B Save Hand gel 70% real made in myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from B Save Hand gel 70% real made in myanmar, Shopping & retail, .
COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခြင်း
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၃) ရက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အသွင် ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဘက်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေးပြောကြားရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် အား (၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) ဖြင့် တာဝန်ပေးအပ်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် ထံ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်မှာ ၀၉-၄၄၀၄၂၂၁၅၄ ဖြစ်ပါသည်။
လက်ကား ကာဗွန်မာ အကောင်းစား IPA နူးညံ့စေသော အစွမ်းရှိ 99.99ဘက်တီးရီးယား ကာကွယ်နိုင် mdy လိုချင်ရင် ဆက်သွယ်ပေးပါရောင်းရမရောင်းရတော့မသိဘူး လှူနေတာတော့ ဘူး၂ထောင်ကျော်ပီ ရသမျှ အမြတ်အရင်းလှူဖို့ပါပဲ ၀၉၄၅၇၉၆၅၇၀၇
Crd
လက်ဆေးတာ mask တပ်တာ တော့ ဟုတ်ပါပြီ
COVID-19 ကို ကာကွယ်ဖို့ လုပ်သင့်တဲ့ အရေးအကြီးဆုံး အချက် တွေ ရှိပါ သေးတယ်
👉🏻ထမင်းဆိုင် / မုန့်ဟင်းခါးဆိုင် စားမယ် ... ထည့်စား တဲ့ခွက်တွေ ဇွန်းတွေ ရေနွေးကြမ်းခွက် တွေ က တဆင့်ကူးနိုင်ပါတယ်
👉🏻ဝက်သားတုတ်ထိုး/ hot pot / မာလာရှမ်းကော လို လူအများတူတူ ထိုင်စား/ စပ်လို့ နှပ်ချေး ညှစ် လက်နဲ့ ဟိုကိုင် ဒီကိုင် ဆို ကူးနိုင်ပါတယ်
👉🏻 လမ်းဘေး စာ/ အသီးအနှံက အစ ဖုံးအုပ်မထားရင် / လက်နဲ့ကိုင်ပြီးရောင်းတဲ့ အစားအသောက်မျိုး ဆိုရင် မစားသင့်ပါ - ကူးနိုင်ပါတယ်
👉🏻 အအေး ပိုက်တခု ကို တူတူ စုပ်သောက်တာ / ရေသန့်ဘူးကိုပါးစပ်နဲ့ မော့သောက် ပါက နောက်လူ ကိုကူးနိုင်ပါတယ်
👉🏻 ရေခွက်တခွက်တည်း ကို တအိမ်လုံးသောက်ပါက ကူးနိုင်ပါတယ် ( ကိုယ့် ပန်းကန် / ခွက်/ဇွန်း သီးသန့် ခွဲစားပါ )
👉🏻 ဟင်းရည် တခွက်တည်း လူအများ ခပ်သောက်ပါ က ကူးနိုင်ပါတယ်
👉🏻 မျက်နာသုတ်ပဝါ / သွားတိုက်တံ / အဝတ်အစား / မွေ့ရာ ခေါင်းအုံး share သုံးတာ က နေ ကူးနိုင်ပါတယ်
👉🏻 စကားပြောစက်/ microphone 🎤 / computers စာရိုက် လက်ကွက် များကို share သုံး ကြရင် ကူးနိုင်ပါတယ်
👉🏻 အမျိုးသားတွေ အိမ်သာ မှာ ရှူးပေါက်တာပဲ ဆိုပီး လက်မဆေးပဲ ပြန်ထွက်လာ ရင် ကူးနိုင်ပါတယ် ( အိမ်သာ တံခါးလက်ကိုက် ဘု ကနေ တဆင့်)
👉🏻 Aircon bus စီးရင် ကူးနိုင်ပါတယ် ( bus ကား ပေါ်က တန်းတွေ / ပိုက်ဆံ တွေ ကို ကိုင်ပြီး မျက်နာ ပွတ်သပ်တာမျိုးရှောင်ပါ)
👉🏻 ကလေးတွေ ကို သူစိမ်းက ကိုင်တာ/နမ်းတာ က တဆင့် ကူးနိုင်ပါတယ်
👉🏻လူတွေနဲ့ အနီးကပ်နေတဲ့အိမ်မွေးတိရိစ္ဆာန်တွေ ကနေ တဆင့်လည်းကူးနိုင်ပါတယ်
👉🏻 Shopping mall တို့ apartment တို့က ဓါတ်လှေကားခလုတ်များ/ ATM စက်မှ ခလုပ်များ က တဆင့်ကူးနိုင်ပါတယ် ( ချက်ချင်းလက်ဆေးပါ)
Credit Yu Kay Zar Htun
Protein အတွက် ပဲဝယ်ပါ ။
အာလူးဝယ်ပါ ။
ရှာလကာရည် ဝယ်ပါ ။
စနစ်တကျ လွှင့်ပစ်ပါ ။
ဥပမာ ကြက်သွန်ဖြူ
အိပ်ရေးဝဝ အိပ်ပါ ။
Crd:
မနက်ဖြန်မနက်မှာ panic buying မဖြစ်ဖို့ အရေးကြီးပါတယ် ။
လိုအပ်တာတွေ အေးဆေးဝယ်ကြပါ ။
ဝယ်ထားချင်တယ်ဆိုရင် ကျနော်တွက်ပြသလိုလေး ဝယ်ကြည့်ပါ ။
#မိသားစုလူဦးရေနဲ့ ချိန်ပါ ။
လက်လုပ်လက်စား တွေအတွက် စဥ်းစားပေးပါ ။
အရေးကြီးတာကတော့ ဆန် နဲ့ ဆီပါ ။
Protein အတွက် ပဲဝယ်ပါ ။
ကြာရှည်အထားခံမယ့် ငါးခြောက်ဝယ်ပါ ။
အာလူးဝယ်ပါ ။
ကြက်သွန် ဖြူ ၊ နီ ၊ ဂျင်း ဝယ်ပါ ။
ရှာလကာရည် ဝယ်ပါ ။
ရှေ့လျှောက် Positive case တွေ ထပ်မတိုးလာဖို့ ပြည်သူ ပါဝင်ဖို့ လိုပါတယ် ။
ဖြစ်နိုင်ရင် အပြင်လုံးဝ မထွက်ပါနဲ့ ။
လက်ဖက်ရည်ဆိုင် အကြာကြီး မထိုင်ပါနဲ့ ။ ( လိုတာ ဝယ်ပြီး ပြန်ပါ)
ကွမ်းသွေးလမ်းပေါ်မထွေးပါနဲ့ ( ကြွပ်ကြွပ်အိတ်သုံးပါ)
စနစ်တကျ လွှင့်ပစ်ပါ ။
မဖြစ်မနေ အလုပ်သွားရမယ်ဆို အရမ်းမဝေးရင် စက်ဘီး ၊ ဆိုင်ကယ် စသုံးပါ ။
Bus သုံးမှရမယ်ဆိုလည်း ဝိရိယထားပြီး ထွက်ပါ ။
အိမ်အပြန် လက်ဆေးပါ ၊ အပြင် ဝတ်သွားတဲ့ အဝတ်တွေ တစ်ခါတည်း လျော်ပါ ။
သတင်းတွေ ဖတ်ပြီး စိတ်ဓာတ်မကျပါစေနဲ့ ။
အားရှိအောင် စားသောက်နေထိုင်ပါ ။
ရေနွေးများများ သောက်ပါ ။
Vitamin C ပေါကြွယ်ဝတဲ့ အစားအစာတွေစားပါ ။
Antioxidants ပါတဲ့ အစားအစာတွေစားပါ ။
ဥပမာ ကြက်သွန်ဖြူ
အိပ်ရေးဝဝ အိပ်ပါ ။
မိမိ ပတ်ဝန်းကျင်မှာ သံသယရှိလူနာတွေ့ပြီဆို သက်ဆိုင်ရာကို အကြောင်းကြားပါ ။
လိုအပ်တာတွေ edit လုပ်ပြီး ထပ်ပြောပြပေးသွားပါမယ် ။
UK ဆေးရုံ တစ်ခုက အထူးကြပ်မတ်ကုသဆောင်မှာ COVID-19 ကုသမှုခံနေရတဲ့ အသက် ၃၉ နှစ်အရွယ် Tara Jane Langston အမည်ရှိ အမျိုးသမီးတစ်ဦးဟာ စကားပြောနိုင်ခါစမှာပဲ ဗွီဒီယိုရိုက်ပြီး အခြားသူတွေကို သတိပေးဖို့ ကြိုးစားခဲ့ပါတယ် ။
သူမဟာ ကျန်းမာသန်စွမ်းတဲ့ အားကစား လိုက်စားသူတစ်ယောက်ဖြစ်ပြီး Coronavirus ပြဿနာဟာ သက်သက်မဲ့ ပုံကြီးချဲ့နေကြတာပဲ နေမှာပါလို့ ယခင်ကထင်မြင်ယူဆခဲ့ဖူးပါတယ်။
"အသက်ရှူရတာ အဆုတ်ထဲမှာ ဖန်စတွေ စိုက်နေသလိုပါပဲ "
Tara Jane Langstonဟာ ဗြီဒီယိုထဲမွာ သူမ
ပြောထားတဲ့ အတိုင်း အောက်စီဂျင် မပေးထားဘဲ အသက်မရှူနိုင်ပါဘူး။ သွင်းနေရဆဲ ဆေးပိုက်တွေကိုလည်း ပြသခဲ့ပါတယ်။
"Virus ကို မကြောက်ဘူးဆိုတဲ့သူတွေ ငါ ဘယ်လို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်ဆိုတာသာ ကြည့်ပါ။ ဒါတောင် အရင်ကထက် ဆယ်ဆလောက် ပိုသက်သာလာတဲ့ အခြေအနေပါ။ ဆေးရုံမှာ သတိမေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရက်တွေ အများကြီးပါ။
ဒီလောက်ဆိုးဝါးတဲ့ ဝေဒနာမျိုး ဘယ်တော့မှ ထပ်မကြုံပါရစေနဲ့"
ရောဂါပျံ့နှံ့နှုန်းကို ထိန်းချုပ်ဖို့၊ လျော့ပါးဖို့ဆိုတာ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်ဆောင်လို့ မလုံလောက်ပါဘူး ။ မလိုအပ်တဲ့ စုဝေးမှု၊ လူထူထူနေရာကို သွားလာခြင်း စတာတွေကို မရှောင်နိုင်သေးတဲ့သူတွေ တစ်နည်းအားဖြင့် Social Distancing မလိုက်နာ မကျင့်သုံးသေးတဲ့သူတွေကိုလည်း သတိပေးဖို့ ရည်ရွယ်ပါတယ်။ မြန်မာမှာဆိုရင် ကျင်းပဆဲ ဖြစ်တဲ့ အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲတွေဟာ တော်တော်အန္တရာယ်များပါတယ်။
စာကြွင်း။ ။ မဖြစ်သေးဘူး၊ မကြောက်ဘူး၊ ငါတို့မှာလည်း Virus ကြောက်ရတဲ့ ဒုက္ခအပြင် တခြားဒုက္ခတွေနဲ့လို့ ဆိုသူတွေ၊ အကုန်ဖြစ်၊ အကုန်သေ နားအေးတယ်ဆိုသူတွေ သိပေးပါ။
ရောဂါကူးစက်လို့ သေမယ်ဆိုရင် ဒီနေ့ကူး မနက်ဖြန် အေးအေးဆေးဆေးသေမယ် မမျှော်လင့်ပါနဲ့။
ကိုယ်ကူးစက်ခံရရင် ဆိုးဝါးတဲ့ ဝေဒနာ ခံစားရမှာ ကိုယ်ပါ။
ဘယ်သူမှ အစားဝင်ခံပေးလို့ မရပါဘူး။
ဖြစ်ရင်လည်း သူ့လိုတောင် နလန်ထဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သိပေးပါ။
Virus မကူးစက်ဖို့အတွက် အချိန်နဲ့ အမျှ နှိုးဆော် သတိပေးနေတဲ့သူတွေဟာလည်း " မကြောက်ဘူးလား ဒေဝေါကြီး လာတော့မယ်နော်" ဆိုပြီး ကလေးခြောက်သလို ခြောက်နေတာ မဟုတ်ပါဘူး။
တကယ်ဖြစ်ရင် ထိန်းချုပ်ရ တကယ်မလွယ်တာ အီတလီတို့၊ တရုတ်တို့၊ အခြားသော နိုင်ငံမြောက်မြားစွာတို့ က သက်သေပြပြီးပါပြီ။
မြန်မာမို့ မဖြစ်ဘူးလို့ အတွေးချော်မယ့်အစား
" ဖြစ်ရင် ဒုက္ခကြီးလိုက်မယ့်ဖြစ်ခြင်း" ဆိုတဲ့ အမှန်တရားကို သတိပြုပြီး မကူးစက်အောင် ကာကွယ်ဖို့ အရေးအကြီးဆုံးပါ။
ဆေးရုံရောက်တဲ့ အဆင့်ထိ မဆိုးဝါးအောင်၊ ရောဂါ မကူးစက်အောင် မိမိကစပြီး ဆင်ခြင်လို့ရတယ်ဆိုတာ သိပေးပါ။ ကိုယ့်ပတ်ဝန်းကျင်က မသိသေးသူတွေကို ဖြစ်နိုင်ရင် သတိပေးပေးပါ။
လှူလိုသူများအတွက် အထူးထုတ် လီတာ 20 ဘူးကြီး ငါးဘူးကို တစ်လီတာ7500 နှုန်းဖြင့် 70%Alcohol 99.99virus clean အကောင်းစားတန်ဖိုးကြီးကုန်ကြမ်းဖြင့်ထုတ်လုပ်ထားသော hand gel ကိုလိုအပ်ပါကဆက်သွယ်နိုင်ပါသည် ဦးရာလူ ပါ 20liter 5ဘူးသာ ကျန်တာမပါဝင်ပါ
Be Save