Studio MHub

Studio MHub

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Studio MHub, Computer Company, .

26/01/2021

ပိုတန်ပြီး ပိုလန်းတဲ့ Samsung ရဲ့ Flagship မျိုးဆက်သစ်… Galaxy S21 Series
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Samsung ဟာ ၂၀၂၁ ရဲ့ အစပိုင်းမှာတင် မူပိုင်ထိပ်တန်း Series တစ်ခုဖြစ်တဲ့ Galaxy S ရဲ့နောက်ဆုံးမျိုးဆက်သစ်တွေကို မိတ်ဆက်လိုက်ပါပြီ။
Galaxy S21 Series လို့နာမည်ပေးထားတဲ့ ဒီ မျိုးဆက်သစ်တွေထဲမှာတော့ Standard Level Galaxy S21, နည်းနည်းပိုကြီးပြီးစွမ်းဆောင်ရည်ပိုမြင့်တဲ့ Galaxy S21 Plus, အကြီးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S21 Ultra ဆိုပြီး သုံးမျိုးပါဝင်လာခဲ့ပါတယ်။

တစ်ခုချင်းစီရဲ့ Specifications အတိအကျကို စမပြောသေးခင် သတိထားမိစေတဲ့အချက်ကတော့ Galaxy S21 တွေဟာ အရင် Model S20 တွေကို မိတ်ဆက်တုန်းကထက် ဒေါ်လာ ၂၀၀ လောက် ဈေးသက်သာသွားတာပါပဲ။ Samsung ကတော့ ကုန်ကြမ်းပစ္စည်းတွေကို လွယ်လွယ်ကူကူနဲ့ ထုတ်လုပ်ရရှိနိုင်ခဲ့တာမို့ Galaxy S21 ဟာ ဒီလို ဈေးနှုန်းသက်သာသွားတာလို့ဆိုထားပါတယ်။

Galaxy S21 Plus
============

နောက်ထပ် Galaxy S21 Plus ကတော့ ပိုကြီးတဲ့ ၆.၇ လက်မရှိတဲ့ Flat FHD Dynamic AMOLED Display ကိုသုံးထားတာမို့ ရုပ်ထွက်သိပ်သည်းဆကတော့ 394ppi ဖြစ်သွားပါတယ် ။ အထူကလည်း 7.8မီလီမီတာ သာရှီပြီး အပေါ်က Galaxy S21 နဲ့ဆင်ဆင် လေးထောင့်ပုံဒီဇိုင်းနဲ့ပါပဲ။
ကင်မရာကလည်း Galaxy S21 နည်းတူ 64 Megapixels Telephoto, 12 Megapixels Wide Angle, 12 Megapixels Ultra wide နောက်ကင်မရာသုံးလုံး၊ Samsung ရဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေပေါင်းစပ်ထားတဲ့ 10 Megapixels Front Camera စတာတွေကို တပ်ဆင်ပေးထားပြီး 8K Resolution အထိ အရည်အသွေးမြင့်တဲ့ Video တွေကိုလည်း ရိုက်ကူးနိုင်မှာပါ။

စွမ်းဆောင်ရည်နဲ့ အတွက် Snapdragon 888 2.8 GHZ Octacore Processor ကိုပဲ သုံးထားပြီး Storage အနေနဲ့ 8GB RAMနဲ့အတူ 128Gb ကနေ 256 Gb ထိရွေးချယ်နိုင်မယ့် internal memoryပါဝင်လာပါတယ်။
ဒါ့အပြင် In-Screen Finger Print, 4000 mAh Battery, Wireless Charging ,အဆသုံးဆယ်ချဲ့ကြည့်လို့ရတဲ့ Space Zoom စတာတွေလည်း Galaxy S21 နည်းတူ ထည်သွင်းပေးထားပါတသေးတယ်။

Galaxy S21 Plus ကတော့ Galaxy S21 နဲ့ တပုံစံတည်းနီးပါးတူပြီး Screen Size မှာသာသိသိသာသာကွာခြားတာမို့ မျက်နှာပြင်ကြီးကြီးကြိုက်တတ်သူတွေအတွက်အဆင်ပြေပါတယ်။

Galaxy S21 Ultra
=============

Ultra ဆိုတဲ့အတိုင်း ဒါကတော့ အကြမ်းဆုံးပါပဲ။ ၆.၈ လက်မရှိတဲ့ မျက်နှာပြင်ကြီးပေါ်မှာ ရုပ်ထွက်သိပ်သည်းဆ 515 ppi ရနိုင်ဖို့ဆိုတာ အိပ်မက်ဆန်ပါတယ်။ 8.9 မီလီမီတာထူပြီး Android OS 11 ကို သုံးကာ လေးထောင့်ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။

ကင်မရာပိုင်းမှာတော့ အရှေ့ကကောင်းပေ့ဆိုတဲ့ Model နှစ်မျိုးထက်ကို အများကြီးပိုကောင်းနေတာပါ။ 108-megapixel (wide-angle), 12-megapixel (ultrawide), 10-megapixel (telephoto), 10-megapixel (telephoto) နောက်ကင်မရာလေးလုံးအပြင် 40 Megapixels Front Camera ကိုလည်း ထည့်သွင်းပေးထားသေးလို့ ကင်မရာနဲ့ပတ်သက်ရင် အမှတ်ပြည့်လို့တောင်ဆိုနိုင်ပါတယ်။အပေါ်က Models တွေနည်းတူ 8K Resolution Video တွေ မှတ်တမ်းတင်နိုင်ဦးမှာမို့ ဖုန်းဝယ်လိုက်တာနဲ့ Camera ကောင်းကောင်းတစ်လုံးပါ ရလိုက်သလိုဖြစ်နေမှာပါ။

Snapdragon 888 2.4 GHZ+1.8 GHZ Octacore Processor ကိုသုံးထားပြီး 12 Gb or 16Gb RAMနဲ့အတူ 128Gb, 256 Gbကနေ 512 Gb ထိရွေးချယ်နိုင်မယ့် internal memoryပါဝင်လာလို့ ဒီဖုန်းနဲ့ဆို ဘယ်လို Game မျိုး ဘယ်လို File လာလာ အေးဆေးပါပဲ။
ဒါ့အပြင် In-Screen Finger Print, အဆတစ်ရာအထိ ချဲ့ကြည့်လို့ရတဲ့ Space Zoom တွေအပြင် ကြာရှည်ခံ 5000 mAh Battery နဲ့ Wireless Charging တွေလည်းအပြည့်အစုံပါဝင်နေပြီး S-Pen ကိုပါအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

စွမ်းဆောင်ရည်တွေ မိုးပေါ်ပျံနေတဲ့ Samsung ရဲ့ Galaxy S21 တွေကိုတော့ အခွန်အခနဲ့ သယ်ပို့စရိတ်တွေမပါခင် USD 800, USD 1000 နဲ့ USD 1200 ဆိုပြီး အကြမ်းဖျင်းသတ်မှတ်ထားပါတယ်။ အရင် မော်ဒယ်လ်တွေနဲ့ယှဉ်ရင် ပိုတန်လာတဲ့ဈေးနှုန်းနဲ့ ပြီးပြည့်စုံတဲ့ Features တွေက Android ဖုန်းလောက မှာ Samsung ရဲ့ထိပ်ဆုံးနေရာကို ဆက်ထိန်းပေးထားဦးမှာပါ။

ရွေးချယ်စရာ (၂) မျိုးထဲက အဆင်ပြေဆုံးတစ်မျိုးကို Pre-Order တင်ချင်ပြီဆိုရင်တော့ အာမခံချက်အပြည့်အဝနဲ့ အမှန်ကန်ဆုံးရောင်းချပေးနေတဲ့ Studio MHub ကနေလည်း Order တင်နိုင်ပြီပဲဖြစ်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

New Model အသစ်ထွက်ရှိ လာတဲ့
S21+ , S21Ultra
Pre-Order အစီအစဉ် လေးနဲ့
မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျာ

📱S21+ (8/256GB)
Price - 1,559,000 MMK

📱S21Ultra (12/256GB)
Price - 1,849,000 MMK

📱S21Ultra (16/512GB)
Price - 2,049,000 MMK

အထက်ပါစျေးနှုန်းများအတိုင်း ရောင်းချပေးသွားမည် ဖြစ်ပြီး

Pre-Order မှာယူသည့် Customers များအတွက်
အောက်ပါအတိုင်း လက်ဆောင်ပေးအပ်သွားမည် ဖြစ်ပါသည်။

📱S21+ (8/256GB)
🎁 🎧Buds Live , 🔌Travel Adapter

📱S21Ultra (12/256GB)
🎁 🎧Buds Pro, 🔌Travel Adapter

📱S21Ultra (16/512GB)
🎁 🎧Buds Pro, 🔌Travel Adapter,
🖲 Smart Tag

အထက်ပါ Model နဲ့ သတ်မှတ်ထားသည့် လက်ဆောင်များပေးအပ်သွားမည်ဖြစ်ပြီး
MyTel မှ ပေးသည့် Gift လက်ဆောင်
26 GB, 2600 Mins (MyTel Only)
လက်ဆောင်များလဲ ရရှိအုံးမှာ ဖြစ်ပါသည် ။

S21+ , S21Ultra ကို မှာယူလိုသည့် Customers များအနေဖြင့်

Pre-Order လက်ခံသည့်နေ့ 👇
(15.1.2021 မှ 3.2.2021)
နေ့ရက်အတွင်း
Pre-Order မှာယူလို့ရမှာဖြစ်ပြီး

Pre-Order မှာယူသူများဆီသို့
(6.2.2021 မှ 13.2.2021)
နေ့ရက်အတွင်း
Pre-Order များကို ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Pre-Order မှာယူမည့် Customers များ အနေဖြင့်
Samsung Smartphone များရောင်းချသည့်
မိမိ တို့ နှင့် နီးစပ်ရာ အဆင်ပြေသည့်ဆိုင်များတွင်

PreOrder (စရံငွေ) - 100,000 MMK
ပေးအပ်ပြီး Preorder Form အချက်အလက်များ
ရေးသား၍ မှာယူနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးပြောကြားအပ်ပါသည် ခင်ဗျာ

Galaxy S21+ Preorder >>> https://docs.google.com/forms/d/1tnD-O61cMIZF87ZNlVFKCmleHwkWpQ7-5frV712mbrk/prefill

Galaxy S21 Ultra Preorder >>> https://docs.google.com/forms/d/1TWuETCji8EA-c1rTCxuu0Ox9reBovW0qzKvGb9cZons/prefill

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Studio MHub
🏠 G2, On Maharbandoola Road - 48th street (In front of Urban Asia Centre), Botahtaung Township, Yangon

☎️ 09-954269913

Website