Hparat Pang Lai Media ဗဟုသုတပင်လယ်

Hparat Pang Lai Media ဗဟုသုတပင်လယ်

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hparat Pang Lai Media ဗဟုသုတပင်လယ်, Religious organisation, .

03/09/2023

#သတိပြုရန်

(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။

© ဆရာဦးခင်ဇော် (မရမ်းကုန်း)
© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)

28/11/2022

မြန်မာနိုင်ငံ ရှမ်းပြည်နယ်က နာမည်ကြီးမြို့တစ်မြို့ဖြစ်တဲ့ မိုင်းလားမြို့ရဲ့ ညသုခဘုံ ဒါမှ မဟုတ် နတ်သမီးလမ်း ဆိုတဲ့ နေရာ အကြောင်းကိုတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ညသုခဘုံ‌လို့ နာမ်စား ပြုရလောက်အောင် ပျော်ပါးစရာတွေ လည်ပတ်စရာနေရာတွေ များစွာရှိနေတဲ့ အဲ့ဒီ မြို့လေးကို ဘာကြောင့် ညသုခဘုံလို့ တင်စားခေါ်ဝေါ်ရသလဲ ညနတ်သမီးလေးတွေကျက်စားတဲ့ နတ်သမီးလမ်း ဆိုတာက‌ေရာ ဘာလဲ ဆိုတာ ကျွန်တော် နဲ့အတူတူ ဒီဗီဒီယိုလေးထဲမှာ ကြည့်လိုက်ရအောင်ဗျာ

06/11/2022

💐🍀 ရန်ကုန် ➡️မြစ်ကြီးနား💐🍀
🛩️ Air KBZ 203,000 MMK💵
🛩️MNA 226,000 MMK💵
💐🍀 မြစ်ကြီးနား➡️ရန်ကုန် 💐🍀
🛩️ Air KBZ 201,000 MMK💵🕒10:25Am - 1:35 Pm
🛩️MNA 204,000 MMK💵 🕒10:50Am-1:55pm

🏘️ ✈လေကြောင်းလိုင်းများ၏ သတ်မှတ်စျေးနှုန်းများအတိုင်း သက်သာစွာဖြင့် ဝယ်ယူနိုင်ပါသည်။

🕒 စျေးနှုန်းများမှာ သွားမည့်ရက်ပေါ် မူတည်ပြီး အမြဲတမ်းအပြောင်းအလဲ ရှိပါသည်။ 💟💝

🕊️🛩️ခရီးစဥ်အား နေ့စဥ်တွင် ပျံသန်း ပြေးဆွဲပါသည်။

💵 အနှိမ့်ဆုံးစျေးများဖြင့် ရရှိနိုင်ရန် ၂ပတ် သို့မဟုတ် ၃ပတ်ခန့်ကြိုတင်ပြီး ဝယ်ယူထားရန် အထူးလိုအပ်ပါသည်။💵

👨‍👩‍👧‍👦📱📲 ခရီးသွားမိဘပြည်သူများအနေဖြင့် မိမိတို့သွားလိုသောခရီးစဥ်များ၏ စျေးနှုန်းများအားသိရှိလိုပါက Messenger ၊ Viber ၊ Comment တို့ မှ ဖြစ်ဖြစ်၊ ဖုန်းဆက်၍ ဖြစ်ဖြစ် သိရှိလိုသည်များအားဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။ 📠☎️

💵လက်မှတ်ဖိုးငွေကြိုလွှဲစနစ်ဖြင့်သာရောင်းပါသည် နော်💵💸
🌻💵%ပေးစရာမလိုပဲ CB /AYA/KBZ/YOMA/K Pay/CB Pay/Wave Money စသည်တို့မှ ငွေလွှဲပြီးသည်နှင့် လူကြီးမင်းတို့၏ လက်မှတ်
E-Tickets လက်မှတ် များကို
📲Viber
📲Facebook Messenger
💌Email တို့မှတစ်ဆင့် ပို့ဆောင်ပေးပါသည်။
လေဆိပ်တွင် လေယာဥ်လက်မှတ်ကို မိမိဖုန်းထဲက ပြပြီး အလွယ်တကူ လိုက်ပါစီးနင်းလို့ရပါပြီ။ 📇📩💌

📍Cherubim Travels&Tours Services
📲09980058852
09776790004 (Viber)

🏢 *Kha We Chan 2street Insein Township,Yangon

22/10/2022

အခုခေတ်လူငယ်တွေ

17/09/2022

နိုင်ငံခြားခရီးသွားတိုင်း မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခု❗️

ကိုယ့်နိုင်ငံထဲကထွက်ပြီး တစ်ဖက်နိုင်ငံ Immigration မှာ တုံးထုပြီးတာနဲ့ Passport ရဲ့ ပထမစာမျက်နှာရယ် နောက်ဆုံးတုံးထုပေးတဲ့ စာမျက်နှာကို ဓါတ်ပုံရိုက်ပါ၊ ဖုန်းလည်းပျောက်နိုင်တဲ့ ဖြစ်နိုင်ခြေရှိလို့ အဲ့ပုံတွေကို တစ်ယောက်ယောက်ဆီ Chat Box မှာ ပို့ထားလိုက်ပါ... ဘာလို့ရိုက်ခိုင်းလဲဆိုရင် Passport ပျောက်သွားရင် ဒီအရာ ၂ ခုက အရေးကြီးဆုံး လိုအပ်တာမို့ပါ...

အကြောင်းအမျိုးမျိုးကြောင့် Passport ပျောက်သွားပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ရောက်နေတဲ့နိုင်ငံရဲ့ နီးစပ်ရာ ရဲစခန်းမှာ Report လုပ်ရပါမယ်၊ အဲ့တာက ကိုယ့်ပတ်စပို့နဲ့ တခြားအလွဲသုံးစား လုပ်လာနိုင်တာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ၊ ရဲစခန်းမှာ အခြေအနေ အစအဆုံးပြောပြပြီး ထောက်ခံစာယူပါ... ပြီးရင် အနီးဆုံး မြန်မာသံရုံးကိုသွားရပါမယ် ကိုယ့်ရဲ့ဓါတ်ပုံ၊ Passport ပထမစာမျက်နှာ၊ ဗီဇာတုံး၊ အပြန် Flight နဲ့ ရဲစခန်းထောက်ခံစာပေးပြီး Emergency Document ရဖို့ တောင်းဆိုပါ... သံရုံးက ထုတ်ပေးတဲ့စာမရှိရင် အပြန် လေယာဥ်စီးလို့မရတဲ့အတွက် ဒါက မဖြစ်မနေလုပ်ရမှာပါလို့... ဒါက Passport ပျောက်ပြီး ရက်ပိုင်းအတွင်း မြန်မာပြည်ပြန်ရမယ့် ခရီးသွားတွေအတွက်ပဲ ပြောတာပါ၊ တခြားနိုင်ငံမှာ နေနေတဲ့သူတွေကတော့ သံရုံးမှာ စာအုပ်အသစ်ပြန်လျှောက်လို့ ရပါတယ်...

အပေါ်မှာပြောတဲ့ အလေ့အကျင့်လေးကို သတိတရလုပ်ပါလို့ အရေးကြုံမှ နောင်တမရအောင်ပါ၊ အားလုံးပဲ စိတ်ချမ်းသာပြီး အဆင်ပြေတဲ့ ခရီးစဥ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ...။

16/09/2022

လက်ဖက်ရည်ဆိုင်က အကြော်ဆရာများနှင့်
ဆိုင်ပိုင်ရှင်များခင်ဗျာ

ကျနော်တို့နိုင်ငံမှာ
လဘက်ရည်ဆိုင်( ၁၀ )ဆိုင်ဝင်ကြည့်
(၉ )ဆိုင်လောက်က အီကြာကွေး
/စမူဆာ / အကြော်စုံ ကြော်တဲ့
ဆီတွေက အပူလွန်ပြီး
ဆီရဲ့ အရည် အသွေး ကုန်ဆုံး နေတဲ့
အပြင် သေးငယ်တဲ့ အမှုန်လေးတွေ
က မီးလောင်ကျွမ်းပြီး
ဆီတွေက မဲတူးနေတာပဲ
ဆီထဲမှာပါနေတဲ့ အမှုန် လေးတွေက
ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်စေနိုင်ပါတယ်

ကျနော် ပြောတဲ့
" #ဆီတစ်ပိသာကိုကော်မှုန့်_နို့ဆီဗူးတစ်ဗူးနှုံး_နဲ့_ကော်မှုန့်နဲ့ရေကို မပျစ်မကျဲ ( ကြွက်မြီးတန်းရုံ ) ဖျော်ပြီး ဆီ အနေတော်ပူမှာ အပေါ်ကနေ တဖြေးဖြေးချင်း ဆီထဲ လောင်းချပါ " မွှေပေးပါ ( ကော်မှုန့်ဆိုတာ ပြောင်းဖူး / အာလူး နဲ့ ပီလောပီနံ အမှုန့်ကိုခေါ်တာပါ )
ကော်ရေခေါက်ဆွဲ ချက်တဲ့အခါမှာ
ထည့်တဲ့ ကော်မှုန့်ကို ပြောတာပါ
မွှေတဲ့ ဂေါ်ကို အပျစ်ခဲကြီး
လာကပ်ပါမယ်
ဂေါ်နဲ့ ကြော်တဲ့ အိုးရဲ့ အတွင်းသား ဖင်နဲ့ အတွင်း နံရံတွေကို ပွတ်တိုက်ပါ
ဆီထဲက အမှုန်တွေက ကော်မှုန့်ကို
အကုန် ပြေးကပ် ပါတယ်
မဲနေတဲ့ ကော်မှုန့်အခဲကြီးကို
ဆယ်ပြီး လွှင့်ပစ်ပါ
ဒုတိယ အကြိမ် ထပ်လုပ်ပါက
ဆီတွေဟာ ရေလို ကြည်လင်သွား
ပါတော့တယ်
လုပ်နည်း သိနေတာပဲ
အများပြည်သူ ကျန်းမာအောင်
လိုက်နာကြပါလို့
မေတ္တာ ရပ်ခံပါတယ်
ကိုယ်တစ်ယောက် လိုက်နာလို့
လူ အယောက် ၁၀၀ ကျန်းမာရင်
ကုသိုလ်လဲရ ဝမ်းလဲ ဝ ပါတယ်

ဆိုင်ရှင်တွေ သိအောင် / ဝန်ထမ်းတွေသိအောင်ပါခင်ဗျ

( ဒါလဲ သွေးအေး လူသတ်သမားပဲ)

အပြစ်ပြောတာမဟုတ်ပဲဝေဖန်ထောက်ပြတာပါ။

Photos from Hparat Pang Lai Media ဗဟုသုတပင်လယ်'s post 14/09/2022

မြန်မာနိုင်ငံရှိ မြို့ကြီးများ မိုင်အကွာအဝေး
🚗🚗

22/08/2022

🛩️လေယာဉ်လက်မှတ် နှင့် 🚌အဝေးပြေးကားလက်မှတ်ဝယ်မယ်ဆိုရင် Cherubim Travels & Tours Family ကိုသတိရလိုက် ပါ။🚎🚌
အချိန်ကုန်လူပင်ပန်းစရာမလိုပဲ အလွယ်တကူလက်မှတ်ဖြတ်နိုင်ပြီနော်..

06/08/2022
20/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......

09/07/2022

(ဘဝသင်ခန်းစာ)
သင့်အနားမှာရှိတဲ့သူတိုင်းသင့်ကိုချစ်နေတယ်မထင်လိုက်ပါနဲ့၊သင့်ဘဝကိုဖျက်ဆီးဖို့ချောင်းနေတဲ့သူတွေလည်းရှိနေတယ်ဆိုတာမမေ့ပါနဲ့။

Photos from Hparat Pang Lai Media ဗဟုသုတပင်လယ်'s post 08/07/2022

ဟယ်
ကျမ လုံးဝ မသိခဲ့ ။ 👇👇
ကျန်တဲ့သူတွေရော ကျမလို
အမှားကြီးပဲ သိထားကြတာလား ရှင့်



*အသီးမှာသရက်
* အသားမှာဝက်
* အရွက်မှာလက်ဘက်
ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။
အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။ ကျွန်မလည်းထိုစကားကိုအမှန်ဟုယုံကြည်ခဲ့ပါသည်။

အမှန်မှာ.....
ထိုသို့မဟုတ်ပါကြောင်း ထိုနေ့ကဆရာတော်ဟောကြားသောတရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။

ရှေ.ယခင်လူကြီးသူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ...

(၁) အသီးမှာသရက်မဟုတ်ပါ။
အသီးဆိုရင်အပင်ကခူးပြီးတစ်ရက်ပဲထားပါ တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များလျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်"
ဟုဆိုလို့ခြင်းဖြစ်ပါတယ်။

(၂) အသားမှာဝက်မဟုတ်ပါ။
အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်ရောချက်ပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ "အသားမှာထက်ဝက်" ဖြစ်ပါတယ်။

(၃) အရွက်မှာလက်ဘက်မဟုတ်ပါ။
အရွက်လေးတွေကိုခူးချက်တော့မယ်ဆိုရင် ဓါး ကတ်ကြေး စသည်တို့နှင့်မဖြတ်ဘဲ၊ လက်ကလေးနဲ့ဖဲ့ချွေပြီးမှချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။ "အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်။ ဟု
မရှိခဏဆရာတော်ဘုရား၏တရားတော်တွင် ပါရှိပါသည်။
အမှားကြာ၍အမှန်ထင်နေကြသည့်စကားများဟု ဗဟုသုတအဖြစ်မှတ်သားသိရှိခဲ့ရပါသည်။ ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။


💯😍👌🥭🥭🥭🥭🥭🥭🥭🥭🥭🥭

Credit to original uploader

03/06/2022

👏သိသူဖော်စား မသိသူကျော်သွားတဲ့ 👏
သိထားတော့ လဲ လိုအပ်တဲ့အခါ အဆင်ပြေတာ ပေါ့.

ကညန-က အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ်

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ အတွင်းရှိ
မြို့နယ်အလိုက် 𝑅𝑒𝑔𝑖𝑜𝑛 𝐶𝑜𝑑𝑒 & 𝑁𝑢𝑚𝑏𝑒𝑟 စာရင်း (အဆိုပြု)
ကချင်ပြည်နယ်
(က) ပူတာအို
(၁) ခေါင်လန်ဖူး 𝐾𝐶𝑁-1
(၂) ဆွမ်ပရာဘွမ် 𝐾𝐶𝑁-2
(၃) နောင်မွန်း 𝐾𝐶𝑁-3
(၄) ပူတာအို 𝐾𝐶𝑁-4
(၅) မချမ်းဘော 𝐾𝐶𝑁-5
(ခ) ဗန်းမော်
(၆) ဗန်းမော် 𝐾𝐶𝑁-6
(၇) မံစီ ၊ 𝐾𝐶𝑁-7
(၈) မိုးမောက် 𝐾𝐶𝑁-8
(၉) ရွှေကူ 𝐾𝐶𝑁-9
(ဂ) မိုးညှင်း
(၁၀) ဖားကန့် 𝐾𝐶𝑁-10
(၁၁) မိုးကောင်း 𝐾𝐶𝑁-11
(၁၂) မိုးညှင်း 𝐾𝐶𝑁-12
(ဃ) မြစ်ကြီးနား
(၁၃) ချီဖွေ 𝐾𝐶𝑁-13
(၁၄) ဆော့လော် 𝐾𝐶𝑁-14
(၁၅) တနိုင်း 𝐾𝐶𝑁-15
(၁၆) မြစ်ကြီးနား 𝐾𝐶𝑁-16
(၁၇) ဝိုင်းမော် - 𝐾𝐶𝑁-17
(၁၈) အင်ဂျန်းယန် 𝐾𝐶𝑁-18
ကယားပြည်နယ်
(က) ဘောလခဲ
(၁) ဖားဆောင်း 𝐾𝑌𝐻-1
(၂) ဘောလခဲ့ 𝐾𝑌𝐻-2
(၃) မယ်စဲ 𝐾𝑌𝐻-3
(ခ) လွိုင်ကော်
(၄) ဒီးမော့ဆို 𝐾𝑌𝐻-4
(၅) ဖရူဆို 𝐾𝑌𝐻-5
(၆) ရှားတော 𝐾𝑌𝐻-6
(၇) လွိုင်ကော် 𝐾𝑌𝐻-7
ကရင်ပြည်နယ်
(က) ကော့ကရိတ်
(၁) ကော့ကရိတ် 𝐾𝑌𝑁-1
(၂) ကြာအင်းဆိပ်ကြီး 𝐾𝑌𝑁-2
(ခ) ဖာပွန်
(၃) ဖာပွန် 𝐾𝑌𝑁-3
(ဂ) ဘားအံ
(၄) ဘားအံ 𝐾𝑌𝑁-4
(၅) လှိုင်းဘွဲ့ 𝐾𝑌𝑁-5
(၆) သံတောင်ကြီး 𝐾𝑌𝑁-6
(ဃ) မြဝတီ
(၇) မြဝတီ 𝐾𝑌𝑁-7
ချင်းပြည်နယ်
(က) ဖလမ်း
(၁) တီးတိန် 𝐶𝐻𝑁-1
(၂) တွန်းဇန် 𝐶𝐻𝑁-2
(၃) ဖလမ်း 𝐶𝐻𝑁-3
(ခ) မင်းတပ်
(၄) ကန်ပက်လက် 𝐶𝐻𝑁-4
(၅) ပလက်ဝ 𝐶𝐻𝑁-5
(၆) မတူပီ 𝐶𝐻𝑁-6
(၇) မင်းတပ် 𝐶𝐻𝑁-7
(ဂ) ဟားခါး
(၈) ထန်တလန် 𝐶𝐻𝑁-8
(၉) ဟားခါး 𝐶𝐻𝑁-9
စစ်ကိုင်းတိုင်းဒေသကြီး
(က) ကလေး
(၁) ကလေး 𝑆𝐺𝐺-1
(၂) ကလေးဝ 𝑆𝐺𝐺-2
(၃) မင်းကင်း 𝑆𝐺𝐺-3
(ခ) ကသာ
(၄) ကသာ 𝑆𝐺𝐺-4
(၅) ကောလင်း 𝑆𝐺𝐺-5
(၆) ထီးချိုင့် 𝑆𝐺𝐺-6
(၇) ပင်လည်ဘူး 𝑆𝐺𝐺-7
(၈) ဗန်းမောက် 𝑆𝐺𝐺-8
(၉) ဝန်းသို 𝑆𝐺𝐺-9
(၁၀) အင်းတော် 𝑆𝐺𝐺-10
(ဂ) ကန႔ၻလူ
(၁၁) ကန့္ဘလူ 𝑆𝐺𝐺-11
(၁၂) ကျွန်းလှ 𝑆𝐺𝐺-12
(၁၃) တန့်ဆည် 𝑆𝐺𝐺-13
(၁၄) ရေဦး 𝑆𝐺𝐺-14
(ဃ) ခႏၲီး
(၁၅) ခန်တီး 𝑆𝐺𝐺-15
(၁၆) နန်းယွန်း 𝑆𝐺𝐺-16
(၁၇) လဟယ် 𝑆𝐺𝐺-17
(၁၈) လေရှီး .𝑆𝐺𝐺-18
(၁၉) ဟုမ္မလင်း 𝑆𝐺𝐺-19
(င) စစ်ကိုင်း
(၂၀) စစ်ကိုင်း 𝑆𝐺𝐺-20
(၂၁) မြင်းမူ 𝑆𝐺𝐺-21
(၂၂) မြောင် 𝑆𝐺𝐺-22
(စ) တမူး
(၂၃) တမူး 𝑆𝐺𝐺-23
(ဆ) မော်လိုက်
(၂၄) ဖောင်းပြင် 𝑆𝐺𝐺-24
(၂၅) မော်လိုက် 𝑆𝐺𝐺-25
(ဇ) မုံရွာ
(၂၆) ချောင်းဦး 𝑆𝐺𝐺-26
(၂၇) ဘုတလင် 𝑆𝐺𝐺-27
(၂၈) မုံရွာ 𝑆𝐺𝐺-28
(၂၉) အရာတော် 𝑆𝐺𝐺-29
(ဈ) ယင်းမာပင်
(၃၀) ကနီ 𝑆𝐺𝐺-30
(၃၁) ဆားလင်းကြီး 𝑆𝐺𝐺-31
(၃၂) ပုလဲ 𝑆𝐺𝐺-32
(၃၃) ယင်းမာပင် 𝑆𝐺𝐺-33
(ည) ရွှေဘို
(၃၄) ခင်ဦး 𝑆𝐺𝐺-34
(၃၅) ဒီပဲယင်း 𝑆𝐺𝐺-35
(၃၆) ရွှေဘို 𝑆𝐺𝐺-36
(၃၇) ဝက်လက် 𝑆𝐺𝐺-37
တနင်္သာရီတိုင်းဒေသကြီး
(က) ကော့သောင်း
(၁) ကော့သောင်း 𝑇𝑁𝐼-1
(၂) ဘုတ်ပြင်း 𝑇𝑁𝐼-2
(ခ) ထားဝယ်
(၃) ထားဝယ် 𝑇𝑁𝐼-3
(၄) ရေဖြူ 𝑇𝑁𝐼-4
(၅) လောင်းလုံး 𝑇𝑁𝐼-5
(၆) သရက်ချောင်း 𝑇𝑁𝐼-6
(ဂ) မြိတ်
(၇) ကျွန်းစု 𝑇𝑁𝐼-7
(၈) တနင်္သာရီ 𝑇𝑁𝐼-8
(၉) ပုလော 𝑇𝑁𝐼-9
(၁၀) မြိတ် 𝑇𝑁𝐼-10
ပဲခူးတိုင်းဒေသကြီး
(က) တောင်ငူ
(၁) ကျောက်ကြီး 𝐵𝐺0-1
(၂) တောင်ငူ 𝐵𝐺𝑂-2
(၃) ထန်းတပင် 𝐵𝐺𝑂-3
(၄) ဖြူး 𝐵𝐺0-4
(၅) ရေတာရှည် 𝐵𝐺𝑂-5
(၆) အုတ်တွင်း 𝐵𝐺𝑂-6
(ခ) ပဲခူး
(၇) ကဝ 𝐵𝐺𝑂-7
(၈) ကျောက်တံခါး 𝐵𝐺𝑂-8
(၉) ညောင်လေးပင် 𝐵𝐺𝑂-9
(၁၀) ဒိုက်ဦး 𝐵𝐺𝑂-10
(၁၁) ပဲခူး 𝐵𝐺𝑂-11
(၁၂) ရွှေကျင် 𝐵𝐺𝑂-12
(၁၃) ဝေါ 𝐵𝐺0-13
(၁၄) သနပ်ပင် 𝐵𝐺0-14
(ဂ) ပြည်
(၁၅) ပေါက်ခေါင်း 𝐵𝐺0-15
(၁၆) ပေါင်းတည် 𝐵𝐺𝑂-16
(၁၇) ပန်းတောင်း 𝐵𝐺𝑂-17
(၁၈) ပြည် 𝐵𝐺𝑂-18
(၁၉) ရွှေတောင် 𝐵𝐺𝑂-19
(၂၀) သဲကုန်း 𝐵𝐺𝑂-20
(ဃ) သာယာဝတီ
(၂၁) ကြို့ပင်ကောက် 𝐵𝐺0-21
(၂၂) ဇီးကုန်း 𝐵𝐺𝑂-22
(၂၃) နတ်တလင်း 𝐵𝐺𝑂-23
(၂၄) မိုးညို 𝐵𝐺𝑂-24
(၂၅) မင်းလှ 𝐵𝐺𝑂-25
(၂၆) လက်ပံတန်း 𝐵𝐺𝑂-26
(၂၇) သာယာဝတီ 𝐵𝐺𝑂-27
(၂၈) အုတ်ဖို 𝐵𝐺𝑂-28
မကွေးတိုင်းဒေသကြီး
(က) ဂန့်ဂေါ
(၁) ဂန့်ဂေါ 𝑀𝐺𝑌-1
(၂) ဆော 𝑀𝐺𝑌-2
(၃) ထီးလင်း 𝑀𝐺𝑌-3
(ခ) ပခုက္ကူ
(၄) ဆိပ်ဖြူ 𝑀𝐺𝑌-4
(၅) ပခုက္ကူ 𝑀𝐺𝑌-5
(၆) ပေါက် 𝑀𝐺𝑌-6
(၇) မြိုင် 𝑀𝐺𝑌-7
(၈) ရေစကြို 𝑀𝐺𝑌-8
(ဂ) မကွေး
(၉) ချောက် 𝑀𝐺𝑌-9
(၁၀) တောင်တွင်းကြီး 𝑀𝐺𝑌-10
(၁၁) နတ်မောက် 𝑀𝐺𝑌-11
(၁၂) မကွေး 𝑀𝐺𝑌-12
(၁၃) မြို့သစ် 𝑀𝐺𝑌-13
(၁၄) ရေနံချောင်း 𝑀𝐺𝑌-14
(ဃ) မင်းဘူး
(၁၅) ငဖဲ 𝑀𝐺𝑌=15
(၁၆) စလင်း 𝑀𝐺𝑌-15
(၁၇) စတေုတ်ထရာ 𝑀𝐺𝑌-17
(၁၈) ပွင့်ဖြူ 𝑀𝐺𝑌-18
(၁၉) မင်းဘူး 𝑀𝐺𝑌-19
(င) သရက်
(၂ဝ) ကံမ 𝑀𝐺𝑌-20
(၂၁) ဆင်ပေါင်ဝဲ 𝑀𝐺𝑌-21
(၂၂) မင်းတုန်း 𝑀𝐺𝑌-22
(၂၃) မင်းလှ 𝑀𝐺𝑌-23
(၂၄) သရက် 𝑀𝐺𝑌-24
(၂၅) အောင်လံ 𝑀𝐺𝑌-25
မန္တလေးတိုင်းဒေသကြီး
(က) ကျောက်ဆည်
(၁) ကျောက်ဆည် 𝑀𝐷𝑌-1
(၂) စဉ့်ကိုင် 𝑀𝐷𝑌-2
(၃) တံတားဦး 𝑀𝐷𝑌-3
(၄) မြစ်သား 𝑀𝐷𝑌-4
(ခ) ညောင်ဦး
(၅) ကျောက်ပန်းတောင်း 𝑀𝐷𝑌-5
(၆) ညောင်ဦး 𝑀𝐷𝑌-6
(ဂ) ပြင်ဦးလွင်
(၇) စဉ့်ကူး 𝑀𝐷𝑌-7
(၈) ပြင်ဦးလွင် 𝑀𝐷𝑌-8
(၉) မိုးကုတ် 𝑀𝐷𝑌-9
(၁၀) မတ်တရာ 𝑀𝐷𝑌-10
(၁၁) သပိတ်ကျင်း 𝑀𝐷𝑌-11
(ဃ) မန္တလေး
(၁၂) ချမ်းမြသာစည် 𝑀𝐷𝑌-12
(၁၃) ချမ်းအေးသာဇံ 𝑀𝐷𝑌-13
(၁၄) ပြည်ကြီးတံခွန် 𝑀𝐷𝑌-14
(၁၅) မဟာအောင်မြေ 𝑀𝐷𝑌-15
(၁၆) အောင်မြေသာဇံ 𝑀𝐷𝑌-16
(၁၇) ပုသိမ်ကြီး 𝑀𝐷𝑌-17
(၁၈) အမရပူရ 𝑀𝐷𝑌-18
(င) မိတ်ထီလာ
(၁၉) မလှိုင် 𝑀𝐷𝑌-19
(၂၀) မိတ်ထီလာ 𝑀𝐷𝑌-20
(၂၁) ဝမ်းတွင်း 𝑀𝐷𝑌-21
(၂၂) သာစည် 𝑀𝐷𝑌-22
(စ) မြင်းခြံ
(၂၃) ငါန်းဇွန် 𝑀𝐷𝑌-23
(၂၄) တောင်သာ 𝑀𝐷𝑌-24
(၂၅) နွားထိုးကြီး 𝑀𝐷𝑌-25
(၂၆) မြင်းခြံ 𝑀𝐷𝑌-26
(ဆ) ရမည်းသင်း
(၂၇) ပျော်ဘွယ် 𝑀𝐷𝑌-27
(၂၈) ရမည်းသင်း 𝑀𝐷𝑌-28
မွန်ပြည်နယ်
(က) မော်လမြိုင်
(၁) ကျိုက်မရော 𝑀𝑂𝑁-1
(၂) ချောင်းဆုံ 𝑀𝑂𝑁-2
(၃) မုဒုံ 𝑀𝑂𝑁-3
(၄) မော်လမြိုင် 𝑀𝑂𝑁-4
(၅) ရေး 𝑀𝑂𝑁-5
(၆) သံဖြူဇရပ် 𝑀𝑂𝑁-6
(ခ) သထုံ
(၇) ကျိုက်ထို 𝑀𝑂𝑁-7
(၈) ပေါင် 𝑀𝑂𝑁-8
(၉) ဘီးလင်း 𝑀𝑂𝑁-9
(၁၀) သထုံ 𝑀𝑂𝑁-10
ရခိုင်ပြည်နယ်
(က) ကျောက်ဖြူ
(၁) ကျောက်ဖြူ 𝑅𝐾𝐸-1
(၂) မာန်အောင် 𝑅𝐾𝐸-2
(၃) ရမ်းဗြဲ 𝑅𝐾𝐸-3
(၄) အမ်း 𝑅𝐾𝐸-4
(ခ) စစ်တွေ
(၅) စစ်တွေ 𝑅𝐾𝐸-5
(၆) ပေါက်တော 𝑅𝐾𝐸-6
(၇) ပုဏ္ဏားကျွန်း 𝑅𝐾𝐸-7
(၈) ရသေ့တောင် 𝑅𝐾𝐸-8
(ဂ) မောင်တော
(၉) ဘူးသီးတောင် 𝑅𝐾𝐸-9
(၁၀) မောင်တော 𝑅𝐾𝐸-10
(ဃ) မြောက်ဦး
(၁၁) ကျောက်တော် 𝑅𝐾𝐸-11
(၁၂) မင်းပြား 𝑅𝐾𝐸-12
(၁၃) မြေပုံ 𝑅𝐾𝐸-13
(၁၄) မြောက်ဦး 𝑅𝐾𝐸-14
(င) သံတွဲ
(၁၅) ဂွ 𝑅𝐾𝐸-15
(၁၆) တောင်ကုတ် 𝑅𝐾𝐸-16
(၁၇) သံတွဲ 𝑅𝐾𝐸-17
ရန်ကုန်တိုင်းဒေသကြီး
(က) ရန်ကုန်(မြောက်ပိုင်း)
(၁) တိုက်ကြီး 𝑌𝐺𝑁-1
(၂) ထန်းတပင် 𝑌𝐺𝑁-2
(၃) မင်္ဂလာဒုံ 𝑌𝐺𝑁-3
(၄) မှော်ဘီ 𝑌𝐺𝑁-4
(၅) ရွှေပြည်သာ 𝑌𝐺𝑁-5
(၆) လှိုင်သာယာ 𝑌𝐺𝑁-6
(၇) လှည်းကူး 𝑌𝐺𝑁-7
(၈) အင်းစိန် 𝑌𝐺𝑁-8
(ခ) ရန်ကုန် (အရှေ့ပိုင်း)
(၉) တာမွေ 𝑌𝐺𝑁-9
(၁၀) တောင်ဥက္ကလာပ 𝑌𝐺𝑁-10
(၁၁) ဒဂုံမြို့သစ်(ဆိပ်ကမ်း) 𝑌𝐺𝑁-11
(၁၂) ဒဂုံမြို့သစ်(တောင်ပိုင်း) 𝑌𝐺𝑁-12
(၁၃) ဒဂုံမြို့သစ်(မြောက်ပိုင်း) 𝑌𝐺𝑁-13
(၁၄) ဒဂုံမြို့သစ်(အရှေ့ပိုင်း) 𝑌𝐺𝑁-14
(၁၅) ဒေါပုံ 𝑌𝐺𝑁-15
(၁၆) ပုဇွန်တောင် 𝑌𝐺𝑁-16
(၁၇) ဗိုလ်တထောင် 𝑌𝐺𝑁-17
(၁၈) မင်္ဂလာတောင်ညွှန့် 𝑌𝐺𝑁-18
(၁၉) မြောက်ဥက္ကလာပ 𝑌𝐺𝑁-19
(၂၀) ရန်ကင်း 𝑌𝐺𝑁-20
(၂၁) သာကေတ 𝑌𝐺𝑁-21
(၂၂) သင်္ဃန်းကျွန်း 𝑌𝐺𝑁-22
(ဂ) ရန်ကုန် (တောင်ပိုင်း)
(၂၃) ကိုကိုးကျွန်း 𝑌𝐺𝑁-23
(၂၄) ကော့မှူး 𝑌𝐺𝑁-24
(၂၅) ကျောက်တန်း 𝑌𝐺𝑁-25
(၂၆) ကွမ်းခြံကုန်း 𝑌𝐺𝑁-26
(၂၇) ခရမ်း 𝑌𝐺𝑁-27
(၂၈) ဆိပ်ကြီး/ ခနောင်တို 𝑌𝐺𝑁-28
(၂၉) တွံတေး 𝑌𝐺𝑁-29
(၃၀) ဒလ 𝑌𝐺𝑁-30
(၃၁) သန်လျင် 𝑌𝐺𝑁-31
(၃၂) သုံးခြ 𝑌𝐺𝑁-32
(ဃ) ရန်ကုန်(အနောက်ပိုင်း)
(၃၃) ကမာရွတ် 𝑌𝐺𝑁-33
(၃၄) ကျောက်တံတား 𝑌𝐺𝑁-34
(၃၅) ကြည့်မြင်တိုင် 𝑌𝐺𝑁-35
(၃၆) စမ်းချောင်း 𝑌𝐺𝑁-36
(၃၇) ဆိပ်ကမ်း 𝑌𝐺𝑁-37
(၃၈) ဒဂုံ 𝑌𝐺𝑁-38
(၃၉) ပန်းဘဲတန်း 𝑌𝐺𝑁-39
(၄၀) ဗဟန်း 𝑌𝐺𝑁-40
(၄၁) မရမ်းကုန်း 𝑌𝐺𝑁-41
(၄၂) လသာ 𝑌𝐺𝑁-42
(၄၃) လမ်းမတော် 𝑌𝐺𝑁-43
(၄၄) လှိုင် 𝑌𝐺𝑁-44
(၄၅) အလုံ 𝑌𝐺𝑁-45
ရှမ်းပြည်နယ်
(က) ကျောက်မဲ
(၁) ကျောက်မဲ 𝑆𝐻𝑁-1
(၂) နမ္မတူ 𝑆𝐻𝑁-2
(၃) နမ့်ဆန် 𝑆𝐻𝑁-3
(၄) ခင်ချို 𝑆𝐻𝑁-4
(၅) မန်တုံ 𝑆𝐻𝑁-5
(၆) သီပေါ 𝑆𝐻𝑁-6
(ခ) ကျိုင်းတုံ
(၇) ကျိုင်းတုံ 𝑆𝐻𝑁-7
(၈) မိုင်းခတ် 𝑆𝐻𝑁-8
(၉) မိုင်းယန်း 𝑆𝐻𝑁-9
(၁၀) မိုင်းလား 𝑆𝐻𝑁-10
(၁၁) မိုင်းပျဉ်း 𝑆𝐻𝑁-11
(ဂ) တာချီလိတ်
(၁၂) တာချီလိတ် 𝑆𝐻𝑁-12
(၁၃) မိုင်းဖြတ် 𝑆𝐻𝑁-13
(၁၄) မိုင်းယောင်း 𝑆𝐻𝑁-14
(ဃ) တောင်ကြီး
(၁၅) ကေလာ 𝑆𝐻𝑁-15
(၁၆) ဆီဆိုင် 𝑆𝐻𝑁-16
(၁၇) ညောင်ရွှေ 𝑆𝐻𝑁-17
(၁၈) တောင်ကြီး 𝑆𝐻𝑁-18
(၁၉) ပင်းတယ 𝑆𝐻𝑁-19
(၂၀) ပင်လောင်း 𝑆𝐻𝑁-20
(၂၁) ဖယ်ခုံ 𝑆𝐻𝑁-21
(၂၂) ရွာငံ 𝑆𝐻𝑁-22
(၂၃) ရပ်စောက် 𝑆𝐻𝑁-23
(၂၄) ဟိုပုံး 𝑆𝐻𝑁-24
(င) မူဆယ်
(၂၅) ကွတ်ခိုင် 𝑆𝐻𝑁-25
(၂၆) နမ့်ခမ်း 𝑆𝐻𝑁-26
(၂၇) မူဆယ် 𝑆𝐻𝑁-27
(စ) မိုးမိတ်
(၂၈) မဘိမ်း 𝑆𝐻𝑁-28
(၂၉) မိုးမိတ် 𝑆𝐻𝑁-29
(ဆ) မက်မန်း
(၃၀) နားဖန်း 𝑆𝐻𝑁-30
(၃၁) ပန်ဆန်း(ပန်ခမ်း) 𝑆𝐻𝑁-31
(၃၂) မက်မန်း 𝑆𝐻𝑁-32
(ဇ) မိုင်းဆတ်
(၃၃) မိုင်းဆတ် 𝑆𝐻𝑁-33
(၃၄) မိုင်းတုံ 𝑆𝐻𝑁-34
(ဈ) လားရှိုး
(၃၅) ကြမ္လုံ 𝑆𝐻𝑁-35
(၃၆) တန့်ယန်း 𝑆𝐻𝑁-36
(၃၇) မိုင်းရယ် 𝑆𝐻𝑁-37
(၃၈) လားရှိုး 𝑆𝐻𝑁-38
(၃၉) သိန်နီ 𝑆𝐻𝑁-39
(ည) လင်းခေး
(၄၀) မိုးနဲ့ 𝑆𝐻𝑁-40
(၄၁) မိုင်းပန် 𝑆𝐻𝑁-41
(၄၂) မောက်မယ်𝑆𝐻𝑁-42
(၄၃) လင်းခေး 𝑆𝐻𝑁-43
(ဋ) လောက်ကိုင်
(၄၄) ကုန်းကြမ်း 𝑆𝐻𝑁-44
(၄၅) လောက်ကိုင် 𝑆𝐻𝑁-45
(ဎ) လွိုင်လင်
(၄၆) ကျေးသီး 𝑆𝐻𝑁-46
(၄၇) ကွန်ဟိန်း 𝑆𝐻𝑁-47
(၄၈) နမ့်စန် 𝑆𝐻𝑁-48
(၄၉) မိုင်းကိုင် 𝑆𝐻𝑁-49
(၅၀) မိုင်းရှူး 𝑆𝐻𝑁-50
(၅၁) လဲချား 𝑆𝐻𝑁-51
(၅၂) လွိုင်လင် 𝑆𝐻𝑁-52
(ဍ) ဟိုပန်
(၅၃) ပန်ဝိုင် 𝑆𝐻𝑁-53
(၅၄) မိုင်းမော 𝑆𝐻𝑁-54
(၅၅) ဟိုပန် 𝑆𝐻𝑁-55
ဧရာဝတီတိုင်းဒေသကြီး
(က) ပုသိမ်
(၁) ကန်ကြီးထောင့် 𝐴𝑌𝑌-1
(၂) ကျောင်းကုန်း 𝐴𝑌𝑌-2
(၃) ကျုံပျော် 𝐴𝑌𝑌-3
(၄) ငပုတော 𝐴𝑌𝑌-4
(၅) ပုသိမ် 𝐴𝑌𝑌-5
(၆) ရေကြည် 𝐴𝑌𝑌-6
(၇) သာပေါင်း 𝐴𝑌𝑌-7
(ခ) ဖျာပုံ
(၈) ကျိုက်လတ် 𝐴𝑌𝑌-8
(၉) ဒေးဒရဲ 𝐴𝑌𝑌-9
(၁၀) ဖျာပုံ 𝐴𝑌𝑌-10
(၁၁) ဘိုကလေး 𝐴𝑌𝑌-11
(ဂ) မအူပင်
(၁၂) ညောင်တုန်း 𝐴𝑌𝑌-12
(၁၃) ဓနုဖြူ 𝐴𝑌𝑌-13
(၁၄) ပန်းတနော် 𝐴𝑌𝑌-14
(၁၅) မအူပင် 𝐴𝑌𝑌-15
(ဃ) မြောင်းမြ
(၁၆) မြောင်းမြ 𝐴𝑌𝑌-16
(၁၇) ဝါးခယ်မ 𝐴𝑌𝑌-17
(၁၈) အိမ်မဲ 𝐴𝑌𝑌-18
(င) လပ်ပတ်တာ
(၁၉) မော်လမြိုင်ကျွန်း 𝐴𝑌𝑌-19
(၂၀) လပ်ပတ်တာ 𝐴𝑌𝑌-20
(စ) ဟင်္သာတ
(၂၁) ကြံခင်း 𝐴𝑌𝑌-21
(၂၂) ဇလွန် 𝐴𝑌𝑌-22
(၂၃) မြန်အောင် 𝐴𝑌𝑌32
(၂၄) လေးမျက်နှာ 𝐴𝑌𝑌-24
(၂၅) ဟင်္သာတ 𝐴𝑌𝑌-25
(၂၆) အင်္ဂပူ 𝐴𝑌𝑌-26
နေပြည်တော်
(က) ဒက္ခိဏ (တောင်ပိုင်း)
(၁) ဇမ်ဗူသီရိ 𝑁𝑃𝑊-1
(၂) ဒက်ခိဏသီရိ 𝑁𝑃𝑊-2
(၃) ပျဉ်းမနား 𝑁𝑃𝑊-3
(၄) လယ်ဝေး 𝑁𝑃𝑊-4
(ခ) ဥတ္တရ (မြောက်ပိုင်း)
(၅) ဇေယျာသီရိ 𝑁𝑃𝑊-5
(၆) တပ်ကုန်း 𝑁𝑃𝑊-6
(၇) ပုဗ္ဗသီရိ 𝑁𝑃𝑊-7
(၈) ဥတ်တရသီရိ 𝑁𝑃𝑊-8




𝐶𝑟𝑒𝑑𝑖𝑡 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑈𝑝𝑙𝑜𝑎𝑑𝑒𝑟

28/05/2022

“မြင်းတွေသောက်တဲ့ စမ်းချောင်းက ရေကိုသောက်ပါ။ မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။

ကြောင်အိပ်တဲ့ နေရာမှာ သင့်အိပ်ယာကို ခင်းပါ။

ပိုးကောင် တကောင် ထိခံထားရတဲ့ သစ်သီးကိုစားပါ။

အင်းဆက် နားတဲ့ မှိုကို ရဲရဲ နှုတ်ပါ။

ပွေး တွင်းတူးတဲ့ နေရာမှာ သစ်ပင်စိုက်ပါ။

မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ သင့်ရဲ့ အိမ်ကို ဆောက်ပါ။

ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ သင့်ရဲ့ ရေပန်းကို တူးပါ။

ငှက်တွေနဲ့ တချိန်တည်း အိပ်ယာဝင် အိပ်ယာထပါ — သင် နေ့အားလုံးမှာ ရွှေဝါရောင် ကောက်နှံစေ့တွေ ရိတ်သိမ်း ရပါလိမ့်မယ်။

ဟင်းရွက်စိမ်းတွေ ပိုစားပါ — သစ်တောထဲက သတ္တဝါတွေလို သင့်မှာ သန်မာတဲ့ ခြေထောက်တွေ နဲ့ ခုခံအားရှိတဲ့ နှလုံးတခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။

မကြာမကြာ ရေကူးပါ — ရေထဲက ငါးလို သင် မြေပြင်ပေါ်မှာ ခံစားရပါ လိမ့်မယ်။

ဖြစ်နိုင်သမျှ မကြာမကြာ ကောင်းကင်ကို ကြည့်ပါ။ သင့်အတွေးတွေ ပေါ့ပါး ကြည်လင် လာပါလိမ့်မယ်။

ကောင်းစွာ ဆိတ်ဆိတ်နေပါ၊ စကားမပြောမိသလောက် နေပါ — ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ သင့်နှလုံးအိမ်ထဲ ဝင်လာပြီး သင့်စိတ်ဟာ တည်ငြိမ်ပြီး သာယာ အေးချမ်းမှုတွေ ပြည့်လာပါမယ်။

မူရင်းဘာသာပြန်သူအားလေးစားစွာ
Credit ပေးပါသည်။

23/04/2022

ယောက်ျားလေးအများစုက
၁၃ နှစ်သားလောက်ဆို s*x ကို ခံစားဖို့
အာသီသရှိလာပါတယ်တဲ့...
အဲ့အရွယ်တွေမှာတော့ များသောအားဖြင့်
လက်နဲ့အာသာ ဖြေကြပါတယ်...တဲ့

၁၄/ ၁၅ ရောက်တဲ့အခါ
လက်တည့်စမ်းချင်လာချင်ကြတယ်..
ဘာလို့ဆို ဖုန်းထဲကတစ်ဆင့်
သူငယ်ချင်းအချင်းချင်းကတစ်ဆင့်
s*x ကားတွေကြည့်လို့လွယ်နေတာကိုး

သူငယ်ချင်းအချင်းချင်းမြှောက်ပင့်ပေးကြရာကနေ
s*x အတွက် သားကောင်ရှာပြီး
လက်တည့်စမ်းလာကြတယ်..

#ဒီနေရာမှာဆယ်ကျော်သက်မိန်းကလေးတွေဟာအဓိကသားကောင်ဖြစ်သွားကြရပါတယ်။

ယောက်ျားလေးအများစုရဲ့ စိတ်က
မိန်းကလေးတစ်ယောက်ကို
s*x အတွက် လက်တည့်စမ်းချင်လို့
ချဉ်းကပ်လာခဲ့ပြီး
s*x ကိစ္စ ပြီးသွားတဲ့ အခါ
အဲ့ဒီ ခံစားမူ့ဟာ ဘာမှ မဟုတ်တော့သလို
ခံစားသွားရပါတယ်တဲ့....

မိန်းကလေးနဲ့ ကျ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်.တဲ့
မိန်းကလေးတစ်ယောက်ဟာ..
သူ့ချစ်သူအတွက် စွန့်စားပြီး ဘဝကို ပေးလိုက်ပြီးရင်
အဲ့ဒီ ယောက်ျားလေးအပေါ် အရင်ကထက်
ပိုမို စွဲလန်း ချစ်ခင် သွားတတ်ကြပါတယ်..တဲ့

ယောက်ျားလေးက
သူခံစားချင်တဲ့ s*x အတွက်
အချစ်လို့ ခေါင်းစဉ်တပ်ပြီး
မနက် မောနင်း
ည ဂွတ်နိုက်တွေ
အထိအတွေ့လေးတွေ
ရင်ခုန်မူ့လေးတွေ
သာယာမူ့လေးတွေနဲ့ ဖျားယောင်းတယ်..

မိန်းကလေးဘက်ကကျ
သူ့ရဲ့ မနက်မောနင်း
ညဂွတ်နိုက်လေးတွေကတစ်ဆင့်
အထိအတွေ့ မှာ ရင်ခုန်သာယာနေရတာကို
သူငါ့ကို ချစ်တယ်လို့ ထင်ပြီး
ဘဝကြီး ပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်...

အခုခေတ်မှာ
s*x အတွက်ကို အချစ်ဆိုပြီး
ခေါင်းစဉ်တပ်နေတဲ့
ယောက်ျားလေးတွေအများကြီး
ရှိလာတဲ့အတွက်
မိန်းကလေးအများစုက
ဘဝပျက်စီးနေကြရပါတယ်...

အဲ့တာကြောင့်မို့
မိန်းကလေးတို့အနေနဲ့
စာများများဖတ်ကြစေချင်ပါတယ်..

စာဖတ်အားကောင်းလာတဲ့အခါ
အချစ်က ဘဝမဟုတ်ဘူး
ဆိုတာ သိလာပါလိမ့်မယ်

စာများများဖတ်ဆိုလို့ fb ပေါ်က
၁၀၀ ဖိုး ၃ ပုဒ်တွေ
ဖတ်စေချင်တာ မဟုတ်ပါဘူး...

အချစ်ကို အဓိပ္ပာယ်ဖွင့်တာ မလွဲစေချင်ပါဘူး

( #ချစ်ရင်ဘာလုပ်လုပ်နားလည်ခွင့်လွှတ်ပေးရမယ်ဆိုတာကလမ်းမှန်မဟုတ်ပါဘူး။ဒါက အတ္တကို အခြေခံပြီး အချစ်ကို အရောင်ဆိုးနေတာပါ။)

ယောက်ျားလေးတွေရဲ့
စိတ်နေစိတ်ထားလေးတွေ
အတတ်နိုင်ဆုံးလေ့လာစေချင်ပါတယ်..

ရည်းစားအများကြီး ထားခိုင်းတာ မဟုတ်ပါဘူးနော်
ယောက်ျားလေးတစ်ယောက်နဲ့
ပတ်သက်ပြီး စိတ်ခံစားချက်တွေ မပြင်းထန်ဖို့
ထိန်းချုပ်တတ်အောင် သတိနဲ့နေစေချင်ပါတယ်

ပုခက် လွှဲတဲ့လက်က
ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတာ
s*x က အသွင်ပြောင်းတဲ့ အချစ်ဆိုတဲ့
စကားလုံးအောက်မှာ နစ်မွန်းနေတဲ့
မိန်းကလေးတွေကို ဆိုလိုတာ မဟုတ်ပါဘူး....

ကိုယ့်အားကိုယ်ကိုးနိူင်တဲ့
အမျိုးကောင်းသမီးကောင်းလေးတွေ ဖြစ်နိူင်ကြပါစေ။

အခုခေတ်ကအဖေစိတ်ရှိတဲ့လူ
တာဝန်ယူမူ့ တာဝန်ခံမူ့ ရှိတဲ့ လူက
တော်တော်လေးကိုရှားပါးနေပါပြီ
သူတို့စိတ်သာယာဖို့ကိုပဲ ဦးစားပေးနေတာပါ။

(မှတ်ချက်)
ယောင်္ကျားတိုင်းကိုမဆိုလိုပါ
ကိုယ်မဟုတ်မနာပါနဲ့ အနာမရှိရင်မစပ်ပါနဲ့။

18/04/2022

စင်ကာပူနိုင်ငံကို လီကွမ်ယု ဘယ်လို ပုံဖေါ် တည်ဆောက်ခဲ့သလဲ?
သဘောကျတယ်ဆိုရင်တော့ မျှဝေသွားဖို့ မမေ့ပါနဲ့နော်♥️

09/04/2022

အပျိုစင်ဘဝဆိုတာ
===========

မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝသည်

ချစ်သူအတွက် မဟုတ်ဘဲ မိမိဘဝ၏ အိမ်ထောင်ဖက်အတွက် သာ ဖြစ်သင့်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝသည်

သူမ၏ ဘာနဲ့ မလဲနိူင်သော တန်ဖိုးဖြစ်ပြီးသူ့ဘဝကို တစ်သက်လုံး

အရိပ်ပေးတာဝန်ယူမည့်သူကိုသာအပျိုစင်ဘဝကို ပေးအပ်သင့်ပါတယ်။

အပျိုစစ်မစစ်က အရေးမကြီးဘူးလို့ဆိုကြပေမယ့်

ဘယ်သူမှ မသိပါဘူးလို့ ဆိုပေမယ့် တစ်ချိန်ချိန်မှာ အရိပ်မည်းကြီးပေါ်လာရင်တော့

အချစ်တွေက အရိပ်မည်းကြားမှာ နစ်မြုပ်ပျောက်ကွယ်သွားတတ်ပါတယ်။

အိမ်ထောင်မကျသေးသော မိန်းကလေးတစ်ယောက်၏တန်ဖိုးသည်

စိန် ၊ ရွှေ ၊ ငွေ ၊ ပညာတွေနဲ့ ဖုံးကွယ်လို့ရတတ်ပေမယ့်အိမ်ထောင်ပြုတော့မယ်ဆိုရင်

စိန် ၊ ရွှေ ၊ ငွေ ထက်အပျိုစစ်မစစ်ကို အိမ်ထောင်ဖက်က တန်ဖိုးဖြတ်သွားပါလိမ့်မယ်။

ရည်းစားဘဝမှာ( 5 မိနစ်)စာသာယာမှူအတွက်နှစ်ပေါင်း ဆယ်စုနှစ်ကျော်ကျော်ထိမ်းသိမ်းလာတဲ့ အပျိုစင်ဘဝကို

စွန့်လွှတ်ခဲ့မိရင် သင် တစ်ချိန်ချိန်မှာနောင်တ ရနေတတ်ပါတယ်။

ခေတ်တွေဘယ်လိုပြောင်းပြောင်း ဘယ်လောက်ပဲ ပွင့်လင်းလာပါစေ

မိန်းမတစ်ယောက်ရဲ့ တိုင်းတာလို့မရတဲ့တန်ဖိုးကအပျိုစင်ဘဝပါပဲ။

လောကမှာ ပျက်သွားရင်ပြင်လို့မရတဲ့ အရာတွေထဲမှာ

အပျိုစင်ဘဝပါသလို မည်းညစ်သွားရင်ပြန်လည်လျှော်ဖွပ်ဖို့ ခက်ခဲတာက နာမည်ဂုဏ်သတင်းပဲ ဖြစ်ပါတယ်။

အပျိုစင်ဘဝနှင့် နာမည်ဂုဏ်သတင်းသည်

မိန်းကလေးတစ်ယောက်အတွက် အသက်ထက်ပိုအရေးပါသလို ထိမ်းသိမ်းထားနိူင်မှ အိမ်ထောင်ဖက်က

တစ်သက်လုံး မြတ်မြတ်နိုးနိုး သစ္စာရှိရှိ ပေါင်းသင်းမှာ ဖြစ်ပါတယ်။.

Photos from Hparat Pang Lai Media ဗဟုသုတပင်လယ်'s post 27/03/2022

မြန်မာနိုင်ံငံရှိလက်ရှိ နှစ်ခြင်းအဖွဲ့ချုပ်များတွင် သိက္ခာတော်ရ အမျိုးသမီးသင်းအုပ်ဆရာမများ===
လားဟူ - ၃ ဦး
မွန် - ၃ ဦး
ရခိုင် - ၄ ဦး
ရွေလီရှမ်း -၂ ဦး
ရှမ်းတောင် - ၁ ဦး
ရှမ်းမြောက် - ၁၀ ဦး
အရှိုချင်း - ၈ ဦး
တီးတိန်ချင်း - ၈ ဦး
CBC(Chin) - ၂၆ ဦး
MBCU - ၁၃ ဦး
လီဆူ - ၁၀ ဦး
ကရင် (စကော) - ၂၈ ဦး (မနေ့က ၂ ဦး ထပ်တိုး)
ကရင်(ပိုး) - ၅ ဦး
ကချင်(KBC) - ၀ ဦး

Photos from Hparat Pang Lai Media ဗဟုသုတပင်လယ်'s post 11/02/2022

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ
➖➖➖➖➖➖➖➖➖➖➖➖➖
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? ✅starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

✅အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

✅ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
✅အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
✅ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
✅တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။

Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++

BFBM 🇲🇲
တောင်ကြီးမြို့၊အေးသာယာ၊စက်မှုဇုန်လမ်းဘေး
09256357421

27/01/2022

ဘယ်အသက်အရွယ်ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်ကိုယ်ရပ်တည်နေတဲ့ position မှာအသီးသီးနိူင်ဖို့အဓိကပါ

07/06/2021

Rev.Gunhtang La Myen

06/11/2020

စိတ်ငယ်ဝမ်းနည်း ဒုက္ခကြီးထဲမှာ ကျူး

Videos (show all)

ငါနှင့်သာဆိုရင်နှင့်ကတော😁😁
ထူးဆန်းသော အရင်းပြုတ်နည်း
မွေးထားသည့် ဝက်ဝံအကိုက်ခံရ၍ သေဆုံးခဲ့ရသော“အနှိုင်းမဲ့အကြင်နာပရဟိတ”ကိုအောင်  ================  ဖူးအိ
Wp Mungdan ginra hkan mung mai jai lang ai. hka chyup jak nra ai hkrak nga ai

Website

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00