Ma Aye Aye

Ma Aye Aye

Health/beauty

22/06/2024

"မဟုတ်ရင်မခံ
ပြန်ပြောတတ်တဲ့ အကျင့်ကို ဒေါသကြီးတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့ အဲ့လို လူမျိုးတွေမှာ
ကောက်ကျစ်တဲ့ စိတ်ထားမရှိတာ တစ်ချို့လူတွေ
မသိကြဘူး။

စိတ်ထဲ မှန်တယ်ထင်ရင်
အပြောဆိုးတတ်တဲ့ အကျင့်ကိုစိတ်ထားပါဆိုးမယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေမှာယုတ်မာတဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။
သည်းမခံနိုင်တဲ့အဆုံး ပေါက်ကွဲစိတ်နဲ့
ချက်ကျလက်ကျပြောတတ်တဲ့အကျင့်ကို ရိုင်းစိုင်းတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လို လူမျိုးတွေ စိတ်ထဲအငြိုးအတေး မထားတတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်း နေတတ်တဲ့ အကျင့်ကို သိက္ခာမရှိဘူးလို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေစိတ်ထဲမကောင်းမှု မှန်သမျှ
ရှောင်ကျဉ်တတ်တာတစ်ချို့လူတွေ မသိကြဘူး။

တစ်ဦး တစ်ယောက်တည်း
နေတတ် သွားတတ်တဲ့အကျင့်ကိုမာနထားတယ်လို့
တစ်ချို့လူတွေက ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေ စိတ်ထဲလူညစ်တွေ ပေးတဲ့ သင်ခန်းစာတွေကြောင့် လူတွေကို
ရှောင်ကျဉ်တတ်တာတစ်ချို့လူတွေ မသိကြဘူး။

ဒါ့ကြောင့်
တစ်ချို့လူတွေကိုအပေါ်ယံကြည့်ပြီး မဝေဖန်ကြဖို့၊
တစ်ချို့လူတွေအကြောင်း ခရေစေ့တွင်းကျ
မသိဘဲ
အထင်မကြီးအထင်မသေးတတ်ဖို့၊
တစ်ချို့လူတွေ မသိကြပြန်ဘူးလေ

31/05/2024

ကိုယ့်ဘက်က တကူးတကဆိုပေမဲ့
သူ့ဘက်က အလွယ်လေးရခဲ့တဲ့အရာဆိုရင်လည်း
တန်ဖိုးထားမခံရတာတွေဖြစ်တတ်ပါတယ်

ဒါကြောင့် ဦးနှောက်နဲ့စဥ်းစားပြီး
နှလုံးသားနဲ့ချစ်တဲ့သူကို ရွေးချယ်ခဲ့ပါတယ်....

22/05/2024

သူစိမ်းလိုဆက်ဆံရင်
သူစိမ်းလိုနေပေးလိုက်ပါ ဘာမှမခက်ပါဘူး

ပြုံးပြပြီးချောက်ချမယ့်သူထက်
အမုန်းခံပြီး လမ်းပြတဲ့သူကို ပိုပြီးRespectထားပါတယ်...

02/05/2024

အိမ်ထောင်ကျပြီးတဲ့ မိန်ကလေးတစ်ယောက်
ဒါမှမဟုတ် ကလေးမေတစ်ယောက်က လှအောင်နေရင်
နောက်တစ်ယောက်လိုချင်နေလို့
နောက်မီးလင်းချင်နေလို့ ဘာညာ သို့လော သို့လော
စသောယဥ်ကျေးမှုတွေက ဘယ်မျိုးဆက်တွေက
စခဲ့ကြတာလဲ သိတဲ့သူများ ရှင်းခဲ့ကြပါဥိီး please

ဖောက်ပြန်ခြင်း တည်ငြိမ်ခြင်းက
အလှအပ Sexyကျခြင်းမကျခြင်းနဲ့ လုံးဝမသက်ဆိုင်ပါ သူ့ရဲ့ပင်ကိုယ်ဗီဇ အကျင့်စရိုက်နဲ့သာ
သက်ဆိုင်တယ်လို့ အေးစိန်ကတော့သုံးသပ်ပါတယ်

ရင်ဖုံးဝတ်မှ မိန်းမကောင်းဆိုရင်
ရင်ဖုံးနဲ့ HDတွေက ဘာလို့ထွက်လာရတာလဲဆိုတာလေးပဲ
သိချင်ရုံလေးသက်သက်ပါ....

26/04/2024

အသက်လေး ၂၅ လောက်နဲ့
ငါ့ကို နင်နဲ့ငါနဲ့​လာပြောနေကြတာက
ဘာလဲ
ငါနုတာကို အခွင့်ကောင်းယူတာလား..😁😁😁

16/04/2024

ဒီနှစ်သင်္ကြန်လည်း
အနားကမခွာပဲ အတူတူရှိနေပေးလို့
အရမ်းလည်းချစ်သလို အရမ်းလည်း
ကျေးဇူးတင်ပါတယ်

ဖုန်းလေးရေ

11/04/2024

ပြောရင်သိတော့

26/01/2024

တစ်ခုခုဆို Sensitive ဖြစ်တတ်တဲ့ စိတ်ကို
ထိန်းချုပ်နိုင်သွားရင် ဘယ်အရာမျိုးကမှ
သိပ်မနာကျင်ရတော့ဘူး ။

ကိုယ့်သူငယ်ချင်းထဲ သူတို့ပါပြီး .. သူတို့ သူငယ်ချင်းထဲ ကိုယ်မပါလည်း ဘာမှမဖြစ်ဘူး ။
ကိုယ့်ကြောင့်မှ ခင်ကြ သိကြသူတွေက .. ကိုယ့်ထက်ပိုခင်သွားကြလည်း ဘာမှမဖြစ်ဘူး ။
ရင်ဘတ်ချင်းနီးတဲ့ သူတို့ကို ဆုံပေးခွင့်ရလို့ ဝမ်းသာလိုက်ပါ ။

အရမ်းချစ်တယ်ပြောပြီး ပြောင်းလဲသွားကြလည်း
ဘာမှမဖြစ်ဘူး … လူတွေဟာ အမြဲပြောင်းလဲနေကြမှာပဲ … ဒါကို လက်ခံတယ် ။ ကိုယ့်ကြောင့်ပဲ ချစ်ခဲ့သလို .. ကိုယ်ဖြစ်နေလို့ပဲ ဆက်မချစ်တော့တာ .. ဘာမှ စောကဒတတ်စရာမရှိဘူး ။ ပြောင်းလဲချင်တာဟာ သူတို့စိတ်နဲ့ သူတို့ကိုယ်ပဲ ။ကိုယ်တိုင်တောင်မှ မသိမသာပြောင်းလဲခဲ့တာ အများသားပဲ မဟုတ်လား ။ ပြောင်းလဲခြင်းတွေအပေါ် အလိုက်သင့်နေလိုက်ရုံပဲ။

ကိုယ်ခေါ်ရင် ပျော်တဲ့သူတွေကို နွေးထွေးစေပြီး …
ကိုယ်မပါလည်း အဆင်ပြေမဲ့ လူတွေအနားက ထွက်ခွါမယ် ။

အစွဲလန်း နှင့် အတ္တကို လျော့ပြီး နေထိုင်တဲ့အခါ
ကိုယ့်ဒေသလေးက အေးချမ်းရာလေး ဖြစ်လာတယ် ။
ထိတိုင်းနာတဲ့စိတ်ကို ဖျောက်လိုက်ရင် ဘဝက ဒဏ်ရာတွေ တဖြည်းဖြည်း ကင်းလာတယ် ။

တစ်ခုခုဆို Sensitive ဖြစ်မနေဖို့ .. တစ်ချို့နေ့တွေမှာ နှလုံးသားတွေ သန်မာနိုင်ဖို့ အမြဲ သတိကပ်ရမယ် ။

- TharHtwe -
re-sharing to Aye Sein

19/09/2023

မိန်းမဆိုတာ
မိဘလက်အောက်မှာနေရင် မင်းသမီး
တစ်ယောက်တည်းနေရင် ဘုရင်မ
အိမ်ထောင်ကျ ကလေးမွေးရင်တော့
မွေးမိခင်ပေါ့..😅

14/08/2023

လုပ်ကြပါဦး ဒီမှာTV ကြီး မူးတယ်မူးတယ်ပြောပြီး
လဲကျသွားလို့...

12/08/2023

မွေးနေ့ကျရင် ဘာကျွေးမလဲလာမမေးနဲ့နော်😂

24/07/2023

အရောင်းကျရင် ပြုံးပြလို့ရတာပဲ
ပိုက်ဆံကုန်တဲ့ service မှမဟုတ်တာ☺️

Photos from  Ma Aye Aye's post 16/07/2023

fri. ဖြစ်ပါ့မလား ?

me. ငါ့လက်စကို ယုံစမ်းပါအေ👇

14/07/2023

အခုလိုလာအားပေးကြတဲ့
ချစ်မမတွေ ဒီထက်မကပိုလှပြီး အဆင်လေးတွေ
အမြန်တွေ့ကြပါစေရှင့်😊

sexy ဗိုက်ကလေးတွေလည်း
သားသား မီးမီးအချောလေးတွေ မွေးကြပါစေရှင့်😘

19/12/2022

kota တိုနာ လေးတွေ ထပ်ရောက်😘😘

#အေးစိန်

10/12/2022

ယုံကြည်မှုရှိရှိနဲ့တစ်နေကုန်လှနေဖို့က KOTAလေးနဲ့မှ

#အေးစိန်

Photos from  Ma Aye Aye's post 06/12/2022

KOTA Make Up Set လေးရှိနေရင် နေ့ရက်တိုင်းအတွက် ဘုရင်မပါပဲ ရိုးရှင်းပြီး တောက်ပြောင်တယ် ရေစိုလဲခံ ချွေးစိုလဲခံတဲ့ Make Up Set တနေကုန် Glow စေပြီး အလှမပျက်တဲ့ KOTA Make Up Set လေးကို သုံးပြီး

အလှတွေတိုးပွားပါပြီနော်

Photos from  Ma Aye Aye's post 05/12/2022

kota မိသားစုဝင်တွေရဲ့Relationshipကတော့
မြင်တဲ့အတိုင်းပါပဲ ချစ်အသဲတို့ရေ😘😘😘
Boss & Leaderကြီးများနှင့်အတူ
အေးစိန်ရဲ့အမှတ်တရပုံရိပ်တစ်ချို့

05/12/2022

kota ခရစ္စမတ် ကြိုဆိုပွဲလေးနဲ့အတူ အေးစိန်

04/12/2022

အားလုံးကို သတိရတယ်နော်ချစ်အသဲတို့🎅🎅🎅
ဒါနဲ့ အေးစိန်လှလား😁😁😁

04/12/2022

အိုမား မားမား က 1970 born ဖြစ်ပါတယ်
အခု ဆို အသက် 52 ဖြစ်ပါတယ်

အေးစိန်အမေနဲ့ အသက်တူတူပါပဲ

ဒါပေမဲ့ ရုပ်ရည်သွင်ပြင်
Skin , Body အကုန် ကွာခြားပါတယ်

သူက မင်းသမီးလေ လို့
ပြောကြမှာသိပါတယ်

မင်းသမီး လဲ လူပါပဲ
သေချာထိန်းသိမ်း
စောင့်ရှောက်တဲ့အကျိုးက
အသက် ကြီးလာလေ
ကွာခြားလာလေပါပဲ

အေးစိန်တို့တွေ အရင်တုန်းက
Skincare ဖို့ မသိခင်တုန်းကလဲ
မသိလို့ ဆိုပြီး ဆင်ခြေနဲ့ နေခဲ့တယ်

Skincare ရမှာ သိလာတော့လဲ
အသက်ကြီးနေပြီပဲ
ကလေးရနေပြီ ပဲ
လင်ရနေပြီပဲ
ဆင်ခြေများစွာနဲ့
skincare မလုပ်ကြပါဘူး

ဈေးသက်သာပြီး quality ကောင်းတာတွေ
ထုတ်ပေးတော့လဲ မဝယ်ကြပါဘူး
Skincare ကို လုပ်ဖို့တော်တော်
တိုက်တွန်းရတာပါ

ဒါပေမဲ့ တစ်ယောက်ယောက်ကို
လှလှပပလေးတွေ့တဲ့ အခါ
ဟယ် လှလိုက်တာ အသက် ၅၀လား
မထင်ရဘူးနော် ဘာတွေလိမ်းတာလဲ
ပြောပါဦး ဒါပဲ အားမနာတမ်း
မေးတတ်လေ့ရှိပါတယ်

မေးပြီး လိုက်လုပ်တာလဲ မဟုတ်ပါဘူး

အခုလို အသက် ၅၂နှစ်မှာ
အဲ့လို လှဖို့ဆိုရင်တော့

မနက်ည Basic skincare ကို
မမေ့အောင် လုပ်ရပါမယ်

ကို့ အသားရေ ကို သိရပါမယ်

ကို့အသားရေ နဲ့ ကိုက်ညီ တဲ့
Skincare ကို သုံးရပါမယ်

အသက်အရွယ် အလိုက်
Supplement တွေသောက်ရပါမယ်

Yoga ကျင့်တာနဲ့ တရားထိုင်တာတွေ
လုပ်ပေးရပါတယ်

စိတ်ကို အကြည်လင်ဆုံး ထားရပါမယ်

ပိုက်ဆံတတ်နိုင်ရင် ရူပါအလှအပ
ဆေးခန်းတွေရဲ့ အထောက်အကူကိုပါ
ယူပေးရပါမယ်

အဲ့တာဆိုရင် အေးစိန်တို့တွေသည်လဲ
အသက် ၅၂ နှစ်မှာ သူ့လို လှနေမှာပါ

ဘာမှ မလုပ်ရင် ဘာမှမရပါဘူး

ကိုယ်ပေးရင် ပေးသလောက်
ပြန်ရတာ ကြိုးစားမှုနဲ့ skincare တာပဲ
ရှိတာပါနော်

တခုခုဆိုရင် သူက မင်းသမီးလေ
လှမှာပေါ့လို့ ပြောမဲ့ အစား

ကို့ဖာသာ ပုံမှန် skincare လေးလုပ်
Supplement လေးတွေသောက်ရင်း
ပုံမှန် အသက်ထက် ၁၀နှစ်လောက်
အေးဆေး ငယ်ရွယ် နုပျိုလို့ရပါကြောင်း

မျှဝေ လိုက်ရပါတယ်ရှင်

အားလုံး ကျန်းမာ ပျော်ရွှင် ချမ်းမြေ့ပါစေ

30/11/2022

😆😆😆

29/11/2022

တကယ်ကိုမေးကြည့်ချင်တာပါ😆😆😆

Photos from  Ma Aye Aye's post 29/11/2022

တစ်ချိန်တုန်းက အေးစိန်ဆိုတာ😂😂😂

28/11/2022

သူတို့လို RSလေးတွေကိုအားကျလို့
ကိုယ်တွေလည်း သုညဘဝကနေအတူတူကြိုးစားလာခဲ့တာ
အခုဆို အကြွေးတွေတောင်
မနည်းတင်နေပြီ😆😆😆

#အေးစိန်

27/11/2022

အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်
လူတိုင်းမှာမရှိတာက ကိုယ်ချင်းစာတရားပါ

#အေးစိန်

26/11/2022

အကောင်းဆုံး အနေအထားတစ်ခုအတွက်
အဆိုးဆုံးအခြေအနေတွေကျော်ဖြတ်ရလိမ့်မယ်ဆိုတာ
ကြိုတွေးထားတယ်
စျေးကြီးသည့် အိပ်မက်တွေက လွယ်လွယ်နဲ့တော့
အကောင်အထည်ဖော်နိုင်မည်မဟုတ်တာလည်းသိတယ်
ဒါပေမယ့်
ခြေလှမ်းတ်ိုင်းက တန်ဖိုးရှိပါတယ်
အဓိက ရပ်မနေဖို့ပါပဲ။

#အေးစိန်

25/11/2022

စျေးရောင်းရမှာမရှက်ပါနဲ့

ကုန်စုံဆိုင်ဖွင့်ရင်
မီးဖိုချောင်စားရိတ်သက်သာမယ်..

အထည်ရောင်းရင်
ကိုယ်ဝယ်ဝတ်မဲ့အထည်ဖိုး သက်သာမယ်...

အလှကုန်ပစ္စည်းရောင်းရင်
ကိုယ်ဝယ်သုံးတဲ့
အလှကုန်ပစ္စည်းဖိုးသက်သာမယ်...

အရာရာတိုင်းမှာ
တန်ပြန်အကျိုးသက်ရောက်မှု့ဆိုတာရှိတယ်...

ကိုယ် တခုခုကိုအလေးအနက်ထားပီး
ပေးဆပ်လိုက်ရရင်
ပြန်ရရှိတဲ့အကျိုးမြတ်တွေကများတယ်

အရာရာတိုင်းမှာ အခက်ခဲဆိုတာလည်းရှိစမြဲပဲ...

ကိုယ်ငွေလိုချင်တယ်
သူများလိုသုံးစွဲချင်တယ်
ပစ္စည်းတွေကိုဝယ်စရာမလိုပဲ
သုံးချင်တယ်ဆိုရင်တော့

စျေးရောင်းဖို့မရှက်ပါနဲ့
(ကိုယ်ဒုက္ခရောက်ရင် ဘယ်သူမှ လာမကူညီဘူး)

အလုပ်တစ်ခုထဲပေါ်မှာလည်းမရပ်တည်ပါနဲ့
ဒုတိယဝင်ငွေဆိုတာ ဖန်တီးပါ
လုပ်ဆောင်ပါ
အချိန်ကိုအကျိုးရှိစွာအသုံးချပါ...

origenal uploader

25/11/2022

ခက်ခဲတာလည်းသိတယ်
ကြမ်းတန်းမယ်ဆိုတာလည်းနားလည်တယ်
ဒါပေမဲ့ လျှောက်ရမည့်ဘ၀ခရီးက
နောက်ပြန်လှည့်ဖို့အခွင့်အရေးဆိုတာမပေးထားဘူး
မိမိရဲ့ကြိုးစားအားထုတ်မှုတိုင်းသည်
မိမိကိုယ်တိုင် အနာဂါတ်မှာ
ခံစားရမည့် အကျိုးတရားပါပဲ။

ပင်ပန်းရင် နားမယ်
လဲကျရင် ပြန်ထမယ်
အရှုံးတွေအထဲက သင်္ခန်းစာယူမယ်
ပြီးရင် အားမာန်အသစ်နှင့် ဆက်လျှောက်မယ်
ကြိုးစားနေသူတွေအတွက် ဘ၀က
အခွင့်အရေးဆိုတာ
အကြိမ်ကြိမ်ပေးထားပြီးသားပါ။

#အေးစိန်

25/11/2022

အေးစိန်လေးရဲ့kota😘😘😘

Videos (show all)

kota ခရစ္စမတ် ကြိုဆိုပွဲလေးနဲ့အတူ အေးစိန်
အေးစိန်ရဲ့ FANတွေ တွေ့မလားလို့လိုက်ရှာနေတာမတွေ့ရတော့လဲ မုန့်ဝယ်ပြီးပြန်ရတာပေါ့🤣🤣🤣

Website