြောခဲ့တဲ့အခြေအနေ မရှိတဲ့အခါကိုဆိုလိုပါတယ်။

တာဝန်ခံရန်မလိုတဲ့အခြေအနေမှာ အထက်လူကြီးက အောက်လူကိုတာဝန်ခံခိုင်းတာဟာ management torturing or bullying (စီမံခန့်ခွဲမှုအနိုင်ကျင့်၊ နှိပ်စက်ခြင်းဘဲဖြစ်ပါတယ်။ အပြင်ကလူအများကဝိုင်းပြောရင်တော့ public torturing or bullying လုပ်တာလို့ဘဲဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့်ကိစ္စတစ်ခုခုဖြစ်လို့ပြောရဆိုရတော့မယ်ဆိုရင် (or)အပြစ်ပြောတော့မယ်ဆိုရင်လည်း "ဒီကိစ္စနဲ့ပတ်သက်ရင်ဘယ်သူကတာဝန်ရှိလဲ (or) လုပ်ပိုင်ခွင့်ရှိလဲ ဆိုတာသိအောင်အရင်မေးမြန်းစုံစမ်းပြီးမှ လုပ်ကိုင်ပြောဆိုမယ်ဆိုရင်အမှားနည်းတာပေါ့လို့ပဲ အကြံပြုလိုပါတယ်။
အောင်မြင်သူများ ဖြစ်ကြပါစေလို့. . .
Ref: What is Accountability?
Credit.Dr.Tin Win

24/06/2023

လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို ပုံစံမျိုးစုံနဲ့ စောင့်ကြည့်နေကြတာတွေ ရှိပါတယ် ။

တချို့က အားပေးစိတ်နဲ့ စောင့်ကြည့်တတ်သလို
တချို့က မနာလိုစိတ်နဲ့ စောင့်ကြည့်နေတတ်ကြပါတယ် ။

တချို့က အကောင်းမြင်စိတ်နဲ့ စောင့်ကြည့်တတ်သလို
တချို့က မကောင်းမြင်စိတ်နဲ့ စောင့်ကြည့်နေတတ်ကြပါတယ် ။

တချို့က အတုယူလေးစားတဲ့စိတ်နဲ့ စောင့်ကြည့်နေတတ်သလို
တချို့က ပြိုင်ဘက်သဘောနဲ့ စောင့်ကြည့်နေတတ်ကြပါတယ် ။

ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တိုင်းဟာ
ကိုယ့်ဘဝကို သရုပ်ဖော်ပြနေကြရတာမို့
ဖရိုဖရဲ ဖြစ်သလို တစ်ခါမှ မလုပ်ပါနဲ့ ။

ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို စည်းစနစ်ကျကျ သေသေသပ်သပ်ဖြစ်အောင် လုပ်ပါ ။

စည်းစနစ်ကျကျ သေသေသပ်သပ်လုပ်တတ်တာဟာ
ကိုယ်ပိုင်အရည် အသွေးတစ်ခုဖြစ်ပြီး
မနာလိုမှုနဲ့ မကောင်းမြင်မှုစိတ်ရှိသူတွေကို
ကျော်လွှားစေနိုင်ပါတယ် ။

Photos from DYKK Accounting & Taxation Professional Solutions Agency's post 17/06/2023

ဒီတစ်ခေါက်မှာတော့ အခွန်စာရင်းစစ်ဆေးခြင်းအကြောင်းလေးတွေကို မျှဝေသွားမှာဖြစ်ပါတယ်ရှင့်။

14/06/2023

🟣 ပရဟိတလုပ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 Online Shop လုပ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 ကုန်စုံဆိုင်ဖွင့်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 လက်ဖက်ရည်ဆိုင်ဖွင့်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 Eco တက်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 Engineer တစ်ယောက်ဖြစ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 ဆရာဝန်တစ်ယောက် ဖြစ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 ဥပဒေပညာရှင်တစ်ယောက် ဖြစ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 အိမ်ကိုရှင်သန်အောင် ” မ” နေရတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 ……………….နေလား?
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

🟣 ကိုကိုး ရင်ခွင်ထဲက ခေး ဖြစ်နေလား? 😜😜
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

ယုံကြည်မှုကို သက်သေပြဖို့အတွက်…..
သံသယတွေ ကင်းသွားဖို့အတွက်…….
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။
လိုကို လိုပါတယ်။
မရှိမဖြစ် လိုပါတယ်။

စာရင်းဆိုတာ အတုအယောင်မရှိလို့လား…..
ရှိနိုင်ပါတယ်…….
ဒါ့ကြောင့်ကို…….
🔴 စာရင်းကိုင်ပညာ နားလည်ထားဖို့လိုပါတယ်။

မှတ်ချက်။
Review ကောင်းတိုင်းယုံဖို့ မလိုပါဘူး။😎
သင်ကိုယ်တိုင်လေ့လာကြည့်ပါ 😇

EVERY IS ACCOUNTING
WE ❤️ ACCOUNTING

Credit
Hlaing Minn Latt
Finance and Management Academy

13/06/2023

လုပ်သင့်တာကိုလုပ်ပါ

မနေ့က ကိုယ်ပိုင်လုပ်ငန်းရှင်တယောက်ကို
လုပ်ငန်းအတွက် Accounting စနစ်ကို ထိုင်ဖို့
Branch တွေအတွက် စာရင်းဆွဲဖို့ အခွန်မှန်ဖို့
ဆွေးနွေးတိုက်တွန်းဖြစ်တယ်။

အတော်ပြောယူရတယ်
ဘာပြောပြော အဆင်ပြေနေတယ်ဆိုတာချည်းဘဲ
အဲ Covid 19 အတွက် loan ခံစားခွင့်တွေ
ယူမယ်ဆိုမှ အဲဒီဟာက ပြဿနာ

လုပ်ငန်းတွေမှာ တဦးပိုင်ဖြစ်ဖြစ် မိရိုးဖလာ Family Business ဖြစ်ဖြစ် လုပ်ငန်းကြီးထွားလာဖို့အတွက်
Control အတွက် စာရင်းပိုင်းဆိုင်ရာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စနစ်တွေ
Procedure တွေထားသင့်တယ်။

ကျွန်တော်ကျောင်းလုပ်တုန်းက
စခါစခက်ပေမယ့်
အချိန်တခုမှာ အထိုက်အလျောက် အောင်မြင်လာတယ်။
ဒါပေမယ့် စာရင်းတွေ control တွေ မရှိဘူး
လုပ်ရကောင်းမှန်းမသိဘူး

သာယာနေတာ အလုပ်က ကြီးထွားဖို့ တောင်းဆိုနေပါလျက် အားနည်းခဲ့တယ်။

နောက်ဆုံး Risk ၂ ခု ကြုံတဲ့အချိန် ကျောင်းကို
နားလိုက်ရတယ်။ ကိုယ်တွေ့နော်

နောက် ကြားမှာ SME 2 ခုလည်း နားလိုက်ရတယ်။

ပြောချင်တာ အလုပ်တွေမှာ ကြီးထွားဖို့ တာစူနေတာ
အချက်ပြနေတာတွေရှိတယ်။ ထည့်ရမယ့် စနစ်တွေ လူတွေရှိတယ်။ အဲဒါတွေကို လျစ်လျူရှူပြီး
သာယာနေခဲ့ရင် Risk တခုကြီးကြီး ကြုံတဲ့အခါ
လွင့်ထွက်သွားတာဘဲ။

နောက်ဆုံး စာရင်းနဲ့ အင်းနဲ့ Governance နဲ့လုပ်တဲ့
ကုမ္ပဏီကြီးတွေတောင်ပြိုလဲနိုင်ရင် ဘာမှ မလုပ်ထားတဲ့အလုပ်တွေဆို 80% -100% ပြိုနိုင်ချေရှိတယ်။

လုပ်ငန်းဟာ ၁၀၀ တန်နေချိန်မှာ တစ်ယောက်တည်း လုပ်နိုင်ပေမယ့် တစ်ထောင်တန်ဖို့ တစ်သောင်း
တစ်သိန်း ဖြစ်ဖို့ဆို လုပ်ကိုလုပ်ရမယ့် စာရင်းတွေ
ဘဏ္ဍာရေး စည်းကမ်းတွေ အဲဒါတွေကို ချုပ်ကိုင်လူပ်ရှားမယ့် ပညာတတ်တွေ
တတ်ကျွမ်းသူတွေကို လိုအပ်ပါတယ်။

အဲဒီအတွက် ကုန်ကျမူရှိပေမယ့်
ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိမှာ ဖြစ်လို့
မြုပ်နှံသင့်ပါတယ်။

Firm တွေကလည်း အဲဒီလို Family Business တွေအတွက် Special Package တွေ စီစဉ်သင့်ကြောင်းပါ။

Win -Win ပါ။

မေတ္တာဖြင့်

တချိန်က SME ပိုင်ရှင်

Credit

Photos from DYKK Accounting & Taxation Professional Solutions Agency's post 05/10/2021

#၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
https://www.ird.gov.mm/sites/default/files/2021_UTL.pdf

#၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်ပါသည်။

08/08/2021

ကျွန်မတို့ ဒီpageလေးကနေ စာရင်းကိုင်ပညာရပ်နဲ့ဆိုင်တဲ့ဗဟုသုတတွေ အခွန်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို စာရင်းနယ်ပယ်မှာ လုပ်ကိုငိလေ့လာနေတဲ့သူတွေတင်မဟုတ် နယ်ပယ်အသီးသီးက စာရင်းပညာကို လေ့လာချင်တဲ့ စိတ်ဝင်စားတဲ့သူတွေအတွက်ပါ ရည်ရွယ်ပြီး အခြေခံကစပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ စာရင်းပိုင်း အခွန်ပိုင်းဆိုင်ရာ သိချင်တဲ့ အချက်အလက်များရှိရင်လည်း page messenger မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။
ကျွန်မတို့လုပ်ငန်းကတော့ အခွန်ဆိုင်ရာ ဝန်ဆောင်မှုတွေ စာရင်းပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို
ဝါရင့် သမ္ဘာရင့် လုပ်ငန်းအတွေ့အကြုံ ပြည့်ဝတဲ့ CPA လက်မှတ်ရ ဆရာကိုယ်တိုင် ကြီးကြပ်ပြီး စာရင်းပညာ ကျွမ်းကျင်သူ လူငယ်များ ကိုယ်တိုင် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းအမျိုးအစားဖြစ်ပါတယ်ရှင့်။
အခုလို အခြေအနေအတွင်းမှာတော့ ကျွန်မတို့pageကနေ စာရင်းပိုင်းဆိုင်ရာ သိသင့်သိထိုက်တာတွေကို မျှဝေပေးသွားပါ့မယ်ရှင့်။
လူကြီးမင်းတို့ရဲ့ စီးပွား​ရေးလုပ်ငန်းများ၏ စာရင်းပိုင်းဆိုင်ရာ၊အခွန်ပိုင်းဆိုင်ရာ ကိစ္စရပ်များမှာကြုံနေရတဲ့ အခက်အခဲ ကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်

Website