Weight Loss with Rhythm

Weight Loss with Rhythm

Rhythmနဲ့အတူဝိတ်ချကြရအောင်

14/02/2023

အားလုံးပဲ မင်္ဂလာပါရှင်​့......ဒီနေ့မှာတော့ weighချခြင်းနဲ့ပတ်သတ်တဲ့သတိထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးသွားပါမယ်ရှင့်​။

1.ရေကိုလုံလောက်စွာသောက်သုံးပါ။

Weightချခြင်းမှာရေသောက်ခြင်းကအ​ခြေခံအချက်တစ်ချက်ပါပဲ။သကြားဓာတ်လွန်ကဲတဲ့အချိုရည်တွေ၊အသီးဖျော်ရည်တွေအစား ရေသန့်ကိုသာသောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းဇီဝဖြစ်စဥ်တွေကိုထိန်းညှိပေးပြီး အသားအရည်ကိုပါစိုပြေကြည်လင်စေပါတယ်။လူတစ်ယောက်ရဲ့အသက်ကိုယ်အလေးချိန်နဲ့သင့်လျော်မျှတတဲ့ရေပမာဏကိုသောက်သုံးပေးသင့်ပါတယ်။

2.အဆီ၊အစိမ့်၊ကာဗွန်ဟိုက်ဒြိုတ်စတာတွေရှောင်ပါ။

မြန်မာလူမျိုးတို့ရဲ့ထုံးစံအရ ဟင်းချက်ရင် ဆီပြန်လေးမှ၊အရသာက ခပ်လေးလေးမှ ထမင်းမြိန်ကြတာသိတယ်ဟုတ်။ဒါပေမယ့် အဆီဓာတ်၊အငန်ဓာတ်လွန်ကဲတာတွေက ကျန်းမာရေးနဲ့မညီညွတ်စေပါဘူး။ဝိတ်ကျစေရုံသာမက သက်ရှည်ကျန်းမာစွာနေထိုင်ချင်ရင် အရသာလွန်ကဲတဲ့အစားအသောက်တွေကိုရှောင်ရပါမယ်။ရှောင်ဆိုလို့ နေ့တိုင်းအရွက်ပြုတ်ချည်းစားရမယ်မဆိုလိုပါဘူး။ဆီနည်းနည်း၊အရသာနည်းနည်းနဲ့ သင့်တင့်မျှတအောင်ပြင်ဆင်စားသုံးလို့ရပါတယ်။ကာဗွန်ဟိုက်ဒြိတ်...ကစီဓာတ်လွန်ကဲတဲ့အစားအသောက်တွေကလည်း သင့်ကိုကျန်းမာရေးနဲ့မညီညွတ်စေပါဘူး။နေ့စဥ်စားသုံးနေတဲ့ထမင်းမှာဆိုရင် ကစီဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ကစီဓာတ်က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့အထောက်ကူပြုတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးရင်တော့ ခန္ဓာကိုယ်အတွင်းမလိုအပ်တဲ့အဆီပိုတွေစုလာစေမှာပါ။ထမင်းစားတဲ့အခါ နှစ်ပန်းကန်စားနေကျဆိုရင် ထမင်းတစ်ပန်းကန်နဲ့ အသားနည်းနည်း၊အသီးအရွက်များများဖြင့်ဖြည့်စားကြည့်ပါ။မြန်မာ့ရိုးရာမုန့်တွေဖြစ်တဲ့ မုန့်ဟင်းခါး၊မုန့်ဖက်ထုပ်၊မုန့်လုံးကြီး၊နနွင်းမကင်း၊စတဲ့ ကောက်ညှင်းနဲ့လုပ်တဲ့မုန့်တွေမှာလည်း ကာဗွန်ဟိုက်ဒြိတ်လွန်ကဲစွာပါဝင်လို့ အလွန်ကျွံစားသုံးခြင်းကိုရှောင်ကျဥ်ရပါမယ်။

3.အသင့်စားအစားအစာတွေရှောင်ပါ။

အာလူးချောင်းကြော်၊အသင့်စားခေါက်ဆွဲထုတ်၊ကိတ်မုန့်၊အချိုရည် စတာတွေအစား သစ်သီးဝလံများကိုစားသုံးပေးသင့်ပါတယ်။သစ်သီးတွေမှာလည်းသကြားဓာတ်ပါဝင်တာကြောင့် အလွန်အကျွံစားသုံးခြင်းကိုရှောင်ရပါမယ်။(ဥပမာ-တနေကုန်ထမင်းမစားဘဲ ပန်းသီးငါးလုံးစားမည်ဆိုပါဆို့။၎င်းနည်းလမ်းက မှားယွင်းပါတယ်။သကြားဓာတ်ပါဝင်တာမို့ တနေ့လျှင်အသီးတစ်လုံးသာစားပေးသင့်ပါတယ်)

4.စားသောက်မှုပုံစံပြောင်းပါ။

ထမင်းစားတဲ့အခါ ပန်းကန်ပြား​အကြီး၊ဇလုံစသည်ဖြင်​့အားရပါးရစားလေ့ရှိကြပါတယ်။ထိုနေရာမှာ ပန်းကန်လုံးအသေး၊ဇွန်းအသေး၊တူစသည်ဖြင့်ပြောင်းလဲစားသုံးပါ။ထမင်းနည်းနည်း​၊အသားနည်းနည်း​၊အသီးအရွက်ကြော်တစ်ခွက်၊ဟင်းရည်တစ်ခွက်စသည်ဖြင့်ပြောင်းလဲစားသုံးပါ။တနေ့ကိုထမင်းသုံးနပ်စားလျှင် မနက်စာကို အသားဓာတ်၊ကစီဓာတ်လုံလောက်စွာပါဝင်သည့် အစားထိုးအစားသောက်များကိုပြောင်းလဲစားသုံးပါ။ညစာကို အသီးအနှံများများအစားထိုးစားသုံးပါ။

5.မနက်စာအငတ်နေခြင်းကိုရှောင်ကြဥ်ပါ။

တချို့တွေကdietလုပ်ရာမှာ တနေကုန်တနပ်သာစားတာမျိုး၊မနက်စာမစားဘဲနေတာမျိုးတွေလုပ်လေ့ရှိပါတယ်။ဒီနည်းလမ်းတွေက မှားယွင်းပါတယ်။မနက်စာကိုလုံလောက်စွာစားသုံးပေးခြင်းမှသာ ဝိတ်ချခြင်းကိုအထောက်အကူဖြစ်စေမှာပါ။မနက်စာကိုလုံလောက်စွာမစားသုံးပေးလျှင် နေ့လည်စာနှင်ညစာတွေကိုပိုပြီးစားသုံးမိစေနိုင်ပါတယ်။မနက်စာကိုပရိုတင်း​ဓာတ်ပြည့်ဝစွာစားသုံးပေးခြင်းဖြင့် ကိုယ်အတွင်းရှိဇီဝကမ္မဖြစ်စဥ်တွေအထောက်ကူပြုတာမို့ လျင်မြန်စွာဝိတ်ကျစေနိုင်ပါတယ်။

6.ဝမ်းမချုပ်ပါစေနှင့်​။

ဝမ်းမှန်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ချက်ပါ။ရေများများသောက်၊အသီးအနှံများများစားပေးခြင်းဖြင့်ဝမ်းမှန်စေပါတယ်။

7.အိပ်ရေးဝဝအိပ်ပါ။

တနေ့ကို7နာရီလုံလောက်စွာအိပ်စက်ပေးရပါမယ်။အိပ်ရေးမဝလျှင် ခန္ဓာကိုယ်အတွင်းက စွမ်းအင်သုံးစွဲမှုလျှော့နည်းစေတာကြောင့် ဗိုက်ပိုဆာပြီးအများကြီးစားမိစေနိုင်ပါတယ်။stressတွေလျှော့ပြီးလုံလောက်စွာအိပ်စက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။

8.ကိုယ််လက်လှုပ်ရှားမှုနေ့စဥ်လုပ်ပေးပါ။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကလည်းအဆီပိုတွေစုစေပါတယ်။တနေ့လျှင်နာရီဝက်ခန့်လမ်းလျှောက်ခြင်း​၊ကိုယ်ကာယ လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းကလည်းဝိတ်ချခြင်းကိုအထောက်အကူပြုပါတယ်။

စတဲ့အချက်တွေကိုလိုက်နာပြီး နည်းလမ်းမှန်ကန်စွာလိုက်နာပြီးဝိတ်ချမယ်ဆိုလျှင် လွယ်ကူကျန်းမာစွာနဲ့ဝိတ်ချနိုင်မှာဖြစ်ပါတယ်ရှင့်။

29/01/2023

Hello...Weight loss with Rhythmကနေကြိုဆိုပါတယ်ရှင့် ဒီနေ့မှာတော့ Rhythmက ကယ်လိုရီနည်းပြီး dietဖြစ်မယ့် ချက်ပြုတ်နည်းလေးတစ်ခုကိုတင်ပြပေးသွားမှာဖြစ်ပါတယ်..။rhythm dietလုပ်စဥ်ကလည်း ခဏခဏစားဖြစ်ခဲ့တဲ့အစားအစာလေးပါ..လွယ်ကူတာမို့ အချိန်တိုအတွင်းပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်နော်...ညဘက်မှာ အစားများများစားမှ စိတ်ကျေနပ်မှုရရှိ​မယ့်သူတွေအတွက်လည်းအဆင်ပြေပါတယ်နော်..။

ပါဝင်ပစ္စည်းများ

1.ပန်းဂေါ်ဖီပွင့်အသေးတစ်ပွင့်

2.မုန်လာဥနီ တစ်​ပိုင်း(rhythmက မုန်လာဥနီတအားကြိုက်တာမို့ တစ်လုံးထည့်ပါတယ်)

3.ကြက်သွန်ဖြူ-2မွှာ

4.ကြက်သွန်ဥနီ-1လုံး

5.ဆား၊ခရုဆီအနည်းငယ်

6.သံလွင်ဆီ-ထမင်းစားဇွန်းသေး(1)ဇွန်း[ဇွန်းကနည်းနည်းကြီးနေရင် ဇွန်းတစ်ဝက်ပဲထည့်ပါ]

6.ကြက်သွန်မြိတ်-အနည်းငယ်(မထည့်လဲရ)

7.ကြက်ဥအကာ-တစ်လုံး

ပထမဦးစွာ ပန်းဂေါ်ဖီကို ရေဆေးပြီး နုပ်နုပ်စင်းထားပါ။မုန်လာဥနီကိုလည်း လေးထောင့်အတုံးပိစိလေးတွေရအောင်လှီးပါ။ကြက်သွန်ဖြူ၊နီကိုလည်းနုပ်နုပ်စင်းထားပါ။

ဒယ်အိုးကိုအပူပေးပြီး သံလွင်ဆီ ထမင်းစားဇွန်းသေးတစ်ဇွန်းထည့်ပြီး ကြက်သွန်ဖြူ၊နီထည့်မွှေပါ။

ပြီးလျှင် ပန်းဂေါ်ဖီထည့်မွှေပြီး ဆား၊ခရုဆီအနည်းငယ်ဖြင့် သမအောင်မွှေပြီးနောက် ရေအနည်းငယ်ထည့်ပါ။ပြီးရင်အဖုံးအုပ်ထားပါ။ရေက နည်းနည်းပဲထည့်ပါ မဟုတ်ရင်ရေလုံပြုတ်ဖြစ်သွားမှာစိုးလို့ပါ..။ပန်းဂေါ်ဖီနူးရုံလောက်ထည့်ပြီး မုန်လာဥနီထပ်ထည့်ပါ။ပြီးရင်အဖုံးပြန်အုပ်ထားပါ...။မုန်လာဥနီရော ပန်းဂေါ်ဖီပါ နူးပြီဆိုမှ အဖုံးဖွင့်ပါ။ရေခမ်းသွားလျှင် ကြက်ဥအကာနှင့် ကြက်သွန်မြိတ်၊ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင်မွှေပြီး မီးဖိုပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ။

အဓိကကရေထည့်တဲ့အခါ တခါထဲအများကြီးမထည့်ဘဲ နည်းနည်းစီထည့်ပေးရတာပါ။

ကျန်းမာရေးနဲ့လည်းညီညွတ်၊ဆီလည်းအများကြီးမသုံးထားတဲ့အတွက် အဆင်ပြေပါတယ်။ပန်းဂေါ်ဖီနဲ့မုန်လာဥကအချိုဓာတ်ရှိပြီးသားဖြစ်တာကြောင့် အရသာကလည်း အဆင်ပြေစေမှာပါ။ညဘက်မှာ အရွက်ပြုတ်တွေစားရတာငြီးငွေ့နေသူတွေအတွက် စိတ်ကျေနပ်မှုရရှိစေမယ့်အစားအစာလေးပါ။

ဓာတ်ပုံကမီးပျက်နေချိန်ရိုက်လိုက်တာမို့မလှမပလေးဖြစ်သွားတယ်...။

နောက်ရက်တွေလည်းRhythmက dietဖြစ်စေမယ့်ပြင်ဆင်နည်းလေးတွေဝေမျှပေးသွားပါဦးမယ်ရှင့်။

ကောင်းသောညလေးဖြစ်ပါစေရှင်..💜

25/01/2023

Hello...ပထမဆုံးအနေနဲ့ Rhythmက လူတစ်​ေယာက်ရဲ့လိုအပ်တဲ့ကယ်လိုရီပမာဏကိုဘယ်လိုတွက်ချက်ရမလဲဆိုတာပြောပြပေးသွားပါ့မယ်ရှင့်

ပျှမ်းမျှအားဖြင့် အမျိုးသမီးများအတွက်လိုအပ်တဲ့ ကယ်လိုရီပမာဏက

အသက်19-30အတွင်းဆိုရင် ကယ်လိုရီ 2000ကနေ 2400အထိပျမ်းမျှလိုအပ်ပြီး

အသက်31-59အတွင်းဆိုရင် ကယ်လိုရီ 18000ကနေ2000အတွင်းလိုအပ်ပြီးအသက်60အထက်ဆိုရင်တော့ ကယ်လိုရီ1600ကနေ2000ခန့်အထိလိုအပ်ပါတယ်။

တနေ့တာရဲ့လိုအပ်တဲ့ကယ်လိုရီပမာဏကိုအတိအကျ တွက်ချက်ကြည့်ချင်တယ်ဆိုရင်တော့

655.1+(9.563×weight(kg)]+(1.850×heigh(cm)] -(4.676× age)=per day need calorie

အရပ်ကို cmနဲ့မတွက်တတ်သူများအတွက်
1foot=30.48cm

ကိုယ်အလေးချိန်ကို Kgနဲ့တွက်မယ်ဆိုရင်

1kg=2.2lb

ကဲ...ကယ်လိုရီတွက်ချက်နည်းတွေပြောပြပေးပြီးသွားပြီဆိုတော့ ကိုယ့်အသက်၊အရပ်၊ကိုယ်အလေးချိန်နဲ့ ကိုက်ညီတဲ့ကယ်လိုရီပမာဏကိုတွက်ချက်ပြီးစားသုံးမယ်ဆိုရင် အလိုလိုဝိတ်ထိန်းပြီးသားဖြစ်မှာပါ။

အဆီအစိမ့်၊အချို၊အငံ၊အရသာကဲတဲ့အစားအသောက်တွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်နဲ့အသီးအနှံတွေကိုများများစားပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလျှော့ချနိုင်ပါတယ်။

သကြားဓာတ်လွန်ကဲတဲ့အချိုရည်တွေအစား...သဘာဝအသီးဖျော်ရည်စစ်(သို့မဟုတ်)ရေကိုလုံလောက်စွာသောက်ပေးခြင်းဖြင့်လည်း ဝိတ်တက်ခြင်းကိုတားဆီးနိုင်ပါတယ်။

တနေ့ကို နာရီဝက်၊တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်းကလည်း ခန္ဓာကိုယ်မှ အဆီပိုစုခြင်းကိုကာကွယ်နိုင်ပါတယ်။

နောက်ရက်တွေကျရင် ကယ်လိုရီနည်းတဲ့ချက်ပြုတ်ပြင်ဆင်ပုံလေးတွေဝေမျှပေးသွားပါဦးမယ်ရှင်

Rhythm

19/01/2023

Weight Loss with Rhythm pageလေးကနေကြိုဆိုပါတယ်ရှင့်...ဒီpageလေးကနေ Weight loss,Dietနဲ့ပတ်သတ်ပြီး အတွေ့ကြုံ၊ဗဟုသုတတွေကိုပြန်ပြီးမျှဝေပေးမှာပါရှင့်...
စားနေကျအစားအသောက်တွေကို Calorieအနည်းဆုံးဖြစ်အောင် ပြင်ဆင်စားသောက်ပုံ၊အာဟာရမျှတစွာနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ချနိုင်စေမယ်​့နည်းလမ်းကောင်းများကိုလည်းပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
အစားသောက်ကို အလွန်အကြူးလျှော့စားစရာမလိုပဲ adminကိုယ်တိုင် dietလုပ်ခဲ့တဲ့ စားသောက်ပုံ၊စားသောက်နည်းများကိုလည်း ဝေမျှပေးသွားမှာဖြစ်လို့ Rhythmနဲ့အတူ ဝိတ်ချကြရအောင်လားရှင်....

Website