Beauty Perfect

Beauty Perfect

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Perfect, Shopping & retail, .

Photos from Get Along With Phway's post 24/05/2024

Instock

24/05/2024

Instock

ဒီရက်ပိုင်း အဲကို underarms skin care နည်းလေးတွေ လာမေးကြတာများလို့ deodorant လေးတွေ တော်တော်များများ try ပေးဖြစ်နေပါတယ် •••

Try ထားတာတွေ အများကြီးထဲက Dove ရဲ့ Advanced care deodorant stick လေး သွားတွေ့လို့ ••
အဲသုံးတာလေးက cucumber & cactus water နဲ့ဟာလေးပါ

☀️အဓိက ချွေးအရမ်းထွက်တဲ့သူတွေ ဂျိုင်းချွေးနံ့ ပြင်းတဲ့သူတွေ ဒါလေးကို အဲ recommend ပေးချင်တယ်
☀️သူက solid type လေးဆိုတော့ သုံးရတာတော်တော် အဆင်ပြေတယ် ချွေးအရမ်းထွက်တဲ့သူတွေနဲ့ဆို ပိုအဆင်ပြေမှာ
☀️သုံးပြီး ဘယ်လောက် ချွေးထွက်လာနော် ကြိုက်သလောက်ထွက် ချွေးနံ့အရမ်းထိန်းတယ် ပြီးတော့ သူ့အနံ့က အရမ်း fresh ဖြစ်တယ် (အရမ်းအရမ်းကိုမှ fresh ဖြစ်တာမို့လို့ ဒီလိုနွေမှာ ဒါလေးသုံးပါလို့ပြောချင်တယ် )
ဘယ်လောက်အနံ့ထိန်းနိုင်လည်းဆိုရင်လေ ကြိုက်သလောက်ချွေးထွက် ဂျိုင်းမြောက်လိုက်တိုင်း dove အနံ့ရနေတာ 😅😅 အပိုမပြောဘူး ဝယ်သုံးကြည့်
တကယ့် ၂၄နာရီ အပြည့် အနံ့ထိန်းနိုင်တဲ့ Dove deodorant ပါ
☀️ခဏခဏအမေးခံရတဲ့ မေးခွန်းပေါ့နော်
အဲက Underarms skin ကို သပ်သပ်ကြီး caring လုပ်တာမျိုးတော့ မရှိဘူး ရေချိုးရင်းနဲ့ shower gel နဲ့ sponge နဲ့ သေချာတိုက်တယ်
deodorant stick တွေကိုတော့ နေ့တိုင်းစွဲသုံးလာတာ ၁၀နှစ်ကျော်လောက်တော့ရှိပြီပေါ့နော် အစုံလည်းသုံးဖူးသလို သုံးရတာလည်းကြိုက်တယ် လောနေလို့ မသုံးထားမိရင်ကို နေရတာ confidence မရှိသလိုကိုခံစားလာရတာနောက်ပိုင်း

🩵ဒါလေးက cucumber extract နဲ့လုပ်တာဆိုတော့
Cucumber က အသားရေ moisture အတွက်ကောင်းတယ် brightening effect ကိုပေးတယ်
ပြီးတော့သူက အသားရေစပ်တာ နီရဲတာတို့ sensitive ဖြစ်တတ်တဲ့ အသားရေတွေအတွက်လည်းကောင်းတာဆိုတော့ အဲ့လို underarms skin တွေ ချွေးထွက်လို့ပွန်းတာ နီရဲတာ ယားယံတာအတွက်ရယ် မဲတာညိုတာတွေအတွက်လည်း စွဲသုံးရင် safe ဖြစ်လောက်မှာ
🩵Cactus water ကကျ cooling effect ပေးပြီး collagen production အတွက် အားပေးတာဆိုတော့
ဂျိုင်းကြားအသားရေ ပျက်စီးထားတဲ့သူတွေအတွက်လည်း ဒီထဲမှာပါတဲ့ ingredients လေးတွေက ကောင်းတယ်ပေါ့နော်
🎁Underarm skin ကို သိပ်ထွေထွေထူးထူးတွေ treatment တွေမယူချင်ဘူး ဒီတိုင်းနေ့တိုင်း daily care လုပ်ပီးပဲ ကောင်းချင်တယ်ဆို အဲက deodorant stick လေးတွေ နေ့တိုင်းလိုလို စွဲသုံးဖို့ တိုက်တွန်းပါတယ်

ကဲ စာလေးတော့ဒီလောက်ပဲနော် သိချင်တာလေးတွေရှိရင်လည်း comment box မှာ ချန်ခဲ့ပါနော်
Chit Tal 🙆🏼‍♀️

ဒို့ရဲ့ မိန်းမသားလေးတွေအကုန်လုံး လှကြပါစေရှင့်

Photos from Beauty Perfect's post 24/05/2024

Banana Boat Sun spray

• အပြင်ထွက်မယ် နေပူထဲသွားမယ်ဆိုရင် Sunscreen တွေမဖြစ်မနေသုံးဖို့လိုလာပါပြီ

• နေရောင်ခြည် မှာပါတဲ့ UVA UVB တွေက အသားအရည်ကို မဲစေလောင်စေ အိုမင်းရင့်ရော်စေရုံသာမက skin cancer အထိဖြစ်စေနိုင်လို့ မဖြစ်မနေ ကာကွယ်ဖို့လိုပါတယ်နော်

• နေပူထဲသွားသွား ☀️ခရီးပဲသွားသွား🏖ရေပဲကူးကူး 🏊‍♀️ နေပူထဲလုပ်ရတဲ့ ချွေးထွက်တဲ့ အလုပ်တွေပဲလုပ်လုပ် လိမ်းလို့အဆင်ပြေစေတဲ့ US ကဝင်တဲ့ Banana Boat Water resistant Sport Ultra sunscreen SPF 50+ လေးတွေရှိပါတယ်ရှင့်

• သူ့ကို နေပူထဲမထွက်ခင် ၁၅ မိနစ်အလိုမှာကြို လိမ်းပေးရမှာပါ
Sunscreen effect ထိရောက်ဖို့ ၂ နာရီတခါ reapply လုပ်ဖို့လိုပါတယ်

• ရေကူးမယ်ဆိုရင်တော့ 80 minutes water resistant ဖြစ်လို့ မိနစ် ၈၀ ကြာရင်ပြန်လိမ်းပေးရမှာပါရှင့်

• Spray ကိုဖြန်းမယ်ဆိုရင်တော့ မျက်နှာကိုတိုက်ရိုက်မဖြန်းဘဲ လက်ပေါ်ဖြန်းပြီးမှ မျက်နှာပေါ်ပြန်လိမ်းပေးပါနော်

• နေလောင်ဒဏ်ကိုထိရောက်စွာ ကာကွယ်ပေးနိုင်လို့ US မှာ လူကြိုက်များတဲ့ Sunscreen လေးပါ

In-stock
45000 Kyats (227g)
Imported from USA

100%Authentic

Photos from Beauty Perfect's post 24/05/2024

Neutrogena Oil free acne facial wash

• ဝက်ခြံအတွက် အမြစ်ဖြတ် ချေမှုန်းပေးမယ့် Treatment နဲ့ Cleansing effect ၂မျိုးကို MicroClear Technology အသုံးပြုပြီး ထည့်သွင်း ထုတ်လုပ်ထားပါတယ်

• Salicylic Acid ပါဝင်တဲ့အတွက်ကြောင့် ရှိနေတဲ့ဝက်ခြံတွေကို အရောင်ကျအောင် ကုသပေးပြီး Breakouts တွေဖြစ်တာကို ကာကွယ်ပေးတဲ့အပြင် ဝက်ခြံတွေထပ်ဖြစ်မလာဖို့ တားဆီးပေးပါတယ်

• Oil Free Formula နဲ့ ထုတ်ထားတာမို့ အဆီပြန်သူအတွက်ပါ သုံးရတာ အဆင်ပြေစေပြီးClear skin ဖြစ်အောင် ချွေးပေါက်ထဲထိ သန့်စင်ပေးနိုင်ပါတယ်နော်

• အဆီပြန်ခြင်းလည်း မရှိစေသလို အသားအရည် ခြောက်သွေ့ခြင်း လည်း မဖြစ်ပဲ သန့်စင်အောင် အထူးထုတ်လုပ် ထားတာလေးပါနော်

Instock
(177ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 24/05/2024

Supergoop Glow Sunscreen SPF 40

• Primer + Moisture + Sunscreen ပေါက်းထားတာလေး

• Highlighter မလိုပဲ Glow ချင်သူတေဲ့သူတွေဆို တစ်ဘူးဆောင်ထားလိုက်

• Cocoa peptide moisture ကြောင့် rich moisture ရစေပြီး skin ကို ကြည်လင်စိုပြေ ဝင်းပစေပါတယ်

• ချွေးပေါက်ကျဥ်းပေးပြီး အသားအရည် ကြည် Glow စေဖို့ niacinamide ပါတော့ ပိုglow တာပေါ့

instock
45000 Kyats (15ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 24/05/2024

Cerave SA Smoothing Cleanser

• Cera Ve SA Smoothing Cleanser လေး
In-stock ရပြီရှင့်

• ဝက်ခြံ အဆီဖုအရမ်းများတဲ့ သူတွေအတွက်အရမ်းအဆင်ပြေတယ် cleanserလေးပါ

• ခြောက်သွေ့တဲ့ အသားအရေကိုအစိုဓါတ်ဖြည့်ပြီး အမဲစက် ဝက်ခြံကြောင့်ဖြစ်သောအမာရွက်တွေနေလောင်ဒဏ်ကြောင့်အသားအရည်ပျက်စီးတာတွေ့ကိုပါသက်သားစေပါတယ်

• မျက်နှာကို သန့်စင် စေပီး ဝက်ခြံ ၊အဆီဖုတွေ့ပျောက်စေပြီးထပ်မထွက်တော့အောင်တားဆီးပေးပါတယ်

• ကျောဘက်မှာဖစ်တတ်တဲ့ ကြာစူးလေးတွေတွက်တောင် သုံးလို့ရလို့ နာမည်ကြီးတဲ့ cleanser လေး

In-stock
65000 Kyats (236ml)
Made in France
Imported from Uk

100%Authentic

Photos from Beauty Perfect's post 24/05/2024

Fresh Rose Deep Hydration Face Cream

• Summer အတွက် Moisturizer ကောင်းလေးရှာနေရင် Fresh ရဲ့ Rose cream လေးကို Try ကြည့်ပါ

• Gel cream type မို့ လိမ်းလိုက်ရင် အေးအေးမွှေးမွှေးလေးနဲ့ So good!! ပဲ Dry skin သမားတွေအတွက် အရမ်းအဆင်ပြေသောနော်

• မွဲခြောက်ကြမ်းတမ်းနေတဲ့ အသားရေတွေအတွက် 72hrs ထိ Deep Hydration ပေးပြီး Skin barrier ကို Balance လုပ်ပေးတယ်

• သူ့မှာပါတဲ့ Duo Hyaluronic Acids က အသားရေအတွင်းပိုင်းထိ အစိုဓါတ်ကို နက်ရှိုင်းစွာအားဖြည့်ပေးလို့ Skin လေး ကြည်တောက်ရှင်းပြီး Glow လာစေတယ်နော်။

Instock
24000 Kyats (7 ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 24/05/2024

Origins Mega-Mushroom
Relief & Resilience Fortifying Emulsion

• ဒီEmulsion လေးက ဘာသုံးသုံး မတည့်တတ်တာများတဲ့ Super Sensitive Skin အပြင် All Skin type ရပါတယ်နော်

• Texture လေးကလဲပေါ့ပါးလွန်းလို့ အသားပေါ်တင်လိုက်တာနဲ့တင် ချက်ချင်းစိမ့်ဝင်မှု မြန်တာလေးက တော်တော် အဆင်ပြေတယ်

• အသားရေ နီးမြန်းတတ်သူများ၊ Skin Barrier‌ ကောင်းကောင်းလေးဖြစ်ချင်တယ်ဆို
ဒါလေးကို သုံးကြည့်ပါလို့ ညွှန်းပါရစေနော်

• သူက Moisture ကို 128%ထိ‌ အောင် Boostလုပ်ပေးတဲ့ပြင် အစိုဓာတ်ကို 48 နာရီ ကြာအောင်ထိန်းထားပေးနိုင်တယ်

• ဝက်ခြံ တွေနဲ့ နီးမြန်း ယောင်ရမ်းနေတာတွေ
အဆီဖု တွေထွက်တာတွေ အသားရည် ကြမ်းတမ်းပျက်စီးနေတာတွေ ခရီးမှာ အသားရည် ညိုညစ်ပျက်စီးလာတာမျိုးတွေ

• Period time ဆို ဝက်ခြံထွက်ပြီး အသားရည် ညစ်နေတတ်သူတွေတွက် Step တွေအများကြီး မသုံးချင်ဘူးဆို ဒါလေးတစ်မျိုးထဲ လိမ်း အဆင်ပြေတယ်နော်

instock
28000 Kyats (30 ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 24/05/2024

Supergoop PLAY Everyday Lotion SPF 50

• သူက ရေဓာတ်ကိုလဲပေးနိုင်ပြီး fast absorbing formula လဲဖြစ်တဲ့ အပြင် UVA, UVB and IRA rays တွေကို ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်ရှင်

• နောက်ပြီးတော့ သူလေးက SPF 50ပါလို့ နေရောင်ခြည်နဲ့ထိတွေ့လို့ အသားအရေ အိုမင်းရင့်ရော တာတွေ အသားအရေ မွဲခြောက်တာတွေ ကနေလဲကာကွယ်ပေးတယ်လေ

• water- and sweat-resistant for 80 minutes လဲဖြစ်တယ်ဆိုတော့ beach သွားတာတို့ running လုပ်တာပြုလုပ်မှာဆို အသုံးပြုလို့ ပိုမိုသင့်တော်တာပေါ့

instock
55000 Kyats (30ml)
Imported from USA

100%Authentic

Photos from 𝕊𝕥𝕖𝕡𝕙'𝕤 𝔹𝕖𝕒𝕦𝕥𝕠𝕡𝕚𝕒's post 23/05/2024

Instock

Photos from Beauty Perfect's post 23/05/2024

Carbon Theory Charcoal & Tea Tree Oil

• အရမ်းဝယ်ရခက်ပီး UK the best selling soapလေး

• ဝက်ခြံပြသာနာကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် the best soap bar နော်Beauty award တွေရထားပီး Breakoutအရမ်းဖြစ်တတ်တဲ့-

Whiteheads
Blackheads
Fungal Acne
Hormonal Acne

• မျက်နှာပိုင်ရှင်လေးတွေ အလွန်အဆင်ပြေတာမို့ သုံးကြည့်စေချင်ပါတယ်။သူကevery skin typeအဆင်ပြေတယ်နော်

• မျက်နှာနီမြန်းရောင်ရဲခြင်းကို သက်သာစေတဲ့အပြင်natural astringent အနေနဲ့ ချွေးပေါက်လေးတွေကို ရှင်းပီး ကျဉ်းစေပါတယ်

In-stock
35000 Kyats
Imported from Uk

100% Authentic

Photos from Beauty Perfect's post 23/05/2024

Elf Halo Glow Liquid Filter Foundation

• Foundation ထူထူလိမ်းရတာ မကြိုက်ဘူး နည်းနည်းလေးနဲ့ effect ရချင်တယ်ဆိုတဲ့သူတွေတွက်

• မိတ်ကပ်အောက်ခံအနေနဲ့ပဲသုံးသုံး Highlight အနေနဲ့သုံးသုံး Healthy glow look လေးကိုရစေပါတယ်

• Review တွေအရမ်းကောင်းပြီး budget save ဖြစ်တယ် Ct ကစျေးများတော့ စျေးသင့်တာလေးဆို သူ့ရဲ့ Dupe ဒါလေးသာသုံး

• ပါးပါးကြည်ကြည်လေးနဲ့ မိတ်ကပ်သားတစ်နေကုန်ခံတဲ့အပြင် coverage တော်တော်လေးကောင်းပါတယ်နော်

instock
(31.5ml)
imported from USA

100%Authentic

Photos from Beauty Perfect's post 23/05/2024

Boots Body Serum

• အရမ်းကိုအရမ်းကိုကြိုက်စေရမယ့်body serum လေး Vit Cပါလို့ အမဲစက်သက်သာသာ အသားဖြူတယ်ဆိုပြီး နာမည်ကြီး‌တာလေး

• သူကလုံးဝ miracle ပါ
Results က 7ရက် နဲ့ကိုသိသာစေတာ

• Vit C Brightening ကြောင့် ညိုညစ်နေတာတွေနဲ့ အမဲစက်တွေကိုသိသိသာသာ ပျောက်ကင်းစေပါတယ်

• Boots Vitamin cseries‌ ကတော့ quality အာမခံပါတယ် တကယ်လည်းကြိုက်တယ်

• ခရီး‌တွေအမြဲသွားနေရတဲ့သူတွေ နေလောင်ပြီး အသားညစ်ထပ်ထပ် ဖြစ်နေတာတွေအတွက်တကယ်အဆင်ပြေတယ်

• သူက Vitamin C 2xမလို့ နေလောင်ထားတာတွေ အမဲစက် အမာရွတ်လေးတွေလည်းတကယ်ပါးပါတယ်

• For all skin types ပါ အသားအရေ sensitiveဖြစ်တဲ့ သူတွေတောင် စိတ်ချသုံးလို့ရပါတယ်

Instock
14000 Kyats (180ml)
Imported from Bkk

100%Authentic

Photos from A jueen’s's post 23/05/2024

Instock

Photos from Beauty Perfect's post 23/05/2024

Supergoop SPF Bestseller Set

Play Everyday Lotion Spf 50PA++++ (30ml)

Glowscreen Spf 40 PA+++ (15ml)

Unseen Suncreen Spf 40 PA+++ (15ml) 3 မျိူးပါတဲ့ set လေးပါ

• Play Everyday lotion လေး က Face & body ရော အသုံးပြုလို့ရတယ် လိမ်းလိုက်ရင် စိမ့်ဝင်မှု​ မြန်တယ် စေးကပ်တာမျိူးလဲမရှိဘူး အဆီလဲမပြန်ဘူးနော် water & sweat proofဖြစ်လို့ ချွေးထွက်သန်တဲ့သူ အားကစားလုပ်တဲ့သူရေကူးတဲ့သူတွေအတွက် အဆင်ပြေတယ်နော်

• Glowscreen လေးက suncreen, primer, moisture 3 မျိုးလုံး effect ကို ရစေတဲ့ glowscreen လေးပါနော် လိမ်းလိုက်ရင် ပြောင်ပြောင်ဝင်းဝင်းလေးနဲ့ glowစေတယ် makeup မလိမ်းချင်တဲ့သူတွေဆို ဒါလေးလိမ်းပြီး powderလေးသုံး နှုတ်ခမ်းနီလေးဆိုး လုံးဝ perfect ပဲ Spf 40 PA+++ ပါဝင်လို့ နေရောင်ခြည် ဒဏ် ကို လဲ အပြည့်အဝ ကာကွယ် ပေးတယ်နော်

• Unseen Suncreen လေး က သူ့ရဲ့ texture က gel လိုမျိူး အေးအေးလေးနဲ့ Colourless လဲ ဖြစ်လို့ အသားအရောင်မရွေးအသုံးပြုလို့ရတယ် သူလဲ primer ထပ်သုံးစရာမလိုအောင် အသားမှာလိမ်းလိုက်ရင် လုံးဝ smooth ဖြစ်သွားရော အသားထဲကို စိမ့်ဝင်မှု မြန်လို့ အဆီပြန်မှာ စေးကပ်ကပ်ဖြစ်မှာတွေလဲ စိတ်ပူစရာမလိုဘူးနော်

instock
133000 Kyats
Imported from USA

100%Authentic

Photos from Beauty Perfect's post 23/05/2024

Gillette deodorant gel

• 72နာရီကြာရေမချိုးဘဲနေတဲ့သူတွေအတွက်ဆောင်ထားရမယ် Deodorant လေး

• ရောင်းအားအကောင်းဆုံး အထိမိဆုံး Gillette Gel လေးက

• 72နာရီကြာ ချွေးထွက်တာလေးထိန်းထားနိုင်ပါတယ်အနံ့လေးက cool & freshဖြစ်ပြီး

• ချွေးထွက်လွန်ခြင်းကြောင့် အင်္ကျီကွက်တာ ဝါတာမဖြစ်စေ ချိုင်းမည်းတာမဖြစ်စေဘူး

• sensitive skin safeဖြစ်စေတယ် တနေကုန်ယုံကြည်မူရှိရှိနဲ့ နေချင်တယ်ဒါ ဒါလေး တဘူးလောက်သာ ဆောင်ထား လိုက်တော့

• ချွေးနံ့ပြင်းတဲ့သူတွေ ချွေးထွက်များတဲ့သူတွေ ဆောင်ထားသင့်ပါတယ်နော်

instock
23500 Kyats (70ml)
Imported from UK

100%Authentic

Photos from Beauty Perfect's post 23/05/2024

Clinique Moisture Surge Face Spray

• ရာသီဥတု ပူပူ အေးအေး အသားရေကရေဓါတ်ပြည့် နေဖို့ လိုပါတယ်

• Moisture surge series ကတော့ Clinique ရဲ့နာမည်ကြီး seriesပါ ရေဓာတ်ဖြည့်ပေးတဲ့နေရာမှာ ဆရာကြီးပေါ့

• ဒီ face spray လေးကတော့ မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်း လိုတဲ့အချိန်တိုင်းလဲထပ်ဖြန်းလို့ရပြီး Skin moisture ကိုထိန်းပေးနေမယ့် Spray လေးပါ

• Aloe vera က Main ingredient အဖြစ်ပါဝင်လို့ ရေဓာတ်ကိုဖြည့်ပေးရုံသာမက မဆုံးရှုံးအောင်လဲထိန်းထားပေးပါတယ်

• ဒီ Spray လေးကို clean skin မှာ Toner အနေနဲ့သုံးနိုင်သလို Makeup setting spray အနေနဲ့ မိတ်ကပ်လိမ်းပြီးဖြန်းနိုင်ပါတယ်

• နေဒဏ်လေဒဏ်တွေကြောင့် ခြောက်သွေ့ပျက်စီးတာတွေကိုကာကွယ်တားဆီးပေးနိုင်ပါတယ်

• အသားအရေက Moisture ပြည့်နေရင် အဆီထုတ်တာကိုထိန်းပေးတဲ့အပြင် Skin barrier ကိုလဲအားကောင်းစေပါတယ်

• အဲ့တော့ ရေဓာတ်ပြည့်အောင် ရေများများသောက်ဖို့အပြင် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ skincare လေးတွေသုံးပေးဖို့လဲ အရေးကြီးပါတယ်နော်

instock
63000 Kyats (125ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 23/05/2024

Laura Mercier ရဲ့ Caviar Stick Eye Shadow Mini Stick

• ဒီအ​ရောင်​လေးက ဘယ်လို look ပဲ
ပြင်ပြင် အရမ်းအဆင်ပြေတဲ့အ​ရောင်​လေးပါရှင်

• သူ့တစ်​ရောင်ထဲလဲ လှသလို တခြား
eyeshadow colour ​တွေနဲ့ စပ်ပြီးခြယ်လဲ လှတာပဲ

• Highlight အ​နေနဲ့ပါ သုံးလို့ရတဲ့ အ​ရောင်​လေး​နော်
Creamy type မို့ ကြာရှည်ခံတယ်အ​ရောင် ထွက်အားလဲ​ကောင်းတယ်ရှင်

• Stick လေးဖြစ်လို့ ကိုင်တွယ်ရတာလဲ
လွယ်သလို ဘယ်သွားသွား အလွယ်တကူယူသွား
နိုင်ပြီးဖျတ်ခနဲ ကောက်ဆိုးလို့လည်းရ​နော်

• Mini တစ်ချောင်းဆို အကြာကြီး သုံးလို့ရ
စျေးကလည်း တန်တန်လေး

in-stock
22000 Kyats (mini)
Imported from USA

100%Authentic

Photos from Yar Yar & Her Choices's post 23/05/2024

instock

Photos from Beauty Perfect's post 22/05/2024

The Ordinary Azelaic acid suspension

• အမဲစက်နဲ့အမာရွတ်တွေသိသိသာသာမှိန်လာချင်တယ်Whitening တွေသုံးရင်လည်းဝက်ခြံထွက်မှာစိုးလို့ အရမ်းပြင်းတာတွေလည်းမသုံးရဲတဲ့သူတွေတွက်

• သူကဝက်ခြံထွက်လည်းသက်သာစေတဲ့အပြင် အရင်ထွက်ပြီးသားဝက်ခြံတွေကြောင့်အသားနီမြန်းတာ၊ အမဲစက်ကျန်ခဲ့တာတွေကိုပါသက်သာ​စေပါတယ်

• အမဲစက်သက်သာပြီးအသားလေးကြည်လာတာကိုယ်တွေ့ပါရှင် acne scars တွေဆိုတစ်ဘူးအကုန်မှာတော်တော်ကိုပါးသွားတာ🫶

• ညအိပ်ရာဝင်တစ်ကြိမ်ပဲလိမ်းရင်ကိုရပြီ
နောက်နေ့အပြင်ထွက်ရင် sunscreen လိမ်းဖို့သာမမေ့နဲ့နော်

Instock
59000 Kyats (30ml)
Imported from USA

100%Authentic

Photos from Beauty Perfect's post 22/05/2024

Nars Or**sm X Blush

• Or**smထက် အရောင်ပိုထွက်ချင်ရင် Or**sm Xလေးယူနော်

• ဒီအရောင်လေးက အသားဖြူ/ ညို/ လတ် အကုန်လုံးနဲ့လိုက်တယ်

• ပန်းရောင်ကိုမှ ရွှေရောင်လေးတွေပြေးနေတော့ skin tone မရွေးဘူးကွယ် ဒီဆိုဒ်လေးက ရှာလို့ ရတုန်းယူထားနော်

instock
61000 Kyats (2.5 g)
Imported from USA

100%Authentic

Photos from Beauty Perfect's post 22/05/2024

BSC Crystal Aura Powder

• Anti aging effect ပါလို့ 28နောက်ပိုင်း ကိုယ့်အမတွေလုံးဝယူသင့်တယ်နော်

• နောက်ထပ်ထူးခြားတာက တစ်ခြား bsc powder တွေနဲ့မတူပဲ သူ့ရဲ့အားသာချက်က tee tree ပါဝင်လို့ ဝက်ခြံအဆီဖုသမားတွေပါ အဆင်ပြေတာပါနော်

• SPF 35 PA+++ ဖြစ်တာကြောင့် နေလောင်ဒဏ်ကိုလဲ ကာကွယ်ပေးနိုင်ပါတယ်

• Coverage ကလဲ full / medium coverage ဖြစ်ပြီး matte powder type မလို့ အဆီပြန်သမားတွေလည်း ok ပါတယ်နော်

• anti aging ပါဝင်လို့ နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်လာမဲ့ အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးနိုင်တယ်

• အရောင်ကတော့ ဖြူဖြူ/ညိုညို အသားအရေအကုန်လုံးနဲ့လိုက်တဲ့ C2 တစ်မျိုးပဲရပါမယ်ရှင့်

instock
15000 Kyats
Imported from BKK

100%Authentic

Photos from Nyein's Diary's post 22/05/2024

Instock

Videos (show all)

#hourglasssettingpowder
#Lancome#299
#Rarebeautylipoil#Wonder
#honeywaffles
#maybellinematteink#70

Website