hainn

hainn

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from hainn, Grocers, .

10/01/2024

အားဆေး (၁၀) မျိုး
**************
💪💪💪💪💪💪💪
စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ။

(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။

(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာ၀ရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။

(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။ အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး ရင်ဆိုင်ပစ်လိုက်ပါ။

(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။

(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊ ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင် ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို သွေးမျက်ရည်ကျစေနိုင်ပါတယ်။

(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊ သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။ ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။

(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။

(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့ ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊
ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။

(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏတာတွေကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။

(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့်တပ်ဆင်လိုက်ပါ။ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်
တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်းနာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင် သင်ဟာ ရင့်ကျက်သူဖြစ်လာပါပြီ။

လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည၊့် ဆိုးတဲ့ စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။ မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။



https://youtube.com/

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCvDFlChyW_M699I_o61L35Q

https://youtube.com/channel/UCN2qbEqTrHZSeNybvZg9a4w

https://youtube.com/channel/UC_QFrC42nvzZy-jyo2HwMFg

https://youtube.com/channel/UCio2lTELjJk3eYRCt1dEG6Q

https://youtube.com/channel/UC0M8ryBfIJlT7XmNvLteazA

https://youtube.com/channel/UCeVBESiS4-2GRNNJPPOKkvA

https://youtube.com/channel/UCk1YoX2OQKpNANBIEyYSXBw

https://youtube.com/

https://youtube.com/?si=2K9BVgC2hyOCmcFU

Photos from hainn's post 21/06/2023

စျေးလေတွေက 500/300/200ထဲပါရှင့် လာရောက်စာချင်တယ်ဆိုရင့်တော့ အေးလပြည့် ဖက်ထမင်ဆိုင် ရရှိပါတယ်ရှင်
ရပ်ကွက်ကြီး(6)ရိပ်သာလမ်းရီရီမုန့်တိုက်အနီး
ph-766822524

11/06/2023

တောင်းပန်ပြီးတော့ ပြေးလိုက်ခဲ့ဖူးတယ်😁😁😁

Photos from hainn's post 08/06/2023

ဆိတ်သားကင် ဝက်သားကင် ကြက်သားကင်လေးတွေအခုလိုမျိုးလေးတွေလဲရပါပိနော်

Photos from hainn's post 08/06/2023

ပြင်ဦးလွင်မှာရှိတဲ့ အမျိုးတို့ရေ အကင်းလေစာချင်ရင်တော့ အေးလပြည့်ဖက်ထမင်း ဆိုင်လေကို အရောက် လာခဲကြပါနော်

08/06/2023
Photos from hainn's post 08/06/2023

ပြင်ဦးလွင်ရှိတဲ အမျိုးတို့ရေ အကင်ကြိုက်တဲ့ ကိုကို မမတို့ ညိီမလေး မောင်လေးတို့ရေ အေလပြည့် ဖက်ထမင်းဆိုင်​ေလမှာ လာရောက် အားပေးလိုရပါပိနော် အခုလိုမိုးaaလေနဲဆိုင်မှာ လဲထိုင်စားလိုလဲရပါနော် ချစ်တို့ရေ deli. ရပါတယ်နော် ပုံ​ေလကိုတွေလို စာချင်ရင်တော့ အခုဘဲ 09766822524. ဆက်လိုက်ပါနော်

Website