Pyo-Handmade

Pyo-Handmade

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyo-Handmade, Shopping & retail, .

Timeline photos 31/07/2023

❤️Love react ပေးပါ

"ဂတာတမော့" (ခ) "ကျောက်သင်ပုန်း" နှင့် "ကျောက်တံ"

ဒီးတို့ရဲ့ မော်လမြိုင်မြို့ဆိုတာ လှပတဲ့ သဘာဝပတ်ဝန်းကျင်အလှတရားတွေ၊ ရာစုနှစ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဒေသထွက်ထုတ်ကုန် စားစရာတွေရယ်တွေကြောင့် ထင်ရှားကျော်ကြားပါတယ်။
"ကျောက်သင်ပုန်း" နဲ့ "ကျောက်တံ" ဆိုတာကလည်း ဒီးတို့ မွန်ပြည်နယ် ဘီလူးကျွန်း မုဒွန်းရွာရဲ့ လက်မှုပညာတစ်ခုအနေနဲ့ ၁၉၄၅ ခုနှစ်ကနေ စတင်ဖန်တီးပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် အထောက်အကူတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။
ခေတ်ရေစီးကြောင်း နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် "ကျောက်သင်ပုန်း" နဲ့ "ကျောက်တံ" ကို စာရေးကိရိယာအနေနဲ့ အသုံးပြုမှုနည်းပါးလာတာကြောင့် မျိုးဆက်သစ်ကလေးသူငယ်တွေနဲ့ တဖြည်းဖြည်းအလှမ်းဝေးလာပြီး ရိုးရာလက်မှုပညာအမွေအနှစ်တစ်ခု ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်။
အခုလက်ရှိမှာဆိုရင်တော့ "ကျောက်သင်ပုန်း" ကို ပန်းချီဆွဲရာမှာအသုံးပြုလာကြတဲ့အပြင် အမှတ်တရ လက်ဆောင်ပစ္စည်း၊ စားသောက်ဆိုင် Menu နဲ့ တိုင်ကပ်နာရီဒီဇိုင်းတွေအနေနဲ့ တီထွင်ပြောင်းလဲ အသုံးပြုလာကြတဲ့အတွက် ဝမ်းသာမိသလို အခုထက်ပို တွင်တွင်ကျယ်ကျယ်အသုံးပြုစေလိုတဲ့ ဆန္ဒနဲ့ အမေ့လျော့ခံ ရိုးရာလက်မှုပညာတစ်ခုကို ပြန်လည် ဖော်ထုတ်သတိပေးရင်း မွန်ပြည်နယ် ဘီလူးကျွန်း မုဒွန်းရွာမှ "ဂတာတမော့" လို့ အမည်ရတဲ့ မွန်ရိုးရာလက်မှုပညာ "ကျောက်သင်ပုန်း" နုဲ့ "ကျောက်တံ" ကို The Iconic of Mawlamyine လို့ ဂုဏ်ယူစွာနဲ့ တင်စားမျှဝေလိုက်ပါတယ်ရှင့်။

Make up - ဆရာ လှအုပ်စိုး
Traditional attire - Hein
Photographer - Lin Htun
Arranged by Miss Universe Mawlamyine Organization

Photos from Pyo-Handmade's post 21/10/2020

🐰
Price 1000ks

Website