REIWA ICHI Japanese Language School

REIWA ICHI Japanese Language School

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from REIWA ICHI Japanese Language School, Education, .

07/04/2024

ဒီနေ့လုပ်ခဲ့တဲ့ REIWA ICHI သင်္ကြန်လေး 💦💦💦💦

Photos from REIWA ICHI Japanese Language School's post 05/07/2023

Sat & Sun တက်ချင်သူများအတွက် ဒီဇင်ဘာလ JLPT အမှီ ရုံးချိန်လွတ် အခြေခံဂျပန်စာသင်တန်း

Basic + N5 Class
~~~~~~~
နေ့ရက် - တစ်ပတ်လျှင် (၂) ရက် (စနေ၊ တနင်္ဂနွေ)

စတင်မည့်ရက် - (8.7.2023) (စနေနေ့)

အချိိန် - (1:00) မှ (3:00) အထိ

သင်တန်းကြေး - တစ်လ (25000) ကျပ်

နေရာ - ကွက်သစ် (၂) လမ်းအနောက်၊ ကွက်သစ်ရပ်ကွက်၊
အင်းစိန်မြို့နယ်။ (၄၈ ကားဂိတ်အနီး)

✨အခြေခံစာလုံးရေးနည်းမှ စတင်သင်ကြားပေးမည်ဖြစ်သဖြင့် ဂျပန်ဘာသာအား သုညမှစတင်လေ့လာမည့်သူများပါ တက်ရောက်နိုင်ပါသည်။

✨ဂျပန်ဘာသာ အခြေခံပိုင်နိုင်ကျွမ်းကျင်ရန်နှင့် ဂျပန်စာမေးပွဲများအား အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုအောင်မြင်နိုင်အောင် သင်ကြားပေးပါသည်။

✨ဆရာမပိုပိိုကိုယ်တိုင်ထုတ်နှုတ်ထားသော ကိုယ်ပိုင်သင်ရိုး
ညွှန်းတမ်းဖြင့် သင်ကြားပေးပါမည်။

✨အပတ်စဉ်စာမေးပွဲများဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကြီးများနီးလျှင် မေးခွန်းဟောင်းများကိုလည်း လေ့ကျင့်သင်ကြားပေးပါသည်။

✨အသေးစိတ်သိရှိလိုသူများ 09401604539, 09427263009 ဆက်သွယ်စုံစမ်းမေးမြန်းစာရင်းပေးသွင်းနိုင်ပါသည်။

🔴🔴ဝိုင်းပုံစံဖြင့် အနီးကပ်သင်ကြားပေးမည်ဖြစ်သောကြောင့် သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါ။

N4 Class၊ N3 Class များလည်း ဖွင့်လှစ်ထားပါသဖြင့် သိရှိလိုသူများ မေးမြန်းစုံစမ်းနိုင်ပါသည်။

Photos from REIWA ICHI Japanese Language School's post 07/12/2022

Sat & Sun တက်ချင်သူများအတွက် ဒီဇင်ဘာလ ရုံးချိန်လွတ် အခြေခံဂျပန်စာသင်တန်း

Basic + N5 Class
~~~~~~~
နေ့ရက် - တစ်ပတ်လျှင် (၂) ရက် (စနေ၊ တနင်္ဂနွေ)

စတင်မည့်ရက် - 10.12.2022 (စနေနေ့)

အချိိန် - (3:00) မှ (5:00) အထိ

သင်တန်းကြေး - တစ်လ (25000) ကျပ်

နေရာ - ကွက်သစ် (၂) လမ်းအနောက်၊ ကွက်သစ်ရပ်ကွက်၊
အင်းစိန်မြို့နယ်။ (ပေါက်တောဝကားဂိတ်အနီး)

✨အခြေခံစာလုံးရေးနည်းမှ စတင်သင်ကြားပေးမည်ဖြစ်သဖြင့် ဂျပန်ဘာသာအား သုညမှစတင်လေ့လာမည့်သူများပါ တက်ရောက်နိုင်ပါသည်။

✨ဂျပန်ဘာသာ အခြေခံပိုင်နိုင်ကျွမ်းကျင်ရန်နှင့် ဂျပန်စာမေးပွဲများအား အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုအောင်မြင်နိုင်အောင် သင်ကြားပေးပါသည်။

✨ဆရာမပိုပိိုကိုယ်တိုင်ထုတ်နှုတ်ထားသော ကိုယ်ပိုင်သင်ရိုး
ညွှန်းတမ်းဖြင့် သင်ကြားပေးပါမည်။

✨အပတ်စဉ်စာမေးပွဲများဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကြီးများနီးလျှင် မေးခွန်းဟောင်းများကိုလည်း လေ့ကျင့်သင်ကြားပေးပါသည်။

✨အသေးစိတ်သိရှိလိုသူများ Messenger (or) 09401604539, 09427263009 ဆက်သွယ်စုံစမ်းမေးမြန်းစာရင်းပေးသွင်းနိုင်ပါသည်။

🔴🔴ဝိုင်းပုံစံဖြင့် အနီးကပ်သင်ကြားပေးမည်ဖြစ်သောကြောင့် သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါ။

N4 တန်းလည်း (17.12.2022) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် မေးမြန်းစုံစမ်းနိုင်ပါသည်။

17/04/2022

Sat & Sun တက်ချင်သူများအတွက် ရုံးချိန်လွတ် အခြေခံဂျပန်စာသင်တန်း

N5 Class
~~~~~~~
နေ့ရက် - တစ်ပတ်လျှင် (၂) ရက် (စနေ၊ တနင်္ဂနွေ)

စတင်မည့်ရက် - 30.4.2022 (စနေနေ့)

အချိိန် - နေ့လယ် (1:00) မှ (3:00) အထိ

သင်တန်းကြေး - တစ်လ (20000) ကျပ်

Text Book - (7000) ကျပ်

နေရာ - ကွက်သစ် (၂) လမ်းအနောက်၊ ကွက်သစ်ရပ်ကွက်၊
အင်းစိန်မြို့နယ်။ (ပေါက်တောဝကားဂိတ်အနီး)

✨အခြေခံစာလုံးရေးနည်းမှ စတင်သင်ကြားပေးမည်ဖြစ်သဖြင့် ဂျပန်ဘာသာအား သုညမှစတင်လေ့လာမည့်သူများပါ တက်ရောက်နိုင်ပါသည်။

✨ဂျပန်ဘာသာ အခြေခံပိုင်နိုင်ကျွမ်းကျင်ရန်နှင့် NAT TEST စာမေးပွဲ​ဖြေဆိုအောင်မြင်ရန် ဦးတည်သင်ကြားပေးပါမည်။

✨ဆရာမပိုပိိုကိုယ်တိုင်ထုတ်နှုတ်ထားသော ကိုယ်ပိုင်သင်ရိုး
ညွှန်းတမ်းဖြင့် သင်ကြားပေးပါမည်။

✨အသေးစိတ်သိရှိလိုသူများ Messenger (or) 09401604539, 09427263009 ဆက်သွယ်စုံစမ်းမေးမြန်းစာရင်းပေးသွင်းနိုင်ပါသည်။

🔴🔴သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး ဆက်သွယ်စာရင်းပေးကြပါ။

29/06/2021

😰"Sensei、ဘာလုပ်ရမလဲမသိတော့ဘူး။လမ်းတွေပျောက်နေပါပြီ.... "
😭"စာတွေမေ့ကုန်ပြီ... "
😥"ဟိရဂနပဲ မှတ်မိတော့တယ်"

အရေးတော်ပုံကြီးအောင်ဖို့က နံပါတ် ၁ အရေးကြီးသလို အရေးတော်ပုံကြီးအောင်ပြီးရင်လဲ လဲနေရာက ပြန်ထနိုင်ဖို့ အချိန်နဲ့အမျှ ကြိုးစားနေသင့်တာမို့ ဂျပန်စာကို အခြေခံကစလို့ ပြန်သင်ပေးပါမယ်....

သင်ပေးမှာက Basic Japanese
✍️Hiragana
✍️Katakana
✍️စာလုံးတွဲစပ်ပုံ
✍️Number
✍️နာရီ၊ မိနစ်
✍️နေ့၊ ရက်၊ လ၊ နှစ်
✍️နှုတ်ဆက်စကားများ
✍️အခြေခံစကားပြောများ..............

၇ လပိုင်း ၁ ရက်နေ့ကစပြီး တစ်ရက်ခြားတစ်ခါ ည ၇း၀၀ တိုင်းကို ဗီဒီယိုလေးတွေ တင်ပေးပါမယ်။ အရှည်ကြီးမဟုတ် ဖြည်းဖြည်းမှန်မှန်နဲ့သွားမှာမို့ နေ့စဉ်မှန်မှန်လိုက်လုပ်မယ်ဆို လွယ်လွယ်ကူကူ မှတ်မိနိုင်ပါတယ်။
⭕စာအကြွေးမထားဖို့တော့ အရေးကြီးပါတယ်။

စာတကယ်လိုက်လုပ်ပြီး အိမ်စာမှန်မှန်ထပ်တဲ့သူကို N5 Class/ N4 Class ကို Join ပေးမှာမို့ အခြေခံကို သေချာလေးလိုက်လုပ်ကြပါ....

12/08/2020

July JLPT စာမေးပွဲအတွက် စာမေးပွဲကြေး (30000) ကျပ်အား

🌻16.8.2020 (Sunday)
🌻23.8.2020 (Sunday)
🌻6.9.2020 (Sunday)
ရက်များတွင် ပြန်လည်ထုတ်ပေးသွားပါမည်။

ထုတ်ပေးမည့်အချိန် - မနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း

အဝေးရောက်နေ၍ သင်တန်းသို့ လာရောက်မထုတ်ယူနိုင်သော သူများအား Wavemoney ဖြင့်လွှဲပေးသွားပါမည်။
(လွှဲခအားနှုတ်ယူထားပါမည်။)

WaveMoney ဖြင့်ထုတ်ယူလိုသူများသည်
09253398638 သို့

🌼Name
🌼Class & Roll No.
🌼Date of Birth
🌼ငွေလွှဲလက်ခံမည့် ဖုန်းနံပါတ်
တို့အား Message ပို့ပေးပါ။

22/05/2020

JLPT N5
Day 1
~~~~~~~
🌸Vocab
1 あう (会う) တွေ့ဆုံသည်။
2 あお (青) အပြာ
3 あおい (青い) ပြာသော
4 あか ( 赤) အနီ
5 あかい (あかい) နီသော
6 あかるい (明るい) လင်းသော
7 あき (秋) ဆောင်းဦးရာသီ
8 あく (開く) ပွင့်သည်
9 あける (開ける) ဖွင့်သည်
10 あげる (上げる) မြှင့်သည်

🌸かんじ

1⃣ 山

おんよみ 👉やま
くんよみ 👉サン

山 (やま) တောင်
ふじ山 (ふじさん) ဖူဂျီတောင်
登山 (とざん) တောင်တက်ခြင်း

2⃣川

おんよみ 👉かわ
くんよみ 👉セン

川 (かわ) မြစ်
山川さん (やまかわさん) ယမခဝစံ
ナイル川 (ナイルかわ) နိုင်းမြစ်

3⃣田

おんよみ 👉た
くんよみ 👉デン

田中さん (たなかさん) တနခစံ
水田 (すいでん) ရေသွင်းစပါးစိုက်ခင်း
油田 (ゆでん) ရေနံမြေ
田んぼ (たんぼ) လယ်ကွင်း

4⃣日

おんよみ 👉ひ/ び / か
くんよみ 👉ニチ / ニッ / じつ

日曜日 (にちようび) တနင်္ဂနွေ
毎日 (まいにち) နေ့တိုင်း
日本 (にほん) ဂျပန်
今日 (きょう) ဒီနေ့
三日 (みっか) ၃ ရက်နေ့

5⃣月

おんよみ 👉つき
くんよみ 👉ゲツ / ガツ

月 (つき) လမင်းကြီး
一月 (いちがつ) ဇန်နဝါရီ
月曜日 (げつようび) တနင်္လာ
今月 (こんげつ) ဒီလ
お正月 (おしょうがつ) နှစ်သစ်ကူး

🌸Grammar



📝(N ကို)

その かど (を) まがってください。
အဲ့ဒီထောင့်ကို ကွေ့ပါ

📝ယာဉ်ပေါ်ကဆင်းရင်

とうきょうえきで でんしゃ(を) おります。
တိုကျိုဘူတာမှာ ရထားပေါ်မှ ဆင်းပါမည်။
* များသောအားဖြင့် を ကို (ကို)ဟုဘာသာပြန်သော်လည်း ယာဉ်ပေါ်မှဆင်းသည့်အခါ (မှ) ဟုဘာသာပြန်သည်။

📝နေရာတခုခုကို ဖြတ်သွားရင်

毎日 こうえん(を) とおります。
နေ့တိုင်း ပန်းခြံကို ဖြတ်သွားပါသည်။

📝တနေရာရာမှ ထွက်ရင်

まいあさ、 しちじに いえを でます。
မနက်တိုင်း ၇ နာရီမှာ အိမ်မှ ထွက်ပါသည်။

* များသောအားဖြင့် を ကို (ကို)ဟုဘာသာပြန်သော်လည်း တနေရာရာမှထွက်သည့် အခါ (မှ) ဟုဘာသာပြန်သည်။

🌱 REIWA ICHI 🌳

Photos from REIWA ICHI Japanese Language School's post 29/04/2020

📢 Covid 19 ရောဂါကြောင့် July JLPT ကို မကျင်းပဖြစ်တော့ကြောင်း MAJA မှတရားဝင်ကြေညာလိုက်ပါပြီ....

ထို့အတွက်ကြောင့် ဖေဖော်ဝါရီလက စာမေးပွဲဖြေရန် ဖောင်တင်ထားသောသူများအား

⛔စာမေးပွဲကြေးပြန်လည်ထုတ်ယူလိုသူများအတွက်

👉MAJA မှ Form ကြေး(၂၀၀၀) ကို ပြန်လည်မထုတ်ပေးဘဲ စာမေးပွဲကြေး (30000) ကိုသာပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း

👉စာမေးပွဲကြေးများကို July လတွင် ပြန်လည်ထုတ် ပေးမည် ဖြစ်ကြောင်း ကြေညာထားပါသည်..

⛔ စာမေးပွဲကြေး ပြန်လည်မထုတ်ယူလိုသူများအတွက်

👉 စာမေးပွဲကြေး ပြန်လည်မထုတ်ယူလျှင်လည်း December JLPT အတွက်သာ အကျုံးဝင်ပြီး Form ကိုတော့ အသစ်ကနေထပ်မံ ဝယ်ယူတင်ရမည်ဖြစ်သည်။ စာမေးပွဲကြေးပေးရန်တော့မလိုတော့ပါ။

👉မိမိဖြေမည့် level နှင့် Test site ကိုလည်း ပြောင်းလဲခွင့်မရှိပါ
ဥပမာ - N5 တင်ထားရင် N5 ပဲပြန်ဖြေရမှာပါ။ N4 ပြောင်း လျှောက်ထားလို့မပါဘူး... 😢

အဲ့ဒါကြောင့်မို့ REIWA ICHI ကျောင်းမှ စာမေးပွဲကြေးများကို ပြန်လည်ထုတ်ယူပြီး December JLPT အတွက် အစမှပြန်လည်လျှောက်ထားပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Cancellation of the test in 2020 (July) in some overseas host cities | JLPT Japanese-Language Proficiency Test 29/04/2020

2020 July တွင် ကျင်းပမည့် Japanese-Language Proficiency Test (JLPT) ရပ်ဆိုင်းခြင်းအား
အသိပေးကြေညာခြင်း
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Novel coronavirus ရောဂါ (COVID-19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၇ ရက် နေ့စွဲပါ ထုတ်ပြန်ချက်တွင် တတ်နိုင်သလောက် အိမ်တွင်းတွင်သာ နေထိုင်ပါရန်၊ လူစုလူဝေး ရှိရာနေရာသို့ မသွားပါရန်၊ တခြားသူများနှင့် အနည်းဆုံး ၆ပေ အကွာမှသာ ပြောဆိုဆက်ဆံပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကိုအပြင်သို့ ထွက်သည့်အခါတိုင်း နှင့် တခြားသူများနှင့် ၆ ပေ အတွင်းတွင် ပြောဆိုဆက်ဆံ ရသည့်အခါတိုင်း စနစ်တကျအသုံးပြုပါရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အခြေအနေများမှ လွဲ၍ လူ ၅ ဦး အထက် စုဝေးခြင်းကို လုံးဝ ရှောင်ကြဉ်ပါရန် စသည်တို့ ညွှန်ကြားပါရှိပါသည်။
၂။ သို့ဖြစ်ပါ၍ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်) နှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း ( MAJA ) တို့ အနေဖြင့် အဆိုပါ ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာသောအားဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၅ရက်နေ့တွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပဲခူး မြို့တို့၌ ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို မကျင်းပရန် ဆုံးဖြတ်ပါသည်။
၃။ အလားတူ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင် တို့မှလည်း မကျင်းပဖြစ်ကြောင်း သိရှိရပါသည်။ (https://www.jlpt.jp/e/topics/202004141586826111.html)
၄။ စာမေးပွဲရပ်ဆိုင်းမှုနှင့် ပတ်သက်၍ ဖြေဆိုလိုသူတို့၏ အဆင်မပြေမှုများအတွက် အနူးအညွတ်ထားတောင်းပန်အပ်ပါသည်။
၅။ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ရပ်ဆိုင်းခြင်း နှင့်ပတ်သက်၍ လျှောက်လွှာတင်ထားသူများ အတွက် (ဂျပန်ဖောင်ဒေးရှင်း မှ သက်ဆိုင်ရာ နိုင်ငံများရှိ JLPT စာမေးပွဲ ကျင်းပရေး အဖွဲ့အစည်းများအတွက် ထုတ်ဝေထားသော (Instruction for Host Institution) ) အရ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်ထားသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) များကို ပြန်လည်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် +++ စာမေးပွဲကြေး ပြန်လည်ထုတ်ယူနိုင်မည့် နေ့ရက်ကို နိုင်ငံတော် အစိုးရ၏ ကြေငြာချက်များအပေါ် မူတည်၍ ထပ်မံ အသိပေးကြေငြာပေးမည်ဖြစ်ပါသည်။ +++

(၁) စာမေးပွဲကြေး ပြန်လည်မထုတ်ယူလိုသူများ
(က) ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် စာမေးပွဲတွင်သာ ၀င်ရောက်ဖြေဆိုခွင့်ရှိပါမည်။
(ခ) ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက် လျှောက်ထားခဲ့သည့် LEVEL နှင့် Test Site အတိုင်းသာ ပြန်လည်ဖြေဆိုခွင့်ရှိပါမည်။
(ဂ) ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ဖြေဆိုရန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွက် သက်မှတ်ထားသော လျှောက်လွှာကို ၀ယ်ယူ ဖြည့်သွင်းပြီး လျှောက်ထားရပါမည်။

မှတ်ချက် ++ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွက် လျှောက်လွှာလက်ခံမည့် အချိန်ဇယား အသေးစိတ်ကို
ထပ်မံအသိပေး ကြေငြာပါမည်။

(၂) စာမေးပွဲကြေး ပြန်လည်ထုတ်ယူလိုသူများ
စာမေးပွဲကြေး (လျှောက်လွှာကြေးမပါ) များကို စာမေးပွဲ ကျင်းပရန် စီစဉ်ထားသည့်ရက် (ဇူလိုင်လ ၅ ရက်) မှ တစ်လအတွင်း ထုတ်ပေးမည်ဟု ဂျပန်ဖောင်ဒေးရှင်း မှ သတ်မှတ်ထားသောကြောင့် အောက်ပါအစီအစဉ်အတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

(က) ကျောင်းအနေဖြင့် အုပ်စုလိုက် လျှောက်ထားသူများ
ကျောင်းအနေဖြင့် အုပ်စုလိုက် လျှောက်ထားသူများအား ငွေသားပြန်လည်ထုတ်ပေးခြင်း (သို့မဟုတ်) ဘဏ်မှ လွှဲပေးခြင်းများ ဆောင်ရွက်ပေးပါမည်။

(ခ) တစ်ဦးချင်း လျှောက်ထားသူများ
တစ်ဦးချင်းလျှောက်ထားသူများ အနေဖြင့် ငွေသားထုတ်ယူနိုင်ပါမည်။

*** စာမေးပွဲကြေး ပြန်လည်ထုတ်ယူရာတွင် TEST VOUCHER (သို့မဟုတ်) ငွေသွင်းလက်ခံ (Receipt) တင်ပြရပါမည်။ ***
မှတ်ချက် ++ COVID-19 ကြောင့် နိုင်ငံတော်အဆင့် လမ်းညွှန်မှုများနှင့် အညီ စာမေးပွဲကြေး ထုတ်ယူနိုင်မည့် ရက်ကို ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပါသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာတင်စဉ်အတွင်း အဆင်မပြေမှုများ ရှိခဲ့သည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။
စာဖြေသူအရေအတွက်များပြားလာနိုင်မှု့ကို ခန့်မှန်းပြီး အားလုံးအဆင်ပြေအောင် ပြင်ဆင်ထားခဲ့ပါသည်။ ပဲခူး ကိုလည်း စာဖြေဌာန အသစ် တိုးချဲ့ပြီး အသုံးပြုထားပါသည်။ လျှောက်လွှာတင်ချိန်တွင် မှန်းထားသည်ထက် အလွန်များပြားသည်ကို တွေ့ရပါသည်။ အချိန်ယူကာ တန်းစီ စောင့်ဆိုင်းရသည်ကိုလည်း တွေ့ရပါသည်။
နှစ်စဉ် Download Form များဖြည့်သည့်အခါတွင် အမှားများ တွေ့ရသည့်အတွက် လျှောက်လွှာများ ကုန်သည့်အချိန်မှ Download Form Link ကို ချပေးခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ ပြုလုပ်လိုက်သည့်အတွက် စာဖြေသူများကို ပိုပြီး အနှောက်အယှက်ဖြစ်စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံခြင်းကို ဖြေဆိုလိုသူများအားလုံး ဖြေဆိုနိုင်ရန် နှင့် အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ရန် ကြိုးစားစီစဉ်ပေးသွားပါမည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ထိန်းချုပ်နိုင်ပြီး အမြန်ဆုံးပျောင်ကင်းစေရန်နှင့် စာဖြေသူများအားလုံး ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးပြီး စိတ်ချမ်းသာ လူကျန်းမာစွာဖြင့် ဒီဇင်ဘာလ စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
“ Mask လည်းတပ်ကြပါ၊ လက်လည်း မကြာခဏ ဆေးကြပါ၊ အိမ်မှာနြေ့ပီး ဂျပန်စာလေ့လာရင် COVID-19 ကို ကာကွယ်ကြပါစို့” နော် ။။။။

JLPT စာမေးပွဲကျင်းပရေး ကော်မတီ (မြန်မာ)

Notification of cancellation of JLPT Exam to be held in July 2020

1. The WHO declared Novel Coronavirus (COVID-19) as Global Pandemic on March 11th, 2020. In Myanmar also, the Ministry of Health and Sports issued a statement on 17th April that it had also spread in Myanmar. So strict orders were issued for people to stay home as much as possible, to avoid crowded places, to keep social distance, to use face mask at all times whenever you leave the house and to keep a distance of at least 6 feet when communicating with others and to refrain from gathering of more than 5 persons at any one time.

2. Therefore, based on the above strict orders, the Japan Foundation (Yangon) and Myanmar Association of Japan Alumni (MAJA) decided on 5th July 2020, not to hold the forthcoming July JLPT exam scheduled to be held in Yangon, Mandalay and Bago in July 2020.

3. We have been informed similarly that some South East Asian countries such as Singapore, Thailand, Indonesia, The Philippines also have cancelled their JLPT exam.
(https://www.jlpt.jp/e/topics/202004141586826111.html).

4. We would like to apologize for any inconvenience caused by this.

5. Concerning the cancellation of exam. The Japan Foundation Office of countries concerned, will carry out for applicants in accordance with the Instruction for Host Institution in JLPT as follows:

Applicants for July 2020 exam, can get back their exam fee (EXCLUDING APPLICATION FEE)

NOTE**** Date will be announced again based on Government announcement ****

1. For those applicants who do not wish to withdraw the exam fee,

a) This fee will be carried over to the next December 2020 JLPT exam.
b) Applicants may ONLY apply in accordance with LEVEL and TEST SITE applied in July 2020.
c) Must complete and submit NEW application for the month of December 2020 to sit for exam in December.
NOTE*** Date for December exam will be announced at a later date.

2. For those applicants who wish to withdraw their exam fee (full amount will be reimburse), (EXCLUDING application form fee ) The Japan Foundation has planned to do it from 5th July (date of JLPT exam) within about 1 month as follow :

a) For applicants as school group :
Cash refunds or bank transfers will be done.
b) Individual applicants :
Cash withdrawal can be done.

***** When retrieving exam fee; TEST VOUCHER or RECEIPT must be submitted.****

NOTE:
The dates for retrieving exam fee will be announced in line with the COVID-19 National guidelines.

Our humble apologies for all the inconveniences caused during the submission of application and most unfortunately, this 2020 July exam has been cancelled due to the current global pandemic.
We had expected certain increase of the applicants for all levels and made as much preparation as possible to make it smooth. Adding Bago as a new test site was one of the actions we took for the cause. However, when we started the application procedure, we found out more people than we had expected standed in long line and had to wait so long hours outside. Annually there are a lot of mistakes in filling up the downloaded form. That is why this year we distributed the downloadable forms only after the paper form had all finished. We regret to say that, this method seemed to have caused more confusion among the users.
We will try our utmost to make application for the forthcoming December 2020 exam as convenient and smoothly as possible.
I sincerely hope and wish the global pandemic will soon be under control and all of you to be safe and be able to take the forth coming December JLPT successfully.
Lastly, please use mask, wash your hands often, study your Japanese well during your stay home period and let's fight COVID-19 together.
JLPT Exam Committee (Myanmar)

Cancellation of the test in 2020 (July) in some overseas host cities | JLPT Japanese-Language Proficiency Test The Official Worldwide Japanese-Language Proficiency Test Website is operated by the Japan Foundation and Japan Educational Exchanges and Services.

Photos from REIWA ICHI Japanese Language School's post 22/03/2020

N3学生達の
折り紙タイム
🛍可愛い紙袋🛍

20/03/2020

📢📢လက်ရှိဝူဟန်ဗိုင်းရပ်စ်ရောဂါအ‌ခြေနေကြောင့် သင်တန်းကျောင်းများ ပိတ်ထားရန် အစိုးရ၏လမ်းညွှန်ချက်များအရ REIWA ICHI Japanese Language School သည်လည်း ခေတ္တယာယီပိတ်ထားမည် ဖြစ်ပါသည်။

💃🕺ရေး......
အေးဆေးလွတ်လပ်ပြီ
လို့တော့ မထင်လိုက်ကြပါနဲ့ 😏

👩‍🏫👨‍🏫သင်ခန်းစာများနောက်မကျစေရေးအတွက် Fb group ဖွဲ့၍ online ပေါ်မှသင်ကြားပေးသွားမည်ဖြစ်ပါသည်။

👨‍💻👩‍💻ကိုယ်ပိုင်သင်ရိုးများဖြင့် တစ်ပတ်လျှင်တစ်ရက်သာ သင်ခန်းစာစာရွက်များရောင်းချ၍ သင်ကြားပေးနေတဲ့ သင်တန်းဖြစ်တာကြောင့် online ဖြင့်သင်ကြားရာတွင်အဆင်ပြေဖို့ သင်ခန်းစာစာရွက်များ ကြိုတင်ရောင်းချပေးမယ်နော်...

ဒါကြောင့်မို့လို့ စနေနေ့တွင်သင်တဲ့ Class A အတန်းရော တနင်္ဂနွေနေ့မှာသင်တဲ့ Class B အတန်းရော
🌸🌸၂၂. ၃. ၂၀၂၀ (တနင်္ဂနွေ) မနက် 9:00 မှ 11:30 အတွင်း သင်ခန်းစာစာရွက်များ လာရောက်ဝယ်ယူကြရပါမယ်။
🌸🌸 (၃) ပတ်စာ ၆စုံ ဝယ်ရမှာကြောင့် တစ်ဦးလျှင် ၆၀၀၀ ကျပ်ကျသင့်ပါမယ်။

🍡🍡မုန့်လုပ်စားမယ့်အစီအစဥ်နဲ့ ဆေးသုတ်သန့်ရှင်းရေးလုပ်မယ့်အစီအစဉ်ကိုတော့ အခြေအနေတွေငြိမ်သွားပြီးမှ ပြန်စကြတာပေါ့....

13/03/2020

ပြီးခဲ့တဲ့အပတ်က Class(B) ကိုရုတ်တရက်အချိန်ရွှေ့လိုက်ရလို့ မတက်လိုက်ရတဲ့ သင်တန်းသူ/သားများအတွက် ဒီတပတ်တနင်္ဂနွေ မနက် ၉း၀၀နာရီမှာ အချိန်ပိုရှိပါတယ်။

Videos (show all)

ဒီနေ့လုပ်ခဲ့တဲ့ REIWA ICHI သင်္ကြန်လေး 💦💦💦💦

Website