Hlegu News

Hlegu News

တိကျမှန်ကန်သောသတင်း ဘက်လိုက်မှုကင်းသော သတင်းရရှိနိုင်ရန်

Photos from Hlegu News's post 20/11/2023
18/11/2023

#(၇၅)ကြိမ်မြောက်စိန်ရတုနှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်

26-11-2023 မှ 30-11-2023 နေ့အထိ ၅ ရက်ကျင်းပမည်ဖြစ်ပါသည်။

၂၆-၁၁-၂၀၂၃ နေ့တွင်ရပ်ကွက်အလိုက်၊လမ်းအလိုက် ဘုရားများပင့်ဆောင်မည်ဖြစ်ပါသည်။
-------------------
၂၇-၁၁-၂၀၂၃ နေ့(တန်ဆောင်မုန်းလပြည့်နေ့တွင်) ရပ်ကွက်အလိုက်၊လမ်းအလိုက် ဆွမ်းတော်ကြီးမဲပို့ဆောင်ခြင်း၊လမ်းအလိုက် ကြွေးမွေးလှူဒါန်းခြင်း များကို ပြုလုပ်ကြမည်ဖြစ်ပါသည်။
ငါးထပ်ကြီးဘုရားဝန်းတွင် မင်းသားအောင်ဇင်ဟိန်းရဲ့ နေလဝန်းအနုပညာအင်အားစု ဖြင့်( ည ၁၂ နာရီအထိ) ဧည့်ခံဖျော်ဖြေပါမည်။

-------------------
၂၈-၁၁-၂၀၂၃ နေ့ (တန်ဆောင်မုန်းလပြည့်ကျော်-၁ ရက်နေ့တွင် မြတ်စွာဘုရားနှင့် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊အန္တရာယ်ကင်း ပရိတ်တရားများနာခြင်း များပြုလုပ်ကြမည်ဖြစ်ပါသည်။
ညနေ ၃:၃၀ တွင် နှစ်ကျိပ်ရှစ်ဆူမြတ်စွာ ဘုရားများ မြို့တွင်းသို့ ကြွချီမည်ဖြစ်ပါသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများ
ကားတစ်စီးပေါ်တွင် အားလုံးစုပေါင်းပြီး
လှည့်လည်အပူဇော်ခံမည် ဖြစ်သောကြောင့် ရပ်ကွက်၊လမ်းအလိုက် ဘုရားတစ်ဆူလျှင် တာဝန်ရှိသူ (၅)ဦး လိုက်ပါနိုင်ပါသည်။
လှည်းကူးမြို့ပေါ် ငါးထပ်ကြီးဘုရား‌ရှေ့ မှ အရှေ့ဘက်ကမ်း Max ဆီဆိုင်ရှေ့မှ ပြန်လှည့်ကာ ရန်ကင်းရပ်ကွက်အထိ လှည့်လည် အပူဇော်ခံပါမည်။)

29-11-2023 ဖောင်ကြီး သို့လှည့်လည်အပူဇော်ခံပါမည်။

30-11-2023 ဇရပ်ကွင်း၊ဆားတလင်း၊နဘဲပင်၊ကျွန်းကုန်း၊ပိုက်ကြီးဝဲ၊ကျွန်းက‌လေးသို့ လှည့်လည်အပူဇော်ခံပါမည်။

Photos from Hlegu News's post 17/11/2023

#ပြောတော့ပြောကြည့်မယ်ပေါ့ဗျာ

ကျနော်တို့ဖောင်ကြီးဒေသ
အောက်စီဂျင်ဌာနအတွက်ထားရှိရန်
မြေနေရာ

အဆောက်အဦးဆောက်လုပ်ရန်အတွက်
အလှူရှင်တွေ ပေါပေါက်လာပါပြီ

အရေးပေါ်လူနာတင်ယဥ်လိုအပ်နေပါသေးတယ်
ပါဝင်ကူညီအားဖြည့်ကြပါခင်ဗျာ့

19/10/2023
19/10/2023

ဟိုနေ့က ပြောနေကြတာကြားလို့ ရှင်းပြရအုံးမယ်၊ ဆည်တမံတစ်ခုဟာ လွယ်လွယ်နဲ့ကျိုးလို့မရဘူး
ခင်ဗျ။တကယ်ပြောတာပါ။

ဆည်တမံတစ်ခုဟာ ငါးပက်တဲ့ တမံတုပ်သလို စည်းပျက်ကမ်းပျက် ပိတ်ထားတာမဟုတ်ဖူးနော်။

FTL ကန်ရေပြည့်မှတ်၊ သိုလှောင်နိုင်တဲ့ ဧကပေ၊ မိုးရွာသွန်မိုးရေချိန်၊ ရေပိုလွဲမှ ရေထုတ်နိုင်တဲ့ Cusec ၊ Site Spay ရေတံခါးက ရေပေးနိုင်တဲ့ Cusec အကုန် တွက်ချက် သတ်မှတ်ပြီးသားဗျို့
ဆည်တမံရဲ့ ခံနိုင်ရည်အားကိုလည်း မြေသားကစ စမ်းသပ်ပြီးသားခင်ဗျ။

ဆည်ကို မဆောက်ခင်ကတည်က အနည်းဆုံး ရေဝေရေလဲဒေသရဲ့ ဧရိယာဧက၊ နှစ် ၃၀က ၅၀အတွင်း မိုးရေချိန် အစရှိတာတွေကို စူးစမ်းနဲ့ ဘူမိဌာဌာနခွဲက ကွင်းဆင်းလေ့လာပြီးလို့ ဖြစ်မြောက်နိုင်စွမ်းရှိမှ ဆည်တမံတစ်ခု တည်ဆောက်ရတာပါ။

ဆည်တမံတစ်ခုမှာ တကယ်လို့ကန်ရေပြည့်မှတ်ရောက်ရင် ရေပိုလွှဲက ကျော်ကျသွားရေပိုလွှဲဟာ များသောအားဖြင့်တော့ မူရင်းပိတ်ခဲ့တဲ့ ချောင်းရဲ့အောက်ဖက်ပိုင်းပေါ့။
ကာလတစ်ခုမှာ မထင်မှတ်အောင်မိုးရေချိန်များ လာမယ် ရေဖမ်းဧရိယာအတွင်းမှာ ၂၄နာရီအတွင်း မိုးရေချိန် ၈ လက်မ ရှိတယ်ဆိုပါစို့ ကန်ထဲမှာ ၂လက်မလောက်ပဲ ရေမှတ်တိုးပါတယ်
ကန်ထဲကရေမှတ်ကို နွေမှာတောင် တစ်နေ့ ၃ကြိမ်ဖတ်ရပါတယ်၊ ကန်ရေပြည့်ချိန် မိုးကာလဆို နေ့ရောညပါ ၁နာရီ၁ကြိမ်ဖတ်ပြီး EEရုံးကို သတင်းပို့ရပါတယ်

တကယ်တော့ ကန်ရေပြည့်မှတ် FTL ဖြစ်နေချိန်မှာတောင် တစ်နေ့ ၆လက်မ မိုးရွာလို့ ပူစရာမရှိဘူး
FTL ရောက်ရင် ရေပိုလွှဲ Spillway က အေးဆေးကျော်ကျသွားတာပါ

ကံဆိုးလွန်းလို့ မိုးအရမ်းရွာမယ် spill way က ကျော်ကျတဲ့ရေက မနိုင်တော့ဘူးလို့ တမံထိန်းသိမ်းရေး အင်ဂျင်နီယာက ဆုံးဖြတ်ရင် tower က မြောင်းအတိုင်း ရေလွှတ်ချရပါတယ်။
အဲ့လိုရေလွှတ်တော့မယ်ဆိုရင်လည်း
စည်းမဲ့ကမ်းမဲ့လွှတ်တာမဟုတ်ဖူးနော်။ သက်ဆိုင်ရာ အထက်အကြီးအကဲဆီကို အစီရင်ခံပြီး မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေကိုပါ ကြိုတင်အသိပေးအကြောင်းကြားရပါတယ်
သူတို့ကတဆင့် ရွာတွေမြို့တွေကို ရေလွှတ်ပြီ ရေတက်မယ်လို့ အဆင့်ဆင့် အကြောင်းကြားရတာပေါ့။

ရေလွှတ်ချလိုက်ရင် မြောင်းထဲမှာ ရေခံရှိနေတဲ့အတွက် လွှတ်ချတဲ့ဆည်ရေက ရေအပိုဖြစ်ပြီး ရေတက်လာတာပါ။ အဲ့လို့မလွှတ်ချရင်တော့
တမံအတွက်အန္တရာယ်ရှိနိုင်တာပေါ့ ။
တစ်ခါမှတော့ ကျောက်စီမြေသား တမံအထက် parapet wall ကို ရေထိတာမကြုံဘူးပါဘူး။

နွေဖြစ်ဖြစ် မိုးဖြစ်ဖြစ် ရေလွှတ်ရင် စည်းကမ်းမဲ့လည်း ရေလွှတ်ချလို့မရပါဘူး လွှတ်ချရင် Tower က ၈ပေ၄ပေ ရေတံခါး၂ပေါက်ကို ၄လက်မစီ
စဖွင့်ပါတယ်။
၂လက်မစီ ၂ပေါက်၊ ၄လက်မဖွင့်ရင်တောင် main cannel ပင်မမြောင်းထဲမှာ တမံက ၁မိုင်အတွင်းဆို ကျွဲတောင်ဖြတ်ကူးလို့မရအောင် ရေစီးသန်လှပါတယ် second Fall ဒုတိယ ရေကျရဲ့ အောက်ဖက်ရောက်မှ ရေစီးလျော့ပါတယ်။

tower က ရေလွှတ်ချလိုက်တဲ့အချိန်ဟာ မြစ်တွေချောင်းတွေမြောင်းတွေမှာ မူလအခံမိုးရေနဲ့ပြည့်နေလို့ မြို့တွေရွာတွေထဲကို ရေလျှံကုန်ပါတယ်။
ဒီအခြေအနေဟာ ပျော်စရာမဟုတ်ပေမယ့်
အသက်အန္တရာယ် ထိခိုက်မှု နည်းပါးစေပါတယ်။

ဒါကို တော်တော်များများကမြို့ထဲတွေရေလျှံကုန်တာနဲ့ ဆည်ကျိုးတာပါလို့ စွပ်စွဲကြတော့တယ်။

ဆည်တမံတစ်ခုသာ အမှန်တကယ် အိဆင်း ကျိုးပျက်ခဲ့ရင်ဆည်ခြေရဲ့ ၅မိုင်လောက်က ရွာတွေ လယ်တွေအကုန်ပျက်ပြီး တစ်ယောက်မှကို အသက်မရှင်နိုင်ပါဘူး ပုရွက်ဆိတ်အုံကို ရေပုံးကြီးနဲ့ပက်ချလိုက်သလိုဖြစ်မှာပေါ့။
ရွာတွေ လယ်တွေ အကုန်ပျက်ပြီး သဲတွေ ပေနဲ့ချီ
ထုတက်ပြီး ဖုံးသွားမှာပါ။ အဲ့လို ဖြစ်သွားခဲ့ရင် ဆုံးရှုံးနစ်နာမှုအတွက် ဌာနရဲ့ ခေါင်းပေါ်
ကျသွားမှာပေါ့။

ဆည်တစ်ခုရဲ့ ရေမှတ်အခြေအနေဟာ စိုးရိမ်ဖွယ်အတိဖြစ်လာပြီဆိုရင် အနိမ့်ဆုံးအဆင့် တိုင်းအင်ဂျင်နီယာမှူးကြီး SE က ဆည်တမံရဲ့ ရှင်းလင်းဆောင်ကုန်းမှာ ကိုယ်တိုင်ညအိပ်စောင့်ကြည့် ညွှန်ကြားရပါတယ် ဆည်မြောင်းဌာနဟာ သာမန်အခြေအနေတစ်ခုမှာဘယ်တော့မှ အဲ့လိုအဖြစ်မခံဘူးဆိုတာ သိစေချင်တာပါ။စိတ်ချလက်ချနေကြပါ။

တစ်ခုတော့ရှိတာပေါ့ ငလျင်ကြီးတွေ ၈လောက်
၉ လောက် ရုတ်တရက် လှုပ်ခဲ့ရင်တော့ သဗ္ဗေ
သတ္တာ ကမ္မသကာ ပဲဗျို့။
(မှားယွင်းမှု လိုအပ်ချက် အားနည်းချက်များရှိရင် ထောက်ပြပေးပါ။ကိုယ်တိုင် တွေ့ကြုံမှုကို မှတ်မိသလောက်ပဲ ရေးပြတာပါ)

Credit...

18/10/2023

ဆည်ဆိုသည်မှာ~~~🟦🟨🟩

စပါးနှင့် သတ်မှတ် စိုက်ပျိုးသီးနှံတွေအတွက်

စိုက်ပျိုးရေပေးတယ်။ မြို့နေလူထုအတွက် သောက်သုံးရေပေးတယ်။

ဒီလိုပေးတဲ့ရေကို ရေထုတ်ပြွန်(conduit) ကနေ ဖောက်လုပ်တည်

ဆောက်ထားတဲ့ မြောင်းတွေ၏ ခံနိုင်ဝန်ကို တွက်ချက်ပြီး ရေအား

ကျူဆက်ဖြင့် ရေပေးမြောင်းအတိုင်း စီးဆင်းစေတယ်ဟု သိရှိရသည်။

ဆည်တွေမှာ သတ်မှတ်ရေလှောင်ပမာဏ ပြည့်ရောက်လျှင် ပိုလျံ

‌ရေတွေက ရေပိုလွှဲ(spill way) မှတဆင့် မူလချောင်းဟောင်း

အတိုင်းစီးဆင်းစေဖို့ survey ဆင်း တိုင်းထွာတွက်ချက် တည်

ဆောက်ထားကြောင်းသိရှိရသည်။

ထို့ကြောင့် ဆည်ရေကို ရေထုတ်ပြွန်က ထုတ်လွှတ်လျှင် စိုက်ပျိုး

ရေနှင့် သောက်သုံးရေအတွက် သတ်မှတ်မြောင်း အတိုင်း မြောင်း

၏ခံနိုင်ဝန် အလိုက် စီးဆင်းစေပြီး ရေပိုလွှဲက စီးဆင်းသောရေ

များသည် မူလ ချောင်းဟောင်းအတိုင်း စီးဆင်းစေကြောင်း

သိရှိရသည်။

photo မှာ

ID မှပုံဖြစ်ပါသည်။

Photos from ငမိုးရိပ်အားမာန်'s post 28/09/2023

လှည်းကူးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ
ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ဗလ
ငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀း၀၀)နာရီက လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ခန်းမ၌ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂) ဦခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ
စေရန်၊လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်း ဖြစ်
ကြောင်းပြောကြားသည်။

ဆက်လက်ပြီးလူငယ်စကားဝိုင်းကိုဆောင်ရွက်ရာတွင်အစီအစဥ်ညှိနှိုင်းရေးမှူးအဖြစ်ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့်အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်)မှ အထက်တန်း
ပြဆရာမ ဒေါ်မာမာဝေတို့က ဆောင်ရွက်ပြီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့ကလူငယ်နှင့်
စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ပညာရေး၊လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း
အစရှိသည့် ခေါင်းစဥ်များကိုဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူများက
မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူကျောင်းသား/သူ(၅)ဦးမှပြန်လည်
ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ထို့နောက်အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်တပ်မြို့)မှ
ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ တပ်မ(၁၁) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမျိုးမင်းထွေးနှင့်ဇနီး၊ခရိုင်ပညာ
ရေးမှူးဒေါ်မြတ်မြတ်ထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂)ဦးခင်ဇော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျောင်းသားမိဘများ၊အခြေခံပညာအထက်တန်းကျောင်း(ရဲမွန်တပ်မြို့)မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသောနံရံကပ်စာစောင်နှင့်သုတ/ရသစာအုပ်များကိုကျောင်းသား၊ ကျောင်းသူများကစိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။

Photos from ဝါးရုံတောသာသနပါလ စာသင်တိုက် - လှည်းကူးမြို့'s post 26/09/2023
Photos from Hlegu News's post 25/09/2023

လှည်းကူးမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်ဝသည့်လူငယ်များပေါ်ထွန်းလာစေရန် ၊ ထူးချွန် ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းကလေး)တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းကလေး) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဌ ဦးကျော်မင်းညွှန့်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားရာတွင် ဗလငါးတန်နှင့်ပြည့်ဝသောလူငယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွက် လာစေရန်ရည်ရွယ်၍ အသိပညာပေဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဌဦးကျော်မင်းညွှန့်က စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊စာရေးဆရာဦးရန်နိုင်ဦး(ခ)ချစ်သဲဖြူ(ကော့ကရိတ်)က အချိန်ကိုတန်ဖိုးထားပါ ခေါင်းစဉ်ဖြင့်လည်းကောင်းအသိညာပေးဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(ကျွန်းကလေး)မှကျောင်းသား/ သူ (၅) ဦးတို့က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ပညာရဲရင့်ပွဲလယ်တင့်၊ အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှု ခေါင်းစဉ်များဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ယင်းနောက် အခြေခံပညာအထက်ကျောင်း(ကျွန်းကလေး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ရသ စာအုပ်များပြသခြင်း၊မြှားပစ်ကစားနည်းနှင့်စက်ဝိုင်းလှည့်ခြင်းစသည့်ကစားနည်းများကိုလည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

#ငမိုးရိပ်အားမာန် page မှ ကူးယူဖေါ်ပြပါသည်။

24/09/2023

လှည်းကူးမြို့နယ် ရေလှောင်တမံများ အရေးပေါ် ပြင်ဆင် ဆောင်ရွက်ထားမှုကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကိုကိုမှ ရှင်းလင်းပြောကြား_

23/09/2023

မြေငလျင်သတင်း
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၅၄) မိနစ်၊ (၃၅) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

crd မိုး/ဇလ ဦးစီးဌာန

Photos from Hlegu News's post 18/09/2023

ယနေ့(၁၈.၉.၂၃)နေ့ လှည်းကူးမြို့နယ် အထက( အင်းတိုင် ) ကျောင်း
တွင် အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
===================================

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်ကူးမြို့နယ် အထက(အင်းတိုင်) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲနှင့်
ကျပန်းစကားပြောပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ မှ ကျပန်းစကားပြော စွမ်းရည် ဖြင့် လည်းကောင်း ဆရာ ကျော်မင်းညွန့်(လှည်းကူး)မှ တီထွင်သည့်အရာမှန်သမျတွေးတောမှုက စတင်လာပါကြောင်း လူငယ်မောင်မယ်များအနေဖြင့် " #စိတ်ကူးယဉ်" ကြစေလိုပါကြောင်း လှပသောစိတ်ကူးများဖြင့် အနာဂတ်မှာ မိမိကော ပတ်ဝန်းကျင်ပါ ကောင်းမွန်သော လူသားအကျိုးပြုများ ဖော်ဆောင်နိုင်စေဖို့ စိတ်ကူးယဉ် ကြပါစေရန်
ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆရာ ချစ်သဲဖြူ(ကော့ကရိတ်)မှလည်း စာအုပ်စာပေ လူ့မိတ်ဆွေ ဟုဆိုရိုးစကားအတိုင်း ယနေ့လူငယ် နောင်လူကြီး ဖြစ်လာမည့် ကျောင်းသား/သူ များအနေဖြင့် ဗဟုသုတ ရစေမည့် ကောင်းမွန်သော စာအုပ်များကို စဉ်ဆက်မပြတ် လေ့လာ ဖတ်ရှုကြပါရန် တိုက်တွန်းဆွေးနွေးပွဲများ ပြုလုပ်ကြကြောင်း သိရှိရပါသည်။

TTSS

Photos from Ngamoeyeik ID's post 11/09/2023
Photos from Hlegu News's post 02/09/2023

🙏လှည်းကူးမြို့နယ် ကျွန်းကလေး အောင်မေတ္တာကျောင်းတိုက်၏
ဒုတိယအကြိမ် ဝါတွင်းကာလ မိုးကုတ်ဝိပဿနာ(၇)ရက် အထူးတရားစခန်းပွဲ အား
👉 ၆.၉.၂၃ ရက်နေ့မှ

၁၅.၉.၂၃ ရက်နေ့ထိ [၇] ရက် တရားစခန်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Photos from Hlegu News's post 28/08/2023

လှည်းကူးမြို့ max ဆီဆိုင်ရှေ့က TURL
ဆိုတဲ့ အဓိပ္ပာယ်က စကားလုံးအသစ်လား?

25/08/2023

https://www.facebook.com/story.php?story_fbid=675706991256179&id=100064506529416&post_id=100064506529416_675706991256179&mibextid=Nif5oz

ဩဂုတ်လ (၂၅)၊ ၂၀၂၃
အုပ်စု စီ အဖွဲ့ ပွဲစဉ် (၂) ရလဒ်
Myanmar U-12 VS. Tokyo Verdy Junior

မြန်မာ ယူ-၁၂ နဲ့ ဂျပန် တိုကျိုဗာဒီဂျူနီယာ အသင်းတို့ ယှဥ်ပြိုင်ခြေစွမ်းပြခဲ့ကြရာ မြန်မာအသင်းမှ မြစ်ကြီးနားကိုယ်စားပြု အလယ်တန်းကစားသမား ကျောနံပါတ် (၁၀) - မောင်အောင်လ မှ ထပ်မံ၍ လှပစွာ (၁) ဂိုးလ် သွင်းကာ တစ်ဖက်ဂျပန်အသင်းကို (၁-၀) နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။

🤩 AUNG LA DID IT AGAIN ☝🏼
Myanmar U-12 team’s No.(10) Midfielder AUNG LA from Myitkyina City, Kachin State defeated Japan’s Tokyo Verdy Junior by scoring (1) incredible goal at their 2nd debut Qualifying Match of Aug 25th.

Photos from Hlegu News's post 07/08/2023

" #ငမိုးရိပ်မဂ္ဂဇင်း" အမှတ်(၂)ကို မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

=====================================

လှည်းကူးမြို့နယ် စာရေးဆရာ အသင်းမှ စီစဉ်၍ #ငမိုးရိပ်မဂ္ဂဇင်း ဒုတိယအကြိမ်အမှတ်(၂)ကို သုတ ရသ စုံစုံလင်လင်ဖြင့် နာမည်ကြီး စာရေးဆရာများ၏ အကောင်းဆုံး စာပေလက်ရာများကို ဖတ်ရှုခံစားရမည့်အပြင် စာပေချစ်မြတ်နိုးသော ကလောင်လက်သစ်များမှလည်း ခေတ်နှင့်လျော်ညီသော ကဗျာ I ၀တ္ထု | ဆောင်းပါး များကို စာမူပေးပို့နိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရှိရပါသည်။

ပထမအကြိမ် #ငမိုးရိပ်မဂ္ဂဇင်း အမှတ်(၁) ကို ၂၀၁၅ ခုနှစ် ဇွန်လတွင် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် #ငမိုးရိပ်မဂ္ဂဇင်း အမှတ်(၂)ကို ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်ဝေသွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး ကာယအား ဉာာဏ အားဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူ လှည်းကူးမြို့နယ်
စာရေးဆရာ အသင်းဥက္ကဌ ဆရာ ကျော်မင်းညွန့်(လှည်းကူး) မှ
ရှင်းလင်းပြောကြားပါသည်။

လှည်းကူးမြို့နယ် မှ စာပေချစ်မြတ်နိုးသူ လူငယ် ကလောင်ရှင်များကိုလည်း မှတ်တမ်းတင် ဖော်ပြလိုပါသဖြင့် (မည့်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ် ) များကို ထိခိုက်နစ်နာမှု မရှိ‌စေသည့် သုတ ရသ စာပေများကို
(၃၁.၈.၂၀၂၃) ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း နှင့် လှည်းကူးမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လုပ်ငန်းများကို ကြော်ငြာများ ထည့်ဝင်ခြင်းဖြင့် မိမိတို့ #လှည်းကူး မြို့၏ ဂုဏ်ကို
ပူးပေါင်းဖော်ဆောင်နိုင်ကြောင်း ဆရာကျော်မင်းညွန့်(လှည်းကူး)မှ
အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

👉စာမူများ ပေးပို့နိုင်ရန်

၊✍️ကျော်မင်းညွန့်(လှည်းကူး)
အမှတ်(၆၉)
တပင်ရွှေထီး လမ်းသွယ်(၁)
၈/၃ မြို့မ
လှည်းကူးမြို့နယ် / လှည်းကူးခရိုင်

☎️09 409656727

Photos from Hlegu News's post 06/08/2023

လှည်းကူးမြို့နယ် စာရေးဆရာအသင်း၏ လစဉ် စာဖတ်ဝိုင်းအား (၇.၈.၂၃)နေ့တွင် ကျင်းပမည်ဟုသိရှိရပါသည်။

ယခုလ အတွက်ဆွေးနွေးမည့် ခေါင်းစဉ်မှာ~~~

ဆရာချစ်သဲဖြူ(ကေ့ာကရိတ်) မှ

" #စာကြည့်တိုက်နှင့်စာဖတ်ဝိုင်း" ‌အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။

စာရေးဆရာမှ" စာဖတ်ဝိုင်းများ ပေါများလာရေးအတွက် ဝိုင်းဝန်း ကြိုးစားကြစေလိုကြောင်း...." တိုက်တွန်းထားပါသည်။

photo

04/08/2023

လိုချင်သူတိုင်းမရ

21/07/2023

ဥယဥ်​ခြံတည်ဆောက်လိုပါသလား ​ တရားရိပ်သာ ဘုန်းတော်ကြီးကျောင်းဆောက်မလား အေးချမ်းတဲ့တောတောင်ရေမြေရူ့ခင်းနဲ့ စိတ်ငြိမ်အေးချမ်းစွာ တရားရိပ်သာ ဖွင့်မလား

#ရောင်းရန်ရှိသည်

လှည်းကူးမြို့နယ်အတွင်းကွန်ကရစ်လမ်းဘေး
အကျယ် ၂ ဧက

ဖောင်ကြီး
အကျယ် ၁၉ ဧက
ညှိနိုင်းစျေး လိုအပ်လျှင် Cb သို့ဆက်သွယ်ပါ

20/07/2023

ဝါတွင်းကာလ ကျောင်းပိတ်ရက်
=================

Photos from Hlegu News's post 12/07/2023

"Excellent Choice" (၂)
ဂက်(စ်) အိုး/ မီးဖို အရောင်းဆိုင်အား ကျွန်းကလေးကျေးရွာ အရှေ့ဇရပ် မှတ်တိုင်အနီး ရန်ကုန် _ပဲခူး အမှတ်(၁) ကားလမ်းဘေးတွင် ဖွင့်လှစ်ထားပြီး ဂက်(စ်)ဗူး အသေးတစ်ဗူးလျှင် (၇၀၀/-)ကျပ်နှုန်းနှင့်
ပိဿာချိန်ဖြင့် တစ်ပိဿာလျှင်(၄၅၀၀/_)ကျပ်နှုန်းများ နှင့် ပစ္စည်းများကိုလည်း အရည်အသွေးကောင်းများ ဖြင့်လာရောက်အားပေးသူများကို ပျူငှာသောဆက်ဆံရေးတို့ကြောင့် အားပေးသူများ အဆင်ပြေကြကြောင်း I အိမ်ရောက်ဝန်ဆောင်မှုစနစ်တို့ကြောင့်
မှာယူသူများ ပို၍များပြားလာကြောင်း သိရှိရသဖြင့် ပရိတ်သတ်များ ဈေးနှုန်းသက်သာစွာ အားပေးနိုင်ပါရန် မျှဝေပေးလိုက်ပါသည်။

Photos from Hlegu News's post 21/12/2022

လှည်းကူးမြို့နယ်ပြည့်သူ့ဆေးရုံတွင်
ဆေးရုံအုပ်ကြီး Dr.သောင်းဒန်ဦး ၏ ဦးဆောင်မှုဖြင့်
အား/ကာနည်းပြ ​ဒေါ်သင်းသင်းစိုးမှ
သက်ကြီးဘိုးဘွား စောင့်ရှောက်မူအစီအစဥ်​​ ကိုယ်လက် လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပထမအကြိမ်ပြန်လည်စတင်ခြင်း ယနေ့ဆောင်ရွက်ပါသည်။

crd

Photos from Hlegu News's post 07/12/2022

#စာဖတ်ဝိုင်းကျင်းပ

7.12.2022(ဗုဒ္ဓဟူးနေ့) လှည်းကူး

📚 ယနေ့ (၇.၁၂.၂၂) နေ့တွင် လှည်းကူးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ခန်းမ၌ လှည်းကူးမြို့နယ် စာရေးဆရာအသင်း
ဥက္ကဌ ဆရာ ကျော်မင်းညွန့်(လှည်းကူး) မှ ဦးဆောင်၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်းသိရှိရသည်။

📚 စာဖတ်ဝိုင်းအား နံနက် (၁၀:၀၀) မှစတင်ပြီး အမျိုးသား စာပေဆုရ လှည်းကူးမြို့နယ် စာရေးဆရာအဖွဲ့ဝင် ဆရာ_ရွှေဒါး မောင်မြင့်ထွန်း
၏ ကျောင်းသားလူငယ်နှင့်စာဖတ်ခြင်း စာအုပ်ပါ စာဖတ်ခြင်း အကျိုးကျေးဇူးများ စာအုပ်ရေးသားခဲ့သူ လှည်းကူးမြို့နယ် ဒါးပိန်နေ ဆရာ _ ရွှေဒါး မောင်မြင့်ထွန်း ကိုယ်တိုင် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဆရာ _ရေကူးမြတ်လေးနောင်I လင်းမြတ်(မင်းတပ်) I သလွှာဦး I နွေထနောင်း I ကိုချို(ပီတိ) I ဒုံး I ဒေါ်အေးအေးမာ
စသည် တို့မှ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ စာဖတ်ဝိုင်းမှာ နေ့လည်(၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

TTSS

Photos from မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်း's post 07/12/2022
Photos from Hlegu News's post 01/12/2022

လှည်းကူး​မြို့နယ်တွင် လူရည်ချွန် ကျောင်းသားကျောင်းသူရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသားကျောင်းသူများရွေးချယ်ရေးအတွက် ကျောင်းသားကျောင်းသူများ ဖြေဆို မှုကို ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူနှင့် ကျောင်းကိုယ်စားလှယ်မိဘများ က စာမေးပွဲ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

မြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ)၊ အလက(ခွဲ)နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း တို့မှကျောင်းရှိ Grade-9 ၊ Grade -10 နှင့် Grade - 11 ကျောင်းသားကျောင်းသူ စုစုပေါင်း (၉၁)ဦးဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ရေးတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်‌ဖြေဆိုခြင်းကို ပထမနေ့ နိုဝင်ဘာလ၂၈ရက် တွင်လည်းကောင်း ၊ သင်္ချာဘာသာရပ်၊အထွေထွေဗဟုသုတဖြေဆိုခြင်း နှင့် နှုတ်ဖြေ စာမေးပွဲတို့ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း ၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေး ခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်းဆောင်ရွက်ခဲ့ကြပါသည်။

26/11/2022

Shwe Mandalar Travels Myanmar we provide the best travel service.

Photos from Amedusanw1128-1's post 24/11/2022
Photos from လှည်းကူးတန်ဆောင်တိုင်ပွဲတော်'s post 05/11/2022
Photos from ᴮˡᵃⁿᵏ ᴾᵃᵖᵉʳ's post 04/11/2022
Photos from ဗောဓိဆာယာတောရ - ထေရီမတို့ရွာ's post 03/11/2022
30/10/2022

ရန်ကုန်တိုင်းဒေသကြီး| လှည်းကူးခရိုင်|
ကျွန်းကလေးကျေးရွာ အရှေ့ဇရပ် ဈေးလမ်း
ဈေးအနီး ကုန်စုံဆိုင် ရှေ့ တွင် ရပ်ထားသော SUZUKI RIVO _110 ဆိုင်ကယ်အား (30.10.22) ရက် တနဂ်နွေနေ့ ညနေ (4:30) အချိန် ခန့်က ခိုးယူသွားသော CCTV မှတ်တမ်းအား တွေ့မြင်ရစဉ်။
TTSS

30/10/2022

ယနေ့ညနေ(30.10.22)ရက်တနဂ်နွေနေ့တွင်
လှည်းကူးမြို့နယ် | ကျွန်းကလေးကျေးရွာ
အရှ့ဇရပ်ဈေးလမ်း | ကုန်စုံဆိုင်ရှေ့ ၌ SUZUKI REVO 110 ဆိုင်ကယ် အနက်ရောင်အား ရပ်ထားစဉ် လူနှစ်ယောက်အနက် အကျီအနီကွက် ဝတ်ထားသူမှ သော့တုဖြင့် ခိုးယူသွားခြင်းအား CCTV မှတ်တမ်းမှတွေ့မြင်ရစဉ်။

တွေ့ရှိပါက_09791915096 သို့ဆက်သွယ်ပေးပါရန်

မေတ္တာရပ်ခံပါသည်။
TTSS

Photos from University of Wisdom Land's post 28/10/2022
27/10/2022

မိမိတို့မြို့နယ်မှာ Solar စံနစ်နဲ့ မဂ္ဂါဝပ် ၃၀ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ ခွင့်ပြုချက်ကျပြီဖြစ်ပြီး မြေနေရာရွေးချယ် အတည်ပြုပြီးရင်တော့ အကောင်အထည်ဖေါ်တော့မည်ဟု သိရတယ်။ မြို့နယ်ရဲ့ သုံးစွဲမှုပမာဏက ၃၃မဂ္ဂါဝပ်မျှရှိပါတယ်။ အလားတူ အခြားဒေသတွေမှာလည်း တပ်ဆင်ထုတ်လုပ်ဖို့ ခွင့်ပြုချက်ရထားပြီလို့သိရပါတယ်။
Source-crd

Videos (show all)

Website