May Zin Kyaw

May Zin Kyaw

���

03/10/2023
27/09/2023

ကိုယ်ချင်းစာတရားဆိုတာ
**************************

ကိုယ်ကိုယ်တိုင်က
မျက်ရည်ကြခဲ့ဘူးတော့
သူတစ်ပါးမျက်ရည်တွေကို
စာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်
ဒုက္ခရောက်ခဲ့ဘူးတော့။
သူတစ်ပါးဒုက္ခတွေကို
စာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်က
ကိုယ့်အသက်ကိုချစ်တော့။
သူတစ်ပါးအသက်ကို
စာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်က
ပူလောင်ခဲ့ဘူးတော့။
သူတစ်ပါးပူလောင်မှုတွေကို
စာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်က
နွေးထွေးမှုနဲ့ဝေးခဲ့ဘူးတော့။
အိမ်လွမ်းသူတွေကို
စာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်က
ရိုးအခဲ့ဘူးတော့။
ရိုးအတဲ့သူတွေကို
စာနာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်က
ချော်လဲခဲ့ဘူးတော့။
ချော်လဲတဲ့သူတွေကို
စာနာတတ်လာတယ်။

ကိုယ်ကိုယ်တိုင်က
စိတ်ဓာတ်ကျခဲ့ဘူးတော့။
စိတ်ဓာတ်ကျသူတွေကို
အားပေးတတ်လာတယ်။
ကိုယ်ကိုယ်တိုင်က
ဝမ်းနည်းခဲ့ဘူးတော့။
ဝမ်းနည်းတဲ့သူတွေကို
နှစ်သိမ့်တတ်လာတယ်။

ကိုယ်ကိုယ်တိုင်က
မှားခဲ့ဘူးတော့။
မှားတဲ့သူတွေကို
ခွင့်လွှတ်တတ်လာတယ်။
ကိုယ်ကိုယ်တိုင်က
အရမ်းချစ်တက်ခဲ့ဘူးတော့
အရမ်းချစ်တက်တဲ့သူတွေကို
ကိုယ်ချင်းစာတတ်လာတယ်။
ကိုယ်ကိုယ်တိုင်က
အသဲကွဲခဲ့ဘူးတော့
သူတစ်ပါးခံစားနေရသူတွေကို
စာနာတတ်လာတယ်။

လူဆိုတာ ဘဝမှာ
တစ်ခါတော့မှားခဲ့ဘူးကြမှာပါ။
ခွင့်လွှတ်ပေးလို့ရတဲ့
အမှားမျိုးဆိုရင်တော့
ခွင့်လွှတ်ပေးနိုင်ရမှာပေါ့။

✍𓂸✍𓂸✍𓂸✍𓂸
လေးစားစွာCreditပေးပါသည်"

12/06/2023

ကျွန်မ သူဌေးသမီးမဟုတ်ဘူး
********************

ကျွန်မက
သူဌေးသမီး မဟုတ်ပါဘူး။

ကျွန်မက
ရှိတဲ့ ပိုက်ဆံလေးနဲ့
လောက်အောင် သုံးနိုင်တယ်။

ကျွန်မက
ရုပ်ချောတဲ့ မိန်းကလေး မဟုတ်ပါဘူး။

သို့သော်
သနပ်ခါး ပါးကွက်လေးနဲ့သာ
ကြည့်ကောင်းအောင် နေပါတယ်။

ကျွန်မက
အကောင်းစား အကောင်းဆုံး
ပစ္စည်းတွေကို
မသုံးနိုင်ပါဘူး။

သို့သော်
အသင့်တင့် ပစ္စည်းတွေနဲ့
အဆင်ပြေအောင် သုံးတတ်ပါတယ်။

ကျွန်မက
မာနမကြီးတတ်ပါဘူး။

သို့သော်
မိန်းမ တစ်ယောက်အတွက်
ရှိသင့်တဲ့
ဘောင်တစ်ခု ချမှတ်ထားပါတယ်။

ကျွန်မက
လူတန်းစား မခွဲခြားတတ်ပါဘူး။

သို့သော်
ကျွန်မ အပေါ်မကောင်းတဲ့သူဆို
ဥပေက္ခာ ပြုတတ်ပါတယ်။

ကျွန်မ
ပျော်ပျော်နေတတ်ပါတယ်။

သို့သော်
ပေါတောတော မိန်းမ မဟုတ်ပါဘူး။

ကျွန်မ
လူတိုင်းနဲ့ အဆင်ပြေအောင်
နေတတ်ပါတယ်။

သို့သော်
အဆိုးမြင်ဝါဒီသမားတွေကိုတော့
ရှောင်တယ်။

ကျွန်မ အပေါ်
တမင် အပြစ်တင်
ဝေဖန်နေကြတဲ့ သူတွေကို
လိုက်ရှင်းပြနေပြီး အချိန်မဖြုန်းဘူး။

ကျွန်မ အပေါ်
နားလည်ပေးနိုင်တဲ့သူတွေ အတွက်ပဲ
တန်းဖိုးရှိရှိ အသုံးချတယ်။

19/05/2023

ကျမ ရုပ်ဆိုးတယ်
စိတ်ဓာတ်မယုတ်ဘူး 😌

ကျမ အပြုံးရှားတယ်
ဟန်ဆောင်အပြုံးတွေ
ပြုံးမပြတတ်ဘူး 😌

ကျမ ဆင်းရဲတယ်
ဘယ်တော့မှ
ငွေမဖြုန်းတီးဘူး 😌

ကျမ ချွေတာတယ်
နေရာတကာ ကပ်စေးမနှဲဘူး 😌

ကျမ အ,တယ်
ဘယ်သူ့ကိုမှ
မလှည့်စားခဲ့ဖူးဘူး 😌

ကျမ စကားပြောနည်းတယ်
အပိုမဆလာ
ပလီပလာမပြောတတ်ဘူး 😌

ကျမ ဆက်ဆံရေးညံ့တယ်
လိုတာထက်ပိုပြီး
မဖားတတ်ဘူး 😌

ကျမ ချစ်တတ်တယ်
အချစ်အတွက်
ဘဝပျက်မခံဘူး 😌

ကျမ မာနကြီးတယ်
ကိုယ်ကျင့်သိက္ခာကို
ဘယ်တော့မှရောင်းမစားဘူး 😌

ကျမကို ကြိုက်သလိုဝေဖန်နိုင်တယ်
ကျမကရိုးသားပါတယ်ဆိုပြီး
ဆိုင်းဘုတ်တပ်မကြော်ငြာဘူး 😌

လူအကြောင်းပေါင်းမှသိတာ
အဝေးကနေ
လေထုညစ်ညစ်အောင်အပုတ်ချနေလည်း
အဲ့ဒီကိစ္စတွေကို ခေါင်းထဲထည့်ပြီး
ကိုယ့်ကိုကိုယ် အလုပ်မပေးဘူး 😌

I don't care !

သက်ထားခင်(THK)

15/01/2023

မကောင်းတဲ့ လူတွေကို
ဂလဲ့စားချေဖို့ မကြိုးစားပါနဲ့

ပုပ်တဲ့အသီးတွေက အချိန်တန်ရင်
သူ့ အလိုလို ကြွေကျသွားလိမ့်မယ်...

15/01/2023

"ဘယ်တော့မှမလုပ်ပါနဲ့

၁။ သူတစ်ပါးဝမ်းနည်းမှ ငါပျော်ရွှင်ရမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၂။ သူတစ်ပါးငိုမှ ငါရယ်ရမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၃။ သူတစ်ပါးကျရှုံးမှ ငါအောင်မြင်ရမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၄။ သူတစ်ပါးကိုချနင်းပြီးမှ ငါအထက်ရောက်မဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၅။ သူတစ်ပါးပျက်စီးမှ ငါကောင်းစားမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၆။ သူတစ်ပါးစိတ်ဆင်းရဲပြီးမှ ငါအဆင်ပြေမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၇။ ကိုယ့်အပြစ်တွေကို သူတစ်ပါးအား
ပုံချတာမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

၈။ သူတစ်ပါးအားနည်းချက်ကို ထောက်ပြီး
အနိုင်ယူတတ်တဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။

၉။ သူတစ်ပါးအခက်အခဲကို
အခွင့်ကောင်းယူပြီး
အနိုင်ယူတဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။

၁၀။ သူတစ်ပါးအောင်မြင်မှု့ကို ပိတ်ပင်တဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့.. .။

သူတစ်ပါး ပျက်စီး ဝမ်းနည်းပြီး
ပေးဆပ်လိုက်မှ ကိုယ် အောင်မြင် ပျော်ရွှင်
အဆင်ပြေ သွားရတယ်ဆိုကတည်းက
အောင်မြင်မှု့ ပျော်ရွှင်မှု့
အဆင်ပြေမှု့တွေအားလုံးက
လိပ်ပြာမသန့်တဲ့
အမဲရောင် ရလဒ်တွေပါ.....။

လေးစားစွာဖြင့်

Photos from May Zin Kyaw's post 15/01/2023

စကားပြောနည်း

Credit all photos to GENIUS with respect

07/01/2023

"ငွေရှာဖို့ မပျင်းလိုက်ပါနဲ့"

ဘယ်လောက်ဘဲ သာယာတဲ့
မိသားစုဖြစ်နေပါစေ
ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင်
သာယာတဲ့ မိသားစုလဲ အလိုလို
ပျာယာတက်ပါတယ်။

ဘယ်လောက်ဘဲ နားလည်မူရှိတဲ့
မောင်နှမတွေဖြစ်နေပါစေ
လိုအပ်တဲ့ ငွေကြောင့် ဖြစ်ပျက်လာတဲ့
ပြဿနာ တွေများလာရင် နားလည်မူတွေ
ပျောက်ကွယ်သွားနိုင်တယ်။

ဘယ်လောက်ဘဲ ချစ်တယ်
ချစ်နေတက်နေပါစေ
လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင်
အချစ်တွေလဲ အလကားတွေ ဖြစ်လာတယ်။

ဘယ်လောက်ဘဲ ခင်မင်တဲ့
သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူလဲသူ့အပူနဲ့ပါဘဲ ။

ဘယ်လောက်ဘဲ နီးကပ် တော်တဲ့
ဆွေမျိုးဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါဘဲ။

သာယာတဲ့ ဘဝ မိသားစု တွေကို
ငွေမဲ့ဝယ်ယူ လို့ မရနိုင်ပေမယ့်
ငွေမရှိပြန်တော့လဲ သာယာတဲ့ဘဝ
သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။
(ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် သူငယ်ချင်း
ငွေရှာဖို့မပျင်းပါနဲ့
ရေတစ်စက်ရဲ့ တန်ဖိုးက
ရေငတ် တဲ့ အချိန်မှနားလည်နိုင်သလို။

ငွေတကျပ်ရဲ့ တန်ဖိုးလည်း
ငွေပျက်တဲ့အချိန်မှ ပိုနားလည်ရပါလိမ့်မယ်
ငွေရှာဖို့ မပျင်းလိုက်ပါနဲ့...။

Credit

15/12/2022

မိန်းမက လမ်းထိပ်ကဆိုင်ကို ဈေးဝယ်ခိုင်းလိုက်လို့
သွားဝယ်တာ ဆိုင်ရောက်တော့
“အစ်မ ခရမ်းသီးတလုံး ဘယ်လောက်တုန်း”
လို့မေးကြည့်တော့ ခရမ်းသီးက
“အလုံးလိုက်မရောင်းဘူးမောင်လေး
အချိန်နဲ့ရောင်းတာ”တဲ့။

ဒါနဲ့ “အာ့ဆို ဘယ်အချိန်လောက်ပြန်လာဝယ်ရမလဲ
နေ့လည်လောက်ပြန်လာရင် ရမလား”ဆိုတော့
ဈေးသည်က မျက်စောင်းကြီးထိုးပီး
ပြောတယ်
“အဲဒီအချိန်ကိုပြောတာမဟုတ်ဘူး
အလေးချိန်ကိုပြောတာဟဲ့”တဲ့။

ဒါနဲ့ ဒီလောက်ကပ်သီးကပ်သပ်နိုင်တဲ့ ခရမ်းသီး
မဝယ်တော့ဘူးကွာ ကြက်ဥလေးပဲ
ဝယ်တော့မယ်ဆိုပြီး
မေးကြည့်လိုက်တယ် ဒီတခါတော့
ခုနက ခရမ်းသီးလို
အဖြစ်မခံနိုင်တော့ဘူး
နပ်သွားပြီလေ တလုံးချင်း
မေးမနေတော့ပဲ
“ကြက်ဥ အစိတ်သားလောက်”လို့
အချိန်နဲ့တန်းပြောလိုက်တယ်
“ဟာ...ကြက်ဥက အချိန်နဲ့ရောင်းတာမဟုတ်ဘူးဟ
အလုံးလိုက်ရောင်းတာ”တဲ့
ဖြစ်ပြန်ရော အမျိုးမျိုးပဲ။
အာ့နဲ့ ကိုယ်လည်းမထူးပါဘူး
အလုံးလိုက်ပဲ ရွေးဝယ်တော့မယ်ဆို
ပြီး ရွေးရအောင်
“ဒီအရောင်မကြိုက်လို့
တခြားအရောင်လေးရှိရင်ပြပါ့အူး” လို့လဲ
ပြောမိလိုက်ရော.....😁

မသာရဲ့ အဝတ်အစားဝယ်တာမှတ်နေလား
ကြက်ဥပါဆို ဒီအရောင်ပဲရှိမှာပေါ့
ဈေးရောင်းမကောင်းရတဲ့ကြားထဲ
သက်သက်မဲ့ လာနှောင့်ယှက်နေတာဘာညာ”ဆိုပြီး
လိုက်သတ်လို့ မနည်းပြေးလာရတယ်

မောထှာ😁။
(ခရမ်းသီးက မှီငြမ်းဖြစ်ပြီး
ကြက်ဥက ဖြည့်ရေးထားတာပါဗျ😁)

Credit

09/12/2022

သူ့နေရာကို
ဝင်မကြည့်တတ်ဘဲနဲ့
ကိုယ့်နေရာကနေပြီး
ဘယ်တော့မှ အပြစ်ပြောဖို့မတွေးနဲ့
ကိုယ်တိုင်ကြုံဖူးမှ
နားလည်တတ်လာလိမ့်မယ် ။


#ဗဟုသုတ

02/12/2022

အရာရာ ဆိုးနေတဲ့ ဘဝထက်
အရာရာကို အဆိုးမြင်နေတဲ့စိတ်က
လူကို ပို ဒုက္ခဖြစ်စေတယ်

အကောင်းမြင်စိတ်နဲ့
မေတ္တာတရားသာ မရှိရင်
ကမ္ဘာဟာ ပျော်စရာမကောင်းတာ အမှန်ပဲ

ဗိုင်းရပ် ပိုးတွေထက်
အတိတ်နဲ့ အတွေးဆိုးတွေက
လူကို မြန်မြန်သေအောင် သတ်ပါတယ်

ဒဏ်ရာကို ပြပြီး
ကိုယ့်ကိုယ်ကိုယ် သနားနေသရွေ့တော့
ဘယ်တော့မှ မင်း သန်မာသူ ဖြစ်မလာဘူး

အမြဲတမ်း လင်းနေပြန်ရင်လဲ
ကြာရင် မျက်လုံးကို ထိခိုက်တတ်တယ်
ဒီ တော့
တစ်ခါတလေ မှောင်နေတာကိုလဲ
ဘဝလို့ နားလည်ယူလိုက်

တစ်ခါတစ်လေတော့လဲ ပြိုလဲမိမှာပေါ့

တစ်ခါတလေတော့လဲ ဝမ်းနည်းငိုကြွေးမိမှာပေါ့

တစ်ခါတလေတော့လဲ ခက်ခဲပင်ပန်းရမှာပေါ့

တစ်ခါတလေတော့လဲ အထီးကျန်နာကျင်ရမှာပေါ့

တစ်ခါတလေတော့လဲ လက်လျှော့လိုက်ချင်တာပေါ့

ဒါ ပေ မယ့်
ဒါ ဘ ဝ ပဲ လေ

ဘဝဆိုတာ
အကောင်းတွေချည်း မရှိသလို
အဆိုးတွေချည်းလဲ အမြဲကြုံမနေရပါဘူး

အပူ အအေး
အနိမ့် အမြင့်တွေကြားမှာ
ကိုယ့်စိတ်လေးကို မျှတအောင်ထားပြီး
နေတတ်အောင် လေ့ကျင့်ယူရမှာ

အောင်မြင်မှုတွေရမှာ
ငွေကြေးတွေ ချမ်းသာမှ
အရာရာ ပြည့်စုံတဲ့တစ်နေ့ကျမှ
ငါ ဘဝအရသာကို ခံစားမယ်
ငါ ပျော်အောင်နေမယ်ဆိုတာက မသေချာပါဘူး
တကယ် မသေချာဘူး

အရာရာ ပြောင်းလဲနေတဲ့လောကမှာ
မနက်ဖြန်ဆိုတဲ့ အနာဂတ်က
ဒီနေ့ဆိုတဲ့ ပစ္စုပ္ပန်လောက်
ဘယ်လိုလုပ်ပြီး သေချာပါ့မလဲ

ဒါကြောင့်
ဘဝကို ဒီနေ့က စပြီး
စိတ်တိုင်းကျ နေထိုင်ပါ

တစ်ခုခု အဆင်မပြေတာနဲ့
တစ်သတ်လုံး မပျော်တော့မယ့်ပုံစံမျိုး မလုပ်နဲ့

တစ်ခုခု ဆုံးရှုံးသွားတာနဲ့
ငါဘဝကြီးတော့ သွားပါပြီးကွာဆိုတာမျိုး မတွေးနဲ့

အနားက တစ်ယောက်ယောက် ထွက်သွားတာနဲ့
သူမရှိရင် ငါတော့ မဖြစ်ဘူးဆိုတဲ့
ပျော့ညံ့တဲ့ စိတ်တွေ မထားနဲ့

တစ်ယောက်ယောက်
ကိုယ့်ကို နားလည်မပေးနိုင်တာနဲ့
လိုက်ရှင်းပြနေရတာတွေ လုပ်မနေနဲ့

တစ်ချို့နေရာတွေမှာ
သူက သူ
ကိုယ်က ကိုယ်ဘဲလေဆိုတဲ့ စိတ်မျိုးထားနိုင်တဲ့
သိပ့် ကို ကောင်း တယ်

အမြဲ ပျော်နေရမယ်လို့ မပြောဘူး
ဒါပေမယ့် အမြဲညည်းငြူးနေရင်တော့
စိတ်ထိခိုက်ပင်ပန်းရတာက လွဲပြီး
ကိုယ့်ဝဘဝအနာဂတ်က ဘာမှဖြစ်လာမှာမဟုတ်ဘူး

တကယ်တော့
လူ့ဘဝဆိုတာကတော့
ပူတယ် အပူတွေများတယ်
ဟုတ်တယ် ဒါ လက်ခံတယ်

ဒါပေမယ့်
အဲ့အပူတွေကြားမှာ အေးအောင်နေနိုင်တာ
နေတတ်တာကိုက ကိုယ့်အရည်အချင်းပဲ
အဲ့ဒါကို နောက်တစ်နည်း ဘဝပညာလို့ခေါ်တယ်
ကိုယ့်မှာ ဒီလို နေတတ်တဲ့ပညာမျိုး ရှိရမယ်

နောက်ဆုံးတစ်ခုပြောချင်တာက
ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဖို့
နေတတ်ဖို့ ဖြေတတ်ဖို့ ပျော်တတ်ဖို့ဆိုရင်

ကိုယ့်မှာ ဘာတွေ မရှိဘူးဆိုပြီး
အမြဲစိတ်ပျက်အားငယ် မနေဘဲနဲ့

သြော် … ငါ့မှာတော့ ဘာတွေရှိတာပဲလေဆိုပြီး
ကိုယ့်မှာရှိတဲ့ တန်ဖိုးကို
မြင်အောင်ကြည့်တတ်ဖို့လဲ လိုသေးတယ် … ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ.crd

01/12/2022

ဘဝဆိုတာ သင်တန်းဆရာ
🌄🌄🌄🌄🌄🌄🌄🌄🌄

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကို ပုခုံးချင်း ယှဉ်တိုက်လိမ့်မယ် ၊
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းက မနေနိုင်လို့ လုပ်ပေးတော့
အရူးထနေတာလို့ ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့ စကားထက်
မင်းကို ကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မွားကွက် ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကို ကပ်ဖားပြီး
မင်း ကျရှုံးတဲ့အချိန်
မင်းကို နှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန် ရှားပါးတယ် ။

မင်း မှန်တယ်ထင်ရင်
တကယ်လည်း မှန်နေရင်
ပတ်ဝန်းကျင်ကို
မင်း သိပ်ပြီး ဂရုမစိုက်နဲ့ ။

မင်း စားနေတဲ့ ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူး ကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာ ဇိမ်ခံသက်သာတဲ့ လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက် ငါးလိုက် နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

(Mahatma Gandhi)
မဟတ္တမ ဂန္ဒီ ရဲ့
အဆိုအမိန့် တစ်ခုရှိတယ်

(The future depends on
what you do today ")
မင်းရဲ့အနာဂါတ်ဟာ
မင်း ဒီနေ့ လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့ မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူ မကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကို မုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာ ပြုသွားနိုင်မှာပါ.....

💝💝💝💝💝

အောင်မြင်မှုကောင်းတွေ
ရရှိကြပါစေ ...

💝💝💝💝💝

Credit to Org.

01/12/2022

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။

၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။

၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။

တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.

ဗဟုသုတစာပေလေးများ Pageလေးကို like and shareလုပ်ခဲ့ပါ။

Website