Cho Nwe
os
မျက်နှာပေါင်းတင်နည်း (၁၀) မျိုး
ဒီအပတ်ပြောပြပေးမှာကတော့ မျက်နှာအလှအပ အတွက် တစ်ပတ်တစ်ခါ ပြုလုပ်ပေးသင့်တဲ့ မျက်နှာပေါင်းတင်နည်း ၁၀ မျိုး ကို အသားအရေအမျိုးအစား အလိုက် ပြောပြပေးပါ့မယ်
စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း
ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မဝင်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။
ဝက်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
ဝက်ခြံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း
ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
ခြောက်သွေ့သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း
လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း
နနွင်း ၄ပုံ ၁ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။
အမဲစက် များအတွက် Deep Cleaning ပေါင်းတင်နည်း
ဂျုံမှုန့် (၁)ဇွန်း + ဒိန်ချဉ် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။
Credit.
crd//
၃၀၊ ၄၀ အရွယ်ရောက်ရင်လည်း နုပျိုလှပနေစေဖို့အတွက် အသက် ၂၀ အရွယ်ကတည်းက အသားအရေထိန်းသိမ်းမယ်
အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေ ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအရေ ထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။
၁။ Suncreen လိမ်းပေးခြင်း
နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီးသားပါပဲ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen လိမ်းပေးတာပဲဖြစ်ပါတယ်။
၂။ နေကာမျက်မှန်တပ်ပေးခြင်း
နေကာမျက်မှန်တပ်ပေးတာဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ရုံသာမက သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဝက်ခြံကိုဖြေရှင်းပါ
ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင်ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့လိုအပ်ပါတယ်။
၄။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့
မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူမလိမ်းသင့်ပါဘူး။
၅။ အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ
မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
၆။ ရေများများသောက်ခြင်း
ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။
၇။ မျက်နှာမသစ်ခင်လက်ဆေးပါ
မျက်နှာမသစ်ခင် လက်ကိုသေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။
၇။ မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါ။
မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။
၈။ သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ
၁ လတစ်ခါလောက်ပဲဖြစ်ဖြစ် သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ သင်နေ့စဉ်ထိတွေ့နေတဲ့ ဖုန်းတွေကို သန့်စင်ပေးပါ။
၉။ အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးမဝရင် အသားအရေကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအရေကိုလှပစေသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။
၁၁။ ပြုံးပါ
ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့။
ငှက်ပျောသီးအခွံနဲ့ အလှအပ
ငှက်ပျောသီးအခွံ ကို
မျက်နှာလေးဖြူဖို့အတွက်
အရေးအကြောင်းတွေ ပါးလာဖို့အတွက်
သွားဖြူစေဖို့အတွက်
အသားအရေမညီတာတွေအတွက်
အမာရွတ်တွေပါးဖို့အတွက်
မျက်ကွင်းညိုတာတွေအတွက်
ခြေမျက်စိမဲတာတွေ
ဝက်ခြံတွေအတွက် သုံးလို့ရပါတယ်။
အနည်းဆုံး နာရီဝက်ထားပေးပြီး တပတ်ကို အနည်းဆုံး ၂ ကြိမ်လုပ်ဆောင်ပေးပါ။
ပျားရည်၊ကြက်ဥအကာတွေနဲ့လည်းရောစပ်ပြီး သုံးလို့ရပါတယ်။
ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ၊ အနီအစက်အစက်တွေ ထွက်ပြီး ယားယံနေတယ်ဆိုရင် ငှက်ပျောခွံရဲ့ အတွင်းသားနဲ့ ယားယံတဲ့နေရာတစ်ဝိုက်ကို ပွတ်တိုက်ပေးပါ။ တစ်နေ့(၂)ကြိမ် အနဲဆုံးပွတ်တိုက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါ့အပြင် ငှက်ပျောခွံကို ဝက်ခြံတွေကုသရာမှာလည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံရှိတဲ့နေရာကို သန့်စင်ဆေးကြောပြီး ငှက်ပျောခွံနဲ့ အိပ်ယာမဝင်မီ နေ့စဉ်ပွတ်တိုက်ပေးပါ။ အချိန်တိုအတွင်း သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။
Crd//
Face mask ကို ဘယ်လို သုံးမလဲ ကပ်တာပဲ ကပ်လိုက်တာပေါ့ လုပ်လို့မရဘူးနော်
ကိုယ့်ရဲ့ မျက်နှာကို ပိုပြီး တောက်ပ စေဖို့အတွက် face mask ကတော့ သုံးကို သုံးပေးရမှာပါ
မျက်နှာအတွက် လိုအပ်တဲ့ serum တွေကို အပြည့်အဝ ဖြည့်ပေးနိုင်တာ face mask မှာပဲ ရှိပါတယ်
face mask သုံးတဲ့ skin နဲ့ မသုံးတဲ့ skin က ရလဒ်က အရမ်းကွာခြားပါတယ်
( ကိုယ်သုံးမယ့် skin care တွေ လည်း ပိုပြီးထိရောက်ပါတယ်)
ဒီတော့ mask ကို ကပ်တဲ့အခါ ကပ်ရင်ပြီးရောလည်း လုပ်မရပါဘူး
မထိရောက်ပဲ နေပါလိမ့်မယ်
သုံးတဲ့အခါမှာ
1 မျက်နှာကို စင်အောင်သစ်ပါ
2 ပြီးတဲ့အခါ ကြွင်းကျန်နေတဲ့ မျက်နှာက ဂျီးတွေ ဖယ်ဖို့ Toner လေး သုံးပေးရပါမယ်
3 face mask ကပ်ပါ
4 ကိုယ်သုံး တဲ့ ပစ္စည်း ရဲ့ ကျောဘက်မှာ အညွှန်းပါပါတယ် သေချာဖတ်ပါ
၁၅ မိနစ် ထားခိုင်းရင် အဲ့တိုင်းထားပြီး ခွာလိုက်ပါ
( အချိန်ပို ကပ်လိုက်တဲ့အခါ မျက်နှာမှာ ခုနက ရောက်သွားတဲ့ အစိုဓာတ် တွေအပြင် အရင်ရှိနေတဲ့ အစိုဓာတ် ကိုပါ mask က ပြန်စုပ်ယူသွားနိုင်ပါတယ်)
5 ပြီးရင် မျက်နှာ ပြန်သစ်စရာ မလိုပါဘူး ဒါပေမယ့် သုံးမယ်ဆိုရင်တော့ Moisturizer တော့ သုံးပေးပါ
ဒါမှမဟုတ် ခုနက အထုပ်ထဲ ကျန်နေတဲ့ အရည်တွေ ကို ပြန်လိမ်းထားလည်းရပါတယ်
6 Moisturizer က ဘာလို့ လိမ်းရလဲ ဆိုတော့ ခုနက စုပ်ယူထားတဲ့ serum တွေကို အပြင်ကနေ ပိတ်ချပြီး lock လုပ်လိုက်သလိုပါပဲ
ကပ်လိုက်လို့ ပူတာ စပ်တာ ရှိရင် ချက်ချင်း ခွာပြစ်ပါ
Quality ကို ကြည့်ပါ ဈေးနှုန်း ကို မကြည့်ပါနဲ့
မင်မင်က bella mask သုံးဖြစ်တယ်
ဈေးလည်းတန်သလို quality လည်း ထိရောက်တယ်
တိုက်ဆိုင်သွားလို့ နှစ်သက်ရင်
ကျေနပ်ပါတယ်
crd//
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!
- သနပ်ခါး မလိမ်းပါနဲ့။
- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
- ပင်လယ်စာ မစားရ။
- နို့ထွက် ပစ္စည်း မစားရ။
- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
- အချိုများသော အစားအစာများ မစားရ။
- ဝက်ခြံကို မညစ်ပါနဲ့။
- အိပ်ရေး ၀၀ အိပ်ပါ။
- ရေများများ သောက်ပါ။
- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
' သင့်ရဲ့ အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
Crd : Dr.Pentra Aesthetic & Medispa
crd//
ဒီအပတ်ကတော့ အဆီဖုလေးတွေနဲ့ပတ်သက်နဲ့ သိကောင်းစရာလေးတွေကို မျှဝေပေးပါမယ်နော်
အဆီဖုဆိုတာဘာလဲ
အဆီဖုဆိုတာ dead cells တွေ၊ အဆီတွေ၊ bacteria တွေက pores တွေမှာပိတ်မိနေတဲ့အခါ ထွက်လာတတ်တဲ့ ဝက်ခြံ အမျိုးအစား 1 မျိုးပဲဖြစ်ပါတယ်။
ဘယ်အရာတွေက အဆီဖုကိုဖြစ်ပေါ်စေလဲ
အဆီဖုကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို သိထားရခြင်းက ကြိုတင်ကာကွယ်မှုက်ုဖြစ်စေပါတယ်နော် အဆီဖုဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကတော့ pores( အပေါက်) လေးတွေပိတ်နေတတ်လို့ပါ
အပေါက်ပိတ်ရတဲ့ အကြောင်းရင်းကတော့ အဆီတွေအထွက်များလို့ဖြစ်ပါတယ်...ထွက်လာတဲ့ အဆီကနေပြီးတော့ အဆီဖုလေးတေတွဖြစ်လာတာပဲဖြစ်ပါတယ်
အဆီအထွက်များရတဲ့ အကြောင်းရင်းတွေကတော့...
hormones ပြောင်းလဲမှုကြောင့်
ရာသီလာမှုကြောင့်
ကိုယ်ဝန်ဆောင်ချိန်ကြောင့်
အစရှိတာတို့ပဲဖြစ်ပါတယ်။
အဆီဖုတွေ ဘယ်နေရာမှာဖြစ်တတ်လဲ
အဓိကအားဖြစ်တော့ အဆီအထွက်များတဲ့
T-zone တွေမှာအဖြစ်များပါတယ်။ ရင်၊ ကြော၊ ပခုံး၊ လက်မောင်း အစရှိတဲ့ body အစိတ်အပိုင်းလေးတွေ အစုံမှာလည်းပေါက်တတ်ပါတယ်။
အဆီဖုတွေဖြစ်မလာ ဘယ်လိုထိန်းသိန်းကာကွယ်ရမလဲ
Sunscreen သုံးပေးပါ
oil-free cosmetics, skin care များသုံးပေးပါ
မနက်ပိုင်း make-up တွေလိမ်းပြီးရင် ညအိပ်ရာမဝင်မီ make-up remover နဲ့ပြန်လည်သန့်ရှင်းပေးပါ
peeling (ကြေးချွတ်) တဲ့အခါမှာလည်း ဖွဖွလေးပဲပွတ်ပေးပါ
အစရှိတာလေးတွေကို လိုက်နာပေးတာနဲ့ အဆီဖုလေးတွေ သက်သာနိုင်ပါတယ်နော်
အားလုံးကို ကျန်းမာလှပသော အသားရေလေးကို ပိုင်ဆိုင်ရပါစေဟု ဆုမွန်ကောင်းတောင်းလျက်...
ဒီအပတ်ကတော့ အဆီဖုလေးတွေနဲ့ပတ်သက်နဲ့ သိကောင်းစရာလေးတွေကို မျှဝေပေးပါမယ်နော်
အဆီဖုဆိုတာဘာလဲ
အဆီဖုဆိုတာ dead cells တွေ၊ အဆီတွေ၊ bacteria တွေက pores တွေမှာပိတ်မိနေတဲ့အခါ ထွက်လာတတ်တဲ့ ဝက်ခြံ အမျိုးအစား 1 မျိုးပဲဖြစ်ပါတယ်။
ဘယ်အရာတွေက အဆီဖုကိုဖြစ်ပေါ်စေလဲ
အဆီဖုကိုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို သိထားရခြင်းက ကြိုတင်ကာကွယ်မှုက်ုဖြစ်စေပါတယ်နော် အဆီဖုဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကတော့ pores( အပေါက်) လေးတွေပိတ်နေတတ်လို့ပါ
အပေါက်ပိတ်ရတဲ့ အကြောင်းရင်းကတော့ အဆီတွေအထွက်များလို့ဖြစ်ပါတယ်...ထွက်လာတဲ့ အဆီကနေပြီးတော့ အဆီဖုလေးတေတွဖြစ်လာတာပဲဖြစ်ပါတယ်
အဆီအထွက်များရတဲ့ အကြောင်းရင်းတွေကတော့...
hormones ပြောင်းလဲမှုကြောင့်
ရာသီလာမှုကြောင့်
ကိုယ်ဝန်ဆောင်ချိန်ကြောင့်
အစရှိတာတို့ပဲဖြစ်ပါတယ်။
အဆီဖုတွေ ဘယ်နေရာမှာဖြစ်တတ်လဲ
အဓိကအားဖြစ်တော့ အဆီအထွက်များတဲ့
T-zone တွေမှာအဖြစ်များပါတယ်။ ရင်၊ ကြော၊ ပခုံး၊ လက်မောင်း အစရှိတဲ့ body အစိတ်အပိုင်းလေးတွေ အစုံမှာလည်းပေါက်တတ်ပါတယ်။
အဆီဖုတွေဖြစ်မလာ ဘယ်လိုထိန်းသိန်းကာကွယ်ရမလဲ
Sunscreen သုံးပေးပါ
oil-free cosmetics, skin care များသုံးပေးပါ
မနက်ပိုင်း make-up တွေလိမ်းပြီးရင် ညအိပ်ရာမဝင်မီ make-up remover နဲ့ပြန်လည်သန့်ရှင်းပေးပါ
peeling (ကြေးချွတ်) တဲ့အခါမှာလည်း ဖွဖွလေးပဲပွတ်ပေးပါ
အစရှိတာလေးတွေကို လိုက်နာပေးတာနဲ့ အဆီဖုလေးတွေ သက်သာနိုင်ပါတယ်နော်
အားလုံးကို ကျန်းမာလှပသော အသားရေလေးကို ပိုင်ဆိုင်ရပါစေဟု ဆုမွန်ကောင်းတောင်းလျက်...
# Nu Skin
crd//
လူတိုင်းသိထားသင့်တဲ့
ဝက်ခြံဖြစ်ရခြင်းအကြောင်းအရင်းများနှင့်
ဝက်ခြံအမျိုးအစားများ
ဝက်ခြံဆိုတာလူတိုင်းတွေ့ ကြုံဖူး ခံစားဖူးတဲ့
အရေပြားပြဿနာဖြစ်တဲ့အတွက်
စိမ်းတဲ့အရာမဟုတ်ပါဘူး။
ဒါပေမဲ့ ......တစ်ယောက်နဲ့တစ်ယောက်
ဝက်ခြံဖြစ်ရတဲ့အကြောင်းအရင်းမတူတဲ့အတွက်
ဝက်ခြံအမျိုးအစားလည်းတူနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့်တစ်ချို့သူတွေမှာ
Skincare တစ်ခုခုစွဲသုံးရင်း
ဝက်ခြံပျောက်သွားတတ်သလို
တစ်ချို့သူတွေမှာကျ
ဘာမှမထူးခြားဘဲဖြစ်နေတတ်ပါတယ်။
အရင်ဆုံးကိုယ့်မျက်နှာမှာ ဝက်ခြံပေါက်လာပြီဆိုရင်
ဘာကြောင့်ဖြစ်တဲ့ ဝက်ခြံလဲ
ဘာဝက်ခြံအမျိုးအစားလဲဆိုတာ သိထားဖို့အတွက် အများဆုံးဖြစ်တတ်တဲ့ ဝက်ခြံအမျိုးအစားတွေကို
ဗဟုသုတအဖြစ် HugMe Skincare မှ
မျှဝေပေးလိုက်ပါတယ်နော်....
😊ကဲ....ဝက်ခြံအမျိုးအစားအကြောင်းတွေ
လေ့လာကြည့်ရအောင်.....
Comedones
အရေပြားဆဲလ်သေတွေနဲ့ အဆီတွေဟာ
မွှေးညှင်းပေါက်တွေထဲမှာပိတ်ဆို့ရင်း
ဖြစ်ပေါ်လာတတ်တဲ့ အဖြစ်အများဆုံးဝက်ခြံ
အမျိုးစားဘဲဖြစ်ပါတယ်။
Comedones ကြောင့်ဖြစ်တဲ့ ဝက်ခြံကိုမှ
အရေပြားပေါ်မှာမြင်ရတဲ့
1အရည်ဖုလုံး (whitehead-close comedo )၊
2ဆား၀က်ခြံ (blackhead-open comedo) နဲ့
3အရေပြားအတွင်းမှာမြုံနေပြီး အနီသို့မဟုတ်ပန်းရောင်အဖုဖုတွေနဲ့ ရောင်ရမ်းတတ်တဲ့(Papules) ဝက်ခြံဆိုပြီး (၃) မျိုးပြန်ကွဲသွားပါတယ်။
ဒီလို၀က်ခြံပေါက်တတ်သူတွေဟာ
မိမိနှင့်မတည့်သော အလှကုန်အမျိုးအစားကို
ချက်ချင်းရပ်ဆိုင်းပြီး ပုံမှန်အသုံးတည့်သော
အလှကုန်ကိုသာရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။
Pustules
သူလည်း ဘတ်တီးရီးယားပိုး၀င်ပြီးဖြစ်တဲ့
Papulesလို ရောင်ရမ်းဝက်ခြံနောက်တစ်မျိုးဖြစ်ပြီး အဖုအထစ်အဖြူသို့မဟုတ်အဝါရောင်ပြည်နှင့်
ပြည့်နှက်နေတတ်ပါတယ်။
ဒီ၀က်ခြံအမျိုးအစားက ဟော်မုန်းအပြောင်းအလဲကြောင့်(hormonal changes)လည်း
ပေါက်တတ်ပါသေးတယ်။ လက်နဲ့ညှစ်လို့
ထွက်လာတဲ့ အရည်တွေကနေ
ဘက်တီးရီးယားများပျံ့နှံ့စေနိုင်လို့
လက်ဖြင့်ဆိတ်စွတာမျိုးရှောင်သင့်ပါတယ်။
Nodules
ဒီဝက်ခြံက အရေပြားရဲ့မျက်နှာပြင်အောက်
နက်ရှိုင်းတဲ့အလွှာမှာ acnes bacteriaတွေ
ရောက်နေပြီးဖြစ်တတ်တဲ့အမျိုးအစားပါ။
ထိမိရင်နာတတ်တဲ့အနီရောင်ဖုလုံးကြီးတွေပေါက်ပြီး အသားတင်းရောင်ရမ်းကိုက်ခဲနေတာမျိုးဖြစ်ပါတယ်။
Cystic
ဒီဝက်ခြံဟာ Nodules ထက်ကိုပိုနက်တဲ့
skinlayer အတွင်းထဲbacteriaကူးစက်မှုရဲ့
ရလဒ်ကြောင့် အတော်ကြီးကြီးအဖုလုံးဖြစ်ပြီး
အဆိုးရွားဆုံးဝက်ခြံဖြစ်ပါတယ်။
အနာကြီးလိုဖြစ်ပြီး အဖုအလယ်မှာသွေးနဲ့ပြည်တွေ
စုဝေးနေတတ်ပါတယ်။ Infection ကြောင့်
အရေပြားပျက်စီး(skin damaged)နေပြီ
ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ ပြကိုပြသင့်ပါတယ်။
Steroid Acne
steroid ပါတဲ့skincaresတွေ၊ သောက်ဆေးတွေ၊နဲ့
ထိုးဆေးတွေကို ကြာရှည်စွာသုံးစွဲမိလို့
အသားအရေအရမ်းပါးလာပြီး
bacteriaပိုးဝင်လွယ်စေပြီးဖြစ်ပေါ်လာတဲ့
ဝက်ခြံအမျိုးအစားဘဲဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက်ထွက်လာတတ်ပြီး
မျက်နှာတပြင်လုံးပြန့်သွားတတ်ပါတယ်။
Acne mechanica
အရေပြားပေါ်အပူ၊ ပွတ်တိုက်မှုနဲ့ဖိအားများကြောင့် ဖြစ်ပေါ်တတ်တဲ့ဝက်ခြံမျိုးဖြစ်ပါတယ်။
အထူးသဖြင့် ဆိုင်ကယ်စီးဦးထုပ်၊ စက်ဘီးစီးဦးထုပ်(helmet )သို့မဟုတ် ဘေ့စ်ဘော ဦးထုပ်ကဲ့သို့ အားကစားပစ္စည်းများကိုဝတ်ဆင်ခြင်းကြောင့်
အဖြစ်များတတ်တဲ့ ဝက်ခြံမျိုးဖြစ်ပါတယ်။
အားကစားသမားများတွင်မကြာခဏ
ဖြစ်ပွားလေ့ရှိတာကြောင့်သူ့ကို"sports-induced acne" လို့လည်းခေါ်ပါတယ်။
Maskne
ဒီဝက်ခြံအမျိုးအစားကတော့ အခုမှ ၂၀၂၀မှာ
ရေပန်းစားလာတဲ့ဝက်ခြံပေါ့။
COVID-19 pandemic ကာကွယ်ဖို့
မျက်နှာ/နှာခေါင်းစည်းတွေအမြဲတပ်ရင်း
ထွက်လာတတ်တဲ့ဝက်ခြံဖြစ်လို့
mask-induced acne (or) maskne လို့ခေါ်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေမှာ
ပိုအဖြစ်များတတ်ပြီး Maskတပ်ထားရတဲ့အတွက် နေရောင်ကိုအပြည့်အဝမရရှိနိုင်ခြင်း၊
နှာခေါင်းကမှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေက အရည်အဖြစ်ပြောင်းပြီး မျက်နှာမှာစိုစွတ်နေခြင်း၊ အပူငွေ့ပြန်ပြီးမျက်နှာချွေးပိုထွက်ခြင်း စတဲ့ factsတွေကြောင့် မျက်နှာရဲ့အရေပြားပေါ်မှာ ဘတ်တီးရီးယားတွေကိုရှင်သန်စေဖို့
ပိုအားဖြစ်စေနိုင်ပါတယ်။
Covid 19 ကာကွယ်ဆေးမရသေးသမျှ
Mask တွေကတပ်နေရဦးမှာဖြစ်တဲ့အတွက်
တတ်နိုင်သမျှ မိမိသုံးတဲ့ masks တွေကို
သန့်ရှင်းအောင်းထားသင့်ပါတယ်။
reusable masks တွေကိုသုံးမယ်ဆိုရင်လည်း သေချာခြောက်သွေ့သန့်စင်အောင်ပြုလုပ်ပြီးမှ တပ်ပေးသင့်ပါတယ်။
အပြင်ကပြန်လာပြီးရင်လည်း မျက်နှာကို
သေချာသန့်ရှင်းအောင်ဆေးကြောပြီး
Skincare လုပ်ပြီး Maskne ဝက်ခြံတွေ
မဖြစ်ရအောင်ရှောင်ရှားနိုင်ပါတယ်😊
အားလုံးကျေးဇူးတင်ပါတယ်
SKINCARE_MYANMAR
crd//
ဆင်ခြေတွေ ခဏခဏပေးရင်.....လူပျင်း
နောင်တတွေ ခဏခဏရနေရင်....လူဖျင်း
အမှားတွေ ခဏခဏလုပ်ရင် .......လူညံ့
အချစ်တွေ ခဏခဏပြောင်းနေရင်..... လူညစ်
ကတိတွေ ခဏခဏ ပျက်နေရင်....လူလိမ်
မသမာမူတွေ ခဏခဏလုပ်နေရင်...လူယုက်မာ
ဒီထဲမှ မပါအောင်ကြိုးစားပါ....
crd//🙂🙂
HM soap လေးကြောင့်အဆီပြန်ကင်းပီး
ဝက်ခြံသက်သာလာတယ်😍😍😍
အစိုဓါတ်ကိုအများကြီးထိန်းပေးတဲ့မရှိမဖြစ် liquidလေးကဘယ်သူလေးလဲ😘😘😘
ဆောင်းတွင်းရောက်လာပီဆိုတော့ အသားအရေခြောက်မှာမပူကအောင် skincare ကောင်းကောင်းသုံးဖို့တော့လိုပီနော်💃💃💃
ဆိတ်နို့နံသင်းသင်းလေးနဲ့မျက်နှာသစ်အပြီး
အဆီပြန်သက်သာ
ဝက်ခြံပျောက်ချင်လား
အမဲစက်သက်သာ
အားလုံးတွက်HM soap က ကူညီမှာနှော်
တခဲမှ၆၅၀၀နော်
၂ခွဲလောက်အသုံးခံလို့တန်မှတန်နော်