သစ်ထူးလွင်

သစ်ထူးလွင်

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သစ်ထူးလွင်, Media/News Company, .

Photos from သစ်ထူးလွင်'s post 18/07/2020
28/06/2020
24/04/2020

Covid-19 ပိုးတွေ့လူနာများအား အသက်အရွယ်အလိုက်ဖော်ပြမှု Chart (၂၄.၄.၂၀၂၀ ည ၁၂း၀၀ နာရီအထိ)

အသက် ၁ နှစ်မှ ၁၀ နှစ်အထိ - ၅ ဦး (၃.၈ ရာခိုင်နှုန်း)
အသက် ၁၁ နှစ်မှ ၂၀ နှစ်အထိ -၈ ဦး (၆.၁ ရာခိုင်နှုန်း)
အသက် ၂၁ နှစ်မှ ၃၀ နှစ်အထိ - ၂၅ ဦး (၁၈.၉ ရာခိုင်နှုန်း)
အသက် ၃၁ နှစ်မှ ၄၀ နှစ်အထိ - ၃၃ ဦး (၂၅ ရာခိုင်နှုန်း)
အသက် ၄၁ နှစ်မှ ၅၀ နှစ်အထိ - ၂၃ ဦး (၁၇.၄ရာခိုင်နှုန်း)
အသက် ၅၁ နှစ်မှ ၆၀ နှစ်အထိ - ၁၆ ဦး (၁၂.၁ရာခိုင်နှုန်း)
အသက် ၆၀ နှစ်နှင့် အထက် - ၂၂ ဦး (၁၆.၇ရာခိုင်နှုန်း)

Source - MOHS

18/04/2020

၁၆.၄.၂၀၂၀ ည၁၀နာရီကျော်တွင် မျက်နှာဖုံးစွပ်ထားသောလူငယ်တစ်စုမှ ဓား၊တုတ်များကိုင်၍လမိုင်း
မြို့ရှိနေအိမ်တစ်ချို့ကိုအုတ်ခဲ့များနဲ့ပစ်ပေါက်ပြီးလမ်းသွားလမ်းလာသူများကိုဓားနှင့်တုတ်ဖြင့်တိုတ်ခိုက်ရာမှ ဆိုင်ကယ်သုံးစီးအားပျက်စီးခြင်းခံရပြီးလူတစ်ချို့ပြင်းထန်စွာဒဏ်ရာရရှိပြီးဆေးရုံတင်ထားရတယ်လို့သတင်းရရှိပါသည်။
နောက်ဆက်တွဲရရှိသောသတင်းများကို ဆက်လက်ဖော်ပြပါမည်။
(၁၇-၄-၂၀၂၀)
#သတင်းအဆက်



မွန်ပြည်နယ် လမိုင်းမြို့ပေါ်ရှိ လမိုင်းဘုရားလမ်း ခေါ်
(ကျိုက်ကေလာသ)ဘုရားလမ်းတွင် လူအင်အား (၅၀)ခန့်
ဆိုင်ကယ်များဖြင့်ပတ်၍ မြို့ပေါ် ရှိ နေအိမ်အချို့အား
ခဲများဖြစ် ပြစ်ပေါက်ခြင်း လမ်းတွင်တွေ့သောဆိုင်ကယ်များနှင့်
အများပြည်သူများအား ရိုက်နှက်ခြင်းများပြုလုပ်ခဲ့ပါတယ်

သတင်းရရှိသည့် အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်
နယ်မြေခံရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့၍
အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် ရဲ မြို့နယ်မှူးအပါအ၀င်
သက်ဆိုင်ရာ တာ၀န်ရှိသူများ ရောက်ရှိလာပြီးပူပေါင်း
ဆောင်ရွက်သဖြင့် ၎င်းတို့ ပစ်ထားခဲ့သောဆိုင်ကယ်နှစ်စီးနှင့်
တရားခံတစ်ဦး ချက်ခြင်းဖမ်းဆီးရမိထားပါတယ်

ယခုထပ်မံ ဖမ်းဆီး ဖေါ်ထုပ်နေဆဲပါ
ဆူပူသောင်းကျန်းသူ
ခန့်မှန်းလူအင်း(၁၀၀)ခန့်ရှိပြီး
ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေကြောင်းနှင့်
အခြေအနေကို ထိန်းထားနိုင်ပြီးဖြစ်ကြောင်း
လမိုင်းမြို့က ဒေသခံများ ကျနော်ကို
ကနဦး သတင်း ပေးပို့လာပါတယ်။

Photos from သစ်ထူးလွင်'s post 17/04/2020

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်
ည ၁၀ နာရီမှ နံနက် ၀၄ နာရီအထိ
(၁၈.၄.၂၀၂၀ ) နေ့မှ စတင်အသက်ဝင်မည်

Credit - Minn Lauruiss

Photos from သစ်ထူးလွင်'s post 17/04/2020

အကျဉ်းသား နှစ်သောင်းကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မြန်မာ့နှစ်သစ်အချိန်မှာ လူထုစိတ်နှလုံးအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၂၄,၈၉၆ ဦးကို စည်းကမ်းသတ်မှတ်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက ဒီကနေ့ ဧပြီ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၈၇ ဦးလည်း ပါဝင်ပါတယ်။

03/04/2020

(၃-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ
စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၅၅) ဦး၏ ဓာတ်ခွဲနမူနာ negative (ရောဂါပိုးမတွေ့ရှိ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက်

▶️ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး
▶️ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး
▶️ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး
▶️ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး
▶️ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး
▶️ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး
▶️ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄) ဦး

စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။

Source: MOHS
https://www.facebook.com/photo/?fbid=3298478836848065&set=a.281312618564717

03/04/2020

COVID-19 ကို ဘယ်လိုကာကွယ်မလဲ
================

ကာကွယ်ရေးနည်းလမ်းများဆိုင်ရာအသိပေးကြေညာချက်
----------------------------------------------------------------------

COVID – 19 ကူးစက်မြန်ရောဂါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေကတော့

နေထိုင်သွားလာရာတွင်လူတစ်ဦးနှင့်တစ်ဦးအနည်းဆုံးသုံးပေအကွာခပ်ခွာခွာရှိနေစေရန် သတိပြုပါ။

လက်ကိုစနစ်တကျဆေးပါ၊ မကြာခဏဆေးပါ၊ သတိရတိုင်းဆေးပါ။

တတ်နိုင်သလောက်မိမိလက်နဲ့ မျက်နှာကိုမထိတွေ့စေဖို့သတိပြုပါ။

နှာချေလျှင်၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို အုပ်၍ ဆိုးပါ။

မိမိပတ်ဝန်းကျင်၊ အိမ်၊ အလုပ်နေရာများတွင် သန့်ရှင်းရေးကိုစနစ်တကျပုံမှန်ပြုလုပ်ပါ။ သန့်ရှင်းရေး ပြုလုပ်နေစဉ် လေဝင်/လေထွက်ကောင်းအောင် ဆောင်ရွက်ထားပါ။

မျှတသောအာဟာရကိုရွေးချယ်စားသုံးပါ။

အိပ်ချိန်လုံလောက်စွာအိပ်စက်အနားယူပါ။

28/03/2020

ဖောက်ပြန်နေတဲ့မိန်းမကိုလက်ပူးလက်ကြပ်
မိသွားသောအခါ

22/01/2020

“တရုတ်နိုင်ငံမှ မီဒီယာလက်နက်အသုံးပြု၍ ဝါဒဖြန့်ခြင်းခံနေရသည့် စိုးရိမ်ဖွယ်အလွန်ကောင်းသည့်မြန်မာဖေ့ဘုတ်လောက”

မြန်မာဖေ့ဘုတ်ယူဆာအများစုအနေနဲ့
ပြည်ပငွေကြေးနဲ့ မြန်မာပြည်မှာအခြေစိုက် မြန်မာလုပ်သားတွေရဲ့လုပ်အားကိုအသုံးပြု မြန်မာဘာသာစကားဖြင့်ရေးသားဖြန့်ဖြူးနေပြီး ဘလိုမှအဓိပ္ပာယ်ဖော်ဆောင်လို့လည်းမရ အသုံးပြုနေတဲ့ဖေ့ဘုတ်စာမျက်နှာမှာလည်း တရုတ်နဲ့ဆိုင်တာဆိုလို့ ဘာတခုမှမရှိပေမမယ့် ပေ့ချ်ရဲ့နာမည်ကိုတော့ တရုတ်နိုင်ငံပိုင်စင်ဟွာသတင်းဌာနရဲ့အမည်ကို ရဲဝံ့စွာပဲ “China Xinhua News” ဆိုပြီးအမည်ပေးထားပါတယ်။
အဆိုပါပေ့ချ်ကို ၁၄ ဖေဖော်ဝါရီ ၂၀၁၅ မှာ Xinhua Myanmar အမည်ဖြင့်စတင်တည်ထောင်ခဲ့ပြီး ၁၃ နိုဝင်ဘာ ၂၀၁၅ မှာ
China Xinhua News လို့အမည်ပြောင်းထားတာကိုတွေ့ရှိရပါတယ်။

ပေ့ချ်ရဲ့အဒ်မင်တွေထဲမှာလည်း တရုတ်ပြည် Location ဖြင့် ၂ ဦးရှိနေသည်ဟုဖော်ပြထားပြီး မြန်မာပြည် Location ဖြင့် ၆ ဦးအထိရှိနေတာကို တွေ့ရှိရပါတယ်။ ဤအရေအတွက်ဟာ မြန်မာနိုင်ငံ၌ရှိနေသည့် China Xinhua News ၏ သတင်းဆိုင်ရာအရေအတွက်မဟုတ်ပါဘူး။ ဒါဟာ ဖေ့ဘုတ်စာမျက်နှာကို ထိန်းကွပ်ပြီးပို့စ်တင်ပေးရတဲ့ အဒ်မင်အကောင့်တွေဖော်ပြထားယုံပဲရှိသေးတာပါ။ အပြင်လက်တွေ့သတင်းဌာနရဲ့အင်အားအသေးစိတ်ကတော့ မှန်းလို့မရပါဘူး။

အဓိကထူးခြားချက်ကိုပြောပါရစေ။
ထူးခြားချက်ကတော့ မြန်မာဘာသာစကား
အသုံးပြုတဲ့ဖေ့ဘုတ်ပေ့ချ်တွေထဲမှာ လက်ရှိ China Xinhua News ပေ့ချ်လောက် ပေ့ချ်လိုက်ခ်များတဲ့ပေ့ချ်မရှိသေးပါဘူး။ စာရင်းပြုစုချိန်မှာ ပေ့ချ်လိုက်ခ် သန်း ၇၀ ကျော် (သိန်း ၇၀၀ ကျော်) ရှိနေပါတယ်။ လက်ရှိမြန်မာပြည်ရဲ့လူဦးရေထက်တောင်ပိုနေပါသေးတယ်။
၂၀၁၅ ကမှစထောင်တဲ့ပေ့ချ်တခုဟာ ၂၀၂၀ မှာ Like သိန်း ၇၀၀ ကျော်အထိရအောင်
ရိုးရိုးသာမန် Organic Reach
(သမာရိုးကျအားပေးမှု) နဲ့ ဒီလောက်အောင်မြင်လာစရာအကြောင်းမရှိပါဘူး။ ဘယ်ကငွေကြေးတွေကို ဒီလောက်အထိအသုံးပြုပြီး
ဘာရည်ရွယ်ချက်တွေနဲ့
မြန်မာဖေ့ဘုတ်ယူဆာတွေရဲ့ Attention ရအောင် မြန်မာဘာသာစကားနဲ့ တရုတ်နိုင်ငံပိုင်
မီဒီယာနဲ့ငွေကြေးတွေ အင်အားတွေကိုအသုံးပြုပြီး လုပ်ဆောင်နေလဲဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အခုလိုပြောလို့ cross မေးခွန်းမေးစရာရှိပါတယ် ။ BBC RFA VOA တို့လို အနောက်နိုသ်ငံအခြေစိုက်တွေလည်း မြန်မာဘာသာနဲ့ သတင်းပေ့ချ်တွေထောင်ပြီးတင်ဆက်နေတာပဲလို့ Pro China တွေက စောဒကတက်လာစရာရှိပါတယ်။ ဟုတ်ကဲ့ အပေါမှာပြောထားတဲ့ မီဒီယာကြီးတိုင်းဟာ မြန်မာပိုင်းသတင်းတိုင်းကို
BBC ကလည်း BBC ENGLAND လို့ အမည်မဖော်ထားသလို အလားတူ RFA ကလည်း RFA BURMESE VOA ကလည်း VOA BURMESE NEWS BBC ကလည်း BBC BURMESE ဆိုပြီး အမည်မှဲ့ထားတာကို အသီးသီးတွေ့ရှိရပါတယ်။
နောက်ပြီး BBC VOA RFA တို့ဟာ မြန်မာဘာသာစကားတခုတည်းအတွက် ထုတ်ပြန်နေတာမဟုတ်ပဲ လူအသုံးများတဲ့ဘာသာစကားတိုင်းအတွက် အသီးသီးဖေ့ဘုတ်ပေ့ချ်တွေရှိကြပါတယ်။

တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းဌာနကတော့ အဲ့လိုမဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတိုင်းက အဲဒီ့သတင်းဌာနကို Like ပေးထားမယ်ဆိုရင်တောင် ဒီအရေအတွက်မရနိုင်တဲ့အတွက် အထူးအဆန်းတခုလိုဖြစ်နေတာကတော့အမှန်ပါ။ အခုလို Like သန်း ၇၀ (သိန်း ၇၀၀) ကျော်အင်အားတောင့်တဲ့ဖေ့ဘုတ်ပေ့ချ်မျိုးဟာ
ရည်ရွယ်ချက်ကောင်းကောင်းနဲ့ မြန်မာနိုင်ငံရဲ့သတင်းမီဒီယာကဏ္ဍတိုးတက်လာအောင်
လုပ်ဖို့ဆိုရင်တော့ ကျနော်တို့မြန်မာနိုင်ငံသူ/သားတိုင်းက ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုနေပါတယ်။ နောက်ပြီးပေ့ချ်ရဲ့နာမည်မှာကတည်းကိုက China နဲ့အစပြုထားတော့ တရုတ်နိုင်ငံရဲ့သတင်းတွေကို ဘာသာပြန်ပြန်ပြီးတင်နေတာကိုတော့ အပြစ်မပြောချင်ပါဘူး။ ပြောချင်တာကတော့ ပေ့ချ် Like သန်း ၇၀ ကျော်ရှိနေပေမယ့် ပေ့ချ်ရဲ့ပို့စ်တွေဟာ များသောအားဖြင့် Luke 1000 ဝန်းကျင်လောက်ပဲရှိတာကိုတွေ့ရပေမယ့် မြန်မာ-တရုတ် ဆွေမျိုးပါက်ဖော် တရုတ်နိုင်ငံအကျိုးစီးပွါးနဲ့သက်ဆိုင်တဲ့မြန်မာ့ရေးရာပို့စ်တွေမှာတော့ ပို့စ်လိုက်ခ် သောင်းချီအထိရေနေတတတ်တာကို သတိပြုမိပါတယ်။ အဲဒီတော့ တရုတ်နိုင်ငံရဲ့
ဝါဒဖြန့်လက်နက်အနေနဲ့ မြန်မာဖေ့ဘုတ်ယူဆာတွေကို မှိုင်းတိုက်သိမ်းသွင်းဖို့ကြံစည်နေတာဆိုရင်တော့
ပါခင်ဗျာလို့ပဲပြောပါရစေ။

21/01/2020

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော်ခွေးမင်(Kunming)မြို့အနီး၌
နေရပ်ပြန်လိုကြသော်လည်း ပြန်မပို့နိုင်ဟုအကြပ်ကိုင်သဖြင့် အခက်ခဲဖြစ်နေကြသော ရာနဲ့ချီသော
မြန်မာနိုင်ငံသားများး

(ဘာကြောင့်ဘယ်လိုဆိုတာတော့နောက်ဆက်တွဲအကြောင်းတရားတွေရှိမှာပါ။ ဥပမာ - ပြည်ပအလုပ်သမားခေါ်လို့သွားလုပ်တာ တရုတ်ပြည်
ရောက်တော့ ေပြာတဲ့အတိုင်းလစာကမပေး
အစားအေသာက်အနေအထိုင်က အဆင်မေပြကြတာေတွမျိုးပေါ့

ရှယ်ပေးကြပါဆိုလို့ပြန်ပါတင်ပေးလိုက်ပါတယ်

21/01/2020

မြန်မာနိုင်ငံအကြောင်းသိကောင်းစရာအချို့ (၃)

၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့ ။ ၇၉၀၅၈၀

၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသု ။ ဘိုးတော် ဦးဝိုင်း

၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။ မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျို ုး
ရှမ်း ၃၃ မျို ုး
ကချင် ၁၂ မျို ုး
ကယား ၉ မျို ုး
ကရင် ၁၁ မျို ုး
ချင်း ၅၃ မျို ုး
ဗမာ ၉ မျို ုး
မွန် ၁ မျိ ုး
၅၇။မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]

၆၄။ မြန်မာထီ့့့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့့့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )

၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ …(အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ … ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ…
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…YMBA [1906]
၇၉။မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် … စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်… ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘဖေ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ် ……
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော့့့့်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့့
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့်း့့့့(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက်…… [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက်… [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း … … [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း …[ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း… … [အလောင်းဘုရား]

၉၁။ မြန်မာ့ပထမဆုံး သတင်းစာ…[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ … [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ …[ ဆာဟူးဘတ်ရင့်စ်]

၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ့့့့
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက့့့်
သူကျွန်လုံးလုံးဖြစ်…

၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း… [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် … [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး … …(ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့့့့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂလိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ့့့့့[ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ…{ရှင်ဘို့မယ် )

၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့့့့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်

၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်…

၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား …
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်

၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိူင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့း့့
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]

၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့့့့့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်ပဲဖြစ်ပါတယ့့့့်]

၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့့့့့့[ ဒေါ်ဦးဇွန် ]

၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် ………[ ဗိုလ်အောင်ကျော် ]

၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်

၁၂၁။ဂျူဗလီဟော ဘယ်မှာ …………¿
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့့့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ…

ု၁၂၂။
လက်ရှိ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များ
…………………………………………………………………
{1}သမ္မတ - ဦးထင်ကျော်
{2} ဒုသမ္မတ(၁) - ဦးမြင့်ဆွေ
{3} ဒုသမ္မတ(၂) - ဦးဟင်နရီဗန်ထီးယူ
{4} အတိုင်ပင်ခံပုဂ္ဂိုလ် - ဒေါ်အောင်ဆန်းစုကြည်
{5}ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ။ ဦး၀င်းမြင့်
{6}အမျိုးသား ။ ။ ဥက္ကဌ ။ ဦးမန်း၀င်းခိုင်သန်း
{7} ပြည်ထောင်စုရှေ့နေချုပ် ။ ဦးထွန်းထွန်းဦး
{8}ကာကွယ်ရေးဦးစီးချုပ် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
{9} ပြည်ထောင်စု စာရင်းစစ်ချုပ်- - ဦးမော်သန်း

၁၂၃။ ပြည်ထောင်စု၀န်ကြီးများ-
(1)နိုင်ငံခြားရေးရာ၀န်ကြီး - ဒေါ်အောင်ဆန်းစုကြည်
(2) သမ္မတရုံး၀န်ကြီး - ဒေါ်အောင်ဆန်းစုကြည်
(3) စီမံကိန်းနှင့်ဘဏ္ဍရေး၀န်ကြီး - ဦးကျော်၀င်း
(4) ပြည်ထဲရေး၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
(5) ကာကွယ်ရေး၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး စိန်၀င်း
(6) နယ်စပ်ရေးရာ၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
(7)ပြန်ကြားရေး၀န်ကြီး - ဒေါက်တာဖေမြင့်
(8) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး - ဒေါက်တာအောင်သူ
(9) သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး - ဦးအုန်း၀င်း
(10) အလုပ်သမားလူ၀င်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီး - ဦးသိန်းဆွေ
(11) စက်မှု၀န်ကြီး - ဦးခင်မောင်ချို
(12) ဆောက်လုပ်ရေး၀န်ကြီး - ဦး၀င်းခိုင်
(14)သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီး - သူရဦးအောင်ကို
(14)လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီး - - ဒေါက်တာ၀င်းမြတ်အေး
(15) စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး - ဒေါက်တာသန်းမြင့်
(16) ကျန်းမာရေး၀န်ကြီး - ဒေါက်တာမြင့်ထွေး
(17) ဟိုတယ်နှင့်ခရီးသွား၀န်ကြီး - ဦးအုန်းမောင်
(18) တိုင်းရင်းသားလူမျိုးများ၀န်ကြီး - နိုင်သက်လွင်
(19) လျှပ်စစ်၊စွမ်းအင်၊စည်ပင် ၀န်ကြီး - ဦးဖေဇင်ထွန်း
(20)ပညာရေး၀န်ကြီး - ဒေါက်တာမျိုးသိမ်းကြီး
(21)ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ - ဦးလှသိန်း
(22) အခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဌ- ဦးမျိုးညွန့်
(23)နေပြည်တော်ကောင်စီ ဥက္ကဌ - ဒေါက်တာမျိုးအောင်

၁၂၄။တိုင်းဒေသကြီးနှင့်ပြည်နယ်၀န်ကြီးချုပ်များ
(၁)ကချင် - ဒေါက်တာခက်အောင်
(၂) ကယား - ဦးအယ်လ်ဖောင်းရှို
(၃) ကရင် - ဒေါ်နန်းခင်ထွေးမြင့်
(၄) ချင်း - ဆလိုင်းလျန်လွယ်
(၅)ရခိုင် -ဦးညီပု
(၆) မွန် - ဦးမင်းမင်းဦး
(၇) ရှမ်း - ဒေါက်တာလင်းထွဋ်
(၈)စစ်ကိုင်း - ဒေါက်တာ မြင့်နိုင်
(၉) တနသာင်္ရီ - ဒေါက်တာလဲ့လဲ့မော်
(၁၀)မကွေး - ဒေါက်တာ အောင်မိုးညို
(၁၁) မန္တလေး - ဒေါက်တာဇော်မြင့်မောင်
(၁၂) ရန်ကုန် - ဦးဖြိုးမင်းသိန်း
(၁၃) ပဲခူး - ဦး၀င်းသိန်း
(၁၄) ဧရာ၀တီ - ဦးမန်းဂျော်နီ

Credit
#အထွေထွေဗဟုသုတ @ K T Z
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ

20/01/2020

Breaking News

ခရီးသည်တင်ယာဉ် ချောက်ထဲကျလို့ လေးဦးသေဆုံးပြီး ဒဏ်ရာရသူလည်း များ

ရန်ကုန်ကနေ ကျောက်ဖြူကို ထွက်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး ရမ်းဗြဲမြို့နယ်ထဲအရောက် ချောက်ထဲကျ တိမ်း မှောက်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပါတယ်။

ကလေးနဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းလေးလောင်းကို ရထားပြီဖြစ်ပြီး ဒဏ်ရာရသူလည်း အယောက် ၂၀ လောက်ရှိတယ်လို့ အဲဒီကားပေါ်မှာပါလာတဲ့ ရီးသည်တစ်ဦးက ပြောပါတယ်။
လက်ရှိတော့ ချောက်ထဲကကားကို ဆွဲတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ကားဆွဲတင်ပြီးမှပဲ နောက်ထပ် သေဆုံးသူရှိ၊ မရှိကို အသေးစိတ်သိရမယ်လို့ ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်မောင် ကပြောပါတယ်။

အဲဒီ မျိုးဆက်သစ် ခရီးသည်တင်ယဉ်တိမ်းမှောက်မှုဟာ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၄ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာပါ။

Photos from သစ်ထူးလွင်'s post 15/01/2020

မြန်မာနိုင်ငံ၏ စွယ်စုံရအနုပညာရှင်တစ်ဦး သို့တည်းမဟုတ်
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ အနုပညာသူရဲကောင်းတစ်ဦး၏အကြောင်း
========================================

ရှင်နော်၊ ဓာတ်ပုံ - အာကာစိုး

နိုင်ငံကျော် ဂန္ထဝင်စွယ်စုံအနုပညာရှင် တွံတေးသိန်းတန်၏ ကြေးရုပ်တုဖွင့်ပွဲကို ဇန်နဝါရီ ၁၁ ရက်က တွံတေးမြို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ရုပ်တုဖွင့်ပွဲသို့ ဖွင့်ပွဲအခမ်းအနား ကျင်းပသူများ စီစဉ်ပေးသည့် မော်တော်ယာဉ် ငယ်ဖြင့် ကျွန်တော်တို့ သတင်း အဖွဲ့ ရန်ကုန်မှ တွံတေးသို့ ထွက်ခွာကြသည်။ ဝါးတန်း -ဒလ ကားကူးဇက်ရှိသော် လည်း မော်တော်ယာဉ်မောင်း မှာ လှိုင်သာယာမြို့နယ်ဘက်မှ တွံတေးဘက်သို့ မောင်းနှင် သည်။ ရန်ကုန်နှင့် ဤမျှနီးသော နေရာတွင် စိမ်းစိုသော သစ်ရိပ် ဝါးရိပ်တို့ကို တွေ့မြင်ရသည်မှာ ထူးဆန်းသကဲ့သို့ဖြစ်နေသည်။ လမ်းဘေး ဝဲယာတစ်လျှောက် တွေ့မြင်ရသော စပါးခင်းများ၊ ရော်ဘာခင်းများကို ကြည့်ရင်း သဘာဝအရသာကို ခံစားမိ သည်။ မိုင် ၂၀ ပင် မပြည့်သော ဤခရီးက ခဏတွင်းချင်းမှာပင် တွံတေးသို့ရောက်ခဲ့သည်။
စာရေးသူတို့ သတင်းအဖွဲ့ အား ရုပ်တုဖွင့်ပွဲကျင်းပမည့် နေရာနှင့် မနီးမဝေး ဘုန်းကြီး ကျောင်းတွင် နေရာချပေးသည်။ ခေတ္တနားပြီးသည်နှင့် သတင်းအချက်အလက် များ စတင်စုဆောင်းကြသည်။
တွံတေးသိန်းတန်ကို မြန်မာသမားတော် ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့က တွံတေးမြို့နယ် ရှမ်းစုကြီးကျေးရွာ၌ ၁၉၄၁ ခုနှစ် စက်တင်ဘာ လ ၂၆ ရက်နေ့ သောကြာနေ့တွင် မွေးဖွားခဲ့ သည်။ မွေးချင်းခြောက်ယောက်အနက် ပဉ္စမ မြောက် ဖြစ်သည်။ သောကြာသားဖြစ်သော ကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။ အရွယ်ရောက်သောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်းတွင် လည်းကောင်း၊ စတုတ္ထတန်းမှ သတ္တမတန်း ပညာရပ်များကို ရန်ကုန်တွင်လည်းကောင်း သင်ယူပြီးနောက် တွံတေးအခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ယူ ခဲ့ရာ ၁၉၅၉ ခုနှစ်တွင် နဝမတန်းစာမေးပွဲ အောင်မြင်ခဲ့သည်။
ကဗျာရေးစပ် သီချင်းဆို
ထို့နောက် ရန်ကုန်မြို့ အစိုးရ ပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင် ပြီး ၁၉၆၁ ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် မြန်မာ့အသံ ပိဋကတ်တိုက်တွင် လက်ထောက် ပိဋကတ်တိုက်မှူးအဖြစ် တိုးမြှင့်တာဝန် ထမ်းဆောင်ခဲ့သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ်သီကုံးခြင်းနှင့် သီချင်းဆိုခြင်းတို့အပြင် ဂီတကို ဝါသနာပါ သူတစ်ဦး ဖြစ်သောကြောင့် တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူခဲ့သည်။ ထို့နောက် တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာ သိန်းစိုး၊ စန္ဒရား မောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာရပ်များ ဆည်းပူးခဲ့ပြီး ၁၉၅၆ ခုနှစ် တွင် မြန်မာ့အသံရေဒီယိုမှ တေးသီချင်းများ စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခန်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ကိုယ်တိုင် ရေးစပ် သီကုံး၍ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် ကျော်ကြား လူသိများလာသည်။ ဓာတ်ပြား လောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့ နေလေတော့၊ မြသီတာအကြိုတော် ထောက် ပေမယ့်၊ အသီးတစ်ရာ အညှာ တစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ်မင်းရယ် ပန်းပိ တောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့် သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့ သည်။
သရုပ်ဆောင်အဖြစ် ထင်ရှား ကျော်ကြား
ကျေးလက်သဘာဝ အလှ အပများနှင့် တောသူ တောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည့် တွံတေး သိန်းတန်၏ သီချင်းများအနက် ထွေးညို သီချင်းသည် တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင် ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြတ်ကဝိန် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာလှအောင် ရိုက်ကူးသော ထွေးညိုဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့်အတူ သရုပ်ဆောင်ခဲ့ရာ တေးသံရှင်သရုပ်ဆောင် အဖြစ် ထင်ရှားကျော်ကြားလာသည်။
မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီးနောက် မြတ်လေး၊ ဝါဝါဝင်းရွှေတို့နှင့် ချစ်သူက ပေးသော တေးတစ်ပုဒ်၊ ခင်သန်းနုနှင့် မေတ္တာ ဇာတ်လမ်းဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်း စေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကို နှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိ သွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာ ရိပ်မြိုင်အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၇ ကား ရိုက်ကူးခဲ့သည်။ ဝတ္ထုဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ် ခဲ့ရာ မင်းသမီးစန္ဒာနှင့် တွဲဖက်သရုပ်ဆောင် သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကား တို့မှာ ပရိသတ်တို့ အထူးနှစ်ခြိုက်အားပေးခြင်း ခံခဲ့ရသည်။
ထွေးညိုထွက်ရှိပြီး တေးသီချင်းများ အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အရေ အတွက်ကို တွံတေးသိန်းတန် ကိုယ်တိုင်မှတ်မိ ခြင်းမရှိတော့ဟု သိရသည်။ တိပ်ခွေ ၂၉ ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀ ခန့်၊ ပြဇာတ် တေးသီချင်းများ ပါဝင်လျှင် ၃၅၀ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။
တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ၁၉၇၄ ခုနှစ် တွင် ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြရာ ပရိသတ်ရုံပြည့်ရုံလျှံ အားပေးခြင်းခံရသည်။ လုံးချင်းဝတ္ထုရှည် အုပ် ၂၀ ခန့်ကိုလည်း ရေးသားခဲ့ကာ မခေါ်သာ တော်ရာက ပြုံးပါ မယ်၊ အချစ်က စနေ ကိုယ်က စနေ စသော ဝတ္ထုစာအုပ်များမှာ ထင်ရှားခဲ့သည်။
စွယ်စုံရအနုပညာရှင်ကြီး
ဘဝတစ်သက်တာကို အနုပညာဖြင့် ကုန်ဆုံးစေခဲ့သော စွယ်စုံရအနုပညာရှင်ကြီး သည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန် ခဲ့သည်။
နိုင်ငံကျော် ဂန္ထဝင် စွယ်စုံအနုပညာရှင် တွံတေးသိန်းတန်၏ ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနား၌ တွံတေးသိန်းတန်အတွက် သီချင်းများ ရေးစပ်ပေးခဲ့သူတစ်ဦးဖြစ်သည့် တေးရေး၊ တေးဆို၊ စီစဉ်သူ ဒါရိုက်တာ ညွန့်လှိုင်လှိုင်က “ကျွန်တော်က ဝါတွင်းသုံးလ ဆို သက်သတ်လွတ်စားတယ်။ ဦးသိန်းတန်ဆို သူများတွေက အရက်သမားကြီးလို့ ထင်တယ်။ အမှန်က ဦးသိန်းတန် အသက် ၅၀ ကျော်သွားတဲ့ အချိန်လောက်မှာ တော်တော် ဘုရား၊ တရား လုပ်လာတာ။
ဝါတွင်းသုံးလဆို ကျွန်တော် သက်သတ် လွတ်စားတယ်။ ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ စားတယ်။ ကျွန်တော့်ကိုကြည့်ပြီး သူက ငါလည်း သက်သတ်လွတ်စားမယ်ကွာလို့ ပြောတယ်။ အဲဒီလိုစားရင်းနဲ့ အရင်ဒဏ်တွေကြောင့် နေမကောင်းနည်းနည်း ဖြစ်လာတော့ ကျန်းမာရေးအရ ဇာတ်နားတယ်ပေါ့။ နားတဲ့ အချိန်ကျဆရာဝန်က ပြောတယ်၊ ကြက် အသည်းလေး ဘာလေးစားပါဆိုတော့ မစား ဘူးဗျာ။ ညှီတယ်ကွာဆိုပြီး မစားဘူး။ နောက်ပိုင်းရောဂါ ပြင်းထန်ပြီးဆုံးတဲ့အထိ ဖြစ်သွားတာပေါ့။ အဲဒါကိုသိစေချင်တာပါ။ ဦးသိန်းတန်သည် ဘာသာတရားကိုလုပ်ပြီး သက်သတ်လွတ်စားတယ်။ ကျွန်တော့် အတွက် အမှတ်တရပါပဲ” ဟု ပြောခဲ့သည်။
ယခုအခါ နိုင်ငံကျော် ဂန္ထဝင်စွယ်စုံ အနုပညာရှင် တွံတေးသိန်းတန်၏ အမြင့် ၄ ပေကျော် ကြေးပိဿာချိန် ၁၅၀ ကျော် ရှိသော ရုပ်တုကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ဘုရင့်နောင်လမ်းဆုံတွင် ထားရှိပြသထားပြီဖြစ်သည်။ အနုပညာရှင် ကြီး တွံတေးသိန်းတန် ရုပ်တုဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ တွံတေးသိန်းတန် ချစ်သူများ၊ ရုပ်ရှင်သဘင် ဂီတနယ်ပယ် အသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ၊ တက်သစ်စ အနုပညာရှင်များ ပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
မြန်မာပြည်သူ ပြည်သားများအတွက် အနုပညာရသကို အပြည့်အဝပေးစွမ်း ခဲ့သည့် စွယ်စုံရအနုပညာရှင်တစ်ဦး၊ တစ်ခေတ်တစ်ခါသာ ပေါ်ထွန်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ အနုပညာသူရဲကောင်းတစ်ဦး၏ အကြောင်း ကို နောင်လာနောက်သားတို့ မေ့မလျော့ အမှတ်ရစေလိုသည့်အတွက် ရန်ကုန် စာမျက်နှာထက် မှတ်တမ်းပြုရေးဖွဲ့လိုက်ရပါ တော့သည်။ ။

Photos from သစ်ထူးလွင်'s post 09/01/2020

မကွေးတိုင်းဒေသကြီးတွင် ခိုးဝင်ဘင်္ဂါလီများဖမ်းဆီးရမိ
……………………………………………

မကွေးတိုင်းဒေသကြီးအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် အထက်မင်းလှမြို့နှင့် မင်းဘူးမြို့တို့တွင် ခိုးဝင် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်၊ သခွပ်ရင်းကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ တောစပ်တွင် ခိုးဝင်ဘင်္ဂါလီလူငယ် အမျိုးသား ၂ ဦးကို ယခုလ ၇ ရက် ညနေပိုင်းက နယ်မြေဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေနံမနယ်မြေ ရဲစခန်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုလ ၈ရက် နံနက် ၅ နာရီခွဲအချိန်ကလည်း မင်းဘူးရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ဘင်္ဂါလီ ၁၀ ဦးသည် Probox အနက်ရောင်ယာဉ်ဖြင့် မင်းလှမြို့ဘက်မှ ဧရာဝတီတံတား(မကွေး)သို့ တက် ရောက်လာစဉ် တိုးဂိတ်တွင်စစ်ဆေးရေးအဖွဲ့အား တွေ့မြင်၍ ပြန်လည်ချိုးကွေ့ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ဘင်္ဂါလီများအား ယာဉ်ပေါ်မှ ချထား၍ Probox ယာဉ်မှာ ထွက်ပြေး
တိမ်းရှောင်းသွားခဲ့သဖြင့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဥပဒေအရအရေးယူနိုင်ရန် လိုက်လံရှာဖွေလျှက် ရှိပြီး ဖမ်းဆီးရမိခဲ့သည်။ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန်အသေးစိတ်စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။



(Unicode)
မကွေးတိုင်းဒေသကြီးတွင် ခိုးဝင်ဘင်္ဂါလီများဖမ်းဆီးရမိ
……………………………………………

မကွေးတိုင်းဒေသကြီးအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် အထက်မင်းလှမြို့နှင့် မင်းဘူးမြို့တို့တွင် ခိုးဝင် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်၊ သခွပ်ရင်းကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ တောစပ်တွင် ခိုးဝင်ဘင်္ဂါလီလူငယ် အမျိုးသား ၂ ဦးကို ယခုလ ၇ ရက် ညနေပိုင်းက နယ်မြေဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေနံမနယ်မြေ ရဲစခန်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုလ ၈ရက် နံနက် ၅ နာရီခွဲအချိန်ကလည်း မင်းဘူးရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ဘင်္ဂါလီ ၁၀ ဦးသည် Probox အနက်ရောင်ယာဉ်ဖြင့် မင်းလှမြို့ဘက်မှ ဧရာဝတီတံတား(မကွေး)သို့ တက် ရောက်လာစဉ် တိုးဂိတ်တွင်စစ်ဆေးရေးအဖွဲ့အား တွေ့မြင်၍ ပြန်လည်ချိုးကွေ့ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ဘင်္ဂါလီများအား ယာဉ်ပေါ်မှ ချထား၍ Probox ယာဉ်မှာ ထွက်ပြေး
တိမ်းရှောင်းသွားခဲ့သဖြင့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဥပဒေအရအရေးယူနိုင်ရန် လိုက်လံရှာဖွေလျှက် ရှိပြီး ဖမ်းဆီးရမိခဲ့သည်။ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန်အသေးစိတ်စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။

Videos (show all)

Website